Little Creampie:
Chapter 31
အခိုက်အတန့်တစ်ခုအတွင်း အခြေအနေသည် ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။
ရှောင်းဝမ်လင်သည် တံခါးဝတွင် ရပ်နေပြီး သူ၏မျက်နှာအမူအရာမှာ မပြောင်းလဲခဲ့ပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ သူ၏နှုတ်ခမ်း၏ထောင့်တွင် အနည်းငယ်ကွေးနေသော အပြုံးဖြစ်ပြီး၊ ယင်းမှာ အလွန်သေးငယ်ကာ မသိသာလှပေ။
ရှောင်းဝမ်လင်သည် အလွန်တည်ငြိမ်ပြီး သဘာဝကျနေခဲ့သည်၊ ထူးဆန်းသော အမူအရာများ မပြသခဲ့ပေ၊ ကျင်းလော့၏ ထူးဆန်းသော ဗီဒီယိုအသံကို သူမကြားခဲ့ဟန် တူသည်။ ရှောင်းဝမ်လင်သည် ဘာမျှမပြောခဲ့သောကြောင့် ကျန်ရှိသော အယ်လ်ဖာနှစ်ဦးမှာ နည်းနည်းရှက်သွားခဲ့သော်လည်း ထူးဆန်းသည်ဟု မထင်ခဲ့ကြပေ။ အယ်လ်ဖာအားလုံးသည် ဤကဲ့သို့သော အရာမျိုးကို ကြည့်ရှုရန် နှစ်သက်ကြသောကြောင့် သူတို့၏မျက်လုံးများကို ရှောင်ကြဉ်ခဲ့ကြသည်။
ကျင်းလော့သည် သူ၏ဖုန်းကို သိမ်းလိုက်ပြီး မျက်နှာနီရဲကာ လှည့်သွားခဲ့သည်။
တဒင်္ဂမျှအတွင်း အယ်လ်ဖာအခန်းဖော်သည် ကြမ်းပြင်ကို ငေးကြည့်နေခဲ့ပြီး၊ ကျင်းလော့သည် နံရံကို စိုက်ကြည့်နေကာ၊ ရှောင်းဝမ်လင်တစ်ဦးတည်းသာ ကျင်းလော့ကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုအပြည့်ဖြင့် ငေးကြည့်နေခဲ့၏။
သို့သော် ရှောင်းဝမ်လင်သည် ကျင်းလော့အနားကို ဖြတ်လျှောက်သွားစဉ်၊ နေထိုင်ခန်းထဲရှိ လေထုသည် အနည်းငယ် ဖိစီးနှိပ်စက်နေသကဲ့သို့ တင်းမာနေခဲ့၏။ ဆိတ်ဆိတ်နေသောကြိုးတစ်ချောင်းကို တင်းတင်းကျပ်ကျပ် ဆွဲဆန့်လိုက်သလိုပင် ကျဉ်းကြပ်တင်းမာနေသည်ဟု ခံစားရသည်။
ကျင်းလော့သည် ရှောင်းဝမ်လင်ချဉ်းကပ်လာသည်ကို သတိပြုမိပြီး၊ သားရဲကောင်တစ်ကောင်ကို အာရုံခံမိသော ယုန်လေးတစ်ကောင်လို နားရွက်ထောင်လျက်၊ နှုတ်ခမ်းအားကိုက်ပြီး ခုခံကာကွယ်လိုပုံဖြင့် ရှောင်းဝမ်လင်အား ပြန်လည်ငေးကြည့်လိုက်သည်။
သူတို့နှစ်ယောက်ကြား ဆက်ဆံရေးမကောင်းတာကိုတော့ ငါသိတယ်။ ဒါပေမယ့် ဒီလောက်ဆိုးမယ်လို့တော့ မထင်ခဲ့မိဘူး။
အခန်းထဲက လေထုညစ်ညမ်းမှုကို မြင်တွေ့ရသော အယ်လ်ဖာအခန်းဖော်နှစ်ဦးက စိုက်ကြည့်နေစဉ်၊ ရှောင်းဝမ်လင်သည် ထောင့်နားမှာရှိနေသည့် ကျင်းလော့ဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။ ယခင်က ကျင်းလော့၏ သနားစရာကောင်းသည့် ငိုသံတွေကို ပြန်သတိရမိပြီး၊ သူ၏ လှပသည့် မျက်နှာနဲ့ ကိုယ်ခန္ဓာကို တွေးမိရင်း၊ ကျင်းလော့နှင့် အနီးဆုံးဖြစ်နေသည့် အယ်လ်ဖာက ကျင်းလော့အတွက် လေထုဖိအားကို လျှော့ချပေးဖို့ ကြိုးစားလိုက်သည်
“အင်း… အစ်ကိုရှောင်း၊ ဒီနေ့ ရာသီဥတုလေး ကောင်းနေတယ်နော်…”
ကျင်းလော့နှင့် အနီးဆုံးဖြစ်နေသည့် လီမင်က သူကိုယ်တိုင် ဘာပြောနေမိမှန်းတောင် မသိတော့ပေ။ ရှောင်းဝမ်လင်က သူ့ကို လုံးဝဂရုမစိုက်ဘဲ ကျင်းလော့နှင့် တစ်မီတာအကွာတွင် ရောက်နှင့်နေပြီဖြစ်ကြောင်း မြင်လိုက်ရ၏။
ရှောင်းဝမ်လင်ချဉ်းကပ်လာသည့်အခါတွင် ကျင်းလော့သည် ရန်သူကြီးတစ်ဦးကို ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။ သူ့ရဲ့ မက်မန်းပွင့်လို လှပသည့် မျက်လုံးလေးတွေက အလွန်တင်းကျပ်နေပြီး၊ ရှောင်းဝမ်လင်က လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်လျှင် ချက်ချင်းပြေးထွက်သွားမည့်ပုံနှင့် တူနေသည်။
အခုဆိုရင် ရှောင်းဝမ်လင်ကို သူ အလွန်အမင်း သတိထားနေပြီပင်။
တခြား အယ်လ်ဖာတွေကို မြင်ရတာက ကျင်းလော့ကို နည်းနည်းသာ မသက်မသာဖြစ်စေတယ်ဆိုရင်၊ ရှောင်းဝမ်လင်ကိုမြင်ရတာကတော့ သူ့ရဲ့သဘာဝရန်သူကို ရင်ဆိုင်ရသလိုပင်။ သူဟာ အလွန်အမင်း သတိအပြည့်နှင့် ရှောင်းဝမ်လင်ကို စိုက်ကြည့်နေပြီး၊ တကိုယ်လုံး တင်းမာနေကာ၊ အချိန်မရွေး ရှောင်းဝမ်လင်ကို လက်သည်းနဲ့ ကုတ်ဖဲ့ဖို့ အသင့်ရှိနေသလိုပင်။
ထိုနက်ရှိုင်းသည့် အရာများ၏ အဓိပ္ပါယ်ကို သိလိုက်ရပြီးနောက်မှာတော့ ကျင်းလော့ ပိုလို့တောင် စိတ်လှုပ်ရှားသွားခဲ့သည်။
ရှောင်းဝမ်လင်က ကျင်းလော့အနားကို ဖြတ်လျှောက်သွားရင်း၊ ခေါင်းအနည်းငယ်ငိုက်ကာ သူတို့နှစ်ယောက်တည်းကြားနိုင်သည့် အသံနှင့်ပြောလိုက်သည်-
“အရမ်းဆာနေတာလား… လိုချင်လား?”
“ဒီည ငါ မင်းကို ဖြည့်ဆည်းပေးမယ်။”
ရှောင်းဝမ်လင်၏ အသက်ရှူသံက ကျင်းလော့ရဲ့ နားအနောက်မှာ လေပူတွေ ဖိထွက်သွားသလိုပင်။
ကျင်းလော့၏ မျက်နှာအမူအရာများ အေးခဲသွားပြီး တစ်ကိုယ်လုံး တောင့်တင်းကုန်၏။ သူ မတတ်သာဘဲ နောက်ဆုတ်လိုက်မိပြီး၊ တုန်တုန်ရီရီ အသံဖြင့် ပြန်ဖြေလိုက်သည် –
“င..ငါ.. ငါမလိုချင်ဘူး…”
ကျင်းလော့သည် ရှင်းပြနိုင်ခြင်းမရှိတော့ပဲ လက်လျှော့ကာ အိပ်ရာထဲတွင် ကွေးချလိုက်သည်။ အယ်လ်ဖာနှစ်ဦးသည် ရှောင်းဝမ်လင်၏စကားကို မကြားရသော်လည်း သူတို့နှစ်ဦးကြား ဆက်ဆံရေးအမှန်တကယ်ဆိုးရွားနေကြောင်း သတိထားမိကြ၏။
ကြည့်ပါလား… ယမ်းနံ့ ထွက်နေပြီ။
ကြည့်လေ… ကျင်းလော့က ရှောင်းဝမ်လင် ရှေ့မှောက်မှာ မထီမဲ့မြင်ပြုရဲနေသေးတာ။
အရမ်းသတ္တိရှိပါလား…
အယ်လ်ဖာနှစ်ဦးသည် မတုန်မလှုပ်ပဲ မနေနိုင်ကြတော့ပေ။ ရှောင်းဝမ်လင်က ရုတ်တရက် ကျင်းလော့အား ဆွဲထုတ်ရိုက်နှက်မည်ကို စိုးရိမ်နေကြ၏။ အယ်လ်ဖာ လီမင်သည် ထပ်မံကူညီရန် ဝန်လေးနေစဉ် ရှောင်းဝမ်လင်၏ မျက်လုံးများသည် အိပ်ရာပေါ်ရှိ အိတ်ကလေးကို ကြည့်ပြီး မပြုံးမရယ်နိုင်ဖြစ်နေသည်ကို တွေ့မြင်လိုက်ရ၏။
အယ်လ်ဖာနှစ်ဦးက တစ်ဦးကိုတစ်ဦး မျက်လုံးချင်းဆုံကြည့်လိုက်မိသည် – ဒါ… တစ်ခုခု မှားနေသလိုပဲ…?
*
မနက်ဖြန်သည် သင်တန်းကာလ၏ နောက်ဆုံးနေ့ဖြစ်ပြီး သင်ကြားရေးကာလ ကုန်ဆုံးတော့မည်ပင်။ မီးပုံးဖောက်ပွဲလည်း ရှိဦးမည်။
နောက်ပိုင်းတွင် ကျင်းလော့သည် အဆောင်စီမံခန့်ခွဲမှုတာဝန်ရှိသူထံမှ စာတစ်စောင်ရရှိခဲ့၏ “မင်းက ရှောင်းဝမ်လင်ရဲ့ အခန်းဖော် ကျင်းလော့လား? အခန်းပြောင်းလို့မရတော့ဘူး၊ ဒါနောက်ဆုံးနေ့ပဲဟာ ဘာကိုများ သည်းမခံနိုင်ဖြစ်နေရတာလဲ?”
ကျင်းလော့သည် အခန်းမပြောင်းဘဲ အိပ်ရာထဲတွင် လှဲနေကာ အိမ်ပြန်မည့်လက်မှတ်ကို ကြည့်ရင်း အနည်းငယ်စိတ်မသက်သာဖြစ်နေသည်။ ဤစိတ်မသက်သာမှုသည် ရှောင်းဝမ်လင်ကြောင့်ဖြစ်လာသည့် မထင်မှတ်ထားသော စိုးရိမ်ပူပန်မှုမျိုးမဟုတ်ဘဲ၊ အိမ်ပြန်ရမည့်အကြောင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုသာဖြစ်၏။
သူသည် ဖုန်းဖွင့်၍ ငွေစာရင်းကိုကြည့်လိုက်ရာ အဖေထံငွေလွှဲပြီးနောက် ကျန်ငွေမှာ သနားစရာကောင်းလောက်အောင် နည်းနေခဲ့သည်။
ငယ်စဉ်ကတည်းက ကျင်းလော့၏ အရက်သမားဖခင်ရဲ့ ကျန်းမာရေးမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့် ထိခိုက်ပျက်စီးနေခဲ့သည်။ လောင်းကစားငွေအတွက် သူ့ကျောက်ကပ်တစ်လုံးကိုပင် ရောင်းစားခဲ့ဖူးသဖြင့် ကျန်းမာရေးအခြေအနေမှာ သိသိသာသာ ဆိုးရွားနေခဲ့၏။ အကယ်၍ အခြားသော အယ်လ်ဖာမောင်နှမများ ငယ်ရွယ်စဉ်ကတည်းက မတတ်နိုင်ခဲ့ပါက၊ သူ၏အရက်သမားဖခင်သည် သူတို့၏ကျောက်ကပ်များကိုပါ ရောင်းစားမိမည်ဖြစ်သည်။ ထိုအချိန်က သူသည် အလွန်ငယ်ရွယ်နေသေးပြီး သူ့ကို ဘယ်သူမှ ဂရုစိုက်မည့်သူမရှိခဲ့ပေ။
အလုပ်သင်ကာလပြီးဆုံးပြီးနောက် အားလပ်ရက်ရှည်ကြီးတစ်ခုရှိလိမ့်မည်။ ကျင်းလော့သည် ယခင်ကဲ့သို့ အလုပ်ထွက်လုပ်ရန် စဉ်းစားနေသော်လည်း၊ အိမ်ခြံမြေငှားရမ်းခနှင့် နေထိုင်စားသောက်စရိတ်အတွက် ငွေကြေးမရှိသေးပေ။
သို့သော် အိုမီဂါအဖြစ်ပြောင်းလဲသွားခြင်းက သူ့ဘဝကို မည်သို့ပြောင်းလဲစေမည်ကို သူမသိခဲ့ပေ။
ကျင်းလော့သည် အလွန်ပူပန်သောကရောက်နေ၏။
သူသည် အိမ်ခြေရာမဲ့ကြောင်လေးတစ်ကောင် စက္ကူဗူးကို ကိုက်ဖဲ့ပြီး ဖာထေးကာ အိမ်စုတ်ကလေးတစ်ခု ဖန်တီးနေသကဲ့သို့ဖြစ်နေသည်။ သို့သော် လေတိုက်လာသည်နှင့် အချိန်အများကြာ အားထုတ်ဖန်တီးထားသော အိမ်ကလေးသည် အလွယ်တကူ လွင့်စင်သွားကာ မြေကြီးပေါ်တွင် ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကိုသာ ငေးကြည့်ရန် ကျန်ရစ်ခဲ့၏။
သူသည် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တွင် နေထိုင်ရန်နှင့် မိမိ၏ကိုယ်ပိုင်နယ်မြေအတွင်း နေထိုင်ရန်သာ ကြိုက်နှစ်သက်သည်။ ဤအရာများက သူ့အား လုံခြုံမှုရစေသည်။ သူသည် အပြောင်းအလဲများကို မနှစ်သက်ပေ။ သို့သော် ဤအချိန်တွင် ဘဝသည် လွန်မင်းစွာ ပြောင်းလဲနေသကဲ့သို့ ခံစားရသည်…
ကျင်းလော့ အိုမီဂါ အဖြစ်သို့ ပြောင်းလဲပြီးနောက်၊ သူသည် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။ သူ ရှေ့ဆက်သွားရမည်ဖြစ်သော်လည်း၊ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို မသိခဲ့ပေ။
ကျင်းလော့သည် ဤအတွေးများကြောင့် အိပ်ပျော်ခြင်းမရှိတော့ပေ။
ဂလင်းထဲရှိ သစ်သားရနံ့ အယ်လ်ဖာ၏အနံ့က စိတ်သက်သာရာရစေသလိုခံစားရပြီး၊ နူးညံ့သိမ်မွေ့သည့် သစ်သားတောအုပ်ကြီးတစ်ခုလို ခံစားလိုက်ရသည်။ ဒီအနံ့က ကျင်းလော့ကို ရှောင်းဝမ်လင်အား ပြန်သတိရစေသည်။
ရှောင်းဝမ်လင်၏ အယ်လ်ဖာအနံ့ဖုံးဆေးက အလွန်ပင်ထိရောက်သည်။ ကျင်းလော့တွင် အရင်လို ပင်ပန်းနွမ်းနယ်မှုနှင့် မသက်မသာဖြစ်မှုများ မရှိတော့ပေ။
ဒါပေမယ့်…အခုအချိန်မှာ သူနဲ့ ရှောင်းဝမ်လင်ကြားက ဆက်ဆံရေးက ဘာလဲ?
ကျင်းလော့ အိပ်ရာကိုကြည့်ရင်း မျက်တောင်ခတ်လိုက်သည်။
ပါတနာ…ဒါက အလွန်နီးကပ်သည့် ဆက်ဆံရေးတစ်ခုပင်။
အရင်က ဘယ်သူနဲ့မှ ဒီလောက်နီးနီးကပ်ကပ် ရင်းနှီးမှုမျိုး ရှိခဲ့ဖူးသည်မဟုတ်ချေ။
ကျင်းလော့မထိန်းနိုင်တော့ပဲ အနည်းငယ်တွန့်ဆုတ်သွား၏။ ရင်းနှီးကျွမ်းဝင်မှုအား ကြောက်ရွံ့သည်စိတ်တစ်ခုပင်။
ကျင်းလော့က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကိုယ်ကိုကွေးလိုက်သည်။
သူ့လက်က စောင်အောက်ကနေ ထွက်လာ၏။ မှောင်မိုက်နေသည့် အခန်းထဲတွင် မြှောက်ထားသည့် သူ့လက်ဟာ မှုန်ဝါးဝါး အရိပ်တစ်ခုသာ ဖြစ်နေသည်။
ကျင်းလော့သည် နှစ်သိမ့်မှုတစ်ခုရှာရန် ကြိုးစားနေသကဲ့သို့ လက်အားဆန့်ထုတ်လိုက်သည်။
ဘယ်သူမှ သူ့ကို ပွေ့ဖက်ခဲ့ဖူးခြင်းမရှိ၊ ဘယ်သူမှ သူနှင့် ဤမျှနီးကပ်သော ဆက်ဆံမှုမျိုး မလုပ်ခဲ့ဖူးပေ၊ အရေပြားချင်း ထိတွေ့မှုဆိုလျှင် ပို၍ပင် မဖြစ်နိုင်ခဲ့။
ဘယ်သူမှ သူ့ကို မနှစ်သက်ကြပေ။
ကျင်းလော့နှုတ်ခမ်းအား ထပ်မံကိုက်မိလိုက်သည်။
သူမှတ်မိနိုင်တဲ့ အရွယ်ကတည်းက ဘယ်သူမှ သူ့ကို မနှစ်သက်ကြောင်း သူသိခဲ့၏။ သူသည် အမှန်တကယ်ပင် နှစ်သက်ဖွယ်မကောင်းခဲ့၊ လူများနှင့် စကားပြောဆိုနည်းကို မသိခဲ့၊ စိတ်ဆိုးလွယ်သူလည်း ဖြစ်ခဲ့သေးသည်။
မိသားစုဝင်တွေတောင် သူ့အား ပွေ့ဖက်ခြင်းမပြုမှတော့ အခြားသူများဆိုလျှင် ပို၍ပင် မဖြစ်နိုင်ခဲ့ချေ။ ငယ်စဉ်က ကျင်းလော့သည် အထီးကျန်ပြီး စိတ်မှောင်မိုက်ကာ၊ ဆူးချွန်များနှင့် ပြည့်နှက်နေသူဖြစ်ကာ အခြားသူများ၏ နှစ်သက်မှုကို မခံစားရခဲ့ပေ။
ကျင်းလော့အသက်ကြီးလာသည်နှင့်အမျှ သူသည် ပို၍ပို၍ အေးစက်လာပြီး လူများကို ရှောင်ဖယ်လာကာ၊ အခြားသူများနှင့် ဆက်ဆံရသည်ကို အလွန်မနှစ်သက်ကြောင်း ပြသလာခဲ့သည်။
သို့သော် သူတစ်ဦးတည်းသာ သိသည်မှာ သူသည် ပွေ့ဖက်ခံရသည့်အခါ တွေဝေငေးမောနေတတ်သည်ဆိုသည်ကိုပင်။
ကျင်းလော့သည် သူ့ရဲ့ဖြန့်ထားသည့်လက်ကို ငေးကြည့်လိုက်၏။
ပွေ့ဖက်မှုဆိုတာ နွေးထွေးတာကိုး…
ဒါပေမယ့် ရှောင်းဝမ်လင်က သူ့ကို ဘာကြောင့် အမှတ်အသားလုပ်ခဲ့တာလဲ? အဆုံးမှာတော့ ရှောင်းဝမ်လင်က သူ့မေးခွန်းကို မဖြေကြားခဲ့ပေ။
ရှောင်းဝမ်လင်က သူ့ကို မနှစ်သက်၊ မဟုတ်ဘူး၊ သူ့ကို မုန်းတီးနေခြင်းပင်။
သူ့ကို နှိပ်စက်ဖို့အတွက် အမှတ်အသားလုပ်ခဲ့တာလား?
ကျင်းလော့က အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကို စုပြီး လေထဲမှာ သတိမထားမိဘဲ ပွေ့ဖက်ဟန်လုပ်ကြည့်ကာ ပြန်လည်လွှတ်ချလိုက်သည်။
မဟုတ်ရင် ရှောင်းဝမ်လင်က အမြဲလိုလို သူ့ကို လာပြီး နှိပ်စက်မှာမဟုတ်ဘူး။
ကျင်းလော့က ညင်သာစွာ သက်ပြင်းချလိုက်မိသည်။
ထိုအချိန်မှာပဲ တံခါးဖွင့်သံနှင့်အတူ ရှောင်းဝမ်လင် ပြန်ရောက်လာသည်။
ညအချိန်မှာ သူအိမ်မပြန်ခဲ့ဘဲ အခုမှပဲ ပြန်ရောက်လာခြင်းပင်။ ဘယ်သွားခဲ့တယ်ဆိုတာ ဘယ်သူမှသိမည်မဟုတ်ပေ။ ကျင်းလော့သိထားသည်က ရှောင်းဝမ်လင်ထံတွင် သူ့ဘာသာနေစရာအိမ်ရှိသည်၊ ဒါကြောင့် သူကျောင်းအဆောင်ကိုပြန်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ထိုအချိန်တွင် ကျင်းလော့ အနည်းငယ်စိုးရိမ်သွားခဲ့၏။ သူသည် လျင်မြန်စွာ လက်ကိုရုတ်သိမ်းလိုက်ပြီး မျက်လုံးများအားမှိတ်ကာ အိပ်ဟန်ဆောင်လိုက်၏။
ခဏအကြာတွင် ကျင်းလော့ တစ်စုံတစ်ဦးက သူ့ကိုတောက်လျှောက် တိတ်ဆိတ်စွာစိုက်ကြည့်နေသည်ကို ခံစားလိုက်ရ၏။
ကျင်းလော့အလွန်တုန်လှုပ်သွားပြီး သူ့အပေါ်မှလူ၏ အားပါးတရအသံကို ကြားလိုက်ရသည် “မင်း အိပ်မပျော်သေးဘူးလား?”
ကျင်းလော့ မျက်လုံးဖွင့်သင့်မဖွင့်သင့် တွေးနေစဉ်၊ စောင်ကိုလှပ်ပြီး ရှောင်းဝမ်လင်က အတွင်းထဲသို့ဝင်လာခဲ့၏။ အယ်လ်ဖာဖယ်ရိုမုန်းအနံ့အပြင်၊ သူ့ဆီမှာ စီးကရက်အနံ့အနည်းငယ်နှင့် သစ်သားရနံ့တို့ ရောနှောနေသည်။
ရှောင်းဝမ်လင်သည် ရေချိုးပြီးစဖြစ်ဟန်တူသည်။
ကျင်းလော့ မထိန်းနိုင်တော့ဘဲ မျက်လုံးဖွင့်လိုက်သည်။
သူသည် ရှောင်းဝမ်လင်အား ကန်ချရန် ခြေထောက်မြှောက်လိုက်သော်လည်း၊ ခြေထောက်မြှောက်သည်နှင့်တစ်ပြိုင်နက် ရှောင်းဝမ်လင်က သတိပြုမိပြီး ကျင်းလော့၏ခြေထောက်များအား ဖမ်းကာ သူ့ခါးတွင်ချိတ်ပြီး တင်းကြပ်စွာဖိထားလိုက်သည်။
ရှောင်းဝမ်လင်က သူ့အား မျက်လုံးချင်းဆုံကြည့်လိုက်၏။ ရှောင်းဝမ်လင်က သူ့ကိုဖက်ထားရင်း အနည်းငယ်ပင်ပန်းနွမ်းနယ်နေသလို၊ အိပ်ငိုက်နေသလိုနှင့် ပြောလိုက်သည် “ဒုက္ခမပေးနဲ့တော့ ဘိုးဘေးလေး၊ အမှတ်အသားနည်းနည်း ထပ်ဖြည့်မယ်”
ရှောင်းဝမ်လင်သည် ဒီနေ့ ကျင်းလော့နှင့်အတူနေချင်သော်လည်း၊ မိသားစုက အယ်လ်ဖာလေ့ကျင့်ရေးရလဒ်များအတွက် လိုအပ်ချက်မှာရှိ၏။ သူ၏ခန္ဓာကိုယ်ကြံခိုင်မှုအခြေအနေ မဆုတ်ယုတ်သွားရန် သေချာစေဖို့၊ ရှောင်းဝမ်လင်သည် ကျင်းလော့၏အခြေအနေကို စစ်ဆေးပြီးနောက် အားလပ်ချိန်မရှိဘဲ အတွေ့အကြုံရှိသူများနှင့် လေ့ကျင့်ခဲ့ရသည်။ အခုမှပဲ လွတ်လာပြီး အလွန်အိပ်ငိုက်နေခြင်းဖြစ်သည်။ ကျင်းလော့၏အမှတ်အသားက မနက်တုန်းက အနည်းငယ်ပျောက်နေတာကို သတိထားမိလို့သာ အထူးတလည်ပြန်လာခြင်းဖြစ်၏။
ကျင်းလော့ မျက်တောင်ခတ်လိုက်ပြီး ရှောင်းဝမ်လင်အား တိတ်ဆိတ်စွာ ငေးကြည့်လိုက်သည်။
ထိုအချိန်တွင် ရှောင်းဝမ်လင်သည် အရင်ကလိုပဲ ကျင်းလော့ဆီလာပြီး အချိန်အခါသင့်သလို သူ့ကိုနှောင့်ယှက်လေ့ရှိသူပင်၊ ဘာမှမစိုးရိမ်တတ်သည့် သာမန်ကျောင်းသားနှင့် သူ၏ကြောက်စရာအကောင်းဆုံး ရန်သူတစ်ယောက်လို ပုံစံမျိုးက အတူတူပင်ဖြစ်၏။
အားအင်ကုန်ခမ်းပြီး ပျင်းရိလှတဲ့ပုံစံ။
ဒါက ရှောင်းဝမ်လင် ကျင်းလော့ရှေ့မှာ အများဆုံးပြတတ်သည့် အမူအရာပင်။ အန္တရာယ်များတဲ့ပုံစံမဟုတ်ပေ… ဒီရင်းနှီးကျွမ်းဝင်နေတဲ့ ခံစားချက်က ကျင်းလော့ကို နည်းနည်းလေး သက်သာစေ၏။ တောင့်တင်းနေသည့် သူ့ကျောပြင်က တဖြည်းဖြည်း ပြေလျော့လာသည်။
ရှောင်းဝမ်လင်က လက်တစ်ဖက်နှင့် သူ့ကိုဖက်ထားပြီး အခြားလက်တစ်ဖက်နှင့် ကျင်းလော့၏ ဂလင်းကို ဖွဖွလေး ပွတ်သပ်ပေးနေသည်။ သူ့အသံက အလွန်နိမ့်ပြီး ပျင်းရိနေပုံပေါက်သည့်အတွက် ဆွဲဆောင်မှုရှိနေ၏ “နက်နက်ရှိုင်းရှိုင်း အမှတ်အသားလုပ်ချင်တာလား?”
“ငါနဲ့ လိင်ဆက်ဆံချင်တာလား?”
ရှောင်ဝမ်လင်က ပြုံးရယ်ရင်း ပြောလိုက်တယ် – “မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ဘူးလေ”
ရှောင်းဝမ်လင်က ဂလင်းအားပွတ်သပ်နေသည့်အခါ ကျင်းလော့ အရမ်းမသက်မသာဖြစ်နေ၏။ သူလှုပ်ရှားတော့ ရှောင်းဝမ်လင်က ရုတ်တရက် ချဉ်းကပ်လာပြီး ပြုံးပြလိုက်သည် “မင်းဒါမျိုးကို ကြိုက်မယ် မထင်ခဲ့ဘူး၊ ဗီဒီယိုတွေတောင် ကြည့်တယ်ဆိုပဲ?”
“ဒီလိုလား?” ရှောင်းဝမ်လင်က အေးအေးလူလူ ပြုံးပြလိုက်သည် “ငါ ဘာမဆိုလုပ်ပေးနိုင်တယ်”
သူက ကျင်းလော့၏ တင်ပါးကို ပုတ်ရင်းပြောလိုက်၏။
Chapter 31 end