Title – ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်
Description
ကူးပြောင်းသွားသည့် ကမ္ဘာကြီးမှာ ပြိုကျပျက်စီးသွားပြီး ပင်မနတ်ဘုရားမှာလည်း ပျောက်ဆုံးသွားလေ၏။ ကမ္ဘာတစ်ခုချင်းစီမှ ရွေးချယ်ခံရသူများမှာ ဖောက်ပြန်ပျက်စီးသွားကြပြီး ရူးသွပ်နေသော ဗီလိန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ယွီရှူးနင်သည် system 520 ၏ ရွေးချယ်ခြင်းကို ခံလိုက်ရပြီး ပင်မနတ်ဘုရား ပြန်လည်နိုးထလာစေရန်အတွက် ကမ္ဘာတစ်ခုချင်းစီသို့ သွားရောက်ကာ ထိုရွေးချယ်ခံရသူများကို ကယ်တင်ပေးပြီး ကမ္ဘာကြီး၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရမည်ဖြစ်သည်။
system 520 – [မင်းမှာ ကမ္ဘာတိုင်းအတွက် အလန်းစား cheat စွမ်းရည်တစ်ခုစီ ရှိလိမ့်မယ်]
ယွီရှူးနင် (ပျော်ရွှင်စွာဖြင့်) – “တကယ်လား”
System 520 – [အဲဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ မင်းမှာ ကမ္ဘာတိုင်းအတွက် ချို့ယွင်းချက် တစ်ခုစီလည်း ရှိနေလိမ့်မယ်]
ယွီရှူးနင် (ကြောင်တောင်တောင်ဖြင့်) – “ဟင်…”
ဖြစ်နိုင်ချေရှိသော ချို့ယွင်းချက်များ – အသံပျောက်ခြင်း၊ အထိအတွေ့ငတ်မွတ်ခြင်း ၊ ခြေနှစ်ဖက်စလုံး သွက်ချာပါဒလိုက်ခြင်း၊ မျက်မမြင်ဖြစ်ခြင်း၊ နာကျင်မှုကို အာရုံခံလွယ်ခြင်း၊ သွေးဆာခြင်း…
*****
ယွီရှုးနင်သည် ရွေးချယ်ခံရသူ၏ ရှေ့တွင် ရပ်နေရင်း အကြောက်လွန်ကာ တုန်ယင်နေလေ၏။
“စနစ်… သူ့ကို ကြည့်ရတာ သိပ်ကြောက်စရာကောင်းတာပဲ… ငါ သူ့ကို တကယ် ကယ်တင်နိုင်ပါ့မလား”
System 520 – [ရပါတယ်၊ သူ့ကို ပြုံးပြကြည့်လိုက်]
ယွီရှူးနင်က စကားနားထောင်စွာဖြင့် အလွန်ချိုသာပြီး ချစ်ဖို့ကောင်းသော အပြုံးလေးတစ်ခုကို ပြုံးပြလိုက်သည်။ ထိုအခါ ရွေးချယ်ခံရသူ၏ အငွေ့အသက်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အပြင် ထိုသူ၏ မျက်လုံးများကလည်း သူ့ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်အလား ဖြစ်နေသည်ကိုလည်း မြင်လိုက်ရ၏။
…..QAQ
ယွီရှူးနင်လေးမှာ ဝမ်းနည်းပက်လက် ငိုချလိုက်လေတော့၏။
“သူ… သူက ပိုတောင် ကြောက်စရာကောင်းလာသေးတယ်…”
System 520 က သူ့ကို နှစ်သိမ့်ပေးလာသည်။
[ကိစ္စမရှိဘူး၊ မင်း အောင်မြင်သွားပြီ]
*
ကမ္ဘာအသီးသီးမှ ရွေးချယ်ခံရသူများ၏ လှိမ့်ပိမ့်ဖာ့ခ်ခြင်းကို ခံလိုက်ရသော ယွီရှူးနင်လေးမှာ မျက်ရည်များ ဝဲတက်လာခဲ့သည်။
“ဝူး ဝူး… စနစ် မင်း… မင်းက ကယ်တင်ရမယ့်နည်းလမ်းက ဒါမျိုးကြီးဆိုတာ ငါ့ကို မပြောခဲ့ဘူးလေ…”
သူ၏မျက်ရည်ပေါက်ကြီးများမှာ ကြီးမားလှပြီး ကြည်လင်နေလေ၏။
“ကမ္ဘာတစ်ခုမှာ ရွေးချယ်ခံရတဲ့သူက တစ်ယောက်မကဘူးဆိုတာကိုလည်း မင်း ငါ့ကို မပြောခဲ့ဘူး… ဝူး ဝူး ဝူး…”
System 520 မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။
[မငိုနဲ့တော့၊ ငါ မင်းကို သကြားလုံး ကျွေးမယ်]
ယွီရှူးနင်သည် ရှိုက်ငိုနေရင်း သကြားလုံးကို စားလိုက်သည်။
“စောက်ကျင့်ယုတ်တဲ့ စနစ်… မင်း ငါ့ကို နောက်ထပ် တစ်ခုခု ဖုံးကွယ်ထားဦးမယ်ဆိုရင် မင်းကို ဘယ်တော့မှ စကားမပြောတော့ဘူး”
System 520 – [ဒါအကုန်ပဲ]
မဟုတ်သေးဘူး၊ နောက်ထပ်တစ်ခု ကျန်သေးသည်ဟု system 520က စိတ်ထဲမှ တွေးလိုက်၏။
သူ၏ host လေးက သိပ်ကို ချစ်ဖို့ကောင်းနေတာပဲ။
*****
★ world 1 – ကြယ်တာရာခေတ် / နောက်ဆုံးကျန်ရစ်သော ရေသူထီးလေး (1v1)
★ world 2 – မှုခင်းစုံစမ်းရေး / ဆင်ခြေဖုံးက တိုက်အိုကြီးထဲတွင် နေထိုင်သည့် မျက်မမြင် ကောင်လေးတစ်ယောက် (1v2)
★ world 3 – သားရဲလူသားကမ္ဘာ / နာကျင်မှုကို အာရုံခံလွယ်တာလား၊ သူက နဂိုကတည်းက နာမှာကိုကြောက်တတ်ပါတယ်ဆိုနေမှ (1v3)
★ world 4 – ရှေးခေတ် / ဒီလူက ဘယ်သူလဲ၊ သူ့သွေးနံ့လေးက သိပ်မွှေးတာပဲ (╹﹃╹ ) (1v1)
★ world 5 – စင်တီနယ် – Guide / အသံပျောက်သွားလို့ အကူအညီတောင် မတောင်းနိုင်တော့ဘူး (1v2) (ဒီကမ္ဘာက guideverse လိုမျိုးပါပဲ။manhwa ဖတ်တဲ့လူတွေဆို သိလိမ့်မယ်)
★ world 6 – အဆုံးမဲ့ဂိမ်း / သူ့ရဲ့ညာဘက်နားလေးတော့ လုံးဝကို ဆွံ့အသွားပြီ… (1v2)
★ world 7 – ဖုန်းယွမ်တိုက်ကြီး / လွန်ခဲ့သော နှစ်တစ်ထောင်ဆီသို့ ပြန်သွားခြင်း
★ world 8 – extra / ခေတ်သစ်ကမ္ဘာ
————————
★ မရေမတွက်နိုင်သော ကိုယ်ပွားများဖြင့် ခွဲထွက်နေသည့် ကုန်း။
ကမ္ဘာတစ်ခုစီတိုင်းမှာ ကုန်းအရေအတွက်က ကွာခြားပါတယ်။ တစ်ယောက်စီတိုင်းက ရူးသွပ်ပြီး စိတ်ထားကောက်ကျစ်နေတဲ့ စောက်ရူးနှာဗူးကောင်တွေချည်းပဲ။
ရှို့ကတော့ သကြားလုံးတစ်လုံးတည်းနဲ့ အလွယ်တကူ သိမ်းသွင်းလို့ရတဲ့ အပြစ်ကင်းစင်တဲ့ အသည်းယားစရာ ကောင်လေးပါ။ နောက်ပြီး ဒွိလိင်ပါ။
————————
★ 1v1, high H, Smut, R18
————————
MC လေးက သိပ်ကို ချစ်ဖို့ကောင်းပြီး အရူးလုပ်ရ သိပ်လွယ်တာ။ တကယ်လို့ ဉာဏ်ကောင်းတဲ့ MC မျိုး ဒါမှမဟုတ် ကြာပန်းနက်မျိုးကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းနဲ့ အဆင်မပြေပါ။
—
WARNING ❗❗❗
SMUT / NSFW ပါ။ 21+ Novel ပါ။ စကားလုံးများ ညစ်ညမ်းရိုင်းစိုင်းပါတယ်။ uke က ဒွိလိင်ပါ။
ကလေးငယ်များဖတ်ရန် လုံးဝ မသင့်တော်ပါ။