Chapter 14
World 2 { Chapter – 1 }
အမြောက်စာ မင်းသားပေါက်စလေးအဖြစ် ကူးပြောင်းလာပြီး အေးစက်ရက်စက်သော ဘီလီယံနာ သူဌေးကြီးကို အပြတ်လိုးခြင်း…
—–
ပါးပြင်ပေါ်မှ ပူစပ်ပူလောင် နာကျင်မှုကြောင့် ကျိုးဝေ့ချီသည် အလိုအလျောက် မျက်မှောင်ကြုတ်လိုက်မိ၏။
သူသည် အားပြင်းပြင်းဖြင့် ပါးရိုက်ခံလိုက်ရသကဲ့သို့ ခံစားနေရပြီး ထိုနာကျင်မှုမှာ ဒုတိယ အကြောင်းအရင်းသာ ဖြစ်ကာ အဓိကမှာ ဤသို့ ပါးရိုက်ခံရခြင်းကို သူ အလွန် မကျေနပ်သလို လုံးဝ သည်းမခံနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူ မျက်လုံးဖွင့်ကြည့်လိုက်လေသည်။
ကျိုးဝေ့ချီ မျက်လုံးဖွင့်လိုက်သည်နှင့် အေးစက်ခက်ထန်သော မျက်လုံးတစ်စုံနှင့် တည့်တည့် ဆုံသွားတော့၏။
ဤမျက်လုံးများမှာ နက်ရှိုင်းပြီး သွယ်လျကာ အကြောင်းပြချက် မရှိဘဲ သွေးအေးသော ခံစားချက်ကို ပေးစွမ်းနေသည်။
မျက်လုံးပိုင်ရှင်၏ မျက်နှာထားမှာလည်း အေးစက်ခက်ထန်ပြီး ဓားဖြင့် ထွင်းထုထားသကဲ့သို့ ထင်ရှားလှသော်လည်း အလွန် ကြည့်ကောင်းလှပေသည်။
ထိုခက်ထန်သော မျက်နှာသွင်ပြင်က ကာတွန်းထဲမှ ထွက်လာသော အမျိုးသား တစ်ယောက်နှင့် တူနေပြီး အထူးသဖြင့် သူ၏ အနည်းငယ် ကွေးတက်နေသော နှုတ်ခမ်းထောင့်များက အလွန် ဆွဲဆောင်မှု ရှိလွန်းလှပေသည်။
ကျိုးဝေ့ချီက မျက်လုံးများကို အနည်းငယ် မှေးလိုက်၏။
သူက ကုတင်ပေါ်တွင် လှဲနေပြီး အရှေ့မှ အမျိုးသားကမူ ကုတင်ရှေ့တွင် ရပ်ကာ သူ့ကို အထက်စီးမှ ငုံ့ကြည့်နေလေသည်။
သို့သော် ဤကဲ့သို့သော ထောင့်မှ ကြည့်လျှင်ပင် ကျိုးဝေ့ချီသည် ထိုအမျိုးသား၏ ဖိအားပေးနိုင်သော အရပ်အမောင်းကို ခံစားနေရဆဲ ဖြစ်သည်။
ငါ့အရပ်က ဒီနေရာမှာ ပုမသွားဘူးဆိုရင်တော့ ဒီလူက ငါနဲ့ ယှဉ်နိုင်လောက်တယ်လို့ တွေးကာ ကျိုးဝေ့ချီ စိတ်သက်သာရာ ရသွား၏။
ဤရုပ်ရည်၊ ဤခန္ဓာကိုယ်က တစ်ချက်ကြည့်ရုံဖြင့် သူ သဘောကျသော ပုံစံမျိုး ဖြစ်ကြောင်း သိသာလှပေသည်။
“ငါက သူတစ်ပါးကို အတင်းအကျပ် လုပ်ရတာ လုံးဝ မကြိုက်ဘူး…”
အမျိုးသားက ကျိုးဝေ့ချီကို အထက်စီးမှ ငုံ့ကြည့်ကာ ပြောလိုက်လေသည်။
အသံမှာ အေးစက်သော်လည်း သံလိုက်ဓာတ် ပါဝင်နေပြီး သူ၏ လူကဲ့သို့ပင် လူကို အလွန် သိမ်းပိုက်ချင်စိတ် ဖြစ်ပေါ်စေ၏။
မျက်လုံးထဲတွင် အေးစက်မှုများအပြင် အတွင်းမှ အပြင်သို့ ပေါ်လွင်နေသော အထင်သေးမှုများလည်း ပါဝင်နေပြီး ဤသည်မှာ အမြင့်ဆုံး နေရာတွင် ရပ်တည်နေသော အမျိုးသား တစ်ယောက်က အရာအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသော အကြည့်မျိုး ဖြစ်ကာ သူကိုယ်တိုင်ပင် ထိုသို့ ဖြစ်နေမှန်း သတိထားမိမည် မဟုတ်ပေ။
ကျိုးဝေ့ချီက စကားမပြောဘဲ ဦးနှောက်ထဲတွင် ရုတ်တရက် ပေါ်လာသော အရာများကို မှတ်သားနေ၏။
စနစ် ရှောင်ဒင်က သူ့ထံသို့ အချက်အလက်များ ပို့ပေးခဲ့ပြီး လန်မိသားစု၏ သခင်လေး နှစ်ယောက်၏ ဇာတ်လမ်းမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ ဤသည်မှာ အခြား ဝတ္ထုကမ္ဘာတစ်ခု ဖြစ်သော ‘ဘီလီယံနာ သူဌေးကြီး၏ ဇနီး’ ဖြစ်ကြောင်း သိလိုက်ရလေသည်။
ကျိုးဝေ့ချီ၏ ဇာတ်ကောင်မှာ ဖျော်ဖြေရေးလောကသို့ ယခုလေးတင် ဝင်ရောက်လာသော မည်သည့် နောက်ခံမှ မရှိသည့် မင်းသားပေါက်စလေး တစ်ယောက် ဖြစ်သည်။
သူ၏ ဆန္ဒမှာ ရိုးရှင်းပြီး လှပကာ သရုပ်ဆောင် ကောင်းကောင်း လုပ်ပြီး ထူးချွန်သော သရုပ်ဆောင် တစ်ယောက် ဖြစ်လာရန်သာ ဖြစ်၏။
သေချာတာပေါ့… သူသည် ဝတ္ထုထဲတွင် စာလုံးရေ ရာဂဏန်းမျှသာ ပါဝင်သော အမြောက်စာလေး တစ်ကောင်သာ ဖြစ်လေသည်။
သို့သော် အရှေ့တွင် ရပ်နေသူမှာ ဝတ္ထု၏ အဓိက ဇာတ်လိုက်ဖြစ်ပြီး ဤကမ္ဘာလောက၏ အမြင့်ဆုံး နေရာတွင် ရပ်တည်နေသော အမျိုးသား ဖြစ်၏။
ဝတ္ထု၏ ဖော်ပြချက်အရ တစ်ကမ္ဘာလုံး၏ စီးပွားရေး သွေးကြောကို ကိုင်စွဲထားသော အမျိုးသား ဖြစ်ပြီး ပိုင်ဆိုင်မှု ဘီလီယံပေါင်းများစွာ ရှိသော ကု မိသားစု လုပ်ငန်းစု၏ ဥက္ကဋ္ဌ ကုချင်းကျိုး ပင် ဖြစ်လေသည်။
ပါရမီနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ပိုင်ဆိုင်ထားပြီး ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အပြစ်ပြောစရာ မရှိသော စူပါ သူဌေးကြီး တစ်ယောက်ပင် ဖြစ်သည်။
သို့သော် သူက အေးစက်ရက်စက်ပြီး သူ၏ လုပ်ရပ်များမှာလည်း ရက်စက်ကြမ်းကြုတ်ကာ ဘေးနားတွင် ချစ်သူများ မရေမတွက်နိုင်အောင် ရှိပြီး လူကို အဝတ်အစားများ လဲသကဲ့သို့ လဲလှယ်တတ်သော်လည်း မည်သူ့အပေါ်ကိုမှ အချစ်မရှိပေ။
သူသည် နှလုံးသား မရှိသော သွေးအေး သတ္တဝါ တစ်ကောင်ကဲ့သို့ ဖြစ်ပြီး လူတိုင်းက သူ့ကို ကြောက်ရွံ့ကြသော်လည်း မီးတောက်ထဲသို့ ခုန်ဆင်းသော ပိုးဖလံများကဲ့သို့ သူ၏ ကုတင်ပေါ်သို့ တက်ချင်သူများလည်း မရေမတွက်နိုင်အောင် ရှိလေသည်။
သို့သော် သူသည် ဝတ္ထု၏ အခြား ဇာတ်လိုက်ဖြစ်သော သေးသွယ်လှပပြီး လူတိုင်း သဘောကျသော ကောင်လေး တစ်ယောက်နှင့် တွေ့ဆုံချိန်အထိသာ ဖြစ်ပြီး ထိုအချိန်မှစ၍ ထိုကောင်လေးမှလွဲ၍ မည်သူ့ကိုမျှ မျက်စိထဲ မသွင်းတော့ဘဲ အချစ်များ အားလုံးကို သူ့ထံတွင်သာ ပုံအောထားတော့လေသည်။
သေချာတာပေါ့… ဤအရာများက ကျိုးဝေ့ချီနှင့် မသက်ဆိုင်ပေ။
ယခု အခြေအနေမှာ ကုချင်းကျိုးက အခုမှ လူလားမြောက်လာသော ‘ကျိုးဝေ့ချီ’ ကို သဘောကျသွားခြင်း ဖြစ်သော်လည်း ဤလူငယ်လေးမှာ ဤကဲ့သို့သော ဖုံးကွယ်ထားသည့် စည်းမျဉ်းများကို ရင်ဆိုင်ရန် အတွေ့အကြုံ မရှိသဖြင့် အလိုအလျောက် ရုန်းကန်လိုက်မိရာ ကုချင်းကျိုးကို မကျေမနပ် ဖြစ်သွားစေခဲ့ပြီး အကျိုးဆက်အနေဖြင့် အေးစက်သော ပါးရိုက်ခံရမှု တစ်ခုကို ရရှိခဲ့ကာ ထို့နောက်တွင် ကျိုးဝေ့ချီ ရောက်လာပြီး ဤခန္ဓာကိုယ်ကို နေရာယူလိုက်ခြင်း ဖြစ်လေသည်။
ယခင်တစ်ခေါက်ကဲ့သို့ပင် ဤခန္ဓာကိုယ်မှာ ကျိုးဝေ့ချီ ကိုယ်တိုင်၏ ခန္ဓာကိုယ် ဖြစ်ပြီး မျက်နှာမှာလည်း သူ၏ မျက်နှာသာ ဖြစ်ကာ မတူညီသော ဇာတ်ကောင် အဖြစ်သာ ပြောင်းလဲသွားခြင်း ဖြစ်၏။
[ပစ်မှတ် ဇာတ်ကောင် – ကုချင်းကျိုး၊ ကုမိသားစု လုပ်ငန်းစု၏ ဥက္ကဋ္ဌ၊ ကြီးမားလှသော အာဏာကို ပိုင်ဆိုင်ထားပြီး အေးစက်ရက်စက်ကာ နှလုံးသား မရှိ၊ အချစ် မရှိ၊ လုပ်ရပ်များ ရက်စက်ကြမ်းကြုတ်ပြီး အရာအားလုံးကို အထင်သေးသူ!]
[Hostအနေနဲ့ သူ့ကို အပြတ်လိုးပြီး ပြားပြားဝပ်သွားအောင် လုပ်ဖို့ သေချာပေါက် ကြိုးစားပါနော်!]
စနစ် ရှောင်ဒင်က ပြောပြီးသည်နှင့် အလိုအလျောက် အသံပိတ်သွားတော့၏။
ကျိုးဝေ့ချီက ကိုယ်အထက်ပိုင်းကို အနည်းငယ် မတ်လိုက်သည်။
အဝတ်အစားများ ချွတ်ထားပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ် ဖြစ်သဖြင့် ဗိုက်ကြွက်သားများကို သူ အလွန် ကျေနပ်မိ၏။
ဘောင်းဘီ ဝတ်ထားဆဲ ဖြစ်သော်လည်း ဇစ်ကို ဖြုတ်ထားသဖြင့် သူတို့ ခုနက ဤအဆင့်အထိ ရောက်နေခဲ့ပုံ ရလေသည်။
တစ်ဖက်တွင်မူ ကုချင်းကျိုးမှာ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး လည်စည်းကို အနည်းငယ်သာ လျှော့ထားကာ သူ၏ ပုံစံကို ကြည့်ရသည်မှာ စိတ်ပျက်သွားသဖြင့် ထွက်သွားရန် ပြင်နေပုံ ရပေသည်။
ဒီလိုဆို ဘယ်ဖြစ်မလဲ… နှစ်ယောက်သားရဲ့ အဆင့်အတန်းက ဒီလောက်တောင် ကွာဟနေတာ၊ ဒီနေ့ ထွက်သွားပြီးရင် နောက်ဆို တွေ့ဖို့ သိပ်မလွယ်တော့ဘူး… ဒါကြောင့် ဒီနေ့တော့ ဒီလူကို တစ်ခုခု မှတ်မိသွားအောင် သေချာပေါက် လုပ်ရမယ်လို့ တွေးကာ ကျိုးဝေ့ချီ မျက်မှောင်ကြုတ်လိုက်မိ၏။
“ဥက္ကဋ္ဌကု… ဘာလို့ ဆက်မလုပ်တော့တာလဲ…”
ကုချင်းကျိုးက ယခုလေးတင် ငြင်းဆန်ကာ သည်းခံနေခဲ့သော ကျိုးဝေ့ချီကို အနည်းငယ် သံသယဝင်စွာဖြင့် တစ်ချက် ကြည့်လိုက်၏။
ဤလူသည် ရုတ်တရက် လူစားလဲလိုက်သကဲ့သို့ ဖြစ်သွားပြီး အဓိကမှာ ဤအရှိန်အဝါက ယခုလေးတင် သူ့ကို ရွံရှာစေခဲ့သော ပုံစံနှင့် လုံးဝ မတူတော့သောကြောင့်ပင်။
“ငါ ပြောပြီးပြီလေ… ငါက သူတစ်ပါးကို အတင်းအကျပ် လုပ်ရတာ လုံးဝ မကြိုက်ဘူးလို့…”
ကုချင်းကျိုး၏ လေသံမှာ ပို၍ အေးစက်လာ၏။
ထပ်ခါတလဲလဲ ပြောရခြင်းက သူ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားစေသဖြင့် သူ အလွန် စိတ်မရှည်တော့ကြောင်း သိသာလှပေသည်။
သို့သော် ကုတင်ပေါ်ရှိ လူက ရုတ်တရက် ထိုင်လိုက်ပြီးနောက် သူ့ကို အလွန် နေရခက်စေသော အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
“ဥက္ကဋ္ဌကု… တကယ်တော့ ကျွန်တော် ခုနက ငြင်းလိုက်တာက ခင်ဗျားနဲ့ မလုပ်ချင်လို့ မဟုတ်ပါဘူး… ကျွန်တော်က အပေါ်ကနေပဲ နေလေ့ရှိလို့ပါ…”
ကျိုးဝေ့ချီက သေရမည်ကို မကြောက်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ကုချင်းကျိုးမှာမူ ကြားလိုက်ရသည်နှင့် ချက်ချင်းပင် မျက်နှာထား တင်းမာသွားပြီး မျက်လုံးများမှ ထွက်ပေါ်လာသော အကြည့်များမှာ ရေခဲဓား နှစ်လက်ကဲ့သို့ ဖြစ်နေတော့၏။
“မင်း သေချင်နေတာလား?”
ကုချင်းကျိုးသည် အမြဲတမ်း အပေါ်စီးမှသာ နေသူဖြစ်ကြောင်း မည်သူ မသိဘဲ နေမည်နည်း။
ထို့အပြင် ဤကမ္ဘာပေါ်တွင် ကုချင်းကျိုးကို အောက်မှ နေခိုင်းရဲသူ ရှိမည်လား။
ထိုကဲ့သို့သော သူမျိုး လုံးဝ မရှိသလို သေရမည်ကို မကြောက်ဘဲ ပေါ်လာပါကလည်း ချက်ချင်း ပျောက်ကွယ်သွားမည်သာ ဖြစ်လေသည်။
အရေးမပါသော မင်းသားပေါက်စလေး တစ်ယောက်က သူ့ကို ဤကဲ့သို့ စကားမျိုး ပြောရဲလိမ့်မည်ဟု ကုချင်းကျိုး လုံးဝ မထင်မှတ်ထားခဲ့ပေ။
တကယ်ကို သေရမှာ မကြောက်တာပဲ။
ကျိုးဝေ့ချီကမူ သေရမည်ကို မကြောက်သော စကားများကို ဆက်လက် ပြောဆိုနေလေသည်။
“ဥက္ကဋ္ဌကုက အောက်ကနေ မနေဖူးဘူးမလား… တကယ်တော့ ဥက္ကဋ္ဌကုက အောက်က နေရတာ ပိုအဆင်ပြေမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ…”
ဤတစ်ကြိမ်တွင်မူ ကုချင်းကျိုး၏ မျက်လုံးများမှာ လူသတ်နိုင်လောက်အောင် အေးစက်နေပြီး တစ်ကိုယ်လုံးမှလည်း အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေတော့၏။
“မင်းလို လူမျိုးကို ငါ မမြင်ဖူးတာ မဟုတ်ဘူး…”
ကုချင်းကျိုးက အေးစက်စွာ ပြောလိုက်ရာ လေသံထဲတွင် အထင်သေးလှောင်ပြောင်မှုများ ပါဝင်နေပြီး သရုပ်ဆောင် အိပ်မက် မစတင်ခင်မှာပင် ပြီးဆုံးသွားခဲ့ပြီဖြစ်သော အရူးလေး တစ်ယောက်ကို သနားနေသကဲ့သို့ ရှိနေ၏။
“ဒါပေမဲ့ မင်းလိုမျိုး သေရမှာ မကြောက်တဲ့သူကတော့ ပထမဆုံးပဲ…”
ကျိုးဝေ့ချီ ရယ်မောလိုက်လေသည်။
“ပထမဆုံး ဆိုတော့လည်း… စမ်းကြည့်မလား…”
ကုချင်းကျိုး မျက်လုံးများကို မှေးလိုက်၏။
ဒီလောက်တောင် သေရမှာ မကြောက်တဲ့သူက… ဒီလို စကားတွေ ပြောရတဲ့ အကျိုးဆက်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ ဆိုတာ သူ သိပုံမပေါ်ဘူး… တကယ်ကို သနားစရာ ကောင်းတာပဲ… ဒါဆို ငါက ဒီလောက် သနားစရာ ကောင်းတဲ့ လူတစ်ယောက်အတွက် ဒေါသထွက်နေစရာ လိုလို့လားလို့ ကုချင်းကျိုး တွေးလိုက်သည်။
ကုချင်းကျိုး အေးစက်စွာ ရယ်မောလိုက်ပြီး လည်စည်းကို သေသပ်စွာ ပြင်ဆင်လိုက်ပြီးနောက် နောက်လှည့်ကာ ထွက်သွားရန် ပြင်လိုက်၏။
သူ အချိန် ထပ်မဖြုန်းချင်တော့ပေ။
သို့သော် ထိုအချိန်မှာပင် ကုတင်ပေါ်တွင် ထိုင်နေသော ကျိုးဝေ့ချီက ရုတ်တရက် လက်လှမ်းကာ ကုချင်းကျိုး၏ လက်ကို ဖမ်းဆွဲလိုက်ပြီး အားကုန် ဆွဲလိုက်ရာ ကုချင်းကျိုး တစ်ယောက်လုံး မထိန်းချုပ်နိုင်ဘဲ ကုတင်ပေါ်သို့ လဲကျသွားတော့လေသည်။
ထိုတစ်ခဏတွင် ကုချင်းကျိုး တစ်ယောက်လုံး ပေါက်ကွဲသွားတော့၏။
သူသည် ငယ်စဉ်ကတည်းက လေ့ကျင့်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့သူ ဖြစ်ရာ တစ်စုံတစ်ယောက်က သူ၏ လက်ကို ဖမ်းဆွဲရဲပါက သူ သတိမထားမိဘဲ နေမည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ ဤသေရမည်ကို မကြောက်သော အကောင်က သူ၏ လက်ကို ဖမ်းဆွဲရဲသည့်အပြင် သူ့ကို မထိန်းချုပ်နိုင်ဘဲ လဲကျသွားအောင် လုပ်နိုင်ခဲ့ခြင်းပင်။
လုံးဝ ခွင့်လွှတ်၍ မရနိုင်ပေ!
ကုချင်းကျိုးက အားကုန် တွန်းဖယ်လိုက်သော်လည်း သူ၏ လက်ကို ဖမ်းဆွဲထားသော လက်မှာ သံမဏိကဲ့သို့ ခိုင်မာနေပြီး သူ လက်မြှောက်လိုက်ချိန်တွင် အခြား လက်တစ်ဖက်ကလည်း ကျိုးဝေ့ချီ၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရလေသည်။
ကျိုးဝေ့ချီက သူ၏ လက်နှစ်ဖက်ကို ခေါင်းပေါ်တွင် အလျင်အမြန် ဖိချုပ်ထားလိုက်ပြီး တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ကလည်း အောက်သို့ ဖိချလာကာ တောင့်တင်းသော ရင်ဘတ်က သူ၏ အပေါ်တွင် တင်းကျပ်စွာ ဖိထားလေသည်။
ကျိုးဝေ့ချီတွင် ဤကဲ့သို့သော စွမ်းရည်နှင့် အမြန်နှုန်း ရှိလိမ့်မည်ဟု ကုချင်းကျိုး မထင်ထားခဲ့ပေ။
သို့သော် မကြာမီမှာပင် ခြေထောက်ကို အားပြုလိုက်သော်လည်း ကျိုးဝေ့ချီက မျက်စိလျင်လျင်ဖြင့် ခြေထောက်တစ်ဖက်ကို သူ၏ ခြေထောက်ပေါ်တွင် ဖိထားလိုက်ပြီး တစ်ချိန်တည်းမှာပင် ဒူးက သူ၏ ခြေထောက်နှစ်ဖက်ကြား၊ ဆိုလိုသည်မှာ သူ၏ လိင်အင်္ဂါ အားနည်းဆုံး နေရာသို့ တိုက်ရိုက် ထောက်ထားလိုက်လေသည်။
ကုချင်းကျိုး လေကို တရှူးရှူး စုပ်သွင်းလိုက်မိ၏။
စက္ကန့်အနည်းငယ် အတွင်းမှာပင် သူသည် ဖိချုပ်ခံလိုက်ရပြီး ဤမျှ အရှက်ရဖွယ် ကောင်းသော အနေအထားဖြင့် ဖြစ်ရာ ကုချင်းကျိုး လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။
သို့သော် ကုချင်းကျိုးသည် အေးစက်ခက်ထန်ရုံသာမက တည်ငြိမ်သော အသက် ၃၀ အရွယ် အမျိုးသား တစ်ယောက်လည်း ဖြစ်ရာ သူ မထိတ်လန့်သွားဘဲ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထားလိုက်လေသည်။
“ကျိုးဝေ့ချီ မလား… မင်း အခု ရပ်လိုက်ရင် အချိန်မီသေးတယ်နော်…”
ကျိုးဝေ့ချီက သူ့ကို ဖိထားပြီး မလှုပ်ရှားသော်လည်း ကာတွန်းထဲမှ ထွက်လာသကဲ့သို့ ရှိသော သူ၏ မျက်နှာသွင်ပြင်ကို စိတ်အေးလက်အေးဖြင့် ကြည့်ရှုနေသဖြင့် ကုချင်းကျိုးက ဆက်ပြောရတော့၏။
“ငါ အရင်က မင်းကို ကတိပေးထားတဲ့ အရင်းအမြစ်တွေ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ ဒီရုပ်ရှင်ကိုလည်း ငါ ဆက်ပြီး ရင်းနှီးမြှုပ်နှံမယ်၊ မင်းက လူကြီး ဖြစ်နေပြီ… မင်း ဘာလုပ်နေလဲ ဆိုတာနဲ့ အကျိုးဆက်တွေက ဘာဖြစ်လာမလဲ ဆိုတာကို သေချာ စဉ်းစားတာ ပိုကောင်းမယ်…”
ဤနေရာတွင် ကျိုးဝေ့ချီ၏ အသက်မှာ ၁၈ နှစ်သာ ရှိသေးပြီး အလွန် ငယ်ရွယ်ကာ အရပ်ရှည်ပြီး သွေးဆူလွယ်သော အရွယ် ဖြစ်သည်။
သေချာတာပေါ့… အလွန်လည်း ချောမောလှရာ မဟုတ်လျှင် ကုချင်းကျိုးကဲ့သို့ လူပေါင်းများစွာနှင့် တွေ့ဆုံဖူးသူ တစ်ယောက်က သဘောကျမည် မဟုတ်ပေ။
ကျိုးဝေ့ချီက သူ့ကို စိုက်ကြည့်ရင်း ရယ်မောလိုက်လေသည်။
“ကျွန်တော် သေချာ စဉ်းစားပြီးသွားပြီ…”
ကျိုးဝေ့ချီက စကားပြောရင်း ရုတ်တရက် ခေါင်းငုံ့ကာ ကုချင်းကျိုး၏ မေးရိုးအောက်ကို ကာမရမ္မက်ဆန်စွာ တစ်ချက် ယက်လိုက်၏။
ကုချင်းကျိုး ရှောင်မသွားပေ။
“ဥက္ကဋ္ဌကုလိုမျိုး အလှတရား တစ်ခုအတွက်… ချက်ချင်း သေသွားရမယ် ဆိုရင်တောင် တန်ပါတယ်…”
“မင်း!”
ကုချင်းကျိုးသည် ကျိုးဝေ့ချီက ဤကဲ့သို့ အသက်ကို စွန့်ရဲသူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
သို့သော် ကျိုးဝေ့ချီက သူ့ကို ထပ်ပြောခွင့် မပေးတော့ဘဲ ခေါင်းငုံ့ကာ သူ၏ နှုတ်ခမ်းကို တစ်ချက်တည်း ကိုက်လိုက်တော့လေသည်။
“အင်း~”
ကုချင်းကျိုး မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွား၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူ ဘယ်လိုများ ရဲရတာလဲ… ငါက ချစ်သူတွေ အများကြီး ရှိခဲ့ပေမဲ့ အမြဲတမ်း ကာမဆန္ဒကိုပဲ ဖြေဖျောက်ခဲ့တာ… ငါ သူတို့နဲ့ ဘယ်တော့မှ မနမ်းဘူး… ဒီလူတွေက ငါ့အနမ်းကို ခံယူဖို့ မတန်ဘူး… ဒီလူက ဘယ်လိုများ လုပ်ရဲရတာလဲလို့ သူ အံ့ဩတကြီး တွေးနေမိလေသည်။
“အင်း…”
ကျိုးဝေ့ချီက တင်းကျပ်စွာ ဖိထားသဖြင့် ကုချင်းကျိုး လုံးဝ ရှောင်လွှဲ၍ မရပေ။
ကျိုးဝေ့ချီကလည်း အလောတကြီး မရှိဘဲ လက်တစ်ဖက်ဖြင့် ကုချင်းကျိုး၏ မေးရိုးအောက်ကို တိုက်ရိုက် ညှစ်လိုက်ရာ ကုချင်းကျိုးမှာ နာကျင်သဖြင့် ချက်ချင်း ပါးစပ်ဟသွားတော့၏။
ကျိုးဝေ့ချီကလည်း ချက်ချင်း မထိုးသွင်းသေးပေ။
ကုချင်းကျိုး ဒေါသထွက်ပြီး သူ၏ လျှာကို တိုက်ရိုက် ကိုက်ဖြတ်ပစ်မည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။
သူက ပါးစပ်ဖြင့် ဖိထားပြီး လက်တစ်ဖက်ကမူ ကုချင်းကျိုး၏ ရှပ်အင်္ကျီကို ကြမ်းတမ်းစွာ ဆွဲဖွင့်လိုက်ကာ ကြီးမားလှသော လက်ကြီးက အားနာခြင်းမရှိဘဲ အတွင်းသို့ ဝင်ရောက်သွားတော့လေသည်။
“အင်း အင်း… ကျိုး… အင်း!”
ထပ်မံ၍ ဆွဲဖြဲသံ အချို့နှင့်အတူ ကုချင်းကျိုး၏ ရှပ်အင်္ကျီမှာ အားလုံး ပွင့်ဟသွားပြီး ကြယ်သီးများလည်း နေရာအနှံ့ ပြုတ်ကျသွားကာ အပြင်းအထန် နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်မှာ ကျိုးဝေ့ချီ၏ မျက်စိရှေ့တွင် ချက်ချင်း ပေါ်လွင်လာတော့၏။
ရောက်ရောက်ချင်းမှာပင် ဤကဲ့သို့သော ဟင်းပွဲကြီး တစ်ခုကို ရရှိခဲ့ပြီး သူ၏ အကြိုက်နှင့်လည်း အလွန် ကိုက်ညီနေသဖြင့် ကျိုးဝေ့ချီမှာ အစားအသောက်များကို မြင်တွေ့ရသကဲ့သို့ ခံတွင်းတွေ့နေပြီ ဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်ပေသည်။
Chapter 14 ended.
World 2 Chapter 1 ended.