⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 28

[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Chapter 5 (arc3)

Chapter 5

ညရောက်သောအခါ Zichen ဟောခန်းကြီးက ဖယောင်းတိုင်မီးရောင်များဖြင့် လင်းထိန်နေသည်။ အနားယူသင့်နေပြီးဖြစ်သောသမားတော်များကလဲ သူတို့နဖူးပေါ်မှချွေးများအားသုတ်လိုက်၏။ သူတို့တစ်ယောက်ချင်းဆီတိုင်းက ဟောခန်းထဲသို့ဆေးသေတ္တာကိုယ်စီဖြင့်ဝင်လာသည်။ အခန်းထဲမှမြင်ကွင်းအားမြင်လိုက်သည်နှင့် သူတို့နှလုံးများခုန်သွား၏။

ဧကရာဇ်နိ၏ဝတ်စားပုံကကွဲပြားနေကာ ရေချိုးဝတ်ရုံတစ်ခုထဲကိုသာဝတ်ထားပြီး သူ့ရင်ဘတ်ကလဲ ပေါ်နေသည်။ လူတစ်ယောက်၏နှုတ်ခမ်းပေါ်မှစီးကျနေသာ သွေးများကိုသုတ်ပေးကာ မှုန်တေတေဖြစ်နေလျက်။ ဧကရာဇ်၏အရှိန်အဝါက အေးချမ်းနေကာ သမားတော်များအားတုန်လှုပ်စေ၏။

” ဒီကိုလာပြီးသေချာစစ်ဆေးပေး ”

နိယန်ကျစ်က မျက်မှောင်များကျုံ့ထားကာ အေးစက်စက်ပြောလေသည်။ သို့သော်လဲ သူ့အကြည့်များက အိပ်ယာပေါ်တွင်မေ့မြောနေသောကောင်လေးဆီသို့ရောက်သွားသည်နှင့် သူ့မျက်လုံးကလှုပ်ခတ်သွားကာ နောင်တများဖြင့်ပြည့်နှက်နေ၏။

သမားတော်များကတလေးတစားမျက်လွှာချကာ နှလုံးခုန်နှုန်းစစ်ရန်အတွက်အနားသို့ကပ်လာသည်။ အဲ့အချိန်မှာပဲ ထိုအတွေးကသူတို့ကိုအထူးတဆန်းဖြစ်စေခဲ့သည်။ ရက်စက်မှုနှင့်ကျော်ကြားတဲ့ နိဧကရာဇ်က ဘယ်လိုလုပ်နောင်တရတဲ့စိတ်ဖြစ်နေမှာလဲ။

သူက သူ့အပြုအမူများနှင့်သူများကိုနောင်တရအောင်လုပ်နေကြပင်ဖြစ်၏။

သူတို့၏အရေးမပါသောအတွေးများအားဘေးချိတ်လိုက်ကာ သမားတော်များက သူတို့နှလုံးအား တည်ငြိမ်အောင်လုပ်ကာ ထိုကောင်လေး၏သွေးခုန်နှုန်းအားစစ်ဆေးလေသည်။ သို့သော်လဲ သူတို့ဂရုတစိုက်လုပ်နေသည့်အလျောက် စိတ်များလှုပ်ရှားကာ နှလုံးခုန်လဲမြန်လာလေသည်။

ထိုသို့ဗြောင်းဆန်သွားပြီးသည့်နောက် ထိုကောင်လေးသွေးခုန်နှုန်းက အားနည်းနေကာ မသိမသာဖြစ်နေကာ အသက်မရှိတော့သောလူတစ်ယောက်၏ သွေးခုန်နှုန်းကဲ့သို့ဖြစ်နေလေသည်။

များစွာသော သမားတော်များက ချွေးစေးများကျလာ၏။ သူတို့စုစည်းလိုက်ကာ အသံခပ်တိုးတိုးဖြင့်ဆွေးနွေးကြသည်။ နောက်ဆုံးတွင်တော့ နိယန်ကျစ်၏ပုံကအေးစက်သွား၏။

” ဧကရာဇ်ခဗျ့ ဒီသခင်ငယ်လေးရဲ့ ရောဂါကကျွမ်းနေပါပြီ ပြီးတော့သူ့သွေးခုန်နှုန်းကလဲ အားနည်းနေတဲ့အတွက် ကျွန်တော်မျိုးတို့…. ”

သမားတော်က သူ၏ချွေးစေးများကိုသုတ်လိုက်ကာဆက်ပြောသည်။

” ကျွန်တော်မျိုးတို့ သူ့အသက်ကို နှစ်တစ်ရာရှိတဲ့ သွေးဂျင်ဆင်းနဲ့ပဲ ဆက်နိုင်မှာပါ ”

” …. ”

” အဲ့လိုဆိုမှတော့ ”

နိယန်ကျစ်မျက်လုံးများကိုမှိတ်လိုက်ကာ ဖြူဖတ်ဖြူလျော်ဖြစ်နေသော ဝန်ကြီးချုပ်၏လက်အားကိုင်လိုက်သည်။

” အဲ့တာကိုယူခဲ့ ”

” အမိန့်တော်အတိုင်းပါ ”

သမားတော်များက ခေါင်းငြိမ့်လိုက်ကာ အခန်းထဲမှထွက်လိုက်သည်နှင့် သူတို့၏ဝတ်ရုံများက နောက်ကျောတွင် ချွေးများစိုရွှဲနေသည်ကိုသတိထားမိလိုက်သည်။

ကုတင်ပေါ်ရှိလူက ဖြူဖတ်ဖြူလျော်ဖြစ်နေကာ သူ၏နှုတ်ခမ်းထောင့်တွင် သွေးစီးကြောင်းများလဲရှိနေသည်။ အသက်ရှူသံကလဲ တစ်ချက်တစ်ချက်ပြတ်တောက်နေကာ  သေတော့မည့်လူလိုဖြစ်နေသည်။

နိယန်ကျစ်က ထိုကောင်လေး၏နှုတ်ခမ်းမှသွေးစီးကြောင်းကိုသုတ်ပေးလိုက်ပြီး သူ့ပုံစံကလဲ စိတ်မရှည်တော့သည့်ပုံပေါက်နေ၏။

” ဘာလို့အရမ်းတွေကြာနေရတာလဲ ”

များစွာသောနန်းတော်မှ အစေခံများက ခေါင်းကိုငုံ့ထားကာ အသက်ပင်မရှူရဲကြပေ။

” … ”

ယွီရှောင်အခန်းထဲသို့ဝင်လာသည်နှင့် ဧကရာဇ်၏ဒေါသသံကိုကြားလိုက်ရကာ အကူအညီမဲ့သလိုခံစားလိုက်ရသည်။

” ဘာလို့အရမ်းလောနေတာလဲ ငါဒီမှာရောက်နေပြီလေ ”

ယွီရှောင်သည် သရဲတစ္ဆေလေ့လာသူဖြစ်ကာ နူးညံ့သောအပြုအမူနှင့် ထူးခြားသောစိတ်ထားလေးကြောင့်ကျော်ကြားလေသည်။

” မင်းနဲ့ ဖေးယန်ရဲ့ပြဿနာကဘာလဲ။ အပြင်မှာနှင်းမုန်တိုင်းရှိနေတယ်လေ ပြီးတော့ငါကမြို့ထဲကိုအခုရောက်တာနဲ့ အဲ့ကောင်ကငါ့ကိုနန်းတော်ထဲဆွဲခေါ်လာတာပဲ။  ”

ယွီရှောင်က သူ၏ဝတ်ရုံမှနှင်းများကိုခါလိုက်ကာ သက်ပြင်းချလေသည်။

” သူငယ်ချင်း ဆေးကုသမှုတွေကိုလောမနေနဲ့။ ဒါမှမဟုတ် ငါမင်းတို့ရောဂါကိုအရင်ရှာပြီးကုပေးရမလား။ ”

အခုတင်ဝင်လာသော ဖေးယန်က သူတို့၏စိတ်ကိုမေးခွန်းထုတ်နေသော ထိုလေ့လာသည်ကမေးခွန်ထုတ်သည်ကိုကြားလိုက်သည်။ သူ့မျက်ခုံးများကျုံ့သွားကာ ယွီရှောင်အားဆေးသေတ္တာကိုကမ်းပေးလိုက်၏။

” စကားပြောနေတာရပ်လိုက်တော့။ ငါ မင်းအတွက်ဆေးသေတ္တာယူလာတယ်။ မြန်မြန်လုပ်ပြီး သွေးခုန်နှုန်းစစ်ပေး။ ”

ကြောက်စရာကောင်းသောစစ်သူကြီးက ကိုယ်ခံပညာလဲတတ်ကျွမ်းလေကာ သူ့သူငယ်ချင်းအားမြို့ထဲတွင်မကြာခင်ကမှ ရှာတွေ့ထား၏။ သူတို့အလွမ်းမသယ်ခင်ပင် ဗိုလ်ချုပ်က ကွန်ဖူးကိုတောင် မတတ်သောသူ့အားဆွဲခေါ်လာကာ သူ့စကားကိုလဲဖြတ်ပြော၍ဆေးသေတ္တာကို ကမ်းပေးလိုက်သည်။

သူ့သူငယ်ချင်းလက်ထဲမှ အဆိပ်ရှိသောအပ်ကိုကြည့်ကာစိတ်ပူပြီးသည်နှင့် သူ့ပခုံးပေါ်တင်ထမ်းထားသော ဝန်ထုပ်ဝန်ပိုးအားလျော့ချလိုက်လေသည်။

ယွီရှောင်က ဆေးသေတ္တာကြီးကသူ့ကိုယိုင်သွားစေသည်နှင့်ကြောင်တောင်တောင်ဖြစ်သွား၏။ သူကမျက်လုံးများကိုဝေ့ရမ်းလိုက်ကာ အိပ်ယာဆီသို့လျှောက်လိုက်သည်နှင့် သူ၏ရွှေများကွပ်ထားသော ကြက်သွေးရောင်ဝတ်စုံက ရမ်းခါသွား၏။ ထိုထင်ရှားမှုကြောင့် သူ၏အရှိန်အဝါက သိသိသာသာပေါ်လွင်နေသည်။

နိယန်ကျစ်က နောက်ထပ်ပိုးသားလက်ကိုင်ပဝါအား ပြောင်းလိုက်ပြီဖြစ်သည်။ သူ့အကြည့်များက အေးစက်နေကာ လူများကိုအကြောက်တရားကြောင့် တုန်ယင်စေ၏။

” ဘေးဖယ်ပေး ”

သို့သော်လဲ ယွီရှောင်က သူ့အားကြောက်သည့်စိတ်နဲနဲမှမရှိပေ။ သူကဖြေးညှင်းစွာအနားသို့ကပ်လာပြီး  သူ့လူနာအားကြည့်လိုက်သည်။

” အိုး.. ”

” ဘာဖြစ်လို့လဲ ”

” ဘာရောဂါလဲဆိုတာအဖြေရပြီလား ”

ဧကရာဇ်နှင့်စစ်သူကြီးကအသက်ရှူဖို့ပင်မေ့နေကာ သူတို့၏အာရုံများကိုအပြည့်အဝစူးစိုက်ထားသည်။သမားတော်၏ စ
ကားကြောင့်သူတို့တူတူပင်ထပြောမိသည်။

” မဟုတ်ဘူး ငါဘာမှတောင်မစစ်ကြည့်ရသေးဘူး ”

ယွီရှောင်က မျက်လုံးများအားမှေးကျဥ်းလျက် အိပ်ယာပေါ်တွင်လှဲလျောင်းနေသည့်လှပသောကိုယ်ခန္ဓာလေးအားစစ်ကြည့်လေ၏။ ထို့နောက်သက်ပြင်းချလိုက်ကာသူ့အသံကလဲ သူသူငယ်ချင်းများရဲ့လိင်စိတ်ကြောင့် ငိုသံရောနှောလေသည်။

” ဒီအလှလေးက ယှဥ်လောက်စရာမရှိပေမယ့်.. မင်းတို့လုပ်တာမလွန်လွန်းဘူးလား။ အတင်းအဓမ္မလုပ်တယ်လို့မသတ်မှတ်ချင်ပေမယ် မင်းတို့အသေထန်နေရင်တောင် ဒီကောင်လေးရဲ့ပျော့ဖက်နေတဲ့ကိုယ်လုံးလေးကျိုးကြေသွားမှာမစိုးရိမ်ကြဘူးလား ”

သူစကားများများပြောလေလေ သူ့စကားတွေကအဓိပ္ပါယ်မဲ့လေလေဖြစ်သည်။ နိယန်ကျစ်၏အေးစက်သောအကြည့်များကလဲ ပို၍ပင်စိတ်မရှည်ဖြစ်လာကာ သူ့သူငယ်ချင်း၏ အဓိပ္ပါယ်မရှိသောအတွေးများအား ဖြတ်တောက်လိုက်၏။

“အဓိပ္ပါယ်မရှိတာတွေပြောနေတာ တော်လိုက်ပြီး မြန်မြန်သာစစ်ပေးစမ်းပါကွာ ”

ယွီ‌ရှောင်ထိုသို့လျှောက်တွေးနေခြင်းက သူတို့အတွက်အထူးအဆန်းမဟုတ်ပေ။ အရင်တစ်ခေါက်ကစစ်ဆေးမှုများတွင် သမားတော်များကသူတို့ပြဿနာမတက်ချင်သောကြောင့် သေချာမကြည့်ရဲကြပေ။ ယွီရှောင်ကတော့အဲ့လိုမဖြစ်ပါ။ အကြည့်တစ်ချက်နဲ့တင် ထိုအလှလေး၏လည်တိုင်ပေါ်မှ အမှတ်အသားများကိုတွေ့ပြီး အသက်ရှူလိုက်တိုင်း ယောက်ျားဆန်သောရနံ့များနှင့် ပေါင်းစပ်ကာ စွဲမက်ဖွယ်ကောင်းသည့် အနံ့များအားရလေသည်။

သေချာပေါက်ပင် ထိုတိရစ္ဆာန်နှစ်ကောင်က ထိုကောင်လေးအား မသန့်ရှင်းပေးထားပဲနှင့်ပင် သူ့အားခေါ်လိုက်ခြင်းဖြစ်၏။ သို့သော်လဲ.. ယွီရှောင်က ငုံ့ကြည့်လိုက်ကာ ဝန်ကြီးချုပ်၏ဖြူဖွေးစွတ်နေသောအသားအားထည့်ကြည့်အားသွေးခုန်နှုန်းစမ်းလေသည်။

ထိုအလှလေးက သူ့အားလိုအင်ဆန္ဒများဖြင့် နေရခက်လေစေသည်။

“ငါရဲ့သွေးကိုသုံးပြီး သူ့ကိုအားပြန်ဖြည့်ပေးရမယ်။ ”

ယွီရှောင်က သူ့လက်အားပြန်ရုတ်သိမ်းလိုက်ကာ သူ့အသံကလဲတည်ငြိမ်နေ၏။

” သွေးခုန်နှုန်းကအရမ်းနှေးနေပြီး သူ့ရောဂါကအကြာကြီးမကုသထားတဲ့ပုံပဲ။ ငါရဲ့သွေးကတောင်သူ့ကိုခနတာပဲသက်သာစေမယ် ပြီးတော့ဆေးစာမှာလဲ ဆေးတွေလိုနေသေးတယ်။ ”

မူမမှန်သည့်သွေးခုန်နှုန်းအကြောင်းပြောလိုက်သောအခါ ဧကရာဇ်နှင့်စစ်သူကြီး၏မျက်နှာများကနက်မှောင်သွား၏။ နိယန်ကျစ်ကသူ့နှာရိုးအားကိုင်ကာ မျက်လုံးမှိတ်လိုက်သည်။

” ဆက်ပြော ”

” တစ်ခြားပစ္စည်းတွေကရှာဖို့မခက်ပေမယ့်  အဓိကပစ္စည်းနှစ်ခုကတော့ ခက်မယ် ”

ယွီရှောင်က မျက်လွှာချလိုက်ကာ ကျောက်စိမ်းပန်းကန်လုံးအား ထုတ်လိုက်သည်။ ထို့နောက် သူ့လက်မောင်းအားချွန်ထက်သောအရာနှင့် ထိုးလိုက်ကာ စီးကျလာသောသွေးများအား ခံထားလိုက်သည်။

” တစ်ခုက အရမ်းရှားတဲ့ ပိုင်ဟွား လို့ခေါ်ပြီး နှင်းတောင်ထိပ်မှာပဲရှိတာ။ အဲ့တာက တော်တော်လှတဲ့ပန်းမျိုးဖြစ်ပြီး တောင်စောင်းနဲ့တောင်ထိပ်တွေမှာပဲရှာတွေ့တယ်။ အရေအတွက်ကလဲ နည်းပြီး မိန်းမပျိုလေးလိုလှပတယ်။ ”

ဖေးယန်က ဝန်ကြီးချုပ်အားထူပေးရန် ရှေ့သို့လှမ်းလာသည်။ သွေးဂျင်ဆင်းနှင့်လုပ်ထားသည့် စွပ်ပြုတ်မှာအသင့်ဖြစ်နေပြီး နိယန်ကျစ်ကပေးလိုက်ကာ သူတို့လုပ်နေသည့်အရာများက ပုံမှန်မဟုတ်နေတာကိုသိလေ၏။

ယွီရှောင်ကသူတို့နှစ်ဦးအားကြည့်နေကာ သူတို့နှစ်ယောက်လုံးအချစ်နွံထဲနစ်နေပြီမှန်း သဘောပေါက်သွားသည်။ သူ့ခေါင်းအားခါလိုက်ကာ သူ့လက်အားချည်နှောင်လိုက်ပြီး ဝန်ကြီးချုပ်၏နှုတ်ခမ်းနားသို့ ကျောက်စိမ်းပန်းကန်လုံးအား တေ့ပေးလိုက်သည်။

” နောက်ပါဝင်ပစ္စည်းတစ်ခုက Gengdi တိုင်းပြည်က အဖိုးတန်ရေသူမမျက်ရည်ပဲ ”

သွေး၏အနံ့က မေ့မျောနေသောထန်ထန့်အားမျက်မှောင်များကျုံ့လာစေသည်။ အသံသေးသေးလေးက ရီဝေဝေပင်ထွက်လာကာ သူ့ခေါင်းကိုအနဲငယ်စောင်းလိုက်၏။

နိယန်ကျစ်နှင့်ဖေးယန်က ကြောင်သွားသည်။ သူတို့က ဝန်ကြီးချုပ်၏ထိုကဲ့သို့သောအပြုအမူအားမမြင်ဖူးကြချေ။ အဲ့တာကစိတ်ဝင်စားဖို့ကောင်းနေကာ ဝန်ကြီးချုပ်က ကြောင်လေးတစ်ကောင်အား ဆေးခါးခါးကြီးအတိုက်ခံရသကဲ့သို့ပင် ဖြစ်နေကာ ချစ်ဖို့ကောင်းနေလေသည်။

ဒါပေမယ့် Gengdiရဲ့တိုင်းပြည်ဆို..အိုး ဝန်ကြီးချုပ်ကိုလက်ထပ်ချင်နေတဲ့ ခြောက်ယောက်မြောက်မင်းသားပဲ။ နိယန်ကျစ်က သူ၏အတွင်းအားများဖြင့်ဆေးကိုပူအောင်လုပ်ပေးကာ ထူးခြားသည့်ခံစားချက်ကြီးရနေလေ၏။ သူ့နိုင်ငံနှင့်အတူသူပါပျောက်သွားပါက ကောင်းနေမည်ဖြစ်သည်။

” ငါရဲ့လူတွေကို ပိုင်ဟွားရှာခိုင်းလိုက်မယ် ”
” အစ်ကို ရေသူမမျက်ရည်ကိုတော့ အစ်ကိုတာဝန်ယူလိုက်တော့ ”

သွေးရည်တစ်ပန်းကန်လုံးအား ထန်ထန့်ကိုအတင်းတိုက်ကာ သူ့နှုတ်ခမ်းက သွေးများစွန်းနေပြီး မျက်ခုံးကလဲ ကျုံ့ထားလေသည်။ နိယန်ကျစ်က ဆေးစွပ်ပြုတ်အားမှုတ်ပေးကာ တစ်စွန်းချင်းစီခပ်၍ ဝန်ကြီးချုပ်အားတိုက်၏။ ဝန်ကြီးချုပ်မြိုချတာကိုစောင့်၍ နောက်တစ်ဇွန်းချင်းစီတိုက်သည်။ စိတ်မကျေနပ်မှုအားဖော်ပြရန်သူက ယွီရှောင်အား သူလုပ်နေကျအတိုင်း အေးတိအေးစက်ကြည့်လိုက်သည်။

” ငါထင်ထားသလိုပဲ ငါ့သူငယ်ချင်းခေါင်းက တစ်ခုခုဖြစ်နေပြီပဲ ”

…..

လျှို့ဝှက်သော သရဲတစ္ဆေလေ့လာသူ ယွီရှောင်သည် သူ့၏အစွမ်းထက်ပြောင်မြောက်လှသောဆေးပညာနှင့် နူးညံ့သောစိတ်နေစိတ်ထားကြောင့် ကျော်ကြားသည်။ လူတစ်ချို့သာလျှင်သူ့သွေးနှင့် ခန္ဓာကိုယ်မှအရည်များက ထူးဆန်းလှသော ကုသနိုင်စွမ်းကိုပိုင်ဆိုင်ထားမှန်းသိ၏။ တစ်ချို့သတင်းများတွင် သူ့အသားက မသေနိုင်ခြင်းကိုရစေသည်ဟုပြောကြသော်လဲ အဲ့တာကသေချာပေါက်သတင်းအမှားပင်။ အဲ့သတင်းများကမရပ်သွားဘဲ အာဏာရှိလူများက တောင်ယွီရှောင့်အားဖမ်းဆီးရန်ကာ သွေးနှင့်အသားကိုယူရန်လွှတ်၏။

သို့သော်လဲထိုလူသတ်သမားများကသိုးငယ်သဖွယ်ဖြစ်သွားကြလေသည်။ သူတို့အားလုံးပြန်မလာကျတော့ပဲ ခိုင်းစေသူကဘယ်သူမှန်း ယွီရှောင်သိသည်နှင့် ထိုသူကနောက်ရက်တွင် အဆိပ်ခပ်ခံလိုက်ရပြီး သူ့မိသားစုနှင့်အတူ အနိစ္စရောက်သွားလေသည်။ နိုင်ငံများ၏ဧကရာဇ်များကတောင် သူတို့၏အိပ်ယာပေါ်တွင် တိတ်ဆိတ်စွာအသက်ပျောက်သွားကြ၏။

အဲ့အချိန်ကစလို့ သူ့အားဘယ်သူမှပြဿနာမရှာရဲတော့ပေ။

ထိုသတင်းများကသတင်းမှားများပင်ဖြစ်သော်ငြားလဲ သူ့သွေးကတော့ တစ်ကယ့်အစွမ်းထက်လေသည်။ ပန်းကန်လုံးတစ်လုံးစာသွေးများနှင့် ယွီရှောင်က ထန်ထန့်အခြေအနေအား သွေးဂျင်းဆင်းသုံးကာ တည်ငြိမ်အောင်လုပ်လိုက်၏။ ထန်ထန်က နှစ်ရက်တိတိမနိုးတနိုးဖြစ်နေပြီးနောက် နိုးထလာလေသည်။

သူမျက်လုံးဖွင့်သည်နှင့် ဧကရာဇ်နှင့် စစ်သူကြီးတို့၏အနီရောင်မျက်ဝန်းများနှင့်စုံလေ၏ယ

” … ”

ဝန်ကြီးချုပ်ကမျက်လုံးအားပြန်မှိတ်ကာ အိမ်မက်ကိုပြောင်းမက်ရန်အသင့်ဖြစ်နေသည်။

ထိုအပြုအမူက ဧကရာဇ်နှင့် စစ်သူကြီးအား မကြည်မသာဖြစ်သွားစေ၏။ ဝန်ကြီးချုပ်က သူတို့ကိုကြည့်တောင်ကြည့်ချင်မနေပေ။ ထို့ကြောင့်ပင် နိယန်ကျစ်ကဒေါသထွက်သွား၏။

” ဝန်ကြီးချုပ်ကနိုးပြီးဆိုတော့လဲ ကိုယ့်ဘာကိုယ်ပဲဆေးထသောက်တော့။ ကိုယ်ကတိုက်ပေးစရာလိုသေးတာလား။ ”

နေမကောင်းသော ဝန်ကြီးချုပ်ကအိပ်ယာထဲတွင်လှဲလျောင်းနေကာ သူ့မျက်လုံးများက တအံ့တသြပွင့်လာလေသည်။

ဒီတော့လဲ သူက အိမ်မက်မက်နေတာမဟုတ်ပေ။ ချောမောနေသောလူနှစ်ဦးအား မျက်စောင်းမထိုးခင်သူ့အကြည့်များက နွမ်းပါးနေ၏။ ထိုသို့အကြည့်ခံရသောလူနှစ်ယောက်ကလဲ ဧကရာဇ်နိယန်ကျစ်နှင့် စစ်သူကြီးဖေးယန်ပင်ဖြစ်လေသည်။

နိယန်ကျစ်နှင့်ဖေးယန်က အိမ်ရာဘေးတွင် နှစ်ရက်တိတိစောင့်ပေးနေခြင်းဖြစ်သည်။ မေ့မြောနေခဲ့သောဝန်ကြီးချုပ်က မကျေမနပ်ဖြစ်နေကာ ရေတောင်းပြီးနောက် လက်ဖက်ရည်အားတောင်းလေသည်။ သူတို့က သူ့အားအကောင်းဆုံး ဂျင်ဆင်းလက်ဖက်ရည်အားတိုက်သည်တောင် အဲ့အရာကအနံ့မကောင်းဘူးဟု သူကဆိုသည်။ အခုတွင်တော့ သူက မသက်သာစွာမြည်တွန်တောက်တီးနေပြီး သုတ်ပေးရန်တောင်းဆို၏။

ထိုလူနှစ်ယောက်က ဘယ်သူ့ကိုမှအလုပ်များမခိုင်းပေ။ ထိုပြဿနာကောင်လေးမေ့မြောနေသည့် နှစ်ရက်လုံးသူတို့ကိုယ်တိုင် ဂရုစိုက်ပေးလေသည်။ သို့သော်ထိုကောင်လေး သတိပြန်လည်လာသည်နှင့် နိယန်ကျစ်အား သူ့လုပ်ရပ်အတွက်စိတ်ဆိုးသွား၏။

သူစိတ်ဆိုးသည်နှင့် နိကျစ်ယန်က နောင်တများရလာသည်။ သူ့ရင်ဘတ်ကပုံမှန်ထက်ပင်လေးလံနေ၏။

” ဒီနှစ်မှာ အပူချိန်ကကျသွားပြီး မြောက်ဘက်မှာ ရောဂါတွေဖြစ်နေတယ်။ အလုပ်ကြမ်းဝန်ကြီးဌာနကလဲ အပူပေးအိပ်ယာများလုပ်ရန်ကြိုးစားနေတယ်။ ဘဏ်တိုက်ကိုဖွင့်ပြီး ဝန်ကြီးချုပ်များကို ရောဂါများအတွက် လိုက်ထောက်ပံ့ခိုင်းထားတယ်။ အခုတော့အခြေနေများကထိုးတက်နေပြီး ထိခိုက်မှုများနည်းပါးလာပြီ။ ”

” Wei  မျိုးဆက်ကဝန်ကြီးများကို ကွပ်မျက်ထားတယ်။ နေရပ်ကိုပြန်ခွင့်မရတဲ့လူတွေကဝန်ကြီးအဖြစ်ထမ်းဆောင်နေတယ်။ ပြီးတော့ မင်းက.. ”

နိဧကရာဇ်၏မျက်လုံးများက ယုတ်မာသည့် အကြည့်များဖြင့်မှေးကျဥ်းသွား၏။

” မင်းကတော့နေပြန်ကောင်းတာနဲ့ မင်းအလုပ်နေရာကိုပြန်သွားရမယ်။ ပြီးတော့သေဖို့အကြောင်းမရှာနဲ့တော့။ ”

” ငါမနက်ဖြန်ဆေးကိုသွားရှာတော့မှာ ”

ဖေးယန်က ဝန်ကြီးချုပ်၏သွယ်လျနေသောလက်ကလေးအားကိုင်ကာ သူ့ပါးနှင့်ဖိကပ်လိုက်၏။ ထို့နောက် အပူပင်ကင်းလွတ်စွာပင်ပြုံးလိုက်သည်။

” ဝန်ကြီးချုပ်ကရော ကိုယ့်ကိုလွမ်းနေမှာလား ”

စစ်သူကြီး၏လက်နွေးနွေးများက သက်တောင့်သက်သာဖြစ်စေနေသည်။ အိပ်ယာပေါ်တွင်ရီဝေဝေလှဲနေရသော်လဲ ဝန်ကြီးချုပ်က ဘယ်အချိန်နှင့်ဘယ်လိုသေကြောင်းကြံစည်ခဲ့မှန်းနားမလည်နိုင်ပေ။

ဧကရာဇ်နဲ့စစ်သူကြီးက တစ်ခုခုနဲ့ပြုစားခံနေရတာများလား။

(Arc3) Chapter 5 done

Gangs*xလုပ်ရန် ဇာတ်လိုက်ကုန်းများကို ခိုးယူခြင်း

Gangs*xလုပ်ရန် ဇာတ်လိုက်ကုန်းများကို ခိုးယူခြင်း

Status: Ongoing Type: Author:
Description ရုပ်ရှင်သရုပ်ဆောင်ဆုကို ရရှိသွားသူ ထန်ထန်သည် အဓိကဇာတ်လိုက်Shouအား ဗဟိုပြုကာ လည်ပတ်လို့နေသည့် စာအုပ်ထဲမှ အမြောင်စာဇာတ်ကောင်လေးတစ်ခုမျှသာ ဖြစ်သည်။ ထိုစာအုပ်ထဲရှိ သူ့၏ အဆုံးသတ်မှာ အများက ဝိုင်းချစ်မြတ်နိုးကြသော အဓိကဇာတ်လိုက်Shouထံမှ နင်းချေခံရကာ ပျက်စီးသွားဖို့သာ ဖြစ်လေသည်။ သို့သော်ငြား နောက်ပိုင်းတွင် ဇာတ်ကြောင်းကြီးတစ်ခုလုံး ပြိုကျသွားသည့်အခါ....... ဝိညာဉ်ကူးပြောင်းသွားပြီးနောက် သရုပ်ဆောင်ဆုရှင် ထန်ထန်သည် အပြင်ပိုင်းတွင် မလိုချင်သလို သရုပ်ဆောင်နေပါသော်ငြား စိတ်ထဲတွင်တော့ နောက်တစ်ချီ စဖို့ရန်ပင် အော်ဟစ်တောင်းဆို နေခြင်းဖြင့် ပျော်ရွှင်သော ဘ၀၌ စတင်ကာ နေထိုင်တော့သည်။ List of arcs [ အထက်တန်းကျောင်း ] အပြစ်ကင်းသော ကျောင်းသားလေး : 1vs3 [ ရှုးဂါး ဒယ်ဒီ ] အဓိကဇာတ်ကောင်Shou၏ ရှက်တတ်ကာ မသန်စွမ်းဖြစ်နေသော ညီငယ်လေး : 1vs2 ( မင်းက ငါ့ကို မသန်စွမ်းအောင် လုပ်ရင်၊ ငါကလည်း မင်းရဲ့ gongတွေအားလုံးကို မြူဆွယ်ပစ်မယ် ) [ ရှေးခေတ်တရုတ် ] ‌မင်းပြည်ထောင်ကျဆုံးပြီးနောက် ချူချာလှပါသော အမတ်မင်းလေး : 1vs3 ( အကျဉ်းသားဘ၀ ) [ ကမ္ဘာပျက်ကပ် ] Big bossကြီး၏ အထူးသီးသန့် ကုသသူလေး : 1vs3 ( သနားစရာကောင်ငယ်လေးဟာ လူကောင်းတွေနဲ့ နောက်ဆုံးသော တွေ့ရပြီဟု ထင်ခဲ့မိသော်ငြား Big bossကြီးထံမှ နေ့တိုင်း မြေဩဇာ ကျွေးခံနေရသောအခါ ) [ အိုမီဂါဗာ့စ် ] လေးစားရပါသော ဗိုလ်ချုပ်ကြီး : 1vs3 [ အနုပညာ အသိုင်းအဝိုင်း ] ကျော်ကြားသူများ၏ နူးညံ့သိမ်မွေ့သော မန်နေဂျာလေး : 1vs3 ( ချမ်းသာတဲ့ အသိုင်းအဝိုင်းက လာတဲ့ ကောင်လေးတွေ အဖွဲ့ကို ဦးဆောင်ရတာ လွယ်မနေဘူး ) [ ရိုကိုင်းဘ၀ ] တုန်ယင်နေသော ယုန်ကလေး ရိုကိုင်း : 1vs3 ( ကြီး....ကြီးမြတ်လှသော ဝံပုလွေကြီး၊ ကျွန်တော့်ကို မစားပစ်လို့ ရမလားဟင် ) [ မာဖီးယား ] အသောက်အစား ရှောင်ကြဉ်သူ ဆရာ၀န်လေး : 1vs3 ( ငါ နတ်ဆိုးတစ်ကောင်ကို ကယ်ခဲ့မိပြီ ) [ အလုပ်ခွင် ] ဥက္ကဠ၏ လက်ထောက်ခေါင်းဆောင်လေး : 1vs3 ( ကျွမ်းကျင်သော လက်ထောက်လေး။ တစ်ခုခု လုပ်စရာရှိရင် လက်ထောက်ကို လုပ်ခိုင်းလိုက်။ ဘာမှမရှိရင်တော့ လက်ထောက်ကို လုပ်လိုက် ) [ အထက်တန်းကျောင်း ] လှပနုပျိုသော ကျောင်းဆရာလေး : 1vs3 ( ဒီမှာ ကျောင်းသား၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ) [ အထက်တန်းစား မိသားစု ] အော်တစ်ဇင် ရောဂါရှိသော မွေးစားသားလေး : 1vs3 ( ငါက ဒယ်ဒီရဲ့ အဖိုးတန်လေးလေ ) [ သမ္မတနိုင်ငံခေတ် ] မထင်မရှားနှင့် သူရဲဘောကြောင်တတ်သော လူကြီးလူကောင်းလေး : 1vs3 ( စစ်ပွဲအရှင်အား ညစာစားပွဲတွင် တွေ့ဆုံမိခြင်း ) [ မြို့ပြနေ ဘ၀ ] တတ်ကြွကာ ယောကျာ်းဆန်သော လူကြီးမင်း : 1vs2 ( နိုင်ထက်စီးနင်းလုပ်တတ်သော မိသားစုမှ တူဆိုးလေး ) [ အနုပညာ အသိုင်းအဝိုင်း ] အသိုင်းဝိုင်းထဲသို့ စတင်၀င်ရောက်လာသည့် ရေသူ မျက်နှာသစ်လေး : 1vs3 ( ဆုရသရုပ်ဆောင်၊ ဒါရိုက်တာနှင့် စီးအီးအို၊ ကလေး‌မွေးဖွားခြင်း ပါ၀င်သော်ငြား inters*x မဟုတ်ပါ ) [ မလုပ်အပ်သော ကိစ္စများ ] အဓိက ဇာတ်လိုက်shou၏ မျက်မမြင် ခင်ပွန်းသည်လေး : 1vs1 ( မင်းဒယ်ဒီက မင်းနဲ့ ကြိုက်နေတယ်လို့ ငါကြားမိတယ်။ ပြောရမှာတော့ အားနာပါရဲ့၊ မင်းဒယ်ဒီက ငါ့ကို စောက်ရမ်းကို အရူးအမူး ချစ်နေတာလေ ) [ Live လွှင့်ခြင်း ] နူးညံ့သော ခရူတီလေး : 1vs2 ( မင်း အိပ်ပျော်သွားအောင် ချော့သိပ်ဖို့ ငါ့ကို လိုလားဟင်? ) [ လူဆိုးဂိုဏ်း ခေါင်းဆောင် ] ရက်စက်ယုတ်မာသော လူဆိုးခေါင်းဆောင်လေး : 1vs3 ( အို့၊ ချစ်ရပါသော ဘုန်းတော်ကြီးက ကျွန်တော်မျိုးကို လမ်းညွှန်ပြုပြင်ပေးဖို့ လာခဲ့တာပါလား? ) [ ရှေးခေတ် အထက်တန်းလွှာ မိသားစု ] အလို‌လိုက်ခံ‌ရသော သခင်ငယ်လေး : 1vs2 ( မြင့်မြတ် သန့်စင်တဲ့ သခင်လေးက သူ့ရဲ့ နတ်ဆိူ အစေခံတွေဆီကနေ ဝိုင်းပြီး အနမ်းခံ၊ အဖက်ခံလိုက်ရတယ် ) [ တက္ကသိုလ် နယ်မြေ ] ဘတ်စ်ကတ်ဘောအဖွဲ့ခေါင်းဆောင် အဖြောင့်ကောင်လေး : 1vs3 ( လီးပဲ! ငါနဲ့ တူတူကြီးလာတဲ့ ငါ့ ငယ်သူငယ်ချင်းကြီးက ငါနဲ့ ပတ်သတ်ပြီး ထူးထူးဆန်းဆန်း ရည်ရွယ်ချက်တွေ ရှိနေတာများလား? ) [ စိတ်ဝိဉာဉ် ] သရဲတွေကို အယုံအကြည်မရှိ၊ ဒေါသထွက်လွယ်သော စီးအီးအိုလေး : 1vs3 ( သရဲ? ဘယ်လိုတောင် အဓိပ္ပာယ် မရှိတာလဲ? သရဲဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိဘူးကွ! ) [ အနောက်တိုင်း ] ဗန်ပိုင်းယား မင်းသားလေး : 1vs3 ( ဟင်း။ မင်းအနံ့က အရမ်းကောင်းတာပဲ။ ငါ တစ်ကိုက်လောက် ကိုက်လို့ ရမလားဟင်? သေးသေးလေးပါပဲ ) [ နန်းတွင်း တရားခုန်ရုံး ] သိမ်မွေ့သော အမတ်မင်းလေး : 1vs1 ( အရှင်မင်းမြတ် ခင်ဗျား၊ ကျွန်တော်မျိုး ဒီကို ရောက်နေရခြင်းမှာ ခြောက်သွယ်သော အနုပညာအကြောင်းအား သင်ကြားရန်သာ ဖြစ်ပါတယ်။ အဘယ်ကြောင့်များ အရှင်မင်းမြတ်ကို.....လိင်ကိစ္စရေးရာအကြောင်းကို သင်ပေးရဲပါမလဲ? ) [ အကျဉ်းထောင် ] အေးတိအေးစက်ဖြင့် ကျက်သရေရှိလှသော အကျဉ်းထောင်မှူးလေး : 1vs3 ( သိမ်းငှက်တစ်စုနှင့် ‌ကြောင်မည်း‌‌လေးတို့ကြားရှိ အချစ်၀တ္ထုလေး တစ်ပုဒ် ) [ ကျင့်ကြံရေး ] အမူအယာမဲ့သော ဆရာသခင် : 1vs3 ( ထွက်သွားချင်တယ်တဲ့လား၊ ဘယ်လိုတောင် ရဲတင်းနေတာလဲ? )   ===== Arc 24ခု ရှိပြီး အပိုင်းပေါင်း 427 ပိုင်းရှိပါတယ်။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset