⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 3

Arc 1 – Chapter – 3

နောက်နေ့နံနက်ခင်းတွင် ဖေးလု အတန်းမရှိပေ။ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီး မနက်စာစားရန် စားသောက်ဆိုင်သို့သွားသည်။ ထို့နောက် လီအိမ်ကိုသွားရန် ဘတ်စ်ကားပေါ်တက်လိုက်သည်။

လီအိမ်သည် Yမြို့နှင့်သိပ်မဝေးချေ။ ထို့ကြောင့် တစ်နာရီခွဲခန့်မောင်းပြီးနောက် တိုက်ရိုက်ရောက်သွားသည်။

မနက်စာအလွန်အကျွံစားပြီးနောက် ဖေးလုသည် အနည်းငယ်မိန်းမောနေပြီး သူ့ခြေလှမ်းများက  ယိမ်းယိုင်နေသည်။ 666 ကလည်း သူ့စိတ်ထဲမှာ မကျေမနပ် ရေရွတ်နေ၏။ မနေ့က မနက်အစောကြီး ဇာတ်လမ်းတွဲတွေ ကြည့်ခဲ့ပြီး မျက်လုံးတွေကို ခဏလေးမှိတ်တာ နှစ်နာရီလောက်ပဲ ရှိသေးတယ်၊ Pei Lu က လာနှိုးတော့ စိတ်တိုနေပြီလေ။

ဖေးလုသည် 666သည် ဥာဏ်ရည်မြင့်သော Al ဖြစ်ပြီး ဘာလို့ ဇာတ်လမ်းတွဲတွေ ကြည့်တာလဲဆိုတာကို နားမလည်နိုင်ဖြစ်နေသည်။ “မင်းတို့ AI တွေ အကုန်လုံး ဒီလိုပဲလား။ နေ့ညမရွေး ဇာတ်လမ်းတွဲတွေ ကြည့်နေတာ မင်းရဲ့ chipပြား မီးထလောင်မှာ မကြောက်ဘူးလား” လို့ မေးလိုက်သည်။

666 သည် သူ၏ရင်ဘတ်ကို မာနတခွဲသားနဲ့ ကော့ပြီး ပြန်ဖြေလာ၏။”ကျွန်တော့် chip က နောက်ဆုံးပေါ် ZZ250 chip အမျိုးအစားပါ။ မှတ်ဉာဏ်ပမာဏများပြီး တွက်ချက်မှု မြန်ဆန်ပါတယ်။ ဒီလို ဇာတ်လမ်းတွဲလေး ကြည့်တာလောက်ကတော့ အသေးအမွှားလေးပါ”

“အိုး!” ဖေးလုက အေးစက်စွာပြောလိုက်သည် “မှတ်ဉာဏ်ပမာဏများပြီး တွက်ချက်မှု မြန်ဆန်တဲ့ နောက်ဆုံးပေါ် chip ကို မင်းက ဇာတ်လမ်းတွဲကြည့်ဖို့ သုံးနေတာ မင်းရဲ့ အထက်လူကြီးတွေ သိရဲ့လား”

“… ” 666 သည် နှစ်စက္ကန့်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးမှ ခိုးကြောင်ခိုးဝှက်ရယ်ရင်း လှစ်ခနဲ ရှောင်ထွက်သွားဖို့ ကြိုးစား

သည်။ [ငါတို့ရဲ့ အဓိကသခင်ကြီးက အားလုံးကိုသိတယ်၊ သူကိုယ်တိုင်တောင် မြင်နေတာပဲ]

“တကယ်လား ဒါဆို နောက်တစ်ကြိမ်သွားတွေ့ရင် သူနဲ့ စကားစမြည်ပြောဦးမှပဲ!”

“… ” 666သည် ခြိမ်းခြောက်ခံရပြီး ချက်ချင်းကို စိတ်ခံစားမှုတွေ ပြောင်းလဲသွားသည်။ [ဘာပဲဖြစ်ဖြစ် ငါမင်းကို စကားမပြောချင်ဘူး!] ပြောပြီးသည်နှင့် သူ့ကိုယ်သူအလုပ်ရှုပ်နေတဲ့ အခြေအနေအဖြစ် ပြောင်းလဲပြီး ဇာတ်လမ်းတွဲကိုဆက်ကြည့်သည်။

တကယ့်ကို ရူးသွပ်လွန်းသည်။

ဖေးလုသည် ရွေးချယ်စရာမရှိဘဲ လီအိမ်သို့ တစ်ယောက်တည်းသွားကာ ဘဲလ်တီးလိုက်သည်။

“မစ္စတာရှောင်မုန့် ဘာလို့အစောကြီးလာတာလဲ မနက်စာ‌ရောစားပြီးပြီလား?” အိမ်‌တော်ထိန်းဖြစ်သူဦးလေးဝမ်က တံခါးလာဖွင့်‌ပေးသည်။ ဦးလေးဝမ်က ဖေးလုကိုမှတ်မိနေပြီးသားမို့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကာ လီကျွင်းကို ရှာဖို့အတွက် ဖေးလူကို ခေါ်သွားလေရဲ့။

“လမ်းမှာ ကျွန်တော်စားခဲ့ပါတယ်” ဖေးလုကပြုံးပြီး ပြောလိုက်သည်။ “ဦးလေး လုပ်စရာရှိရင်သွားလုပ်လို့ရပါတယ်၊ ကျွန်တော်တစ်ယောက်တည်း သွားလိုက်ပါမယ်”

ယခုအချိန်တွင် လီကျွင်းသည် ဂိမ်းဆော့သည့်အခန်းထဲတွင် ဒိုမီနိုဂိမ်း‌ ဆော့နေလိမ့်မည်။

လီကျွင်း၏လှုပ်ရှားမှုတွေက ပုံမှန်ပါပဲ။ ဖေးလုသည် ဒုတိယထပ်ရှိ ဂိမ်းအခန်းသို့သွားကာ တံခါးကိုဖွင့်လိုက်တဲ့အခါ လီကျွင်းဟာ ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပြီး အာရုံစိုက်၍ ဒိုမီနိုလေးတွေကို နေရာချ‌နေသည်ကို သူမြင်လိုက်ရသည်။

ဒိုမီနိုများသည် အခန်းတစ်ခန်းလုံးတွင်ပြည့်နေပြီး အခန်း၏အလယ်ဗဟိုမှ စတင်ကာ တစ်လျှောက်လုံး တန်းစီထားသည်။ အဖြူရောင်ဒိုမီနိုများသည် အခန်းတစ်ခန်းလုံးကို လှည့်ပတ်လျက် တန်းစီထားပြီး ယခု လီကျွင်းသည် နောက်ဆုံး ဒိုမီနိုအနည်းငယ်ကို ကိုင်ထားသည်။

​သူက နောက်ဆုံးတစ်ပိုင်းကို သေသေချာချာ ထည့်ပြီး မတ်တပ်ရပ်လိုက်တော့ သူ့ရဲ့တင်းမာနေတဲ့ မျက်နှာအမူအရာက အနည်းငယ်ပြေလျော့သွားတယ်။

ဖေးလုသည် စူးစမ်းစွာကြည့်ပြီး မေးမိသည် “ပြီးပြီလား …ဆို‌တော့ နောက်ထပ်ဘာလုပ်မှာလဲ?”

“ရှူး…” လီကျွမ်းသည် သူ့နှုတ်ခမ်းပေါ်သို့ လက်ချောင်းတစ်ချောင်းတင်ကာ မပြောရန်သတိပေးသည်။ ဖေးလုသည် နာခံစွာဖြင့် မိမိပါးစပ်ကိုပိတ်လိုက်သည်။

လီကျွင်းသည် စိတ်‌အ‌ခြေအနေကောင်းနေသကဲ့သို့ပင်။ သူကမပြုံးပေမယ့် သူ့မျက်လုံးတွေကပျော်ရွှင်နေသည်။ သူသည် ဖေးလုကို ရှေ့သို့ဆွဲပြီး ကြမ်းပြင်ပေါ်ရှိ ဒိုမီနိုများကို ပြသသည်။

ဖေးလုသည် ပဟေဋိဖြစ်စွာ “ဘာလုပ်ရမှာလဲ? မင်းက ငါ့ကို ဒါကို တွန်းစေချင်တာလား?” ဟု မေးသည်။

လီကျွင်းသည် နှုတ်ခမ်းကိုပိတ်ပြီး ခေါင်းညိတ်သည်။

ဖေးလုသည် ဂရုတစိုက်ထိုင်လိုက်ပြီး၊ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။သို့သော် သူသည် တွန်းချရန်တုန့်ဆိုင်းနေသည်။ သူ၏ခွန်အားက တစ်နေကုန်အားစိုက်၍စီစဉ်ထားသည်ကို ဖျက်ဆီးမိမည်ကို ကြောက်မိသည်။

လီကျွင်းသည် ဖေးလု၏နောက်မှငုံ့ချကာ ရုတ်တရက် သူ့လက်ကို ယူပြီး ပထမဆုံးဒိုမီနိုတစ်လုံးကို တွန်းလိုက်ပြီး အားလုံးကိုပြုတ်ကျစေသည်။

အဖြူရောင်ဒိုမီနိုတစ်ခု ပြိုကျသွားသည်။ နောက်တစ်ခုလည်း ပြိုကျသည်။ ထိုသို့ တစ်ခုပြီးတစ်ခု ပြိုကျသွားသည်။ လိပ်ပြာတစ်ကောင်က လေမုန်တိုင်းကိုဖြစ်စေသကဲ့သို့ အဖြူရောင်လှိုင်းတွေလို မြန်မြန်နှုန်းနှင့် လှည့်ပတ်လာသည်။ ဖေးလုသည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ရှုနေသည်။ ဒိုမီနိုများ ပြိုကျသည့်အမြန်နှုန်းသည် တဖြည်းဖြည်းမြန်လာသည်။ နောက်ဆုံးဒိုမီနိုပြိုကျသွားသောအခါ အဖြူရောင်လှိုင်းများ ရပ်တန့်သွားသည်။

ဖေးလုသည် သူ့စိတ်ထဲတွင် “ကြည့်ဦး၊ ဒီလူ အရမ်းစိတ်ရှည်လွန်းတာပဲ” ဟု 666 ကို ပြောလိုက်သည်။ မိနစ်အနည်းငယ်ပျော်ရွှင်ရန် အချိန်အကြာကြီး စောင့်သည့် သည်းခံမှုက အလွန်အရေးကြီးသည်။

666 သည် ဒရာမာကိုစွဲလန်းနေ၍ ဖေးလုကို ဦးစားမပေးနိုင်တော့ချေ။

ဖေးလုသည် ဒိုမီနိုတစ်ခုကိုယူပြီး ထိုင်လိုက်သည်။ “မင်း ဒီလောက်ကြာအောင် ဆောက်ထားတာ အခုတော့ အကုန်ပြိုကျသွားပြီ” ဟု ဖေးလုကပြောသည်။

“ကြိုက်လား?” လီကျွင်း၏ ဦးနှောက်ပတ်လမ်းသည် အခြေခံအားဖြင့် သူနှင့်မတူညီဘဲ သူ့လေသံမှာ အနည်းငယ်ဘဝင်ခိုက်နေပြီး “နောက်တစ်ကြိမ် မင်းနဲ့ ကစားမယ်”

“…” ဖေးလု၏စိတ်တွေက ရှုပ်ထွေးနေကာ ပြောလိုက်သည်” မင်း ငါ့ကိုတမင်တကာတွန်းခိုင်းတာလား? ”

သူ့အမူအရာက အလွန်တုန်လှုပ်သွားတာမျိုး ဖြစ်နိုင်သည်။ တိတ်တဆိတ် ပျော်ရွှင်နေဆဲဖြစ်သော လီကျွင်းသည် နောက်ဆုံးတွင် သူ၏အမူအရာကို သတိပြုမိသွားသည်။ သူ့ခေါင်းကို‌မော့ရင်း အနည်းငယ် စိတ်ရှုပ်သွားကာ မေးလိုက်သည် “မင်း မပျော်ဘူးလား?”

“ဒါက ပျော်စရာဟုတ်လား မဟုတ်လား ဆိုတဲ့ မေးခွန်းမဟုတ်ဘူး” ဖေးလုက သူနှင့် ကျိုးကြောင်းဆင်ခြင်ရန် ကြိုးစားသည်။ “ဒါက အချိန်နဲ့ အားအင်တွေကို ဖြုန်းတီးနေတာ၊ ငါ့အတွက် မလုပ်ပါနဲ့”

“အိုး!” လီကျွင်းက သူ့မျက်လုံးတွေကိုငုံ့လိုက်တော့ သူ၏ထူထဲသောမျက်တောင်များက သူ့မျက်လုံးတွေဖုံးကွယ်ထားသည်။

ဖေးလု : “…..”

666က ဒီအချိန်ကျမှ ထွက်လာပြီး [မိုက်မဲတဲ့ကောင်၊ ဒါက တစ်ယောက်ယောက်ဆီက လက်ဆောင်ဆိုတာ မင်းမသိဘူးလား”

]

“…တကယ်လား?” ဖေးလုက ခြောက်ကပ်စွာပြုံးလိုက်ပြီး “ဒါဆို သူ့လက်ဆောင်က အရမ်းထူးခြားတာပဲ”

“……” 666 က မခို့တရို့ ရှုံ့တွလိုက်ပြီး သူ့ကို ထပ်ပြီး လစ်လျူရှုလိုက်ပြန်သည်။

လီကျွင်းသည် အနည်းငယ် စိတ်ဓာတ်ကျနေသည့်ပုံပေါ်ပြီး ငြိမ်ငြိမ်လေးရပ်နေတော့ ဖေးလုက သူ့လက်မောင်းကိုဆွဲကာ “ကျေးဇူးပါ” ဟု တိုးတိုးလေးပြောလိုက်သည်။

လီကျွင်းမျက်လုံးတွေက အရောင်တောက်သွားပြီး သူ့ကိုမော့ကြည့်လိုက်သည်။ စိတ်ပျက်အားငယ်စွာနဲ့ တွဲကျနေတဲ့ သူ့ရဲ့အမြီးကလည်း တိတ်တိတ်လေး နည်းနည်းလေး မြင့်တက်လာသည်!

‘သူက တကယ့်ကို ကလေးလေးပဲ’။

ဖေးလု တိတ်တဆိတ် နှုတ်ခမ်းကိုစူလိုက်ပေမဲ့ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ”ဒါတွေကို အရင်ဖယ်ထားလိုက်၊ နောက်တစ်ခါကျရင် ငါနဲ့အတူတူ ပြန်စီမယ်”

လီကျွင်းသည် နူးညံ့စွာ “အွမ်း” ဟု ပြောပြီး သူနှင့်အတူ ပြန့်ကျဲနေသော ဒိုမီနိုများကို သိမ်းဆည်းသည်။

သူတို့သိမ်းဆည်းပြီးတဲ့နောက် နေ့လယ်စာစားဖို့ အချိန်ရောက်လာတော့ ဦးလေးဝမ်က အပေါ်ထပ်သို့တက်ပြီး ထမင်းစားရန်လာ‌ခေါ်သည်။

ဖေးလုသည် အလွန်ပင်ပန်းနေပြီး ခန္ဓာကိုယ်က တော်တော်ဆိုးဝါး‌နေသည်။ အခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် သူ နွားတစ်ကောင်လို မောနေခဲ့တာ။ မနက်တုန်းကတောင် ဗိုက်ပြည့်အောင် စားပြီးမှ ဒီကိုလာခဲ့တာဖြစ်ပေမဲ့ အခုတော့ တစ်နာရီကျော်ကျော်ပဲ ရှိသေးတာတောင် သူ့ရဲ့ဗိုက်က ပြန်ပြီးအသံထွက်လာပြန်ပြီ။

တကယ်ကို မယုံနိုင်စရာ။

ဖေးလုသည် ခွေးသေတစ်ကောင်ကဲ့သို့ သူ့ခြေထောက်များကိုဆွဲပြီး အောက်ထပ်သို့ဆင်းလာသည်။ လီကျွင်းကတော့ သူ့လိုမဟုတ်ဘဲ မျက်နှာလည်းမနီ၊ မောလည်းမမော၊ ချွေးတစ်စက်တောင် မကျခဲ့ဘူး။ ဒါဟာ လူတွေကြားက ကွာခြားချက်ပဲ! ဖေးလုက သူ့ရဲ့ရင်ထဲမှာ လက်သီးကိုဆုပ်လိုက်ပြီး သူ့ရဲ့လေ့ကျင့်ခန်းကို တကယ်ကို အားဖြည့်ပေးရမယ်လို့ တွေးလိုက်သည်။ ကြက်သေပြီးမှ ဘာမှမဖြစ်ဘဲ ဖြစ်နေတာမျိုးက တကယ်ကို မထိုက်တန်ဘူး။ (t/N ကြက်သေပြီးရင်တော့ ကြက်သားဟင်း ဘာညာဖြစ်ရမယ်လို့ပြောတာထင်ပါတယ်)

ဖေးလု၏အကြိုက်ကို မသိသောကြောင့် ဦးလေးဝမ်သည် ပေါ့ပေါ့ပါးပါးနှင့် အစပ်နှစ်မျိုးစလုံး ဟင်းအမယ်အများအပြားကို ချက်ဖို့ ပြောခဲ့သည်။

ဖေးလုသည် ဆာလောင်မှုကိုသည်းခံပြီး စားပွဲ၌ ဣန္ဒြေရရ ထိုင်နေ၏။ လီချင်းရီသည်လည်း အိမ်မှာနေပြီး သူတို့နှင့်အတူ နေ့လည်စာစားမည်ဖြစ်သည်။

လီကျွင်းသည် စားပွဲဝိုင်းတွင် တိတ်တဆိတ်မတ်တပ်ရပ်ကာ ရှုပ်ထွေးမှုနှင့် မျက်မှောင်ကြုတ်လိုက်သည်။

ဖေးလုသည် ဗိုက်ဆာလွန်းသဖြင့် ပန်းကန်များပြည့်နေသော စားပွဲကိုသာ ဂရုစိုက်ပြီး သူ့သူငယ်ချင်းလေး၏ စိတ်အခြေအနေကို လုံးဝသတိမထားမိပေ။

ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် လီကျွင်းသည် ဖေးလု၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူသည် မရင်းနှီးသော အနေအထားတွင် ထိုင်ရသည်ကို အနည်းငယ် ကျင့်သားရမနေဘဲ သူ့မျက်ခုံးများက မျက်မှောင်ကြုတ်နေခဲ့သည်။

“သခင်လေး!” ဦးလေးဝမ်က သူ့ပုံမှန်‌နေရာတွင် မထိုင်သည်ကို တွေ့လိုက်ရသောအခါ အံ့သြသွားသည်။ သူမမေးခင် လီချင်းရီ ရောက်ရှိလာသည်။

“မစ္စတာရှောင်မုန့် အသားကျသွားပြီလား?” လီချင်းရီက ဦးလေးဝမ်ကိုပြုံးပြပြီး ဖေးလုနှင့်ပုံမှန်အတိုင်း စကားပြောနေပေမယ့် သူ့သားထိုင်နေသည့်အနေအထားမှာ မှားယွင်း‌နေသည်ကို သူသတိထားမိပုံမပေါ်ပေ။

ဦးလေးဝမ်က ဗလာဖြစ်နေတဲ့ခုံကို ကြည့်ပြီး ခဏလောက်ရုန်းကန်လိုက်ရပြီးမှ နောက်ဆုံးတော့ သက်ပြင်းချပြီး ဆုတ်ခွာသွားခဲ့သည်။

​လီကျွင်းဟာ အရမ်းခေါင်းမာတဲ့လူတစ်ယောက်ပါ။ သူက စားတဲ့အခါတိုင်း နေရာတစ်ခုတည်းမှာပဲ ထိုင်လေ့ရှိပြီး ပန်းကန်ခွက်ယောက်တွေကိုလည်း အတူတူပဲ အသုံးပြုလေ့ရှိပါ၏။ နှစ်ပေါင်းများစွာကြာလာတဲ့အထိ အဲဒါက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး။ အခုတော့ ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ကောင်းလား၊ ဆိုးလားဆိုတာ သူမသိတော့ဘူး။

​ဖေးလုက လီကျွင်းရဲ့အကျင့်ကို သိတာကြောင့် သူ့ဘေးနားက လူငယ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့အစာစားချင်စိတ်က သူ့ရဲ့စူးစမ်းချင်စိတ်ကို လွှမ်းမိုးသွားတာကြောင့် သူက စကားမပြောခင် ဗိုက်ကိုအရင်ဖြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

​ညစာစားပွဲက အရမ်းတိတ်ဆိတ်နေ၏။ လီမိသားစုလိုလူတွေဟာ ညစာစားပွဲမှာ စကားပြောလေ့ရှိတဲ့အကျင့်မရှိပေ။ ဒါက ဖေးလုလိုချင်တာနဲ့ ကွက်တိပဲ။ စကားပြောဖို့မလိုဘူး၊ အစာစားဖို့ကိုပဲ အာရုံစိုက်လိုက်။

​သူ့ဘေးနားက လီကျွင်းကတော့ အဲဒီလောက် အစာစားချင်စိတ်မရှိနေခဲ့ဘူး။ ပန်းကန်ခွက်ယောက်တွေက သူ့ရဲ့ပုံမှန်အတိုင်းဖြစ်ပေမဲ့ နေရာက ပြောင်းလဲသွားသည်။ သူကိုယ်တိုင် ရွေးချယ်ခဲ့တာတောင်မှ အဆင်မပြေသလို ခံစားနေရဆဲပင်။ သူ့ရဲ့ချောမောတဲ့ မျက်ခုံးတွေက တင်းတင်းကြပ်ကြပ် တွန့်ချိုးနေသည်။

​လီချင်းရီက ဟိုဘက်ခြမ်းကနေ တိတ်တဆိတ် စောင့်ကြည့်နေသည်။

​နှစ်ပေါင်းများစွာအတွင်းမှာ လီကျွင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတာ ဒါပထမဆုံးအကြိမ် ဖြစ်နိုင်သည်။ သူ့ရဲ့ဘဝက အရမ်းစည်းစနစ်ကျပြီး ပုံသေဖြစ်နေသည်။ ဒါဟာ သူရဲ့အကျင့်တွေကို ပထမဆုံးအကြိမ် ချိုးဖျက်တာဖြစ်၏။

​ဒီလိုပြောင်းလဲမှုအတွက် လီချင်းရီက ဘာမှမပြောဘဲ နေလိုက်ဖို့ ရွေးချယ်လိုက်သည်။

​ဖေးလုက ဗိုက်ပြည့်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ပတ်ဝန်းကျင်ကလူတွေကို ဂရုစိုက်ဖို့ အချိန်ရလာသည်။ လီကျွင်းက အစားအသောက်နည်းနည်းပဲ စားထားတာကို မြင်တော့ သူက နည်းနည်းအံ့သြသွားပြီး သူ့ကို ကိုင်းညွတ်ပြီး တိုးတိုးလေး ကပ်ပြောလိုက်တယ်၊ ”မင်းဘာလို့ မစားတာလဲ”

​”…”

​ကဲ၊ ဒီလူကတော့ မသိချင်ယောင်ဆောင်နေပြန်ပြီ။

​ဖေးလုက သူ့အတွက် အလိုအလျောက်ပြန်ဆိုလိုက်သည်။ ”အစားအသောက်က မင်းအရသာနဲ့ မကိုက်ဘူးလား”

​”ချိုချဉ်ဝက်သားလုံးက မဆိုးပါဘူး၊ စမ်းကြည့်မလား”

ဖေးလုက သူ့ရဲ့မျက်နှာချင်းဆိုင်က လီချင်းရီကို လှမ်းကြည့်လိုက်သည်။ သူတို့ဘက်ကို အာရုံမစိုက်တာကို မြင်တော့ သူက တူနဲ့ ချိုချဉ်ဝက်သားလုံးကို ကောက်ယူပြီး လီကျွင်းရဲ့ပန်းကန်ထဲကို အမြန်ထည့်ပေးလိုက်သည်။

​လီချင်းရီ: ”…” ငါမမြင်ဘူးလို့ မထင်နဲ့နော် 🙂

​လီကျွင်းက ထမင်းလုံးတွေကို ကောက်နေတာကို ရပ်လိုက်ပြီး ချိုချဉ်ဝက်သားလုံးကို စိုက်ကြည့်နေတော့သည်။

​ဖေးလုက သူသာ အဲ့ဒီအတိုင်းဆက်ပြီး ကြည့်နေမယ်ဆိုရင် ချိုချဉ်ဝက်သားလုံးက စိတ်ဆိုးသွားမယ်လို့ ခံစားလိုက်ရတဲ့အခါ လီကျွင်းက နောက်ဆုံးတော့ သူ့ရဲ့တူကို ရွှေ့ပြီး ချိုချဉ်ဝက်သားလုံးကို ကောက်ယူကာ တုံ့ဆိုင်းစွာနဲ့ပဲ သူ့ရဲ့ပါးစပ်ထဲကို ထည့်လိုက်သည်။

​တစ်ဖက်ခြမ်းက ပန်းကန်ခွက်ယောက်တွေ ထိခိုက်မိတဲ့ပြတ်သားတဲ့အသံ ထွက်ပေါ်လာသည်။ လီချင်းရီက မူးဝေစွာနဲ့ မတ်တပ်ရပ်လိုက်ပြီး လဲကျနေတဲ့ခွက်ကို ပြန်ထူပေးလိုက်သည်။ သူက ဖေးလုကို တောင်းပန်တဲ့ပုံစံနဲ့ ပြုံးပြလိုက်ပေမဲ့ သူ့ရဲ့မျက်လုံးတွေကတော့ ဂယက်ထနေခဲ့သည်။

Chapter – 3 ended

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset