⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 29

Little Creampie:
Chapter 29

နောက်တစ်နေ့မနက်တွင်၊ ကျင်းလော့ သူ၏ ဇီဝနာရီအတိုင်း စောစောနိုးလာခဲ့သည်။ မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏မျက်နှာပေါ်တွင် နူးညံ့သောအရာတစ်ခု ကပ်နေသလို ခံစားလိုက်ရ၏။

ကျင်းလော့ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာပြီး ရင်အုပ်ကြွက်သားများပေါ်တွင် ကြာရှည်စွာ အာရုံစူးစိုက်မိသွားသည်။ သူသည် အမြင်မှုန်ဝါး‌နေခဲ့ပြီး အတော်ကြာမှ သတိထားမိ၏။ ထို့နောက် သူ၏အသိစိတ်သည် တဖြည်းဖြည်း တုံ့ပြန်လာကာ မျက်နှာတစ်ခုလုံး ချက်ချင်းနီရဲသွားသည်။

ကျင်းလော့ ထိတ်လန့်စွာ နောက်သို့ဆုတ်လိုက်ပြီး သူ၏လည်ပင်းနှင့် ကျောကို ကိုင်ထားသော လက်ရှိနေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။ ပူနွေးသောလက်ဖြင့် သူ၏ပခုံးကို ဆုပ်ကိုင်ထားသဖြင့် လုံးဝခွာမသွားနိုင်ပေ။ ကျင်းလော့ မျက်နှာမော့ကြည့်လိုက်စဉ် မည်သည့်အချိန်က နိုးနေပြီး ဖုန်းနှင့်ကစားနေမှန်းမသိသည့် ရှောင်းဝမ်လင်ကိုတွေ့လိုက်ရသည်။ သူသည် လက်တစ်ဖက်ဖြင့် ကျင်းလော့ကို ပွေ့ထား၏။ ရှောင်းဝမ်လင်က နိုးနေသည်ကို တွေ့သော်လည်း ကျင်းလော့ဘက်သို့ မကြည့်ဘဲ ပျင်းရိစွာဖြင့် “နိုးပြီလား” ဟု မေးလိုက်သည်။

အိုမီဂါနှင့် အယ်လ်ဖာတို့၏ ဖယ်ရိုမုန်းများသည် လေထဲတွင် ရစ်ပတ်နေပြီး အနည်းငယ် ပျင်းရိထိုင်းမှိုင်းသော ခံစားမှုကို ဖြစ်ပေါ်စေ၏။

ကျင်းလော့သည် ပါးစပ်ဖွင့်ကာ ဖြေဖို့ ကြိုးစားခဲ့သော်လည်း ညည်းတွားငိုကြွေးမှုကြောင့် အသံပြာနေသည်ကို သတိထားမိလိုက်သည် “လက်တွေ့သင်တန်း…”

ရှောင်းဝမ်လင်က လက်တစ်ဖက်တည်းနဲ့ Tetris ကစားနေရင်း “အိုမီဂါဖြစ်ပြီးဘာလုပ်မှာလဲ ” ဟု ပြန်မေးလိုက်၏။

ကျင်းလော့သည် တုန်လှုပ်သွားပြီး သူ့လက်ကောက်ဝတ်ကို နမ်းရှုံ့ကြည့်မိသည်။ နူးညံ့ပြီး ရှည်လျားစွာ စွဲငြိသော ကရာမယ်လ် အိုမီဂါဖယ်ရိုမုန်းအနံ့က သူ့နှာခေါင်းထဲဝင်လာသည်ကြောင့် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

ကျင်းလော့၏ မျက်နှာပြင်သည် တဖြည်းဖြည်း အေးစက်လာပြန်သည်။

သတိပြန်ရလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူကို ခုခံလိုသော၊ အေးစက်ပြီး ရန်လိုသော သူ၏သဘောထားများက ပြန်လည်ထိုးနှက်လာခဲ့သည် “ငါ… အိုမီဂါ မဖြစ်ချင်ဘူး”

ရှောင်းဝမ်လင်သည် ကျင်းလော့၏ ဤအပြုအမူကို စိတ်တိုင်းမကျဆုံးဖြစ်ပြီး သူ၏စိတ်ရင်းအမှန်ကို ဖော်ပြစေလိုသည်။

“ကောင်းပြီ”

သူ၏မျက်လုံးများက ဖုန်းမှ ကျင်းလော့ဆီသို့ ရွေ့လာကာ ဖုန်းကို အသံမြည်အောင် ပိတ်လိုက်ပြီး အနည်းငယ် အနီးကပ်လာကာ လူမိုက်ဆန်ဆန် ပြုံးရယ်လျက် “ငါ မင်းကိုကူညီနိုင်တယ်” ဟု ပြောလိုက်သည်။

ရှောင်းဝမ်လင်သည် လက်တစ်ဖက်ဖြင့် ကျင်းလော့၏ ခါးကို ဆုပ်ကိုင်ထားပြီး မျက်နှာကို ကျင်းလော့၏ လည်ပင်းနားသို့ နီးကပ်စွာ ကပ်လိုက်သည်။ ကျင်းလော့၏ မျက်ခွံများ မထိန်းနိုင်ဘဲ တုန်လှုပ်သွား၏။

“ငါ့ကိုကိုက်ခွင့်ပေး” ဟု ရှောင်းဝမ်လင်က နူးညံ့စွာ ပြောလိုက်သည်။

ကျင်းလော့၏ ကိုယ်ခန္ဓာတောင့်တင်းသွားပြီး အေးစက်နေသော မျက်နှာအမူအရာမှာ တင်းမာနေသည်။ သူ၏ကျောရိုးသည် လေးကွေးနေသော်လည်း လက်ချောင်းများက စောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

ရှောင်းဝမ်လင်၏ မျက်လုံးများက ကျင်းလော့၏ တင်းကျပ်နေသော လက်ချောင်းများပေါ်သို့ အာရုံစိုက်မိပြီး အနည်းငယ် စိတ်ညစ်သွားမိ၏။ သို့သော် သူ၏မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ ဂရုမစိုက်သလို ဟန်ဆောင်ကာ “မင်း ငါ့ကိုအကြွေးတင်နေတာ” ဟု ပြောလိုက်သည်။

ကျင်းလော့က မယုံကြည်သလို ကြောင်မျက်လုံးကဲ့သို့ပြူးကျယ်လျက် ရှောင်းဝမ်လင်ကို ကြည့်နေသည်။

“နောက်မှ မင်းနဲ့ရှင်းမယ်”

ရှောင်းဝမ်လင်က ထလိုက်ပြီး ကြံ့ခိုင်သော အပေါ်ပိုင်းကိုယ်ခန္ဓာကို ပြလိုက်၏။ “မင်းအတွက် ခွင့်တောင်းထားပြီ။ မနက်ဖြန်မှ သွားလို့ရတယ်။ အယ်လ်ဖာပြောင်းလဲဆေးက စားပွဲပေါ်မှာ၊ တစ်လုံးဆို လုံလောက်တယ်”

ကျင်းလော့၏ မျက်လုံးများက စားပွဲပေါ်က ဆေးဘူးလေးကို စိုက်ကြည့်နေမိ၏။

သူသည် ကြာရှည်စွာ တိတ်ဆိတ်နေခဲ့သည်။ ရှောင်းဝမ်လင် တံခါးမှ ထွက်လုဆဲအချိန်တွင် ခြင်သံပမာ သိမ်မွေ့သော ကျင်းလော့၏ အသံကို ကြားလိုက်ရသည်

“……ကျေးဇူးတင်ပါတယ်”

ရှောင်းဝမ်လင်၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်လှုပ်သွားပြီး စိတ်ထဲတွင် အားရပါးရ အော်ဟစ်ချင်သွားသည်။

အရမ်းမကောင်းပါနဲ့

ငါ့ကိုယ်ငါ မြေမြှုပ်ထားပြီးသား…

ရှောင်းဝမ်လင်သည် ကျင်းလော့ကို ကိုက်လုနီးပါး ဖြစ်သွားသော်လည်း လင်လုနှင့် ချိန်းထားသော အချိန်ဖြစ်နေသည်ကို သတိရမိသည်။

ရှောင်းဝမ်လင် ထွက်သွားပြီးနောက် ကျင်းလော့သည် သူ၏ဒူးများကို ပွေ့ဖက်ထားမိသည်။ လေထဲတွင် အယ်လ်ဖာ၏ သစ်သားရနံ့ ဖယ်ရိုမုန်းများ ပျံ့နှံ့နေပြီး ကျင်းလော့၏ မျက်နှာတွင် ရှုပ်ထွေးနေသော အကြည့်မျိုး ရှိနေသည်။ သူသည် အိပ်ရာပေါ်တွင် ခဏထိုင်ပြီး အနည်းငယ် ရှောင်ဖယ်သလို လေတစ်ချက်ရှုထုတ်ကာ ဖုန်းဖွင့်ကြည့်မိသော်လည်း သူ၏မျက်လုံးများ အနည်းငယ် တောင့်ခဲသွား၏။

WeChat မက်ဆေ့ခ်ျဘုတ်ပေါ်မှာ ရင်းနှီးသော်လည်း စိမ်းသက်နေသည့် မက်ဆေ့ခ်ျတွေ ရှိနေ၏။

— အဖေ

အသံမက်ဆေ့ခ်ျတစ်ခုပင်။

ကျင်းလော့သည် ရှောင်းဝမ်လင်ရဲ့ အိပ်ရာပေါ်မှာ အကြာကြီး တိတ်ဆိတ်စွာ ထိုင်နေပြီးမှ အသံမက်ဆေ့ခ်ျအား ဖွင့်ကြည့်လိုက်သည်။

အသံထဲက ကြိမ်းမောင်းသံတွေဟာ အရမ်းရိုင်းပြပြီး နားထောင်ရခက်စေသည်၊ အလွန်အမင်း ဆိုးရွားတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေ၏။

ကျင်းလော့က မျက်တောင်ခတ်ပြီး အေးဆေးတည်ငြိမ်စွာ နားထောင်နေသည်။

ကြိမ်းမောင်းသံတွေ အများကြီးအပြီးမှာတော့ နောက်ဆုံးမှာ သူ့ကို ပြန်လာဖို့ ခေါ်သည်၊ ငွေမပေးတဲ့သားတွေအပေါ် မကျေမနပ်ဖြစ်နေ၏၊ အသက်ကြီးလာတဲ့အဖေကို မစောင့်ရှောက်တဲ့အပြင် ဆေးရုံတက်ရတဲ့အခါ သားသမီးတွေမလာဘဲ ဆေးဖိုးတောင်မပေးတဲ့အပေါ် မကျေမနပ်ဖြစ်နေတာကို ပြောပြီး ညည်းညူနေသည်။

စကားပြောဆိုမှုက အတော်ကြာမြင့်မှ ရပ်တန့်သွားခဲ့ပြီး ကျင်းလော့လည်း အချိန်အတော်ကြာ လှုပ်ရှားခြင်း မရှိခဲ့ပေ။

ထို့နောက် သူသည် နှုတ်ခမ်းကို အနည်းငယ်ညှစ်လိုက်ကာ ဖုန်းဖွင့်ပြီး ငွေစာရင်းကို စစ်ကြည့်လိုက်သည်။ သူ၏ ပညာသင်စရိတ်အတွက် ဘတ်ဂျက်ငွေကို ကြည့်ရှုစစ်ဆေးလိုက်သော်လည်း များပြားလှသည်မဟုတ်ပေ။

ကျင်းလော့သည် ခဏတိတ်ဆိတ်နေပြီး သင်တန်းကာလကုန်ဆုံးမည့်ရက်ကို ကြည့်ကာ အိမ်ပြန်လက်မှတ်တစ်စောင် ဝယ်လိုက်၏။

*

အခြားတစ်ဖက်၌။

ရှောင်းဝမ်လင်သည် ကော်ဖီဆိုင်တွင် ထိုင်နေပြီး လင်လုကို ကြည့်နေသည်။

လင်လုက တိုးတိုးရိပ်ရိပ်ဖြင့် စာချုပ်တစ်စောင်ကို လက်ညှိုးဖြင့်တွန်းလိုက်ပြီး “ရှင့်ရဲ့ ‘ရည်းစား’ကို သည်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါက ဇီဝနည်းပညာရှယ်ယာအချို့အတွက် ရှင့်ကိုပေးတဲ့ လျော်ကြေးငွေပဲ” ဟု ပြောလိုက်သည်။

ရှောင်းဝမ်လင်က မဖြေဘဲ နဖူးကို အနည်းငယ်ကျုံ့လိုက်သည်။

လင်လုက လက်နှစ်ဖက်ချိတ်ပြီး ပြောလိုက်သည် “ကျင်းလော့ကို ဒေါသမထွက်နဲ့။ ဒါငါစီစဉ်ထားတဲ့အရာပဲ”

လင်လုက အေးဆေးစွာပြောလိုက်၏ “ငါက အယ်လ်ဖာပဲ”

ရှောင်းဝမ်လင်က မျက်ခုံးတောင်မလှုပ်‌ပေ။

လင်လုက ဆက်ပြော၏ “ကျင်းလော့မင်းအခန်းကိုသွားတဲ့နေ့က သူအဲ့ဒီနေ့မှာပဲ အိုမီဂါအဖြစ် ကွဲပြားသွားတာ၊ ဒါကြောင့်…”

လင်လုက အနည်းငယ်ပြုံးပြီး ပြောလိုက်သည်- “သူကိုယ်တိုင်တောင် သူအိုမီဂါ ဖြစ်နေမှန်းမသိဘူး။ ငါသိသလောက်ဆို သူကမင်းကိုအခန်းပို့ပြီးတာနဲ့ ထွက်သွားဖို့ပဲစဉ်းစားတာ နောက်ဖြစ်သွားတဲ့အရာက…”

လင်လုက အေးအေးဆေးဆေး ပြောလိုက်၏ “သူ heat တက်နေချိန်မှာ မင်းကသူ့ကိုအတင်းအဓမ္မကျင့်ခဲ့တာဆိုတာ ရှင်းပါတယ်”

ရှောင်းဝမ်လင်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။

****

ရှောင်းဝမ်လင်၏ မျက်နှာအမူအရာသည် ခဏတာပြောင်းလဲသွားခဲ့သော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူသည် လင်လုကို ပုံမှန်အတိုင်း စိုက်ကြည့်နေခဲ့ပြီး၊ မျက်လုံးထဲတွင် နားလည်ရခက်သော ခံစားချက်တစ်ခု ဖြတ်သန်းသွားခဲ့၏။

ရှောင်းဝမ်လင်သည် ပြုံးပြကာ ပြန်မေးခဲ့သည် – “အိုး?”

ဩဇာအာဏာရှိသော မိသားစုတစ်ခုမှ ဂရုတစိုက် မွေးမြူထားသော အယ်လ်ဖာတစ်ဦးဖြစ်သည့် လင်လုအနေဖြင့်၊ ရှောင်းဝမ်လင်သည် သူ့ရှေ့မှာ ချို့ယွင်းချက်များစွာကို ထုတ်ပြမည်မဟုတ်ကြောင်း သဘောပေါက်နေသည်။ လင်လု၏ ရည်ရွယ်ချက်မှာ ရှောင်းဝမ်လင်ကို သတိပေးရန်သာ ဖြစ်သည်။

သူမ အနည်းငယ်ထပြီး လက်ကို ကုလားထိုင်နောက်မှာ ညင်သာစွာတင်လိုက်၏
“အပြန်အလှန်အနေနဲ့၊ ကျွန်မ ကျင်းလော့အကြောင်း သတင်းအားလုံးကို ပူးပေါင်းဆောင်ရွက်မှုနဲ့ လဲလှယ်ပေးနိုင်ပါတယ်…”

ရှောင်းဝမ်လင်က အနည်းငယ် နောက်ပြန်လှန်ပြီး ကုလားထိုင်နောက်ကို မှီလိုက်၏။ သူ့မျက်လုံးထဲမှာ အထက်စီးဆန်သည့် အေးစက်တဲ့ အကြည့်တွေရှိနေ၏ –
“မင်းက ငါ့အိုမီဂါရဲ့ အချက်အလက်တွေကို လဲလှယ်စရာအဖြစ် ဘာအခွင့်အရေးနဲ့သုံးတာလဲ? မင်းက တကယ်ကို ဘယ်သူမလို့လဲ?”

ရှောင်းဝမ်လင်၏ မျက်လုံးတွေသည် လင်းယုန်ငှက်လို အေးစက်ကာ ရက်စက်နေ၏ ‘“နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်၊ ဒါမှမဟုတ် မင်းနဲ့ မင်းရဲ့ ဇီဝကုမ္ပဏီ ပျောက်ကွယ်သွားလိမ့်မယ်။”

လင်လု၏ S-အဆင့် ဖယ်ရိုမုန်းတွေလည်း ပြန့်ထွက်လာပြီး ရှောင်းဝမ်လင်၏ အဆက်မပြတ်ပြန့်နေသည့် အယ်လ်ဖာဖယ်ရိုမုန်းများအား ခုခံလာသည်။
လင်လု၏ မျက်နှာမှာ နည်းနည်းအံ့အားသင့်နေဆဲပင်
“အကျိုးအမြတ်တွေအကြောင်း ဆွေးနွေးကြရအောင်”

တကယ်တော့ ရှောင်းဝမ်လင်သည် သူ၏ အရင်က “လရောင်ဖြူလေး” ဟုသတ်မှတ်ခဲ့သူက လိင်ပြောင်းသွားတာကို စိတ်တိုနေသင့်တာပင်။

ဒါပေမယ့် ရှောင်းဝမ်လင်၏ နှလုံးသားထဲမှာ လှိုင်းအသေးအဖွဲတောင် မရှိခဲ့ပေ။

အဓမ္မပြုကျင့်ခံရတာလား?

ရှောင်းဝမ်လင်က စားပွဲပေါ်က ဝိုင်နီကို ကောက်ယူလိုက်၏။ ဝိုင်နီထဲမှာ သူ့မျက်လုံးတွေကို မြင်ရပြီး ဖန်ခွက်ထဲက သူ့ကြည့်ရှုမှုဟာ နစ်မြုပ်သွားတာကို သူမြင်လိုက်ရသည်။

ရှောင်းဝမ်လင်သည် စိတ်ညစ်ပြီး လေးလံနေသလို ခံစားရသည်၊ နှလုံးသားကို ကျောက်တုံးကြီးတစ်တုံး ပိတ်ဆို့ထားသလိုပင်။

လင်လုက ဆက်ပြောနေတုန်းပင်၊ ရှောင်းဝမ်လင်ကယဉ်ကျေးစွာ နားထောင်ပေးနေ၏။၊ လင်လုစကားပြောပြီးသည့်အခါ သူက “မင်းရဲ့ ဇီဝဆေးဝါးကုမ္ပဏီရဲ့ ရှယ်ယာ ၄၀% ပေါ့” ဟု ပြောလိုက်သည်။

ရှောင်းဝမ်လင်က ၁၅% ဆေးဝါးရှယ်ယာတွေကို စားပွဲပေါ်ချပြလိုက်သည်၊ ဒါက သူ့ရဲ့ စိတ်ရင်းမှန်ကို ပြသလိုက်တာဟုပင် အေးဆေးတည်ငြိမ်စွာနှင့် ပြောလိုက်၏။

အယ်လ်ဖာ၏ အနှစ်သာရမဲ့ မျက်နှာဖုံးနှင့် အမြတ်ထုတ်နိုင်သည့်အပေါ်ယံဆက်ဆံရေးတွေကို ခွာချပစ်လိုက်ပြီပင်၊ အခုဆို အသုံးချလို့ရတဲ့ ဆက်ဆံရေးတွေလည်း မရှိတော့ပေ။

အယ်လ်ဖာတစ်ဦး၏ သဘာဝကတော့ အမြတ်အစွန်းနှင့် လုယက်မှုကို အဓိကထားခြင်းပင်။

လင်လု၏ “ချောက်တွန်းမှု” သည် ရှောင်းဝမ်လင်အား ဒေါသထွက်စေနိုင်မည်မဟုတ်ပေ။

စိန်ခေါ်မှုကို ခံရပြီးနောက် ပြင်းပြင်းထန်ထန် တုံ့ပြန်မှုပြသခြင်းဟာ အယ်လ်ဖာတစ်ဦးအနေနှင့် ရှောင်းဝမ်လင်၏ မာနပင်။

လင်လု၏ အေးဆေးတည်ငြိမ်နေသည့် မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလဲလာပြီး လက်ကို စားပွဲပေါ် ပြင်းပြင်းထန်ထန် ဖိထားလိုက်၏- “ရှင်က တအား လောဘကြီးနေတယ်နော်?!”

“ဒါက ငါ့ရဲ့ ချွေးစက်တွေနဲ့ တည်ဆောက်ထားတဲ့ အရာပဲ!”

ရှောင်းဝမ်လင်သည် မျက်လုံးအနည်းငယ်မော့ကြည့်ရင်း ပြေပြစ်စွာပြုံးပြလိုက်သည် “ငြင်းလို့လည်း ရတယ်နော်။ မင်းရဲ့ ဇီဝဆေးဝါးကုမ္ပဏီ ဒေဝါလီခံရတဲ့အထိစောင့်ပြီး ဈေးချဝယ်ယူရုံပေါ့”

“ငါ့ကိုယုံ” ဟုဆိုကာ ရှောင်းဝမ်လင်သည် ပြုံးပြလိုက်၏၊ သူ့အပြုံးထဲတွင် ချမ်းစိမ့်စရာကောင်းသည့် ရက်စက်မှုတစ်ခု ဆူပွက်နေခဲ့သည် “ငါက အတော်လေး ကရုဏာထားပြီးပြီနော်”

ရှောင်းဝမ်လင်၏ အခုပြုံးနေတဲ့အပြုံးဟာ လင်လုကို ယခင် ချစ်ခဲ့စဉ်ကအပြုံးနှင့် လုံးဝမတူတော့ပေ။

လင်လု ဟိုးအရင်ကတည်းက သိထားပြီးသားပင်။ ရှောင်းဝမ်လင်သည် ယဉ်ကျေးဟန်ရှိပုံရပေမယ့် အနှစ်သာရမှာတော့ လူဆိုးတစ်ဦးပင်။ သူ့နောက်ကွယ်က ရက်စက်ပြီးထိတ်လန့်ဖွယ်ကောင်းသည့် မိသားစုလိုပင်၊ သူသည် ယဉ်ကျေးသည့်အသွင်ဆောင်ထားသည့် လူဆိုးတစ်ဦးပင်။

မဟုတ်ဘူး၊ ရှောင်းဝမ်လင်က ပိုဆိုးသည်။ သူကိုယ်တိုင် ဒီမိသားစုရဲ့ ဓလေ့ကို အကောင်းဆုံးအမွေဆက်ခံထားတာ။ သူ့ကိုယ်သူ ပိုကောင်းအောင် အသွင်ဆောင်ထားသည်၊ သူ့ရဲ့ ပြေပြစ်ပြီး ဟာသဉာဏ်ရှိသည့် အသွင်အပြင်က ပိုပြီးပြည့်စုံ၏။ သူ့ကိုအသုံးပြုခြင်းဟာ ဓားသွားထက်ပေါ်မှာ ကနေသလိုပင်။

လင်လု၏ မျက်လုံးတွေက အေးစက်သွားပြီး၊ ခဏအကြာစဉ်းစားပြီးနောက် သူမက သက်ပြင်းရှိုက်ကာ “ကောင်းပြီ” ဟုပြောလိုက်၏။

သူမက အိတ်ကိုကောက်ယူပြီး မျက်နှာအမူအရာကို မြန်မြန်ပြန်ပုံမှန်ဖြစ်အောင် ပြင်လိုက်သည်။ သူမက အနည်းငယ်ခေါင်းညိတ်ပြီး၊ ခုနကပြသခဲ့တဲ့ စိတ်လှုပ်ရှားမှုတွေကို မပြတော့ဘဲ၊ အေးဆေးစွာနှင့်ပင် “အင်း၊ ရှင်နဲ့လက်တွဲအလုပ်လုပ်ရတာ ဝမ်းသာပါတယ်” ဟု ပြောလိုက်သည်။

ရှောင်းဝမ်လင်က ပြုံးပြလိုက်ပြီး ဝိုင်ခွက်ကို အနည်းငယ်မြှောက်ပြလိုက်သည်၊ “ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်”

လင်လုက ဒေါက်ဖိနပ်သံမြည်အောင် ဒေါသတကြီးထွက်သွားပြီးသည့်နောက်၊ ရှောင်းဝမ်လင်၏ မျက်လုံးများသည် စားပွဲပေါ်က အနောက်တိုင်းအစားအစာများပေါ်သို့ အာရုံစိုက်မိသွားပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။

“အေးသွားပြီ”

ထိုအထပ်တစ်ခုလုံးတွင် ဤစားပွဲကိုသာ အထူးကြပ်မတ်နေသော စားပွဲထိုးသည် ချက်ချင်းကျွမ်းကျင်စွာ အစားအစာအသစ်များနှင့် အစားထိုးလိုက်သည်။

စားပွဲထိုးက အစားအစာများလဲနေစဉ် ရှောင်းဝမ်လင်သည် သူ့နှုတ်ခမ်းထောင့်တွေကို ညင်သာစွာ ပြန်ချလိုက်သည်။

ဒါဟာ အယ်လ်ဖာတစ်ဦး၏ မကောင်းတဲ့ သဘာဝပင်။

ရှောင်းဝမ်လင်က အေးဆေးတည်ငြိမ်စွာ တွေးမိ၏။

ကျင်းလော့ကို သူအဓမ္မပြုကျင့်ခဲ့ကြောင်း သိပြီးနောက်၊ လင်လုကိုသဘောကျသဖြင့် သူနှင့်အတူနေခဲ့သည်မဟုတ်ကြောင်း သိရသည့်အခါ… ရှောင်းဝမ်လင်သည် စိတ်မကောင်းဖြစ်မိသော်လည်း တစ်ဖက်တွင်လည်း ကြမ်းတမ်းသော ကျေနပ်မှုတစ်မျိုးကို ခံစားရ၏။

အခုအချိန်မှာ ကျင်းလော့ရှေ့တွင် သူ့အဓမ္မမှုကို ဝန်ခံမည်မဟုတ်ပေ။ ထိုအစား အရာအားလုံးပြီးဆုံးချိန်မှသာ ကျင်းလော့က လုံးဝသူ့အပိုင်ဖြစ်သွားသည့်အခါမှ ပြန်ပြင်ဆင်မည်။ အဲ့တာမတိုင်ခင်တော့…

ရှောင်းဝမ်လင်သည် လျင်မြန်သောလှုပ်ရှားမှုဖြင့် အမဲသားကင်ကို ဖြတ်တောက်လိုက်ရာ ပြတ်သားသော အသားဖြတ်သံများ ထွက်ပေါ်နေ၏။

စားပွဲထိုး၏ မျက်ခွံများ အနည်းငယ်တုန်ခါသွား၏။

ရှောင်းဝမ်လင် စဉ်းစားမိသည် – သူ၏ အိုမီဂါကို အသိုက်ထဲသို့ ပြန်လည်ကိုက်ဖမ်းရန် လုံလောက်သော အလဲအလှယ်ပစ္စည်းများနှင့် အကြောင်းပြချက်များ လိုအပ်နေသေးသည်။

Chapter 29 end

AကနေOဖြစ်ပြီးနောက် ငါ့ပြိုင်ဘက်ရဲ့လရောင်ဖြူလေးဖြစ်လာတယ်

AကနေOဖြစ်ပြီးနောက် ငါ့ပြိုင်ဘက်ရဲ့လရောင်ဖြူလေးဖြစ်လာတယ်

Status: Completed Type:
Description ကျောင်းလူဆိုးအဖြစ် ကျော်ကြားသည့် ကျင်းလော့သည် ရက်စက်ကာ စကားနည်း၏။ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းဖြတ်သန်းလာခဲ့ပြီး မြင်သမျှလူတိုင်းအား ရိုက်နှက်တတ်သည်ကြောင့် ကျောင်းသားများကြားတွင် မကောင်းသည့်အမြင်ဖြင့် ကျော်ကြားသည်။ ကောလဟာလများတွင် ကျင်းလော့ နှင့် ရှောင်ဝမ်လင်တို့သည် အသေအကြေရန်သူများပင်။ ထိုကဲ့သို့ အားလုံးက ထင်မှတ်နေကြသည့်တိုင်...ကျောင်းအဝတ်လဲခန်း၏ တစ်နေရာတွင်မူ ဝံပုလွေခေါင်းဆောင် ရှောင်ဝမ်လင်၏ မျက်ဝန်းများမှာတောရိုင်းတိရစ္ဆာန်ကဲ့သို့ ရိုင်းပြနေလျက်ရှိကာ၊ မိမိဥစ္စာအား မည်သူမျှ ထိပါး၍မရအောင် စောင့်ကြပ်နေသည့်ဟန်နှင့် ကျင်းလော့အား စူးစိုက်ကြည့်နေခဲ့၏။ သူသည် အေးစက်ကာ ဘာမထီမျက်နှာဘေးနှင့်သူ၏ ပေါင်ကြားအတွင်း ခြေထောက်များဖြင့် ထိုးသွင်းလိုက်ကာ... ကျဉ်းမြောင်းသည့်နံရံနှင့် ထိုသူ့အား တင်းတင်းကျပ်ကျပ် ဖိကပ်လိုက်လျက် ပြုံးရယ်ကာ ဆိုလိုက်၏။ “အချစ်ကလေး... မင်းရဲ့ မျိုးပွားအင်္ဂါလေးကို ကိုယ်ကြည့်ချင်တယ်..." လှပသည့် ကျောင်းလူဆိုးလေးမှာ သူ့အဝတ်သူ သွားနှင့်ကိုက်လျက် မျက်ရည်ဝိုင်းနေသည့် မျက်လုံး‌လေးများနှင့် ကြည့်နေ၏။ ယခင်က အေးစက်ကာ မာကြောပုံရသည့် မျက်လုံးလေးများမှာ ယခုတွင်မူ မျက်ရည်များဝေ့ဝိုက်နေလျက်ပင်။ “မင်း,မင်း အကျင့်ပျက်ကောင်...” ရှောင်ဝမ်လင်က ပြုံးလိုက်ကာ သူ၏ပူလောင်နေသည့်လိင်တံဖြင့် ကူကယ်ရာမဲ့နေသည့် ကျောင်းလူဆိုးလေး၏ ခါးနှင့်ဝမ်းဗိုက်အား ထပ်ခါထပ်ခါဖိပွတ်နေ၏။ “ဟုတ်လား? စိတ်မရှိပါနဲ့ကွာ” သူသည် နားထောင်ရသူတိုင်း တုန်ရီသွားစေလောက်မည့် လေသံနှင့် အက်ကွဲကွဲပြောလာ၏။ “ဖင်ကိုပင့်ပေးထား..ကိုယ်လိုးချင်တယ်” ***** ချစ်ခြင်းမေတ္တာ ချို့တဲ့နေတဲ့ ကြောင်ရိုင်းလေး vs ဒေါသကြီးပြီး 'ဒယ်ဒီဆန်တဲ့' အမဲလိုက်သမား သန့်ရှင်းဖြူစင်တဲ့ အချစ် ၊ နှစ်ယောက်စလုံးက တစ်ဦးတည်းအတွက် ဖြစ်တည်လာသလို တစ်ဦးအပြန်အလှန် ချစ်ကြတယ်။
ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ လူငယ်အချစ်ဇာတ်လမ်းလေးပါ။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset