⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 54+55

Little Creampie:
Chapter 54

 

မုယောင် နိုးလာတဲ့အခါ နှင်းလို ဖြူဖွေးနေတဲ့ မျက်နှာကျက်ကို ကြည့်ပြီး သူ့ရှေ့က အရာအားလုံးဟာ အိပ်မက်တစ်ခုလို ခံစားလိုက်ရသည်။

သူ့ရဲ့မျက်တောင်ရှည်တွေ လှုပ်ခတ်သွားပြီး မျက်လုံးထဲတွင် မျက်ရည်များဝိုင်းလာသည်။

ခန်ချင်းဟန်က ခုတင်ပေါ်မှာထိုင်ပြီး စာရွက်စာတမ်းတွေကို စီစစ်နေခဲ့သည်။ မုယောင် နိုးလာတာကို တွေ့တော့ မုယောင်ကို ဘာစားချင်လဲ မေးဖို့ ပြင်လိုက်ပေမယ့် မုယောင်ရဲ့နီရဲရဲ မျက်ဝန်းထောင့်များကို တွေ့တော့ တုန်လှုပ်သွားသည်။

“ယောင်ယောင်၊ ကိုယ်…” ခန်ချင်းဟန်က ရှင်းပြဖို့ ပြင်လိုက်ပေမယ့် မုယောင်က သူ့ကို ပါးရိုက်ချလိုက်တယ်။

“ခန်ချင်းဟန်၊ ခင်ဗျား ဘယ်လိုလုပ်ပြီး….” မုယောင်ရဲ့အသံက ငိုသံဖြင့် ရောနှောနေ၏။ ခန်ချင်းဟန်ကို မေးခွန်းထုတ်ဖို့ ပြင်လိုက်ချိန်မှာ သူ့ဖုန်းက ရုတ်တရက် မြည်လာတယ်။

မုယောင်က သူ့အဝတ်အစားတွေကို အမြန်ကောက်ဝတ်ပြီး ဖုန်းကို ထုတ်လိုက်တယ်။ ဖုန်းမှာ “ချစ်ရသူ” ဆိုတဲ့ စာလုံး ပေါ်နေသည်။

မုယောင်က လည်ချောင်းကိုရှင်းပြီး ဖုန်းကိုင်လိုက်တယ်။ပိုင်ရန်ရဲ့အသံက စိုးရိမ်တကြီး ဖြစ်နေတယ်။

“ယောင်ယောင်၊မင်း ဘယ်မှာလဲ? ဘာလို့ ဖုန်းမကိုင်တာလဲ?”
“ငါ ဟိုတယ်မှာ။ မနေ့ညက သောက်တာများသွားလို့….” မုယောင်က စိတ်အခြေအနေမကောင်းဖြစ်ကာ သူ့အသံက တဖြည်းဖြည်း တိုးသွားသည်။

“…မင်း ခုမှ နိုးလာတာလား?” ပိုင်ရန်က ခဏရပ်ပြီး မေးလိုက်တယ်။

မုယောင် အရက်တွေ အလွန်အကျွံသောက်ပြီး သူ့မက်ဆေ့ခ်ျတွေကို မတုံ့ပြန်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး။ပိုင်ရန်က သူ့ကို အကြိမ်တိုင်း ယုံကြည်ပေးခဲ့တယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာမှာ ယုံကြည်မှု ဘယ်လောက်ပဲ ရှိနေပါစေ၊ ကန့်သတ်ချက်ဆိုတာရှိတယ်။ နေရာချင်းလဲပြီး စဉ်းစားကြည့်ရင် ပိုင်ရန်သာ ဒီလိုလုပ်ခဲ့ရင် မုယောင်က ပိုင်ရန်လို သည်းခံနိုင်ပါ့မလား မသိ။

အခု သူတို့ အရွယ်ရောက်လာပြီဆိုတော့ မုယောင်က ပိုင်ရန်ရဲ့ခဏရပ်တန့်မှုက ဘာကိုဆိုလိုလဲ သိပြီး ပိုင်ရန်ကို ထပ်ပြီး မလိမ်ညာချင်တော့ပေ။

“တောင်းပန်ပါတယ်။ မနေ့ညက အရမ်းသောက်မိသွားလို့၊ ငါ…” မုယောင်ရဲ့ အသံက တဖြည်းဖြည်း ငိုသံဖြစ်လာတယ်။

“ငါ တခြားတစ်ယောက်နဲ့အတူ အိပ်ခဲ့တယ်။” မုယောင်က မျက်လုံးကို မှိတ်ပြီး ရက်ရက်စက်စက်ပြောလိုက်တယ်။ မျက်ရည်တွေက မျက်လုံးထောင့်ကနေ စီးကျလာပြီး သူ့ရဲ့ လှပတဲ့ မျက်နှာကို စိုစွတ်သွားစေခဲ့တယ်။

ခန်ချင်းဟန်က မုယောင်ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့တယ်။ သူက မုယောင်ရဲ့ မျက်ရည်တွေကို သုတ်ပေးချင်ပေမယ့် သူ့မှာ အဲ့ဒီလို လုပ်ပိုင်ခွင့် မရှိဘူးလို့ တွေးမိလိုက်တယ်။

“… ” ပိုင်ရန် အကြာကြီး တိတ်ဆိတ်နေမိတယ်။ တကယ်တော့ သူ့မှာ ခန့်မှန်းချက်အချို့ရှိပေမယ့် မူယောင်ကို ဒီလိုမျိုးထင်ကြေး မပေးချင်ခဲ့ဘူး။

“တောင်းပန်ပါတယ်၊ တကယ်ကို တောင်းပန်ပါတယ်…” မုယောင် အသက်ရှူမဝသည်အထိ ငိုနေပြီး သူ့မျက်နှာက တဖြည်းဖြည်း နီရဲလာတယ်။

“…မငိုနဲ့။” ပိုင်ရန်ရဲ့အသံက ခြောက်သွေ့နေပြီး ရင်ထဲတွင် ဝမ်းနည်းနေပေမယ့် မုယောင်ရဲ့ မျက်ရည်တွေကြောင့် စိတ်မကောင်းဖြစ်နေရသည်။

“ငါ မင်းကို တကယ်ချစ်တာပါ။ ဘာလို့ ဒီလိုဖြစ်သွားလဲ မသိဘူး။ ငါနဲ့ လမ်းမခွဲပါနဲ့လား” မုယောင်ရဲ့အသံက သတိထားမှုအပြည့်ဖြစ်နေ၏။

“…ငါ ယောင်ယောင်နဲ့ လမ်းမခွဲချင်ပါဘူး၊ ဒါပေမယ့် ယောင်ယောင်၊ ငါတို့ အချိန်အနည်းငယ်လောက် အေးဆေးနေဖို့ လိုတယ်လို့ထင်တယ်။” ပိုင်ရန်က ခက်ခဲစွာ ပြောလိုက်ပြီး သူ့နဲ့ မုယောင်ကြားမှာ အချိန်တစ်ခု လိုအပ်တယ်လို့ ခံစားလိုက်ရတယ်။

“…ကောင်းပါပြီ။” မုယောင်က မျက်ရည်တွေကို ထိန်းရင်း ပြောလိုက်တယ်။ “ဒါပေမယ့် ငါ့ကို ထားမသွားပါနဲ့”

“မထားခဲ့ပါဘူး။” ပိုင်ရန် ပြောပြီးနောက် သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။

“ယောင်ယောင်၊ ငါ အရင် ဖုန်းချလိုက်မယ်နော်။”

“…အိုကေ။”

မုယောင်ရဲ့ဆဲလ်ဖုန်းက သူ့လက်ထဲက လွတ်ကျသွားပြီး အိပ်ယာခင်းပေါ်ကို ပြုတ်ကျသွားတယ်။ သူ့မျက်ရည်တွေကိုလည်း မထိန်းနိုင်တော့ဘူး။

သူ့ခြေထောက်တွေကို ပွေ့ဖက်ပြီး ဝမ်းနည်းစွာ ငိုနေမိတယ်။ သူ့ရဲ့ အသံတိတ်ငိုရှိုက်သံက ခန်ချင်းဟန်ရဲ့ နားထဲကို ရောက်သွားတယ်။

ခန်ချင်းဟန်ရဲ့ပါးစပ်ထဲမှာ ခါးသီးမှုတွေ ပြည့်နှက်နေပြီး မုယောင်နဲ့သူ့ချစ်သူ လမ်းခွဲလိုက်လို့ ဖြစ်တည်လာရမယ့် ပျော်ရွှင်မှုကို သူ လုံးဝ မခံစားရဘူး။ သူက မုယောင်ကို သာမန်လေးပဲ ကြိုက်တယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ မုယောင်ရဲ့မျက်ရည်တွေကို မြင်ရတာကိုတောင် သည်းမခံနိုင်ဘူး။ သူ မုယောင်ကို ထင်ထားတာထက် အများကြီး ပိုချစ်နေမိတဲ့ပုံပဲ။

“ယောင်ယောင်၊ တောင်းပန်ပါတယ်၊ ငါ မစဉ်းစားမိခဲ့ဘူး…”

“ဒီကနေ ထွက်သွားစမ်းပါ!” မုယောင်က ခေါင်းမော့ပြီး သူ့ကို အထိန်းအကွပ်မဲ့စွာ အော်ဟစ်လိုက်တယ်။ သူ့ရဲ့မျက်လုံးနဲ့ နှာခေါင်းက ငိုထားလို့ နီရဲနေပြီး သခင်က စွန့်ပစ်လိုက်တဲ့ အဖိုးတန်ကြောင်လေးတစ်ကောင်နဲ့တူနေ၏။

ခန်ချင်းဟန် သက်ပြင်းချလိုက်ပြီး သူသာ ဒီမှာ ဆက်နေရင် မုယောင်ကို ပိုပြီး စိတ်ဆိုးသွားစေမည်ကိုကြောက်ပြီး အဝတ်အစားလဲကာ အခန်းထဲက ထွက်သွားလိုက်တယ်။

မူယောင်ရဲ့ငိုသံက ပိုပြီး ကျယ်လောင်လာပြီး မျက်ရည်တွေက သူ့လက်ဖျံပေါ်သို့ တပေါက်ပေါက် ကျဆင်းလာသည်။

ခန်ချင်းဟန်က တံခါးနောက်မှာ ရပ်နေပြီး သူ့ရဲ့ ရင်ထဲတွင် နာကျင်မှုတွေဖြင့် ပြည့်နှက်နေခဲ့၏။

 

Chapter 54 end

Chapter 55

 

ခန်ချင်းဟန် တံခါးအပြင်မှာ အကြာကြီး ရပ်နေပြီး နောက်နာရီဝက်လောက်နေရင် မုယောင်ဆီ မနက်စာပို့ပေးဖို့ ဝန်ထမ်းကို ပြောပြီး သူကတော့ စိတ်မကောင်းဖြစ်စွာ ထွက်သွားခဲ့သည်။

မုယောင် ဘယ်လောက်ကြာကြာ ငိုနေခဲ့လဲ မသိဘူး။ သူ့စိတ်ကို ပြန်ထိန်းပြီး တံခါးဖွင့်ပြီး အေးလုနီးပါးဖြစ်နေပြီဖြစ်သည့် မနက်စာကို ယူလိုက်သည်။

စားပြီးနောက် မုယောင် သူ့ပစ္စည်းတွေကို သိမ်းပြီး ထွက်သွားခဲ့တယ်။ ပိုင်ရန်ကို ဖုန်းခေါ်ချင်ပေမယ့် သူ့မှာ သတ္တိမရှိချေ။

မုယောင် စိတ်ပျက်လက်ပျက်နဲ့ အဆောင်ကို ပြန်လာခဲ့တယ်။ အဆောင်မှာ လူသုံးယောက်လုံး ရှိနေပြီး မုယောင်ကို ဒီလိုပုံစံမျိုးဖြင့် မြင်တော့ သူတို့ အမြန်ပြေးလာပြီး မေးကြတယ်။

“ဘာဖြစ်လာတာလဲ ယောင်ယောင်? ဘယ်သူက မင်းကို အနိုင်ကျင့်တာလဲ?” မုယောင်က အဆောင်မှာ အငယ်ဆုံးဖြစ်ပြီး ရုပ်ရည်ကလည်း ချောမောသလို ရက်ရောတဲ့အတွက် အဆောင်မှာရှိတဲ့ သုံးယောက်က သူ့ကို ညီလေးတစ်ယောက်လို သဘောထားကြတယ်။

“ငါ ဘာမှမဖြစ်ပါဘူး ” မုယောင်ရဲ့အသံက ညိုးငယ်နေသည်။ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သူ့စိတ်အခြေအနေ ကောင်းလာမှ ထပ်မေးဖို့ စီစဉ်လိုက်တယ်။

“မနက်စာစားပြီးပြီလား?” တစ်ယောက်က သူ့လက်ထဲမှာ ပေါင်မုန့်နှစ်ခုကိုင်ပြီး မေးလိုက်တယ်။

“ငါ စားပြီးပြီ။ ခဏလောက် အိပ်လိုက်ဦးမယ်။” မုယောင်က ခုတင်ပေါ်တက်သွားပြီး စောင်ထဲခွေနေလိုက်တယ်။ သူ လုံးဝ အိပ်မပျော်နိုင်ပေမယ့် စိတ်အခြေအနေ မကောင်းတာကြောင့် အောက်မှာထိုင်မနေချင်ဘူး။

လူသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မုယောင်ကို ဘာဖြစ်သွားတာလဲလို့ တွေးနေကြတယ်။

ပိုင်ရန် နောက်တစ်လလုံးလုံး ကျောင်းကို မလာခဲ့ဘူး။ ဆရာနဲ့ ဘယ်လိုညှိနှိုင်းခဲ့လဲ မသိဘူး။

စာသင်လာရင်တောင် အမြဲတမ်း အလျင်အမြန် လာပြီး အမြန်ထွက်သွားတယ်။ မုယောင်ခဗျာ သူ့အင်္ကျီစကိုတောင် မထိမိခဲ့ဘူး။

ကောလိပ်ကျောင်းသားတွေ အတန်းထဲမှာ အလုပ်ရှုပ်နေကြတယ်။

သူတို့နှစ်ယောက်ကြားက အခြေအနေကို ရက်အနည်းငယ်ကြာမှ တစ်ယောက်ယောက်က သံသယဝင်လာသည်။

နောက်ဆုံးမှာ ကျောင်း​မြက်လေး နဲ့ ကျောင်းပန်းလေးတို့ ရန်ဖြစ်ပြီး လမ်းခွဲသွားကြပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့သွားခဲ့တယ်။ အထင်ရှားဆုံး သက်သေကတော့ သူတို့နှစ်ယောက် အတန်းထဲမှာ အတူမထိုင်ကြသလို အတန်းပြီးရင်လည်း အပြန်အလှန် စကားမပြောကြဘူး။

ဒါက ဋ္ဌာနရှိ ပိုင်ရန်နဲ့ မုယောင်ကို ကြိုက်တဲ့သူတွေကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့၏။ သူတို့က နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်ပြီးမှ ပါဝင်ပတ်သက်သူကို မေးမြန်းပြီး အခွင့်အရေးရှိမလားဆိုတာ ကြည့်ဖို့ စီစဉ်ခဲ့ကြတယ်။

တစ်နည်းနည်းနဲ့ ဒီသတင်းက ဖေးယန်ရှင်းရဲ့ နားထဲကို ရောက်သွားပြီး မုယောင် အတန်းပြီးလို့ အပြင်ရောက်နေချိန်မှာ သူ့ကို(မုယောင်) လာရှာခဲ့တယ်။

မုယောင်က သူ့ကို တွေ့တော့ အနည်းငယ် အံ့သြသွားသည်။ “ငါ ဘယ်မှာ အတန်းတက်လဲ မင်းဘယ်လိုသိလဲ”

“မင်းရဲ့အတန်းချိန်ဇယားကို ပိုက်ဆံပေးပြီး ဝယ်ထားတာ ” ဖေးယန်ရှင်းက ရယ်ကာ ပြောလိုက်တယ်။

မုယောင် မျက်လုံးကို လှန်လိုက်တယ်။ သူ အခု နည်းနည်း စိတ်ဆိုးနေတာကြောင့် ဖေးယန်ရှင်းကိုတွေ့တော့ ဘယ်လိုမှ မျက်နှာမကောင်းတော့ဘူး။

“ကြောင်ပေါက်လေး, စိတ်မဆိုးပါနဲ့၊ငါတို့ ထမင်းသွားစားရအောင်။” ဖေးယန်ရှင်းက မျက်လုံးလှန်လိုက်တာကို မမြင်ချင်ယောင်ဆောင်ပြီး မုယောင်ကို အရှက်မရှိ နေ့လယ်စာ အတူတူစားဖို့ ဖိတ်ခေါ်လိုက်တယ်။

“ငါ့ဘာသာ သွားမှာ။” မုယောင်က ဒီခွေးကောင်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ဒီအကြောင်းတွေ ပိုင်ရန်ရဲ့နားထဲကို ထပ်မရောက်စေချင်ဘူး။

“ဒါဆိုလည်း ကောင်းပါပြီ။ ” ဖေးယန်ရှင်းက အလွယ်တကူ သဘောတူလိုက်တော့ မုယောင်က အံ့အားတကြီး သူ့ကို မော့ကြည့်လိုက်တယ်။

ဖေးယန်ရှင်းရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ မူယောင် သိဖို့ သိပ်မကြာလိုက်ပါဘူး။

ဖေးယန်ရှင်းက မုယောင်ကို နေ့လယ်စာစားဖို့ အတင်းအကျပ် မဖိတ်ခေါ်ပေမယ့် ကပ်ပါးကောင်လို မုယောင်ရဲ့နောက်ကို ထမင်းစားဆောင်အထိ လိုက်သွားခဲ့တယ်။

မုယောင်က သူ့ကို လမ်းတစ်ဝက်မှာ အကြည့်စူးစူးနဲ့ကြည့်ပြီး နောက်မလိုက်လာဖို့ ပြောတော့ သူက စောက်ခွက်ပြောင်ပြောင်ဖြင့် လမ်းကြုံလို့ လိုက်လာတာလို့ပြောတယ်။

ထမင်းစားဆောင်ကို ရောက်တော့ ဖေးယန်ရှင်းက အတန်းဖော်တစ်ယောက်နဲ့ စကားပြောပြီး ထိုသူ့ရဲ့ထမင်းစားဆောင်ကတ်ကို ငှားလိုက်ကာ Alipay ကနေတစ်ဆင့် သူ့ကို ငွေလွှဲပေးလိုက်တယ်။

သူက သူ့ဘာသာမှာထားတဲ့ ထမင်းနဲ့ဟင်းကို ယူပြီး မုယောင်ရဲ့ မျက်နှာချင်းဆိုင်မှာ သဘာဝကျကျ ထိုင်လိုက်တယ်။

“ဘာလို့ ငါ့နောက်ကို လိုက်လာနေတာလဲ?” မုယောင်က သူ့ကို စကားမပြောချင်ပေမယ့် ဖေးယန်ရှင်းက စားနေရင်း သူ့ကို ကြည့်နေတာကြောင့် သူ့မှာ ကောင်းကောင်း မစားနိုင်တော့ဘူး။

“ငါ မင်းကို Aတက္ကသိုလ်မှာကတည်းက သိနေတာ။” ဖေးယန်ရှင်းက သူ့ကိုယ်သူ သနားစရာကောင်းအောင် ဟန်ဆောင်လိုက်သည်။ သူ့သဘောနဲ့သူ ဒီကို မလာခဲ့သလိုမျိုး ပြောလိုက်တယ်။

 

သူ့ရဲ့အဆင့်အတန်းမမီတဲ့ သရုပ်ဆောင်စကေးတွေကိုကြည့်ပြီး မုယောင် ဝေဖန်ချင်လာတယ်။ နောက်ဆုံးမှာ သူ မကြိုက်တဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးကို သူ့ကို ပေးလိုက်ကာ စကားနည်းနည်းပြောပြီး အစားများများစားခိုင်းလိုက်တယ်။

ဖေးယန်ရှင်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို တိုက်ရိုက်ကောက်ယူစားလိုက်ပြီး  မုယောင်ကို သူအရသာရှိတယ်လို့ထင်တဲ့ ဝက်သားချောင်းကြော်တွေကို ပေးလိုက်တယ်။

 

မုယောင်က ဒီလို အပြန်အလှန် ကျွေးမွေးနေတာကို ကြည့်ပြီး စိတ်အခြေအနေက အရင်လောက် မဆိုးတော့ဘူး။

စားပြီးနောက် ဖေးယန်ရှင်းက မုယောင်ကို အင်တာနက်ကဖေးမှာ ဂိမ်းကစားဖို့ခေါ်သွားသည်။ မုယောင်က မသွားချင်ပေမယ့် ဖေးယန်ရှင်းက မုယောင်ကို ကြက်သားစားဖို့(?) ခေါ်သွားမယ်လို့ ကတိပေးတော့ မုယောင် စိတ်က လှုပ်ရှားသွားတယ်။

ဘယ်သူမှ ကြက်သားစားဖို့ ငြင်းနိုင်မှာ မဟုတ်ဘူး၊ အထူးသဖြင့် အတွေ့အကြုံနည်းတဲ့ မုယောင်ဆိုရင်။

(T/N: ကြက်သားစားဖို့ဆိုတာ​က ဂိမ်းအဆင့်တက်အောင် သယ်သွားပေးမှာကို ပြောချင်တာလားမသိ။)

Chapter 55 end

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset