Little Creampie:
Chapter 57
ကျင်းယွီ မချိတင်ကဲဝေဒနာ ခံစားနေရချိန်တွင် ကျင်းလော့အား မစဉ်းစားမိဘဲ မနေနိုင်ပေ။
အဲ့ဒါ အဓိပ္ပါယ်မရှိဘူးလို့ ကျင်းယွီ တွေးမိလိုက်၏။ သူ့ခြေထောက်မှာ ကျိုးနေပြီး အခုချိန်တွင် သူ မြေကြီးပေါ် လှဲနေရကာ သူ့လက်များနှင့် တွားသွားနေရသည်။ ဒုက္ခိတဖြစ်သော သူ့ခြေထောက်များကတော့ ဒရွတ်တိုက်ဖြင့် ပါလာ၏။ ကုသမှုမခံယူရသေးသော သူ့ခြေထောက်များသည် အခြေအနေပိုဆိုးလာကာ နာနေသည်။ ဒရွတ်တိုက်တစ်ချက်စီတိုင်းက မချိမဆံ့ပင် ခံစားရ၏။
သူ တစ်သက်လုံး ဒုက္ခိတဖြစ်သွားပြီး ဘယ်တော့မှမပျောက်မည့် အမာရွတ် ကျန်နေတော့မည်ဟု ထင်နေသည်။
ကျင်းယွီ စူးစူးဝါးဝါး အော်ငိုလိုက်ကာ ထိတ်ထိတ်ပျာပျာ တောင်းပန်နေ၏။ သူ့ခြေထောက် ထာဝရ ပျက်စီးသွားတော့မည်ကို စိုးရိမ်လွန်း၍ သူ ရူးတောင်သွားတော့မလိုဖြစ်နေပြီး အချုပ်ခန်းအလွတ်ထဲ၌ အသံပြာပြာဖြင့် ထပ်ခါတလဲလဲ တောင်းပန်နေမိသည်။
သို့ပေမယ့် အသုံးမဝင်ပေ။
ကျင်းယွီ သူ့လည်ချောင်း ကွဲအက်သည့်အထိ အော်နေသော်လည်း အချည်းနှီးပင်။ ထို့နောက် ထိုအခိုက်အတန့်၌ ကျင်းယွီသည် ကလေးဘဝတုန်းက ကျင်းလော့ကို မတွေးမိဘဲ မနေနိုင်။
ပိစိကွေးလေးက သေးငယ်လွန်းကာ သူ့ခြေထောက်များသည် သူ့အမူးသမားအဖေဆီကနေ ကျိုးလုနီးပါး အရိုက်ခံခဲ့ရ၏။ သူ့ခြေထောက်များကို ကွေးထားလျက် ထိုနှင်းတမျှဖြူဖွေးသော ခြေထောက်များမှာ အမာရွတ်များဖြင့် ဖုံးလွှမ်းနေပေသည်။ သူက ကြမ်းပြင်ပေါ် လှဲနေပြီး သူ့ခေါင်းအား ကိုင်ဆုပ်ထားကာ ဧကန်ပင် တုန်ရီနေခဲ့၏။ ရဲရဲနီနေသည့် သွေးများ၊ ခရမ်းပုပ်ရောင် ပွန်းပဲ့ဒဏ်ရာများနှင့်၊ လုံးလုံးလျားလျား ဖျက်ဆီးခံထားရသော သူ့နှင်းဖြူရောင်အသားရေတို့မှာ… ဆီဆေးပန်းချီကားတစ်ချပ်နှယ်။
ကျင်းလော့ခမျာ နှင်းဖြူရောင်အတောင်များ ကျိုးနေသည့် သေလုမျောပါးဌက်နှင့် တူနေသည်၊ ခဲနက်ရောင်မြေကြီးပေါ်တွင် လှဲနေကာ သူ့အသက်ရှူသံမှာ အားနည်းလွန်းသောကြောင့် မကြားရလုနီးပါးပင်ဖြစ်နေသည်။ ထိုအချိန်မှာ ဆောင်းလလယ်ဖြစ်၏။
တကယ်တမ်း သူ ကျင်းလော့အား ကယ်နိုင်သည်၊ သို့မဟုတ်၊ ဆေးခန်းသို့လိုက်ပို့ရန် ကူညီပေးနိုင်သည်။
သို့ပေမယ့်လည်း ကျင်းယွီ မလုပ်ခဲ့။ သူ အဲ့အချိန်က ဘာများ တွေးနေခဲ့သလဲ။ အကြောင်းမှာ မြေကြီးပေါ်၌ အရုပ်တစ်ရုပ်အဖြစ် ကျင်းလော့သေနေသည်အား သူ ကြည့်ရခြင်းကို သဘောကျခဲ့၍ ဖြစ်ကောင်းဖြစ်နိုင်သည်။
အမှန်တကယ်တွင် သူ ကျင်းလော့အား သူ့အတောင်အောက် ပေးဝင်လျက် ကာကွယ်ပေးလို့ ရ၏။ ဒါပေမယ့် ဘာအတွက်ကြောင့်နဲ့လဲ။
ဘာလို့များ တစ်ကိုယ်လုံးအရိုက်ခံထားရပြီးသား ဒီ သွေးတစ်ဝက်နှောကောင်ကို ကာကွယ်ပေးရမှာလဲ။
အဲ့တော့ သူတို့က ကျင်းလော့ သေသည်အထိ အရိုက်ခံနေရသည်ကိုသာ ကြည့်နေခဲ့ကြသည်။
သေတော့မလိုဖြစ်နေခဲ့သည့် ကျင်းလော့ကို ကြည့်ရင်း အဲ့အချိန်တုန်းက သူ ဘာတွေ တွေးနေခဲ့သလဲ။ သူ မမှတ်မိတော့ပါ၊ လူတွေဟာ ထိခိုက်လွယ်ပြီး ပျော်စရာကောင်းသည်ဟု တွေးချင်တွေးခဲ့လောက်သည်။
ဒီမြင်ကွင်းကို မြင်ရမှသာ ကျင်းယွီ ပြန်မှတ်မိတော့၏၊ သူ ခံစားခဲ့ရသည်မှာ…အလှတရားပင်။
ထူးခြားပြီး ခမ်းနားသည့် အလှတရားမျိုး။
ကျင်းလော့ထံ၌ သေခြင်းတရားကို သူ တွေ့ရခဲ့ကာ ပြီးပြည့်စုံစွာ ဖန်တီးထားသည့် အနုပညာတစ်ခု ဖျက်ဆီးခြေမွခံလိုက်ရသည်အား ကြည့်နေရသကဲ့သို့ သူ့အား ကြီးစွာသော စိတ်သာယာမှု ပေးခဲ့သည်။
သို့သော် ထို့နောက် သူ့အိမ်ကို လာသော community service worker တစ်ယောက်က ကျင်းလော့အား မြင်သွားပြီး ထိတ်လန့်သွားကာ သူ့အား ကုသမှုခံယူခိုင်းရန် ဆေးရုံသို့ ခေါ်သွားခဲ့၏။
ကျင်းယွီက သူ့ခြေထောက်နာကျင်မှုဖြင့် နှိပ်စက်ခံနေခဲ့ရပြီး ညစဉ်ညတိုင်း အိပ်မပျော်ခဲ့။ သူ့စိတ်နှလုံးထဲ တွေးနေခဲ့မိသည်။ သူသာ ကျင်းလော့ကို ဖွက်ထားခဲ့ရင်၊ သူသာ ကျင်းလော့ကို ဒုတိယထပ်မှာ ဖွက်ထားခဲ့ရင်၊ ကျင်းလော့က တိတ်တိတ်လေး သေသွားမှာပဲ။ အဲ့အခါ အခုကိစ္စတွေလည်း တစ်ခုမှ ဖြစ်လာစရာအကြောင်းမရှိဘူး။
ထို စွဲကျန်နေသည့် မကျေမချမ်းမှုနှင့် နောင်တတို့သည် ပြင်းစွာသော နာကျင်မှုကို ပေးနေခဲ့သည်။
ကျင်းယွီ တွေးလိုက်၏၊ တခြားရှုထောင့်ကနေ ကြည့်ရင် ကျင်းလော့ကိုကယ်ခဲ့တာ သူမဟုတ်ဘူးလား။ အဆုံးမှာ သူ ကျင်းလော့ကို သတ်ပစ်လို့ရခဲ့ပေမယ့်လည်း မသတ်ခဲ့ဘူးလေ။
သူသာ ကျင်းလော့ကို ဒီကမ္ဘာပေါ်ကနေ တိုးတိုးတိတ်တိတ် ပျောက်ကွယ်သွားစေခဲ့ရင် သူအခုခံစားနေရတဲ့နာကျင်မှုကို လုံးဝဖယ်ရှားလိုက်နိုင်ခဲ့မှာပဲ။
သူ့တွင် မချိမဆံ့နောင်တများဖြင့် ပြည့်လာလျက် သူ့ အသနားခံတောင်းဆိုသံများမှာ အဆဲစကားလုံးများအဖြစ် ပြောင်းလဲသွားလေသည်။
သူ စိတ်ဆိုးမာန်ဆိုးဖြင့် ကျိန်စာတိုက်နေ၏။
သို့သော်လည်း အသုံးမဝင်ပေ။
အခုတော့ တစ်လနီးနီးကြာပြီဖြစ်ရာ ဒဏ်ရာများမှာ အနာကျက်သွားပြီး နာကျင်မှုက ထုံလုနီးပါးပင်။
သူ့ထံ ယူလာပေးသည့် ထမင်းအေးအေးအား စားရန် သူ တွားသွားလိုက်သည်။ ချန်ထားခဲ့သည့် အစားအသောက်ပင်။ သို့သော် သူ မတတ်နိုင်ဘဲ သူ့နှလုံးအိမ်ထဲ နာကျင်မှုကို အနည်းငယ် ခံစားမိ၏ :
အဲ့တော့ ဒါက ကျင်းလော့ အသက်ရှင်ခဲ့ရတဲ့ပုံလား။
ကျင်းယွီ၏စိတ်တွင် သေလုမျောပါး အားနည်းတုန်ရီနေသည့် ခန္ဓာကိုယ်လေး ပေါ်လာခဲ့သည်။ မှတ်ဉာဏ်များက သူ့စိတ်ထဲ ထင်ဟပ်လာကာ ထို ပိန်ပါးပြီး အသက်မဲ့လုနီးပါးဖြစ်နေသည့် ခန္ဓာကိုယ်ဘေး ဆောင့်ကြောင့်ထိုင်နေခဲ့ရသည်ကို ပြန်မှတ်မိသွား၏။
သွေးစွန်းနေသော နုနယ်သည့်လက်ချောင်းများက အနားသို့ကပ်လာချင်နေသည့်အတိုင်း တုန်ရီနေသော်လည်း တစ်မီလီမီတာမျှတောင် မလှုပ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် ကျင်းလော့ အော်ပြောခဲ့သည်အား သူပြန်မှတ်မိသွား၏။
တကယ်တမ်း ကျင်းယွီ မှတ်မိနေခဲ့သည်။
ကျင်းလော့အော်ပြောခဲ့သည်မှာ : “ကော…”
၎င်းမှာ အိပ်မက်ဆိုးအတိုင်းပင်။
ကျင်းယွီ တွေးလိုက်၏၊ သူ ဘာလို့မျိုး ဒီအရာတွေကို မှတ်မိနေရသလဲ။
လုံးဝ အိပ်မက်ဆိုးတစ်ခုပဲ။
အရမ်းနာကျင်ရတယ်…
သူ ဒီမြင်ကွင်းကို တွေးလိုက်ချိန် ပြောမပြနိုင်တဲ့ မသက်မသာဖြစ်မှုကို ဘာလို့ ခံစားရသလဲ။
သို့သော် သူ ကျင်းလော့အား တစ်ခါတည်း မသတ်ပစ်ခဲ့ခြင်းကြောင့် ကျင်းယွီ သူ့ကိုယ်သူ ကျိန်ဆဲနေမိ၏။ ယင်း တစ်ထောင်ခုမြောက်စက္ကန့်တစ်ခု၌ သူ တစ်ခဏလောက်လည်း တွေးမိသည် :
သူသာ ကျင်းလော့ကို အဲ့အချိန်တုန်းက ကယ်ခဲ့ရင်ရော ဘယ်လိုဖြစ်မလဲ။
အဲ့ဒီ သွေးစွန်းနေသည့် နှင်းဖြူရောင် လက်များက သူ့ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး လွှတ်မပေးခဲ့မှာ သေချာသည်။ ကြင်နာမှု ဘယ်လိုပေးရမလဲဆိုတာကိုသာ သိသော သူ့အမေနဲ့အဒေါ်လိုပဲ မွေးလာခဲ့သည့် ထိုငတုံးကောင်က သေချာပေါက် သူ့ကို အရာအားလုံးပေးလိမ့်မည်…
ဟားဟား…
အရမ်းနာတယ်… အကုန်လုံး ပြီးဆုံးသွားပြီ။
ကျင်းယွီ သူ့ရဲ့ နာကျင်ကိုက်ခဲနေသည့် ရင်ဘတ်အား တင်းတင်းကျပ်ကျပ် ဖိထားမိလိုက်သည်။ မှောင်မည်းနေသည့် အလုံပိတ်ခန်းထဲတွင် သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်ချေ။ မှိန်ပျပျအလင်းတန်းတစ်ခုသာ ရှိပြီး ဖြေဖျော်ရာ မရှိ၊ သို့ဖြစ်ရာ ထိုမှတ်ဉာဏ်များက ထိန်းချုပ်မရစွာ သူ့အား ရစ်နှောင် နေလေသည်။
ထိုမှတ်ဉာဏ်များမှာ ဖြည်းဖြည်းချင်း သူ့ရဲ့တစ်ဘဝစာ ဖျားနာမှု ဖြစ်လာတော့၏။
–
ကျင်းဟောင်ဖေး၏ ခန္ဓာကိုယ်မှာ ဒုက္ခိတဖြစ်လို့နေသည်။
သူသည် ပင်လယ်၏ တောင်ဘက်သို့ လူကုန်ကူးခံလိုက်ရ၏။
ကျင်းဟောင်ဖေး၏ ကိုယ်တွင်းအင်္ဂါများမှာ ထုတ်ယူခံလိုက်ရပုံပေါ်သည်။ သူက သူ့အဖေရဲ့ ဆိုးရွားသည့် စိတ်နေသဘောထားအား သင်ယူရရှိခဲ့၏။ သူ ဘယ်သောအခါမှ အလုပ်လုပ်စရာ မလိုခဲ့ချေ။
သူ့ရဲ့ အရှက်မဲ့သည့်ပုံအားပြသရွေ့ သူ့အသုံးမဝင်သည့် အိုမီဂါအဖေကို ရွံရှာပုံပြသရွေ့ သူက ရပ်ရွာထဲသွားသောင်းကျန်းကာ ဆင်းရဲမှုမှ ဒုက္ခခံစားရေစသည်။
ကျင်းဟောင်ဖေးက ဒီလိုနည်းဖြင့် အမြဲတမ်း နေရာပေါင်းစုံမှ ပိုက်ဆံအချို့ရခဲ့၏။
သူလုံးလုံးအလုပ်လုပ်စရာမလိုပေ။ လမ်းပေါ်က လူများသည် သူ့အား မြင်သည်နှင့် ကြောက်သွားကြမည်။
သို့သော် ယခုချိန်တွင် သူက ဒီရှေးဟောင်းကျောက်ကျင်းထဲ အပို့ခံထားရကာ သိက္ခာလည်းမရှိ၊ အချိန်လည်းမသိနှင့် မနက်ကနေ ညအထိ ခွေးလိုနွားလို အလုပ်လုပ်နေရ၏။ သူက ကြာပွတ်နှင့် အရိုက်ခံရတတ်ပြီး မလွတ်မြောက်နိုင်ပေ။
ကျင်းဟောင်ဖေးသည် ထွက်ပြေးဖို့ပင် မတွေးနိုင်ပါ။ သူဟာ အလွန်ကြောက်လန့်နေပြီး ခုခံဖို့ရာ ကြောက်ရွံ့လွန်းနေသည်။
ကျောက်ကျင်း၌ လက်သီးပေါ်သာ မှီခိုတတ်သည့် အခြားအယ်လ်ဖာများနှင့်တွေ့ရသည်မှာ ရက်စက်လွန်း၏။ တစ်ချိန်က သူ့နိုင်ငံ လမ်းများပေါ်တွင် မောက်မာခဲ့သည့် ကျင်းဟောင်ဖေးသည် ဤနေရာ၌ ကောင်းကောင်းအရိုက်ခံခဲ့ရသည်။
ကျင်းဟောင်ဖေး မခံသာဖြစ်ရ၏။
စော်ကားခံရချိန်မှာတောင် သူက မအော်ရဲပေ။ သူအော်ခဲ့တုန်းက သူ့အဖေထံမှ တုန်နေအောင် အချစ်ခံရကာ ဘယ်တုန်းကမှ အရိုက်မခံခဲ့ရပါ။ ကြီးလာချိန်တွင် သူ့ဒုတိယညီမ ကျင်းယွမ်နှင့် ကျင်းလော့တို့က သူ့ကို ငွေကြေးထောက်ပံ့ပေးခဲ့ကြသည်၊ သူ့အဖေပင်စင်မှ အများစုအလျှော့ခံရပြီးတာတောင်မှပင်။
သူက ဘယ်တော့မှ အခက်မကြုံခဲ့ရကာ အလုပ်လည်းမလုပ်ခဲ့ရပေ။ ဒီစုတ်ပြတ်သည့် မိသားစုထဲ၌ သူက အရာအားလုံးကို ပေါ့ပေါ့တန်တန်သဘောထားခဲ့သည်။ ကျင်းဟောင်ဖေးသည် ဟိုးအရင်တည်းက ပိုက်ဆံအတွက်သာ သူ့မိဘတွေကို သွားရှာခဲ့သူ ဖြစ်ခဲ့၏။
သူသိသူများနှင့် သူ့ကို ပြန်ခံမလုပ်ရဲသူတို့ကိုသာ သူက မိုက်ရိုင်းရဲခဲ့သည်။
အပြင်မှာတောင်မှ သူ့တွင် ကျန်းမာသည့်ကိုယ်လုံးကိုယ်ပေါက် ရှိစေကာမူ သူက ပွန်းပဲ့ဒဏ်ရာများဖြင့် အဖုံးခံထားရ၏။
ညလူခြေတိတ်ချိန်မှသာ ကျင်းဟောင်ဖေးက အိပ်ရာထဲနေ၍ ကျင်းလော့အား ပြောနိုင်သမျှ အယုတ္တနန္တစကားများဖြင့် ကျိန်ဆဲနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့တွင် ကျင်းဟောင်ဖေး မျက်လုံးထပ်ပွင့်လာချိန်တွင် နောက်ထပ်ငရဲတစ်ခုနှင့် ကြုံဆုံရ၏၊ သူဘယ်တော့မှမလွတ်မြောက်နိုင်မည့် ငရဲလိုပင်။
တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့၏။
တစ်နေ့သ၌ အမြဲလိုလို မျက်နှာရှစ်ခေါက်ချိုးရှိကာ အနည်းငယ်သဘောထားကွဲလွဲရုံနှင့် သူ့အား ကြာပွတ်ရွံစရာကျောက်တွင်းမန်နေဂျာက သူ့ကို တစ်ယောက်ယောက်တွေ့ချင်နေသည်ဟုဆိုကာ အပြင်သို့ ခေါ်ထုတ်သွား၏။
ကျင်းဟောင်ဖေး မတွန့်မိဘဲ မနေနိုင်၊ သို့သော် ထွက်ပြီးသည့်အခါတွင် သူရင်းနှီးသည့် လူတစ်ယောက်အား တွေ့လိုက်ရလေသည်။
ကျင်းလော့ပင်။
ကျင်းလော့မှာ အရမ်းကို ကျန်းမာနေသည့်ပုံပေါက်ကာ အင်တာနက်ပေါ်ကကောင်များအတိုင်း သားသားနားနားရှိကာ သူ့အသားအရေသည် ဘဲဥကဲ့သို့ ဖြူဖွေးနေသည်။
ရှိသမျှ အာဃာတ အသစ်ရော အဟောင်းရော ချက်ချင်း တစ်ဟုန်ထိုးထွက်လာကာ ကျင်းဟောင်ဖေး သွေးတက်လာတော့၏။ သူ နှစ်များချီ၍ ဖိနှိပ်ထားသည့် မချိတင်ကဲဝေဒနာနှင့် သောကတို့ ထွက်ပေါက်အား ရုတ်ခြည်း ရှာတွေ့သွားခဲ့သည်။ သူက ဥပဒေမဲ့လူရမ်းကားကောင် ဖြစ်သော်လည်း ဤစိမ်းသက်သည့် ကျောက်ကျင်း၌ အနိုင်ကျင့်ခံ နှိပ်စက်ခဲ့ရ၏။ သူ့အရင်နေခဲ့ရသည့်ဘဝနှင့် ကမ္ဘာခြားကာ မကျေမချမ်းမှုက သူ့ကို မလေးပင်စေဘဲ မနေနိုင်ပေ။
ရုတ်တရက် သူ့ရဲ့ “မိသားစုဝင်” အဟောင်း ဖြစ်သည့် သူ အရင်က အနိုင်ကျင့်ဗိုလ်ကျခဲ့သောသူအား တွေ့လိုက်ရပြီး ကျင်းဟောင်ဖေး၏စိတ်မှာ ဒေါသများနှင့် ဟုန်းဟုန်းတောက်သွားတော့သည်။ သူ နှစ်ချီ ဖိနှိပ်ထားခဲ့သည့် မာနတို့က ထွက်ပေါက်ရှာတွေ့သွားပုံရကာ ပေါက်ကွဲထွက်လာတော့၏ :
“လီးပဲ၊ ငါလိုးမသားလေး!!!”
ကျင်းဟောင်ဖေးက သူ့ရဲ့ အရိုးပြိုင်းပြိုင်းထကာ ပိန်ချုံးနေသော လက်သီးကို ရှေ့သို့ ပစ်ထိုးလိုက်ပြီး ကျင်းလော့အား ထိရန် ကြိုးပမ်းလိုက်လေသည်။ သို့သော်ငြား သူ ချဉ်းကပ်လိုက်သည်နှင့်အတူ ပြင်းပြင်းထန်ထန် အကန်ခံလိုက်ရ၏။
“အာ့!”
ကျင်းဟောင်ဖေး မြေကြီးပေါ်သို့ ပျံထွက်သွားကာ လေးပင်စွာ ဟောဟဲလိုက်နေရင်း ကျင်းလော့အား တုန်လှုပ်စွာဖြင့် ကြည့်လိုက်လေသည်။
ကျင်းလော့က သူ့ကို စကားတစ်ခွန်းမျှမပြောဘဲ ကြည့်နေခဲ့လေ၏။ ထို့နောက် သူ့လက်များအား ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်ကာ သူ့မျက်နှာအမူအရာမှာ တည်ငြိမ်လျက် : “မေ့လိုက်ပါတော့။ ပြန်ကြရအောင်။”
ကျင်းဟောင်ဖေး၏မျက်နှာမှာ ထိတ်လန့်မှုဖြင့် ဖြူဖျော့သွားတော့သည်။
ထိုသည်မှာ ကျင်းလော့လှည့်ထွက်သွားခြင်းကြောင့် မဟုတ်ဘဲ ကျင်းလော့ရဲ့စိတ်နေသဘောထားက သူမှတ်မိသည်ထက် အလွန်ကွာခြားသောကြောင့် ဖြစ်၏၊ နာကျင်ရသည့် နေ့စဉ်နေ့တိုင်း သူ စိတ်ကူးယဉ်ခဲ့ရသည့် အတိတ်ပုံရိပ်အား လုံးဝ ကြေမွသွားစေခဲ့သည်။
သူက ခွင့်လွှတ်ပေးရန် တောင်းခံပြီး သူ့ပိုက်ဆံများကို အကုန်ထုတ်ပေးလာတဲ့အထိ အရိုက်ခံရသင့်တာ…
ဘဝသည် ရုတ်တရက်ကြီး မွန်းကျပ်ဖွယ် ကောင်းလာခဲ့၏။ ကျင်းဟောင်ဖေးရဲ့ ဦးနှောက်သေးသေးလေးမှာ သူ့သစ္စာပျက်သုဉ်းလာသည်အား မတွေးတောနိုင်တော့ဘဲ နက်ရှိုင်းကာ ထိုးဖောက်နေသည့် နာကျင်မှုသာ ရှိနေသည်။
ကျင်းဟောင်ဖေး၏မျက်လုံးများ၌ အကြောက်တရားတို့ဖြင့် ပြည့်နေခဲ့၏။
ထိုအချိန်၌ ကျောက်ကျင်းမှ လူများက သူဟာ အရမ်းကို ရှက်ကြောက်တတ်ပြီး သူရဲဘောကြောင်တတ်မှန်း သတိထားမိသွားကြလေသည်။
တစ်ယောက်က ရယ်လိုက်၏၊ “အရင်က သူ့မှာ အဲ့ဒီ ဘဝင်ကိုင်နေတဲ့ မာနကြီး ရှိနေခဲ့တာ မဟုတ်ဘူးလား။ အခု သူ အချိုး ပိုကောင်းလာပြီ။ အရင်က သူ့ကွန်ဖီးဒန့်က ဘယ်ကလာမှန်း မသိဘူး..”
——–
ကျင်းယွမ်သည် အဆုံးမဲ့ အသူတရာခြောက်နက်ထဲသို့ အကြွေးများဖြင့် ဆုံးဆုံးမြုပ်နေတုန်းပင်။
သူမ၏ ပိုက်ဆံအကုန်လုံးကို ထိုအထက်တန်းကျောင်းသားက ယူသွားကာ တစ်ပြားတောင်မကျန်။
လမ်းပေါ်၌ ကျင်းယွမ်သည် ကျင်းလော့ သူမကို ပေးသည့် ပိုက်ဆံများကို ဆုပ်ကိုင်ထားလျက် သူမမျက်လုံးများက လောဘတို့ဖြင့် ဖိတ်ဖိတ်တောက်နေလေသည်။ “နင်… ဒီပိုက်ဆံနည်းနည်းလေးက နင့်အတွက် ဘာမှမဟုတ်ဘူးမလား။ နင် အရမ်းကံကောင်းလိုက်တာ…”
ကျင်းလော့က သူ့လက်များကို သူ့အနွေးထည်ထဲ ထည့်ထားလျက် အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမှမပြောပေ။ အဲ့ဒီပိုက်ဆံသည် သူဘွဲ့ရပြီးချိန်၌ အလုပ်လုပ်ခဲ့ပြီး ရခဲ့သည့် ပိုက်ဆံဖြစ်၏၊ ရှောင်းဝမ်လင်၏ပိုက်ဆံ မဟုတ်ပါ။
ဒါကိုကြားသော် ကျင်းလော့ထံတွင် ဘာမျက်နှာအမူအရာမျှ ရှိမနေခဲ့။ သူပြောလိုက်လေသည်၊ “အဲ့ဒါက မင်းကို ကျေးဇူးတင်ဖို့အတွက်ပဲ။ ငါ့ကျောက်ကပ်ကိုရောင်းစားဖို့ အမူးသမားဆီကနေ ဒရွတ်တိုက်ဆွဲသွားခံရချိန် မင်းတားပေးခဲ့တာ။ ဒါ ပိုက်ဆံအပြတ်ပဲ။”
ကျင်းယွမ် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏ : “အဲ့ဒါဆို ငါတို့ အနာဂါတ်မှာ မဆက်သွယ်ကြတော့ဘူးလား။ ငါက နင့်အစ်မလေ!”
ကျင်းလော့ : “မဟုတ်ဘူး။”
ကျင်းလော့ သူ့အား တည်ငြိမ်စွာ ကြည့်လိုက်၏ : “မင်းက ငါ့အစ်မ မဟုတ်ဘူး။”
“ဒီမှာပဲ နှုတ်ဆက်လိုက်ရအောင်၊” ကျင်းလော့ ပြောလိုက်လေသည်၊ “မင်း ကျင်းဟောင်ဖေးလို အဆုံးသတ်ချင်မှာ မဟုတ်ပါဘူး။”
ကျင်းယွမ် သိမ့်သိမ့်တုန်သွား၏။
အနွေးထည်ဝတ်ထားသော ပိန်ပါးသည့် အမျိုးသား ထွက်သွားသည်အား သူမ ကြည့်နေခဲ့သည်။ လေထုထဲတွင် အေးစက်သည့်လေများ ရှိနေခဲ့၏၊ သို့သော်ငြား သူ့နောက်ကျော၌ အရင်က စိတ်ရှုပ်ထွေးမှုနှင့် နုနယ်မှုတို့ မရှိနေခဲ့ပေ။ သူက ပိုပြီးအေးစက်ကာ နူးညံ့သိမ်မွေ့နေခဲ့သည်။ သူက သူမ သိခဲ့သည့်သူတစ်ယောက်နှင့် လုံးဝကွာခြားလှနေလေသည်…
–
ကျင်းလော့ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ဆောင်းဦးရာသီ ရောက်နေလေပြီ။
သူ ပြာမွဲမွဲ ခဲရောင်ရှိသည့် ကောင်းကင်အား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကာ အချိန် အစွန်းအထင်းများမှာ ဖြည်းဖြည်းချင်း လွင့်ပြယ်သွားနေလေသည်။
သူ့အား ဖိနှိပ်ချုပ်ချယ်ထားခဲ့သည့် အခန်းနှင့် ကမ္ဘာကြီးက မသိမသာ ပြေပျောက်သွားခဲ့လေပြီ၊ အမာရွတ်များသည်လည်း ထိုနည်းတူပင်။
လူတွေဟာ အခြေအနေတစ်ခုကို ရောက်သွားချိန်တွင် အတိတ်က သည်းမခံနိုင်ခဲ့သော အရာများအား ပြန်ကြည့်သောအခါ ၎င်းတို့သည် စိတ်ခံစားချက်များမပါသော အမှတ်အသားတစ်ခုအဖြစ်သာ သူတို့ရင်ထဲ၌ ရှိကြတော့သည်။
ကျင်းလော့ ဆေးလိပ်လည်း သောက်ချင်မိ၏။
သူ့လက်အား အနွေးအင်္ကျီအိတ်ကပ်နက်ထဲသို့ ထည့်လိုက်ပေမယ့် စီးကရက်အား သူမထုတ်ယူခဲ့ပေ။ ဒါဟာ သူ ရှောင်းဝမ်လင်ထံမှ သင်ခဲ့သည့် အကျင့်ဖြစ်ပေသည်၊ သို့သော် လင်းရှောင်ဝမ်က ကျင်းလော့လည်း ဆေးလိပ်သောက်မှန်းသိသွားပြီးနောက် ဖြတ်လိုက်လေ၏။ ဒါပေါ့၊ ဘွဲ့ရပြီးနောက် ရှောင်းဝမ်လင်က အလုပ်များလွန်း၍ ဆေးလိပ်မသောက်နိုင်တော့တာလည်း ပါသည်။ ကျင်းလော့က ရှောင်းဝမ်လင်အား မတွေ့ရသည်မှာ နည်းနည်း ကြာပြီ။
သူနဲ့ ရှောင်းဝမ်လင်က ကောလိပ်၌ အချိန်အကြာကြီး ကိုးရိုးကားယားဖြစ်ခဲ့ပြီးနောက် အချိန်ကြာမြင့်သည့် ဆက်ဆံရေး ရှိခဲ့သည်။ နောက်ဆုံးတွင် ကျင်းလော့၏ ပြင်းပြသည့် ဆန္ဒအောက် သူတို့ ဘွဲ့မယူခင် တိတ်တိတ်ကလေး လက်ထပ်ခဲ့ကြသည်။
…ဒါ အရမ်းကို ထူးဆန်းတဲ့ ခံစားချက်ပဲ။
ကျင်းလော့ တွေးမိလိုက်၏။
ရှောင်းဝမ်လင်က အမြဲတမ်း သူ့ရဲ့ ပေါ့ပေါ့ပါးပါး အမှုမထားမှုဖြင့် ကြီးစွာသော ငြိမ်းချမ်းသည့် ခံစားချက်ကို သူ့အား ပေးနိုင်ခဲ့သည်။
ရှောင်းဝမ်လင်မှာ မကြာသေးမီက နိုင်ငံခြားထွက်သွားခဲ့ကာ သူဘယ်သွားမှန်း ဘယ်သူမှ မသိချေ။
ကျင်းလော့က ရှောင်းဝမ်လင် သူ့အား အသားကျရန် အချိန်တချို့ကြာဦးမည်ဟုထင်ထားခဲ့သည်၊ အဲ့ဒါတောင်မှပဲ သူ မသက်မသာခံစားချက်တစ်ခုကို ရနေသေး၏။
ကျစ်လျစ်သည့် အရွယ်ရောက်ပြီးသား အိုမီဂါသည် အခုချိန်တွင် ကွဲပြားမှုဖြစ်ပြီးသောအခါ သွယ်လျပြီး အရပ်ရှည်နေကာ လမ်းမပေါ်၌ စိုစိုလွင်လွင် ပန်းချီကားတစ်ချပ်အတိုင်း ရပ်နေ၏။
ကျင်းလော့ အသက်ရှူထုတ်လိုက်သည်၊ ထို့နောက် ရုတ်တရက် သစ်သားအနံ့ရောပြွန်းနေသည့် စီးကရက်နံ့အား သူ ရလိုက်၏။ သူခေါင်းလှည့်ကာ ကြည့်လိုက်လိုက်လေသည်။
ကျင်းလော့က ကုတ်အင်္ကျီရှည်အား ဝတ်ထားလျက် သူ့ခြေထောက်များမှာ ရှည်မျောပုံ ပေါ်နေသည်၊ သူဟာ လူလားမြောက်သောအရွယ်နှင့်သာ ပါလာသည့် ရင့်ကျက်မှုနှင့် တည်ငြိမ်မှုတို့အား ပိုင်ဆိုင်ထားလေပြီ။
သူက လမ်းထိပ်သို့ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ပြီးပြည့်စုံသည့် အရှည်ရှိ ဝတ်စုံပြည့်အား ဝတ်ထားသည့် အရပ်မြင့်ကာ ချောမောသော အယ်လ်ဖာတစ်ယောက်သည် သူ့နှုတ်ခမ်းများကြား စီးကရက်တစ်လိပ်ဖြင့် တစ်နေရာရာမှ အပြေးအလွှားလာနေခဲ့၏။ ထို အားကောင်းမောင်းသန် အယ်လ်ဖာက ကျင်းလော့ သူ့ကို ကြည့်နေသည်အား တွေ့ပြီး ပြုံးပြလာသည်၊ သူ့ ခြိမ်းခြောက်ဖွယ် အရှိန်အဝါမှာ တော်တော်ပင် လွင့်စင်ပျောက်ပျက်သွားလေတော့သည်။
ရှောင်းဝမ်လင်က သူ့လက်မောင်းတို့အား ဖွင့်ရင်း ပြုံးလျက် ပြောလာခဲ့၏၊ “Surprise!”
ကျင်းလော့က သူ့ထံ လမ်းလျှောက်သွားသည်၊ သို့သော် ရှောင်းဝမ်လင်ရဲ့ ပွေ့ဖက်မှုကို လက်ခံရမည့်အစား သူက ပြောလိုက်သည်၊ “စီးကရက်နံ့။”
“ငါလည်း တစ်လိပ် လိုချင်တယ်။”
ရှောင်းဝမ်လင် : “?”
ရှောင်းဝမ်လင် : “မင်းရဲ့လောင်ကုန်းက ပြန်လာဖို့အတွက် အကြာကြီး ခရီးနှင်ခဲ့ရတာ၊ မင်းဂရုစိုက်တာက ဒါလား…”
ကျင်းလော့က ရှောင်းဝမ်လင်၏ အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်အား ထုတ်ယူလိုက်သည်။ စီးကရက်ကို သူ့နှုတ်ခမ်းတွင် ကိုက်ပြီး အနည်းငယ် ရှေ့တိုးလိုက်ကာ ရှောင်းဝမ်လင်၏ ပါးစပ်ထောက်မှာ စီးကရက်မီးအား ယူလိုက်၏၊ သူ့ဝင်သက်ထွက်သက်ဟာလည်း နီးကပ်နေသည်။
ကျင်းလော့၏ ပင်လယ်ဆားနံ့ အိုမီဂါဖယ်ရိုမုန်းများသည် ဆေးလိပ်၏ အနံ့ဖျော့ဖျော့ဖြင့် နူးညံ့စွာ ရောစပ်သွားလေသည်။ ရှောင်းဝမ်လင် ရပ်နေကာ သူ့အကြည့်များက ကျင်းလော့ရဲ့ နှစ်လိုဖွယ် မျက်တောင်များပေါ်သို့ ရောက်နေ၏။
သူ မလှုပ်မယှက်သာ နေလျက် ကျင်းလော့အား သူ့ကို ဖိထားခွင့် ပြုထားပြီး သူ့တို့၏ဝင်သက်ထွက်သက်များမှာ ရောနှောနေသည်။
ကျင်းလော့ မျက်လွှာချပြီး မီးကူးပြီးသည်နှင့် ရှောင်းဝမ်လင် စီးကရက်ငွေ့အား တစ်ချက်ရှိုက်လိုက်ကာ စီးကရက်ကို သူ့နှုတ်ခမ်းမှ ဖယ်လိုက်၏။ သူ ကျင်းလော့ရဲ့မေးရိုးပေါ် လက်ချောင်းတစ်ချောင်းတင်လိုက်ကာ ကျန်လက်ဖြင့် ကျင်းလော့၏ စီးကရက်ကို ဖယ်ပြီး သူ့အား နမ်းလိုက်လေသည်။
သူ့တို့ဝင်လေထွက်လေတို့မှာ နီးကပ်နေကာ အနမ်းနှင့်အတူ စီးကရက်၏ ပူပြင်းသည့် မီးခိုးရနံ့က စွဲကျန်နေ၏။ ကျင်းလော့ အဆွဲခံလိုက်ရသည်အား မခုခံလိုက်နိုင်ကာ မွန်းသွားပြီး အီထနဲ မြည်သွားသည်။ ရှောင်းဝမ်လင်က သူ့လက်ကို မြှောက်ကာ သူ့ပုခုံများကို ဖက်ထားပြီး ရှည်လျားသည့် အနမ်းအား အတိုင်းအဆမရှိ ကြာမြင့်သွားစေ၏။
သူတို့ရဲ့ လျှာများမှာ ပူနွေးကာ တက်ကြွနေလျက် သူတို့ရဲ့ နှုတ်ခမ်းရောင်များဖြင့် ရောနှောသွားကာ သူတို့ရဲ့ထုံကျင်သည့် လျှာများကို အမြစ်ကနေ တဆုံး ဆွဲညှစ်နုတ်နေကြသည်။ ကျင်းလော့က စီးကရက်ငွေ့ကြောင့် မွန်းသွားပြီး ရှောင်းဝမ်လင်လက်အား ကိုင်လိုက်၏။ အသက်ရှူကျပ်မှုကြောင့် ကျင်းလော့မျက်လုံးများ စိုစွတ်လာမှသာလျှင် ရှောင်းဝမ်လင်က သူ့ပါးစပ်ကို လွှတ်ပေးလိုက်သည်။
ရှောင်းဝမ်လင်က သာမန်ကာလျှံကာ ခေါင်းစောင်းလိုက်ပြီး စီးကရက်ငွေ့များအား အဝေးသို့ မှုတ်ထုတ်လိုက်၏။ ကျင်းလော့ရဲ့ မျက်ရည်များအား သုတ်ပေးလိုက်ကာ သူ့အသံမှာ အက်ရှနေသည် : “ပေါင်ပေ့၊ မင်း အရမ်းကြည့်ကောင်းတာပဲ…”
“ဒါပေမယ့် ကိုယ်က မင်းကို ဒီလိုပုံမျိုးနဲ့ ပိုကြိုက်တယ်။”
Chapter 57 ended