⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 93+94+95 (extras)

Little Creampie:
Chapter 93 (new year extra)

ဒီနေ့က နှစ်သစ်ကူးနေ့။ မုယောင်နဲ့ ဖေးယန်ရှင်း၊ ပိုင်ရန်တို့က ဈေးဝယ်ထွက်ပြီး ဟင်းသီးဟင်းရွက်တွေ အများကြီးနဲ့ အလှဆင်ပစ္စည်းတွေ ဝယ်လာ​ကြတယ်။ ညနေမှာ လူတိုင်း အတူတူ နှစ်သစ်ကူးပွဲ ကျင်းပဖို့ စဉ်းစားထားကြတယ်။

မုယွင်ဇီနဲ့ခန်ချင်းဟန်တို့က အလုပ်ကနေ စောစော ပြန်လာကြတယ်။ လော့ယင်ကလည်း သူ့အသင်းဝင်တွေနဲ့ စားသောက်ပွဲပြီး အိမ်ကို အမြန်ပြန်လာတယ်။

ဒီလူတွေထဲမှာ ခန်ချင်းဟန်နဲ့ပိုင်ရန်တို့ပဲ ဟင်းချက်တတ်ကြတယ်။ ဒါပေမယ့် သူတို့က မုယောင်အတွက်ပဲ ချက်ပြုတ်ပေးချင်ကြတာ။ ဒါကြောင့် တခြားလူတွေက မီးဖိုချောင်ထဲ ဝင်ပြီး ကူညီရတယ်။

ဘယ်လောက်ပဲ ရုပ်ရည်ကြည့်ကောင်းကောင်း လက်ရာမကောင်းရင် မကယ်တင်နိုင်ဘူး။ CEOသုံးယောက်လှီးထားတဲ့ ဟင်းသီးဟင်းရွက်တွေက တစ်ခုမှ ကြည့်လို့ မကောင်းဘူး။
ပိုင်ရန်က သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်လာလို့ နှင်ထုတ်လိုက်တယ်။

မုယောင်က ပိုင်ရန် ချက်ပြုတ်တာကို ကြယ်လေးတွေနဲ့ ပြည့်နေတဲ့ မျက်ဝန်းတွေဖြင့် ကြည့်ပြီး အရမ်းမိုက်လိုက်တာလို့ တွေးလိုက်တယ်။

ခန်ချင်းဟန်ကလည်း မုယောင်ရဲ့ရှေ့မှာ မသိမသာ ပေါ်လာပြီး သူ့ရဲ့ကျွမ်းကျင်တဲ့ ဓားချက်တွေနဲ့ မုယောင်ရဲ့အာရုံကို ဖမ်းစားလိုက်တယ်။

ကျန်တဲ့သုံးယောက်က မီးဖိုချောင်ထဲမှာ ပြိုင်ဆိုင်နေတဲ့ နှစ်ယောက်ကြောင့် ဒေါသထွက်လုနီးပါးပဲ။
မုယွင်ဇီက ဒီလို မဖြစ်သင့်ဘူးလို့ ခံစားရလို့ မုယောင်ရဲ့ အံ့သြတကြီး အသံကြားမှာ မုယောင်ကို တင်ပါးကနေ ပွေ့ချီပြီး ခေါ်သွားလိုက်တယ်။

“မုယွင်ဇီ၊ ဘာလုပ်တာလဲ?” မုယောင်က လန့်သွားတယ်။

“ချစ်လေး၊ မင်းအတွက် နှစ်သစ်ကူးလက်ဆောင်က ဘာလဲဆိုတာ ခန့်မှန်းကြည့်။” မုယွင်ဇီက မုယောင်ရဲ့ချောမွေ့တဲ့ ခါးကို ပွတ်သပ်ရင်း သူ့မျက်နှာက မုယောင်နဲ့နီးကပ်လာတယ်။

“ယားတယ်၊ မဆိုးနဲ့…” မုယောင်က သူ့မျက်နှာကို တွန်းဖယ်ရင်း ခြံထဲကို ခေါ်သွားခံလိုက်ရတယ်။

ခြံထဲမှာ ရပ်ထားတဲ့စူပါကားကို မြင်တော့ မုယောင်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။

“အစ်ကို ဒါကို ရအောင် လုပ်ခဲ့တာလား!” မုယောင်ရဲ့ပျော်ရွှင်မှုက မျက်လုံးထဲကနေ ထွက်လာတော့မယ့်အတိုင်းပဲ။

ဒီကားက လွန်ခဲ့တဲ့လကမှ ထွက်လာခဲ့ပေမယ့် မုယောင်က မရခဲ့လို့ အကြာကြီး စိတ်ပျက်နေခဲ့တာ။

“ကြိုက်လား?” မုယွင်ဇီက မုယောင်ကို လွှတ်ပေးလိုက်တော့ မုယောင်က ကားဘေးကို ငှက်လေးတစ်ကောင်လို ပျံသွားတော့တယ်။

မုယောင်မှာ သခင်လေးတစ်ယောက်လို စိတ်နေစိတ်ထားရှိပြီး sportကားတွေကို အကြိုက်ဆုံးပဲ။ ပိုဈေးကြီးပြီး ပိုခမ်းနားလေ ပိုကြိုက်လေပဲ။

“ယောင်ယောင်၊ ငါ့မှာလည်း မင်းကို လက်ဆောင် ပေးစရာရှိတယ်။” လော့ယင်က ဘယ်ကတည်းက ချောင်းနေလဲ မသိ။မုယောင်ရဲ့အာရုံကို ဖမ်းစားဖို့ ပေါ်လာတယ်။

မုယောင်က သူ့ကို စူးစမ်းစွာ ကြည့်နေတယ်။ လော့ယက နောက်ကနေ လှပကာ လက်ရာမြောက်တဲ့ သေတ္တာလေးတစ်လုံးကို ထုတ်လိုက်တယ်။

“အရင်တစ်ခေါက်က မင်း ကစားချင်တယ်ဆိုတဲ့ ရှားပါးဂိမ်းစက်ကို ငါ လူတစ်ယောက်ကို ဝယ်ခိုင်းထားတယ်။ ဂိမ်းစက်ကိုလည်း ဒုတိယထပ်မှာ တပ်ခိုင်းထားတယ်။ ဒီည ကစားလို့ရပြီ။”

“အိုကေ!” မုယောင်က အရမ်းပျော်သွားပြီး အမြှောက်ဆံလေးတစ်လုံးလို လော့ယင်ရဲ့ရင်ခွင်ထဲကို ပြေးဝင်သွားတယ်။
လော့ယင်က မုယွင်ဇီကို ဂုဏ်ယူနေတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ မုယွင်ဇီက အပေါ်ယံမှာတော့ မထီမဲ့မြင်ပြုနေပေမယ့် စိတ်ထဲမှာ ဒီကောင်က တအားလှည့်စားကောက်ကျစ်လွန်းလို့လို့ ဒေါသထွက်နေတယ်။

“လာပြီး စားကြတော့။” ဖေးယန်ရှင်းက ပြေးထွက်လာပြီး သူတို့ ခေါ်လိုက်တယ်။

“စားပြီးရင် မှောင်တော့မှာ။ ညနေပိုင်းမှာ မီးရှူးမီးပန်းတွေ ဖောက်ဖို့ မြို့ပြင်ကို ကားမောင်းသွားကြမယ်။”

ပိုင်ရန်နဲ့ ခန်ချင်းဟန်တို့ရဲ့လက်ရာက အရမ်းကောင်းတယ်။ မုယောင်က သူတို့ကို တစ်ယောက်တစ်ချက် နမ်းလိုက်တယ်။
အပြင်ထွက်တော့ သူတို့က မုယောင်ကို အထုပ်ကြီးလေးလို ထုပ်ပေးလိုက်တယ်။ မုယောင်ရဲ့မကျေနပ်မှုကိုတော့ သူတို့က တမင်တကာ လျစ်လျူရှုလိုက်ကြတယ်။

ဖေးယန်ရှင်းက မီးရှူးမီးပန်းအမျိုးအစား အများကြီးကို ဝယ်လာပြီး မုယောင်လက်ထဲကို မီးပန်းလေးတွေ ထည့်ပေးလိုက်တယ်။

မုယောင်က အစပိုင်းမှာ မလုပ်ချင်ဘူး။ လုပ်ရင် သူက ကလေးဆန်တဲ့ပုံစံကြီးဖြစ်သွားပြီး သူ့ပုံရိပ်က မမိုက်တော့ဘူးလို့ တွေးမိတယ်။ဒါပေမယ့် ခဏလောက် ကစားပြီးတော့ ပျော်စရာကောင်းတာကို သိသွားတယ်။ ပိုင်ရန်က ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံတွေ အများကြီး ရိုက်ပေးလိုက်တယ်။

အိမ်ကို ပြန်ရောက်တော့ ၁၁ နာရီကျော်သွားပြီ။ မုယောင်က တီဗီဖွင့်ပြီး ဘယ်နှစ်သစ်ကူးအကြိုရှိုးက ကောင်းလဲဆိုတာကို ကြည့်ဖို့ လုပ်လိုက်တယ်။

ရလဒ်အနေနဲ့ သူက သီချင်းဆိုနေတဲ့ အဆိုတော်လေးတစ်ယောက်ကြောင့် ဆွဲဆောင်ခံလိုက်ရတယ်။

“ငွေရောင်ဆံပင်တိုလေးနဲ့က အရမ်းကြည့်ကောင်းတာပဲ!” မုယောင်က အံ့သြသွားတယ်။

“ဘာမှ မကောင်းပါဘူး။” ​လော့ယင်က မနာလိုတဲ့အသံနဲ့ ရီမုတ်ကို ယူပြီး ချန်နယ် ပြောင်းလိုက်တယ်။

“မင်း ဘာလုပ်တာလဲ။ ပြန်ပြောင်းပေး။” မုယောင်က မကျေနပ်ဖြစ်သွားပေမယ့် ​လော့ယင်က ရည်ရွယ်ချက်ရှိရှိ လက်ကို မြှောက်ထားတယ်။ မုယောင်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လော့ယင်ရဲ့ရင်ခွင်ထဲကို ပစ်ထည့်လိုက်ပေမဲ့လည်း ရီမုတ်ကို မမီသေးဘူး။

“ယောင်ယောင်၊ ချယ်ရီသီးလေး စားဦး။” ခန်ချင်းဟန်က ပြုံးကာ သူ့ကို ချယ်ရီသီးကျွေးလိုက်ပြီး လော့ယင်နဲ့ အကြည့်ချင်း ဖလှယ်လိုက်တယ်။

လော့ယင်က သတိပြန်ဝင်လာပြီး ချန်နယ် ပြောင်းလိုက်တယ်။ မုယောင်က သူ လှည့်စားခံလိုက်ရတာကို သိသွားပေမယ့် ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်တော့ သူ့ကို ကူညီပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။

“ခင်​ဗျားတို့အားလုံးက တွန့်တိုတတ်တဲ့သူတွေပဲ!” မုယောင်က ဒီထက်ပိုပြီး မပြောနိုင်တော့ဘူး။

ပြတင်းပေါက်အပြင်မှာ နှင်းပွင့်လေးတွေ တဖြည်းဖြည်း ကျနေတယ်။ တန်တန်က ပြတင်းပေါက်ပေါ်မှာ လဲလျောင်းပြီး အပြင်က ကျယ်ပြောတဲ့ ဖြူဖွေးမှုကို ကြည့်နေတယ်။ပြီးနောက် ခေါင်းလှည့်ပြီး ပျော်ရွှင်နေတဲ့သူ့သခင်ကို ကြည့်လိုက်တယ်။ထို့နောက် သူက သန်းဝေပြီး လှပတဲ့မျက်လုံးတွေကို မှိတ်ကာ ကောင်းကောင်းမွန်မွန် အိပ်စက်လိုက်တော့တယ်။

Chapter 93 end (extra)

Chapter 94 (extra 2)

သာမန်ညတစ်ညမှာ မုယောင်က ဖုန်းသုံးရင်း အိပ်ပျော်သွားတယ်။
ဒါပေမယ့် ထို​ညက ကျန်တဲ့ငါးယောက်အတွက်တော့ သာမန်ညလေးတစ်ည မဟုတ်ခဲ့ဘူး။

လူတိုင်း ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့ကြတယ်။ထိုအိပ်မက်က မုယောင် အသက် ၁၉ နှစ်မှာ စတင်ခဲ့တယ်။

လက်တွေ့ဘဝနဲ့ မတူဘူး။ထိုအိမ်မက်ထဲတွင် မုယောင်က ရုတ်တရက်ကြီး မုယွင်ဇီကို ဖုန်းဆက်ပြီး အိမ်ပြောင်းမယ်လို့လည်း မပြောခဲ့ဘူး။ မုယွင်ဇီကလည်း ရုပ်ရည်ပဲ ရှိတဲ့ ဒီ အသုံးမကျတဲ့ညီလေးကို အာရုံမစိုက်ခဲ့ဘူး။

အဲ့ဒီအိပ်မက်ထဲမှာ မုယွင်ဇီက တဖြည်းဖြည်း ပိုင်ရန်ကို သတိထားမိပြီး သူ့ဆီကနေ ဆွဲဆောင်ခံလိုက်ရတယ်။ နောက်ဆုံးမှာ ပိုင်ရန်ကို ချစ်မိသွားတယ်။
.

လော့ယင်၊ ဖေးယန်ရှင်းနဲ့ ခန်ချင်းဟန်တို့ကလည်း ပိုင်ရန်ကို ချစ်မိသွားကြတယ်။ ထိုယောက်ျားတွေက အကြာကြီး အငြင်းအခုံ ဖြစ်ပြီး နောက်ဆုံးမှာ သူတို့ချစ်သူကို မျှဝေဖို့ သဘောတူလိုက်ကြတယ်။

ဖေးယန်ရှင်းက ဂိမ်းဆော့ရင်း ဂိမ်းထဲကနေ မုယောင်ကို မသိခဲ့ဘူး။ ခန်ချင်းဟန်ကလည်း ဘားမှာ မုယောင်ကို မတွေ့ခဲ့သလို မုယောင်ကို စိတ်လည်း မဝင်စားခဲ့ဘူး။ လော့ယင်က ပိုင်ရန်ကြောင့် မုယောင်ကို ပြိုင်ဆိုင်ပြီး မုယောင်ကို အရမ်း ရွံရှာ မုန်းခဲ့တယ်။

မုယောင်ရဲ့မျက်နှာမှာ လင်းလက်မှု တစ်စက်လေးမှ မရှိဘဲ မှောင်မိုက်နေတယ်။သူ့ရဲ့မှိုင်တွေနေတဲ့ပုံစံက သူတို့ သိတဲ့ မုယောင်နဲ့ လုံးဝ မတူဘူး။

သူက မုယွင်ဇီရဲ့အသိအမှတ်ပြုမှုကို ရူးသွပ်စွာလိုချင်ခဲ့တယ်။ ဒါပေမယ့် မုယွင်ဇီရဲ့အကြည့်တွေက ပိုင်ရန်အတွက်ပဲ ရပ်တန့်နေခဲ့တယ်။

ဒါကြောင့် သူက ပိုင်ရန်ကို မုန်းတီးနေခဲ့တယ်။ ပိုင်ရန်ကို တွေ့တာနဲ့ အေးစက်စွာ လှောင်ပြောင်ပြီး ကဲ့ရဲ့ရှုတ်ချပြီး သူ့ရဲ့ စကားလုံးတွေကလည်း တဖြည်းဖြည်း မနှစ်မြို့ဖွယ် ဖြစ်လာတယ်။

နောက်ဆုံးမှာ သူက စိတ်မထိန်းနိုင်တော့ဘဲ လူခေါ်ပြီး ပိုင်ရန်ကို ဖမ်းခိုင်းလိုက်တယ်။

အဆုံးမရှိတဲ့ လမ်းကြားလေးထဲမှာ ပိုင်ရန်ကို အချိန်မီ ကယ်တင်နိုင်ခဲ့ပေမယ့် မုယောင်က လော့ယင်ရဲ့လက်စားချေမှု၊ မုယွင်ဇီရဲ့လျစ်လျူရှုမှုနဲ့ ကျန်တဲ့သုံးယောက်ရဲ့ထိုကိစ္စကို သဘောတူခွင့်ပြုမှုကြောင့် ပျက်စီးသွားတယ်။

မုယောင် ခုန်ချသွားတဲ့အချိန်မှာ လူတိုင်း ချက်ချင်း နိုးလာကြပြီး မျက်နှာတွေပေါ်မှာ ချွေးအေးတွေ ရွှဲနစ်နေခဲ့တယ်။

လော့ယင်ရဲ့နှလုံးခုန်နှုန်းက အရမ်း မြန်နေတယ်။ သူက ဘာလို့ ဒီလိုအိပ်မက် မက်တာလဲဆိုတာကို နားမလည်ပေမယ့် ညှိုးနွမ်းပျက်စီးပြီး အသက်မဲ့နေတဲ့ မျက်လုံးတွေက သူ့စိတ်ထဲမှာ စွဲထင်နေတယ်။

သူက ပြန်အိပ်လို့ မရတော့ဘူး။ အခန်းတံခါးကို ဖွင့်ပြီး အပြင်ကို လှမ်းထွက်လိုက်တော့ မျက်နှာ မကောင်းတဲ့ မုယွင်ဇီနဲ့ မျက်နှာချင်းဆိုင်မိသွားတယ်။

လော့ယင်က ပါးစပ်ကို လှုပ်လိုက်ပြီး တစ်ခုခု ပြောဖို့ လုပ်နေတုန်း ခန်ချင်းဟန်ရဲ့အခန်းတံခါးလည်း ပွင့်သွားတယ်။

လော့ယင်က တစ်ခုခုကို ဝိုးတဝါး ဖမ်းမိလိုက်တယ်။ သူက လူနှစ်ယောက်ကို ကြည့်ပြီး အောက်ထပ်ကို ဆင်းသွားတယ်။ ထိုနှစ်ယောက်လည်း လိုက်ဆင်းလာကြတယ်။

အောက်ထပ်ကို ရောက်တော့ ဧည့်ခန်းမီးတွေ ပွင့်နေတယ်။ ပိုင်ရန်နဲ့ ဖေးယန်ရှင်းတို့က တစ်ဖက်စီမှာ ထိုင်နေပြီး မျက်နှာတွေက သိပ်မကောင်းဘူး။

ယောက်ျားငါးယောက်က တစ်ယောက်ကို တစ်ယောက် စူးစမ်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။ ပိုင်ရန်ရဲ့မျက်နှာက ပိုပြီးထူးဆန်းလာတယ်။

“ငါ အိပ်မက်တစ်ခု မက်ခဲ့တယ်…” ပိုင်ရန်က စမ်းသပ်တဲ့ အသံနဲ့ ပြောလိုက်တယ်။

“……” တိတ်ဆိတ်မှုက ဧည့်ခန်းထဲမှာ ပျံ့နှံ့နေတယ်။ လော့ယင်က လက်သီးဆုပ်လိုက်မိတယ်။

“အဲဒီအိပ်မက်ထဲမှာ ငါ ချစ်တဲ့သူက မင်းပဲ။” မုယွင်ဇီက ပြောလိုက်တယ်။

လူအားလုံး ခေါင်းကို မော့လိုက်ကြတယ်။ သူတို့အားလုံးက တူညီတဲ့ အိပ်မက်ကို မက်ခဲ့ကြတယ်ဆိုတာကို သိသွားကြတယ်။

“ငါ ပြန်ပြောပြမယ်။” ခန်ချင်းဟန်က ပြောလိုက်တယ်။

……………………………………………………….

ယောက်ျားအနည်းငယ်က ဧည့်ခန်းထဲမှာ ထိုင်နေကြတယ်။ မျက်နှာတွေမှာ ရှုပ်ထွေးမှုနဲ့ နောင်တတွေ ပြည့်နေတယ်။ ဒီဖြစ်ရပ်က အရမ်းထူးဆန်းပြီး တကယ့်ကို ဖြစ်ခဲ့သလို ထူးဆန်းတယ်။ မုယောင်ရဲ့အစောပိုင်း တုံ့ပြန်မှုတွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ အနည်းငယ် ယုတ္တိမရှိတဲ့ အဖြေတစ်ခုကို ရနိုင်တယ်။

မုယောင်က ပြန်လည်မွေးဖွားလာခဲ့တာ။

ဒီကောက်ချက်က မုယောင်ရဲ့ အစပိုင်းမှာ သူတို့ကို ရှောင်နေတဲ့ အပြုအမူနဲ့ မုယွင်ဇီနဲ့ လော့ယင်အပေါ် ဖုံးကွယ်မရတဲ့ ရန်လိုမှုတွေကို ရှင်းပြနိုင်တယ်။

“…ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?” လော့ယင်က အက်ကွဲနေတဲ့အသံနဲ့ မေးလိုက်တယ်။

သူက ပိုင်ရန်ကြောင့် မုယောင်ကို ဒီလိုဆက်ဆံပြီး သူ့ရဲ့ သေဆုံးမှုအထိ ဦးတည်သွားစေမယ်ဆိုတာ တွေးလို့မရဘူး။

ပိုင်ရန်က စားပွဲကို စိုက်ကြည့်နေပြီး ဘာပြောရမလဲ မသိဘူး။
ဒီလူတွေထဲမှာ သူက မုယောင်ကို ဘယ်တော့မှ မထိခိုက်ခဲ့ဘူး။ မုယောင်ရဲ့ထိခိုက်နစ်နာမှုကို ခံခဲ့ရတဲ့သူ ဖြစ်တယ်။ ဒါပေမယ့် မုယောင်က သူ့ကြောင့်နဲ့ လော့ယင်ရဲ့လက်စားချေမှုကို ခံရတယ်လို့ တွေးမိလိုက်တော့ သူ ခါးသီးမှုတွေနဲ့ ပြည့်နှက်သွားတယ်။

.
“ကြောင်ပေါက်လေးကို သွားမေးမနေကြနဲ့။ သူက နောက်ဆုံးမှ ခက်ခက်ခဲခဲ ရုန်းထွက်လာနိုင်ခဲ့တာ။” ဖေးယန်ရှင်းက ပြောလိုက်တယ်။

“ကြောင်ပေါက်လေးက စိတ်ရောဂါကုဆရာဝန်နဲ့ လပေါင်းများစွာ ပြသခဲ့တာ။ အဲဒီမှတ်ဉာဏ်က သူ့အတွက် အရမ်းနာကျင်စရာကောင်းတယ်”

“ငါတို့ ကိုယ့်ဘာသာ လျော်ကြေးပေးဖို့ ကြိုးစားကြတာပေါ့။” မုယွင်ဇီရဲ့စိတ်ထဲမှာ ခံစားချက်တွေ ရောထွေးနေတယ်။

ဘယ်သူမှ ဘာမှ ထပ်မပြောပေမဲ့ သူတို့အားလုံးက တညီတညွတ်တည်း ဒုတိယထပ်က မုယောင်ရဲ့အခန်းကို ကြည့်လိုက်ကြတယ်။

သူတို့ရဲ့ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်မှာ တူညီတဲ့ လျှို့ဝှက်ချက်နဲ့ မုယောင်ကို နှစ်ဆချစ်ဖို့ပဲ တတ်နိုင်တော့တယ်။

စာရေးသူ၏မှတ်ချက်။ နောက်ပိုင်းမှာ အပိုဇာတ်လမ်းတွေ ပေါ်လာနိုင်တယ်။ ဘယ်လိုအပိုဇာတ်လမ်းတွေ ကြည့်ချင်လဲဆိုတာကိုလည်း ပြောပြနိုင်တယ်။ ရေးဖြစ်ချင်မှလည်း ရေးဖြစ်မှာပါ။ ဟားဟားဟားး

Chapter 94 end

ကဲကဲ…authorက အဲ့လိုပြောသွားတာဆိုတော့ နောက်extra ဖြစ်တဲ့ omegaversက တစ်ပိုင်းပဲ ထွက်သေးပေမယ့် ဆက်ရေးဖြစ်မယ့်ပုံပဲ။ update မလာတာကတော့ 2024 ကတည်းက။

Chapter 95 (ABO LINE)

မုသခင်လေးမှာ မကြာသေးခင်ကမှ စိတ်မချမ်းမသာ​ဖြစ်လာတယ်။ သူ အမြဲတမ်း အရမ်းလေးစားရတဲ့ သူ့ရဲ့အစ်ကိုမုယွင်ဇီက ဆင်းရဲသားရပ်ကွက်က အိုမီဂါတစ်ယောက်ကို ကြိုက်သွားတယ်တဲ့လေ။

မုယွင်ဇီက ဖခင်မုဖုန်းချွမ်ရဲ့မြို့စားမင်းဘွဲ့ကို ဆက်ခံပြီး အင်ပါယာရဲ့အသက်အငယ်ဆုံးမြို့စားမင်းကြီး ဖြစ်လာခဲ့တယ်။

မုယွင်ဇီကိုယ်တိုင်က S အဆင့် အယ်လ်ဖာတစ်ယောက်ဖြစ်ပြီး အရမ်းချောမောတယ်။ မြို့စားမင်းကြီးရဲ့သားအကြီးဆုံးအဖြစ် အင်ပါယာတစ်ခုလုံးကအိုမီဂါတွေရဲ့အိပ်မက်ထဲက ချစ်သူလေး ဖြစ်၏။

ဒါပေမယ့် သူက အလှအပကို စိတ်မဝင်စားဘဲ စစ်တပ်ထဲမှာပဲ သူ့ရဲ့နိုင်ငံရေးလုပ်ငန်းကို တိုးတက်အောင် လုပ်နေခဲ့တယ်။ နောက်ပြီး သူက အရမ်းအေးစက်တဲ့သူ။

မုယောင်က သူ့ရဲ့ဖခင်တူ မအေကွဲ ညီလေး။ သူကတော့ S အဆင့်ရှိတဲ့အိုမီဂါထက်တောင် ပိုလှတဲ့ ဘီတာတစ်ယောက်။

မုယောင်ရဲ့မိခင်က သားကို အကြောင်းပြပြီး ချမ်းသာချင်တဲ့ မင်းသမီးတစ်ယောက်ပဲ။ ဒါပေမယ့် မြို့စားကြီးက ဘယ်လိုလုပ် သူ့ကို လက်ထပ်မှာလဲ။ နောက်ဆုံးမှာ သူမက ကလေးကို ထားခဲ့ပြီး ငွေအမြောက်အမြားနဲ့ တခြားဂြိုဟ်ကို ထွက်သွားခဲ့တယ်။

မုဖုန်းချွမ်နဲ့ မုယွင်ဇီတို့က မုယောင်ကို ဘယ်တော့မှ မနှိပ်စက်ဘူး။ ဒါပေမယ့်လည်း သူတို့က သူ့ကို ချစ်လည်း မချစ်ဘူး။

မုယောင်ရဲ့မှတ်ဉာဏ်ထဲမှာ သူ အစ်ကိုနဲ့ဖခင်ရဲ့ပွေ့ဖက်မှုကို လိုချင်လို့ လက်ကို ဖြန့်လိုက်တိုင်း အေးစက်တဲ့ အကြည့်တွေကိုပဲ ရခဲ့တယ်။

မုယောင်က ငယ်ငယ်လေးကနေ ကြီးတဲ့အထိ ငွေအမြောက်အမြား ရှိပေမယ့် အနမ်းတစ်ချက်မှ မရခဲ့ဘူး။
ဒါကြောင့် မုသခင်လေးက ပုံမှန်မဟုတ်တဲ့သူ ဖြစ်လာတာ မဆန်းပါဘူး။

မုယောင်က အင်ပါယာတစ်ခုလုံးမှာ နာမည်ကြီးတဲ့ စည်းကမ်းမရှိတဲ့သခင်လေး။ သူက လူတိုင်း စိတ်ဝင်စားလောက်အောင် လှပတဲ့ မျက်နှာလေး ရှိပေမယ့် စိတ်နေစိတ်ထားကတော့ အရမ်း ဆိုးရွားလွန်းတယ်။

ကျောင်းတက်တဲ့အချိန်မှာ အတန်းပျက်တာ၊ ကားမောင်းပြိုင်တာ၊ ဘားသွားတာတွေ အမြဲလုပ်တယ်။ သူ ဘယ်ကို သွားသွား ကျောင်းက အနိုင်ကျင့်တဲ့သူ ဖြစ်ပြီး လူအုပ်ကြီးနဲ့ အမြဲတမ်း လိုက်ပါသွားတတ်တယ်။

မုယောင် ဒီလိုမျိုးတွေလုပ်တာရဲ့တစ်ဝက်က မုယွင်ဇီရဲ့အာရုံကို ဖမ်းစားဖို့ပါ။ ဒါပေမယ့် ပြဿနာဖြစ်လို့ အုပ်ထိန်းသူခေါ်တိုင်း ကျောင်းကို လာတာက အိမ်အကူကြီးပဲ။

မုယောင်က သူ့အစ်ကိုရဲ့အေးစက်မှုကို အသားကျနေပြီ။ သူက ဘယ်သူ့ကိုမဆို ဒီလိုပဲ ဆက်ဆံတယ်လို့ ထင်ခဲ့တာ။ မုယွင်ဇီက ပိုင်ရန်ကို နူးညံ့စွာ ကြည့်နေတာကို တွေ့လိုက်တဲ့အထိပေါ့။

ပိုင်ရန်က သူ့တက္ကသိုလ်က အတန်းဖော်။ သူက ဆင်းရဲသားရပ်ကွက်က လာတဲ့ သန့်ရှင်းပြီး နူးညံ့တဲ့ အိုမီဂါတစ်ယောက်ပဲ။

မုယောင်က မယုံကြည်နိုင်ဘူး။ သူ့အစ်ကိုက ဆင်းရဲသားရပ်ကွက်က အိုမီဂါကို ဒီလောက်ထိနူးညံ့စွာ ဆက်​ဆံနိုင်ပေမယ့် သူ့ကိုတော့ ၁၈ နှစ်လုံးလုံး အေးစက်စွာ ဆက်ဆံခဲ့တယ်။

မုယောင်က ဒေါသထွက်ပြီး ပိုင်ရန်ကို စုံစမ်းဖို့ လူလွှတ်လိုက်တယ်။ ပိုင်ရန်က သူ့အစ်ကိုကို ကြိုးဆွဲချိတ်နေတာ အတော်ကြာပြီဆိုတာကို သိလိုက်ရတယ်။ သူ့အစ်ကိုက ပိုင်ရန်ကို တစ်ယောက်တည်း ထမင်းစားဖို့တောင် ဖိတ်လိုက်သေးတယ်။

ဒါတွေကို ဖတ်ပြီးတဲ့ သခင်လေးက ဒေါသတွေ ထွက်လာတယ်။ သူက အရှက်မရှိတဲ့ အိုမီဂါကို ဘယ်တော့မှ မေ့မရတဲ့ သင်ခန်းစာ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

…………

ညဘက်၊ ရိုအယ်လ်ဘား…

ခေါင်းဆောင်က ပိုင်ရန်ကို အထူးခန်းကို အရက်ပို့ဖို့ အမိန့်ပေးလိုက်တော့ ပိုင်ရန်က ဗန်းကို ဂရုတစိုက် ကိုင်ပြီး အပေါ်ထပ်ကို တက်သွားတယ်။

အထူးခန်းတံခါးကို ဖွင့်လိုက်တော့ ပျော်မြူးနေကြတဲ့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို မတွေ့ရဘူး။ ဆိုဖာပေါ်မှာ တကယ့်လူလို့တောင် မထင်ရတဲ့ လှပတဲ့ သခင်လေးတစ်ယောက်က သူ့ကို စိုက်ကြည့်နေတာကိုပဲ တွေ့ရတယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ မုန်းတီးမှုတွေ ပြည့်နေတယ်။ သူ့နောက်မှာတော့ Aအဆင့် အယ်လ်ဖာ နှစ်ယောက်က ရပ်နေတယ်။

ပိုင်ရန် ရုတ်တရက် ရင်တုန်သွားတယ်။ သူက အရက်ကို စားပွဲပေါ်မှာ ဂရုတစိုက် ချလိုက်တော့ သခင်လေးရဲ့မာနကြီးတဲ့ အသံကို ကြားလိုက်ရတယ်။

“အရက်ပုလင်းဖွင့်ပြီး အပြည့်ထည့်လိုက်။”

ပိုင်ရန်ရဲ့မျက်နှာမှာ မပျော်ရွှင်တဲ့ အမူအရာ မရှိဘူး။ ချမ်းသာတဲ့သူတွေမှာ ထူးဆန်းတဲ့ အမူအကျင့်တွေ အများကြီး ရှိတယ်။ သခင်လေးရဲ့ဒီလိုလုပ်တာက ဒုက္ခပေးတာတောင် မဟုတ်ဘူး။

အရက်ကို ထည့်ပြီးတော့ သခင်လေးက ဘာမှဆက်မလုပ်ဘူး။ “သောက်လိုက်။” သူက မာနကြီးစွာနဲ့ ပြောလာတယ်။

ပိုင်ရန်က ခဏလောက် တုံ့ဆိုင်းသွားတယ်။ သူ သခင်လေးကို ကြည့်လိုက်တော့ သခင်လေးက သူ့ကို ရက်ရက်စက်စက် စိုက်ကြည့်နေတယ်။ “ဘာကြည့်နေတာလဲ။ မြန်မြန် သောက်လိုက်။ မဟုတ်ရင် ခေါင်းဆောင်ကို မင်းကို အလုပ်ထုတ်ပစ်ခိုင်းမယ်။”

ဒီလိုဒုက္ခပေးတာမျိုးက ထမဆုံးအကြိမ် မဟုတ်ဘူး။ ပိုင်ရန်က ကူကယ်ရာမဲ့စွာနဲ့ အရက်ခွက်ကို ယူပြီး သောက်လိုက်တယ်။ သူက သခင်လေးကို သူ ပြန်လို့ရပြီလားလို့ မေးဖို့ လုပ်နေတုန်းရှိသေး သူ့ခန္ဓာကိုယ်ထဲမှာ ရုတ်တရက် ပူလောင်မှုတစ်ခုကို ခံစားလိုက်ရတယ်။

သူ စားပွဲပေါ်ကို ရုတ်တရက် လဲကျသွားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တဏှာစိတ်တွေ ပေါ်လာတယ်။ သူက ခေါင်းကို မော့ပြီး မယုံနိုင်စွာနဲ့ သခင်လေးကို ကြည့်လိုက်တယ်။

“ဟွန့်၊ မင်း ခဏနေရင် ထန်တော့မှာ။ မင်း ဘယ်သူ့ကို ခင်ပွန်းလုပ်ချင်မလဲဆိုတာကို ကြည့်ရအောင်။” သခင်လေးက မေးမြှောက်လိုက်တယ်။သူ့မျက်နှာ​ပေါ်မှာတော့ ဆိုးရွားတဲ့ အပြုံးတစ်ခုကို ပန်ဆင်ထားတယ်။

စာရေးသူ၏မှတ်ချက်။ ချစ်တို့ရေ… အပိုဇာတ်လမ်းထဲမှာ ယောင်ယောင်က ပြန်လည်မွေးဖွားလာပြီး ဘဝအသစ်ရတာမျိုး မရှိဘူး။ အဲဒါကြောင့် စိတ်နေစိတ်ထားက ​ပြန်လည်မွေးဖွားမလာခင်နဲ့ ပြန်လည်မွေးဖွားလာပြီးကြားထဲမှာ ရှိတယ်။

ပိုင်ရန်က Alphaကနေ Omegaလို ဟန်ဆောင်ထားတာပါ။ ယောင်ယောင်လေး ပြဿနာရှာလို့ မကြာခင်မှာ သူ ဒုက္ခရောက်တော့မှာ။

နောက်ပြီး ယောင်ယောင်ကို ဘီတာအဖြစ် သတ်မှတ်ထားတာက ဘီတာကို ဘယ်တော့မှ အမှတ်အသား မပြုလုပ်နိုင်လို့ပါ။ ဒါကြောင့် သူ့ရဲ့ S အဆင့်အယ်လ်ဖာက ဘယ်လောက်ပဲ တော်တော် ထက်ထက် ဇနီးသည်လေး ရူးရူးမိုက်မိုက်တွေ လုပ်နေတာကို လက်ပိုက်ကြည့်ရုံပဲ တက်နိုင်မှာ။

Chapter 95 end
အဆက် မထွက်​သေးပါ။
Eng mtl မှာတော့ ဒီchapter တောင် မပါပါဘူး။

Update — authorက 2022 လောက်ကတည်းက active မဖြစ်တော့တာပါ။ အဲဒါကြောင့် ABO line လည်း ဒီထိပဲ ရှိပါတယ်။

 

 

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset