⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 55

Little Creampie:
Chapter 55

ထိုစကားတွေကြောင့် လီချန်ယွမ် အနည်းငယ် ပြန်ဆုတ်သွားရ၏။ရှရှင်းချီဘက်က သူဘာလို့ ထွက်မသွားတာလဲလို့  မေးလာမယ်လို့ သူ ထင်ထားခဲ့‌ပေမယ့် အချိန်အကြာကြီး အောင့်အီးထားခဲ့ပြီးတဲ့နောက်မှာ အဖိုးဖြတ်လို့မရတဲ့ မေးခွန်းမျိုးကိုသာ အစား‌​မေးလာခဲ့သည်။

ဒီတော့လည်း သူမျက်နှာသေနဲ့ပဲ ပုံမှန်အတိုင်း ပြန်ပြောခဲ့သည်။

” ဟုတ်တယ်။ပြီး‌တော့ မင်း ကိုယ့်ကို ပျော်အောင်လုပ်ရင် ဒီ့ထက်ပိုပေးရင်တောင် ပေးဖြစ်ဦးမှာ”

ဥပမာအနေနဲ့၊ ပိုင်ဆိုင်မှုတွေအကုန် သူ့နာမည်အောက် ထားတာမျိုး။

သို့သော်လည်း လူလိမ်လေးရဲ့ အကျင့်ဆိုးကို အခြေခံပြီး လီချန်ယွမ် ဒါကို ပြောပြဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ။ သူ တူညီတဲ့အမှားကိုလုပ်ပြီး သူ့ကို ပိုင်ဆိုင်ခွင့်မရခင် အရာအားလုံးကို အရမ်းလောပြီး ပေးမှာမဟုတ်တော့ပါ။

ထို့နောက် ရှရှင်းချီ ရေခဲအိတ်ကိုင်ရင်း သူ စိတ်လှုပ်ရှားနေတာကို ဖုံးကွယ်ဖို့ အတင်းကြိုးစားရင်း အိပ်ယာထဲက အမြန်ထလာခဲ့‌ပေမယ့် အလုပ်မဖြစ်ချေ။

“တကယ်လား။လစာတိုးပေးချင်တယ်လို့ ခင်ဗျား‌ပြောခဲ့တာ‌နော်! စကားကိုပြန်မရုတ်သိမ်း‌ကြေး!”

မတတ်နိုင်ပေမဲ့ သူဌေးက ပိုက်ဆံတွေအများကြီးပေးခဲ့သည်။ရှရှင်းချီ သူ့ကိုယ်သူ အခိုင်အမာယုံကြည်လိုက်တာက လီချန်ယွမ် သူ့ဘေးက ထွက်မသွားဘူးလို့ ကြားလိုက်တာကြောင့် သူ အရမ်းပျော်နေတာမဟုတ်ကြောင်းးး။

လီချန်ယွမ် သူ့ဖုန်းကို ချက်ချင်းထုတ်ပြီး သူ့ရဲ့ လက်ချောင်းသွယ်တွေနဲ့ အကြိမ်အနည်းငယ် စခရင်ကို ပုတ်လိုက်သည်။ထို့‌နောက် ဖုန်းကို သူ့ဆီ ထောင်ပြလိုက်သည်။

ရှရှင်းချီ အနီးကပ် တစ်ချက်ကြည့်ပြီး အံ့ဩသွားခဲ့ရ၏။ ဒီလူတကယ်ပဲ တစ်ချက်လှည့်ပြီး နေရာမှာတင် သူ့ကို ဆယ်လစာ ပေးချေလိုက်တာလားးး။

“ပိုက်ဆံကို လက်ခံပြီးရင် အခုအလုပ်ထွက်လို့မရတော့ဘူး‌ဆိုတာနားလည်တယ်မလား”

လီချန်ယွမ် ပြောရင်းနဲ့ပဲ နေရာလွဲနေတဲ့ ရေခဲအိတ်ကို လှမ်းပြင်ပေးလိုက်သည်။ဒါမှသာ သူ့ရဲ့မျက်လုံးတွေကို ပြန်ဖုံးမှာဖြစ်သည်။

မမျှော်လင့်ပဲ ရလာတဲ့ များပြားတဲ့ ငွေပမာဏဟာ ငွေမက်တဲ့ကောင်လေးကို စိတ်လှုပ်ရှားစွာနဲ့ ချက်ချင်းပဲ ခေါင်းငြိမ့်နိုင်စေခဲ့သည်။‌ေရခဲအိတ်ကလည်း နေရာက ပြန်ကျသွားခဲ့တာမို့ လီချန်ယွမ် ရွေးချယ်စရာမရှိပဲ ရေခဲအိတ်ကို ပြန်ဆန့်တင်လိုက်ရသည်။

ဒါပေမဲ့ ခဏကြာပြီးနောက်မှာ တစ်ခုခုမှားနေကြောင်း ရှရှင်းချီ သဘော‌ေပါက်သွားခဲ့သည်။ဘာလို့လဲဆို‌ေတာ့ လီချန်ယွမ်က အဲ့လောက်အကြာကြီး အသက်ရှင်မှာ မဟုတ်‌​ေတာ့လို့ပင်။

ဒါကို တွေးရင်း ရှရှင်းချီ မနေနိုင်စွာ သူ့နှုတ်ခမ်းသူ အားနဲ့ ကိုက်လိုက်မိသည်။သူ့ မျက်လုံးတွေတောင် အနည်းငယ် ပူနေခဲ့သည်။

သူ ထွက်သွားတာကို တွေးရုံတင်ပဲ သူ့ကို ၀မ်းနည်းလာစေပြီး မူလ ဆန္ဒဖြစ်တဲ့ “သူ့ကို အကောင်းဆုံး နာတာရှည်ဆေးရုံမှာ ဂရုစိုက်ပေးပြီး သူ့ရဲ့ အမွေအနှစ်တွေကို ဆက်ခံမယ်” ဆိုတာက‌ေတာင် နောက်ထပ် ရိုးရှင်းလွယ်ကူနေသလို မခံစားရတော့ပါ။

– – –

ရေခဲအိတ်ကို ခဏလောက် ကပ်ပြီးတဲ့နောက်မှာ ငိုထားတာကြောင့် နီရဲပြီး ဖောင်းနေတာက နောက်ဆုံးတော့ သက်သာသွားသည်။ရှရှင်းချီ နောက်ဆုံး‌ေတာ့ နိုးလာပြီး ရေချိုး ပြင်ဆင်ပြီးတဲ့နောက်မှာ ကင်မရာ‌ေပါ်မှာ ပေါ်ထွက်လာခဲ့သည်။

သူ့ရဲ့ ပေါ်ထွက်လာမှု‌ေကြာင့် ဘယ်လိုကြီးမားတဲ့ မုန်တိုင်းမျိုး တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်လာမလဲဆိုတာ သိရအောင် ဘယ်သူမှ ကြည့်ဖို့မလိုခဲ့ပါ။အထူးသဖြင့် ရှယွီနဲ့ နေရာတစ်ခုတည်းမှာ ရှိနေပြီးတဲ့အခါမှာပေါ့။

ကံကောင်းတာက မနေ့က ရှယွီရဲ့ ဖော်ရွေမှုကို သူ လစ်လျူရှုခဲ့တာဖြစ်သည်။သူ အဲ့ဒီ လက်ဖက်စိမ်းကောင်ကို မမြင်ချင်သလိုမျိုး ဒီနေ့ဆက်ပြီးလုပ်ရ‌ေအာင် အရှက်လည်းမရှိ‌ေတာ့။

ရှယွီက “ဦးထုတ်စိမ်းဆောင်းထားရင်တောင် အပျော်မယားကို ကြင်နာစွာနဲ့ ခွင့်လွှတ်နိုင်တယ်” ဆိုတဲ့ တကယ်သန်မာတဲ့ ကြာပန်းဖြူလိုပါပဲ။ဘာမှ မဖြစ်ခဲ့သလို သူ့ကို နှုတ်ဆက်နေသည်။ ကောလဟာလတွေ ဖျက်ချခံရပြီးတဲ့နောက် ကိစ္စကို လျစ်လျှူရှုနိုင်လိုက်တယ်လို့ သူဟန်ဆောင်နိုင်သည်။

လူတိုင်းဟာ ဒီကိစ္စကို ဘာမှမသိခဲ့ဘူးလို့ပဲ ဟန်ဆောင်နိုင်ခဲ့သည်။ပြီး‌ေတာ့လည်း ဒီအ‌ေကြာင်းကို သူတို့ လုပ်စရာဘာမှ မရှိခဲ့ပါ။ဘယ်သူက စစ်မှန်တဲ့အရာလည်းဆိုတာ လူတိုင်းသိ‌ေနခဲ့သည်‌လေ။

[ရှရှင်းချီမျက်လုံးတွေက နည်းနည်းရဲနေသလိုပဲ။သူ ငိုနေခဲ့တာလား မသိဘူး]

[ဖက်ထားပေးရမှာပေါ့ ကလေးရယ်။စကားလုံးကြမ်း‌ေတွနဲ့ စော်ကားခံထားရပြီး ဘောင်ခတ်ခံထားရတော့ သူအရမ်း ၀မ်း‌နည်း‌ေနခဲ့တာ ဖြစ်မယ်။အိမ်းး မငိုနဲ့ မငိုနဲ့၊ ငါတို့ မင်းကို ယုံပါတယ်]

[ဟီးဟီး အပျော်မယားဖြစ်လာလို့ရှိရင် အပြောအဆိုခံရမယ်ဆိုတာ မျှော်လင့်ထားသင့်တာပေါ့။နာမည်ကောင်း ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပြီး *တစ်ယောက် မဖြစ်စမ်းပါနဲ့]

[အပေါ်က အရူးကို စိတ်ထဲမထားနဲ့နော်။ ရှင်းချီက မစ္စလီ ဆိုတာ အသေအ‌ချာပဲ!]

[ဟီးဟီးဟီး……‌​ေပျာ်စရာ‌ေကာင်းတဲ့ နေရာတွေကို ‌တှေးကွတာ‌ပေါ့။ သူ မ‌နေ့ညက မစ်စတာလီနဲ့ စကားနဲ့‌ဖျောပွလို့ မဖြစ်တဲ့ အရာတွေလုပ်ရင်း ငိုနေခဲ့တာလားမှမသိတာ။ပြီး‌ေတာ့လည်း သူ မနက်က အိပ်ရာထ နောက်ကျခဲ့တယ်လေ ဟီးဟီးဟီး……..]

[ငါက အပေါ်က အစ်မ ဆုတ်ခွာတာကို စာပေလောကကနေ ပထမဆုံး ကန့်ကွက်မဲ့သူပဲ ဟီးဟီးး]

 

[အဲ့တာက တကယ့်ကို အမှန်ပဲ။ရှရှင်းချီကို ဘယ်သူမှမမြင်အောင် မစ္စတာလီ စောင်တွေနဲ့ ပတ်ချလိုက်တာကို မအံ့ဩ‌ေတာ့ပါဘူး။ သူ့ကိုယ်မှာ အချစ်ရဲ့‌ခြေရာတွေ ကျန်နေခဲ့တာများလား (ခွေးခေါင်း)]

[ဘာဖြစ်သွားတာလဲ ။ ဘယ့်သူ ဘောင်းဘီကို ငါ ခလုတ်တိုက်မိသွားတာလဲ။ အိုးး ငါ့ဘောင်းဘီပဲ]

ကိစ္စတွေက လိင်ပိုင်းဆိုင်ရာ အဖွဲ့ဆီ ဦးတည်သွားလိမ့်မယ်လို့ ရှရှင်းချီ မထင်ထားခဲ့ပါ။ အကျည်းတန်တဲ့ စော်ကားတဲ့ စကားလုံးတွေပဲ ရှိလိမ့်မယ်လို့ သူတွေး‌​ခဲ့​သေး၏။

ဒါပေမဲ့ အခုတော့ ဘယ်ကိစ္စမှာမဆို လီချန်ယွမ်က သူ့ဘက်မှာရှိနေခဲ့သည်။ ထိုစကားတွေဟာ သေစေနိုင်လောက်တယ်လို့တော့ မထင်ရပါ။ထိုစကား‌‌ေတွက သူ့ရဲ့ အင်္ကျီလက်ကို လိပ်တင်ပြီး မနက်စာ ပြင်ရတာလောက်တောင် အရေးမကြီးဘူး။ပြီး‌ေတာ့လည်း သွေးတွင်းသကြားဓာတ် အမြဲလျော့နည်းနေပြီး အထိမခံတဲ့ အစာအိမ်နဲ့ အဖိုးတန်တဲ့ တစ်စုံတစ်ယောက်ကတော့ အဆာခံနိုင်မှာမဟုတ်ဘူး‌ေလ။

ထင်ထားတဲ့တိုင်းပဲ လီချန်ယွမ်က ချက်ပြုတ်တဲ့ နေရာကို သုံးနေခဲ့တုန်းဖြစ်သည်။မီးဖို‌ေချာင်ထဲကို သူ ဖြည်းဖြည်းချင်း လမ်း‌ေလျှာက်၀င်သွားခဲ့ပြီး မီးတောက်လာအောင် မီးဖိုထဲကို သစ်သားတစ်ချောင်းထပ်ထည့်လိုက်သည်။

ရှရှင်းချီ အရှုံးပေးပြီးသားဖြစ်ပြီး သူ့ကိုထွက်သွားအောင်လုပ်ဖို့ ကြိုးကြိုးစားစားတောင် မလုပ်တော့ပါ။ထို့အပြင် ချည်မျှင်လေးတစ်ခုနဲ့ ဆွဲထားတဲ့ အပြုအမူကလည်း ဘယ်အချိန်မဆို ပြုတ်ကျသွားနိုင်သည်။အလွန်ဆင်းရဲတာဟာ ဆုံးရှုံးစရာ ဘာမှ မရှိသလို အာဏာပါဝါကိုလည်း ကြောက်စရာမလိုပေ။

မနေ့က ကျန်တဲ့ ဟင်းခတ်အ‌ေမွှးအကြိုင်‌ေတွကို သူရှာလိုက်ပြီး လူတိုင်းအတွက် ငန်းဥခေါက်ဆွဲလုပ်ဖို့ သုံးမဲ့ ငန်းဥ အကျန်နှစ်လုံးထဲ ထည့်ပြီး အပြီးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။သူ ဒါကို လုပ်ခဲ့တာနဲ့ အမျှ ပြောင်းဆန်ပြုတ် အချို့နဲ့ ပေါ့ပါးတဲ့ ဟင်းခွက်တွေကိုလည်း သူထပ်မံ ချက်ပြုတ်ခဲ့၏။

ဆန်ပြုတ်ကို ချက်နေတုန်း မ‌‌ေန့က ကင်မရာရှိ‌ေနခဲ့တဲ့ နေရာကို သူ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။‌ေနရာက လွတ်နေပြီး မီးဖို‌ေချာင်ထဲမှာ ဘာကင်မရာမှ မရှိတာကြောင့် လီချန်ယွမ် ထပ်ပြီး ဘာလို့ မတိုက်‌ေတာ့တာ မထူးဆန်တော့ပါ။

အစီအစဉ် အဖွဲ့က ဒီဆက်ဆံရေးကို ဖုံးကွယ်ဖို့ သူ့ကို ကူညီချင်ခဲ့တာ ဖြစ်နိုင်သည်။ဒါမှမဟုတ် ဒါက လီချန်ယွမ် မှာထားတာကြောင့်လဲ ဖြစ်နိုင်သည်။ စိတ်သက်သာရာရသွားတဲ့ ရှရှင်းချီရဲ့ သက်ပြင်းမောကြီးက လေးလံနေခဲ့၏။သူ‌ေကြာက်‌ေနတာ မဟုတ်ရင်တောင် ‌တစ်‌ေန့လုံး ရိုက်ကူးခံ၊ မှတ်တမ်းတင်ခံရတာမျိုး သူမလိုချင်ခဲ့ဘူးလေ။

အထူးသဖြင့် အဲ့ဒီမနက်မှာ မုန်းတီးတာကနေ ပေါ်ပေါက်လာပြီးအကြောင်းအရာနဲ့ ဆက်စပ်မှုမရှိတဲ့ အပိုင်းတွေကို မြင်ပြီးတဲ့ အခါမှာ‌ပေါ့။

လီချန်ယွမ် မနေ့က ဖားဖိုနဲ့ပတ်သတ်ပြီး သိပ်မကျွမ်းကျင်ခဲ့ပေမဲ့ ဒီနေ့တော့ သူ ကျွမ်းကျင်စွာနဲ့ပဲ မီးကို မြန်မြန် ဖိုလိုက်နိုင်၏။

မီး‌ခိုးတွေသာ ခေါင်းတိုင်းက‌ေနတစ်ဆင့် လွင့်ပါသွားတာမို့ မီးဖို‌ေချာင်ထဲ အနံမပြင်းပါ။အစားအသောက်ရဲ့ အနံ့နဲ့ လောင်ကျွမ်းနေတဲ့ သစ်သားတွေရဲ့ အနံ့သာ အနည်းငယ် ကျန်ခဲ့‌ေနသည်။

ရှရှင်းချီ အိုးထဲကို ခေါက်ဆွဲခြောက်တွေ ထည့်လိုက်ပြီး ငန်းဥနို့ပေါင်း ဘယ်လိုလုပ်ရမလဲ ဆိုတာ စတင်လေ့လာတော့သည်။

ဘာကြောင့်လဲဆိုတော့ မနေ့က အဲ့ဒီ ရှယွီက အခြေအ‌ေန‌ေတွကို နှောင့်ယှက်ခဲ့တာ‌ေကြာင့် ရှရှင်းချီ ဥတွေအများကြီး မကောက်ခဲ့ရပါ။ ကျန်နေတဲ့ ဥတွေကို ချက်တဲ့ အ‌ေကြာင်း ထပ်ပြောရရင် သူရဲ့ အထီးကျန်နေတဲ့ ကြောင်ကြီးအတွက် ကြက်ဥနို့ပေါင်း လုပ်ဖို့ တိတ်တိတ်လေးဆုံးဖြတ်ခဲ့သည်။

“လမ်းပိတ်နေတယ်”

ဥ‌ေတွကို ရောခေါက်နေရင်း သစ်သားခုံမှာထိုင်နေတာ‌ေကြာင့် ဆန့်ထွက်နေတဲ့ လီချန်ယွမ်ရဲ့ ခြေထောက်ကို ရှရှင်းချီ ကန်လိုက်၏။

“ဆရာရေ၊ ရေတိုင်ကီထဲ သွားထိုင်နေဖို့ အကြံ‌ပေးပါရ‌စေ။ဒီက လွတ်နေတဲ့ နေရာလေးကို မယူပါနဲ့”

အကြမ်းချထားတဲ့ ဒီမီးဖို‌ချောင်‌လေးဟာ အစကတည်းက နေရာကကျဥ်းပြီး တစ်ယောက်‌သောသူက မီးမွှေးပြီးတာနဲ့ ထွက်သွားဖို့ ဘာရည်ရွယ်ချက်မှ ရှိမနေ။

ခံစားချက်မရှိတဲ့ မျက်နှာနဲ့ ဘေးမှာ သူ ဆက်ထိုင်နေခဲ့ပြီးကြောင်မျိုးနွယ်၀င် အကောင်လို ရှရှင်းချီ‌လျှောက်သွား‌နေတာကို လိုက်ငေးကြည့်‌နေခဲ့၏။

ထိုစကားကြောင့် လီချန်ယွမ် ဘေးကို နည်းနည်းတိုးဖယ်သွားပေမဲ့ ပြည့်ကျပ်နေသေးတာကြောင့် ရှရှင်းချီ သူ့ရင်ခွင်ထဲ ရောက်တော့မလို ဖြစ်နေပြီး မတတ်သာပဲ သူ့ကို ထပ်ကန်လိုက်၏။

နှစ်ယောက်သား မီးဖိုချောင်ထဲ ရွေ့လျားနေကြပြီး ကလေးဆန်စွာ တိတ်တဆိတ် ကန်နေခဲ့ကြ၏။ဒါကို တစ်ဆက်တည်း ခဏခဏလုပ်နေကြပြီး  လီရှို့ သူ့တို့ဘာတွေချက်နေလဲဆိုတာ စပ်စုချင်လို့ သူ့ခေါင်းကို ပုတ်လိုက်တဲ့ ခဏပဲ ရပ်သွားခဲ့၏။

“အနံကတော့ အရသာရှိမဲ့ပုံပဲ‌ေနာ်”

လီရှီု့ သဘောကျစွာ ပြောလိုက်သည်။ သူ တချက်တွေးကာ ရိုးသာစွာနဲ့ ထပ်ပြောခဲ့သည်။

“ရှင်းချီ၊ မနက်ဖြန် ကိုယ့်ကိုယ်ကို ပင်ပန်းအောင်မလုပ်နဲ့နော်။အိပ်ပဲ‌အိပ်နေ”

ရှရှင်းချီ “ဟင်းချက်မယ်”လို့ ပြောခဲ့တုန်းက ‌ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်‌ေတွ‌ေနမှာလို့ သူ တွေးခဲ့ပေမဲ့ ဒီလို အရသာရှိတာမျိုးလို့ မထင်ထားခဲ့ပါ။

ရှရှင်းချီ မျက်တောင် ပုတ်ခတ်ကာ ပြုံးပြုံးလေးပြောလိုက်သည်။

” အာ မဟုတ်တာ၊တကယ်လို့ မင်းက ရွှေအိုရောင် ကြောင်ကြီးကို ပျိုးထောင်နေတာဆိုရင်တော့ နေ့တိုင်း နေ့တိုင်း အစာနွေးနွေးတွေ သူ့ကိုကျွေးဖို့ လိုတယ်လေ ”

ပြောပြီးတာနဲ့ပဲ သူ့ခြေထောက်ကို မြှောက်ကာ လီချန်ယွမ်ကို အသာလေးကန်လိုက်၏။

မနေ့က လူတွေရဲ့ အကြည့် ပြောင်းသွားတာကို သူမြင်ပြီးပြီဖြစ်သည်။သူတို့ ငြင်းခုံနေစဉ်အတွင်း ရှရှင်းချီက သူ့အသံကို ထိန်းနိုင်ဖို့ အတော်လေး စိတ်တိုနေခဲ့တော့ လူအကုန် ကြားသွားခဲ့ကြသည်လေ။

အိုးက အက်နေပြီမို့ အေးဆေးစွာ အပိုင်းပိုင်း အစစ သူ ရိုက်ခွဲလိုက်၏။ဒီ လူအနည်းငယ် ရှေ့မှာ သူတို့ရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ထားဖို့ မလိုဘူးလေ။

လီရှို့ ခဏလောက်‌ေတာ့ ကြောင်အသွားခဲ့သည်။ လီချန်ယွမ်ကို သူကန်လိုက်တာ မြင်ပြီး အစက မသိစိတ်မှာ ကြောက်သွားခဲ့‌ေပမဲ့၊ ချက်ချင်းပဲ ဘယ်ကြောင်ကြီးအ‌ကြောင်းပြောနေတာလဲဆိုတာ သဘောပေါက်သွားခဲ့သည်။

ဒါပေမဲ့…….ကင်မရာရှေ့မှာ အတည်ပြုတာကို သူတို့ အသေ ရှောင်နေခဲ့ကြတာမဟုတ်ဘူးလား။သူ ဘာလို့ အဲ့တာကို တိုက်ရိုက်ကြီး ‌ေပြာခဲ့တာလဲ။

လီရှို့ သံသ‌ယတွေနဲ့ သူ့ခေါင်းလည်ကာ ကင်မရာအသစ်ကို တစ်ချက်ကြည့်လိုက်၏။ ကင်မရာက ပလတ်ဖြုတ်ထားတာမဟုတ်ပဲ ပုံမှန်အတိုင်း အလုပ်လုပ်ခဲ့သည်။ဆယ်သန်း‌ေကျာ်တဲ့ ကြည့်ရှုသူ‌ေတွဆီကို မီးဖိုချောင် အခန်းကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေဆဲ ဖြစ်သည်။

မူလကင်မရာ ထားခဲ့တဲ့ နေရာကို ထပ်ကြည့်လိုက်ပြီး ရှရှင်းချီ ကင်မရာက ဖယ်ပြီးသားလို့ ‌မှား‌တွေးနေမှန်း သူ ထိန့်လန့်လျက် သဘောပေါက်ခဲ့ရသည်။

မနေ့က၊ သူဋ္ဌေး သူ အခန်းထဲကို ၀င်လာလာချင်းပဲ ကင်မရာကို ပလပ်ဖြုတ်ခဲ့တာ ဖြစ်သည်။အစီအစဥ်အသင်းက သူ့ စိတ်ဆိုး‌ေအာင်မလုပ်ရဲခဲ့သလို မငြင်းဆန်ရဲခဲ့‌ေပမဲ့ ၊ ပရိတ်သတ်အုပ်ကို “ကင်မရာက အားကုန်သွားလို့ပါ” ဆိုပြီး ခဏခဏ မလိမ်နိုင်ခဲ့ပါ။

ဒါကြောင့်ပဲ သူတို့တွေ ကင်မရာကို လီချန်ယွမ်တောင် မမှီနိုင်တဲ့ အမြင့်မှာ ချိတ်ဆွဲထားခဲ့တာ ဖြစ်သည်။

နေရာပြောင်းပြီးတဲ့ နောက်မှာ အစီအစဉ်အသင်းက သူတို့ အုပ်စုကို သတိပေးချက်တစ်ခုပေးခဲ့ပေမဲ့ အဲ့အချိန်တုန်းက ရှရှင်းချီရဲ့ အာရုံစိုက်မှုက ရှာဖွေမှုအမြင့်ဆုံး စာရင်းတွေနဲ့ သွေးမုန်တိုင်း‌ေတွဆီကိုပဲ ရှိနေခဲ့တာဖြစ်သည်။

ထို့နောက်မှာပဲ သူ ခိုးငိုခဲ့ပြီး သူ့မျက်လုံးကို မှိတ်ကာ ရေခဲကပ်နေခဲ့တာကြောင့် အဖွဲ့အတွက် အသိပေးချက်ကို သူ အာရုံစိုက်ချိန်မရှိခဲ့တာ ဖြစ်သည်။

“ရှင်းချီ…..အမ်…ကြည့်ဦး…”

သူတို့တွေ မီးဖို‌‌ေချာင်ထဲမှာ ဘာတွေလုပ်နေခဲ့လဲဆိုတာ လီရှို့ လျှောက်‌ေတွးခဲ့မိပြီး သူငယ်ချင်းတစ်ယောက်‌အ‌ေနဲ့ မျက်ခုံးပင့်ပြပြီးတော့ပဲ သတိပေးနိုင်‌ေတာ့သည်။

လီချန်ယွမ် ရုတ်တရက် ခေါင်းလှည့်လာပြီး အေးစက်စွာနဲ့သူ့ကိုမော့ကြည့်လာ၏။

သူစာမေးပွဲခန်းထဲ ခိုးချတာကို စည်းကမ်းထိန်းသိမ်းရေးမှုးက မိသွားသလိုမျိုး ပြင်းထန်တဲ့ အရှိန်အ၀ါက လီရှို့ကို လန့်သွားစေခဲ့တာမို့ သူ ချက်ချင်းပဲ တံခါးပိတ်ကာ ထွက်ပြေးသွားလေသည်။

ယောက်ယက်ခတ်သွားတဲ့ လီရှို့ကို နားမလည်ပဲ ရှရှင်းချီ အတွေးဆက်မရဖြစ်နေခဲ့သည်။ ဒီတော့ သူ လီချန်ယွမ်ကို လှည့်မေးလိုက်သည်။

“သူ ဘာဆိုလိုချင်ခဲ့တာလဲ။ လီရှို့…သူ တစ်ခုခုပြောချင်ခဲ့တာလား အာ..”

မှတ်ချက်ပေးတဲ့ နေရာမှာ အချိန်အကြာကြီး တိတ်ဆိတ်‌ေနခဲ့ပြီး‌ေနာက် ဒီအချိန်မှာပဲ ချက်ချင်းပဲ မှတ်ချက်‌ေတွ အပြည့်နဲ့   ပေါက်ထွက်လာခဲ့၏။

[ကယ်ပါဦး၊ မနေ့ကတုန်းက သူတို့တွေ ယဉ်‌ကျေးတဲ့ သူစိမ်းတွေလို ပြုမူပြီး မစ္စတာလီ လို့ ခေါ်နေခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူတို့တွေ ရင်းနှီးနေသလို ခေါ်ပြောနေကြတာလဲ။ငါ တစ်ခုခုလွတ်သွားတာလား]

[ဟဟဟဟား ခြေကန်ပြီး လှိမ့်ရယ်ရလွန်းလို့ ငါသေတော့မှာပဲ။ ဒီ အာဏာရှင်ဆန်တဲ့လူက သူတို့ ကိုယ်ပိုင်အချိန်မှာတော့ အရမ်းချစ်ဖို့ကောင်းတာပဲ]

[သူတို့တွေ အချင်းချင်း သိနေခဲ့ကြပြီး ရှိုးအတွက် မသိချင်ယောင်ဆောင်နေခဲ့ကြတာလို့ ငါသံသယ၀င်မိတယ်]

[အဲ့တာက အကျွမ်းတ၀င် ရင်းနှီးတာ‌ေလာက်ပဲ မဟုတ်ပဲ ငါတို့ ခန့်မှန်းထားတဲ့ အချစ်ပဲလို့ ငါပြောရဲတယ်]

[အစကတည်းက အဲ့ဒီ မနက်စာက လီချန်ယွမ် ကောင်းဖို့ အတွက်ပဲ လုပ်ခဲ့တာလို့ ငါခန့်မှန်းခဲ့တာ။ သူတို့‌ေပြာတာက လီချန်ယွမ်က ကျန်းမာရေးမကောင်းနေဘူးဆိုပြီး‌ေတာ့‌ေလ။အစာအိမ် ပြဿနာလည်းဖြစ်နိုင်တာပဲ… ဒီတော့ သူ မနက်စာ စားမှကို ဖြစ်မှာ]

[“ရွှေအိုရောင်ကြောင်ကြီး”ဆိုတာက မစ္စတာလီလား။သူ့ကို ပျိုးထောင်နေတယ်လို့ သူ‌ေပြာခဲ့တာလေ! ပြီး‌‌ေတာ့ သူ့ဘေးမှ မျက်နှာသေနဲ့လူက ငြင်းဖို့ ဘာရည်ရွယ်ချက်မှ မရှိပဲ ဒီတိုင်းထိုင်နေခဲ့တာပေါ့လေ]

[ငါ အာ့တာကို မယုံဘူး! သူငယ်ချင်းတွေကြားမှာလဲ ဒီလိုလုပ်တာပဲ..အ…ရင်းနှီးတဲ့ အပြုအမူတွေ မရှိပဲ “ကြောင်ကြီး”ဆိုတဲ့ စကားက သေချာပေါက်က အာ့တာကို မဆိုလိုဘူး!]

[ဒီ အပျော်လင်က စိတ်ကိုလာဆွ‌‌ေနတာလား။သူက ရှာဖွေမှုအမြင့်ဆုံး စာရင်းကို ‌ချက်ချင်းတက်သွားခဲ့ပြီးပြီ။ ဘာမှ မဖြစ်ခဲ့တာကျလို့ သူက ပိုပြင်းထန်အောင်လုပ်နေတာပဲ။အပျက်ဆန်တာ‌ေတွ ခွင့်မပြုဘူး၊ ထွက်သွား!]

[ အပေါ်ကလူပြောတာကို အစီရင်ခံပါတယ်! စကားမစပ် ၊ လီရှို့ ပုံစံကို ကြည့်ရတာက ရှင်းချီက အဲ့ဒီမှာ ကင်မရာရှိမှန်း သိပုံမပေါ်ဘူး]

[မစ္စတာလီရဲ့ အသွင်အပြင်ကို ဝေဖန်ရင်း သူသိသင့်တယ်။အဲ့ဒါဆို ရှရှင်းချီက တရား၀င်‌အသိပေးတာကို မလိုချင်ခဲ့တာ‌ေကြာင့်မို့လို့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပေါ့]

[အရေးမပါတာ၊ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ တရား၀င် အသိပေးတာလဲ။ ခေတ်ထနေတဲ့ ရှာဖွေမှုကို နင်မမြင်ဘူးလား။ရှယွီကမှ တရား၀င် အိမ်ထောင်ဖက်ပဲ။ ကျေးဇူး]

‌ေကြာက်စရာကောင်းတဲ့ ပေါက်ကွဲသံတွေကို ရှရှင်းချီ သိသာစွာပဲ သတိမမူခဲ့မိပါပဲ ဟင်းကို သေချာ ချက်နေခဲ့၏။

ငန်းဥနို့ပေါင်းက ခပ်မြန်မြန်ပဲ အငွေ့တက်လာခဲ့၏။အဲ့တာက တခြားဥတွေနဲ့ သိပ်ကွဲပြားပုံမပေါ်ဘူး။

သူ သူ့အနောက်မှာ ရှိနေတဲ့ လီချန်ယွမ်ကို ကမ်းပေးလိုက်၏။

“ကြက်ဥနို့‌ပေါင်းတစ်ခုလုပ်ဖို့ပဲ ငန်းဥက လောက်တယ်။မြန်မြန်စားလိုက်ပါ။ အင်တာနက်‌ပေါ်က ရှားလောခ့်ဟုန်မ်းတွေကို ကျွန်တော် ခင်ဗျားဖို့ ချက်ပေးနေတာ မမြင်‌ခင်‌လေး”

အင်တာနက်သုံးစွဲသူများ:?

chapter 55 ended

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset