Little Creampie:
Chapter 54
အရင်တစ်ခေါက် သူ black hot searchပေါ် ရှိနေသေးစဉ်အထိ လီချန်ယွမ်က သူ့အား လရောင်ဖြူ အဖြစ် သတ်မှတ်ထားသေးသည်။ အဲ့အချိန်၌ သူက သူ့အတွက် အဝတ်အစားများပေးကာ ဂဏန်းသားများ နွှာပေးခဲ့ပြီး သူပြန်ထိုးစစ်ဆင်ရန် ကူညီပေးခဲ့သည်။
အခုတော့ သူက အင်တာနက်တစ်ခုလုံးဆီက ကျိန်ဆဲခံရလျှင်တောင် သူသည်းခံရန်သာ တတ်နိုင်သည်။ အဆုံး၌ သူ့မှာ PR teamလည်း မရှိကာ management companyမှ အကူအညီလည်း မရနိုင်ချေ။
ဒါကို စိတ်ထဲတွေးလျက် ရှရှင်းချီ ခေါင်းအား လှည့်ပြီး လွတ်နေသည့် ခေါင်းအုံးကို တစ်ခါ ထပ်ကြည့်လိုက်သည်။ ချဉ်စူးနေသည့် ခံစားချက်မှာ လီချန်ယွမ်၏ ထွက်ခွါမှုနှင့်အတူ မပါသွားဘဲ အဲ့အစား ပို၍ ပြင်းပြလာခဲ့သည်။
သူအဲ့လူအား အနာဂါတ်တွင် ဘယ်တော့မှ ထပ်မတွေ့ရတော့မည်နှင့် တူ၏။ ဤသည်မှာ အမြှောက်စာလေး၏ မွေးရာပါ ကံကြမ္မာသာ ဖြစ်လိမ့်မည်။ ဆင်းရဲနွမ်းပါးမှုဒဏ်နှင့် အခြားသူတွေဆီမှာ အနိုင်ကျင့်ခံရမည့်အစား သူက သေပြီးသည့်နောက်တွင် သူ့ဘဝ ပြောင်းလဲသွားလိမ့်မည်ဟု ထင်ခဲ့မိသည်။
တကယ်တမ်း သူ့တွင် ဆွေမျိုးရော သူငယ်ချင်းပါ မရှိသေးကာ ခက်ခဲစွာ ရရှိခဲ့သည့် အကာအကွယ်နှင့် ဂရုစိုက်မှုတို့မှာ အဓိပ္ပါယ်မရှိကာ ရှက်စရာကောင်းသည့် အမှားဖြင့် လူမှားမှတ်ခံခဲ့ရသောကြောင့် ဖြစ်နေသည်။ လီချန်ယွမ်ကလည်း ရှက်နေလိမ့်မည်ဖြစ်ကာ ဒီလူစိမ်းအား အနာဂါတ်တွင် အကြည့်တစ်ချက် စွန့်ကြဲလိမ့်မည်မဟုတ်ပါ။
ချဉ်စူးမှုနှင့် နစ်နာသလို ခံစားရမှုတို့က ပြင်းသထက် ပြင်းလာလေ၏။
သူ့၏ အကောင်းမြင်သော ပုံပန်းအောက် နှစ်နှစ်ဆယ်ထက်မက စုပုံနေခဲ့သော ခက်ခဲမှုနှင့် ကြမ်းတမ်းမှု၊ မကျေနပ်ချက်နှင့် နစ်နာချက်တို့မှာ တိတ်ဆိတ်နေသည့် မီးတောင်သဖွယ် ဖြစ်ကာ ဒီနောက်ဆုံး သည်းခံမှုဖြင့် လွတ်ထွက်သွားခဲ့ရသည်။
ရှရှင်းချီ မျက်လုံးများ ပူလာကာ မျက်ရည်များက သူ့မြင်ကွင်းအား ဝေဝါးသွားစေခဲ့၏။
-သေစမ်း၊ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။
များစွာသော anti-fanတို့ဆီမှ အဆဲခံရကာ မည်မည်ရရမဟုတ်သော ရွှေဆရာသူဌေးတစ်ယောက်ကို ဆုံးရှုံးသွားရုံသာ ဖြစ်ချေ၏။ သူ့အရင်ဘဝကနှင့် ယှဉ်သော် ပါမွှားလေးပဲလေ၊ အဲ့ဒါကို ဘာငိုစရာ ရှိလို့လဲ။
စိတ်ထဲ ဒါကို တွေးကာ ရှရှင်းချီ စောင်အောက်သို့ မြန်မြန် ဝင်သွားလိုက်ပြီး သူ့ကိုယ်သူ တင်းကြပ်စွာ ပတ်ထားလိုက်သည်။
သို့သော် သူ မထင်ထားသည်မှာ အိပ်ရာခင်းတွင် ရင်းနှီးသော လီချန်ယွမ်၏ ကိုယ်နံ့ဖျော့ဖျော့ ရှိနေဦးမည်ဟုပင်။ ထို့ကြောင့် သူ့နှလုံးသားထဲမှ မလျော်ကန်သော ချဉ်စူးမှုမှာ ပြင်းလာကာ သူငိုတာ ရပ်ချင်လျှင်တောင် ရပ်လို့ မရခဲ့ပေ။
ဤအချိန်တွင် တံခါးဝ၌ ခြေသံများ ထွက်ပေါ်လာကာ တစ်ယောက်ယောက်က တံခါးအား တွန်းဖွင့်ကာ ဝင်လာခဲ့၏။
ရှရှင်းချီက ရပ်တန့်၍ မရသော မျက်ရည်ဖြင့် ရေကြီးမှုအား အသည်းအသန် တိုက်ခိုက်နေရကာ စီးဆင်းမှုအား ရပ်တန့်ရန် ကြိုးစားနေပြီး ဒီလှုပ်ရှားမှုများအား လုံးလုံး မကြားနိုင်ခဲ့ပါ။
ထို့ကြောင့် စောင်အား ရုတ်တရက် ဆွဲမခံလိုက်ရချိန် သူက အသင့်မဖြစ်နေကာ သူ့ အံအား ကြိတ်နေပြီး မျက်ရည်များကို တိုးတိတ်စွာ သုတ်နေသည်။
လီချန်ယွမ်က တစ်ခဏမျှ အံ့အားသင့်သွားခဲ့ရ၏။ သူ Weibo hot searchကိစ္စအားရှင်းရန် ဖုန်းသွားခေါ်ပြီးနောက် ရေသွားချိုးတုန်း ရှရှင်းချီက အိပ်ရာထဲ၌ တစ်ယောက်တည်းပုန်းကာ တိတ်တိတ်လေး ငိုနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားချေ။
ရှရှင်းချီ သူ့မျက်နှာပေါ်မှ မျက်ရည်များအား အလောတကြီး သုတ်ပစ်လိုက်သည်။ ဝါးနေသည့် အမြင်ဖြင့် ဘယ်သူကများ သူ့အခန်းကို ခွင့်ပြုချက်မရှိ ဝင်လာပြီး သူ့စောင်ကို ဆွဲမ တဲ့အထိ မုန်းစရာကောင်းသလဲအား သေချာမြင်ရရန် ကြိုးစားလိုက်သည်။
နှစ်ဦးသားမှာ အချင်းချင်း စိုက်ကြည့်နေကြကာ လီချန်ယွမ်၏ ပုံမှန်ဆို တည်ငြိမ်သော မျက်နှာက တစ်နည်းနည်းဖြင့် တွေဝေနေသည့် မျက်နှာထားအား ပေးနေ၏။ ထိုသည်မှာ သိသာစွာ သူပထမဆုံး ငိုခြင်းအား မြင်ရခြင်းဖြစ်ကာ သူဘာလုပ်ရမယ်မှန်း တစ်စက္ကန့်လောက် မသိခဲ့ပေ။
ရှရှင်းချီက အသိပြန်ဝင်လာကာ တိတ်တိတ်ကလေး ငိုနေသည်အား အမိခံလိုက်ရသည်မှာ ရှက်စရာကောင်းလှသည်။
သူ ရုတ်ချည်း ရှက်သွေးဖြာသွားကာ မာန်ဖီ ဟောက်လိုက်၏ : “လီချန်ယွမ်၊ ခင်ဗျား သောက်ကျိုးနည်း ဘာလုပ်နေတာလဲ! ခင်ဗျား-“
သူပြောလို့ မဆုံးသေးမီ လီချန်ယွမ်က သူ့အား မြန်မြန်နှင့် ကျွမ်းကျင်စွာ ထမင်းဆုပ်လေးကဲ့သို့ စောင်ဖြင့် ပြန်ပတ်ပေးလိုက်ပြီး ဘာမှမဖြစ်ခဲ့သည့်အတိုင်း အမြန် ပြင်ပေးလိုက်သည်။
တစ်ခဏလောက် ကြာပြီးနောက် သူ သူ့အား ခေါင်းပုတ်ပေးကာ သူ့အသံအား တတ်နိုင်သမျှ ဖြေလျှော့ပြီး မေးလိုက်သည် : “မင်း ဘာလို့ ငိုနေတာလဲ။”
“ကျွန်တော် ငိုနေတာမဟုတ်ဘူး! ကျွန်တော့်မျက်လုံးထဲ မျက်တောင် ဝင်နေတာ!”
စောင်ကြားမှ ရှရှင်းချီက စူပုပ်ပုပ်ဖြင့် သူ့ခေါင်းအား ဖော်ဖို့ခက်နေရင်း ဟောက်လိုက်လေသည် : “ခင်ဗျား ထွက်မသွားရသေးဘူးလား? သူဌေး၊ ခင်ဗျားကို ကျွန်တော် အလုပ်ဖြုတ်ပြီးပြီလေ!”
သူ့မျက်လုံးများမှာ ငိုထားသောကြောင့် နီရဲနေမှန်း လီချန်ယွမ် တွေ့လိုက်ရသည်။ သူ သောကမရောက်ဘဲ မနေနိုင်ကာ အဲ့ဒါမှာ အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားမိသည်။
“မင်းက ကိုယ်ထွက်သွားပြီလို့ထင်တာ……အဲ့ဒါကြောင့် ဝမ်းနည်းပြီး ငိုနေတာလား?”
“ပေါက်ကရတွေ ခင်ဗျားကို ထွက်သွားဖို့ မနေ့ညက ပြောခဲ့တာ ကျွန်တော်!” ရှရှင်းချီ အားပါးတရဖြင့် ပြန်ပြောပြီး မျက်နှာဆယ်ဖို့ ကြိုးစားလိုက်၏။
အဲ့အပြင် အစတည်းက အဲ့ဒါ အကုန် သူ့အတွက်ကြောင့်ပဲ မဟုတ်ပါဘူးနော်။ သူ့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့တဲ့ ဦးနှောက်သေနေတဲ့ fanတွေကြောင့် ဖြစ်နိုင်လောက်လား?
သို့ပေမယ့် ဒီဗီလိန်ကြီးတွင် တကယ် မှော်အစွမ်းများ ရှိလိမ့်မည်။ သူက သူ့လရောင်ဖြူလေးအဖြစ် ကာကွယ်ပေးခြင်းကို ထပ်ခံရတော့မည်မဟုတ်သော်လည်း ဒီမှာ ထိုင်နေသည်အား မြင်ရခြင်းက ရှရှင်းချီအား မရှင်းပြနိုင်စွာ သက်သာရာရစေသည်။
“အင်၊ မင်းပဲ ကိုယ့်ကို သွားခိုင်းတာ။ မင်းပဲ ကိုယ့်ကို အလုပ်ဖြုတ်ခဲ့တာပါ။”
လီချန်ယွမ်က သူ့အား နူးညံ့စွာ ငုံ့ကြည့်ကာ မေးလိုက်ပြီး သူ့အသံအနေအထားတွင် အပြုံးအနည်းငယ် ပါနေဟန် တူ၏ : “အဲ့ဒါဆို ကိုယ် အလုပ်ပြန်လုပ်ဖို့ အတွက် စျေးနှစ်ဆပေးလို့ ရမလား?”
ရှရှင်းချီ ဒီစကားလုံးတွေကို ကြားလိုက်ရတော့ မျက်လုံးတွေတောင် ပြူးသွားရပြီး လီချန်ယွမ်ကို သံသယအပြည့်နဲ့ သူကြည့်လိုက်မိသည်။
မနေ့က သူတို့ အသေအကျေ တိုက်ပွဲ တစ်ခုရှိခဲ့ကြပြီး လရောင်ဖြူအဖြစ် လူမှားထင်သွားတယ်ဆိုတာကို သံနဲ့လုပ်ထားသလို ခိုင်မာတဲ့ သက်သေကို သူချပြခဲ့သည်။ဒီလူက အခုထိ သူ့ကို အလုပ်မထုတ်သေးပဲ၊ မြှောက်ပင့်လိုက်သေးတယ်တဲ့လား။
ထိုအကြောင်းကို သူပိုတွေးလေ၊ သူပိုပြီး သံသယဖြစ်လာလေပင်။ ရှရှင်းချီ စကားတစ်ခွန်းမှ မဟပဲ၊ သံသယ၀င်နိုင်လောက်တဲ့ အဖြေမျိုး သူရှာဖို့ကြိုးစားနေရင်း နီရဲ စိုရွှဲနေတဲ့ မျက်လုံးနီကြီးတွေနဲ့ နိုးကြားနေတဲ့ထိုလူကို ငေးစိုက်ကြည့်နေခဲ့သည်။
လီချန်ယွမ်သည်လည်း သူ့ကို ငုံ့ကြည့်နေခဲ့ပြီး စိတ်ရှည်စွာနဲ့ ရှရှင်းချီကို ကြည့်ခွင့်ပေးထားခဲ့သည်။
လေထုက အချိန်တစ်ခုထိ တိတ်ဆိတ်နေခဲ့ပြီးနောက် ခြေသံတွေဟာ ရုတ်တရက် တံခါးရဲ့အပြင်ဘက်ကနေ ပေါ်ထွက်လာခဲ့သည်။
ဒါရိုက်တာဟာ တံခါးမှရပ်ပြီး အော်ပြောခဲ့သည်။
“ဥက္ကဌလီ! ရှရှင်းချီ! မင်းတို့ နိုးနေတာလား။ ကျွန်တော်တို့ ၀င်လာနေပြီနော်!”
ဒါကတော့ တကယ့်ကို အထက်တန်းကျတဲ့ အပိုင်းဖြစ်သည်။၎င်းက ဧည့်သည်တွေ အ၀တ်လဲနေတာသာ မဟုတ်ရင် ဧည့်သည်တွေ အိပ်နေသေးလား ဒါမှမဟုတ် မိတ်ကပ်မလိမ်းရသေးဘူးလားဆိုတာကို စဉ်းစားခြင်းမရှိပဲ သူတို့ကို အံဩသွားစေမဲ့ ရိုက်ချက်တွေရဲ့ ပြကွက်တစ်ခုပဲဖြစ်သည်။
လီချန်ယွမ်ရဲ့ နေရာဖြစ်နေတာကြောင့်နဲ့ပဲ တစ်ချို့သတိပေးချက်တွေကို ပေးဖို့ လိုအပ်ခဲ့သည်။ရွှေအဆင့်သခင်ကြီးဟာ အခြားလူတွေနဲ့မတူဘဲ ကွဲပြားသည်။မဟုတ်မှ သူတို့စုံတွဲက မနက်ပိုင်း ကစားနေကြဆိုတာလည်း ဖြစ်နိုင်သည်။
အခုတော့ သူတို့ ရှယွီကြောင့် ခက်ခဲနေကြရသည်။သူတို့ အတူအိပ်နေတာကို မြင်သွားခဲ့ရင် ပုရိတ်သတ်တွေ ထပေါက်ကွဲနိုင်လေသည်။
အသံပေးပြီးနောက် စက္ကန့်အနည်းငယ်ကြာတဲ့အခါမှာ ယိုယွင်းနေတဲ့ သစ်သားတံခါးကို ညှင်သာစွာ တွန်းဖွင့်လိုက်သည်။
သူတို့တွေ ရုတ်တရက်ကြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု လုပ်လိမ့်မယ် မထင်ထားတာကြောင့် ရှရှင်းချီ အလန့်တကြားဖြစ်သွားရသည်။ယခုအချိန်မှာ ယုန်မျက်လုံးနဲ့ တူတဲ့ သူ့မျက်လုံးတွေထဲက မျက်ရည်တွေက သိသာနေခဲ့တာဖြစ်၏။
ဒါပေမဲ့ လီချန်ယွမ်က ရှရှင်းချီ ခေါင်းကို စောင်အောက်ထဲထည့်ကာသူ့ကို စောင်နဲ့ တင်းနေအောင် ပတ်ပြီး အမြန်ဆုံး တုံ့ပြန်ခဲ့သည်။
“အရင်ထွက်သွားပါ”
သူ့ရဲ့ ထမင်းလုံးလေးကို လှိမ့်ပြီးနောက် လီချန်ယွမ် မတ်တပ်ရပ်လိုက်၏။
“သူအခုထိ မနိုးသေးဘူး”
ကင်မရာသည် ရှရှင်းချီ စောင်ပတ်ပြီးမှ ရိုက်မိသွားသည်။ဒါရိုက်တာဟာ ခဏတာ တွန့်ဆုတ်သွားပြီးနောက် ကလေးတွေအတွက်မသင့်တော်တဲ့ အရာတစ်ခုခုကိုတွေးမိပြီး အလျှင်လိုစွာ အခန်းထဲက ထွက်သွားခဲ့၏။
[ ဝိုးးး! ဝိုးးး! သူက သူဌေးဖြစ်ရတာတန်တာပဲ။ သူဘာပဲ ပြောပါစေ သူရဲ့ အပြုအမူကတော့ ကောင်းမွန်ပြီးသားပဲ]
[ဘယ်လိုတောင် တုန်နေအောင် ချစ်နေတာလဲ! ရှရှင်းချီ အိပ်နေလို့ ဒါရိုက်တာကို မောင်းထုတ်ခဲ့တာ လူချမ်းသာတွေရဲ့ ခံစားခွင့်ပေါ့ကွာ ဟားဟားဟားဟားဟား]
[လူတွေ ဘာပဲပြောပါစေ၊ ဒီနှစ်ယောက်က တကယ်လိုက်ဖက်တဲ့ စုံတွဲတွေလို့ ငါတွေးမိတယ်။ မစ္စတာလီက သူ့ကို ဆက်ဆံတာ တခြားသူတွေနဲ့ လုံး၀မတူဘူး!]
[ရှရှင်းချီကို ကာကွယ်နေတုန်းက ဥက္ကဌလီအရမ်းကြည့်ကောင်းတာပဲ။ သူတို့ကို ငါသေတဲ့ထိ shipသွားမယ် ဟဟဟ]
[ခွီးးး ဒါက လီချန်ယွမ်က လူကြီးလူကောင်းတစ်ယောက်ဆိုတာ ပြလိုက်တာပဲ!မျက်နှာကို ပိတ်ရိုက်လိုက်တာက လုံလုံလောက်လောက် မပြင်းသွားဘူးလား။ ဘာလို့ လျှောက်ပြီး အရူးလုပ်နေသေးတာလဲ]
[ရှရှင်းချီက ချစ်သူဆိုတာကို ထပ်ပြီး ကြေညာလိုက်တာလေ။ နင့်မျက်နှာကို ဓာတ်ပုံနဲ့ ပစ်ပေါက်ဖို့ လိုသေးတာလား]
[ဟိုဓာတ်ပုံက အစစ်ပါလို့ ဘယ်သူက သက်သေပြနိုင်လဲ ဟမ်။ဆင်တူတာလည်း ဖြစ်နိုင်တာပဲ ။ပြီးေတာ့လည်း အဲ့တာက ဝါးတားနေတာ ဓာတ်ပုံပြင်ထားတာပဲဖြစ်ရမယ်]
[အဲ့တာက အစစ်ပဲ ဖြစ်ရမယ်!မစ္စတာလီ နဲ့ ရှောင်းယွီလို အရမ်းတူတဲ့လူက ဘယ်မှာရှိနိုင်မှာလဲ။ နင့်မျက်နှာ ပိတ်ရိုက်ခံရဖို့သာ ပြင်ထား]
[ဘယ်သူက မျက်နှာကို ပိတ်ရိုက်ခံရမလဲဆိုတာ အရေးမကြီးပါဘူး (လီ-စတိုင် ထွက်သွားလိုက်ဆိုတဲ့ GIF)]
. . . . . .
လူတိုင်းက စားေသာက်ပွဲကြီးအတွက် စောင့်နေခဲ့ကြသည်။သူတို့ထွက်သွားတာနဲ့ ရှရှင်းချီ အိပ်ရာခင်းထဲကနေပြီး သူခေါင်းက ပြူးထွက်လာခဲ့သည်။
လီချန်ယွမ်က သူ့ရဲ့ နီရဲပြီးဖောင်းနေတဲ့ မျက်အိမ်ကို သူ့ရဲ့ လက်ချောင်းအေးအေးတွေနဲ့ ပွတ်လိုက်ပြီး အောက်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“မင်းမျက်လုံးတွေက ငိုထားတာကြောင့် ဖောင်းအစ်နေပြီ။ ကိုယ် ရေခဲအိတ် တောင်းထားလိုက်တယ်”
လူလိမ်လေးဟာ အထိန်းအကွပ်မရှိတွေးတတ်တဲ့ ဉာဏ်ရှိသည်။ လူတွေကို အပြင်းအထန် ရိုက်နှက်ဖို့က အဆင်ပြေပေမဲ့ မျှော်လင့်မထားပဲ သူက အရင်ငိုခဲ့သည်။ဒါက လီချန်ယွမ်ကို သောကရောက်စေရုံတင် မဟုတ်ပဲ ရှရှင်းချီအတွက် ကိုယ်ချင်းစာစိတ်ပါ ဖြစ်သွားစေသည်။
ရှရှင်းချီ ရှက်ရှက်နဲ့ပဲ တအမ်းအမ်းလုပ်ခဲ့ပြီး တစ်စုံတစ်ခုကို သူသဘောပေါက်သွားတဲ့နောက် အကြောက်အကန်ကို ငြင်းတော့သည်။
“မျက်တောင်က မျက်လုံးထဲ ၀င်သွားခဲ့တာ! ကျွန်တော် မငိုခဲ့ဘူး!”
သူပြောပြီးတာနဲ့ အိပ်ရာခင်းတွေထဲ ပြန်၀င်သွားခဲ့၏။ေရခဲအိတ်ေရာက်လာတဲ့အခါ စောင်အောက်မှာပုန်းနေတဲ့ ဖြူကောင်လေးလိုမျိုး လက်တစ်ဖက်ထုတ်ပြီး ရေခဲအိတ်ကို အထဲ ဆွဲ သွင်းလိုက်၏။
ဘေးပတ်ချာလည်က တိတ်ဆိတ်နေခဲ့သည်။ရှရှင်းချီ နားစွင့်ခဲ့ပေမဲ့ ဘာမှမကြားရဘူး။ ဒါပေမဲ့ လီချန်ယွမ်ကတော့ သူ့ဘေးမှာထိုင်နေတုန်းဆိုတာ သူသိနေသည်။
ဒီဗီလိန်ကြီးနဲ့ သူဆုံခဲ့တဲ့ အချိန်က စပြီး ဒီလူမှာ ကြောက်စရာကောင်းတဲ့ ဝါသနာတစ်ခုရှိမှန်း သူသိခဲ့ရ၏။ထူးဆန်းတဲ့မျက်၀န်းတွေနဲ့ အချိန်တွေ အကြာကြီး သူ့ကို တိတ်တဆိတ်ငေးကြည့်နေရတာကို သူကြိုက်ခဲ့သည်။ပြီးတော့ အဲ့ဒီပထမညတုန်းက စောင့်ကြည့်ဖို့ သူ့အိပ်ယာဘေးမှာ ထိုင်နေခဲ့တာဖြစ်သည်။
ဒါပေမဲ့ အခုတော့ အဲ့ဒီ နားလည်မှုလွဲတာတွေ အကုန်လုံး ဖြေရှင်းပြီးခဲ့ပြီး လီချန်ယွမ် ဘာလို့ မထွက်သွားခဲ့လဲဆိုတာ အမှန်တရားက ထွက်ပေါ်လာခဲ့သည်။
သူ့အပေါ်မှာ ထားတဲ့ သူ့ရဲ့ သဘောထားက အခုထိ
မပြောင်းလဲသေးပဲ အနည်းငယ်တောင် ပိုကောင်းလာခဲ့သည်။
နှစ်ယောက်က မတိုးသာမဆုတ်သာ အခြေအနေနဲ့ စောင်အလွှာလေးတစ်ခုပဲခြားရင်း အကြာကြီး ရှိနေခဲ့သည်။ရှရှင်းချီ တိတ်ဆိတ်မှုကို အရင်ဖြိုခွဲဖို့ ဆုံးဖြတ်လိုက်ပြီး တုန့်ဆိုင်းစွာနဲ့ပဲ အသံကိုနှိမ့်ကာမေးလိုက်သည်။
“ခင်ဗျား….ခင်ဗျား တကယ်ပဲ ကျွန်တော့လစာကို နှစ်ဆ တိုးပေးမှာလား”
Chapter 54 ended