⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 58

Chapter 58

 

ကင်မရာ နောက်ကွယ်သို့ ရောက်သည်နှင့် ဖေးလုသည် မုရှို့ကို နံရံနှင့် ကပ်ကာ အငမ်းမရ နမ်းရှိုက်လိုက်သည်။ သူ၏ မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်နေပြီး မုရှို့၏ မျက်လုံးများကို မလွှတ်တမ်း စိုက်ကြည့်နေသည်။ နှုတ်ခမ်းပေါ်တွင်လည်း ဗရမ်းဗတာ ကိုက်ခဲ နမ်းရှိုက်နေသဖြင့် မုရှို့မှာ စိတ်မထိန်းနိုင်တော့မတတ် ဖြစ်နေရသည်။

 

ဖေးလုသည် မုရှို့၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားသည်။ မုရှို့သည် အနမ်းကို တုံ့ပြန်ရင်း ဖေးလုကို ခါးမှနေ၍ ပွေ့မလိုက်သည်။ ဖေးလုသည် မုရှို့၏ ပွေ့ချီခြင်းကို ခံလိုက်ရပြီး မော့ကြည့်ရမည့် အနေအထားမှ ငုံ့ကြည့်ရမည့် အနေအထားသို့ ပြောင်းလဲသွားသည်။ သူသည် မုရှို့၏ မျက်နှာကို အုပ်ကိုင်ပြီး ပိုမို အားပါးတရ နမ်းရှိုက်လိုက်သည်။

 

မုရှို့သည် ဖေးလု၏ ကျွမ်းကျင်မှုမရှိဘဲ စိတ်လောနေသော အနမ်းကြမ်းများကြောင့် “ရှီး… ရှီး” နှင့် ဖြစ်နေရသည်။ သူသည် ဖေးလုကို အပေါ်သို့ ပိုမြှောက်တင်လိုက်ပြီး အလျှော့မပေးတော့ဘဲ ဦးဆောင်သူနေရာကို ပြန်ယူကာ အဆပေါင်းများစွာ ပြင်းထန်သော အနမ်းများဖြင့် တုံ့ပြန်လိုက်တော့သည်။

 

အတော်ကြာမှ အနမ်းရပ်သွားလေသည်။ ဖေးလုသည် ပါးစပ်ကို ပွတ်သပ်ရင်း အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရသည်။ သို့သော် မျက်လုံးများကမူ တောက်ပနေ၏။

 

“ဒီနေ့ ခင်ဗျား အရမ်း မိုက်တယ်!”

 

မုရှို့သည် မျက်ခုံးပင့်လိုက်ပြီး ဖေးလု၏ နားသန်သီးလေးကို ပွတ်သပ်ပေးလိုက်သည်။ စောစောက ပွေ့ချီထားသည့် အနေအထားအတိုင်းပင် ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။

 

“ဒါဆို ခဏနေကျရင် လိမ္မာရမယ်နော်”

 

ဖေးလုသည် မုရှို့၏ နားရွက်ကို ဆွဲလိုက်ပြီး လည်ပင်းကြားထဲတွင် မျက်နှာအပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။

 

မငြင်းဘူးဆိုတော့ သဘောတူတယ်ပေါ့။

 

……

 

နှစ်ယောက်သား အိမ်မပြန်ကြပေ။ မုရှို့သည် ဖေးလုကို ကားမောင်းပြီး မြို့လယ်ခေါင်ရှိ အဆင့်မြင့် လက်ဝတ်ရတနာဆိုင် တစ်ဆိုင်သို့ ခေါ်သွားလေသည်။

 

ဖေးလုသည် ကြောင်တောင်တောင်ဖြင့် လိုက်ပါလာခဲ့သည်။ ဖန်ကောင်တာထဲမှ လက်စွပ်များကို မြင်လိုက်ရမှ ရုတ်တရက် သူ သဘောပေါက်သွားတော့သည်။ သူသည် မုရှို့၏ လက်ဖဝါးကို ကုတ်လိုက်ပြီး မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

 

“လက်စွပ် ဝယ်မလို့လား?”

 

မုရှို့သည် ပြုံးရိပ်သန်းသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်ပြီး မငြိမ်မသက် ဖြစ်နေသော လက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည်။

 

“မင်း ရိပ်မိနေပြီ မဟုတ်ဘူးလား?”

 

ဖေးလုသည် မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်သည်။

 

“ဒီလိုဆိုတော့လည်း Surprise မဖြစ်တော့ဘူးပေါ့”

 

မုရှို့သည် ဖေးလု၏ နှာခေါင်းထိပ်လေးကို နှာခေါင်းချင်း ထိကပ်လိုက်ပြီး လျှို့ဝှက်သော လေသံဖြင့် ပြောလိုက်သည်။

 

“ကိုယ်နဲ့ လိုက်ခဲ့”

 

ဖေးလုသည် မုရှို့နောက်မှ လိုက်ပါသွားပြီး အတွင်းအကျဆုံး အခန်းတစ်ခန်းထဲသို့ ရောက်သွားကြသည်။ အခန်းထဲတွင် ဆံပင်စုတ်ဖွားနှင့် အမျိုးသားတစ်ဦးသည် ခေါင်းငုံ့ပြီး တစ်စုံတစ်ခုကို အသည်းအသန် လုပ်နေသည်။

 

မုရှို့က လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။

 

ထိုလူက မော့ကြည့်လာပြီး မုရှို့ကို မြင်သောအခါ အံ့သြစွာဖြင့် တံခါးလာဖွင့်ပေးသည်။

 

“မင်း ဘယ်လိုရောက်လာတာလဲ?”

 

ထို့နောက် သူတို့နှစ်ဦး၏ တွဲထားသော လက်ကို မြင်လိုက်ရသဖြင့် သဘောပေါက်သွားတော့သည်။

 

“ဒါကို လာယူတာလား?”

 

မုရှို့က ခေါင်းညိတ်လိုက်ပြီး ဖေးလုကို ကြင်နာစွာ ကြည့်လိုက်သည်။

 

“တိုက်ဆိုင်လိုက်တာ… သူ့အတိုင်းနဲ့ ကွက်တိပဲ”

 

ဖေးလုသည် သူတို့နှစ်ဦး စကားဝှက် ပြောနေသကဲ့သို့ ပြောဆိုနေကြသည်ကို နားမလည်စွာ ကြည့်နေမိသည်။ လက်စွပ်ဝယ်တာများ သူလျှိုတွေ လျှို့ဝှက်သင်္ကေတကို ပြနေသလို လုပ်နေရတယ်လို့။

 

ထိုအမျိုးသားသည် အတွင်းခန်းထဲမှ မီးခံသေတ္တာတစ်လုံးကို ယူလာသည်။ မီးခံသေတ္တာကို ဖွင့်လိုက်သောအခါ အပြာရောင် ကတ္တီပါဘူးလေး တစ်ခု ပေါ်လာသည်။

 

မုရှို့သည် ဘူးကို ယူလိုက်ပြီး ဖေးလုကို နူးညံ့စွာ ပြောလိုက်သည်။

 

“မျက်လုံး မှိတ်ထား”

 

ဖေးလုသည် လိမ္မာစွာ မျက်လုံးမှိတ်လိုက်သည်။ သို့သော် ရင်ထဲတွင်မူ တဒုန်းဒုန်း ခုန်နေတော့သည်။

 

မုရှို့ ဘူးကို ဖွင့်လိုက်တော့ အပြာရောင် စိန်တစ်ပွင့် တပ်ဆင်ထားသော လက်စွပ်တစ်ကွင်း ပေါ်လာသည်။ ဒီလက်စွပ်ကို လန်ဒန် လေလံပွဲတစ်ခုတွင် သူ လေလံအောင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အလုပ်ကိစ္စ တစ်ခုဖြင့် လမ်းကြုံဝင်သွားခဲ့ခြင်း ဖြစ်သော်လည်း ဒီလက်စွပ်ကို မြင်လိုက်ရသည့်အချိန်တွင် စိတ်ကူးပေါက်ပြီး ဈေးအမြင့်ပေးကာ ဝယ်ယူခဲ့သည်။

 

အပြာရောင် စိန်သည် အလွန် ရှားပါးသည်။ စိန်ပွင့် မကြီးသော်လည်း ရှားပါးမှုကြောင့် တန်ဖိုးက အလွန် ကြီးမားလှသည်။ မုရှို့ လေလံဆွဲတုန်းကဆို ဘေးနားက မိတ်ဆွေတွေကတောင် သူ့ကို အရူးတစ်ယောက်လို ကြည့်ခဲ့ကြသည်။

 

မုရှို့သည် လက်စွပ်ကို ထုတ်ယူပြီး ဖေးလု၏ သွယ်လျသော လက်ချောင်းလေးတွင် မြတ်နိုးစွာ စွပ်ပေးလိုက်သည်။

 

လက်ချောင်းပေါ်တွင် အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် ဖေးလု မျက်လုံးဖွင့်ကြည့်လိုက်​ရာ မုရှို့၏ ချစ်ခြင်းမေတ္တာများ ပြည့်ဝနေသော မျက်ဝန်းများနှင့် ဆုံလိုက်ရသည်။

 

မုရှို့သည် သူ၏ လက်ဖမိုးကို ဖွဖွလေး နမ်းလိုက်ပြီး တိုးညှင်းစွာ ပြောလေသည်။

 

“ဒီလက်စွပ်ရဲ့ နာမည်က ‘ထာဝရ အချစ်’ တဲ့… အခု အဲဒါ မင်းဟာ ဖြစ်သွားပြီ… ကိုယ့်ရဲ့ အချစ်တွေကလည်း မင်းဟာပဲ…”

 

“ဝမ်စု… ကိုယ်တို့ လက်ထပ်ကြရအောင်”

 

ကိုယ်တို့ လက်ထပ်ကြရအောင်…

 

ဖေးလုသည် မျက်ရည်များ ဝဲတက်လာသည်။ ပြောပြမတတ်သော ခံစားချက်များက ရင်ထဲသို့ ဆောင့်ဝင်လာပြီး ဒီအချိန်အခိုက်အတန့်ကို စောင့်မျှော်နေခဲ့သည်မှာ ကြာပြီဟု ခံစားလိုက်ရသည်။

 

မုရှို့သည် သူ့ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ကျောပြင်ကို ပုတ်ပေးလိုက်သည်။

 

“အသည်းလေး… မငိုနဲ့လေ”

 

ဖေးလုသည် နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်သည်။ သူ့အသံများပင် နှာသံ ပေါက်နေပြီဖြစ်သည်။

 

“ကိုယ်တို့ အရင်ဘဝတုန်းကလည်း ဖူးစာပါခဲ့ကြမှာ သေချာတယ်”

 

ထိုအချိန်တွင် ရင်းနှီးကျွမ်းဝင်သော ခံစားမှုတစ်ခုက ဝင်ရောက်လာပြီး သူ့ကို လွှမ်းခြုံသွားတော့သည်။ ဒီလူသားသာ သူ့ရှေ့တွင် အကောင်အထည်နှင့် ရှိမနေဘူးဆိုလျှင် သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ထင်မှတ်မိပေမည်။

 

မုရှို့ ရယ်လိုက်ပြီး သူ့ကို ပိုမို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

 

“အင်း… ကိုယ်ကတော့ မင်းကိုပဲ မှတ်ထားလိုက်ပြီ။ နောက်ဘဝကျရင်လည်း ကိုယ်တို့ ဖူးစာပါဦးမှာ”

 

ဘေးနားမှ လျှပ်စစ်မီးသီး (တတိယလူ) သည် သူတို့၏ အီလည်လည် စကားများကို နားမထောင်နိုင်တော့ဘဲ ကြက်သီးများ ထလာသဖြင့် လက်မောင်းကို ပွတ်ကာ အတွင်းခန်းထဲသို့ ဝင်ပြေးသွားတော့သည်။

 

အချစ်က ကြောက်စရာ ကောင်းလိုက်တာ… မုရှို့လို အေးစက်တဲ့ လူတောင် ချစ်မိသွားတော့ ဉာဏ်ရည်မမီတော့သလိုပဲ။

 

……

 

လက်စွပ်ယူပြီးနောက် မုရှို့သည် မျက်ရည်ခံထားသော သိုးပေါက်လေးကို ပွေ့ဖက်ကာ အိမ်ပြန်လာခဲ့သည်။

 

နေဝင်ချိန် ဖြစ်သဖြင့် မိုးကုပ်စက်ဝိုင်း တစ်ဝက်ခန့်သည် တိမ်နီများဖြင့် ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ အလွန် လှပနေသည်။

 

မုရှို့သည် တည်ငြိမ်စွာ ကားမောင်းနေပြီး ဘေးခုံမှ ဖေးလုကမူ ဖုန်းကို ကိုင်ကာ ကိုယ့်လက်ကိုယ် ထောင့်ပေါင်းစုံမှ ဓာတ်ပုံရိုက်နေလေသည်။

 

အချိန်အတော်ကြာ ရိုက်ပြီးမှ စိတ်တိုင်းအကျဆုံး ပုံနှစ်ပုံကို ရွေးကာ Weibo ပေါ် တင်လိုက်သည်။

 

[မုရှို့ : လက်ထပ်ခွင့် တောင်းလိုက်ပြီ… ပျော်လိုက်တာ (^_^). (ပုံ)]

 

Weiboတွင် စောင့်နေသော Fan များသည် ထူးခြားဆန်းပြားသော လေသံကြောင့် လန့်သွားကြသည်။ ဒါ ငါတို့ရဲ့ မင်းသားကြီး မဖြစ်နိုင်ဘူးဟု ဝိုင်းအော်ကြတော့သည်။

 

[ငါ့မင်းသားရဲ့အကောင့် ဟက်ခံရတာ ဖြစ်မယ်]

 

[ဒါမှမဟုတ် ပြုစားခံလိုက်ရတာလား? ဥပမာ – အောက်ပုဂ္ဂိုလ် ဖြစ်သွားစေတဲ့ ဆေးများ စားမိလိုက်သလားလို့]

 

[ဟားဟားဟား… နောက်က အီမိုဂျီက သေချာပေါက် မင်းသား မဟုတ်ဘူး… မင်းသားရဲ့ အသည်းကျော်လေး ဖြစ်မယ်]

 

[အသည်းကျော်လေး +1 … ဒီလေသံက Shou စစ်စစ်ကြီးပဲ]

 

အောက်တွင် ထောက်ခံသော Comment များက တန်းစီနေသဖြင့် ဖေးလု ဒေါသထွက်လွန်း၍ ပါးများ ဖောင်းလာသည်။ ဘေးနားမှ မုရှို့၏ ယောက်ျားပီသသော မျက်နှာသွင်ပြင်ကို ကြည့်လိုက်၊ ဖုန်းထဲမှ ကိုယ့်မျက်နှာ ဝိုင်းဝိုင်းလေးနှင့် ပါးချိုင့်လေးကို ပြန်ကြည့်လိုက် လုပ်ရင်း စိတ်ဓာတ်ကျသွားသည်။

 

ဖေးလု ခေါင်းငိုက်စိုက် ကျသွား​လေသည်။ ဒီခန္ဓာကိုယ်က တကယ်ကြီး အောက်ပုဂ္ဂိုလ် ဆန်နေတာကို ဝန်ခံရတော့မည်။

 

……

 

အိမ်ပြန်ရောက်သည်အထိ ဖေးလုသည် Weibo ပွတ်ရင်း ခေါင်းမဖော်တော့ပေ။ သံတံခါးကြီး “ဂျောက်” ခနဲ ပိတ်သွားမှ လေထု အခြေအနေ မကောင်းသည်ကို သတိထားမိလိုက်သည်။

 

သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး မုရှို့နှင့် ခပ်ခွာခွာ နေလိုက်သည်။

 

“ကျွန်တော်… တစ်ခုခု သွားချက်လိုက်ဦးမယ်”

 

မုရှို့သည် သူ့အနောက်မှနေ၍ သဘောကျစွာ ရယ်လိုက်သည်။ သူသည် လက်လှမ်းလိုက်ပြီး ဖေးလုကို ရင်ခွင်ထဲသို့ ပြန်ဆွဲသွင်းကာ နားရွက်လေးကို ငုံရင်း တိုးညှင်းစွာ ပြောလေသည်။

 

“အစာမစားခင်… မင်းကို အရင် ‘စား’ ရင် မကောင်းဘူးလား…”

 

ထို့နောက်တွင်တော့ ဖေးလုသည် နက်ရှိုင်းသော ဝဲဂယက်ထဲသို့ ဆွဲချခံလိုက်ရတော့သည်။

 

(မီးပိတ်လိုက်ပြီ! စာလုံးရေ တစ်သောင်းလောက် မြှုပ်ချန်ထားလိုက်ပြီ =_=)(T/N: စာရေးသူကိုယ်တိုင်က ပြောထားတာပါ)

 

မုရှို့သည် ချွေးများဖြင့် စိုရွှဲနေသော အိမ်မွေးတိရစ္ဆာန်လေးကို ပွေ့ချီပြီး ရေချိုးပေးလိုက်သည်။

 

ဖေးလု၏ ကိုယ်ပေါ်တွင် အမည်မသိ အရည်များ ပေကျံနေသည်။ မုရှို့သည် ရေနွေးစပ်၊ ဖေးလုကို ရေချိုးကန်ထဲ ထည့်ပြီး ညင်သာစွာ တိုက်ချွတ်ဆေးကြောပေးလိုက်သည်။

 

ဖေးလုခမျာ အတော်လေး အနှိပ်စက်ခံလိုက်ရသဖြင့် ခေါင်းတွေ မူးဝေနေပြီး ရေချိုးကန်ထဲတွင် ပျော့ခွေကာ ရံဖန်ရံခါ ညည်းသံလေးများ ထွက်နေရှာသည်။

 

မုရှို့သည် သူ့ကို ခေါင်းလျှော်ပေးပြီးနောက် ရေချိုးသဘက်ကြီးဖြင့် ပတ်ကာ ဧည့်ခန်းထဲသို့ ပွေ့ချီသွားပြီး ဆိုဖာပေါ်တွင် ချပေးလိုက်သည်။ ဖေးလုသည် တစ်ကိုယ်လုံး နုံးခွေနေသဖြင့် မလှုပ်ချင်တော့ပေ။ မုရှို့က Tablet ကို ဘေးနား ချပေးထားခဲ့ပြီး သူကိုယ်တိုင်ကမူ အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ ညစာ ပြင်ဆင်ရန် ဖြစ်သည်။

 

ညစာလား၊ ညလယ်စာလားတော့ မပြောတတ်တော့ပေ။

 

အိမ်မွေးတိရစ္ဆာန်လေးက အရမ်း လိမ္မာလွန်းသည်။ ဘာတောင်းဆိုဆို ငြင်းဆန်ခြင်း မရှိဘဲ ပျော့ပျောင်းသော ခန္ဓာကိုယ်လေးဖြင့် အလိုက်သင့် နေပေးရှာသည်။ မုရှို့သည် သူ့အပေါ်တွင် သေလောက်အောင်ပင် ချစ်မိနေပြီဖြစ်သည်။ သူသည် ဖေးလုကို နာရီပေါင်းများစွာ နှိပ်စက်ပြီးမှ ရင်ထဲက ဆန္ဒပြင်းပြမှုများကို ဖြေလျော့နိုင်ခဲ့သည်။

 

မီးဖိုချောင်ထဲမှ မီးရောင် မှိန်မှိန်လေးက ထွက်ပေါ်နေသည်။ ဖေးလုသည် Weiboကို တစ်ချက် ပွတ်လိုက်၊ မီးဖိုချောင်ဘက်ကို လှမ်းကြည့်လိုက်နဲ့ လုပ်နေလေသည်။ မီးရောင်လေးက နွေးထွေးနေသလို ဖေးလု၏ ရင်ထဲတွင်လည်း ကြည်နူးမှုများ ပြည့်နှက်နေသည်။

 

မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦး၏ ကျောပြင်ကို လှမ်းရိုက်လိုက်ပြီး Weibo ပေါ် တင်လိုက်ပြန်သည်။

 

[ညလယ်စာ စားရတော့မယ်… ပျော်လိုက်တာ။ (ပုံ)]

 

မအိပ်သေးသော ညဇီးကွက်များသည် ရုတ်တရက် ကျွေးလိုက်သော ခွေးစာကြောင့် သီးကုန်ကြတော့သည်။

 

[တစ်ဖက်လူက သူ့ရဲ့ ခွေးစာခွက်ကို ကန်ထုတ်ပြီး နင့်ယောင်္ကျားကို လုသွားပြီ!]

 

[ငါလည်း ဗိုက်ဆာလို့ ညလယ်စာ ထသွားစားမလို့ လုပ်နေတာ… ခွေးစာ ထပ်မကျွေးပါနဲ့တော့… Single လေးတွေကို သနားပါဦး]

 

[ဒီအချိန်ကြီးမှ ညလယ်စာ? အသည်းကျော်လေးကို စားပြီးမှ ညလယ်စာ စားတာ မဟုတ်ဘူးလား?]

 

[ဟိဟိဟိ… အသည်းကျော်လေးကို စားတယ်တဲ့… ငါ အဝါစာပေလေး တစ်ပုဒ်လောက် ရေးလို့ရပြီ]

 

[……]

 

ခေါင်းစဉ်လွဲသွားပြီး အသည်းကျော်လေးကို ဘယ်လို ချက်ပြုတ်စားသောက်မလဲ ဆိုသည့် ခေါင်းစဉ်များ၊ 18+ အကြောင်းအရာများ ပါလာသဖြင့် ဖေးလု ကြောက်လန့်တကြားဖြင့် Tablet ကို ချလိုက်ရသည်။ ဆက်ဖတ်နေရင် ကလေးတွေ ကြည့်လို့မသင့်တော်တာတွေ ဖြစ်ကုန်တော့မယ်။

 

မီးဖိုချောင်ထဲမှ မုရှို့သည် ခေါက်ဆွဲနှစ်ပန်းကန်ကို ကိုင်ပြီး ထွက်လာသည်။

 

ဖေးလုသည် ရေလိုကြည်လင်နေပြီး ဘာမှမပါတဲ့ ခေါက်ဆွဲနှစ်ပန်းကန်ကို ကြည့်ပြီး တိတ်ဆိတ်သွားပြန်သည်။

 

ဒီကိစ္စကို ဘယ်လိုလုပ် မေ့နေရတာလဲ?!

 

ဖေးလုသည် ခေါက်ဆွဲကို ရွံရှာစွာ ကြည့်လိုက်ပြီး မုရှို့၏ ပါးကို လက်ညှိုးဖြင့် ထိုးကာ မေးလိုက်သည်။

 

“ဒီလောက် အရသာမရှိတဲ့ဟာကို ဘယ်လိုလုပ် စားမှာလဲ”

 

မုရှို့သည် သူ့ရှေ့က ပန်းကန်ကို တွန့်ဆုတ်စွာ ကြည့်လိုက်သည်။ နည်းနည်းတော့ အရသာ ပေါ့မယ့်ပုံပဲ။

 

သူက မျက်မှောင်ကြုတ်လိုက်ပြီး ပန်းကန်နှစ်လုံးကို ပြန်ယူသွားရန် ပြင်လိုက်သည်။

 

“ဒါဆို မစားနဲ့တော့… အိမ်အကူကို လာချက်ခိုင်းလိုက်မယ်”

 

ဖေးလု ရယ်ချင်သွားသည်။ သန်းခေါင်ကျော်ကြီး အိမ်အကူကို လာချက်ခိုင်းတာ ဒီလူကြီးပဲ လုပ်ရဲတယ်။ သူသည် မုရှို့၏ အင်္ကျီစကို ဆွဲလိုက်ပြီး ရေခဲသေတ္တာဘက်သို့ မေးငေါ့ပြလိုက်သည်။

 

“ရေခဲသေတ္တာထဲမှာ အမဲသား‌ဆော့စ် ရှိတယ်”

 

အမဲသား‌ဆော့စ်ကို အိမ်အကူက ကိုယ်တိုင် လုပ်ပေးထားခြင်း ဖြစ်သည်။ အမဲသားတုံးကြီးကြီးများနှင့် ငရုတ်ဆီ ရဲရဲလေးမို့ စားချင်စဖွယ် ကောင်းလှသည်။

 

ဖေးလုသည် ဇွန်းအကြီးကြီးဖြင့် တစ်ဇွန်းခပ်ပြီး ခေါက်ဆွဲထဲ ထည့်ကာ မွှေလိုက်ရာ ရေလုံပြုတ်ခေါက်ဆွဲသည် ဆီရောင်သန်းပြီး စားချင်စဖွယ် ဖြစ်သွားတော့သည်။

 

တစ်ပန်းကန်ကို မုရှို့ဆီ တွန်းပေးလိုက်ပြီး ကျန်တစ်ပန်းကန်ကို သူက ယူကာ အားရပါးရ စားလိုက်သည်။

 

မုရှို့သည် အနီရောင်သန်းနေသော ခေါက်ဆွဲကို ကြည့်ပြီး တူမလှုပ်နိုင် ဖြစ်နေသည်။

 

ဖေးလုသည် သူစားတာ ပန်းကန်တစ်ဝက်လောက် ကုန်သွားသည့်အချိန်ထိ မုရှို့က တူကိုင်ပြီး ငေးနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သန့်ရှင်းရေး ကြောင်သည့်ရောဂါ ပြန်ထလာပြီ ထင်သည်။ ဖေးလုသည် နှုတ်ခမ်းဆူလိုက်ပြီး သူ့ပန်းကန်ကို မုရှို့ရှေ့ တိုးပေးကာ ခေါက်ဆွဲတစ်ဖတ်ကို ခွံ့ကျွေးလိုက်သည်။

 

“မြည်းကြည့်ပါ… အရသာ မဆိုးဘူး”

 

မုရှို့သည် ဖေးလု၏ မျှော်လင့်တကြီး အကြည့်များကို မလွန်ဆန်နိုင်ဘဲ ပါးစပ်ဟကာ စားလိုက်ရသည်။

 

ခေါက်ဆွဲသားက ပျော့အိနေပြီး အမဲသား‌ဆော့စ်၏ အငန်အရသာနှင့် ပေါင်းစပ်လိုက်သောအခါ အရသာက မဆိုးလှပေ။ မုရှို့သည် ရင်ထဲမှ ငြင်းဆန်မှုများကို ကျော်လွှားပြီး ဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။

 

ဖေးလုသည် ဆုချသည့်အနေဖြင့် အမဲသားနံ့များ၊ ဆီနံ့များ ရနေသော အနမ်းတစ်ခုကို ပေးလိုက်သည်။

 

မုရှို့ ပြုံးလိုက်မိသည်။သူသည် ဖေးလုလက်ထဲမှ ပန်းကန်ကို ယူလိုက်ပြီး သူကိုယ်တိုင်လည်း တူကိုင်ကာ အားရပါးရ စားသောက်လိုက်တော့သည်။

 

သို့ပေမယ့် ဖေးလု တစ်ယောက်တည်းသာ ခရမ်းချဉ်သီး မီးဖုတ်သလို မျက်နှာနီရဲပြီး ကျန်ရစ်ခဲ့သည်။

 

……

 

ညလယ်စာ စားပြီးနောက် နှစ်ယောက်သား အိပ်ရာဝင်ကြလေသည်။

 

ထိုသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားသည်။

 

 

Chapter 58 ended

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset