⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 59

Chapter 59

 

တစ်လ ကြာသောအခါ မုရှို့၏ခါးဒဏ်ရာမှာ လုံးဝ သက်သာသွားပြီ ဖြစ်သဖြင့် မုရှို့သည် ဖေးလုကို ခေါ်ပြီး ရိုက်ကွင်းသို့ ဝင်ရောက်ခဲ့တော့သည်။

 

“လူဆိုး” ဇာတ်ကားသည် ရိုက်ကူးနေပြီ ဖြစ်သည်။ မုရှို့ကို ဒဏ်ရာသက်သာအောင် စောင့်နေသည့် ကာလအတွင်း ဒါရိုက်တာသည် သိပ်အရေးမကြီးသော အခန်းများကို ကြိုတင် ရိုက်ကူးထားလိုက်သည်။ မုရှို့ ပြန်ရောက်လာသည်နှင့် ရိုက်ကွင်းသို့ တန်းသွားပြီး မင်းသား၏ အဓိက အခန်းများကို စတင် ရိုက်ကူးတော့မည် ဖြစ်သည်။

 

“လူဆိုး” သည် ရဲနှင့် ဂိုဏ်းစတားလူဆိုးတို့၏ ဇာတ်လမ်း ဖြစ်ပြီး မုရှို့သည် ရဲဘက်က လျှို့ဝှက်သူလျှို လုဖုန်းအဖြစ် သရုပ်ဆောင်ရသည်။

 

လုဖုန်းသည် ရဲသင်တန်းကျောင်းမှ ဘွဲ့ရပြီးသည်နှင့် ဟောင်ကောင်သို့ လျှို့ဝှက်တာဝန် ထမ်းဆောင်ရန် စေလွှတ်ခြင်း ခံရသည်။ ၈၀ ခုနှစ်များက ဟောင်ကောင် လူမိုက်ဂိုဏ်း အင်အားစုများသည် ရှုပ်ထွေးပွေလီလှသည်။ လုဖုန်းသည် ဒေသခံ အင်အားစုများကြားသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်နိုင်ရန် “နဂါးစိမ်းဂိုဏ်း” သို့ ဝင်ရောက်ခဲ့သည်။

 

နဂါးစိမ်းဂိုဏ်းသည် ဟောင်ကောင်ရှိ သာမန် ဂိုဏ်းငယ်လေး တစ်ခုသာ ဖြစ်ပြီး နိုက်ကလပ် အနည်းငယ်ထံမှ ဆက်ကြေးကောက်ရုံမျှသာ လုပ်ကိုင်သဖြင့် ရှုပ်ထွေးနေသော ဟောင်ကောင်တွင် သိပ်ပြီး လူမုန်းမများလှပေ။ သို့သော် လုဖုန်း ရရှိထားသော သတင်းအရ သာမန်ဟု ထင်ရသော နဂါးစိမ်းဂိုဏ်း၏ နောက်ကွယ်တွင် “တုမိသားစု” ရှိနေသည်။

 

တုမိသားစု၏ ဟောင်ကောင်ရှိ အရှိန်အဝါသည် မိုးကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့်တောင် ဖုံးအုပ်ထားနိုင်သည်ဟု ဆိုလျှင် မမှားပေ။ သို့သော် တုမိသားစု၏ မျိုးဆက် နှစ်ဆက်ဆက်ခံသူများသည် “ကမ်းတက်ပြီး လူကောင်းလုပ်ခြင်း (လုပ်ငန်းများကို တရားဝင် ဖြစ်အောင် ပြောင်းလဲခြင်း)” ကို ရွေးချယ်ခဲ့ကြသည်။ မည်းမှောင်နေသော တရားမဝင်သော ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ပြီး မြေအောက်သို့ လွှဲပြောင်းလိုက်ကြသည်။ တုမိသားစုသည် ဟောင်ကောင် လူမိုက်ဂိုဏ်း ခေါင်းဆောင်အဖြစ်မှ ဟောင်ကောင်၏ အကြီးမားဆုံး ပြည်တွင်း ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

 

လုဖုန်း၏ တာဝန်မှာ တုမိသားစု၏ နောက်ကွယ်မှ တရားမဝင် မှောင်ခိုလုပ်ငန်း သက်သေအထောက်အထားများကို ရှာဖွေရန် ဖြစ်သည်။

 

နဂါးစိမ်းဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် မတော်တဆ အခွင့်အရေးတစ်ခုကြောင့် လုဖုန်းသည် တုမိသားစု၏ အရေးပါသော လူကြီးတစ်ယောက်နှင့် ဆက်သွယ်မိခဲ့သည်။ ထိုလူကြီး၏ ယုံကြည်မှုကို ရယူရန်အတွက် လုဖုန်းသည် ပထမဆုံးအကြိမ်အဖြစ် လူသတ်ခဲ့ရသည်။

 

အပြစ်မဲ့သော မိန်းကလေး တစ်ယောက်ကို သတ်ခဲ့ရခြင်း ဖြစ်သည်။

 

လက်တွင် သွေးစွန်းသွားပြီ ဖြစ်သဖြင့် နောက်ပြန်လှည့်ရန် အချိန်မမီတော့ပေ။ လုဖုန်းသည် ဝဲဂယက်ထဲတွင် ပိုမို နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့သည်။ နဂါးစိမ်းဂိုဏ်းတွင် နေရာရလာသည်နှင့်အမျှ သူ့လက်ပေါ်မှ လူ့အသက် အရေအတွက်သည်လည်း ပိုမို များပြားလာခဲ့သည်။

 

သူသည် သူလျှိုလုပ်ရန် ရွေးချယ်ခဲ့ခြင်းအပေါ် သံသယဝင်လာခဲ့သည်။ အပြစ်မဲ့သော သွေးများစွာ စွန်းထင်းနေပြီ ဖြစ်သဖြင့် ရဲယူနီဖောင်းကို ပြန်ဝတ်ပြီး ရဲတံဆိပ်ကို တပ်ဆင်လိုက်လျှင်လည်း တရားမျှတမှုကို ကိုယ်စားပြုနိုင်တော့မည် မဟုတ်ပေ။

 

လုဖုန်းသည် စတင် ပျက်စီးယိုယွင်းလာခဲ့သည်။ သူ၏ ကိုယ်ပိုင် အမှတ်အသားအထောက်အထားကို မေ့လျော့ထားလိုက်ပြီး အမှောင်ထုထဲမှ အပျော်အပါး လောကတွင် နစ်မွန်းနေခဲ့သည်။

 

အပြောင်းအလဲ ဖြစ်ပေါ်စေခဲ့သည့် အကြောင်းရင်းမှာ ကောင်လေးတစ်ယောက်နှင့် တွေ့ဆုံခဲ့ခြင်းကြောင့် ဖြစ်သည်။

 

ဟောင်ကောင် နိုက်ကလပ်များတွင် အစီအစဉ် အမျိုးမျိုး ရှိသည်။ ချောမောလှပသော ကောင်လေးများသည် အထူးအဆန်း မဟုတ်ပေ။ ထိုသူတို့ “စီးပွားရေး” ဆွေးနွေးတိုင်း ဘေးတွင် အဖော်ပြုပေးမည့် မိန်းကလေး၊ ယောင်္ကျားလေး အနည်းငယ် ရှိစမြဲ ဖြစ်သည်။

 

ကျိချင်းသည် လုဖုန်း၏ဘေးတွင် တာဝန်ကျခဲ့သည်။

 

ကျိချင်း၏ရိုးသားဖြူစင်မှုက သူ့ရင်ထဲတွင် ဖုံးကွယ်ထားသော ကြင်နာမှုများကို နှိုးဆွလိုက်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ လုဖုန်းသည် အပျော်အပါး လောကထဲသို့ ရောက်ရှိခါစဖြစ်တဲ့ ကောင်လေးကို ခေါ်ထုတ်သွားခဲ့သည်။ ကျိချင်းသည် အရွယ်ရောက်ကာစသာ ရှိသေးပြီး လူ့လောကထဲသို့ ရောက်ရှိလာသည်မှာ ရက်ပိုင်းသာ ရှိသေးသဖြင့် နိုက်ကလပ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သူသည် နောင်တစ်ချိန်တွင် ဘာတွေ ကြုံတွေ့ရမည်ကိုပင် မသိရှာပေ။

 

လုဖုန်းသည် စိတ်လိုက်မာန်ပါဖြင့် ထိုကောင်လေးကို အိမ်သို့ ခေါ်သွားခဲ့သည်။

 

ထိုသို့ဖြင့် သူ့ဘဝထဲတွင် လူတစ်ယောက် ရုတ်တရက် တိုးလာခဲ့သည်။ ကျိချင်းသည် အလွန် ရိုးသားဖြူစင်သည်။ အထက်တန်း ကျောင်းပြီးခါစသာ ရှိသေးသဖြင့် လူ့လောက၏ မည်းမှောင်သောအခြမ်းများကို သိပ်နားမလည်ပေ။ လုဖုန်းက သူ့ကို ကယ်တင်ခဲ့သဖြင့် သူသည် လုဖုန်းအပေါ် စိတ်ရောကိုယ်ပါ ကောင်းမွန်ပြီး တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ပေးလေသည်။

 

အချိန်ကြာလာသောအခါ လုဖုန်းသည် သူ့ကို ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်လာသည်။ သို့သော် အမှောင်ထုထဲတွင် အလင်းရောင် ရှိနေခြင်းကို ခွင့်မပြုပေ။ လုဖုန်းသည် တုဂမိသားစု၏လက်နက်တစ်ခု ဖြစ်သည်။ ယခုအခါ ထိုလက်နက်တွင် အားနည်းချက်တစ်ခု ရှိလာခဲ့လေပြီ။

 

ကျိချင်း သေကိုသေရမည်ဖြစ်သည်။

 

လုဖုန်းသည် ကျိချင်း၏အလောင်းကို ပွေ့ဖက်ထားချိန်ကျမှ ရဲတံဆိပ်ရှေ့တွင် ပြုလုပ်ခဲ့သော ကတိသစ္စာကို ရုတ်တရက် ပြန်လည် သတိရလာခဲ့သည်။

 

ကျိချင်းကို မြှုပ်နှံပြီးနောက် သူသည် ၅ နှစ်တာ အချိန်ယူကာ တုမိသားစု၏ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားများကို ရှာဖွေခဲ့သည်။ တုမိသားစု၏ အရေးပါသော မှောင်ခိုလုပ်ငန်း တစ်ခုတွင် ရဲများကို ကူညီပေးခဲ့ပြီး နောက်ဆုံးတွင် လူရော သက်သေပါ ဖမ်းမိကာ ဟောင်ကောင်တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော တုမိသားစုသစ်ပင်ကြီးကို ပြိုလဲသွားစေခဲ့သည်။

 

သို့သော် လုဖုန်း ပြန်မသွားခဲ့ပေ။ သူသည် ကျိချင်း၏ အုတ်ဂူရှေ့တွင် ကျည်ဆန်တစ်တောင့်ဖြင့် သူ၏ ဘဝကို အဆုံးသတ်လိုက်သည်။

 

ဒီရုပ်ရှင်သည် အထိမခံသော အကြောင်းအရာ (Sensitive Issues) များစွာ ပါဝင်နေသည်။ လုဖုန်း၏ လမ်းပျောက်ခြင်းနှင့် ပျက်စီးယိုယွင်းလာခြင်း၊ သူနှင့်ကျိချင်းကြားမှ သံယောဇဉ်နှင့် လူ့သဘောသဘာဝအကြောင်း တွေးခေါ်မှုများ ပါဝင်သည်။ ဒီအကြောင်းအရာ တစ်ခုချင်းစီကို သီးသန့် ထုတ်နုတ်လိုက်လျှင်ပင် ငြင်းခုံစရာများ ဖြစ်လာနိုင်သည် အထိပင်။

 

ဒီဇာတ်ညွှန်းကို ဒါရိုက်တာချန်ပင်းက အပြင်းအထန် တိုက်ခိုက်ပြီးမှ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိရှလွယ်သော အကြောင်းအရာများက များပြားလွန်းသဖြင့် လူအများစုက သိပ်အားမပေးကြပေ။

 

အထူးသဖြင့် ရိုက်ကူးရေး စတင်ချိန်တွင် မင်းသား မုရှို့သည် ဒဏ်ရာအပြင်းအထန် ရပြီး ဆေးရုံတက်လိုက်ရသည်။ ဒဏ်ရာ အရှင်းမပျောက်သေးခင်မှာပင် လူသိရှင်ကြား Come out လုပ်လိုက်ပြန်သဖြင့် ပွက်လောရိုက်သွားခဲ့သည်။ ရိုက်ကူးရေးအဖွဲ့သားအများစုသည် ဒါရိုက်တာချန်ပင်းက မုရှို့ကို ဇွတ်အတင်း သုံးနေခြင်းအပေါ် နားမလည်နိုင် ဖြစ်နေကြသည်။

 

မုရှို့နှင့်ဖေးလုတို့ ပခုံးချင်းယှဉ်ပြီး လျှောက်လာကြသောအခါ လူအတော်များများက ရှောင်ဖယ်သွားကြသည်။

 

လူသိရှင်ကြား ဝန်ခံထားသော Gay တစ်ယောက်သည် ရုပ်ရှင်မင်းသား ဂုဏ်ပုဒ် ရှိနေလျှင်ပင် ထူးဆန်းသော အကြည့်များကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ထို့ပြင် ယခုလို အရေးကြီးသော အချိန်တွင် ကုမ္ပဏီဟောင်း Flying Fish နှင့်ပါ ပြဿနာတက်ပြီး လမ်းခွဲခဲ့သေးသည်။

 

ဒါသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင်။

 

လူအများစုက မုရှို့ကို သနားသလိုလို၊ ဝမ်းသာသလိုလို အကြည့်များဖြင့် ကြည့်နေကြသည်။ မုရှို့သည် အရင်က အမြင့်ဆုံးနေရာတွင် ရှိနေခဲ့သူ ဖြစ်ပြီး ယခုအခါ “ဘုရားကျောင်းဆောင်ပေါ်မှ ပြုတ်ကျလာခြင်း” ဖြစ်သဖြင့် ကဲ့ရဲ့လှောင်ပြောင်ချင်သူများ ရှိနေသည်မှာ မဆန်းပေ။

 

တခြားလူတွေ ဘယ်လိုပဲ ထင်ကြေးပေးနေပါစေ၊ ဘယ်လို စိတ်ထားမျိုးပဲ ထားရှိနေပါစေ… မုရှို့နှင့်ဖေးလုတို့က ဂရုစိုက်ဖို့ အားမနေကြပေ။ ရိုက်ကူးရေးအဖွဲ့သည် အလုပ်များသော ရိုက်ကူးရေး ကာလအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

မုရှို့သည် ရိုက်ကူးရေးအဖွဲ့သို့ တစ်လ နောက်ကျပြီးမှ ရောက်ရှိလာသဖြင့် ကျန်ရှိနေသော ဇာတ်ဝင်ခန်းများက များပြားလှသည်။ ပထမရက်တွင် ဒါရိုက်တာချန်ပင်းနှင့် တစ်နေ့လုံး ဇာတ်တိုက်ပြီးနောက်မှ နှစ်ဦးစလုံး ကျေနပ်သွားကြသည်။ ဒုတိယနေ့တွင် အသည်းအသန် ရိုက်ကူးရေး စတင်တော့သည်။

 

အခု စတင် ရိုက်ကူးနေသည်မှာ လုဖုန်း ကျောင်းပြီးခါစ၊ ဟောင်ကောင်သို့ စရောက်လာပြီး ရည်မှန်းချက်ကြီးမားနေသော အခန်းများ ဖြစ်သည်။

 

ထိုအချိန်က လုဖုန်းသည် အသက် ၂၂ နှစ်သာ ရှိသေးသည်။ သူသည် သင်္ဘောစီးပြီး ဟောင်ကောင်သို့ ရောက်ရှိလာသော်လည်း ဟောင်ကောင်၏ ခေတ်မီသော ပုံစံနှင့် အံဝင်ဂွင်ကျ မဖြစ်ပေ။ လမ်းမပေါ်တွင် ဆံပင်အရှည်ထားပြီး ဂျင်းဂျာကင်ကို ဝတ်ထားသော လူငယ်များ ပြည့်နှက်နေသည်။ နုံအအ ပုံစံပေါက်နေသော လူငယ်လေးသည် ဟောင်ကောင်နှင့် အမြန်ဆုံး အသားကျစေရန်အတွက် လက်ကျန်ပိုက်ဆံဖြင့် ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ကောက်လိုက်ပြီး လမ်းဘေးတွင် ဈေးအပေါဆုံး ဂျာကင်တစ်ထည်ကို ဝယ်ဝတ်လိုက်သည်။

 

ထိုပုံစံသည် ခေတ်မီသလိုလို၊ တောဆန်သလိုလို ဖြစ်နေပြီး အလွန် ရယ်စရာကောင်းလှသည်။ မုရှို့၏ချောမောသော မျက်နှာနှင့် စမတ်ကျသော ခန္ဓာကိုယ်သာ မရှိလျှင် ဖေးလု တစ်ယောက် အားရပါးရ ရယ်မောမိမည်မှာ သေချာသည်။

 

မုရှို့ ရိုက်ကူးနေစဉ် ဖေးလုသည် ဘေးနားတွင် ထိုင်စောင့်ပြီး ကြည့်နေသည်။ တကယ်တမ်းတွင် ရိုက်ကူးရေးကို ထိုင်ကြည့်နေရသည်မှာ ပျင်းစရာကောင်းလှသည်။ နောက်ခံ တည်းဖြတ်မှု မပါ၊ အထူးပြုလုပ်ချက်များ မပါဘဲ သရုပ်ဆောင်များ နောက်ခံကားချပ်ရှေ့တွင် အရူးများကဲ့သို့ လှုပ်ရှားပြောဆိုနေကြသည်မှာ ဟာသပြဇာတ် တစ်ခုလိုပင်။ အနုပညာလောကသား အချင်းချင်းဆိုလျှင် သိပ်စိတ်မဝင်စားကြပေ။

 

ဖေးလုတစ်ယောက်တည်းသာ အရူးတစ်ယောက်လို ဘေးမှာ ထိုင်ကြည့်နေခြင်း ဖြစ်သည်။

 

ဖေးလုက မုရှို့ကို ကြည့်နေသော်လည်း ရိုက်ကွင်းမှ တချို့လူများကမူ ဖေးလုကို ကြည့်နေကြသည်။

 

အထူးသဖြင့် သူ၏လက်ချောင်းပေါ်မှ ငွေရောင် တောက်ပနေသော လက်စွပ်ကို ဖြစ်သည်။

 

ဖေးလုသည် တန်ဖိုးကြီးမားသော အပြာရောင် စိန်လက်စွပ်ကို ဂရုတစိုက် သိမ်းဆည်းထားလိုက်ပြီး သူ၏ စုဆောင်းငွေဖြင့် ဒီဇိုင်း ရိုးရှင်းသော စိန်လက်စွပ် တစ်စုံကို ဝယ်လိုက်သည်။ ရိုးရှင်းသော်လည်း နေ့စဉ် ဝတ်ဆင်၍ အဆင်ပြေသည်။ သူနှင့် မုရှို့တို့ တစ်ယောက်တစ်ကွင်း ဝတ်ဆင်ထားကြသည်။

 

ယခု မုရှို့ ရိုက်ကူးရေး လုပ်နေသဖြင့် သူ့လက်စွပ်ကို ဖေးလု၏လည်ပင်းတွင် ဆွဲကြိုးလုပ်ပြီး ဆွဲထားပေးသည်။

 

တချို့လူများသည် သူတို့နှစ်ယောက် ဟန်ရေးပြနေသည်ကို ကြည့်မရ ဖြစ်နေကြသည်။ ဖေးလု၏လက်ပေါ်မှ သေးငယ်သော လက်စွပ်ကို ကြည့်ပြီး လှောင်ပြောင်ကြသည်။

 

“ဒီလောက် သေးတဲ့ စိန်လက်စွပ်လေးကိုများ ထုတ်ကြွားရဲသေးတယ်။ မင်းသားကြီးက Flying Fish နဲ့ လမ်းခွဲလိုက်ပြီးတော့ ဒီလောက်ပဲ တတ်နိုင်တော့တာလား?”

 

“တိုးတိုးပြောစမ်းပါ… သူက အရင်လို မဟုတ်တော့ဘူး ဆိုရင်တောင် ငါတို့ သွားထိလို့ရတဲ့ အဆင့် မဟုတ်ဘူးနော်”

 

ထိုလူက ဆက်ပြောရန် ပြင်လိုက်သော်လည်း သူတို့ဘက်သို့ လျှောက်လာသော လီယွီကို တွေ့လိုက်ရသဖြင့် ပါးစပ်ပိတ်သွားသည်။

 

လီယွီသည် မုရှို့နှင့် အတူရိုက်ကူးခဲ့သော ဇာတ်ကား ပြီးစီးသွားပြီ ဖြစ်သည်။ ဒီတစ်ခေါက် “လူဆိုး” ဇာတ်ကားတွင် သူမသည် တုမိသားစု၏ သမီးကြီးနေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။ မင်းသမီး မဟုတ်သော်လည်း ဒီရုပ်ရှင်တွင် တစ်ယောက်တည်းသော အရေးပါသည့် အမျိုးသမီး ဇာတ်ပို့ ဖြစ်သည်။

 

လီယွီသည် လက်ထောက်ကျောက်ဝမ်ကို ခေါ်ပြီး ထို၁၈ တန်းစား သရုပ်ဆောင်လေးများ ရှေ့မှ ဖြတ်လျှောက်သွားသည်။ သူတို့ ပြောစကားများကို ကြားလိုက်ရသဖြင့် ကျောက်ဝမ်ကို သူမ ပြောလိုက်သည်။

 

“ဒီလူတွေကတော့ ဆယ်နှစ်ကြာလည်း ဒီအတိုင်းပဲ… သူများ လက်စွပ် တန်ဖိုးမကြီးတာပဲ မြင်တယ်… မုရှို့ လက်ထပ်ခွင့်တောင်းတုန်းက ပေးခဲ့တဲ့ အပြာရောင် စိန်လက်စွပ်က ပိုက်ဆံရှိတိုင်း ဝယ်မရဘူး ဆိုတာကျတော့ ထည့်မပြောကြဘူး”

 

မုရှို့ဘက်က လက်စွပ်ပုံကို တင်လိုက်စဉ်က အင်တာနက်ပေါ်တွင် လူအများအပြား စုံစမ်းခဲ့ကြသည်။ နောက်ပိုင်း လန်ဒန် လေလံပွဲကို တက်ရောက်ခဲ့သူတစ်ယောက်က ထို “ချစ်သက်သေ” လက်စွပ်၏တန်ဖိုးကို ဖော်ထုတ်ခဲ့ပြီး ဝယ်ယူသွားသူမှာ တရုတ်လူမျိုး ဖြစ်ကြောင်း ပြောခဲ့သည်။

 

မုရှို့ ဟုတ်မဟုတ် ဆိုတာကတော့ အမျိုးမျိုး ပြောနေကြတုန်းပင်။

 

ကျောက်ဝမ်က အိတ်ကို ဆွဲရင်း ရယ်လိုက်သည်။

 

“ဒီလူတွေက ဒီလောက်ပဲ တွေးတတ်ကြတာလေ… ညနေကျရင် ငါ သကြားရည်ပြုတ်ပြီး ဝမ်စုဆီ သွားပို့လိုက်ဦးမယ်”

 

သူမသည် လိမ္မာသော ကောင်လေးကို သဘောကျသည်။ လီယွီကလည်း မကန့်ကွက်သဖြင့် ကူညီနိုင်တာ ကူညီပေးလိုက်မည်။

 

……

 

နောက်ကွယ်မှ လှုပ်ရှားမှုများကို ဖေးလု မသိရှာပေ။ သူသည် ဘေးနားတွင် ထိုင်ပြီး မုရှို့ကို မျက်တောင်မခတ် ငေးကြည့်နေသည်။ ကြည့်ပါများတော့လည်း မုရှို့၏ ဒီပုံစံက ချောမောပြီး ဆွဲဆောင်မှု ရှိလာသည်။

 

ခက်ထန်သော ဝံပုလွေလေး တစ်ကောင်လိုပင်။

 

666 သည် သူ့ကို သတိပေးလိုက်သည်။

 

“သူငယ်ချင်းရေ… Mission ပြီးမြောက်မှုက ၈၃ ရာခိုင်နှုန်းကို ရောက်နေပြီနော်”

 

666 ဆုတောင်းနေသည်မှာ ဖေးလုတစ်ယောက် Log out လုပ်မယ့်အချိန်ကျရင် ပြဿနာ မရှာဖို့ပင်။

 

စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ဖြစ်ပျက်သမျှကိုတော့ သူ သဘောရှိ လုပ်ပါစေတော့။ 666 က တာဝန်ယူ ဖြေရှင်းပေးလိုက်မည်။

 

ဖေးလုသည် 666 အသံကြားသည်နှင့် စိတ်တိုလာသည်။ ဒီကောင်ဆီက အသံထွက်လာရင် ကောင်းတာ ဘာတစ်ခုမှ မပါဘူး။သူသည် ယင်ကောင်ကို မောင်းထုတ်သလို လက်ကာပြလိုက်သည်။

 

“သိပြီ… သိပြီ… မင်း ပြောတာ အခါတစ်ရာလောက် ရှိနေပြီ။ ငါ့ယောင်္ကျားကို ကြည့်နေတာ လာမနှောင့်ယှက်နဲ့”

 

အခုချိန် နည်းနည်း ကြည့်ထားမှ… နောက်ဆို ကြည့်ခွင့်ရချင်မှ ရတော့မှာ။

 

“…”

 

666လေး တိတ်ဆိတ်သွားသည်။ သူ့သူငယ်ချင်း၏ လစ်လျူရှုမှုကို လက်ခံနိုင်ရန် အတော်ကြိုးစားလိုက်ရသည်။

 

ချစ်သူ ရသွားကတည်းက ဒီကောင်က သူ့ကို ဂရုမစိုက်တော့ဘူး!

 

ဟက်… ငါတို့ရဲ့ သံယောဇဉ်လှေကြီးတော့ မှောက်တော့မယ် ထင်တယ် 🙂

 

****

 

မနက်ပိုင်း ရိုက်ကူးရေး ပြီးသွားပြီဖြစ်သည်။ နေ့လယ် ၂ နာရီလောက်မှ ပြီးသဖြင့် မုရှို့ ဘယ်လောက် အားအင်သန်မာနေပါစေ ပင်ပန်းနေပြီ ဖြစ်သည်။

 

ဖေးလုသည် စိတ်မကောင်းဖြစ်စွာဖြင့် သူ့ကို နားနေထိုင်ခုံပေါ်တွင် တွဲထိုင်ခိုင်းလိုက်သည်။ထို့နောက် ပျားရည်တစ်ခွက် အမြန်ဖျော်ပေးလိုက်ပြီး ပန်ကာအသေးလေး ဖွင့်ပေးကာ မလှမ်းမကမ်းရှိ ရေခဲသေတ္တာထဲမှ အသုပ်ပန်းကန်ကို ပြေးယူပေးလိုက်သည်။

 

နောက်ပိုင်းတွင် လုဖုန်း၏ပျက်စီးယိုယွင်းလာမှုနှင့် စိတ်ဓာတ်ကျဆင်းမှုများကို ပီပြင်စွာ ပုံဖော်နိုင်ရန်အတွက် မုရှို့သည် အခုကတည်းက အစားအသောက် လျှော့ပြီး ကိုယ်အလေးချိန် ချရတော့မည်ဖြစ်သည်။ အစားအသောက်များကို အာဟာရပညာရှင်က တိကျစွာ တွက်ချက်ပေးထားသည်။

 

အသုပ်ပန်းကန်ကို ဖေးလုက အာဟာရပညာရှင်ဘက်က ပေးထားသော ချက်ပြုတ်နည်းအတိုင်း ပြင်ဆင်ထားခြင်း ဖြစ်သည်။ သို့သော် ကိုယ်ချင်းစာစိတ်ဖြင့် ကြက်ရင်အုံသား နှစ်တုံး ပိုထည့်ထားပေးလိုက်သည်။

 

မုရှို့သည် ပန်းကန်ထဲတွင် သတ်မှတ်ထားသည်ထက် ပိုနေသော အသားတုံးများကို မွှေလိုက်ပြီး သိုးပေါက်လေး၏ နှာခေါင်းကို ညှစ်ကာ ရယ်မောလိုက်သည်။

 

“မင်း ယောင်္ကျားကို ဒီလောက်တောင် ချစ်တာလား?”

 

ဖေးလု၏ပန်းသီးရောင်မျက်နှာလေးမှာ တင်းမာသွားပြီး တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

 

“ခင်ဗျား ဘာပြောနေတာလဲ ကျွန်တော် နားမလည်ဘူး။ မြန်မြန်စား… စားပြီးရင် နားတော့”

 

ညနေပိုင်းတွင်လည်း ရိုက်ကူးရေး ရှိသေးသဖြင့် အခုချိန်မှာ အချိန်လုပြီး အိပ်စက်မှ ရမည်ဖြစ်သည်။

 

ချစ်စရာလေး…

 

  1. မုရှို့သည် ဖေးလုကို မျက်လုံးဖြင့် တစ်ကိုယ်လုံး နေရာလပ်မကျန် စကင်န်ဖတ်လိုက်သည်။ ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် မြက် (အသုပ်) များကို ငုံ့စားလိုက်ရတော့သည်။

 

မင်းလေး ဟိုတယ်ပြန်ရောက်မှ တွေ့မယ် 🙂

 

 

Chapter 59 ended

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset