⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 23

မိန်းမတွေရဲ့ အလိုအလျောက် အသိစိတ်

Chapter 23

မိန်းမတွေရဲ့ အလိုအလျောက် အသိစိတ်

 

=====

 

ရှန်းရှစ်ရွှီက 011 ၏ စကားကို ကြားပြီးနောက် မာကျန့်နန်အား အလွန် သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်ကာ မနေနိုင်ဘဲ သတိပေးစကား ဆိုလိုက်သည်။

 

 “အမတ်မင်းမာ… ဒီလိုပြောရတာ အနည်းငယ် ရိုင်းသွားမယ် ဆိုတာတော့ သိပါတယ်… ဒါပေမဲ့ တချို့ကိစ္စတွေကို သေချာ စုံစမ်းကြည့်သင့်တယ်လို့ ထင်ပါတယ်။”

 

တကယ်တော့ ရှန်းရှစ်ရွှီက ဤသို့သော သူတစ်ပါး၏ ကိစ္စများ၊ အထူးသဖြင့် အချစ်ရေးနှင့် သက်ဆိုင်သော ကိစ္စများကို ဝင်မပါချင်ပေ။ သို့သော် မာကျန့်နန်က အလွန် သနားစရာ ကောင်းလွန်းနေသည်။ ထို့အပြင် ဘာမှ မထူးခြားဘူးဆိုလျှင် သူတို့နှစ်ဦးက နောင်နှစ်ပေါင်းများစွာ အတူတကွ အလုပ်လုပ်ရဦးမည် ဖြစ်၏။

 

မာကျန့်နန်က သူ့ရှေ့တွင် ခေါင်းပေါ်၌ ဦးထုပ်စိမ်းကြီး ဆောင်းကာ သွားလာနေသည်ကို သူက ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေရမည်ဆိုလျှင် လိပ်ပြာမလုံ ဖြစ်ရပေမည်။

 

【 အစ်ကို… အစ်ကိုက ဒီလို ကိစ္စတွေ၊ အထူးသဖြင့် အချစ်ရေး ကိစ္စတွေကို ဝင်မပါချင်ဘူးဆို… ဘာလို့ သူ့ကို ရုတ်တရက်ကြီး သတိသွားပေးရတာလဲ… တကယ်လို့ ဒီအမတ်မင်းက အထင်လွဲပြီး အစ်ကို့ကို ဆဲဆိုသွားရင် ဘယ်လိုလုပ်မလဲ? 】

 

011 ၏ မေးခွန်းအပေါ် ရှန်းရှစ်ရွှီက အံ့ဩခြင်း မရှိချေ။ 011 နှင့် သူက စိတ်ချင်း ဆက်သွယ်ထားသဖြင့် သူ၏ ရင်ထဲတွင် တွေးနေသော အရာအားလုံးကို 011 က သိရှိနေ၏။

 

【 ငါက တခြားလူတွေရဲ့ ကိစ္စကို ဝင်မပါချင်ပါဘူး… အထူးသဖြင့် ဒီလိုကိစ္စမျိုးက ဝင်ပါလို့ အဆင်ပြေသွားရင်လည်း ဘာအကျိုးအမြတ်မှ မရဘူးလေ၊ အဆင်မပြေရင်တော့ ကိုယ့်အပေါ် အပြစ်တွေ ပုံချခံရမှာပဲ။ 】

 

【 ဒါပေမဲ့ အမတ်မင်းမာက ဒီလောက် သဘောကောင်းတဲ့လူ… အထူးသဖြင့် ငါတို့နှစ်ယောက်က ရှေ့လျှောက် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာကို… သူ လိမ်ညာခံနေရတာကို မျက်မြင်ကိုယ်တွေ့ တွေ့နေရက်နဲ့ လျစ်လျူရှုထားရမယ်ဆိုရင် ငါ ကိုယ့်လိပ်ပြာ ကိုယ်မလုံဖြစ်နေမှာ… 】

 

【 ငါ တစ်ခါပဲ သတိပေးမယ်… သူ နားထောင်ရင်တော့ ကောင်းတာပေါ့၊ နားမထောင်ရင်လည်း သူ့ကံကြမ္မာက ဒီလိုပဲလို့ မှတ်ရမှာပဲ။ 】

 

011 နှင့် ရှန်းရှစ်ရွှီတို့၏ စကားဝိုင်းကို မာကျန့်နန်က စိတ်ထဲတွင် ကြားနေရ၏။ ရှန်းရှစ်ရွှီက မိမိအား အသံထွက်၍ သတိပေးခဲ့ခြင်းအတွက် သူ ကျေးဇူးတင်နေမိသည်။

 

သူက သူတစ်ပါး၏ကျေးဇူးကို မသိတတ်သူ မဟုတ်ချေ။ သူနှင့် ရှန်းရှစ်ရွှီက ဆွေမျိုးမတော်သလို၊ ခင်မင်ရင်းနှီးမှုလည်း မရှိပေ။ အလွန်ဆုံးပြောရလျှင် တစ်ကြိမ်သာ တွေ့ဖူးသေးသော လုပ်ဖော်ကိုင်ဖက်မျှသာ ဖြစ်သည်။

 

သူက မိမိအတွက် အချိန်ပေးကာ သတိပေးခဲ့ခြင်းမှာ ဤစကားက ရင်ကို နာကျင်စေသည် မှန်သော်လည်း၊ အမှန်တကယ်ကို စေတနာသက်သက်ဖြင့် မိမိ လိမ်ညာခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

 

တရားလွှတ်တော်ချုပ်ဝန်ကြီးကလည်း ရှန်းရှစ်ရွှီ၏ စကားကို ကြားလိုက်သည်။ မာကျန့်နန်က အကောင်းအဆိုး နားမလည်ဘဲ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် သူကလည်း ဝင်၍ ဖြောင်းဖျလိုက်၏။

 

“ဟုတ်တယ်… လက်ထောက်အမတ်ရှန်း ပြောတာ မမှားဘူး။ ကျန့်နန်… မင်းရဲ့ အဲ့ဒီဒုတိယဇနီးကို သေချာ စုံစမ်းကြည့်သင့်တယ်… တချို့ကိစ္စတွေက တိုက်ဆိုင်လွန်းနေတယ်ကွ။”

 

“မင်း စုံစမ်းဖို့ အခက်အခဲ ဖြစ်နေရင် ငါ စုံစမ်းပေးမယ်… တကယ်လို့ သူက လူကောင်းတစ်ယောက်ဆိုရင်တော့ အားလုံးအတွက် ဝမ်းသာစရာပေါ့… ငါက စုံစမ်းတာဆိုတော့ မင်းတို့လင်မယားကြားက သံယောဇဉ်လည်း ထိခိုက်မှာ မဟုတ်ဘူးလေ။ တကယ်လို့ လူကောင်း မဟုတ်ဘူးဆိုရင်လည်း မင်း စိတ်ထဲမှာ သိသွားတာပေါ့…”

 

တရားလွှတ်တော်ချုပ်ဝန်ကြီးနှင့် မာကျန့်နန်တို့က အတူတကွ အလုပ်လုပ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သည်။ ထို့အပြင် ဆွေမျိုးမကင်းသည့် ပတ်သက်မှုလည်း ရှိသေး၏။ ဝန်ကြီး၏ ဇနီးမယားကြီးနှင့် မာကျန့်နန်၏ ကွယ်လွန်သွားသော ဇနီးဟောင်းတို့မှာ ညီအစ်မဝမ်းကွဲများ ဖြစ်ကြသည်။

 

ဝန်ကြီး၏ယောက္ခမက မာကျန့်နန်၏ဇနီးဟောင်း၏ အဒေါ် ဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးနှင့် မာကျန့်နန်မှာ အထက်လူကြီးနှင့် လက်အောက်ငယ်သား ဖြစ်သလို၊ မယားညီအစ်ကိုဝမ်းကွဲတွေလည်း ဖြစ်ပေသည်။

 

တချို့စကားများနှင့် တချို့ကိစ္စများကို တရားလွှတ်တော်ချုပ်ဝန်ကြီးမှလွဲ၍ အခြားမည်သူမျှ ဝင်ပါ၍ မရချေ။ မာကျန့်နန်က သူ၏ အထက်လူကြီးလည်းဖြစ်၊ ယောက်ဖလည်းဖြစ်သောသူက သူ့ကို စိုးရိမ်နေကြောင်း သိသည်။ သူက ရှန်းရှစ်ရွှီအား လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။

 

 “သတိပေးတဲ့အတွက် လက်ထောက်အမတ်ရှန်းကို ကျေးဇူးတင်ပါတယ်… ကျွန်တော် အခုပဲ ပြန်ပြီး စုံစမ်းကြည့်ပါ့မယ်… ခုနက အကူအညီတောင်းခဲ့တဲ့ ကိစ္စကိုလည်း ခဏ ရပ်ထားလိုက်ပါမယ်၊ ကျွန်တော် အရင် ပြန်နှင့်ပါရစေ။”

 

မာကျန့်နန်က ကိစ္စ၏သရုပ်မှန်ကို အမြန်ဆုံး စုံစမ်းသိရှိလိုသဖြင့် တရားလွှတ်တော်ချုပ်ဝန်ကြီးကို ဆွဲကာ အလျင်စလို ထွက်သွားခဲ့သည်။

 

ရှန်းရှစ်ရွှီက သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ပြီးနောက်၊ မနက်က ဖတ်၍ မပြီးသေးသော မှုခင်းမှတ်တမ်းများကို ထုတ်ကာ ဆက်လက် ဖတ်ရှုနေလိုက်၏။

 

ဟိုဘက်တွင်တော့ မာကျန့်နန်နှင့် တရားလွှတ်တော်ချုပ်ဝန်ကြီးတို့က ၎င်းတို့၏ ယုံကြည်ရသော လူများကို ခေါ်ယူကာ မာကျန့်နန်၏ ဒုတိယဇနီးကို အင်တိုက်အားတိုက် စုံစမ်းခိုင်းလိုက်ကြသည်။ သူတို့၏ လူများကလည်း ဝန်ကြီးနှစ်ပါးလုံး အလောတကြီး ဖြစ်နေသည်ကို သိသဖြင့်၊ မြင်းနှစ်ကောင် အသေခံပြီး အပြေးအလွှား စုံစမ်းခဲ့ရာ နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် အရာအားလုံး ရှင်းလင်းသွားခဲ့၏။

 

မာကျန့်နန်၏ ဒုတိယဇနီးမှာ တကယ်ကို ထိုတည်းခိုခန်း ပိုင်ရှင်၏ ဇနီး ဖြစ်နေခဲ့သည်။ တရားလွှတ်တော်ချုပ် ဝန်ကြီး၏ လူများက တည်းခိုခန်း ပတ်ဝန်းကျင်ရှိ လူများကို စုံစမ်းမေးမြန်းကြည့်ရာ တည်းခိုခန်း ပိုင်ရှင်၏ဇနီး၏ မျက်ခုံးနှစ်ခုကြားတွင် မှဲ့တစ်ခု ရှိကြောင်း သိရသည်။ ထိုမှဲ့က နေရာကောင်းတွင် ရှိနေသဖြင့် ကံကောင်းသော မိန်းမဟုပင် နောက်ပြောင်ပြောဆိုခဲ့ကြသေးကြောင်း သိရ၏။

 

စုံစမ်းရာတွင် ပါဝင်ခဲ့သူ တစ်ဦးက မာကျန့်နန်၏ ဒုတိယဇနီးကို မြင်ဖူးသည်။ ဒုတိယဇနီး၏ နဖူးတွင် တကယ်ပင် မှဲ့တစ်ခု ရှိနေ၏။သူ၏ ပန်းချီဆွဲစွမ်းရည်က အတော်လေး ကောင်းမွန်သဖြင့် မာကျန့်နန်၏ ဒုတိယဇနီး ပုံပန်းသဏ္ဌာန်ကို မှတ်ဉာဏ်ဖြင့် ပြန်လည် ပုံဖော်ဆွဲသားလိုက်ပြီး တည်းခိုခန်းပိုင်ရှင်၏ ဇနီးကို မြင်ဖူးသူများအား ပြသကြည့်ရာ တစ်ယောက်တည်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

 

သူတို့က တည်းခိုခန်းပိုင်ရှင်ကို ဖမ်းဆီးရန် ပြင်ဆင်နေချိန်တွင်၊ တည်းခိုခန်းပိုင်ရှင်က လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ယုံချန်မြို့မှ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း မထင်မှတ်ဘဲ သိလိုက်ရ၏။

 

မာကျန့်နန်က တရားလွှတ်တော်ဝန်ကြီးချုပ်ဖြစ်တဲ့ တုံ့တာ့ချန် ဝယ်ယူထားသော ခြံဝင်းတစ်ခုထဲတွင် အတူတကွ လက်ဖက်ရည်သောက်ကာ သတင်းစောင့်နေချိန်၌ ဝန်ကြီး၏ဇနီး ရွှီရှူးမင်က လူတစ်စုကို ခေါ်ဆောင်ကာ ဝင်လာခဲ့သည်။

 

တုံ့တာချန်က မိမိ၏ ဇနီးဖြစ်သူ လာသည်ကို မြင်သောအခါ ကုလားထိုင်ပေါ်မှ အမြန် ထပြီး၊ မျက်နှာတွင် ဖားယားသော အပြုံးဖြင့် ဇနီးဖြစ်သူကို ကြိုဆိုကာ ထိုင်ခိုင်းလိုက်၏။

 

” မိန်းမ… ဘယ်လိုလုပ် ရောက်လာတာလဲ? ကိုယ် မင်းကို ပြောရဦးမယ်… ကိုယ် ဒီနေရာမှာ ဘာအပြစ်မှ မလုပ်ထားဘူးနော်၊ ယောက်ဖဆီမှာ ပြဿနာ နည်းနည်းရှိလို့ ကိုယ်နဲ့ လာတိုင်ပင်တာ… ကိုယ်တို့ ဒီမှာ သတင်းစောင့်နေကြတာ! “

 

တုံ့တာချန်က စကားပြောနေရင်း မာကျန့်နန်အား မျက်ရိပ်ပြကာ ကူညီရှင်းပြပေးရန် အချက်ပြလိုက်သည်။ သူ၏ ဇနီးမှာ ဒေါသထွက်လွယ်သူဖြစ်သဖြင့် အထင်လွဲသွားပါက နောက်ရက်များတွင် သူ၏ဘဝက လွယ်ကူတော့မည် မဟုတ်ချေ။

 

မာကျန့်နန်က အချက်ပြသည်ကို ရသည်နှင့် အမြန် ဝင်ပြောလိုက်သည်။

 

” ဟုတ်တယ် အစ်မ… ကျွန်တော့်ဆီမှာ ပြဿနာ နည်းနည်းရှိလို့ အစ်ကို့ကို အကူအညီ လာတောင်းတာပါ… ကျွန်တော်တို့က ဒီမှာ လက်ဖက်ရည်သောက်ရင်း သတင်းစောင့်နေရုံ သက်သက်ပါ… တခြား ဘာမှ မလုပ်ပါဘူး။ “

 

ရွှီရူမင်က ဤစကားကို ကြားသောအခါ သူမ၏ ခင်ပွန်းကို ကျေနပ်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက်၊ တစ်ခုခုကို သတိရသွားသကဲ့သို့ မာကျန့်နန်တို့ဘက် လှည့်ကာ မျက်စောင်းထိုးလိုက်၏။

 

” သူ ငါ့အပေါ် သစ္စာဖောက်တဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်ရဲဘူးဆိုတာ ငါ သိပါတယ်… နင်တို့ စောင့်နေတဲ့ သတင်းလည်း ဆက်စောင့်နေစရာ မလိုတော့ဘူး… ငါ နင်တို့အတွက် အဲ့ဒီလူကို ဖမ်းခေါ်လာခဲ့ပြီးပြီ။ “

 

” ချွေ့လျို… သူ့ကို ခေါ်လာခဲ့ “

 

ရွှီရှူးမင်၏ အနီးရှိ အစေခံခေါင်းဆောင် ချွေ့လျိုက ဆံပင်များ ဖရိုဖရဲနှင့် ညစ်ပတ်ပေရေနေသော လူတစ်ယောက်ကို ခေါ်လာခဲ့သည်။ မာကျန့်နန်က ဝင်လာသောသူကို ကြည့်ပြီး အတော်လေး ရင်းနှီးနေသည်ဟု ခံစားရသဖြင့် သေချာ ကြည့်လိုက်ရာ အရင်က တည်းခိုခန်းပိုင်ရှင် ဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရ၏။

 

” အစ်မ… ဒီကောင်ကို ဘယ်အချိန်က ဖမ်းလာတာလဲ? “

 

ရွှီရှူးမင်က တုံ့တာချန် ငှဲ့ပေးသော လက်ဖက်ရည်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီးမှ ဖြေလိုက်သည်။

 

” နင့်ရဲ့ အဲ့ဒီဒုတိယဇနီးကို ပထမဆုံးအကြိမ် တွေ့ကတည်းက သူက မိန်းမကောင်း မဟုတ်ဘူးဆိုတာ ငါ သိတယ်… မျက်နှာမှာကိုက ရမ္မက်ကြီးတဲ့ အရိပ်အယောင်တွေ ပေါ်နေတာပဲ။ “

 

” ဒါပေမဲ့ အဲ့ဒီတုန်းက ငါ သိပ်ဂရုမစိုက်ခဲ့ဘူး… ဆင်းရဲရာကနေ ရုတ်တရက် ချမ်းသာလာတော့ သူ့ရဲ့ အကျင့်ဆိုးတွေကို ချက်ချင်း မဖျောက်နိုင်သေးတာ နေမှာပါလို့ တွေးခဲ့တာ။ “

 

” သူ ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းလည်း ကြားရော တစ်ခုခု မှားနေပြီဆိုတာ ငါ သိလိုက်တယ်။ “

 

ရွှီရှူးမင်က မာကျန့်နန်ကို တစ်ချက် ကြည့်လိုက်ပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောလိုက်၏။

 

” ကျန့်နန်… နင် မသိသေးတာ တစ်ခုရှိတယ်… အရင်တုန်းက နင်နဲ့ ယွမ်အာတို့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကလေး မရတော့ ယွမ်အာက သမားတော် သွားပြခဲ့သေးတယ်လေ။ “

 

” သူ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိဘူး… ပြဿနာက နင့်ဆီမှာ… ယွမ်အာက နင် သိမ်ငယ်သွားမှာ စိုးလို့ သူ့မှာ ပြဿနာရှိတယ်လို့ လိမ်ပြောခဲ့တာ။ “

 

” နင်က တစ်သက်လုံး ကလေးမရနိုင်တဲ့ အခြေအနေမျိုး မဟုတ်ပေမဲ့… ကလေးရဖို့တော့ တော်တော်လေး ခက်ခဲတယ်… ယွမ်အာ သက်ရှိထင်ရှား ရှိနေတုန်းက နေ့တိုင်း နင့်အတွက် အားဆေးဟင်းချိုတွေ ချက်ပေးခဲ့တာ မှတ်မိလား? အဲ့ဒါက နင့်ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ပဲ… ဒါပေမဲ့ ယွမ်အာ နေမကောင်းဖြစ်ပြီး ဆုံးသွားတဲ့အထိ နင့်ရဲ့ ခန္ဓာကိုယ်က အားပြည့်မလာခဲ့ဘူး။ “

 

” အဲ့ဒီအချိန်ကစပြီး နင့်ကို အားဆေးဟင်းချို ချက်ပေးမယ့်သူလည်း မရှိတော့ဘူး… နင့်ရဲ့ ခန္ဓာကိုယ် အခြေအနေအရ မိန်းမတစ်ယောက်ကို ဒီလောက်မြန်မြန် ကိုယ်ဝန်ရအောင် လုပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ “

 

” အဲ့ဒါကြောင့် နင်က အဲ့ဒီမိန်းမ အကွက်ဆင်တာကို ခံလိုက်ရပြီလို့ ငါ သံသယဝင်ခဲ့တာ… သက်သေရှာဖို့အတွက် ငါ လူလွှတ်ပြီး သူ့ကို အမြဲတမ်း စောင့်ကြည့်ခိုင်းထားတာ၊ နောက်ဆုံးတော့ ထူးခြားမှုတစ်ခု တွေ့သွားတယ်။ “

 

” လတိုင်း ဆယ့်ခြောက်ရက်နေ့ရောက်ရင် အဲ့ဒီမိန်းမက လူလွှတ်ပြီး ငွေတွေ အပြင်ကို ပို့ပို့နေတာ… ငါ လူလွှတ်ပြီး နောက်ယောင်ခံ လိုက်ခိုင်းလိုက်တော့ ဒီယောက်ျားကို သွားတွေ့တာပဲ။ “

 

” ငါက သူ့ကို တိုက်ရိုက်ပဲ ဖမ်းခေါ်လာပြီး ကောင်းကောင်း ရိုက်နှက်လိုက်တာ… ပြီးတော့ ရက်အနည်းငယ်လောက် အစာမကျွေးဘဲ ထားလိုက်တော့… ဒီမနက်တင် အကုန်လုံးကို ဝန်ခံသွားတယ် “

 

Chapter 23 ended

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset