⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 43

Chapter 43

 

ဖေးလု တောင်ပေါ်မှာ နေ့တစ်ဝက်လောက် ကြာသွားတယ်။ တောင်အောက် ဆင်းလာတော့ နေဝင်လုနီးပါး ဖြစ်နေပြီ။ ရင်ခွင်ထဲက ပုလင်းလေးကို စမ်းကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ခြေလှမ်းသွက်သွက်နဲ့ တောင်အောက်ကို သူ ဆင်းလာခဲ့လိုက်တယ်။

 

ဖိနပ်က ရွှံ့တွေကို တံခါးဝမှာ သုတ်ပြီး တံခါးခေါက်လိုက်တယ်။

 

ကတုံးလေးက တံခါးလာဖွင့်တယ်။ ဖေးလုကို မြင်တော့ ဝမ်းသာအားရ အထဲဆွဲခေါ်ပြီး ကျန်တဲ့နှစ်ယောက်ကို လိုက်ခေါ်တော့တယ်။

 

ညီအစ်ကိုလေးယောက်က အတူဆုံဖို့ ခက်ခဲပါတယ်။

 

ဖေးလုက စိတ်နဲ့ကိုယ် မကပ်ဘဲ စကားပြောနေတယ်။ အပေါ်ယံ ဟန်လုပ်ပြီး တည်ငြိမ်နေပေမယ့် စိတ်ထဲမှာတော့ ချွီလော့ချန်ရဲ့ လာကြိုမယ့်အချိန်ကိုပဲ စောင့်နေတာ။ ဖက်တီးက ဖေးလုရဲ့ စိတ်မပါတာကို သတိထားမိတော့ တစ်ခုခု စိတ်ညစ်စရာ ရှိတယ်ထင်ပြီး စကားပြောတာတောင် အကဲခတ်ပြီး ပြောနေတယ်။

 

နေဝင်ခါနီးအချိန်မှာတော့ ခြံဝင်းလေးရဲ့ တံခါးဝကနေ အသံကြားလိုက်ရတယ်။

 

ချွီလော့ချန်နဲ့ ကတုံးလေး ဝင်လာတယ်။ ချွီလော့ချန်က လက်ကမ်းပေးပြီး ဖေးလုကို လှပတဲ့ အပြုံးလေးနဲ့ ပြုံးပြတယ်။

 

“ကိုယ် မင်းကို လာကြိုတာ”

 

ဖေးလုက ဘာမှ ဂရုမစိုက်တော့ဘဲ ချွီလော့ချန်ရဲ့ ရင်ခွင်ထဲ ပြေးဝင်ပြီး ဖက်လိုက်တယ်။

 

ဖက်တီး၊ကတုံးလေး နဲ့ ဝါးခြမ်းပြား : “…. ????”

 

ဖေးလုက ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို လက်ပြနှုတ်ဆက်တယ်။

 

“ငါ ပြန်တော့မယ်”

 

ပြောပြီးတာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ပါးစပ်တွေကို အဟောင်းသား ကျန်ခဲ့စေပြီး ချွီလော့ချန်ရဲ့ နောက်ကို ပေါ့ပါးသွက်လက်စွာ လိုက်သွားတော့တယ်။

 

ဖက်တီး ၊ ကတုံးလေး နဲ့ ဝါး​ခြမ်းပြား : “….”

 

ခြံပြင်ရောက်တာနဲ့ ချွီလော့ချန်က ဖေးလုကို ပွေ့ချီလိုက်ပြီး ဖေးလုရဲ့ နှာခေါင်းလေးကို နမ်းတယ်။

 

“တကယ်ကို မြေခွေးလေးပဲ… မင်းနဲ့ တစ်ခဏလေးတောင် မခွဲနိုင်တော့ဘူး”

 

ဖေးလုက ချွီလော့ချန်ရဲ့ လည်ပင်းကို သိုင်းဖက်ထားပြီး အနမ်းဖွဖွလေး တစ်ချက် ပေးလိုက်တယ်။

 

“ကိုယ်ချင်းစာပါတယ်” (အတူတူပဲလို့ ပြောချင်တာ)

 

——–

 

ဆရာကြီးက ဖေးလုကို ဆေးပုလင်းတစ်လုံး ပေးလိုက်တယ်။

 

ဆရာကြီးရဲ့ ကြွေပုလင်း အဖြူလေးထဲမှာ အနီရောင်ဆေးလုံးလေးတွေ ထည့်ထားတယ်။ ကြည့်ရတာ လှပတယ်။

 

ဒါပေမယ့် ကြည့်လို့လှသလောက် စားရတာ သက်သာလှတာ မဟုတ်ဘူး။ ဖေးလု တစ်ကိုယ်လုံး မီးရှို့ခံထားရသလိုပဲ။ ပြောမပြတတ်တဲ့ အပူလှိုင်းတွေက ဖေးလုရဲ့ ခန္ဓာကိုယ်ထဲမှာ ဆူပွက်နေတယ်။

 

ဆရာကြီးရဲ့ စကားအရ ဒီဆေးလုံးတွေက မီးတောင်ဝမှာ ပေါက်တဲ့ ‘မီးလျှံမြက်’နဲ့ ဖော်စပ်ထားတာတဲ့။ ဖေးလုက နေ့တိုင်း တစ်လုံးစီ၊ ၄၉ ရက်တိတိ စားရမယ်။ ဒါမှ သူ ဆုံးရှုံးသွားတဲ့ ခန္ဓာကိုယ်ရဲ့ ယန်ဓာတ်တွေကို ပြန်ဖြည့်နိုင်မှာ။

 

ဒါပေမယ့် ဒီဆရာကြီးက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကိုတော့ ထည့်မပြောလိုက်ဘူး။

 

ဖေးလုရဲ့ ခန္ဓာကိုယ် တစ်နေရာရာက နိုးထလာတာကို ခံစားလိုက်ရတယ်။ တစ်ကိုယ်လုံးက “လိုချင်တယ်” လို့ အော်ဟစ်တောင်းဆိုနေတယ်။ အပူချိန်လွန်ကဲနေလို့ ဖေးလုရဲ့ ဦးနှောက်တွေတောင် ရှုပ်ထွေးလာတယ်။

 

ဖေးလု ကုတင်ပေါ်မှာ ဒယ်အိုးပူပေါ်က မုန့်လိုပဲ ဟိုဘက်လှန်ဒီဘက်လှန် လူးလိမ့်နေတယ်။ သူ့ကျောပြင်တစ်ခုလုံးလည်း ချွေးတွေ ရွှဲနေပြီ။ အေးစက်တဲ့ ဆောင်းရာသီမှာ သူက ချွေးတလုံးလုံးနဲ့ ဖြစ်နေတာ။ ချွီလော့ချန် နိုးသွားမှာ စိုးလို့ ဖေးလုက စောင်ကို အသာလေးဟပြီး အပြင်ထွက်ကာ အအေးခံဖို့ ကြံလိုက်တယ်။ ဒါပေမယ့် ထထိုင်ရုံပဲ ရှိသေးတယ်၊ ဖေးလုရဲ့ ခြေထောက်တောင် ကြမ်းပြင်နဲ့ မထိရသေးဘူး၊ ချွီလော့ချန်က လှမ်းဖက်လာတယ်။

 

“ဘာလုပ်မလို့လဲ?”

 

ချွီလော့ချန်ရဲ့ အသံက အိပ်ချင်မပြေ ဖြစ်နေသေးတယ်။ ဒါပေမယ့် ဖက်ထားတဲ့ ချွီလော့ချန်ရဲ့ လက်မောင်းတွေက သန်မာတယ်။ ပြီးတော့… အေးမြနေတာပဲ။

 

နေလို့ကောင်းလိုက်တာ…

 

ဖေးလု အလိုအလျောက် တိုးကပ်ပြီး ပွတ်သပ်လိုက်တယ်။ နေလို့ကောင်းသွားလို့ ညည်းသံလေးတောင် ထွက်သွားတယ်။

 

ချွီလော့ချန် : “… ????”

 

ဖေးလုကို ဆွဲလှည့်ကြည့်လိုက်တော့ ဖေးလုရဲ့ နီရဲနေတဲ့ မျက်နှာလေးနဲ့ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို သတိထားမိလိုက်တယ်။

 

“ဖျားနေတာလား?”

 

ချွီလော့ချန်က ဖေးလုကို သူ့ရဲ့ ရင်ခွင်ထဲ ဆွဲသွင်းပြီး နဖူးချင်းထိကြည့်တယ်။ ဖေးလုရဲ့ နဖူးက ပူကျစ်နေတာပဲ။

 

ချွီလော့ချန်ရဲ့ အေးစက်တဲ့ အထိအတွေ့ကြောင့် ဖေးလု တစ်ကိုယ်လုံး အေးမြပြီး နေလို့ကောင်းသွားတယ်။ မနေနိုင်တော့ဘဲ တစ်ကိုယ်လုံး ကပ်ထားလိုက်ပြီး သူရဲ့ ပူလောင်နေတဲ့ ခန္ဓာကိုယ်ကို ချွီလော့ချန်ရဲ့ အေးစက်တဲ့ ရင်ခွင်ထဲ ထည့်ထားကာ ညည်းညူနေတယ်။

 

“မင်း နေမကောင်းဘူး”

 

ချွီလော့ချန်က ဖေးလုရဲ့ ခြေသလုံးအောက်ကနေ ပင့်မပြီး သမားတော်ဆီ ခေါ်သွားဖို့ ပြင်တယ်။

 

“မဟုတ်ဘူး”

 

ဖေးလု နည်းနည်း အသိဝင်လာပြီး အောက်ကို အတင်း ပြန်လျှောချတယ်။ အပွေ့မခံဘူး။ အပူတက်ပြီး ရှုပ်ထွေးနေတဲ့ ဦးနှောက်ကို မနည်း အလုပ်ပေးပြီး ဖြည်းဖြည်းချင်း ဖြေရှင်းချက်ပေးလိုက်တယ်။

 

“ကျွန်တော်… ဖျားနေတာ မဟုတ်ဘူး။ ဖက်တီးရဲ့ အိမ်မှာ… တစ်ခုခု… စားမိလို့…”

 

ချွီလော့ချန်က မျက်မှောင်ကြုတ်လိုက်တယ်။

 

“ဘာစားမိလို့ ဒီလောက်တောင် ကိုယ်ပူနေရတာလဲ?”

 

ဖေးလုကတော့ ကြောင်တောင်တောင် ဖြစ်နေပြီ။ ချွီလော့ချန်ရဲ့ ရင်ဘတ်ထဲ အတင်း တိုးကပ်ရင်း ရီဝေဝေနဲ့ ဖြေလိုက်တယ်။

“အချစ်ဆေး!”

 

“…”

 

ချွီလော့ချန် အသက်ပြင်းပြင်း ရှူလိုက်ကာ ဖေးလုကို ပြန်ပွေ့ချီတယ်။

 

“မင်း အဖျားတက်ပြီး ယောင်နေပြီပဲ။ သမားတော်ဆီ သွားရအောင်”

 

“မသွားဘူး!” သမားတော်ဆိုတဲ့ အသံကြားတာနဲ့ ဖေးလုက အသေအလဲ ရုန်းတော့တာပဲ။ သတ်ခါနီး ငါးတစ်ကောင်လို ချွီလော့ချန်ရဲ့ ရင်ခွင်ထဲမှာ ဘယ်လူးညာလူးနဲ့ သောင်းကျန်းနေတော့တယ်။

 

ချွီလော့ချန်မှာ သူ့ကို လွတ်ကျမတတ် ဖြစ်သွားတယ်။ သူက မျက်မှောင်ကြုတ်ပြီး ဖေးလုရဲ့ ဖင်လုံးလုံးလေးကို ဖွဖွလေး ရိုက်လိုက်တယ်။

 

“လိမ္မာစမ်း”

 

ဖေးလု ငြိမ်ကျသွားတယ်။ ချွီလော့ချန်ရဲ့ရင်ခွင်ထဲမှာ မှောက်ပြီး ဝမ်းနည်းပက်လက်နဲ့ တိုင်တောတယ်။ ဖေးလုရဲ့ အသံလေးက အက်နေတယ်။

 

“ခင်ဗျား ကျုပ်ကို ရိုက်တယ်”

 

လက်နှစ်ဖက်မအားလို့သာပေါ့၊ မဟုတ်ရင် ချွီလော့ချန် သူ့ရဲ့ နားထင်သူ ပြန်နှိပ်မိမှာ သေချာတယ်။

 

အဖျားတက်နေတဲ့သူနဲ့ စကားပြောလို့မရဘူး ဆိုတာ သိလိုက်တော့ သောင်းကျန်းနေတဲ့ ဖေးလုကို ပွေ့ချီပြီး အပြင်ထွက်ဖို့ လုပ်တယ်။ ဒါပေမယ့် ဆေးစားထားတဲ့ ဖေးလုက လိမ္မာမှာ မဟုတ်ဘူး။ သူ့ကိုပွေ့ပြီး အပြင်ထွက်တော့မယ် ဆိုတာ သိလိုက်တာနဲ့ မကျေနပ်တော့ဘူး။

 

ချွီလော့ချန်ရဲ့ လည်ပင်းကို ဖက်ပြီး အသံကုန် အော်တော့တာပဲ။

 

“ကျွန်တော် မဖျားဘူး! သမားတော်ဆီ မသွားဘူး! ခင်ဗျား ကျွန်တော့်ကို (Beep) ပေးလို့ ပြောနေတာ! ကျွန်တော် ပူတယ်လို့…”

 

ပြောရင်းနဲ့ ဝမ်းနည်းလာပြန်ရော။

 

“အထဲမှာ အရမ်းပူနေပြီ… မီးလောင်တော့မယ်… ရေလောင်းပေးပါ (လုပ်ပေးပါ)…”

 

ချွီလော့ချန် ပေါက်ကွဲထွက်သွားပြီ။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ဂွမ်းသွားပြီ။

 

ဖေးလုက အော်လို့ပြီးသွားပြီ။ ချွီလော့ချန်ဆီက တုံ့ပြန်မှုကို မရတော့ ကိုယ့်ဘာသာကိုယ် နေလို့ကောင်းမယ့် ပုံစံကို ပြောင်းနေလိုက်တယ်။

 

ချွီလော့ချန်က မတ်တပ်ရပ်လျက်သားနဲ့ ခဏလောက် တွေဝေနေပြီးမှ ပြတ်သားစွာနဲ့ ကုတင်ဆီ ပြန်လျှောက်သွားတယ်။ မှိန်ဖျဖျ အလင်းရောင်အောက်မှာ တင်းမာနေတဲ့ ချွီလော့ချန်ရဲ့ မျက်နှာကို ဝိုးတဝါး မြင်နေရတယ်။

 

………..

 

နောက်တစ်နေ့ မနက်။

 

တစ်ညလုံး ‘ရေလောင်း’ ခံထားရတဲ့ ဖေးလု နိုးလာတော့ သူ့ခါးတွေ ကျိုးမတတ် နာနေတယ်။

 

ခန္ဓာကိုယ်ကို လှုပ်လိုက်ရင် ဖေးလုရဲ့ ဗိုက်ထဲမှာ ရေတွေ ရှိနေသလို ခံစားရတယ်။

 

“တိရစ္ဆာန်ကောင်” လို့ စိတ်ထဲက ကျိန်ဆဲလိုက်တယ်။ ခါးကိုကိုင်ပြီး ထထိုင်ကာ ရေသွားချိုးဖို့ ပြင်တယ်။သူ့တစ်ကိုယ်လုံး စေးကပ်နေတာကို ချွီလော့ချန်က သုတ်မပေးဘူးလို့ ပွစိပွစိလည်း ပြောနေလိုက်သေးတယ်။

 

အတွင်းခံအင်္ကျီ စွပ်ရုံရှိသေးတယ်၊ ချွီလော့ချန်က ရေနွေးတစ်ပုံး ဆွဲပြီး ဝင်လာတယ်။ ဖေးလုက လေးကန်ကန်နဲ့ အဝတ်ဝတ်နေတာ မြင်တော့ မျက်မှောင်ကြုတ်ပြီး အနားလာကာ အကုန် ပြန်ချွတ်ပစ်လိုက်တယ်။ ပြီးတော့ ရေချိုးကန်ထဲ ထည့်လိုက်တယ်။

 

ရေနွေးနွေးလေးက နာကျင်ကိုက်ခဲနေတဲ့ ဖေးလုရဲ့ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးနေသလိုပဲ။ ဖေးလု သက်ပြင်းချလိုက်ပြီး မျက်လုံးမှိတ်ကာ ရေစိမ်နေလိုက်တယ်။

 

ချွီလော့ချန်က ဖေးလုရဲ့ ဇက်ကြောတွေကို နှိပ်ပေးတယ်။ ဖေးလုက ရေထဲမှာ မလှုပ်မယှက် နေနေတာကို မြင်တော့ သတိပေးလိုက်တယ်။

 

“အထဲက ဟာတွေ ကိုယ့်ဘာသာကိုယ် ထုတ်ပစ်လေ”

 

ချွီလော့ချန်က မျက်မှောင်ကြုတ်ထားတယ်။ ကြည့်ရတာ ကျေနပ်သလိုလိုနဲ့ တစ်မျိုးကြီး ဖြစ်နေတဲ့ ပုံစံ။

 

“မနေ့ညက မင်းပဲ ဗိုက်ထဲမှာ ထားရတာ နေလို့ကောင်းတယ်၊ ထုတ်မပေးနဲ့ ဆိုပြီး ဇွတ်လုပ်နေတာလေ…”

 

“…”

 

ဖေးလုရဲ့ မျက်နှာတစ်ခုလုံး နီရဲသွားတယ်။ ရေထဲကို လူတစ်ကိုယ်လုံး မြှုပ်ပစ်လိုက်တယ်။ လောလောဆယ် ဘာစကားမှ မပြောချင်ဘူး။

 

နောက်ဆုံး ရေချိုးကန်ကို အပြင်မထုတ်ခင်မှာ ရေမျက်နှာပြင်ပေါ်မှာ သံသယဖြစ်ဖွယ် အဖြူရောင် အရည်တွေ ပေါလောပေါ်နေခဲ့တယ်။

 

………

 

မီးလောင်သလို ပူလောင်တဲ့ ညပေါင်း ၄၈ ည ကုန်ဆုံးသွားပြီးနောက်၊ ၄၉ ရက်မြောက်နေ့မှာ ဖေးလုက အကြောင်းပြချက် တစ်ခုပြပြီး တောင်ငယ်လေးဆီ သွားလိုက်တယ်။

 

ဆရာကြီးက ဖေးလုရဲ့ နီရဲနေတဲ့ မျက်နှာနဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်တယ်။

 

မီးလျှံမြက်က အာနိသင် ပြင်းထန်တယ်။ ဆေးလုံး လုပ်ထားလို့ အရှိန်လျော့သွားတယ် ဆိုပေမယ့်လည်း သာမန်လူ ခံနိုင်တဲ့ အရာတော့ မဟုတ်ဘူး။ မီးနဲ့အမြဲတမ်း အကင်ခံနေရသလို နာကျင်မှုမျိုးကို ခံနိုင်ရည်ရှိတာကို ကြည့်ရင် ဒီကောင်လေးရဲ့ စိတ်ဓာတ်က တော်တော် မာတာပဲ။

 

ဖေးလုရဲ့ အခြေအနေကို သေချာ စစ်ဆေးပြီးနောက် ဆရာကြီးက လေးနက်စွာ မေးလိုက်တယ်။

 

“ဆုံးဖြတ်ပြီးပြီလား? စလိုက်ပြီ ဆိုတာနဲ့ နောင်တရလို့ မရတော့ဘူးနော်”

 

ဖေးလု ပြုံးလိုက်တယ်။သူ့မျက်ဝန်းတွေက ပြတ်သားနေတယ်။

 

“ကျွန်တော် နောင်တမရပါဘူး”

 

ဆရာကြီးက သက်ပြင်းချကာ နောက်ထပ် ကြွေပုလင်း အသေးလေး တစ်လုံးကို ပေးလိုက်တယ်။

 

“ဒီည မရောက်ခင် သူ(ချွီလော့ချန်) စားမယ့်အထဲ ရောက်အောင် လုပ်လိုက်”

 

ဖေးလု ပုလင်းကို သိမ်း၊ ကျေးဇူးတင်စကား ပြောပြီး တောင်အောက်ကို အမြန်ဆင်းလာခဲ့တယ်။

 

ဖေးလုရဲ့ အချိန်က သိပ်မရှိတော့ဘူး။

 

ဖေးလု ဈေးဘက်ဝင်ပြီး ဝက်ရိုးကြီးတွေ ဝယ်လာတယ်။ ချွီလော့ချန်အတွက် ဝက်ရိုးစွပ်ပြုတ် ခေါက်ဆွဲပြုတ် လုပ်ကျွေးမလို့။

 

ချွီလော့ချန်ကတော့ ပုံမှန်အတိုင်း ဇရပ်မှာ စာဖတ်နေတယ်။ သူက အပြင်ထွက် အမဲမလိုက်တော့ကတည်းက အိမ်မှာပဲ အနေများတယ်။ ဖေးလုနဲ့ ပူးပူးကပ်ကပ် နေတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ စစ်သေနင်္ဂဗျူဟာ ကျမ်းစာအုပ်တွေ ဖတ်နေတတ်တယ်။ စာအုပ်စင်ပေါ်က စာအုပ်တွေက နှစ်ပေါင်းများစွာ ကြာနေပေမယ့် စာအုပ်ရဲ့ အနားသားတွေ ဖွာနေတာကလွဲရင် ကျန်တာ အကောင်းအတိုင်း ရှိနေသေးတယ်။အဲဒါကိုကြည့်တာနဲ့တင် ပိုင်ရှင်ရဲ့ တန်ဖိုးထားမှုက ဘယ်လောက်ကြီးမားလဲ ဆိုတာ သိသာတယ်။

 

ဖေးလု အားရပါးရ ပြုံးပြလိုက်ပြီး လက်ထဲက ဝက်ရိုးတွေကို မြှောက်ပြလိုက်တယ်။

 

ဖေးလုရဲ့ စစ်သူကြီး… မကြာခင် ပြန်လာတော့မှာပါ။

 

ညစာက ဝက်ရိုးစွပ်ပြုတ် ခေါက်ဆွဲ။ ဝက်ရိုးကို မီးအေးအေးနဲ့ ၄ နာရီလောက် ပြုတ်ထားလို့ ဝက်ရိုးရဲ့ ရိုးတွင်းခြင်ဆီတွေက ဟင်းရည်ထဲ ပျော်ဝင်နေပြီ။ ကြည်လင်နေတဲ့ ဟင်းရည်ထဲမှာ ခေါက်ဆွဲဖတ်လေးတွေ ထည့်၊ ကြက်သွန်မြိတ်လေးတွေ ဖြူးထားတော့ မွှေးကြိုင်ပြီး စားချင်စရာလေး။

 

ဖေးလု ခေါက်ဆွဲပန်းကန် နှစ်ပွဲကို ကိုင်ပြီး ထွက်လာလိုက်တယ်။ ပန်းကန်ချပြီး လက်ချောင်းလေးတွေကို “ဟူး ဟူး” နဲ့ မှုတ်နေလိုက်တယ်။ ပူလွန်းလို့ လက်တွေက ရဲနေပြီလေ။

 

ချွီလော့ချန်က ဖေးလုရဲ့ လက်ကို ဆုပ်ကိုင်ပြီး ဖွဖွလေး မှုတ်ပေးတယ်။ အေးမြတဲ့ အထိအတွေ့ကြောင့် လက်က အပူသက်သာသွားတယ်။

 

“နောက်ဆို ကိုယ့်ကို ခေါ်ပြီး သယ်ခိုင်း”

 

ဖေးလုက ဟီးခနဲ ရယ်ပြတယ်။ ကြက်ဥနှစ်လုံး ပါတဲ့ ပန်းကန်ကို ချွီလော့ချန်ရှေ့ တိုးပေးလိုက်ပြီး ဖေးလုရဲ့ မျက်လုံးဝိုင်းလေးတွေကလည်း လခြမ်းကွေးလေးတွေ ဖြစ်သွားတယ်။

 

“ခေါက်ဆွဲ စား”

 

နှစ်ယောက်သား “ရှလွတ် ရှလွတ်” နဲ့ စားကြတယ်။

 

ဖေးလုရဲ့ မျက်နှာပေါ်မှာ ဘာအရိပ်အယောင်မှ မပေါ်ပေမယ့် တူကို ကိုင်ထားတဲ့ သူ့လက်ဖဝါးမှာတော့ ချွေးတွေ စိုရွှဲနေပြီ။သူ ဆရာကြီးရဲ့ ဆေးကို ခေါက်ဆွဲထဲ ထည့်ထားခဲ့တာ။

 

ချွီလော့ချန်က ဘာမှ သတိမထားမိဘူး။ ဝက်ရိုးစွပ်ပြုတ် ခေါက်ဆွဲ တစ်ပန်းကန်လုံးနဲ့ ကြက်ဥနှစ်လုံးကို ကုန်အောင် စားလိုက်တယ်။

 

ဖေးလု မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလိုက်တယ်။

 

ချွီလော့ချန် ထူးဆန်းသွားတယ်။

 

“မင်း ကိုယ့်ကို ဘာလို့ ကြည့်…”

 

စကားသံက ရပ်တန့်သွားတယ်။ ချွီလော့ချန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ချက်ချင်းဆိုသလို အားမရှိတော့ဘဲ မှေးကျသွားတယ်။ ချွီလော့ချန်ရဲ့ မျက်ဝန်းထဲမှာ နောက်ဆုံး မြင်လိုက်ရတာက ရှုံ့မဲ့နေတဲ့ ဖေးလုရဲ့ မျက်နှာလေး။

 

ဖေးလုက မေ့လဲသွားတဲ့ သူ့ရဲ့ ချစ်ရသူကို ရင်ခွင်ထဲ ပွေ့ဖက်ထားပြီး ဆရာကြီး ပေးထားတဲ့ ဆက်သွယ်ရေး အဆောင်ကို ဆွဲဖြဲလိုက်တယ်။

 

၁၅ မိနစ်လောက်နေတော့ ဆရာကြီးက မောကြီးပန်းကြီး ရောက်လာတယ်။

 

ဖေးလုက လူကို မနည်း မပြီး အခန်းထဲ ပြန်ခေါ်သွားပြီး သက်သောင့်သက်သာ ဖြစ်မယ့် အနေအထားကို ပြင်ပေးလိုက်တယ်။

 

“ဆက်ပြီး ဘာလုပ်ရမှာလဲ?”

 

ဖေးလုက ချွီလော့ချန်ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာကိုပဲ စိုက်ကြည့်နေတယ်။ အခု မကြည့်ရင် နောက်ဆို ကြည့်ခွင့်ရတော့မှာ မဟုတ်ဘူးလေ။

 

“မင်း ဒီဘက်လာ”

 

ဆရာကြီးရဲ့ အသံက လေးနက်နေတယ်။ အင်္ကျီလက်ထဲက စုတ်တံတစ်ချောင်းနဲ့ ဟင်္သပြဒါးကို ထုတ်ကာ ဖေးလုကို ပြောတယ်။

 

“အပေါ်အင်္ကျီ ချွတ်လိုက်”

 

ဖေးလု လိုက်လုပ်တယ်။

 

ဖေးလုရဲ့ ဖြူဝင်းနေတဲ့ ရင်အုပ်ပေါ်မှာ လွန်ခဲ့တဲ့ ရက်တွေက ကျန်ခဲ့တဲ့ အမှတ်အသားတွေ ရှိနေသေးတယ်။ ဆရာကြီးရဲ့ မျက်နှာမှာ ရှက်လို့ နီသွားမတတ်ပဲ။သူက စိတ်ဆိုးပြီး မျက်စောင်းထိုးလိုက်တယ်။ စုတ်တံကို ဟင်္သပြဒါး စိမ်ပြီး ဖေးလုရဲ့ ရင်ဘတ်ပေါ်မှာ စာရေးတယ်။

 

“မီးလျှံမြက်က မင်းရဲ့လိုအပ်နေတဲ့ ယန်ဓာတ်ကို ဖြည့်ပေးပြီးပြီ။ အခု ငါတို့ လုပ်ရမှာက မင်းတစ်ကိုယ်လုံးရဲ့ ယန်ဓာတ်တွေကို ဒီနေရာမှာ စုစည်းရမယ်”

 

ဆရာကြီးက ဖေးလုရဲ့ နှလုံးနေရာကို တို့ထိပြီး သတိပေးလိုက်တယ်။

 

“ဒီအဆင့်က အရမ်း နာကျင်လိမ့်မယ်”

 

Chapter 43 ended

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset