⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 25

Little Creampie:
Chapter 25

ရှရှင်းချီမှာ ငြိမ်းချမ်းစွာ အိပ်မောကျနေခဲ့သည်။ ရုတ်တရက် သူ့အသိုက်ထဲမှ ဆွဲထုတ်ခံလိုက်ရသော ဖြူကောင်လေးကဲ့သို့ သူ့မျက်လုံးတို့အား ဖွင့်လိုက်ရာ ဗီလိန်ကြီး၏ အုံ့မှိုင်းသော အကြည့်တို့နှင့် ဆုံလိုက်ရလေသည်။ သူ ဇဝေဇဝါဖြစ်ကာ ကြောက်လန့်တကြားဖြစ်သွားခဲ့သည်။ သူ့မှာ လန့်လွန်း၍ နေရာမှာတင် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ထွက်သွားကာ မျက်လုံးများ ပြူးကျယ်ခဲ့၏။ သူ မလှုပ်ရဲခဲ့ပါ။

လီချန်ယွမ်က လှလွန်းသည်မှာ ညှို့ယူဖမ်းစားလုနီးပါးဖြစ်လေသည်။ သူ့မျက်နှာနှင့် မျက်လုံးများမှာ အလွန်အေးစက်နေကာ မိန်းမလည်း လုံးဝမဆန်ပေ။ သူ့မျက်နှာမှာ အမူအရာမဲ့နေချိန် ပို၍ပင် တင်းမာပုံပေါ်နေ၏။ ဒေါသမထွက်နေသော်လည်း ကြောက်မက်ဖွယ်ကောင်းတုန်းပင်။

-ဘာလဲဟ! လီချန်ယွမ်က ဘာကိစ္စ ငါ့အိပ်ရာပေါ် ရောက်နေတာလဲ!

သူ စက္ကန့်အနည်းငယ် မိန်းမောတွေဝေနေခဲ့ပြီးမှ အသိပြန်ဝင်လာပြီး အခြေအနေအား သဘောပေါက်ခဲ့၏။ ရှရှင်းချီ ကမန်းကတန်း ပြောလိုက်သည်မှာ : “နေဦး! ကျွန်တော့်ကိုလွှတ်၊ ဒါ တကယ် အထင်လွဲနေတာပါ!”

မနေ့ညက သူတို့ “အိပ်ရာဝင်ခြင်း” ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွါးခဲ့ပြီး “ခင်ဗျား ကျွန်တော့်ကို ပိုက်ဆံပေးရင် ကျွန်တော် ခင်ဗျားနဲ့ ဒီည အတူ အိပ်ပေးမယ်” ကဲ့သို့သော စကားအား သူ ဒေါသထွက်နေတုန်း ပြောခဲ့၏။ သို့သော် ယနေ့တွင် သူ့အိပ်ရာ၌ “အိပ်”နေမိသည်။

ဒီလူ့ ပုံကိုကြည့်ရတာ သူဖျားပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာကို မမှတ်မိတာပဲ ဖြစ်ရမည်။ အဲ့ဒါကြောင့် သူ သူ့အား တမင်သက်သက် အကြပ်ကိုင်နေသည်ဟုထင်သွားတာ ဖြစ်လိမ့်မည်။

ရှရှင်းချီက အားပါးတရ ရှင်းပြလိုက်၏ : “သူဌေးလီခင်ဗျ မနေ့ညက ဖြစ်သွားတဲ့ ကိစ္စက တစ်လ လစာ တစ်သန်းအတွက် ကျွန်တော် လုပ်သင့်တာပါ!”

သူဟာ အောက်ခြေစည်း ရှိတဲ့ ငွေကြိုက်ခင်လေးပါနော်။ သူ့ရဲ့ ဖျားနေတဲ့ အကျိုးတော်ဆောင်ကို ဂရုစိုက်ပေးရမှာ သူ့တာဝန်ပါ။ သေချာပေါက် သူ အပိုကြေးတောင်းပြီး သူ့ ကံမကောင်းမှုကနေ အမြတ်မထုတ်ချင်ပါဘူးနော်။

လီချန်ယွမ် မှာ ဤစကားတို့အား ကြားသော် လုံးဝမပျော်နေကာ သူ့မျက်နှာက ပို၍ပင် မည်းမှောင်လာ၏။

ထပ်ပြီး ဒါဟာ ပိုက်ဆံကြောင့်ပဲ။ ဒီအသေးစိတ် ဂရုစိုက်မှုနဲ့ ပူပင်ပေးမှုက တကယ်တမ်း ပိုက်ဆံအမည်ခံကြောင့် ဖြစ်နေလေသည်။ သူဒါကို ဖုံးကွယ်ဖို့တောင် မကြိုးစားကာ ပြောချလိုက်၏။

“ထွက်သွား။” အမည်မသိ မီးမှာ ထပ်မံ လိမ့်တက်လာပြန်ကာ လီချန်ယွမ် အံကြိတ်လိုက်သည်။

ဒီလူ၏ မျက်နှာလွှဲခဲပစ် အကျင့်နှင့် “အိပ်ရာထလာ” ပြီးနောက် လူတွေကို မှတ်မိဖို့ ငြင်းဆိုနေသည်က စက်ဆုပ်ဖွယ်ကောင်းသော်ငြား ဤစကားလုံးတို့သည်မှာ ရှရှင်းချီ နားထောင်ရအကြိုက်ဆုံးဖြစ်လေကာ သူ အိပ်ရာပေါ်မှ ပျော်ရွှင်စွာ လှိမ့်ထွက်သွား၏။

မထင်မှတ်ထားစွာဖြင့် သူ့နောက်မှ အသံဩဩအား ကြားလိုက်ရချိန် သူရှေ့သို့ခြေတစ်လှမ်းပင် လှမ်းရသေးလေသည် : “နေဦး။ အဝတ်အစားသွားလဲ၊ ငါတို့ ခဏနေ အပြင်သွားကြမယ်။”

– – –

ကားထဲမှာ အလွန်တိတ်ဆိတ်နေ၏။

ရှရှင်းချီက သူ့ဘေးမှ လီချန်ယွမ်အား စိတ်လှုပ်ရှားစွာဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။ သူက ကောက်နှံပင်ဆန်ပြုတ် နည်းနည်းသာ သောက်ထားကာ အခုထိ နေမကောင်းသေးလောက်ပေ။ သူဘာလို့ အိမ်မှာမနားနေလဲလည်း မသိပေ။

ပူပန်သောစကားတို့မှာ ရှရှင်းချီ နှုတ်ခမ်းဖျားသို့ ရောက်လာသော်လည်း သူ ပြန်မြိုချခဲ့၏။ ယခုလောလောဆယ်တွင် လီချန်ယွမ်ပုံစံက တစ်စုံတစ်ယောက်က  သူ့အမြှီးအားဆွဲထားပြီး မလွှတ်ပေးခဲ့ပုံ ပေါ်နေသည်။ သူ့ မျက်နှာအမူအရာမှာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြည့်နေ၏။

ဒရိုက်ဘာရှောင်ဝူ ကတောင် တစ်ခုခုမှားနေမှန်း ခံစားမိခဲ့သည်။ သူဌေးနှင့် သူ့ဇနီး အချင်းများထားကြသည်ဟု တွေးကာ သူပါကြားညှပ်မည်စိုး၍ သူ့ဖြစ်တည်မှုအာရုံအား တုန်လှုပ်ခြောက်ခြားစွာ နှိမ့်ချလိုက်၏။

ရှရှင်းချီမှာ သူ့ဖြူစင်ရိုးသားမှုကိုသာ ဖော်ပြနိုင်ခဲ့သည်။ ဘယ်သူကများ မျက်နှာထားဆိုးတဲ့ ဆန်ကုန်မြေလေးနဲ့ ရန်ဖြစ်ချင်မှာလဲ။ ဘယ်သူက သူ့ကို ညတစ်ဝက်လောက် ဂရုစိုက်ပေးဖို့ အစွမ်းကုန်ကြိုးစားခဲ့တာလဲ။ အဲ့ဒါကို ဒီနေ့ သူ မျက်နှာလွှဲပြီး သူတို့ ဘယ်သွားနေလဲတောင် မပြောပြဘူး။

“စာချုပ်ဖြင့် ကြင်ဖော်ကြင်ဖက်” အနေနှင့် ရှရှင်းချီမှာ ကားပေါ် မသိနားမလည်စွာ ထိုင်နေရုံကလွဲ ရွေးချယ်စရာမရှိပေ။ သူတို့ ဘယ်ကို သွားနေမှန်း သူမသိသော်လည်း သူခန့်မှန်းမိသည်မှာ သူတို့ ချစ်ကြည်နူးသည့် စုံတွဲအဖြစ် တစ်ခဏအတွင်း ဟန်ဆောင်ကြလိမ့်မည်။

ကားက မှတ်တိုင်သို့ နှေးနှေးချင်း ရောက်သွားခဲ့ကာ အပြင်၌ High-end အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင် ရှိလေသည်။ ရှရှင်းချီက အိပ်ချင်မူးတူး ဖြစ်နေပြီး ဒီမြင်ကွင်းအားကြည့်ဖို့ သူ့မျက်လုံးအား ဖွင့်လိုက်ချိန် သူမိန်းမောစွာ တွေးမိသည်မှာ သူအဲ့ကို ဝိတ်တာလုပ်ဖို့ ရောက်နေသည်ဟူ၍ပင်။

တံခါးစောင့်က ကားတံခါးအား သူ့ဖို့ ဖွင့်ပေးခဲ့ကာ သူ အမှန်တကယ် ဒီကိုအလုပ်လုပ်ဖို့ ရောက်နေကြောင်း သဘောပေါက်သွားခဲ့၏။ ထို့ကြောင့် သူ အလုပ်တွင် မြန်မြန်လိုက်ပါကာ လီချန်ယွမ်အား ဆွဲထုတ်ရန် လက်ဦးမှု ယူလိုက်သည်။

သူဟာ တစ်ခါမှ ရည်းစားမထားဖူးရာ စုံတွဲများ ဘယ်လိုပြုမူဆက်ဆံရမှန်း မသိပါ။ ထို့ကြောင့် သူ TVရှိုးထဲမှ အခန်းများအားသာ မှတ်မိနိုင်၏။ သူ လီချန်ယွမ်၏ လက်မောင်းပေါ်သို့ သူ့ခေါင်းအား နာခံစွာ ပွတ်သပ်နေခဲ့သည်။

လီချန်ယွမ်မှာ ရှရှင်းချီ ဘာလုပ်နေမှန်းနားမလည်၍ အနည်းငယ် အေးခဲသွားလေ၏။

အချိန်ခဏကြာသော် သူသိသွားခဲ့ပေမယ့်လည်း သူ တမင် ဒီနေ့ စီးပွါးရေးကိစ္စ မရှိမှန်း သူ့အား မပြောခဲ့ကာ သူ့ ခေါင်းလေးသာ ပုတ်လိုက်သည် – သူက ဒီ အမွေးနုနု ဖြူကောင်လေးအား ကိုင်ချင်နေခဲ့သည်ဖြစ်ကာ နောက်ဆုံးတော့ ဒီနေ့ အခွင့်အရေး ရခဲ့ပြီ။

ဝတ်စုံပြည့်နှင့် လည်သာရှူးဖိနပ် ဝတ်ထားသော ယောင်္ကျားတစ်ယောက်က တံခါးရှေ့လျှောက်လာပြီး သူတို့အား အလေးဂရုပြု၍ နှုတ်ဆက်လာခဲ့သည် : “မစ္စတာလီ ခင်ဗျားတကယ်ကြီး လူကိုယ်တိုင်လာခဲ့တာပေါ့ ကျွန်တော် ဂုဏ်ယူမိပါတယ်ဗျာ”

စကားပြောပြီးသည့်နောက် ဝမ်ချန်ကျင်းက ဘေးရှိ ရှရှင်းချီကို ကြည့်လိုက်ရာ သူဟာ ချောမောကာ နှစ်လိုဖွယ်ရှိသူတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ယခင် ကာလရှည် ကောလဟာလများအရ အရပ်ပုကာ စိတ်တိုသော “ရှရှင်းချီ” နှင့် မတူနေ။

ဒါ လီချန်ယွမ်ရဲ့ ချစ်သူလေးများ ဖြစ်နိုင်မလား။

ဒါကို စဉ်းစားကြည့်သော် ဝမ်ချန်ကျင်း၏ ငွေအမြောက်အများရှာမည်ဟု သေချာစဉ်းစားထားသည့် အစီအစဥ်က အနည်းငယ် နောက်ကျသွားခဲ့ပြီ။ သို့သော် သူ ခေါင်းငြိမ့်ကာ တည်ငြိမ်အေးဆေးစွာ ခေါင်းညွတ်ကာဖြင့် လီချန်ယွမ်အား သီးသန့်ခန်းအထိ လမ်းပြပေးခဲ့သည်။

မြေခွေးအိုကြီး၏ အကျင့်ဆိုးများကို ပြောင်းလဲရန် ခက်သည်မှာ ရှောင်လွှဲလို့မရပေ။ ပထမဆုံးအနေနှင့် သူ အစွမ်းကုန် မျက်နှာချိုသွေးကာ လိုရင်းကို တည့်တည့်မရောက်ဘဲ တခြားအကြောင်းများအား ပြောနေခဲ့၏။

ဘေးတွင်ထိုင်လျက် နားထောင်နေသော ရှရှင်းချီမှာ နားဝေတိမ်တောင်ဖြစ်ကာ ပျင်းလာသည်။ ထို့ကြောင့် သူ မီနူးအားကြည့်ရန် ခေါင်းငုံ့လိုက်၏။ အဲ့ဒါကို သူဖွင့်လိုက်သော် သူမမျှော်လင့်ဘဲ အဓိပ္ပါယ်မရှိစွာ ကြီးလွန်းနေသော စျေးနှုန်းများကြောင့် သူ မျက်စိကန်းခဲ့ရ၏။ စျေးအပေါဆုံးဖြစ်သည့် သံပုရာရည်က ယွမ်၃၀ ရှိသည်မှာ အမြတ်ကြီးစားလွန်း…… ပြဿနာမှာ ဒီအရာကို အလိုလို လာချပေးသည်တဲ့!?

သူ သံပုရည်ခွက်အား တုန်တုန်ရီရီဖြင့် ကောက်ကိုင်လိုက်ကာ သူ့ရှော့ခ်ရမှုကို ဖိနှိပ်ရန် တစ်ငုံသောက်လိုက်ပြီး မီနူးအား တိတ်တိတ်လေး ပိတ်လိုက်ကာ ခပ်ဝေးဝေးတွင် ထားလိုက်လေသည်။

သူ မတော်တဆ ထိပ်ဆုံး ပုံအား ကြည့်မိကာ တုန်လှုပ်ခြောက်ခြားဖွယ် စျေးတင်ထားသည့် နွားငယ်သား steak အား လောဘတက်မိမှာ စိုး၏။

သူ အဲ့ဒါကို သည်းမခံနိုင်လို့ မမှာမှန်း ဘယ်သူမှ မထင်ထားလောက်ပေ။ အဆုံးမှာတော့ သူဌေးဘေးမှာ ထိုင်နေတဲ့ တစ်ယောက်ယောက်က ဘယ်လိုများ ပိုက်ဆံပြတ်နိုင်မှာလဲလေ။

လီချန်ယွမ်က သူ့အား အကြည့်ပျပျပေးလိုက်ကာ သူ ပုံမှန်အကျင့်အတိုင်း ကပ်စီးနည်းနေပြန်ပြီအား သိ၏။ သူက သူ့ကိုယ်ပိုင်ပိုက်ဆံကို သုံးနေတာမှမဟုတ်တာ သူဘာကို ချွေတာဖို့ လုပ်နေတာပါလိမ့်။

မီနူးအားကြည့်ရုံဖြင့် ဒီတစ်ယောက် ဘာကို တမ်းတနေမှန်းအား သိလေသည်။ လီချန်ယွမ်က သူ့အတွက် တစ်ခုခု မှာပေးမလို့ပင်။ သို့သော် ရုတ်တရက် စိတ်ထဲ အကြံတစ်ခု ပေါ်လာ၏။

သို့ဖြစ်ရာ သူ မီနူးအား တိတ်ဆိတ်စွာ ဖတ်နေသည်ဟု ရှရှင်းချီ ထင်နေစဉ် လီချန်ယွမ်က အေးအေးဆေးဆေး မသိ ဟန်ဆောင်နေကာ သူ့အား အစားကြူးသူလေးကဲ့သို့ သူ့နှုတ်ခမ်းသူ ပေးကိုက်ထားလေသည်။

****

ဝမ်ချန်ကျင်းက ဆက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတုန်းပဲ- “မစ္စတာလီ၊ ဒီကိစ္စက တော်တော်ပင်ပန်းလွန်းတယ်။ ဟိုလူတွေက တော်တော်ဆိုးတယ်၊ ကျွန်တော်က—”

လီချန်ယွမ် သွေးအေးစွာ စကားဖြတ်ပြောလိုက်သည်။

” လိုရင်းကိုပြော”

ရှရှင်းချီ နို့ကိတ်အ‌သေးသေးလေးကို သေချာကြည့်နေရင်း တွေးနေခဲ့သည်က ဒီလူက လီချန်ယွမ်ကို မျက်နှာလုပ်ဖို့ အရမ်းအသည်းသန်ဖြစ်နေပေမဲ့ ဘာလို့ ဧည့်သည်တွေကို အစားအသောက်အတွေနဲ့ဧည့်မခံခဲ့တာလဲ။

ခါတိုင်းလိုပဲ သူကပ်စေးနဲ နေတာပဲ။

အကယ်၍ ၀မ်ချန်ကျင်းသာ သူ့အတွေးကိုသိခဲ့ရင် သူ‌ နစ်နာတယ်လို့ခံစားမိမှာ အသေအချာပင်။ ဒီနေ့ သူဌေးက သူ့ချစ်သူကို ခေါ်ပြီး အပြင်ထွက်လည်ချင်တာကို၊ လမ်းကြုံမှ သူ့ကို အစီရင်ခံခိုင်းလိုက်တာ ဖြစ်လိမ့်မယ်။

သူ သခင်လေးရှကို ခေါ်လာမယ်လို့ သူထင်ခဲ့သော်လည်း အဲ့အစား ကြည့်ကောင်းတဲ့ ချစ်သူလေးဖြစ်နေမှာကိုတော့ သူမမျှော်လင့်ခဲ့ပါ။ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သူ အစားအသောက်တွေကိုမှာပြီး “သူတို့နဲ့၀င်ရောဖို့” စကားပြော စားသောက်မှာကို ရူးသွပ်နေလောက်တယ်။

လီချန်ယွမ် စိတ်မရှည်ဖြစ်နေတာကို မြင်လိုက်ရတဲ့ ၀မ်ချန်ကျင်း စကားပြောတာကို အမြန် အဆုံးသတ်လိုက်သည်။

“အားလုံးကို ချုံငုံပြီး တွက်ချက်ကြည့်ရင် သခင်လေးရှ စာရင်းရှင်းဖို့ အကြွေးတင်‌နေတဲ့ငွေက 15millon ပါပဲ”

“ဘာ…..အဟွတ် အဟွတ် အဟွတ်!”

ရှရှင်းချီက သံပရာရည်က ဘာလို့ ဒီလောက်ဈေးကြီးရတာလဲဆိုတာကို အရသာခံပြီး ဆုံးဖြတ်နေတုန်း၊ ဒီစကားတွေကြားလိုက်ရတော့ သေလုမျောပါး သီးသွားသည်။

မူလ ခန္ဓာပိုင်ရှင်က အကြွေးတွေအများကြီးတင်နေတာ သူဘာလို့မသိခဲ့တာလဲ!

သူ့အကြွေးတွေက ဝိညာဉ်ကူးပြောင်းလာတဲ့ ကမ္ဘာမှာ
ဆယ်ဆတိုးသွားတာလား။နှစ်ဘ၀လုံး ဆင်းရဲမွတေဖို့က ဘယ်လိုကံကြမ္မာမျိုးလဲ။

တစ်ဒါဇင်ထက်ပိုတဲ့ ငါးမန်းတွေဆီကနေ မူလပိုင်ရှင်က ချေးယူခဲ့တာလား။ဒါကြောင့် သူ ဘယ်လောက်ပမာဏ‌လဲဆိုတာ မမှတ်မိခဲ့တာလား။သူရဲ့ လျှို့ဝှက်ချက်တွေနဲ့ အချက်အလက်တွေကို ဒီလူတွေက သူတို့လက်ထဲကိုင်ထားတာ၊ငွေအတွက်ဆိုဘာပဲ လုပ်ရလုပ်ရလုပ်နိုင်ပြီး ဥပဒေဘောင်တန်းပေါ်က လျှောက်နေတာပဲ။ (T/N: ငါးမန်းဆိုတာ ငွေတိုးချေးစားတဲ့ဂိုဏ်းတွေပါ)

Chapter 25 end

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset