Little Creampie:
Chapter 26
ဝမ်ချန်ကျင်းဟာ ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး သားရေဖိနပ်စီးထားပေမဲ့ တကယ်တော့ ဆက်သွယ်ရေးကောင်းပြီး အစွမ်းအစရှိတဲ့ ဒေသခံလူမိုက်တစ်ယောက်။ သူဟာ ကြီးမားတဲ့စီးပွားရေးအခွင့်အလမ်းကြီးတစ်ခုကို အနံ့ခံမိလိုက်တယ်လေ—
ဒီကြွေးမြီက တော်တော်ရှုပ်ထွေးပြီး ကြွေးမြီရှင်တွေလည်းများသလို ငွေပမာဏကလည်း မမှန်မကန် အတက်အကျရှိနေခဲ့တယ်။
အလုပ်များတဲ့သူဌေးတစ်ယောက်အနေနဲ့ ဒီရှုပ်ထွေးပွေလီနေတဲ့ကိစ္စကို ကိုယ်တိုင်ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီရှုပ်ထွေးနေတဲ့ အကြွေးတွေကို ဖြေရှင်းဖို့ဆိုရင် မစ္စတာလီအနေနဲ့ “အချက်အလက်ဗဟုသုတကြွယ်ဝ”တဲ့ ညာလက်ရုံးတစ်ယောက်ကို လိုအပ်လိမ့်မယ်။
ဒီကိစ္စအတွက် ဖြတ်စားကြေးနည်းနည်းပါးပါးကတောင် သန်းနဲ့ချီ တန်နေတာ။ ဒါကြောင့် မျက်နှာပြောင်တိုက်ပြီး အဆက်အသွယ်ပေါင်းစုံကို အားကိုးကာ ဝမ်ချန်ကျင်းသည် လီချန်ယွမ်ကို နောက်ဆုံးမှာ ဆက်သွယ်နိုင်ခဲ့ပြီး အရာအားလုံးကို ကောင်းမွန်စွာ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ဓာတ်ပုံနဲ့ သတင်းအချက်အလက်အားလုံးကိုလည်း ဖျက်ဆီးပစ်မှာဖြစ်ကြောင်း အာမခံခဲ့သည်။
ဝမ်ချန်ကျင်းက ဈေးနှုန်းတစ်ခုကို တင်ပြပြီးနောက် အခြေအနေကို လျင်မြန်စွာ စောင့်ကြည့်ခဲ့ပေမဲ့ လီချန်ယွမ်ကတော့ ဒီစကားကို ကြားပြီးနောက် ငြိမ်သက်နေပြီး ကြီးကြီးမားမား တုံ့ပြန်မှု မရှိတာကို တွေ့လိုက်ရ၏။
ရလဒ်ကတော့ ဘေးမှာထိုင်နေတဲ့ “ချစ်သူလေး”က ထိုင်မြဲတိုင်း မထိုင်နိုင်တော့တာဖြစ်သည်။ ရှရှင်းချီ အလွန်အံ့အားသင့်သွားရပြီး ထိုလူကို အရမ်းဒေါသထွက်သွားသည်။”ဆယ့်ငါးသန်းးး? ဒါက ယုံချင်စရာမရှိတာပဲ!ဘယ်လိုလုပ် သာမာန်လူတစ်ယောက်က အဲ့လောက်ပမဏကို အကြွေးတင်မှာတဲ့လဲ!”
သူ ကူးပြောင်းလာပြီးနောက် ရှအိမ်တော်မှာ နှစ်ရက်နေခဲ့သည်။ မူလပိုင်ရှင်မှာ ဝင်ငွေနဲ့မလိုက်အောင် ဇိမ်ခံပစ္စည်းတွေ အများကြီးရှိပေမဲ့ ရင်းနှီးမြှုပ်နှံတာ၊ စီးပွားရေးလုပ်တာမျိုး မရှိဘဲနဲ့တော့ ဒီလောက်ငွေအများကြီး ရှိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
၀မ်ချန်ကျင်း: “တစ်ချို့က လောင်းကစားအကြွေးတွေဖြစ်ပြီး အတိုးတွေလည်း ရှိနေခဲ့တယ်။ ဒါကတော့ နှစ်ဆတိုးလိုမျိုး နေ့ပြန်တိုးနဲ့ ချေးငွေအတိုးစာချုပ်ပါ။”
“အဲ့တာဆို သူတို့က ဓားပြတိုက်နေတာပဲမဟုတ်ဘူးလား။”
လီချန်ယွမ်ရဲ့လက်မောင်းကို ဆွဲရင်း ရှရှင်းချီပြောလိုက်သည်။
“ချေးငွေစာချုပ်က တရားမ၀င်ဘူး။ လီချန်ယွမ်၊ ကျွန်တော်တို့ ပိုက်ဆံပြန်မပေးနိုင်ဘူး!”
လီချန်ယွမ်က တမင်တကာ တိတ်ဆိတ်နေပြီး ရှရှင်းချီရဲ့ စကားနဲ့ တုံ့ပြန်မှုတွေကို စူးစမ်းရင်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
အခုတော့ ခန့်မှန်းချက်အချို့ အတည်ပြုပြီးပြီမို့ ရှရှင်းချီရဲ့ နောက်ခံဇာစ်မြစ်နဲ့ ပတ်သက်ပြီး သူ့မှာ ထပ်မံခန့်မှန်းစရာတွေ ပိုများလာခဲ့၏။
ဝမ်ချန်ကျင်းရဲ့ခံစားချက် သိပ်မကောင်းတော့ချေ။ ဒီ “ချစ်သူလေး”က ဒီလောက်တောင် ပြင်းပြင်းထန်ထန် ကန့်ကွက်ရလား။
သူက မစ္စတာလီနဲ့ ရှရှင်းချီတို့ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို အခွင့်ကောင်းယူပြီး ငွေပိုညှစ်ချင်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့အတူပါလာတဲ့သူက ရှရှင်းချီ မဟုတ်ဘူးဆိုတာကို ဘယ်သူသိမှာလဲ။ ဒီချစ်သူလေးက အခြားတစ်ဖက်ရဲ့မျက်နှာသာပေးမှုကို ခံရလို့ မာန်မာနထောင်လွှားပြီး “တရားဝင်ဇနီး” ရဲ့ ပိုက်ဆံတွေကို ပြန်မဆပ်ဖို့ ဖျောင်းဖျဖို့ အိပ်ရာထဲကစကားတွေကို အသုံးပြုနေတာ။
“ဒီလိုနဲ့ ပြီးမသွားနိုင်ဘူး!”
၀မ်ချန်ကျင်းက အမြန်ဆုံး ပြင်ဆင်ပြောလိုက်သည်။
“ပိုက်ဆံကို ပြန်မပေးရင် ရဲကို ခေါ်ပြီးသားပဲ၊ သခင်လေးရှရဲ့ ဖုန်းလိပ်စာ စာအုပ်ထဲက လူတွေအကုန်လုံးကို ပုံတွေပို့ပြီးသားဖြစ်သွားမယ်!”
ရှရှင်းချီက မျက်နှာသာမရရင်တောင် လီချန်ယွမ်က မျက်နှာပျက်မှာကို မလိုချင်လောက်ဘူး မဟုတ်လား။ သူ နာရီတစ်လုံးအတွက် ဒီထက်ပိုပြီး ပေးခဲ့ဖူးတာပဲ။ မသမာတဲ့နည်းနဲ့ ရခဲ့တဲ့ ပေါက်ကြားလာတဲ့ ဓာတ်ပုံတစ်ပုံကတောင် ပိုက်ဆံအများကြီး ရှာပေးနိုင်တာပဲ။
“ဒါပေမဲ့….”
ဖြစ်ဖူးခဲ့သလို ခံစားချက်ကြောင့် ရှရှင်းချီ ပါးစပ်အဟောင်းသားဖြင့် ရပ်တန့်သွားရသည်။
မူလပိုင်ရှင်ရဲ့ ညစ်ညမ်းတဲ့ဓာတ်ပုံတွေက နောက်ပိုင်း ပေါက်ကြားသွားခဲ့ပြီး သူ့ရဲ့ ကြယ်ပွင့်ဘဝလည်း ပျက်စီးခဲ့တာ — ဒီပိုက်ဆံတွေကြောင့်ကိုး။
သူ အမြောက်စာမဖြစ်ချင်ရင် မူလပိုင်ရှင် နင်းမိခဲ့တဲ့ မရေမတွက်နိုင်တဲ့ ချိုင့်ခွက်တွေကို ရှောင်ရှားရမှာ ဖြစ်ပေမဲ့ အခုတော့ ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေသည်။ 15သန်းဆိုတာအသာထား၊ ဆယ့်ငါးကျပ်တောင်မှ သူ့ကိုယ်ခန္ဓာကိုယ်ကနေ အသားလှီးထုတ်လိုက်သလိုမျိုး သူ့ကို စိတ်ဆင်းရဲစေသည်။
အဲ့လောက်ပမာဏက နွားကလေးသားနဲ့ နို့ကိတ်တွေ ဘယ်လောက်တောင် ၀ယ်လို့ရလိမ့်မလဲ!
ရှရှင်းချီ အဲ့အကြောင်းတွေမိရုံနဲ့ သူစားချင်စိတ်ပြင်းပြနေတဲ့ အရသာရှိတဲ့အစားအသောက်ကို မသိမသာ လှမ်းကြည့်လိုက်မိ၏။
” မစ္စတာလီ၊ဘာလုပ်သင့်တယ်လို့ ခင်ဗျားတွေးမိလဲ။”
၀မ်ချန်ကျင်း ခေါင်းလှည့်ကာမေးလိုက်သည်။
ဒါပေမဲ့ လီချန်ယွမ်ကတော့ ဒီ “ဆိုးရွားတဲ့” နောက်ဆက်တွဲတွေအပေါ်မှာ ငြိမ်သက်နေတုန်းပဲ။ သူ့ဘေးနားက ခက်ခက်ခဲခဲ ရုန်းကန်စဉ်းစားနေတဲ့ ချောမောတဲ့လူငယ်လေးကိုပဲ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။
၀မ်ချန်ကျင်း အံ့သြသွားခဲ့သည်။ဒါကလုံး၀ရူးသွပ်တာပဲ!ဆိုပြီးတော့လည်း သူ့ကိုယ်သူတွေးနေမိခဲ့သည်။
သူက သူနဲ့စေ့စပ်ထားတဲ့သူရဲ့ ရုတ်တရက်ဖြစ်လာတဲ့ ကပ်ဘေးကို လျစ်လျူရှူပြီး အဲ့ဒီအစား သူ့ချစ်သူလေးရဲ့ ထင်မြင်ချက်တွေကို နားထောင်နေတာလား။
သူ့ကို တွန်းအားထပ်ပေးတော့မဲ့အချိန်မှာပဲ လီချန်ယွမ် စကားထပြောလိုက်သည်။သူ့အသံက လက်လျှော့ထားပုံပေါ်သည်။
“ရှရှင်းချီ၊ မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ် တွန့်တိုနေရတာလဲ”
“ဘာလို့လဲဆိုတော့ အဲ့တာ အရမ်းများတဲ့ငွေတွေလေ!ပြီးတော့ သူတို့က ဥပဒေကို ချိုးဖောက်နေတာပဲ!”
ပြောရင်းနဲ့ ရှရှင်းချီက ခေါင်းစောင်းပြီး လီချန်ယွမ်ကို ပွတ်သပ်လိုက်သည်။ ဘယ်သူကမှ သူ့ကို အရင်က မတားခဲ့တဲ့အတွက်ကြောင့် သူတို့ စုံတွဲတစ်တွဲလို ပြုမူရမယ်လို့ ထင်မှတ်ပြီး တဖြည်းဖြည်း အကျင့်ဖြစ်သွားခဲ့သည်။
ဘေးမှာရှိနေတဲ့ ၀မ်ချန်ကျင်းသည် မယုံနိုင်ပဲ ကြောင်အနေခဲ့သည်။ ရှရှင်းချီ?ဒါဆို သူက တကယ်ပဲ သခင်လေး ရှရှင်းချီလား?!
ဒါပေမဲ့ ကောလဟာလတွေအရ သူက သာမာန်ရုပ်ရည်ရှိတဲ့ အရပ်ပုပြီး၀ဖြိုးတယ်။ မဟုတ် မဟုတ် မဟုတ်ဘူး၊ ဒါက အဓိကအချက်မဟုတ်ဘူး။ တကယ့်အချက်က သူက မစ္စတာလီရဲ့ ကြွယ်၀မှုကို မျှဝေခံစားနိုင်မယ်ဆိုတာပဲ။အဲ့လောက်ပိုက်ဆံတွေအများကြီးနဲ့၊ သူကဘယ်လိုတောင် တွန့်တိုနိုင်ရတာလဲ!။
ရှရှင်းချီ ခေါင်းထိုးပွတ်တာက အရမ်းနန့်လွန်းတာမို့ လီချန်ယွမ်မှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ တောင့်တင်းပြီး မလုံမလဲ ဖြစ်သွာသည်။သူ့နှလုံးသားကလည်း ထုံကျင်သွားပြီး အသည်းယားလာခဲ့သည်။ဒါပေမဲ့ သူ့ကို တွန်းမဖယ်ခဲ့ပါ။နားရွက်ကိုသာ အသာလေး ဆွဲဆိတ်လိုက်သည်။
သူ ကံကောင်းစွာနဲ့ပဲ မှန်ကန်စွာ ဆုပ်ကိုင်မိသွားပြီး ရှရှင်းချီရဲ့ လျှို့ဝှက်ထိခိုက်လွယ်တဲ့ နေရာလေးကို တိုက်တိုက်ဆိုင်ဆိုင် ဖမ်းမိလိုက်တာပဲ။
သူ့နားရွက်က လက်အေးကြီးနဲ့အဆိတ်ခံလိုက်ရတော့ ရှရှင်းချီ တစ်ကိုယ်လုံး ရုတ်တရက်တုန်သွားသည်။လျှပ်စစ်ရှော့ အတို့ခံလိုက်ရသလို သူ့ခြေလက်တွေ နေရာမှာတင် ထုံကျဥ်သွားခဲ့သည်။
ချက်ချင်းပဲ နည်းနည်းရှက်သွားပေမဲ့ သူတို့ “အလုပ်လုပ်နေကြတာ” ကို သတိရသွားတော့ သည်းခံရတော့မှာမို့ နောင်ကျရင် လီချန်ယွမ်ကို အဲ့ဒီနေရာကို မထိဖို့ ပြောရမယ်လို့ စိတ်ထဲကနေ တွေးလိုက်သည်။
သူ့ရဲ့ပုံမှန်မဟုတ်တဲ့ တုန့်ပြန်မှုကို လီချန်ယွမ်လည်း သတိထားမိခဲ့သည်။ခဏလောက်တော့ သူ နောက်ဆုတ်သွားပေမဲ့ ထပ်ပြီး ဆွဲဆိတ်ချင်စိတ် ပေါ်လာခဲ့သည်။
အဲ့ဒီအခါမှ သူ သီးသန့်အခန်းထဲမှာ မျက်စိနောက်စရာတစ်ယောက်ရှိနေတာကို သတိရသွားပြီး ခေါင်းကို အေးစက်စက် လှည့်ကာ ဝမ်ချန်ကျင်းကို မေးလိုက်တယ်-
“မင်း တခြားလုပ်စရာ ဘာရှိသေးလဲ။”
နှစ်မျိုးနှစ်စား သဘောထားက သိသာထင်ရှားနေခဲ့သည်။
ဝမ်ချန်ကျင်းက ဒါဟာ ဧည့်သည်ကို မောင်းထုတ်တာဖြစ်ကြောင်း သိ၏။ သူဌေးက သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်ပြီး သူ့ရဲ့ရှိနေမှုက သူတို့အီစီကလီလုပ်တာကို ဟန့်တားနေတာပဲ။
ဒီကိစ္စကို တစ်ထိုင်တည်း ဆွေးနွေးဖို့ဆိုတာက စိန်ခေါ်မှုတစ်ခုလိုပဲ။သူနဲ့တွေ့ဖို့ လီချန်ယွမ် စိတ်ပါတာကပဲ ကောင်းနေပြီမို့ အနာဂတ်မှာတော့ အခွင့်အရေးထပ်ရှိနိုင်မယ်ထင်သည်။
ထို့ကြောင့် သူမြန်ဆန်စွာထွက်သွားခဲ့သည်။နောက်တစ်စက္ကန့်လေးတောင်မှ တတိယလူမလုပ်ရဲတော့ပါ။
သီးသန့်အခန်းလေးက တိတ်ဆိတ်သွားခဲ့သည်။
ထိုနားနွေးနွေးလေးကို လီချန်ယွမ် ထပ်ဆွဲဆိတ်တော့မဲ့ အချိန်မှာပဲ ရှရှင်းချီက ရုတ်တရက်ပဲ “အလုပ်ပြီးပြီ”ဆိုပြီး လက်ဦးမှုရယူလိုက်သည်။သူ့ရဲ့လက်မောင်းကို လွှတ်သွားရုံတင်မကပဲ နေရာကနေပါ ရွေ့သွားခဲ့သည်။
လီချန်ယွမ်:”…….”
၀မ်မျိုးနွယ်ကို နည်းနည်းပိုကြာကြာထိုင်ဖို့ ခွင့်ပြုခဲ့ရင်ကောင်းသား။
“ချစ်ရတဲ့သူဌေးရေ၊ခင်ဗျားမှာ အဖြေတစ်ခုတော့ရှိမှာပဲ။ဟုတ်တယ်မလား”
ကောင်းကင်ကပြုတ်ကျလာတဲ့ အကြွေးတွေနဲ့ ရှရှင်းချီ မျက်၀န်းနက်တွေနဲ့ မျှော်လင့်တကြီး ကြည့်လိုက်သည်။
လီချန်ယွမ်က တကယ်ချမ်းသာရင်တောင် သူ့ပိုက်ဆံတွေက မိုးပေါ်ကပြုတ်ကျလာတာမဟုတ်ဘူးလေ။ မတရားငွေကို သုံးတာက သုံးဖို့လိုနေတဲ့ ငွေမက်တဲ့သူ့ကိုတောင် အကြွင်းမဲ့ စိတ်ဓာတ်ကျစေမှာ အမှန်ပဲ။
ဒါပေမဲ့ သေချာပေါက် ညစ်ညမ်းတဲ့ပုံတွေ ပလူပျံပြီး သေမှာကို ထိုင်စောင့်ရုံနဲ့ အဆင်မပြေဘူးလေ။
ဗီလိန်ကြီးရဲ့ အာဏာက ပိုက်ဆံအပေါ်မှာပဲ မူတည်နေခြင်းမဟုတ်၊ ထို့ထက်ပိုပြီး ကြီးမားပြီးနားမလည်နိုင်တဲ့အရာတွေပေါ်မှာလည်း မူတည်နေတယ်ဆိုတာကို ရှရှင်းချီသိ၏။
သူသာ ကျန်းမာရေးမကောင်းလို့ စောစောစီးစီး မသေခဲ့ဘူးဆိုရင်၊ မူရင်းစာအုပ်ကို “ဆိုးရွားတဲ့ဇာတ်သိမ်း” အဖြစ် ပြန်ရေးနိုင်ခဲ့မှာဖြစ်လို့ ပိုက်ဆံမဖြုန်းဘဲ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယူဆရမှာပဲ။
ထိုစကားကြားနောက် လီချန်ယွမ် ဘာခံစားချက်မှ မပြပဲ တူညီစွာ တုံ့ပြန်လိုက်သည်။
“အကူအညီတောင်းတယ်ဆိုရင်၊ အကူအညီတောင်းတဲ့ ပုံစံကိုတော့ပြရမှာပေါ့”
ဒီ အသေးအဖွဲ့ ကိစ္စလေးကို သူ အလေးအနက်မထားပဲ ဒီတိုင်းဖြေရှင်းမလို့ဆိုပေမဲ့ သေချာစဉ်းစားပြီးတဲ့နောက်မှာ သူ့မှာ ပိုကောင်းတဲ့ အစီအစဉ်ရှိနေခဲ့သည်။
ရှရှင်းချီရဲ့အထောက်အထားနဲ့ တုံ့ပြန်မှုကို သူထပ်စုံစမ်းစစ်ဆေးချင်တဲ့အပြင်၊ ဒီအခိုက်အတန့်ကိုလည်း သူစောင့်နေခဲ့တာဖြစ်သည်။
“ဟမ်_”
ရှရှင်းချီ သူ့ခေါင်းကို စောင်းလိုက်သည်။ သူမှန်ပေမဲ့လည်း၊ဒီသြဇာအာဏာကြီးမားလှတဲ့ သူဌေးကြီးရဲ့ တန်ဖိုးကြီးတဲ့ အကြိုက်ကိုပြန်ပေးဖို့ ဘယ်လိုမျိုး သူ့မှာ မှန်ကန်တဲ့ “စိတ်ဓာတ်ဖော်ပြမှု”ရှိမှာလဲ။
သူတွေးနေစဉ်အတွင်းမှာပဲ၊ အေးစက်ဖြူဖျော့တဲ့လက်က မီနူးကို ဆွဲယူပြီး လက်နဲ့နှစ်ချက်ခေါက်လိုက်တာကို သူမြင်ခဲ့လိုက်သည်။
ဒါကိုမြင်လိုက်တဲ့ ရှရှင်းချီ သူ့ခေါင်းသူ ပိတ်ရိုက်လိုက်သည်။
“ကျွန်တော်သိပြီ၊ ခင်ဗျားက ထမင်းတစ်နပ်အတွက် မေးစေချင်တာပဲ!”
“အင်း”
လီချန်ယွမ် ခေါင်းငြိမ့်ရုံငြိမ့်ပြလိုက်သည်။သူ့ပုံစံက တည်ငြိမ်အေးစက်နေခဲ့သည်။
“ကိုယ်နဲ့ နောက်တစ်လလောက် ထပ်အိပ်လိုက်”
“အိုကေလေ၊ ကိစ္စမရှိ_အာ?!”
ထိုစဉ်တွင် သူ့နားသူတောင် မယုံနိုင်ခဲ့ပါ။ဒေသိယစကားကိုနားလည်မှုလွဲနိုင်တဲ့ ရာခိုင်နှုန်းက ၀င်းကနဲ သူ့စိတ်ထဲပေါ်လာပြီး သူကြားတာမှားနေတာလားဆိုပြီး သံသယဖြစ်မိသည်။
“လီချန်ယွမ်၊ခင်ဗျား_”
ရှရှင်းချီ ဆွံ့အသွားပြီး အတော်ကြာမှ သတိပြန်ဝင်လာကာ စိိတ်တိုသွားသည်။
” ခင်ဗျား ဘာကိုဆိုလိုတာလဲ!”
Chapter 26 end
Chapter 27
သူတို့ မနေ့ကတင် ဒီကိစ္စအပေါ် ငြင်းခုံစကားများခဲ့သည်။သူ ဒီလိုကိစ္စမျိုးတွေပြောပြီး အခု လက်စားချေနေတာဖြစ်ရမည်။
ဒါမှမဟုတ် သူ့ရဲ့ “လုပ်နိုင်စွမ်း”ဟုဆိုသော အရာကို ရုတ်တရက်ဖြစ်သွားခဲ့တဲ့ 15 million အကြွေးကပ်ဘေးကြီးက ယှဉ်နိုင်စရာမရှိဘူးလို့ သက်သေပြချင်တာလား။
သူ အဲ့ဒီအကြောင်းပိုတွေးလေ ပိုဒေါသထွက်လာလေ၊ပြီးတော့ သူ ရုတ်တရက် စက်သေနတ်လို သူရေခရားလွှတ်လိုက်လိုက်သည်။
” ကျွန်တော့်ကိုယ်ကို မရောင်းစားဘူးလို့ ကျွန်တော်ပြောခဲ့ပြီးပြီ!သူတို့ တကယ် ဓာတ်ပုံတွေကို ဖြန့်ချင်တယ်ဆိုရင်လည်း ဖြန့်ခိုင်းလိုက်!ဓာတ်ပုံတွေထဲက မျက်နှာက အခု ကျွန်တော့်မျက်နှာဆိုရင်တောင်_”
စကားလုံးတွေကို တို့လို့တန်းလန်းအဆုံးသတ်ရခဲ့သည်။သူဒေါသထွက်ပြီး စကားကျွံမိတော့မှာကို သူသဘောပေါက်သွားခဲ့သည်။ထို့ကြောင့် သူမြန်ဆန်စွာ ပါးစပ်ပိတ်လိုက်သည်။
လီချန်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ စိတ်တိုပြီး အဆူးတွေထောင်ထလာတဲ့ ဖြူကောင်လေးကို သူငေးကြည့်နေ၏။ဒါပေမဲ့ သံသယ၀င်စရာကောင်းပြီး ရှုပ်ထွေးတဲ့စကားလုံးတွေကို ဖိနှိပ်မမေးခဲ့ပေ။
သူ ရိုးရှင်းစွာ မေးလိုက်သည်။
“အိပ်ရာတစ်ခုတည်း တူတူအိပ်တာက ပြည့်တန်ဆာလုပ်ခြင်းအဖြစ် အကျုံး၀င်တာလား”
လျှာရှည်မိတာကြောင့် သူ့ဒေါသတွေ တစ်၀က်လောက်က ကြောက်ရွံ့ပျောက်ကွယ်သွားသည်။ထိုစကားတွေကြောင့် ရှရှင်းချီ တန့်သွားရကာ အဓိပ္ပာယ်နားလည်ဖို့ သူအတော်လေး နှေးသွားခဲ့သည်။
” ဒါဆို ခင်ဗျားဆိုလိုတာက…..ဒီတိုင်းအိပ်တာလား”
အချိန်နှောင်းစွာ သူမေးခဲ့သည်။
“အဲ့လိုမှမဟုတ်ရင်၊ တခြားဘာတွေ မင်းတွေးနေတာလဲ”
လီချန်ယွမ် အပြုံးမဟုတ်တဲ့ အပြုံးတစ်ခုပြသလာသည်။
” ကျွန်တော် ၊ ကျွန်တော်လည်း အဲ့တာပဲတွေးတာပါ”
ရှရှင်းချီ ရှက်သွေးဖြာသွားရသည်။သူ အတွေးမှားသွားချိန် သူ့သည်းခံနိုင်စိတ် ပျောက်ဆုံးသွားခဲ့သည်ထင်သည်။ပြီးတော့ အပြစ်ရှိစိတ်က သူ့ကို ပိုမြန်ဆန်စွာ သဘောတူအောင် လုပ်ခဲ့သည်။
“အဲ့တာဆိုလဲ ဟုတ်ပါပြီ”
လီချန်ယွမ် သူ့ခေါင်းကို ငုံ့လိုက်ပြီး သူ့ရဲ့အောင်မြင်မှုအတွက် ပျော်ရွှင်မြူးတူးနေတဲ့ အပြုံးကို ဝှက်ရန် ရေနွေးတစ်ငုံသောက်လိုက်သည်။
ဒီလိုနည်းနဲ့၊ညလယ်ကြီးမှာ သူ့ကို တွေ့ရဖို့ သူ့အခန်းကိုသွားစရာမလိုတော့ပေ။သူ့ကို ဘယ်အချိန်မဆို ကြည့်နိုင်ပြီး သူ့လက်မောင်းတွေထဲတောင် ပွေ့ဖက်နိုင်ပြီဖြစ်သည်။
ရှရှင်းချီ စကားထပ်ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က သိပ်ပြီးကောင်းကောင်းမွန်မွန် မအိပ်ဘူး”
သူအိပ်ပျော်သွားတဲ့အခါ သူအမြဲတမ်း တစ်ခုခုကို ဖက်ချင်သည်။ အကယ်၍ ဗီလိန်ကြီးကို သူ့ရဲ့ဖက်လုံးအဖြစ် သုံးမိရင်ရော၊သူနိုးလာတဲ့အခါ ဒေါသထွက်ပြီး ညလည်ကြီးမှာ သူ့ကို အသေရိုက်ရင် ဘယ်လိုလုပ်မလဲ။
လီချန်ယွမ်က အရမ်းအအိပ်ဆတ်တာကို သူသိသည်။အခြေအနေတွေ အလေးအနက်ဖြစ်လာခဲ့အခါမှာ သူအိပ်ပျော်ဖို့အတွက် နေ့တိုင်း အိပ်ဆေးတွေကို သုံးခဲ့ရတယ်ဆိုပြီး စာအုပ်ထဲမှာ ပြောထားခဲ့သည်။
သူ သံသယ၀င်ဖို့အတွက် လီချန်ယွမ်က အချိန်မပေးခဲ့ပဲ နောက်ဆုံးဆုံးဖြတ်ချက်ကို တိုက်ရိုက်ချလိုက်သည်။
” မင်းပစ္စည်းတွေကို ဒီညကိုယ့်အခန်းထဲ ရွေ့လိုက်တော့၊မင်း အရင်လာနေလို့ရတယ်”
ရှရှင်းချီ ခေါင်းထဲမှာ မေးခွန်းတွေ ပြည့်နှက်နေပြီး ထိုမေးခွန်းတွေကို ဘယ်လိုမှ ဖြေရှင်းလို့မရဖြစ်နေတုန်း သူ့ရှေ့ကို ရောက်လာတဲ့ မီနူးကို မြင်တော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
တစ်မနက်ခင်းလုံးဟာ သပွတ်အူလို ရှုပ်ထွေးနေခဲ့သည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူ့ကို ဂရုစိုက်ဖို့ အချိန်မရခဲ့ဘူး။ ရှရှင်းချီခဗျာ သိုးကလေး ကျားဂူထဲဝင်ရမယ့် အခြေအနေကို သတိမထားမိဘဲ သဘောတူခဲ့မိရုံသာမက၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ “ကောင်းကင်ဘုံအထိ မြင့်မားတဲ့” ဈေးနှုန်းတွေကြောင့် မျက်စိမှောက်ကုန်ခဲ့ရသည်။
မှာယူဖို့အတွက် လီချန်ယွမ် သူ့ကိုမေးခဲ့စဉ်ကတည်းက သူ ကျည်ဆံကို ကိုက်ပြီး မီးနူးစာအုပ်ကို လှန်နေခဲ့သည်။
သူ့လက်တွေ ပိုပိုပြီး တုန်လာတာကိုသာ သူခံစားလိုက်ရပြီး သာမာန် ထမင်းကြော်ကတောင် ယွမ်သုံးရာထက် ပိုများနေခဲ့သည်။
ရှရှင်းချီ ခဏလောက်တော့ တုံ့ဆိုင်းနေခဲ့သည်။ဒီထမင်းကြော်က တော်တော်ဈေးနည်းပေမဲ့လည်း တစ်ယောက်သောသူရဲ့ နူးညံ့တဲ့အစာအိမ်က အဆီများတဲ့အစားအစာကို လက်ခံနိုင်မည်မဟုတ်။
အစာအိမ်နာနေတုန်းက လီချန်ယွမ်ရဲ့ပုံစံကို တွေးရင်း အသုံးအစွဲချွေတာဖို့အတွက်နဲ့ လက်လွတ်စပယ်မကျွေးနိုင်ခဲ့ဘူး။
ပေါ့ပါးပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပင်လယ်စာဆန်ပြုတ်ပေါ်မှာ သူ့မျက်လုံးတွေ ရပ်တန့်သွားခဲ့သည်။ဒါပေမဲ့ ဘာလို့ ဆန်ပြုတ်လေး တစ်ပန်ကန်ကို ယွမ်ထောင်ချီရောင်းနေတာလဲဆို သူအဖြေရှာမရခဲ့ဘူး။
အတိတ်မှာတုန်းကဆိုရင်၊ ဒီငွေပမာဏက သူ့ရဲ့နှစ်တစ်၀က်စာ စားသောက်စရိတ်ကို ကာနိုင်ခဲ့လောက်သည်။ထိုအကြောင်းကိုတွေးရင်း ငွေခင်လေးရဲ့ သောကတွေ တဖြည်းဖြည်းတိုးလာခဲ့သည်။မီနူးစာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ရင်း ဘာမှာရမလဲဆိုတာ သူတွေဝေနေခဲ့သည်။
ခံစားချက်မဲ့နေတယ်လို့ ထင်ရတဲ့ လီချန်ယွမ်က သူ့ဘေးနားထိုင်နေခဲ့သည်။ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့ မလိုတမာ ရည်ရွယ်ချက်တွေက အပြည့်ပင်။သူ့အပေါ် ငွေသုံးတာကို သူ့ကိုယ်ကအသားလှီးပေးနေရသလို သောကရောက်နေတဲ့
ပိုက်ဆံပဲ မျက်လုံးထဲရှိတဲ့ ခွေးကောင်လေးကို လက်စားချေချင်စိတ်ပြည့်နေခဲ့သည်။
***
ရှရှင်းချီ ခပ်ပြင်းပြင်းအသက်ရှူလိုက်ပြီး စားပွဲထိုးကိုခေါ်ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်လိုက်သည်။
“ဒီဆန်ပြုတ်၊ ပြီးတော့ ဒါ၊ ဒါ…”
သူ့လက်ချောင်းနဲ့ မီနူးကိုထောက်ပြရင်း အခြားဆားနည်း၊ အဆီနည်းတဲ့ဟင်းလျာတွေရယ် စားချင်စဖွယ်ပုစွန်အစာသွပ်မုန့်တစ်ခုရယ် ရွေးလိုက်သည်။
ဒီဆိုင်မှာ “သာမန်ဟင်းလျာ” စားလေဈေးကြီးလေပဲ။
မှာရင်းနဲ့ သူ့ပိုက်ဆံအိတ်လေး ပါးပါးလာသလို ခံစားလိုက်ရတယ်။
ဒါပေမယ့် သူ့ရဲ့ “တန်ဖိုးကြီးလှတဲ့ကြောင်ကြီး” ကို ဆန်ပြုတ်တစ်ခုတည်းပဲ ကျွေးလို့မရဘူး။ မနက်က အဖျားကြီးပြီး ဘာမှမစားခဲ့တာလည်း သတိရလိုက်သည်။
စားပွဲထိုးက တိုးတိုးလေးသတိပေးတယ် – “Sir ကျွန်တော်တို့ဆိုင်က အစားအစာ ပမာဏနည်းတာမို့ နှစ်ယောက်စားလို့မရနိုင်ပါဘူး”
ရှရှင်းချီ မျက်တောင်ခတ်လိုက်ပြီး…
သူစားချင်နေတဲ့ အမဲသားစတိတ်နဲ့ နို့ကိတ်ကို မျက်စိလည်ကြည့်မိတယ်။
လည်ချောင်းထဲကို တံတွေးမြိုချလိုက်ရင်း…နောက်ဆုံးမှာတော့ “ငါမစားတော့ဘူး၊ ဒါတွေပဲမှာမယ်” လို့ လက်ဝှေ့ကာပြောလိုက်တယ်။
ဘေးနားမှာထိုင်နေတဲ့ လီချန်ယွမ်က ဒီစကားကိုကြားတော့ နဖူးကျုံ့သွားသည်။
သူအစက အရွက်သုပ်ပဲ စားဖို့ပြင်ထားပေမယ့်… အကောင်းဆုံးဆိုရင်လည်း အဆီများတဲ့အသားထမင်းကြော်လောက်ပဲ ထင်ထားတာ။
သူ ရှရှင်းချီကို ဆိုးဆိုးရွားရွား ခံစားရအောင် လုပ်ဖို့ရည်ရွယ်ထားပေမယ့်…ဒီလောက် ကပ်စီးနှဲပြီး ငွေမက်တဲ့သူက သူ့အတွက် တကယ်ကြီး ငွေအကုန်ခံပြီး မှာပေးမယ်လို့ မျှော်လင့်မထားပေ။
ပင်လယ်စာ ဆန်ပြုတ်ပန်းကန်လုံး စားပွဲပေါ်ရောက်လာတာနဲ့…လီချန်ယွမ်ရဲ့ ရင်ထဲကို နွေးထွေးမှုတစ်ခု ရုတ်တရက်စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။
သူ့လက်ချောင်းလေးတွေ အနည်းငယ်ကွေးသွားတယ်။ ဒါလား… ဂရုစိုက်ခံရတဲ့ အံ့အားသင့်စရာခံစားမှုဆိုတာ။
“အိုး… အရမ်းကောင်းတာပဲ!”
ရှရှင်းချီက ချီးကျူးရင်းနဲ့…
ဘာလို့ဒီလောက်ဈေးကြီးရတာလဲဆိုတာ ခေါင်းငုံ့ကြည့်လိုက်ပြီး လေယာဉ်နဲ့သယ်လာတဲ့ပင်လယ်စာနဲ့ လမ်းဘေးဆိုင်က ပင်လယ်စာတွေမှာ ဘာကွာလဲ တွေးနေမိသည်။
ဒီအနံ့ကြောင့် သူ့ဗိုက်ထဲက ဆာလောင်မှုမှာ ပိုဆိုးလာတယ်။
တိတ်ဆိတ်နေသောအခန်းထဲမှာ “ဂွီ…ဂွီ…” ဆိုတဲ့အသံက ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
“ဟီး…”
ရှရှင်းချီက ရှက်ရှက်နဲ့ ပြုံးပြလိုက်သည်။
လီချန်ယွမ် မျက်လုံးတွေအောက်စိုက်ကာ တိတ်ဆိတ်နေခဲ့သည်။
ဒီနှစ်တွေအတွင်း သူ ဒီလူလိမ်လေးအပေါ် အမျက်တွေပြည့်နေမိပြီး ပြင်းပြင်းထန်ထန်သင်ခန်းစာပေးဖို့ နည်းမျိုးစုံစဉ်းစားထားတာဖြစ်သည်။
ဒါပေမယ့် ရှရှင်းချီ အခုလောလောဆယ် ဗိုက်ဆာနေရတာကိုမြင်တော့…သူ့ရဲ့နှလုံးသားမှာ နူးညံ့သွားပြီး ဘာမှထပ်လုပ်ဖို့ မတတ်နိုင်တော့ပေ။
“မြန်မြန်စားလေ ဘာတွေစဉ်းစားနေတာလဲ?” ရှရှင်းချီက လက်နဲ့တို့ပြီး မေးလိုက်သည်။
လီချန်ယွမ်က ရုတ်တရက်ထလိုက်ပြီး… “သန့်စင်ခန်းသွားလိုက်အုန်းမယ်” ဆိုကာ မျက်နှာမှိုင်မှိုင်ဖြင့် အခန်းကနေ ထွက်သွားခဲ့သည်။
ဒီတော့ ရှရှင်းချီတစ်ယောက်တည်း ဗိုက်ဆာလျက် မွှေးပျံ့နေတဲ့အနံ့တွေကို ရင်ဆိုင်ရင်း ကျန်ရစ်ခဲ့လေသည်။
သူ့အာရုံပြောင်းဖို့ Weibo ကိုဖွင့်လိုက်ပြီး “လီချန်ယွမ်” ဆိုတဲ့စာလုံးကို ရောက်တတ်ရာရာ ရိုက်ထည့်လိုက်သည်။
အစကတော့ ပျင်းရိပျင်းတွဲဖြင့် ရှာဖွေကြည့်ဖြစ်လိုက်ပေမယ့် ရှာဖွေမှုရလဒ်တွေကိုမြင်တော့ သူအံ့အားသင့်သွားတယ် – ဒီလူ့မှာ ရေပန်းစားနေတဲ့ခေါင်းစဉ်တွေရော ပရိသတ်တွေအများကြီးရော ရှိနေတာလား?!
လီချန်ယွမ်က အရမ်းကိုရိုးရိုးရှင်းရှင်း နေတတ်သူဆိုပေမယ့်…သူ့ရဲ့ထင်ရှားတဲ့ ချောမောမှုကိုတော့ ဘယ်လိုမှမဖုံးနိုင်ပေ။ လီအုပ်စုရဲ့လုပ်ငန်းတွေက လူမှုဘဝအားလုံးနဲ့ ပတ်သက်နေပြီး…ကိုင်းခွဲတွေများစွာနဲ့ အလွန်သန်မာကာ တောင့်တင်းသော ငွေကြေးအခြေအနေရှိတယ်ဆိုတာ လူတိုင်းသိသည်။
“ငယ်ရွယ်ချောမောပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီး” ဆိုတဲ့ အဓိကစကားလုံးဖြင့် လူတိုင်းကိုဆွဲဆောင်ထားပြီး…ပြီးပြည့်စုံတဲ့အမျိုးသားနတ်ဘုရားပုံစံနှင့် လုံးဝကိုက်ညီနေလေသည်။
“ကြမ်းတမ်းတဲ့ စိတ်နေစိတ်ထား”၊ “ရက်စက်တဲ့သဘောသဘာဝ”နဲ့ “ဆိုးရွားတဲ့ကျန်းမာရေး”
ဆိုတဲ့အားနည်းချက်အကြောင်းဆိုတဲ့ ကောလဟာလတွေကတောင်…ပရိသတ်တွေကို ပိုပြီးစွဲလမ်းစေကာ “ပြည့်စုံတဲ့ဇာတ်ဆောင်တစ်ယောက်” လို့ပင် ချီးကျူးကြသည်။
-ဒါပေမယ့် ဒါက သိသိသာသာပင် မကောင်းတဲ့ဗီလိန်တစ်ယောက်ပုံစံ မဟုတ်ဘူးလား!
ရှရှင်းချီက ဆက်လက်ဆွဲကာ ကြည့်ရှုလိုက်တော့ လူတိုင်းဟာ လီချန်ယွမ်ရဲ့အသွင်အပြင်ကို သေချာမသိကြတာကို တွေ့ရသည်။
သူ့ရဲ့မှုန်ဝါးနေတဲ့ဓာတ်ပုံတွေနဲ့ နောက်မှရိုက်ထားတဲ့ပုံတွေ တက်လာပေမယ့်လည်း ခဏပင်ကြာလေတယ်… အကြိမ်တိုင်းလည်း ဒီလိုပါပေ။
ရေပန်းစားနေတဲ့ ရှာဖွေမှုစကားလုံးတွေနှင့် ဓာတ်ပုံတွေက မိနစ်ပိုင်းအတွင်းမှာပင် သူ့ရဲ့ငွေကြေးစွမ်းအားကြောင့် အပြီးပျောက်ကွယ်သွားတတ်သည်။
တကယ်တော့ အင်တာနက်ပေါ်မှာ လီချင်းယွမ်ရဲ့ဓာတ်ပုံတွေရှိပေမယ့်…”ဒွိဟဖြစ်စရာကောင်းတဲ့” လီချန်ယွမ်ဆိုတဲ့ မူကွဲပုံတွေက ဒါဇင်နဲ့ချီရှိနေသည်။
တကယ့်လီချန်ယွမ်ရဲ့ရှင်းလင်းတဲ့မျက်နှာပုံကို ရိုက်ထားတဲ့ဓာတ်ပုံရှိပေမယ့်… အဲ့ဒီပုံက ပထမဆုံးပယ်ထုတ်ခံထားရတယ်။ မှတ်ချက်တွေကြည့်လိုက်တော့ –
[အား… Mr.လီချောတယ်ဆိုပေမယ့် ဒီလောက်တော့အရမ်းကြီး မဟုတ်ဘူးမလားနော်? မျက်နှာလှလှပေါ်မှာ မှီခိုနေရတဲ့သရုပ်ဆောင်တွေထက်တောင် ပိုချောနေတာ ဖြစ်နိုင်ရဲ့လား?]
[ပြီးသွားပြီလေ၊ ဘယ်သူက အွန်လိုင်းမှာ နာမည်ကြီးနေလဲဆိုတာ အလွယ်တကူသိနိုင်တာပဲ [မျက်လုံးဖြူ.jpg]]
[ဒီပုံအရမ်းလှတယ် [စွဲလမ်းသွားပြီ.jpg] ငါယူသွားပြီ၊ ဒီအကိုရဲ့ Weibo လိပ်စာလေး တောင်းရအုံးမယ်]
[ဘယ်သူဖျက်တာလဲ? ဒီပုံအတုတွေနဲ့ Mr.လီရဲ့ Super Talk ကိုမရောနှောနဲ့]
ပရိသတ်တွေက သူတို့နတ်ဘုရားရဲ့တကယ့်မျက်နှာကို သိချင်လွန်းလို့…အနီးစပ်ဆုံးတူတယ်လို့ထင်ရတဲ့ မူကွဲ(၉)မျိုးကိုစုစည်းပြီး… Atelier Group ရဲ့တရားဝင် Weibo အကောင့်မှာ ထိုပုံတွေကိုတင်ကာ “သူလား?” လို့မေးကြတယ်။
ဒါပေမယ့် တကယ်တမ်း ဘယ်သူမှအမှန်ကိုပြောဖို့မရဲကြဘူး။
ရှရှင်းချီက မနေနိုင်တော့ပဲ အားပါးတရ ရယ်မောလိုက်တယ်။တကယ့်အဖြေမှာ အစကတည်းက ပယ်ထုတ်ခံခဲ့ရပြီး… ဒီ(၉)မျိုးလုံးမှာ မှားနေတာကိုး။ လူတွေက ဘယ်ဟာမှန်နိုင်မလဲဆိုပြီး လေးလေးနက်နက်မဲပေးနေကြတာလား?
သူ ရယ်ရင်းနဲ့ နည်းနည်းစိတ်မကောင်းဖြစ်လာတယ်…
သိပ်မကြာခင်မှာပဲ သူတို့နတ်ဘုရား သေဆုံးသွားတဲ့သတင်းကို ဖန်တွေကြားရတော့မှာဖြစ်ပြီး သူတို့အမှန်တကယ် ဝမ်းနည်းကြရတော့မှာဖြစ်သည်။
လီချန်ယွမ် မသေဘဲ ရှင်သန်နိုင်ရင် အကောင်းဆုံးဖြစ်မှာ…သူ့ကို လူတိုင်းမြင်ခွင့်ရပြီး ဘယ်လောက်ချောတယ်ဆိုတာ ခန့်မှန်းစရာမလိုတော့ဘဲ မျက်နှာတစ်ခုလုံးမှာ အရမ်းကြည့်ကောင်းတယ်ဆိုတာ အမှန်ဖြစ်ကြောင်းသိစေချင်သည်။
လီချန်ယွမ်က တံခါးဖွင့်ကာ ဝင်လာတာနဲ့…ပထမဆုံးအကြိမ် ရှရှင်းချီရဲ့မျက်နှာမှ ဝမ်းနည်းနေတဲ့အမူအရာကိုမြင်လိုက်ရသည်။
သူခဏတာ တွေဝေသွားခဲ့ပြီး…
ဒီလူလိမ်လေး မစားရလို့စိတ်ဆင်းရဲနေတာလားဟု တွေးမိသွားသည်။
နှလုံးသားအောက်ခြေမှာ နည်းနည်းအောင့်သက်သက်ဖြစ်ကာ ဝမ်းနည်းမှုနဲ့ မိမိကိုယ်ကိုအပြစ်တင်စိတ်တွေ ပြန့်နှံ့လာသည်။
ဒါပေမယ့် ဘာမှမပြောဘဲ… ထိုင်ပြီး ဆန်ပြုတ်ကိုသောက်ကာ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
နာကျင်နေတဲ့အစာအိမ်မှာ တဖြည်းဖြည်း နွေးထွေးတဲ့အရာကြောင့် သက်သာလာသည်။ အရင်က ပင်လယ်စာဆန်ပြုတ်ရဲ့အရသာဟာ သူ့အတွက်ပုံမှန်ပဲ ဖြစ်ခဲ့ပေမယ့်… ဒီတစ်ခါတော့ အထူးအဓိပ္ပါယ်ရှိကာ အရင်ကထက်ပိုကောင်းတယ်လို့ ခံစားမိသည်။
“အရသာရှိလား!”
ရှရှင်းချီက အမြဲတမ်းအကောင်းမြင်တတ်တဲ့သူပေ။ ဒါကြောင့် သူ့ဝမ်းနည်းမှုမှာ ခဏတာပဲဖြစ်ပြီး ပြန်ပျော်သွားလေသည်။
စကားပြောပြီးတာနဲ့ တံခါးခေါက်သံကြားလိုက်ရပြီး…စားပွဲထိုးတစ်ယောက် ဗန်းတစ်ခုနဲ့ဝင်လာလေသည်။
Chapter 27 end