[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Chapter ( 1 )
” ငါက ၀တ္ထုထဲက အမြှောက်စာဇာတ်ကောင်လေး တစ်ယောက်ပဲလို့ မင်းက ငါ့ကို ပြောချင်တာလား? ”
ထန်ထန်သည် systemတစ်ခု ဖြစ်နိုင်လောက်သော ပြောင်ပြောင်လက်လက် စက်လုံးလေးအား ပျင်းရိစွာ ကြည့်လိုက်သည်။
System အရှေ့ရှိ လူငယ်လေးတွင် အနည်းငယ်မျှ ရှည်လျားနေသော အနက်ရောင် ဆံနွယ်တို့နှင့် နူးညံ့ဥဖက်သော အသားအရည်တို့ ရှိသည့်အပြင် မျက်၀န်းအိမ်တို့မှာလည်း ရေကဲ့သို့ ကြည်လင်ကာ တောက်ပနေလျက်ရှိ၏။
လူငယ်လေး၏ မျက်နှာသွင်ပြင်၊ အမူအရာတို့မှာလည်း လွန်စွာ လှပကာ လက်ရာမြောက်လို့နေသည်။ အခန်းဗလာထဲ၌ ထိုင်နေရသည့်တိုင် တည်ငြိမ်နေသဖြင့် စိုးရိမ်တကြီး ရှက်ရွံ့မှုများကို ရှာဖွေဖမ်းဆုပ်၍ မရနိုင်ပေ။
ထို့ကြောင့် systemသည် ထိုသူလေး ဘေးနားတစ်ဝိုက်၌ ကျေနပ်စွာ လှည့်ပတ် ရွေ့လျားလို့နေ၏။
” မှန်တယ်။ ဒီဝတ္ထုက အနုပညာလောကထဲမှာ ကျောထောက်နောက်ခံ မရှိပေမယ့် အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တဲ့ ယုယန်ရဲ့ အကြောင်းကို ပြထားတာလေ။ ဒါပေမယ့် တစ်ခုခုကြောင့် အလွဲတွေ ဖြစ်သွားခဲ့တယ်။ ၀တ္ထုထဲမှာ ဆေးခပ်ထားတဲ့ ဝိုင်ကို ထန်ထန်၊ မင်းက မှားပြီး သောက်မိလိုက်ရမှာ။ လက်တွေ့မှာကျတော့ မင်းက မသောက်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် အဓိကဇာတ်ကောင်က ဆေးခတ်ခံလိုက်ရတဲ့အပြင် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ရတာကို သဘောတွေ့တဲ့ ဒါရိုက်တာ တစ်ယောက်ကပါ စော်ကားလိုက်သေးတယ်။ အဲ့ဒီကစပြီး သူ့အလုပ်က စပြီး ပျက်စီးတော့တာပဲ ”
ထန်ထန် ပြန်စဉ်းစားလိုက်သည့်အခါ ထိုနေ့ညက ညစာစားပွဲတွင် မျက်နှာသစ် ကောင်လေးက သူ့ခွက်အား တကယ့်ကို လာလဲသွားခဲ့သည်ပင်။ ထိုသည်ကို သတိထားမိသွားသည့် ထန်ထန်က ချက်ချင်း ခွက်ကို ပြန်လဲခဲ့သည်။ အခုတွေးကြည့်ရင်……ထိုကောင်လေးမှာ အဓိကဇာတ်လိုက်shouပဲ ဖြစ်ပေလိမ့်မည်။
System၏ စက်ရုံသံက ထပ်ပြီး ထွက်လာခဲ့သည်။
” ယုယန် အဓိကဇာတ်လိုက်ဖြစ်နေတဲ့ ၀တ္ထုထဲမှာ ဒါရိုက်တာက မင်းကို အရမ်းစိတ်၀င်စား တပ်မက်နေတယ်လို့ မဖော်ပြထားဘူး။ ဇာတ်လိုက်shouကို ကျော်ကြားသွားစေတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ခွင့် ပေးခဲ့တဲ့ အဖိုးအခအနေနဲ့ ဒါရိုက်တာက ယုယန်ကို မင်းရဲ့ ခွက်ကို လဲခိုင်းလိုက်တာ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မင်းက ဇာတ်ကြောင်းကနေ သွေဖယ်သွားလို့ ယုယန်ကို သူ့စိုက်တဲ့အသီး သူပြန်စားရအောင် လုပ်နိုင်သွားတယ်လေ။ ဒါတွေကြောင့်ပဲ ယုယန်က သူ့ရဲ့ အနုပညာလမ်းကြောင်း ပျက်စီးသွားပြီးနောက်မှာ သူနဲ့အတူတူ မင်းကိုပါ ဆွဲချဖို့ လုပ်တော့တာပဲ ”
ထန်ထန်က မျက်၀န်းတို့ကို ပိတ်လိုက်ရင်း ရွှင်မြူးစွာ ရယ်မောတော့သည်။ ထိုရယ်မောသံမှာ သာယာလွန်းလှသဖြင့် လူတစ်ယောက်၏ နားကိုပင် ယားယံသွားစေနိုင်သည်။
သူသည် လက်ချောင်းထိပ်လေးများဖြင့် ဒူးခေါင်းအား ပျင်းရိစွာ ပုတ်လိုက်ရင်း
” မင်း စောနက ဇာတ်လိုက်ရဲ့ အချစ်ရေးတွေကို နှောင့်ယှက်ပြီး ခိုးယူဖို့ ငါ့ကို ပြောခဲ့တာမလား? ”
ထန်ထန်သည် ပြောနေရင်း ခဏတန့်သွားပြီးမှ မေးကို ကိုင်လိုက်ရင်း ပြောလိုက်ပြန်၏။
” ငါ အဲ့လိုဖြစ်အောင် လုပ်နိုင်တယ် ”
…………………
ပထမဆုံးအကြိမ် ကူးပြောင်းခြင်းက အဆင်ပြေနေခဲ့သည်။ ထန်ထန်သည် မူလပိုင်ရှင်၏ ကြီးမားကာ ချစ်ဖွယ်ကောင်းလှသော အိပ်ယာပေါ်တွင် နိုးထလာခဲ့ပြီး နားထင်မှ နာကျင်မှုအချို့သာ ခံစားလိုက်ရသည်။ မျက်မှောင်ကြုတ်ကာ မျက်လုံးပြန်မဖွင့်လိုက်ခင် မူလင်ပိုင်ရှင်၏ မှတ်ဉာဏ်တို့အား မျက်စိမှိတ်ကာ လက်ခံလိုက်သည်။
( အမြှောက်စာ ဇာတ်ကောင်နေရာတွင် အစားထိုး ၀င်ရောက်သူ : ထန်ထန် )
( ထန်ထန်၏ မိသားစုသည် အလှကုန် ကုမ္ပဏီလေးတစ်ခုအား ပိုင်ဆိုင်လေပြီး ဈေးကွက် ချဲ့ထွင်ရန်အတွက် လွန်ခဲ့သော တစ်လခန့်ကမှ Jမြို့သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ )
( ထန်ထန်၏ အဖေသည် ထန်ထန်လေးအား အသက်ကြီးမှ ရခဲ့ခြင်းဖြစ်သည်။ လမစေ့ဘဲ မွေးဖွားခဲ့သဖြင့် ငယ်စဉ်တည်းက ကျောင်းမတက်ခဲ့ရပေ။ ထန်မိသားစုသည် ကြီးကျယ်ခမ်းနားမှုများကို အာရုံမစိုက်သော်ငြား ထန်ထန်ကိုမူ အဖိုးတန်ပုလဲလေး တစ်ခုသဖွယ် မြတ်နိုးကာ ယုယုယယဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့ကြသည်။ ထိုသည်မှာ ထန်ထန်၏ အဖေ နေမကောင်း မဖြစ်ခင် အထိပင်၊ ထိုအချိန်မှသာ သူ့ထံ၌ သားလေးအား စောင့်ရှောက်ရန် အချိန်များစွာ မကျန်ရှိတော့ကြောင်း သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် ထန်ထန်အား အမှီအခို ကင်းကင်းဖြင့် ကြီးပြင်းနိုင်လာရန် အလို့ငှာ Jမြို့၏ ကျော်ကြားလှသော ပုဂ္ဂလိက အထက်တန်းကျောင်းသို့ ပို့ရန် ခက်ခဲစွာဖြင့် ဆုံးဖြတ်လိုက်ရပေသည်။ )
( ဒီနေ့က မင်းရဲ့ ပထမဆုံး ကျောင်းတက်ရမယ့် နေ့ပဲ )
ထန်ထန်သည် ထိုမှတ်ဉာဏ်တို့အား နားလည်ပြီးမှသာ ထကာ ရေချိုးခန်းသို့ သွားလိုက်သည်။ ရေချိုးစင်ပေါ်၌ အနက်ရောင်ဖြင့် ဘောင်ကွတ်ထားကာ ပါဝါမပါသော မျက်မှန်တစ်လက် ရှိနေခဲ့ပါ၏။ မနေ့ညက သူ့အဖေသည် ထိုမျက်မှန်အား ယူလာပါရန် အကြိမ်တစ်ထောင်လောက်ကို သတိပေးနေခဲ့သည်။
ထန်ထန်သည် မျက်မှန်ထံမှ အကြည့်ရွေ့ကာ မှန်အား ကြည့်လိုက်သည်။ မှန်ထဲတွင် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနှစ်အရွယ် ဆံပင်အနက်ရောင်နှင့် လူငယ်လေးသည် သူ့အား ပြန်ကြည့်နေခဲ့သည်။ လူငယ်လေး၏ မျက်နှာတွင် ငယ်ရွယ်မှုများ ထင်ဟပ်လျက် ရှိနေသေးသည့်အပြင် ဒရယ်လေးသဖွယ် မျက်၀န်းလေးများကလည်း အရည်လဲ့ကာ ကြည်လင်နေသဖြင့် သူ့အား ပိုမိုကာ
အပြစ်ကင်းစင်သည့်ဟန်ပေါက်နေစေသည်။ သူ့အား ကြည့်ရသည်မှာ အပြုအမူကောင်းများ ရှိသော လူ့ချမ်းသာ ဆယ်ကျော်သက် သဖွယ်ပင်။
ထန်ထန်သည် မှန်ကြည့်နေရင်းဖြင့် သူ့ကိုယ်ပိုင် မျက်နှာလေးအား မနာလိုစွာ ဆွဲဆိတ်မိလိုက်၏။
အဘယ့်ကြောင့်ဆိုသော် မူလကိုယ်သည် မိဘများထံမှ ပိုးမွေးသလို မွေးမြူခံခဲ့ရသောကြောင့်ပင်။
ထို့နောက် systemသည် သူ့၏ လော့ဂျစ်အတိုင်း ဆက်ပြောလိုက်သည်။
” ငါတို့က ဇာတ်လိုက်shouရဲ့ အချစ်ရေးကို နှောင့်ယှက်မယ် ဆိုမှတော့ ရုပ်ရည်ပိုင်းမှာ ရှုံးနေလို့ မရဘူးလေ ”
ထန်ထန်၏ ခန္ဓာကိုယ်မှာ ညှစ်လိုက်လျှင် ရေများ ထွက်လာနိုင်သကဲ့သို့ နူးညံ့နေ၏။
မျက်နှာပေါ်တွင်လည်း အပြစ်ဆိုစရာ တစ်ကွက်မှ ရှိနေခဲ့ပေ။ ချွေးပေါက်လေး တစ်ခုကိုပင် တွေ့နိုင်မည် မဟုတ်ချေ။
မနာလိုဖြစ်လိုက်တာ။ ထန်ထန်သည် သူ့မျက်နှာအား ခဏလောက် ကိုင်ကြည့်နေပြီးမှ ရေပိုက်ခေါင်းအား လှည့်ဖွင့်ကာ မျက်နှာသစ်ရန် လုပ်လိုက်သည်။
Jပုဂ္ဂလိက အထက်တန်းကျောင်းသည် Jမြို့တွင် အလွန်ကျော်ကြားသော အထက်တန်းစား ကျောင်းတစ်ခုဖြစ်၏။ အသင်ပြ ကောင်းလှသော ဆရာမများ၊ အဆင့်မြင့် သင်ကြားနည်းစနစ်များ၊ ကျောင်းပတ်၀န်းကျင်တို့ကြောင့် နိုင်ငံတစ်၀န်းရှိ လူချမ်းသာ သားသမီးများ စုဝေးရာ ကျောင်းတစ်ခု ဖြစ်သည်။
အထက်တန်းနောက်ဆုံးနှစ်၊ အတန်း ( ၁ )
သခင်လေး၊ သခင်မလေးများ စကားတွတ်ထိုးနေကြချိန်တွင် ဒေါက်မြင့်ဖိနပ်နှင့် ဆရာမသည် အတန်းထဲသို့ လျှောက်၀င်လာကာ သင်ကြားရန်စာဖိုင်တို့အား စားပွဲပေါ်၌ ချလိုက်ရင်း ကျောင်းသားများအား ငြိမ်သက်ရန် အချက်ပြလိုက်သည်။
” ကလေးတို့ရေ၊ ဒီနေ့ ဆရာမတို့မှာ ကျောင်းသားသစ် နှစ်ယောက်ရှိတယ်။ ရှေ့လျှောက် အချင်းချင်း အဆင်ပြေပြေ နေသွားတာကိုပဲ ဆရာမက မြင်ချင်တယ်နော် ”
ဆရာမသည် ငြင်သာစွာ စကားပြောရင်း လက်အားဝှေ့ယမ်းကာ ကျောင်းသားနှစ်ယောက်အား အထဲသို့ ၀င်လာခိုင်းလိုက်သည်။
အခန်းထဲရှိ တီးတိုးရေရွတ်သံများလည်း ရပ်တန့်သွားခဲ့သည်။ လူတိုင်းသည် စပ်စုစွာဖြင့် ပြတင်းပေါက်အား လှမ်းကြည့်နေကြ၏။
ပထမဆုံး ၀င်လာသည်မှာ အလွန် လှပသော လူငယ်လေးဖြစ်သည်။ ထိုလူငယ်သည် သွယ်လျသော ခါး၊ ခြေတံရှည်များအပြင် ဒေါင်းလေးတစ်ကောင်ကဲ့သို့ ပင်မထားသည့် မေးလေးတို့ဖြင့် မိန်းမဆန်စွာ လှပနေခဲ့သည်။
နောက်မှ လိုက်၀င်လာသူမှာလည်း ကောင်လေးတစ်ယောက်ပင် ဖြစ်၏။ ထိုကောက်လေးမှာမူ အနက်ရောင် မျက်မှန်ကြီးကို တပ်ဆင်ထားပြီး ကျောင်းလွယ်အိတ်ကိုကိုင်ကာ နေရာ၌ပင် နာခံစွာ ရပ်နေခဲ့သည်။
” ဟေ့၊ နင်က ဘာလို့ ချူလဲ့အန်က သွေးနားထင် ရောက်နေတယ်လို့ ထင်ရတာလဲ? သူက ဟိုတလောကမှ မိသားစု သေးသေးလေးကနေ အသိအမှတ်ပြုခံလိုက်ရတာပဲ မလား? သွေးနားထင် ရောက်စရာ လိုလို့လား? ”
အနောက်တွင် ထိုင်နေသည့် လုကျစ်ရွှမ်သည် မျက်ခွံတို့ကို ပင့်မလိုက်ရင်း အတန်းရှေ့ရှိ ဒေါင်းလေးအား ကြည့်လိုက်မိသည်။
” ကျွတ်၊ ချူမိသားစုရဲ့ တရား၀င်သားကြီးက တစ်လျှောက်လုံး ပလေးဘွိုင်းဖြစ်ခဲ့တာလေ။ ချူလဲ့အန်မှာက အဆင့်ကောင်းတွေ ရှိလို့သာ ချူမိသားစုက ပြန်ခေါ်ပြီး ငါတို့အတန်းကို တက်နိုင်အောင် လုပ်ပေးလိုက်တာလေ။ ငါတို့က ချူမိသားစုအကြောင်း သိပ်မတွေးပေမယ့် အခြားသူတွေကတော့ ငါတို့နဲ့ မတူလောက်ဘူး ”
သူမဘေးမှ ကောင်မလေးသည် သူမ၏ အသစ်စက်စက် ပုံဖော်ထားသော လက်ချောင်းလေးများအား ကြည့်လိုက်သည်။
နားထောင်နေရင်းနှင့် စိတ်၀င်စားလာသော လုကျစ်ရွှမ်က ဘေးရှိ သီချင်းနားထောင်နေသော ကောင်လေးအား တံတောင်ဖြင့် တွတ်လိုက်ရင်း
” အာ့ချဲ့၊ ချူမိသားစုက မင်းအမေရဲ့ ဆွေမျိုးတွေ မလား? ”
တံတောင်ဖြင့် တွတ်ခံလိုက်ရသော ကောင်လေးသည် အေးစက်စွာဖြင့် မျက်လုံးဖွင့် ကြည့်လိုက်သည်။ သူသည် နားကြပ်အား ဖယ်လိုက်ရင်း စိတ်မရှည်စွာ ပြောလိုက်သည်။
” ဘယ်လို ဆွေမျိုးဆွေလဲ? ငါတို့က တိုက်ရိုက် တော်စပ်တာတောင် မဟုတ်ဘူး။ သူတို့က ငါတို့ကို ဂုတ်သွေးစုပ်ချင်နေကြရုံပဲ ”
လုကျစ်ရွှမ်သည် ကစားလိုဟန် ပြုံးလိုက်ပြီး
” ဘယ်သူက ဆွေမျိုးတွေ အကြောင်း ဂရုစိုက်လို့လဲ? ဒါနဲ့ ကြည့်လိုက်ဦး……”
” ဒီကျောင်းပြောင်းလာတဲ့ နှစ်ယောက်စလုံးက အချောလေးတွေချည်းပဲ။ မျက်မှန်နဲ့ တစ်ယောက်က သိပ်ပြီး မထင်ရှားပေမယ့်လို့၊ ငါရဲ့ အတွေ့အကြုံအရဆို သူက ရှားမှရှားတဲ့ အချောလေးပဲ ဖြစ်လိမ့်မယ် ”
သူ့အကြည့်အား ထန်ထန်၏ ပြောင်ရှင်းနေသော အသားရည်လေးပေါ်သို့ ရွေ့လိုက်ရင်း ပြောလိုက်သည်။ သူ့အကြည့်များသည် ထိုသူလေး၏ ဖြူဖွေးသော လည်တိုင်သွယ်သွယ်လေးမှသည် ရှည်လျားသော ခြေတံလေးများအထိ ကူးလူးလို့သွားကာ….မထိန်းနိုင်ဘဲ စိတ်ထဲ၌ မြည်တမ်းလိုက်မိသည်။
ကျောင်း၀တ်စုံမှာ သုံးထပ်၀တ် မီးခိုးရောင် ၀တ်စုံဖြစ်သည်။ ခါးရှိ ဒီဇိုင်းလေးက ထန်ထန်၏ ကျိုးကြေလွယ်သော ခါးလေးအား ထင်ရှားစေသည်။ ထန်ထန်သည် ချန်အန်းလုထက်လည်း အရပ်ပိုရှည်သဖြင့် ကျောင်းဘောင်းဘီမှာ တိုနေရာ ကျောက်သားလို ဖြူဖွေးနေသည့် ခြေမျက်စီလေးအား မြင်နိုင်ပေသည်။
လုကျစ်ရွှမ်သည် နောက်သို့မှီကာ မျက်၀န်းတို့အား မှေးကျဉ်းလိုက်ရင်း
” ဘယ်လိုတောင် အံ့ဩဖို့ကောင်းတဲ့ ကိုယ်လုံးလေးလဲ? ငါကတော့ သူမျပ်နှာကို ပိုပြီးတောင် အသေးစိတ် မြင်ချင်နေမိပြီ ”
ထန်ထန်အား အပေါ်အောက် အကြိမ်ကြိမ်ကြည့်နေချိန်တွင် ထန်ထန်ကလည်း သူတို့အား ဆန်းစစ်လေ့လာနေခဲ့သည်ပင်။
( လု၊ ကျန်းနဲ့ နီ မိသားစုတွေက Jမြို့မှာ အင်အားအကြီးဆုံးပဲ။ သူတို့သုံးယောက်က တူတူကြီးပြင်း လာတဲ့အပြင် စိတ်၀င်စားတာချင်းလည်း တူကြတယ်။ ကျောင်းမှာ ဘယ်သူကမှ ပြန်မလှန်ရဲတဲ့ ကျောင်းတွင်း အာဏာရှင်လေးတွေဆိုလည်း ဟုတ်တယ်လေ )
ထန်ထန်သည် အတန်းအနောက်အား တစ်ချက်ကြည့်လိုက်ရာ အတူတူထိုင်နေသော လုကျစ်ရွှမ်နှင့် ကျန်းချဲ့တို့အား မြင်လိုက်ရ၏။
ကျန်းချဲ့၏ စိတ်နေစိတ်ထားမှာ အေးစက်လွန်းရာ ပတ်၀န်းကျင်ရှိ ဆူညံသံများနှင့် မသက်ဆိုင်သော လူတစ်ယောက်လိုပင်။ သီချင်းကိုသာ တစ်ယောက်တည်း နားထောင်တတ်၏။ ကျောင်းကပေးသော ဂျက်ကတ်ကိုလည်း မ၀တ်ဆင်တာကြောင့် အဖြူရောင် ရှပ်အင်္ကျီမှာ သူ့၏ လက်မောင်းကြွက်သားများအား ဖွင့်လှစ်ပြလျက်ရှိတာမို့ အန္တရာယ်များဟန်ရ၏။
သူ့ဘေးတွင် ထိုင်နေသော လုကျစ်ရွှစ်မှာမူ သူနှင့် လုံး၀ကိုကွဲပြားသော စိတ်နေစိတ်ထားမျိုး ရှိနေခဲ့ပါ၏။ အပြာရောင် စိန်နားကပ်လေးကို ဘယ်ဘက်နားတွင် ၀တ်ဆင်ထားသည့်အပြင် နက်ကတိုင်မှာလည်း လျော့ရဲနေခဲ့သည်။ သူ့၏ ရွှတ်နောက်နောက် မက်မွန်မျက်၀န်းများက သူ့အား နှစ်လိုဖွယ်ကောင်းစေခဲ့သည်။
ထန်ထန်သည် မျက်ခွံများအား နှိမ့်ချလိုက်သည်။ နီရှန်းယန်မှာ ကျောင်းမလာသည့်အတွက် ထိုသူတွင် မည်သို့သော စိတ်နေစိတ်ထားမျိုး ရှိပါသလဲကိုမူ သူမသိနိုင်သေးပေ။ ထို့ကြောင့်အားတင်း၍သာ ဆရာမမှ သူ့အား ထိုင်ခုံစီစဉ်ပေးလာမည်ကိုလွယ်အိတ်ကိုင်ရင်း စောင့်နေလိုက်သည်။
” ကောင်းပြီ၊ ဒါဆို မင်းတို့ နှစ်ယောက် ထိုင်ဖို့က…..”
ဆရာမသည် တစ်ခန်းလုံးအား ခြုံငုံကြည့်လိူက်သော်ငြား ထိုင်ခုံလွတ်များမှာ နောက်ဆုံးတန်းတွင်သာ ကျန်ရှိတော့သည်။ သူမက ခေတ္တခဏလောက် ရပ်သွားပြီးမှ ပြန်ပြောလာခဲ့သည်။
” အခုတော့ အနောက်က လွတ်တဲ့ နေရာတွေမှာပဲ အရင်ထိုင်လိုက်ဦး။ နောက်ကျမှ ဆရာမ ထိုင်ခုံတွေ ပြန်စီပေးတော့မယ် ”
ထန်ထန်သည် ခေါင်းငြိမ့်ကာ သူ့ခုံဆီသို့လျှောက်သွားခဲ့ချိန် ချူလဲ့အန်ကလည်း အနောက်မှ လိုက်ပါလာခဲ့၏။
လုကျစ်ရွှမ်သည် သူရှိရာသို့ လျှောက်လှမ်းလို့လာသည့် ကောင်ငယ်လေးအား မြင်သော် စာအုပ်ကို ဖွင့်လိုက်ပြီးနောက် ခြေတံရှည်များကိုလည်း ဆန့်ထုတ်လိုက်လေသည်။
ထန်ထန်သည် သိပ်ပြီး ဂရုမစိုက်မိရာ ထိုခြေထောက်များအား ခလုတ်တိုက်မိပြီး ကြောက်လန့်တကြား အော်လိုက်မိရင်း လဲကျသွားတော့သည်။
” အာ့! ”
သူ့၏ အနက်ရောင်ဘောင်ခတ် မျက်မှန်သည်လည်း ကျွတ်ကျသွားခဲ့သည်။
” ဟေး၊ မင်း ဘာလို့ သူ့ကို ခြေထိုးခံရတာလဲ? ”
ချူလဲ့အန်သည် မျက်မှောင်ကြုတ်လျက် လုကျစ်ရွှမ်အား စိုက်ကြည့်လိုက်သည်။
ဒေါင်းပေါက်လေး၏ မျက်၀န်းများက ဒေါသဖြင့် ပြည့်နေသော်ငြား စွဲမက်စရာလည်း ကောင်းနေခဲ့သည်။
ထိုသို့ ရုတ်ရုတ်သဲသဲဖြစ်သွားခြင်းက ဘေးတွင် ထိုင်ကာ အိပ်ငိုက်နေသည့် ကျန်းချဲ့အား နိုးသွားစေခဲ့သည်။ လုကျစ်ရွှမ်မှာလည်း သူ့အား ထိုသို့ ပြန်ပြောရဲသည့် ချူလဲ့အန်ကြောင့် အံ့ဩနေခဲ့၏။
သခင်ငယ်လေး လုကျစ်ရွှမ်သည် လူများစွာအား ကြာရှည်စွာ နိုင်ထက်စီးနင်း ပြုလာခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်မှာ တစ်စုံတစ်ယောက်က သူ့၏ လုပ်နိုင်စွမ်းတို့အား မကြောက်မရွံ့နှင့် သတ္တိရှိရှိ ပြန်ခံပြောသည့် ပထမဆုံးအကြိမ်ပါပင်။
သူ့ခြေထောက်ထံမှ ထိတွေ့မှုတစ်ခုအား ခံစားရချိန်တွင် စကားပြောဖို့ လုပ်နေခြင်းဖြစ်သည်။ သူခြေထိုးခံလိုက်သည့် ကောင်လေးမှာ သူ့ခြေထောက်အား ဆွဲထားရင်း မတ်တပ်ရပ်ရန် ခက်ခဲနေခဲ့၏။ ကောက်လေး၏ မျက်နှာအား ဖုံးကွယ်ထားသည် မျက်မှန်ကြီး ကျွတ်သွားသည့်အတွက် ထန်ထန်၏ နဂိုလှပသော မျက်နှာလေးမှာ ဖွင့်ဟပေါ်ပေါက်လာခဲ့သည်။
သူတို့ မျက်လုံးချင်းဆုံသွားချိန်တွင် ထန်ထန်မှာ ကြောက်လန့်သွားတော့သည်။ ထန်ထန်၏ မျက်တောင်များက ထူထဲလို့နေပြီး လက်ချောင်းသွယ်သွယ်လေးများက လုကျစ်ရွှမ်၏ ဘောင်းဘီစအား လွှတ်ပေးလိုက်သည်။ ထို့နောက် နောက်သို့ ဆုတ်လိုက်ရင်း
” ကျွန်…ကျွန်တော်…တောင်းပန်ပါတယ် ”
လုကျစ်ရွှမ်သည် မူလက ချူလဲ့အန်အား တစ်ခုခုပြောရန် လုပ်နေခြင်းဖြစ်ပေမယ့်လည်း သူ့စကားလုံးများသည် ထန်ထန်၏ အသွင်အပြင်ကြောင့် တစ်ဆို့သွားတော့သည်။ ထန်ထန်အား ကြည့်နေမိသည်မှာ သူ့နားရွက်များ တဖြည်းဖြည်း နီရဲလာပြီး ရှက်ရွံ့လာမိသည်အထိပင်။ ထို့နောက် ရှက်ရှက်ဖြင့် မျက်နှာလွှဲလိုက်ရင်း ကိစ္စမရှိပါဟု ပြောလိုက်သည်။
ထန်ထန်သည် ပြိုင်စံရှား အလှလေးပင်ဖြစ်သည်။ ထို့ကြောင့်သာ သူ့အဖေက ထန်ထန်အား မျက်မှန် အတင်း၀တ်ခိုင်းခဲ့တာပင်။
လုကျစ်ရွှမ်နှင့် ကျန်းချဲ့တို့သည် အကြည့်ဖလှယ်လိုက်မိသည်။ သူသည် သူ့သူငယ်ချင်း၏ မျက်လုံးထဲမှ စိတ်၀င်စားမှု တစ်စွန်းတစ်စအား မြင်နိုင်ခဲ့ပါ၏။
” မင်းက ဘာလို့ တောင်းပန်နေရတာလဲ? သူကသာ မင်းကို လဲကျအောင် လုပ်ခဲ့တာလေ ”
ထန်ထန်၏ အသွင်အပြင်ကြောင့် ချူလဲ့အန်၏ မျက်၀န်းထဲ၌ မနာလိုခြင်းများ ထက်ဟပ်လာသည်။ ထန်ထန် မျက်မှန်အား ပြန်တပ်ပြီးမှသာလျှင် ထန်ထန်အား ထရန် ကူညီပေးလိုက်သည်။
မရင်းနှိးသော သူထံမှ တွဲကူခံထားရခြင်းက ထန်ထန်အား စိတ်မသက်မသာ ဖြစ်စေသောကြောင့် ကျေးဇူးတင်စကား မြန်မြန်ဆိုလိုက်ကာ ထိုင်ခုံဆီ အမြန်သွားလိုက်တော့သည်။
သူ၏ အစီအစဉ်က နှောင့်ယှက်ခံလိုက်ရသဖြင့် ချူလဲ့အန်က သွားကြိတ်ကာ လုကျစ်ရွှမ်အား စိုက်ကြည့်လိုက်သော်ငြား အလှလေးအား စိတ်ထဲရှိနေသေးသူ လုကျစ်ရွှမ်မှာမူ သူ့အား လျစ်လျူရှုထားလျက်ပင်။
ချူလဲ့အန်သည် လက်မလျှော့ချင်သေးသော်ငြား ထိုင်ခုံသို့သာ လျှောက်သွားခဲ့ရသည်။ သူက ထန်ထန်၏နံဘေးတွင် မထိုင်ဘဲ သခင်လေးသုံးယောက်နှင့် နီးကပ်ရာ ထိုင်ခုံကိုသာ ရွေးချယ်ခဲ့သည်။
ထန်ထန်သည် ဒေါသထွက်နေသော ချူလဲ့အန်အား မြင်သွားခဲ့ပြီး စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိ၏။
မူလ ဇာတ်ကြောင်းတွင် ကောင်ငယ်လေးသည် လဲကျချိန်တွင် မျက်မှန်မကျွတ်သွားအောက် ထိန်းနိုင်ခဲ့သည်။ သို့သော်ငြား ချူလဲ့အန်မှာမူ သူ့၏ ပြန်ပြောရဲသော သတ္တိကြောက့် သခင်လေးသုံးယောက်အပြင် ထန်ထန်အပေါ်မှာပါ ထင်မြင်ချက်တစ်ခု ချန်ထားနိုင်ခဲ့သည်။
ထို့ကြောက့် ချူလဲ့အန်သည် ထန်ထန် ဘယ်လောက်လှကြောင်း ရှာတွေ့သွားချိန်မှာ မဖော်ပြနိုင်လောက်အောင် မနာလိုဖြစ်မိတော့၏။ ပထမဦးစွာ သူသည် ထန်ထန်အား ခန္ဓာကိုယ် အချိုးအစား မညီမျှဟု ခြောက်လှန့်ခဲ့ပြီး အရည်အသွေးနိမ့် အလှပြင်ပစ္စည်းများအား ပေးကာ ထန်ထန်အား ဓာတ်မတည့်စေလျက် မျက်နှာအား အဖုအပိန့်များ ထစေခဲ့သည်။
နောက်ပိုင်းတွင် ထန်ထန်သည် ချူလဲ့အန်၏ သူငယ်ချင်းဖြစ်နေသောကြောင့် သခင်လေးသုံးယောက်အား ကြိတ်ခရက်ရှ်နေသော ကျောင်းသူ၊ ကျောင်းသားများထံတွင် အနိုင်ကျင့်ခံခဲ့ရသည်။ သူတို့တွင် သခင်လေးများ၏ အကာကွယ်အောက်ရှိ ချူလဲ့အန်ကိုမူ အနိုင်မကျင့်ရဲ ကြသဖြင့် သူ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သူ ထန်ထန်ကိုသာ ဝိုင်းပုံချ တိုက်ခိုက်တော့သည်။
သို့သော်ငြား အခုတစ်ခေါက်တွင်တော့ ထိုသို့ဖြစ်လာမှာ မဟုတ်တော့ချေ။ ထန်ထန်သည် လက်တွေ့သို့ ပြန်ရောက်လာပြီး စာအုပ်အား ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ အတန်းအား ဂရုတစိုက်လိုက် နားထောင်လိုက်သည်။
ထိုအချိန်တွင် ကျန်းချဲ့သည် မျက်လုံးပိတ်ထားသော်ငြား အနောက်မှနေ၍ ကျွတ်ကျွတ်ကျွတ်အသံလေးအား ကြားလိုက်ရသဖြင့် ဖုန်းစခွင်အား အနောက်သို့ ချိန်ကာ ကြည့်လိုက်မိသည်။
သူနှင့် ထောင်ဖြတ်မျက်စောင်းထိုး၌ ကျောင်းပြောင်း ကျောင်းသားသစ်လေးသည် စားပွဲခုံအောက်တွင် အခွံ ခွာထားပြီးသားဖြစ်သော ချောကလတ်အပိုင်းလေးကို ဘေးပတ်၀န်းကျင်အား ဂရုတစိုက်ကြည့်ပြီး ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်လေသည်။
ကောင်ငယ်လေး၏ နီရဲရဲ လျှာလေးက နှုတ်ခမ်းပေါ်ရှိ ချောကလတ် အနှစ်လေးအား သပ်လိုက်ရာ ပန်းရောင်ခြယ် နှုတ်ခမ်းလွှာတို့အား ရေဓာတ်ဖြည့်ပေးလိုက်သည်။
ထန်ထန်သည် မျက်၀န်းလေးများအား မှေးကျဉ်းလိုက်ရင်း ပေါင်းဖောင်းဖောင်းလေးများနှင့် စာအုပ်ထဲတွင် စာရေးနေသလို၊ ပုံဆွဲနေသလို ဟန်ဆောင်နေခဲ့ပါ၏။
ကျန်းချဲ့၏ လည်စလုတ်မှာအနည်းငယ်လှုပ်ရှားလို့သွားပြီး မျက်လုံးများကိုလည်း မှေးကျဉ်းလိုက်မိသည်။
(Arc1) Chapter 1 end