[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Chapter 1 (arc 4)
Arc 4 Chapter 1
၃၀၃၀ ခုနှစ်တွင် သွေးရောင် လမင်းနှင့် ကြယ်မှိန်မှိန်အောက်၌ ကမ္ဘာမြေ၏ လူဉီးရေ တစ်ဝက်လောက်နီးပါးသည် ဓာတ်ရောင်ခြည်ကြောင့် ရုတ်တရက် ဗီဇပြောင်းလဲခြင်းကို ခံခဲ့ရပြီး ကူးစက်မှုမြန်သည့် ဗိုင်းရပ်စ်ပိုးများ သယ်ဆောင်သူဖြစ်လာကြသည်။ ထိုသူတို့ကို နောက်ပိုင်းတွင် ဖုတ်ကောင်များဟု ခေါ်ဝေါ်ခဲ့ကြ၏။
နှစ်ထောင်ပေါင်းများစွာမှ လူသားတို့ ချမှတ်ထားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများမှာ သုံးရက်အတွင်း ပြိုပျက်ခဲ့ရပြီး ထိုအချိန်မှစ၍ တောတွင်းဥပဒေ စိုးမိုးလာခဲ့သည်…
(အမြောက်စာဇာတ်ကောင်နေရာတွင် အစားထိုး ၀င်ရောက်သူ : ထန်ထန်။ ထန်ထန် သည် J City အထက်တန်းကျောင်းမှ ထိပ်တန်းကျောင်းသားတစ်ဉီးဖြစ်ကာ အမည်မသိ ဖခင်အရင်းနှင့် မိခင်တို့မှာမူ လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းကပင် ကွယ်လွန်သွားခဲ့သည်။ ထန်ထန်သည် အချိန်ပိုင်းအလုပ်များစွာနှင့် ကြိုးကြိုးစားစား စာလေ့လာခဲ့ကာ ပညာသင်ဆုဖြင့် အထက်တန်းနောက်ဆုံးနှစ်အထိ မနည်းအောင်နိုင်ခဲ့၏။ သို့သော် ရုတ်တရက် သွေးလမင်းထွက်ပေါ်လာမှုသည် ကမ္ဘာကြီးတစ်ခုလုံးအား လွှမ်းမိုးသွားခဲ့ရသည်။)
(ရောဂါဖြစ်ပွားမှုမတိုင်မီသုံးရက်အလိုတွင်၊ ဒေသအများအပြားတွင် ရှင်းလင်းချက်မပြနိုင်သော အားပြင်းသည့် အဖျားရောဂါဝေဒနာရှင်များအား ရုတ်တရက်လက်ခံရရှိခဲ့သည်။ ထိုအဖျားမှလွတ်မြောက်နိုင်သူများသည် ကမ္ဘာပျက်ကပ်တွင် မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းရှိလာမည်ဟု မည်သူမျှမခန့်မှန်းနိုင်ခဲ့ကြပေ။)
အမှောင်ကျလာသည်နှင့်အမျှ J City သည် ညနေခင်း၏ အလုပ်များဆုံးအချိန် အားရောက်လာသည်။ လူများ အိမ်ထဲသို့ ကမန်းကတန်း လျှောက်သွားနေကြကာ လမ်းပေါ်တွင် ကားများသည် အရှိန်အနည်းငယ်နှင့်သာတရွေ့ရွေ့ ရှေ့သို့ တိုးလာကြ၏။ စိတ်မရှည်သော ယာဉ်မောင်းများမှာ ဟွန်းများအား အဆက်မပြတ် တီးလျက် ဆက်တိုက် ကျိန်ဆဲကြ၏။
ထိုအခိုက်အတန့်တွင် လူတစ်ယောက်မှရုတ်တရက် အော်ကာပြောလိုက်သည် “ကောင်းကင်ကို ကြည့်လိုက်ကြဉီး !”
မီးပွိုင့်စောင့်နေသော သူများ တစ်ယောက်ချင်းစီခေါင်းမော့ ကြည့်လိုက်ကြသည်။ မူလမှရှိနေသော လမှာ သွေးရောင်ပြောင်သွားကာ ကြယ်များလည်းပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။ ချောက်ချားဖွယ်လရောင်မှာ မြူခိုးအဖြစ်ပြောင်းလဲသွားဟန်ရှိကာ ကောင်းကင်တစ်ဝက်အား ဖြန့်ကျက်ကာ အရောင်ဆိုးသွားစေသည်။
“What the fuck ဘာလို့လက အရောင်ပြောင်းသွားတာလဲ”
“ဒီတလောအရာရာက ထူးဆန်းနေတယ်။ လူတစ်ချို့လည်း အပျင်းဖျားပြီး အသိစိတ်ပျောက်နေကြတယ်။ အခုလပါအရောင်ပြောင်းသွားပြီ”
လူများ ဖုန်းများကိုထုတ်ကာ ဓာတ်ပုံများရိုက်၍ ဆူညံနေကြလေသည်။ သို့သော် ရုတ်တရက် သူတို့နောက်မှ အော်သံတစ်ခု ထွက်ပေါ် လာ၏။ လူတစ်ယောက်မှ ကြမ်းတမ်းစွာ သူ့ဘေးမှလူအား တိုက်ခိုက်ကာ ရက်ရက်စက်စက် အသားအား ကိုက်လိုက်သည်။
“အား!” မိန်းမတစ်ယောက် သွေးထွက်နေသော မျက်နှာအားကိုင်ကာ နာကျင်မှုကြောင့် တုန်နေလျက် အာခေါင်ခြစ် အော်လိုက်သည်။
“ဖာ့ခ် ခွေးရူးပြန် ရောဂါ ရှိနေတာလား ဘာလို့လူတွေကို လိုက်ကိုက်နေတာလဲ”
အနီးအနားမှလူများလည်း အမြန်ဝင်ပါကာဆွဲကြသော်လည်း မည်သူမှ တခြားသူများအားကိုက်ပြီးသော ဆံပင်ရှည်အောက်တွင် ဖြူဖျော့ နေသော မျက်နှာဖြင့် တတိတိကိုက်သံဖြင့် မိန်းကလေးအား သတိမထားမိကြပါ။
“ချီး ရူးသွားတာလား ငါ့ကိုဘယ်လိုတောင်ကိုက်ရဲတာလဲ”
“အချစ် ဘာဖြစ်လို့လဲ အချစ်”
“ဝူး အမေ..မကိုက်..သမီးကိုမကိုက်ပါနဲ့”
တစ်ယောက်ပြီး တစ်ယောက်ကူးစက်ခံလာရကာ သူငယ်ချင်းများနှင့် အမျိုးများပင် မလွတ်မြောက်နိုင်ခဲ့ပေ။ ထိုသူများ၏ မျက်နှာများသည် အသိမရှိတော့ဘဲ မျက်ဆံများ အလင်းပျောက်ကာ မျက်ဝန်းများမှာလည်း အဖြူရောင် ပြောင်းသွားတော့၏။ အသားနှင့်သွေးဆာလောင်ကာ တွေ့သမျှလူတိုင်းအား ကိုက်ဖြတ်ကြသည်။ ကိုက်ခံရသူများ လည်း မကြာမီ ဖုတ်ကောင်အဖြစ်ပြောင်းသွားလေသည်။ ကြောက်ရွံတုန်လှုပ်မှုတို့သည် လူသားမျိုးနွယ်အား ဝါးမျိုလိုက်ပြီဖြစ်၏။
အော်ဟစ်သံ၊ ငိုယိုသံနှင့် တောင်းပန်လျိုရှို့ကာ အကူညီတောင်းသံများသည် ပလိပ်ရောဂါကဲ့သို့ တစ်နိုင်ငံလုံးအား အမြန်အဆန်ပျံ့နှံသွားကာ လူသားမျိုးနွယ်အား အသည်းအသန်ဖြစ်စေခဲ့သည်။
နတ်ဘုရားတို့လည်း လူသားမျိုးနွယ်အားစွန့်ပစ်လိုက်ပြီဖြစ်ကာ ကမ္ဘာအဆုံးသတ်သို့ရောက်လာခဲ့လေပြီ!
……..
မြို့ဟောင်းရှိ စင်္ကြံများမှာ ကျဉ်းမြောင်း ညစ်ပတ်ကာ ဟောင်းနွမ်းနေသည်။ Branded အဝတ်အစားများအား ၀တ်ဆင်ထားသည့် စန်ကျူးမှာ လမ်းကြားထဲသို့ ဝင်သွားစဉ် နှာခေါင်းအား ရွံရှာဟန် ပိတ်ထားမိလိုက်၏။
အပေါ်မှ မီးလုံးငယ်လေးသည် တဖျတ်ဖျတ်ဖြစ်နေပြီး အနည်းငယ် ကြောက်စရာကောင်းသည့် အလင်းရောင်အား ထုတ်ပေးနေ၏။ စန်ကျူး သည် ကြောက်လန့်နေသော်လည်း ထိုတန်ဖိုးကြီးသောအရာကို တွေးတောလျက် သူ့ကိုယ်သူ နှစ်သိမ့်ကာ ပြင်ဆင်ထားသည့် သော့တံအား အသုံးပြု၍ အခန်းတံခါးကို ဖွင့်ရန် ကြိုးစားလိုက်သည်။ တံခါးဟောင်းသည် သတိပေးသံနှင့်အတူ ပေါက်ကွဲသွားသော်လည်း ကံမကောင်းစွာဖြင့် အခန်းတွင်းတွင်ရှိသောလူကို မနှိုးနိုင်ခဲ့ပေ။
အခန်းတစ်ခန်းပါ တိုက်ခန်းသည် ဟောင်းနွမ်းသော်လည်း ပိုင်ရှင်မှာ သပ်ရပ်စွာ လုပ်ထား၏။ ဂရုတစိုက် အနံ့ရှူကြည့်လိုက်သည့်အခါ မှင်နှင့် စာအုပ်ရနံ့များရနေခဲ့သည်။
စန်ကျူး သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ စာသင်ခုံပေါ်တွင် လှဲနေသည့် ညဏ်ကြီးရှင်တစ်ယောက်အား တွေ့လိုက်ရ၏။ သူကဲ့ရဲ့ကာ လမ်းလျှောက်လာပြီး ထိုလူအား တစ်ပတ်လှန်လိုက်သည်။
လူငယ်သည် နူးညံ့သိမ်မွေ့သောအသွင်အပြင်၊ ဖြူစင်းသောအသားအရေနှင့် နှင်းဆီရောင်နှုတ်ခမ်းများရှိ၏။ အစိတ်အပိုင်းတစ်ခုစီသည် ပြီးပြည့်စုံစွာ လက်ရာမြောက်လှပြီး ဘက်မလိုက်ပဲပြောရလျှင် ဤအသွင်အပြင်သည် ပြောစရာမလိုလောက်အောင်ပင် ချောမောသောလည်း စန်ကျူး၏မျက်လုံးထဲတွင်မူလှပမနေပေ။
အချိန်တွေကြာလာသည်နှင့် စန်ကျူးအချိန်ဖြုန်းရန်မတတ်နိုင်တော့ဘဲ သူ လူငယ်၏ ခန္ဓာကိုယ်ကိုစမ်းလိုက်ရာ နောက်ဆုံးတွင် ကျောက်စိမ်းကဲ့သို့သော လည်တိုင်တွင် သူရှာဖွေနေသည့်အရာအား တွေ့လိုက်သည်။
ရှေးဟောင်း ကျောက်စိမ်းဆွဲသီးအားမြင်သည်နှင့် စန်ကျူးအသက်ရှူမြန်လာရသည်။ သူအမြန်ဆွဲယူကာ ချိန်ကြိုးအား အားပြင်းတကြီးနမ်းလိုက်ကာ နတ်ဘုရားများအား ကျေးဇူးတင်ကြောင်း ပြလိုက်၏။ သူသည်ပြန်လည်မွေးဖွားလာဖြင်းဖြစ်ကာ ဝိညဉ်ရေတံခွန်အကြောင်း မျိုးစုံပြောဆိုမှုများရှိခဲ့သည်။
စန်ကျူးသည် တစ်ကြိမ် သေဆုံးခဲ့ဖူးသူဖြစ်ပြီး ယခင်ကမ္ဘာတွင် မည်သည့်စူပါပါဝါကိုမဆို နိုးကြားစေနိုင်ခဲ့၏။ စန်ကျူးသည် ရှင်သန်၍ လူအများကြား သွားလာနိုင်ရန် သူ၏ ရုပ်ရည်ကိုသာ အားကိုးခဲ့ရသည်။ သူသည် အကြောင်းအရာအရင်းအမြစ်များအား ဖလှယ်ရန်အတွက် J City ရှိ ကျော်ကြားသည့် “Hope” စခန်းသို့ မကြာသေးမီက သူသွေးဆောင်ခဲ့သော အမျိုးသားတစ်ဦးနှင့် အတူ လိုက်ပါသွားခဲ့ပြီး အစွမ်းထက်သည့် ကုသသူတစ်ဦးအား တွေ့ခဲ့၏။
ထို့နောက် ဖုန်မှုန့်များနှင့်ဖုံးနေသောစန်ကျူးသည် ကယ်တင်ရှင်အဖြစ် လူအများမှ ကြည်ညိုလေးစားနေကြသည့်သူမှာ သူအလွန်မုန်းတီးရသည့် ကျောင်းတွင် စာကိုသာအာရုံစိုက်သည့် ဆင်းရဲသားကျောင်းသားဖြစ်နေကြောင်းကို သိလိုက်ရသည်။
ဤသူကိုကား လူတိုင်းမှ ချစ်ခင်မြတ်နိုးကြပြီး သူ့ကို နှစ်သက်သူတိုင်းမှာ အကြံနှင့်ချည်းဖြစ်သည်ကိုမြင်ပြီး ယောကျာ်းများကိုသာ မှီခို၍ နေနိုင်သည့် အပျက်တစ်ယောက်ကဲ့သို့ စမ်းကျူးမနာလိုဖြစ်လာရ၏။ သူလျှို့ဝှက်စွာ ကြံစည်ခဲ့သော်လည်း သူတို့၏ မတူညီသော ခံယူချက်များကြောင့် သူ၏ ကြံစည်မှုအားလုံးကို ပျက်စီးစေခဲ့သည်။
တစ်ချိန်တုန်းက စန်ကျူးဇုန်ဘီတစ်ကောင်ဆီတွင် မတော်တဆ အခြစ်ခံလိုက်ရ၏။ သူ့ဒဏ်ရာအား ဖုံးကွယ်ကာ စိုးရိမ်စိတ်ဖြင့် စခန်းသို့ အမြန်ပြန်လာခဲ့သည်။ သူ့အသက်ရှုသံများ ပြင်းလာလေသည်။ သူထိုလူငယ်ကို ရှာဖွေပြီး သူ့ကိုယ်သူ ကယ်တင်ရမည်။ သူ့ကို ကယ်တင်ရမည်!
သို့သော် ဘယ်လောက်ပင် ကြိုးစားရှာဖွေပါစေ သူမတွေ့နိုင်ခဲ့ပေ။ စန်ကျူး စိတ်ပျက်ကာ အံကြိတ်၍ ကြမ်းပြင်းပေါ် တွင် ထိုင်နေသည်။ သူက အစွမ်းထက်တဲ့ကုသသူမဟုတ်ဘူးလား၊ သူ့ကိုဘာလို့မကယ်နိုင်တာလဲ။
ဒါသူတမင်လုပ်တာ!
ပြင်းထန်သော ခံစားချက်တို့ လှိုက်တက်လာကာ ဗိုင်းရပ်စ်အား ပို၍ မြန်မြန်ပျံ့နှံ့စေခဲ့သည်။ ချောမောလှပခဲ့သော စန်ကျူးမျက်နှာမှာ ခဲရောင်ပြောင်းသွားကာ ဇုန်ဘီအဖြစ်ပြောင်းသွားပြီး ကင်းလှည့်တပ်ဆီမိကာ ခေါင်းအား သေနပ်ပစ်ခံလိုက်ရ၏။
“ဘန်း” ဟူသော အသံတစ်ခု ကမ္ဘာကြီးအား ပဲ့တင်ထပ်စေကာ အရာအားလုံး ကြက်သွေးရောင်ပြောင်းသွားရသည်။ စမ်းကျူး ကမ္ဘာကပ်ကြီးပြီးဆုံးတော့မည်ဟု လူများ၏ကြွေးကြော်သံကို မရေမရာကြားလိုက်ရ၏။ ပျော်ရှင်မှုကြောင့် ငိုကြွေးနေကြကာ ဝတ္ထုများတွင်သာတွေ့ရတတ်သည့် ဝိညဉ်ရေတံခွန်၏ကုသနိုင်ခြင်း အစွမ်းအား ပိုင်ဆိုင်ထားသည့် ကောင်လေးအား ကျေးဇူးတင်နေကြလေသည်။ ထိုကောင်လေးအမေပေးခဲ့သည့် အမှတ်တရပစ္စည်း ကျောက်စိမ်းဆွဲသီးမှာ အစွမ်းရှိသည်ဖြစ်ကြောင်းပြောနေကြသည်။
ရက်ရောသော ကောင်လေးမှာ ထိုဆွဲသီးအား စခန်းသို့ရောက်ရောက်ခြင်း ပေးခဲ့ကာ ကမ္ဘာအဝန်းမှ သိပ္ပံပညာရှင်တို့က စုပေါင်းကြိုးစားကာ ဝိညဉ်ရေတံခွန်မှ ကုသနိုင်သောဆေးအား ဖော်စပ်နိုင်ခဲ့သည်။ ခြောက်လအကြာတွင်ကား ကာကွယ်ဆေးကို အောင်အောင်မြင်မြင်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
ဘာလို့လဲ? ဘာလို့လဲ!
စန်ကျူး သူ့မျက်လုံးများအားမပိတ်နိုင်ဘဲ နာကြည်းချက်များဖြင့် ဆုံးပါးသွားရသည်။ သူမျက်လုံးအား ပြန်ဖွင့်ချိန်၌ ကမ္ဘာကပ်မဖြစ်မှီ တစ်ရက်အလိုသို့ ပြန်လည်မွေးဖွားလာသည်ကိုတွေ့လိုက်ရသည်။
ကမ္ဘာကပ်က စတောင်မစသေးဘူးပေါ့! အာဏာ၊ ကြည်ညိုချစ်ချင်မှုတွေ၊ ဝိညဉ်ရေတံခွန် အခုအကုန်ငါ့အပိုင်ဖြစ်ပြီ
……
ကမ္ဘာကပ်မစိုက်မှ နှစ်နာရီအလိုတွင် စန်ကျူး မြေပိုင်ရှင်ဆီမှ သော့အား ဈေးကြီးကြီး ပေးကာဝယ်ခဲ့သည်။ အေးစက်နေသည့် ကျောက်စိမ်းဆွဲသီးအားကိုင်ကာ သူ့ရင်များ ခုန်နေလေသည်။ ဆွဲသီးအား ဂရုတစိုက်ဆွဲယူလိုက်ကာ သတိမရှိသော လူငယ်၏ကိုယ်အား စကြန့်မှဆွဲလာခဲ့သည်။
အပေါ်မှဝါရောင်အလင်းတန်းလေးမှာ တဖျတ်ဖျတ်ဖြစ်နေကာ လူများပြားလှကာ လုံခြုံရေးလျော့ရဲလှသော ဤမြို့ဟောင်းထဲ၌ ကမ္ဘာကပ်ဖြစ်သိနှင့် ထိုကောင်လေးဘာဖြစ်မလဲ လူတိုင်းသိကြလိမ့်မည်။
“ထန်ထန်မင်းမှာရှိသမျှအားလုံးက ငါ့အပိုင်” စန်ကျူးအောက်မှသူ့အားငုံ့ကြည့်လိုက်သည်။ ဤတိုက်ခန်းတွင်အပြင်လူမရှိ၍ သူ၏မနာလိုသောအမူအရာကို ဖုံးရန် မလိုအပ်တော့ပေ။ အဆိပ်ရှိသည့် မြွေတစ်ကောင်ကဲ့သို့ သူကဲ့ရဲ့ပြောဆိုလိုက်သည်။
“အောက်တန်းစားတွေကနိမ့်ကျတဲ့ တည်ရှိမှုနဲ့ပဲ တန်တယ် မင်းပိုင်တာတွေအကုန်ငါလုယူတာကိုငရဲတွင်းကနေကြည့်ထား”
စန်ကျူးသည် ကပ်မစိုက်မှီတစ်နာရီအလိုတွင် အဆောက်အအုံဟောင်းမှ ထွက်လာခဲ့သည်။ သူ့နောက်တွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူငယ်လေးမှာ သူ့လက်ချောင်းများအား လှုပ်လိုက်သည်။
(ထန်ထန် : System, ဝိညဉ် ရေပန်းကိုခဏတားထားပြီး စန်ကျူးကိုယာယီဖွင့်ပေးလိုက်)
(ငါ့ကို ဆွဖို့ သတ္တိရှိတယ်ပေါ့? သေတဲ့အထိ သူနဲ့ငါဘယ်လိုကစားမလဲဆိုတာကြည့်ထား)
(System : တားဆီးခြင်း စတင်)
ကပ်မစိုက်မီ နာရီဝက်အလိုတွင် ခွေးကြောင်များ လမ်းပေါ်တွင်ပြေးလွှားနေကာ ငှက်များမှာ ပျံသန်းနေပြီး တိရိစ္ဆာန်များအားလုံး ကြောက်လန့်မှုကြောင့် တုန်ယင်ကာ နိမိတ်မကောင်းမှုကိုဆောင်ကျဉ်းနေ၏။
လမ်းကျဉ်းဟောင်းတွင်မူ ထန်ထန်သူ့ခြေထောက်သူ ရပ်ဖို့ခက်ခဲနေလေသည်။ သူသည် အဖျားရှိကာ အမြင်အာရုံများဝေဝါးနေသည်။ လက်တန်းကို အားကိုး၍သာ ရှေ့အား တစ်လှမ်းစီလျှောက်နေ၏။
အသက်ရှူသံပြင်းပြင်းဖြင့် ချွေးဖြင့် အကျီများစိုရွှဲနေကာ ခပ်ငန်ငန်အရသာမှာဆံပင်မှတစ်ဆင့် မျက်လုံးသို့စီးကျလာလေသည်။ အံကိုကြိတ်၍ ထန်ထန် ထိုအဆောက်အအုံမှထွက်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်မှာ မြို့ဟောင်းတစ်ခုဖြစ်ပြီး လူထူထပ်နေကာ အပြင်အဆင်မှာ ခေတ်နောက်ကျလှ၏။ ကမ္ဘာကပ်စတင်ပါက အလွန်အန္တာရာယ်များလိမ့်မည်။ သူဒီနေရာတွင် နေ၍မဖြစ်ပေ။
….
တည်းခိုခန်းတွင်
သူ့ပါးစပ်ထဲသွေး၏အရသာ ပြည့်နေကာ ထန်ထန်နာကျင်မှုများကြားမှ သတိပြန်လည်လာသည်။ တုန်တုန်ယင်ယင်ဖြင့် သူပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို တည်းခိုခန်းပိုင်ရှင်ထံ ပေးပြီး ဖုန်းကို အပေါင်ပစ္စည်းအဖြစ်ပေးထားရ၏။ ထူးခြားသောအသွင်အပြင်ရှိပုံမရသော ပ်ဝဝပိုင်ရှင်သည် သူ့အား အခန်းငယ်တစ်ခုပေးသည်။ ဤတည်းခိုခန်းတည်နေရာသည် ပိုကောင်းနိုင်ကာပတ်ဝန်းကျင်တွင် မည်သူမျှမမြင်နိုင်သောကြောင့် စျေးနှုန်းသည် အံ့သြစရာကောင်းလောက်အောင် မြင့်မားပြီး လူအနည်းငယ်ကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။
အခန်းမှာမြေညီထပ်ဖြစ်၍ ပြေးရန်လွယ်ကူလှသည်။ ထူးထူးခြားခြား မလုံခြုံသော်လည်း ထန်ထန် ကြာကြာ ထပ်မသွားနိုင်တော့ပေ။ အဖျားကြီးနေသေးသဖြင့် သူသည် လုံခြုံသောနေရာတစ်ခုအားရွေးကာ အဖျားအား သုံးရက်တိုင်အောင် တောင့်ခံရမည်။
သူ့နောက်မှာ တံခါးပိတ်သွားသည်နှင့် ထန်ထန်တံခါးအား ပိတ်ထားရန် ပစ္စည်းများအား ရွှေ့ရတော့သည်။ အခန်းမှာကျဉ်း၍ ပြတင်းပေါက် မရှိသော်လည်း တံခါးမှာ ခိုင်ခန့်ဟန်ရှိ၏။
နံရံကို မှီ၍ ထန်ထန် ဖုတ်ကောင်များ အနည်းငယ်ယဉ်ကျေးရန် သူ့ကိုယ်သူ ရေရွတ်ကာ ဆုတောင်းနေ၏။ သူ အသက်ရှုကြပ်လာသည်နှင့် တန်ထန်သည် သတိရှိတုန်း System marketplace အားဖွင့်ကာ သူ့ဆုအား ယူရန်လုပ်လိုက်သည်။
(GPS Navigating System ရရှိခြင်းကို ဂုဏ်ယူပါတယ်။ ဖုတ်ကောင်တွေနဲ့ အစွမ်းရှိတဲ့လူတွေက ငါမျက်စိရှေ့ကမလွတ်မြောက်နိုင်ဘူး
Time Freeze Space ရခြင်းအား ဂုဏ်ယူပါတယ်။ ငါ့ကိုခေါက်ဆွဲတစ်ပွဲသာပေး လေဟာနယ်ထဲမှာ နှစ်တစ်ကုဋေ လောက်ပူအောင်ထားပေးမယ်)
(ကုသနိုင်ခြင်း စွမ်းအားအား နှိုးလိုက်သည် (Upgraded)
အလိုအလျောက်သင်ကြားမှု : အပစ်အခတ်ကျွမ်းကျင်မှု (MAX)
(System : မိတ်ဆွေအနေဖြင့် system မှ ဆေးဆယ်စုံ၊ အဝတ်အစားဆယ်စုံ၊ ပေါင်မုန့်ဆယ်လုံး၊ ရေဆယ်ဘူး၊ ဖရဲသီးခွဲဓား)
(ထိန်းချုပ်၍မရသော အခြေအနေအရပ်ရပ်ကြောင့် ဇာတ်လမ်း၏စသောအချိန်မှာ တစ်လအကြာတွင်ဖြစ်သည်။ ရှင်သန်ရန်ခက်ခဲလိမ့်မည်။ ခြေလှမ်းတိုင်းအားတန်ဖိုးထားပါ)
..စက်ရုပ်သံ တဖြည်းဖြည်းဖျော့တော့သွားသည်နှင့် ထန်ထန် သတိမေ့သွားသည်။ တံခါးနောက်တွင်ကား ကမ္ဘာကပ်စိုက်သည်ကို အော်သံ ငိုသံများကြောင့် သိနိုင်၏။
….
တစ်လအကြာတွင် လူအလွန်ထူထပ်သော မြို့မှာ စိတ်မချမ်းမြေ့ဖွယ် ရှုခင်းအဖြစ်သို့ပြောင်းလဲသွားရသည်။ ပျက်နေသည့် လမ်းတစ်ဖက်တစ်ချက်တွင် မီးခိုးငွေ့များရှိနေပြီး သွေးအစွန်းများနှင့် ခြေပြတ်လက်ပြတ်များအား မြေပြင်ပေါ် ပြန့်ကျဲနေသည်ကိုတွေ့နိုင်သည်။ ထိုအခိုက်အတန့်တွင် လူခုနစ်ယောက် ရှစ်ယောက်တို့ သွေးနံ့ရ၍ ဖုတ်ကောင်များ
လိုက်၍ ရူးမတတ်ပြေးနေကြသည်။
“ကူညီပါ..ကူညီကြပါ”
အနောက်တွင်ကျန်ခဲ့သူတို့မှာအကိုက်ခံလိုက်ရပြီး ကမ္ဘာကြီးမှာ ဖုတ်ကောင်များ၏အသံနှင့်အတူ သားကောင်တို့၏ အော်ဟစ်သံများနှင့် ငရဲတစ်ခုဖြစ်နေလေပြီ။
ထန်ထန်မျက်နှာမှာ ဖုန်များကပ်၍ နဂိုအသွင်အပြင်အား မမှတ်မိနိုင်သလောက်ဖြစ်၏။ လွန်ခဲ့သော နာရီအနည်းငယ်မှ အားမာန်နှင့် အလုပ်မှာ သူ့အဆုတ်အားနာကျင်စေကာ သွေးအရသာအား သူ့ပါးစပ်တွင်ရနေသည်။ အသက်ရှင်ကျန်သူတို့ ယိုင်တိုင်တိုင်ဖြင့် ရှိသမျှအားများအားသုံးကာ အော်ဟစ်ငိုကြွေးကာလျှောက်နေခြင်းမှာ ဇုန်ဘီများအား ပိုပို၍ ဆွဲဆောင်နေ၏။ လူတိုင်း ကြောက်ရွံ့ကာ စိတ်အားငယ်နေကြပြီဖြစ်သည်။
“ကယ်ပါ”
“ကူညီပါ”
အဆင့်မြင့်ကားတစ်စီးရပ်သည်နှင့် အသက်ရှင်ကျန်သူတို့ မျှော်လင့်ချက်ဖြင့် ပြေးလာကြသည်။ ကားတံခါးပွင့်သည်နှင့် တိုက်ပွဲဝတ်စုံအား ဝတ်ဆင်ထားသည့် အရှိန်အဝါတစ်မျိုးစီနှင့် ယောကျာ်းသုံးဉီး ဆင်းလာလေသည်။
ဝမ်ချောင် ကားမှထွက်ကာ လက်ဝေ့ယမ်း ပြလိုက်သည်။ ပြင်းထန်သော အပူချိန်နှင့်အတူ လောင်ကျွမ်းနေသော မီးတောက်သည် ဖုတ်ကောင်များအား ဖုံးလွှမ်းသွားကာ ပြာများအဖြစ်သို့ပြောင်းလဲသွားစေသည်။ သူ၏ အရပ်ရှည်သော ရုပ်သွင်သည် ထက်မြက်သော ကျားသစ်တစ်ကောင်နှင့် ဆင်တူ၏။ အသက်ရှင်ကျန်ရစ်သူများ၏နောက်မှ ဖုတ်ကောင်များအား ငုံ့ကြည့်လျက် မျက်ခုံးပင့်ကာ “ဘာလဲ၊ ဖုတ်ကောင်သိုက်ကိုများ တိုက်မိလာကြတာလား”
“ဟေး ဝမ် မင်းရဲ့မီးကို ထိန်းဖို့ ဘယ်နှစ်ကြိမ်ပြောရမှာလဲ။ ကြည်လင်တဲ့ နူကလိယတွေအားလုံး ပြာအဖြစ်ပြောင်းသွားပြီလေ”
လျိုကျိချမ် သည် သူ၏ နားအူပေါ်ရှိ အနီရောင်စိန်ကို ထိလိုက်သည်။ ခရမ်းပြာရောင်လျှပ်စစ်မြွေများသည် သူ၏သွယ်လျသောခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေကာ လျှပ်စစ်အလင်းတန်းများအားထုတ်လွှတ်ကြသည်။ စူးရှသောအသံနှင့်အတူ မိုးခြိမ်းသံသည် ဖုတ်ကောင်များအားဝါးမြိုသွား၏။ ပေါက်ကွဲသံများနှင့်အတူ လျှပ်စစ်မီးပွားများတခဏအတွင်း နေရာတိုင်းပျံ့လွင့်သွားကာ သွေးများနှင့် ခန္ဓာကိုယ် အပိုင်းအပြတ်များ မိုးရွာသကဲ့သို့ကျဆင်းလာတော့သည်။
“..” ရှန်းယွင်သည် ကားတံခါးအား မှီကာ လက်ဖျောက်တီးလိုက်၏။ နက်မှောင်စိမ်းလန်းသောနွယ်ပင်များ ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ကာ ဖုတ်ကောင်များအား အားသုံးစရာမလိုပဲ အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် အပိုင်းပိုင်းခွဲပစ်လိုက်သည်။ သန့်ရှင်းသော ကွပ်မျက်မှုပင်ဖြစ်၏။
သူ့အကျီမှ မဖြစ်စေလာက်ဖုန်အားခါကျကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည် “မင်းတို့နှစ်ကောင်လုံး ညံ့တာချင်းအတူတူပဲ”
(Arc4) Chapter 1 End