⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 8

မနာလိုခြင်းနှင့် မကျေနပ်ခြင်းများ

Chapter 8

 

မနာလိုခြင်းနှင့် မကျေနပ်ခြင်းများ

 

*****

 

လုကျန်းထင်သည် စာကြည့်ခန်းထဲတွင် အသေအချာစာဖတ်နေပြီး ဆရာ မလာသေးသဖြင့် အခြားလူများ၏ စကားပြောနေသောအသံများက အလွန်ကျယ်လောင်နေ၏။ ပြီးခဲ့သည့်အကြိမ်က သူနှင့်ယှဉ်ပြိုင်ခဲ့သောလူငယ်လေးက ယခုဤနေရာတွင် သူနှင့်အတူ စာလာသင်နေပြီး ထိုလူငယ်မှာ လုကျန်းထင်၏ယခုသိုင်းဆရာဖြစ်သော ကျောက်စုံး၏တစ်ဦးတည်းသောသားဖြစ်ကာ အမည်မှာ ကျောက်ကျင်းရှီးဖြစ်သည်။ သူ၏ဖခင်ကျောက်စုံးမှာ တောင်ပိုင်းပြည်နယ်မှ ထျန်းဆန်းဂိုဏ်း၏ထိပ်တန်းတပည့်တစ်ဦးဖြစ်ပြီး သူက တရုတ်လူမျိုးဖြစ်ကာ ထိုဒေသတွင် တိုင်းရင်းသူအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီး ကျောက်ကျင်းရှီးကို မွေးဖွားခဲ့ခြင်းဖြစ်ကာ သူ့ကို တရုတ်နာမည်ကိုသာ ပေးခဲ့၏။ သူက မူလကလည်း လုဖေးဟွမ်၏စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခုအကြိမ်တွင် လုဖေးဟွမ်က သူ့ကို အိမ်တော်တွင် သိုင်းဆရာအဖြစ် တမင်သက်သက်ခေါ်ထားခြင်းဖြစ်သည်။

 

ကျောက်စုံးသည် သိုင်းပညာအလွန်မြင့်မားပြီး သူ၏ကိုယ်ပိုင်သိုင်းကွက်များလည်း ရှိ၍ သူ၏သင်ကြားပြသမှုဖြင့် ရက်အနည်းငယ်အတွင်းမှာပင် လုကျန်းထင်၏သိုင်းပညာက အတော်လေးတိုးတက်လာခဲ့၏။ သို့သော် ဤအရာများအားလုံးက ဦးလေး၏ခန္ဓာကိုယ်နှင့် လဲလှယ်ထားရခြင်းဖြစ်ကြောင်း တွေးမိတိုင်း သူ၏ရင်ထဲတွင် မနေနိုင်ဘဲဝမ်းနည်းလာကာ ကျောက်ကျင်းရှီးအပေါ်တွင်လည်း အနည်းငယ်အေးစက်သွားခဲ့သည်။

 

ကျောက်ကျင်းရှီးက သွက်လက်သောစရိုက်ရှိပြီး လုကျန်းထင် ရှုံးနိမ့်သွားပြီးနောက် သူ့ကို ဂါရဝပြုခဲ့သည့်ကိစ္စအပေါ်တွင် သဘောကျသွားခဲ့၍ လုကျန်းထင်က အေးစက်စက်မျက်နှာထားဖြင့် နေနေသော်လည်း သူက အမြဲတမ်းအလျှော့မပေးဘဲ တိုးကပ်လာတတ်၏။ ပြီးခဲ့သည့်အတန်းတွင် သူက သေချာဂရုစိုက်မနားထောင်သဖြင့် ဆရာက သူ့နာမည်ကို ပြန်ရေးခိုင်းရာ သူက စိတ်ပျက်လက်ပျက်ဖြင့် ရေးနေရင်း ပြောလိုက်သည်။

 

“ငါ့အဖေက ဘာလို့ ငါ့ကို ဒီလောက်ရေးရခက်တဲ့ နာမည်ပေးခဲ့တာလဲ… ဟူး…”

 

သူက ညည်းတွားလိုက်သော်လည်း လုကျန်းထင်က သူ့ကို လုံးဝဂရုမစိုက်ပေ။ ကျောက်ကျင်းရှီးကလည်း စိတ်မပျက်သွားဘဲ မျက်လုံးများလှည့်ကာ ထပ်မံတိုးကပ်လာပြီး တစ်ကိုယ်လုံးနီးပါး လုကျန်းထင်၏အပေါ်တွင် မှီနေလိုက်၏။

 

လုကျန်းထင်က ဦးလေးမှလွဲ၍ အခြားသူများနှင့် ထိတွေ့ရသည်ကို မကြိုက်သဖြင့် အနည်းငယ်ရှောင်လိုက်သော်လည်း ကျောက်ကျင်းရှီးက ထပ်မံတိုးကပ်လာ၍ သူက ဆက်ဆုတ်ရန် နေရာမရှိတော့သဖြင့် ဒီအတိုင်းသာ လွှတ်ထားလိုက်ရသည်။

 

ကျောက်ကျင်းရှီးက တမင်သက်သက် အသံကိုနှိမ့်လိုက်ပြီး မည်းနက်သောမျက်လုံးလေးများတွင် တောက်ပသောအလင်းတန်းများ ပေါ်လာကာ ပြောလိုက်၏။

 

“ဟိုသုံးယောက်က ဘာလို့ အဲဒီလောက် မပျော်မရွှင်ဖြစ်နေကြတာလဲ… မင်း သိလား…”

 

အုပ်စုဖွဲ့ကာ အလွန်ကျယ်လောင်စွာ စကားပြောနေသူများမှာ လုကျန်းထင်၏အစ်ကိုနှစ်ယောက်နှင့် အိမ်တော်ထိန်း၏သား လုမင်တို့ ဖြစ်ကြသည်။ ယွမ်ရဲ၏သား ယွမ်ဟွီးကတော့ လုကျန်းထင်ထက်ပင် ပိုမိုအေးစက်ပြီး လူကို သိပ်ဂရုမစိုက်တတ်ကာ နေ့တိုင်း ထောင့်တစ်နေရာတွင် သေချာစာရေးစာဖတ်သာ လုပ်နေတတ်၏။

 

လုကျန်းထင်က သူတို့ကို အနည်းငယ်မျှပင် စိတ်မဝင်စားသဖြင့် ဂရုမစိုက်ဘဲ မကြားသလိုဟန်ဆောင်ကာ စာဆက်ရေးနေလိုက်သည်။

 

ကျောက်ကျင်းရှီးက မျက်နှာတစ်ဝက်ခန့်ကို သူ၏ပခုံးပေါ်တွင် မှီထားပြီး လေသံတွင် သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာနေသည့်အရိပ်အယောင်များ ပါဝင်နေ၏။

 

“စစ်သူကြီးရဲ့ ဇနီးနှစ်ယောက်က ပြဿနာရှာလို့ သုံးလအပြင်မထွက်ရအမိန့် ချခံထားရတယ်တဲ့… ကိုယ့်ခြံဝင်းထဲကလွဲပြီး ဘယ်ကိုမှ သွားခွင့်မရှိဘူးဆိုတော့… သူတို့လည်း မပျော်တာပေါ့…”

 

လုကျန်းထင်သည် ထိုဇနီးနှစ်ယောက်၏ကိစ္စများကို ပို၍ပင် စိတ်မဝင်စားပေ။ ပုံမှန်အားဖြင့် သူတို့ကို မြင်လျှင်ပင် အလွန်မုန်းတီးလွန်းသဖြင့် တကယ်လို့ သူတို့ သေသွားခဲ့လျှင်တော့ သူ အနည်းငယ်တုံ့ပြန်မှုရှိနိုင်သော်လည်း ယခုလို အပြင်မထွက်ရအမိန့်လောက်ကတော့ အပြစ်မပေးတာနဲ့ ဘာကွာခြားလို့လဲ။

 

ကျောက်ကျင်းရှီးက စိတ်ဝင်တစားဖြင့် ဆက်ပြောလိုက်၏။

 

“သူတို့ ဘာပြဿနာရှာခဲ့တာလဲဆိုတာ မင်း သိလား…”

 

လုကျန်းထင်က ဂရုမစိုက်သော်လည်း သူက စိတ်မပျက်ဘဲ အလွန်လျှို့ဝှက်သောပုံစံဖြင့် ပြောလိုက်သည်။

 

“တခြားလူတွေ မသိပေမယ့် ငါ သိတယ်… အဲဒီနေ့က ငါက အဲဒီနားမှာ လမ်းလျှောက်နေရင်း သူတို့ ဆဲဆိုပြီး လာနေတာကို တွေ့လို့ အမြန်ပုန်းနေလိုက်တာ… သူတို့ပြောတဲ့ပုံအရဆိုရင်… ဘယ်က မြေခွေးမက စစ်သူကြီးကို မြှူဆွယ်ပြီး ရေကန်ထဲမှာ ရေကစားနေကြတာလဲတဲ့… ငါလည်း ပွဲကြည့်မယ်ဆိုပြီး စောင့်နေတာ… ခဏနေတော့ သူတို့လန့်ပြီး ပြေးထွက်လာကြတယ်… ပြီးတော့ စစ်သူကြီးရဲ့ဘေးက သက်တော်စောင့်ယွမ်ကလည်း ကြိမ်ဒဏ်အချက်တစ်ရာ အပြစ်ပေးခံလိုက်ရတယ်လေ…”

 

လုကျန်းထင်၏စာရေးနေသောလက်က ရပ်တန့်သွားပြီး တိုးတိုးလေးရေရွတ်လိုက်၏။

 

“မြေခွေးမ…”

 

ကျောက်ကျင်းရှီးက သူ စိတ်ဝင်စားသွားသည်ကို မြင်သောအခါ စိတ်လှုပ်ရှားလွန်း၍ မျက်လုံးများပင် မှိတ်သွားခဲ့သည်။

 

“ဟုတ်တယ်… သူတို့ပါးစပ်က ပြောနေတာ… စစ်သူကြီးက မြေခွေးမဆီမှာ မိနေလို့ ဆယ်နှစ်ကျော်လောက် သူတို့အခန်းကို မလာတော့ဘဲ သူတို့ကို မုဆိုးမလို နေခိုင်းထားတာတဲ့… လုကျန်းထင်… မုဆိုးမလို နေရတယ်ဆိုတာ ဘာလဲ…”

 

လုကျန်းထင် အနည်းငယ်ကြောင်အမ်းသွားပြီး ချက်ချင်းပင် ဦးလေးကို သတိရလိုက်သည်။ ဦးလေးများ ဖြစ်နေမလား…။ သူ၏ရင်ထဲတွင် ရှုပ်ထွေးသွားပြီး ခေါင်းလှည့်ကာ တိုင်းရင်းသားရုပ်သွင် အနည်းငယ်ရှိသောလူငယ်လေးကို ကြည့်ရင်း အသံကို တတ်နိုင်သမျှ နူးညံ့အောင် ပြောလိုက်၏။

 

“အဲဒါ ဘယ်နေ့က ကိစ္စလဲ…”

 

“လွန်ခဲ့တဲ့နှစ်ရက်ကလေ…”

 

ကျောက်ကျင်းရှီးက အလွန်ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်သည်။

 

လုကျန်းထင် အသက်ရှူရပ်သွား၏။ လွန်ခဲ့တဲ့နှစ်ရက်က… သူ နေ့လယ်စာစားပြီး အိပ်ရာထချိန်မှာ ခြံဝင်းထဲမှာ ဦးလေးကို မတွေ့ခဲ့ရဘူးလေ…

 

လုကျန်းထင်သည် စိတ်ရှုပ်ထွေးစွာဖြင့် သူနေထိုင်ရာခြံဝင်းလေးဆီသို့ ပြန်လာခဲ့သည်။ အထဲသို့ မဝင်ရသေးခင်မှာပင် ပြင်းထန်သောဆေးနံ့ကို ရလိုက်၏။ ဦးလေးကလည်း ဆေးမြစ်အချို့ကို သိပြီး ရောဂါအသေးစားလေးများကို ကုသတတ်သဖြင့် သူ သိပ်ဂရုမစိုက်ခဲ့ပေ။ စားပွဲပေါ်တွင် ထမင်းနှင့်ဟင်းများ ပြင်ဆင်ထားပြီးဖြစ်သည်။ သူ ဟင်းများကို ကြည့်လိုက်ရာ အမြဲတမ်းလိုလိုပင် များပြားနေသည့် ထမင်းနှင့် ဟင်းသီးဟင်းရွက်အပြင် အရိုးပြုတ်ရည်တစ်အိုးပါ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။ ထိုဟင်းများကနေ အလွန်မွှေးကြိုင်ပြီး ဆွဲဆောင်မှုရှိသောအနံ့များ ဆက်တိုက်ထွက်ပေါ်နေ၏။

 

ချန်မင် ရောက်လာချိန်တွင် သူက ဦးလေး၏ကိုယ်ပေါ်မှ ဆေးနံ့များ ပိုမိုပြင်းထန်နေကြောင်း လျင်မြန်စွာသတိထားမိလိုက်သဖြင့် အလျင်အမြန် စိုးရိမ်တကြီး မေးလိုက်သည်။

 

“ဦးလေး နေမကောင်းဘူးလား…”

 

ချန်မင်၏မျက်နှာထားက အနည်းငယ် သဘာဝမကျဘဲ သူက ပြောလိုက်၏။

 

“အင်း… ဒီရက်ပိုင်း အိပ်လို့ သိပ်မရလို့ ခေါင်းနည်းနည်းကိုက်နေတာ… ဒါကြောင့် ဆေးနည်းနည်း ကျိုသောက်လိုက်တာ…”

 

သူက လုကျန်းထင်ကို ဟင်းချိုတစ်ပန်းကန် ခပ်ပေးလိုက်သည်။

 

“မင်း အရင် ဟင်းချိုသောက်လိုက်…”

 

လုကျန်းထင်သည် ဦးလေးဖြစ်သူနှင့် အတူနေလာခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ရာ သူ၏အကြောင်းအားလုံးကိုလည်း သဘာဝကျကျသိထားသဖြင့် သူ၏မျက်နှာထားကို ကြည့်လိုက်ရုံဖြင့် သူပြောသော “ခေါင်းကိုက်တယ်” ဆိုသည်မှာ အကြောင်းပြချက်သာဖြစ်ကြောင်း သိလိုက်၏။ ထိုညက မြင်တွေ့ခဲ့ရသောမြင်ကွင်းနှင့် ဖခင်၏ပါးစပ်မှ ထွက်လာသော “သမားတော်ကြီးလျို” ဆိုသည့်စကားများကို ရုတ်တရက် သတိရလိုက်သဖြင့်… တကယ်လို့များ…

 

လုကျန်းထင်က ဟန်မပျက်ဘဲ ဟင်းချိုကို သောက်နေရင်း ရုတ်တရက်ပြောလိုက်သည်။

 

“ဦးလေး… ဒီနေ့ ကျွန်တော် ကျောင်းမှာ သတင်းတစ်ခု ကြားခဲ့တယ်…”

 

ချန်မင်မှာ သူ ဆက်မေးမည်ကို ကြောက်ရွံ့ကာ စိုးရိမ်နေစဉ် ဤစကားကို ကြားလိုက်ရသဖြင့် ရင်ထဲတွင် အနည်းငယ်သက်သာရာရသွားပြီး မျက်နှာပေါ်တွင် အပြုံးရေးရေးလေး ပေါ်လာ၏။

 

“ဘာသတင်းလဲ…”

 

လုကျန်းထင်က ပြောလိုက်သည်။

 

“ဖန်ကတော်နဲ့ ယောင်ကတော်က ပြဿနာတချို့ကြောင့် အဖေ့ကို ဒေါသထွက်အောင် လုပ်မိလို့ အပြင်မထွက်ရအမိန့် ချခံထားရတယ်တဲ့…”

 

ချန်မင် အနည်းငယ်ကြောင်အမ်းသွားပြီး ခေါင်းငုံ့ကာ ထမင်းစားနေရင်း “အင်း” ဟုသာ ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်၏။

 

လုကျန်းထင်က သူ ဤကဲ့သို့ဖြစ်နေသည်ကို ကြည့်ပြီး ဆက်မေးလိုက်သည်။

 

“ဦးလေးက သူတို့ ဘာကိစ္စကြောင့် အဖေ့ကို ဒေါသထွက်အောင် လုပ်မိတာလဲဆိုတာ မသိချင်ဘူးလား…”

 

ချန်မင်က သိချင်စိတ်မရှိသော်လည်း တူဖြစ်သူက သံသယဝင်မည်စိုးသဖြင့် မေးလိုက်၏။

 

“ဘာကြောင့်တဲ့လဲ…”

 

လုကျန်းထင် ခဏရပ်သွားပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

 

“သူတို့က ဖောက်ပြန်နေတာကို သွားဖမ်းတာတဲ့…”

 

သူ ပြောပြီးသည်နှင့် ချန်မင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ သူ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်နေခဲ့၏။ ချန်မင်၏ဝါးနေသောလှုပ်ရှားမှုက ရပ်တန့်သွားပြီး ခေါင်းမော့လာချိန်တွင်မူ အလွန်တည်ငြိမ်နေပုံ ပေါက်နေသည်။

 

“ထင်အာ… မင်းက အခု စာသင်ဖို့ကိုပဲ အဓိကထားရမယ်… ဒီကိစ္စတွေက မင်း စုံစမ်းရမယ့်ကိစ္စတွေ မဟုတ်ဘူး… နောက်ဆို ကြားရင်တောင် မြန်မြန်မေ့ပစ်လိုက်… စိတ်ထဲ မထားနဲ့…”

 

သူက အပြုံးရေးရေးလေးတစ်ခု ပြလိုက်ပြီး အသံက ပိုမိုနူးညံ့သွား၏။

 

“မင်းက နောက်ဆိုရင် နာမည်ကြီးလာမယ့်သူပဲ… မိန်းမတွေရဲ့ကိစ္စက ယောကျာ်းလေးတွေ စိတ်ဝင်စားရမယ့်ကိစ္စ မဟုတ်ဘူး…”

 

လုကျန်းထင်က “အင်း” ဟု ပြန်ဖြေလိုက်ပြီး ထပ်ပြောလိုက်သည်။

 

“ကျွန်တော်က သိချင်ရုံပါ… ဘယ်သူကများ အဖေ့ကို ဒီလောက်တောင် ဂရုစိုက်အောင် လုပ်နိုင်တာလဲဆိုတာကို… သူက ကျွန်တော့်မိခင်အပေါ် ဆက်ဆံခဲ့တဲ့ပုံစံက… တော်တော်လေး ရက်စက်ခဲ့တာဆိုတော့…”

 

အခြားအမျိုးသမီးနှစ်ယောက်က “မုဆိုးမလို နေရတယ်” ဟု ညည်းတွားခဲ့သည့်ကိစ္စကို သူ တမင်သက်သက် ထုတ်မပြောခဲ့ပေ။ ဦးလေး၏ရင်ထဲတွင် နောက်ထပ်မျှော်လင့်ချက်အမှားများ ဖြစ်ပေါ်လာမည်ကို မလိုလားသဖြင့် သဘာဝကျကျ ချန်လှပ်ထားခဲ့ခြင်းဖြစ်၏။

 

ချန်မင်တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်နှာက ချက်ချင်းဖြူရော်သွားကာ ထို့နောက် လျင်မြန်စွာ သတိပြန်ဝင်လာပြီး ခေါင်းငုံ့လိုက်သည်။

 

“ထမင်းစားပါတော့…”

 

သမားတော်ကြီးလျို၏ဆေးကို နေ့စဉ်တစ်ကြိမ် သောက်ရသည်။ ပထမလတွင် ဘာမှမသိသာသော်လည်း ဒုတိယလတွင် ရင်အုံက စတင် တင်းမာနာကျင်လာပြီး တတိယလသို့ ရောက်သောအခါ နာကျင်မှုက ပိုမိုပြင်းထန်လာကာ ထိ၍ပင် မရတော့ပေ။ အဝတ်စဖြင့် တင်းကျပ်စွာ စည်းထားရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့သော်လည်း ချန်မင်က အောင့်ခံကာ အခြားသူများ ရိပ်မိမည်စိုးသဖြင့် ရင်အုံကို ပြန့်ပြူးနေအောင် အဝတ်စဖြင့် စည်းထားခဲ့၏။

 

လုဖေးဟွမ်သည် စစ်ရေးကိစ္စများဖြင့် အလုပ်များနေသဖြင့် နေ့တိုင်း အိမ်မပြန်နိုင်ပေ။ ဤတစ်ကြိမ်တွင် အခြားနေရာတစ်ခုသို့ စစ်လက်နက်ပစ္စည်းများ သွားရောက်စစ်ဆေးရသဖြင့် အိမ်မပြန်ဖြစ်သည်မှာ လဝက်ခန့်ရှိနေပြီဖြစ်သည်။ ဆေးကိုတော့ သူ၏အခြားလက်အောက်ငယ်သားတစ်ယောက်က လာပို့ပေးခြင်းဖြစ်ပြီး ချန်မင်က သွန်ပစ်လိုက်ရမလားဟု တွေဝေခဲ့သော်လည်း ခဏသာ တွေဝေပြီးနောက် အကုန်လုံး သောက်လိုက်ရ၏။

 

လုဖေးဟွမ်လုပ်ချင်သောကိစ္စများကို သူ လုံးဝဆန့်ကျင်နိုင်စွမ်း မရှိပေ။

 

ညဘက်တွင် သူက ပန်းကန်များကို ဆေးကြောပြီး လုကျန်းထင် လဲထားသောအင်္ကျီများကို လျှော်ဖွပ်ပြီးမှသာ ရေခပ်ကာ အခန်းထဲဝင်၍ ရေချိုးခဲ့သည်။ သူ့တွင် ကြီးမားသောသစ်သားစည်ပိုင်းမရှိသဖြင့် အခန်း၏ထောင့်တစ်နေရာတွင် ရေထွက်နိုင်ရန် အပေါက်လေးတစ်ခု တူးထားပြီး ထိုထောင့်တွင် ရပ်ကာ ရေချိုးရခြင်းဖြစ်၏။ ရာသီဥတုက အေးလာပြီဖြစ်၍ သူက တံခါးနှင့် ပြတင်းပေါက်များကို အသေအချာပိတ်ထားကြောင်း သေချာမှသာ အင်္ကျီများကို ချွတ်လိုက်သည်။

 

ရင်ဘတ်ကို စည်းထားသောနေရာက အလွန်နာကျင်နေပြီး အဝတ်စကို ဖြည်လိုက်ပြီးနောက်မှသာ သူ အနည်းငယ်သက်ပြင်းချနိုင်သွား၏။ ခေါင်းငုံ့ကြည့်လိုက်ရာ ရင်အုံက စည်းထားမှုကြောင့် နီရဲနေပြီး လက်ချောင်းဖြင့် ခပ်ဖွဖွလေးထိလိုက်ရုံဖြင့်ပင် နာကျင်နေသည်။ ချန်မင်က လူတွေ၏အသားကျလွယ်မှုက အလွန်အားကောင်းသည်ဟု ထင်မိ၏။ ဥပမာအားဖြင့် သူ အစပိုင်းတွင် ဆေးသောက်ပြီး ဤနို့ကြီးများ ထွက်လာချိန်က အလွန်ရှက်ရွံ့လွန်း၍ ဓားဖြင့်ပင် လှီးဖြတ်ပစ်ချင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ဤနို့ကြီးများရှိနေခြင်းကို အသားကျနေပြီဖြစ်သည်။

 

ထိုအချိန်က သူ၏ထူးဆန်းသောခန္ဓာကိုယ်ကြောင့် ရှက်ရွံ့နေခဲ့ပြီး ထိုလူ ရွံရှာမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုတော့ ထိုလူက သူ၏ခန္ဓာကိုယ်ကို ပိုမိုထူးဆန်းသွားအောင် လုပ်လိုက်ပြီဖြစ်၏။

 

ချန်မင်က လုဖေးဟွမ်ကို တွေးမိပြီး သွားကို တင်းတင်းကြိတ်ကာ ဘောင်းဘီများကို တစ်လွှာချင်းချွတ်ချလိုက်ပြီးနောက်မှ ရေစချိုးတော့သည်။

 

သူ ရေချိုးနေစဉ် တံခါးက သုံးချက်ခေါက်ခံရပြီး ခဏအကြာတွင် ထပ်မံသုံးချက် ခေါက်ခံရ၏။ ချန်မင် အနည်းငယ်ကြောင်အမ်းသွားပြီး မျက်နှာများ ချက်ချင်းနီရဲလာကာ အလျင်အမြန် ရေချိုးပြီးစီးရန် ကြိုးစားလိုက်သော်လည်း တံခါးက ရုတ်တရက်ပွင့်လာပြီး အရပ်မြင့်မားသောအမျိုးသား ဝင်လာခဲ့သည်။

 

ချန်မင်က သူ သေချာသော့ခတ်ထားသောတံခါးကို ဤလူက ဖွင့်နိုင်သည်ဆိုသည်ကို မအံ့ဩတော့ပေ။ သူက ရှက်ရွံ့စွာဖြင့် ကျောခိုင်းလိုက်ပြီး ရေဆက်ချိုးနေလိုက်၏။ လုဖေးဟွမ်က တံခါးကို ပြန်လည်သော့ခတ်လိုက်ပြီး တံခါးဘောင်ကို အေးအေးဆေးဆေးမှီကာ သူ၏ဝတ်လစ်စလစ်အသားအရေပေါ်သို့ ရေများစီးကျနေသည့် မြင်ကွင်းကို ကြည့်ရင်း လည်ချောင်းများ ခြောက်သွေ့လာကာ မျက်လုံးထဲတွင်လည်း ပြင်းထန်သောကာမစိတ်များ ထွက်ပေါ်လာခဲ့သည်။

 

ချန်မင်က သူ့ကို ကျောခိုင်းထားသော်လည်း သူ၏အကြည့်များကြောင့် အလောင်ခံရမတတ်ဖြစ်နေ၏။ သူ ရေချိုးပြီးနောက် ပုဝါယူကာ ကိုယ်ပေါ်ရှိရေများကို သုတ်ရန် ပြင်လိုက်ချိန်တွင် လုဖေးဟွမ်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး သူ့ကို ပွေ့ချီကာ ကုတင်ပေါ်သို့ ခေါ်သွားတော့သည်။

 

“… ကျွန်တော့်ကိုယ်ပေါ်မှာ ရေတွေ ရှိနေသေးတယ်…”

 

ချန်မင်၏ထိတ်လန့်နေသောမျက်ဝန်းများကို မြင်လိုက်ရသဖြင့် အမျိုးသား၏ကာမစိတ်က ပိုမိုပြင်းထန်လာခဲ့၏။ လုဖေးဟွမ်က နှုတ်ခမ်းကို ကွေးကာ လှောင်ပြောင်သလို ရယ်မောလိုက်သည်။

 

“မင်းကိုယ်ပေါ်မှာ… ဘယ်အချိန်ကများ ရေမရှိခဲ့လို့လဲ…”

 

ချန်မင်က နှုတ်ခမ်းကိုကိုက်ကာ ဘာမှမပြောတော့ပေ။ ကုတင်ပေါ်ရောက်သွားပြီးနောက် သူက အလျင်အမြန် စောင်ဖြင့် မိမိ၏ဝတ်လစ်စလစ်ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် ကြိုးစားလိုက်သော်လည်း အမျိုးသားက အတင်းဆွဲယူလိုက်ပြန်၏။ ချန်မင်က သူ့ကို ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

 

“ကျွန်တော် ချမ်းတယ်…”

 

လုဖေးဟွမ်က လက်ကို လွှတ်ပေးလိုက်ပြီး သူ့ကို စောင်ထဲထည့်ပေးလိုက်ကာ ကိုယ်ကို ကိုင်းညွတ်၍ သူ့ကို နမ်းရှိုက်လိုက်၏။

 

ပူနွေးသောအသက်ရှူငွေ့များက မျက်နှာပေါ်သို့ ကျရောက်လာသည်။ အမျိုးသား၏နှာခေါင်းက ဘယ်ညာလှည့်ကာ အနံ့ခံနေပြီး နောက်ဆုံးတွင် သူ၏ဆံပင်များကို နမ်းရှိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

 

“မင်လန်က အရမ်းမွှေးတာပဲ…”

 

ချန်မင်က လုဖေးဟွမ်၏ကိုယ်ပေါ်မှ အနံ့တစ်မျိုးကို ရလိုက်ရာ ၎င်းမှာ သူ၏မူလအနံ့မဟုတ်ဘဲ အမျိုးသမီးများ၏ကိုယ်ပေါ်တွင် ရှိတတ်သောမိတ်ကပ်နံ့ဖြစ်ပြီး သူ၏အသက်ရှူငွေ့များတွင်လည်း အရက်နံ့များ ပါဝင်နေသဖြင့် ရင်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားကာ သူ၏အသက်ရှူငွေ့များကို ရှောင်ရှားရန် ကြိုးစားလိုက်၏။ သူတို့နှစ်ဦး ဤသို့ အပြန်အလှန်ရှောင်ရှားနေကြပြီး နောက်ဆုံးတွင် လုဖေးဟွမ်က စိတ်မရှည်တော့ဘဲ သူ၏မေးစေ့ကို ကိုင်ကာ နှုတ်ခမ်းကို တည့်တည့်နမ်းရှိုက်တော့သည်။

 

အမျိုးသား၏ကိုယ်ပေါ်တွင် ဘာကြောင့် အမျိုးသမီးများ၏အနံ့ ရှိနေသလဲဆိုတာကို ချန်မင်က လောကီရေးရာများကို သိပ်မနားလည်လျှင်တောင် အဓိပ္ပာယ်ကို သဘောပေါက်၏။ လုဖေးဟွမ်က ဘယ်အမျိုးသမီး၏အခန်းထဲမှ ထွက်လာပြီး သူ့ဆီလာခြင်းဖြစ်မည်၊ နှုတ်ခမ်းများကလည်း အခြားလူကို နမ်းထားခဲ့မည်ဟု တွေးမိချိန်တွင် ရင်ထဲတွင် အလွန်နေလို့ မကောင်းဖြစ်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ အနမ်းမခံဘဲ ရုန်းကန်နေလိုက်သည်။ လုဖေးဟွမ်က အကြိမ်အနည်းငယ်နမ်းသော်လည်း နှုတ်ခမ်းသားများကိုသာ ပွတ်တိုက်မိသဖြင့် ချက်ချင်းမကျေမနပ်ဖြစ်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။

 

“မင်း ဘာဖြစ်နေတာလဲ…”

 

ချန်မင်က သူ့ကို မကြည့်ဘဲ မျက်နှာလွှဲထားပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လွှမ်းနေပြီဖြစ်သည်။ လုဖေးဟွမ်က သူ၏မျက်နှာကို ခဏကြည့်ပြီးနောက် ရုတ်တရက်ရယ်မောလိုက်၏။

 

“မင်းက ငါ့ကိုယ်ပေါ်မှာ တခြားလူရဲ့အနံ့ ပါလာလို့ ရွံနေတာလား…”

 

ချန်မင် မျက်နှာဖြူရော်သွားပြီး နှုတ်ခမ်းကို ပိုမိုတင်းကျပ်စွာ စေ့ထားလိုက်သည်။ လုဖေးဟွမ်က သူ ဤကဲ့သို့ဖြစ်နေသည်ကို မြင်သောအခါ ရင်ထဲမှ မကျေနပ်မှုများက ပြန်လည်ထွက်ပေါ်လာပြီး တိုးတိုးလေး လှောင်ပြောင်လိုက်၏။

 

“ငါ့ရဲ့လီးကို တခြားလူတွေ သုံးခဲ့ဖူးတယ်… မင်းညီမတောင် သုံးခဲ့ဖူးတယ်လေ… အဲဒါကိုတောင် မင်းက သဘောတကျနဲ့ စားနေခဲ့တာ မဟုတ်ဘူးလား…”

 

====

စာရေးသူပြောချင်သည်များ –

 

Main CP ကို အတည်ပြုပေးပါမယ်။ ကွန်းမန့်အများစုက စစ်သူကြီးနဲ့ ဦးလေးကို ဖြစ်စေချင်ကြလို့ ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းက စစ်သူကြီးနဲ့ ဦးလေးပဲ ဖြစ်ပါမယ်။

 

အလယ်မှာတော့ NTR ဇာတ်ကွက်နည်းနည်း ပါကောင်းပါနို

င်ပြီး အဆုံးထိတော့ သွားချင်မှ သွားပါလိမ့်မယ်~

 

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် (*^?

 

Chapter 8 ended

 

Intro မှာ ပြောတော့ကျ NTR မပါဘူးတဲ့

အခုကျ ပါကောင်းပါနိုင်ပါတယ်တဲ့….

 

ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း

ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း

Status: Completed Type: Author: Artist: Native Language: Chinese

ခေါင်းစဉ် - ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း (ဒွိလိင်)

စာရေးသူ - ယွမ်ရှန်ပိုင်ယွင်ကျန်း

 

ဤဝတ္ထုသည် အသက်ကန့်သတ်ချက်ရှိပြီး အသက် ၁၈ နှစ်အောက် ဖတ်ရှုရန် မသင့်တော်ပါ။ဒါ့အပြင် စကားလုံးများ ရိုင်းစိုင်းပါသည်။

 

******

 

လုကျန်းထင်၏မိခင် ကွယ်လွန်သွားပြီးနောက်တွင် သူ့အပေါ် ကောင်းပေးသူဟူ၍ ဦးလေးဖြစ်သူ တစ်ယောက်တည်းသာ ရှိလေသည်။ ဦးလေးက သူ့အတွက် ထမင်းဟင်း ချက်ကျွေးပြီး သိပ်ပေးတတ်သည်။ စစ်သူကြီးအိမ်တော်ရှိ အစေခံများက သူ့အား မယားငယ်သားဟုဆိုကာ အထင်သေး နှိမ်ချဆက်ဆံကြချိန်တွင်လည်း ဦးလေးကသာ သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။

 

ထို့ကြောင့် လုကျန်းထင်၏ ရည်မှန်းချက်မှာ စာမေးပွဲအောင်မြင်ပြီး အရာရှိကြီးတစ်ယောက် ဖြစ်လာရန်ပင် ဖြစ်သည်။ ထိုအခါမှသာ လူကို အထင်သေးတတ်သော ဤစစ်သူကြီးအိမ်တော်မှ ဦးလေးဖြစ်သူကို ခေါ်ထုတ်သွားနိုင်မည် ဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူနှင့်လည်း အဆက်အသွယ် ဖြတ်တောက်မည်ဟု ဆုံးဖြတ်ထားသည်။

 

သို့သော် သူ အချစ်ရဆုံး ဦးလေးဖြစ်သူနှင့် သူ အမုန်းဆုံး ဖခင်ဖြစ်သူတို့ လိင်ဆက်ဆံနေကြသည်ကို သူ မတော်တဆ မြင်တွေ့သွားခဲ့သည်။ ထို့အပြင် ဦးလေးဖြစ်သူ၏ လျှို့ဝှက်ချက်ကိုပါ သူ သိရှိသွားခဲ့လေသည်...

 

CP အတည်ပြုချက် - စစ်သူကြီး (Top) x ဦးလေး (Bottom)

 

Bottom က ဒွိလိင် (Intersex) ဖြစ်ပါ။ နို့ထွက်တယ်။ ကလေးမွေးနိုင်တယ်။ ဇာတ်လမ်းကတော့ ဒရမ်မာခပ်ချိုးချိုးပဲ။

 

====

 

ဖြည့်စွက်ချက်။ ။ ဒီအညွှန်းက လူကို ဂျင်းထည့်တာနော်! အစက NTR လို့ ထင်ခဲ့ပေမယ့် တကယ်တော့ မဟုတ်ပါဘူး! 1v1 ပါ! အဖေက Top ပါ! အဖေက Top ပါ! အဖေက Top ပါ! မှားပြီးတော့ ကိုယ်စီးတဲ့ သင်္ဘောမလွဲကြနဲ့ဦး!

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset