⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 1

World 1 ကြယ်တာယာခေတ်

【World 1 】 ကြယ်တာရာခေတ်

Chapter 1

 

မာကျောပေမယ့် ထိတွေ့ရတာ နူးညံ့ချောမွေ့နေတဲ့ ဥခွံကို ကိုင်တွယ်ရင်း ယွီရှူးနင်သည် ဂျယ်လီလို အရည်တွေထဲ စိမ်နေကာ အားမလိုအားမရဖြင့် ပူဖောင်းလေးတွေ မှုတ်ထုတ်နေ၏။

 

【ငါ့ရဲ့ cheat system ကို ဘယ်တော့မှ တပ်ဆင်ပေးမှာလဲ】

 

အခုအချိန်မှာတော့ ယွီရှူးနင်က မပေါက်သေးတဲ့ ရေသူလေးတစ်ကောင်သာ ဖြစ်သည်။ ဗီလိန်ကို ကယ်တင်ဖို့နေနေသာသာ ဥခွံထဲကတောင် မထွက်နိုင်သေးပေ။

 

System 520 – 【လက်ရှိ လုပ်ဆောင်မှုက ၉၅% ရှိနေပါပြီ】

 

ယွီရှူးနင်က ဥခွံကို အားကုန်သုံးပြီး ထိုးကြိတ်လိုက်ပေမယ့် သူ့လက်လေး နီရဲပြီး အရည်ကြည်ဖုတွေ ထွက်လာတာကလွဲရင် ဥခွံကတော့ ဘာမှဖြစ်မသွားချေ။

 

【ဘာလို့ ကိုယ့်ဘာသာ ထွက်လို့ မရတာလဲ】

 သူက စိတ်ပျက်လက်ပျက် မေးလိုက်သည်။

 

System 520 – 【Host က ဒီကမ္ဘာမှာ နောက်ဆုံးကျန်ရစ်တဲ့ ရေသူဥလေး ဖြစ်ပါတယ်။ မွေးရာပါ အားနည်းချက်တွေကြောင့် ကိုယ်တိုင် အပြင်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး】

 

ယွီရှူးနင်က ဝမ်းသာအားရနဲ့ အော်ပြောလိုက်၏။

【ဒါဆို ငါက တော်တော် တန်ဖိုးကြီးတာပေါ့! ဟုတ်လား】

 

သူက တစ်ကောင်တည်းသော ရေသူလေးဖြစ်တဲ့အတွက် ဗီလိန်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး သူ မစ်ရှင်လုပ်ရတာကို ပိုလွယ်ကူသွားစေဖို့ မျှော်လင့်နေ၏။

 

System 520 – [ရွှေလက်ချောင်းတပ်ဆင်မှု ၁၀၀%၊ [SS-အဆင့် စိတ်စွမ်းအား] ကို တပ်ဆင်ပြီးပါပြီ]

 

စနစ်ရဲ့အသံ အဆုံးမှာပဲ ယွီရှူးနင်ဟာ အရင်က ပင်ပန်းနွမ်းနယ်နေတဲ့စိတ်တွေ ရုတ်တရက် ကြည်လင်သွားပြီး ခန္ဓာကိုယ်ကပါ ပိုပြီး အားအင်တွေ ပြည့်ဝလာသလို ခံစားလိုက်ရသည်။

 

သူ့မှာ ဥခွံကို ဖောက်မြင်နိုင်တဲ့ စွမ်းအားတစ်ခု ရလာတာကို သူ သိလိုက်ရ၏။

 

ယွီရှူးနင်က ရေသူဥရဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ သူ့ကို မှန်ပြတင်းပေါက်တွေပါတဲ့ ဓာတ်ခွဲခန်းတစ်ခုထဲက သားဖောက်စက်တစ်ခုထဲမှာ ထည့်ထားတာဖြစ်ပြီး အပြင်ဘက်မှာတော့ သူ့ကို စောင့်ကြည့်နေတဲ့သူ တစ်ယောက်မှ မရှိပေ။

 

[စနစ်… စိတ်စွမ်းအားက ဘာအတွက် သုံးရတာလဲ]

ယွီရှူးနင်က စူးစမ်းချင်စိတ်နဲ့ မေးလိုက်သည်။

 

System 520 – [Host ကိုယ်တိုင်ပဲ စူးစမ်းကြည့်လိုက်ပါ]

 

ယွီရှူးနင်က သက်ပြင်းချလိုက်၏။

[အိုကေလေ]

 

ရုတ်တရက် သူ့အရေပြားပေါ်မှာ တရွရွနဲ့ ယားကျိကျိဖြစ်လာပြီး တစ်စုံတစ်ယောက်ရဲ့ အထိအတွေ့နဲ့ အနမ်းတွေကို လိုလားတောင့်တလာသည်။

 

“အ့…”

 

ယွီရှူးနင်သည် သူ့ရဲ့ငါးအမြီးလေးကို ဖက်ပြီး ပွတ်သပ်နေပေမယ့် ဘာမှ မထူးခြားလာချေ။ ငါးတစ်ကောင်လုံး ဥခွံထဲမှာ နာကျင်စွာနဲ့ လူးလှိမ့်နေတော့သည်။

 

[စနစ်… ဒါက ဘယ်လို အားနည်းချက်ကြီးလဲ။ အရမ်း ထူးဆန်းတာပဲ…]

 

ကူးပြောင်းလာတဲ့ ကမ္ဘာထဲကို ဝင်ရောက်လာကတည်းက စနစ်က ယွီရှူးနင်ကို ကမ္ဘာတိုင်းမှာ cheat စွမ်းရည်တစ်ခု ပေးမယ့်အကြောင်းနဲ့ အားနည်းချက်တစ်ခုလည်း ရှိနေမယ့်အကြောင်း ပြောပြထားပြီး ဖြစ်သည်။ ယွီရှူးနင်က အပေးအယူသဘောတရားကို နားလည်ပေမယ့် သူ့ရဲ့ ပထမဆုံးကမ္ဘာက ဒီလောက်တောင် သက်တောင့်သက်သာ မရှိဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

 

System 520 – [ချို့ယွင်းချက် [အထိအတွေ့ငတ်မွတ်ခြင်း ရောဂါ] ]

 

ယွီရှူးနင်က ထူးဆန်းတဲ့ ယားယံမှုကို သည်းခံရင်း….

 [ငါ ဘာလုပ်ရမလဲ။ ငါက မမွေးသေးဘူးလေ၊ ဘယ်သူက ငါ့ကို လာထိပေးမှာလဲ]

 

System 520 – [Host, ဗီလိန်ရဲ့ တည်နေရာကို အမြန်ဆုံး ရှာဖွေပါ။ သူ့ရဲ့စိတ်စွမ်းအားကသာ SS အဆင့် စိတ်စွမ်းအားရှိတဲ့ ရေသူလေးကို မွေးဖွားလာအောင် ကူညီပေးနိုင်ပါလိမ့်မယ်]

 

ယွီရှူးနင် – [ဗီလိန်ကရော ဒီဓာတ်ခွဲခန်းထဲမှာပဲ ရှိနေတာလား]

 

စနစ်က ဘာမှ ပြန်မဖြေချေ။ စနစ်က အများကြီး ပြောခွင့်မရှိဘူးဆိုတာကို ယွီရှူးနင် ခန့်မှန်းမိလိုက်ပေမယ့် စောစောက သတိပေးချက်အရ ဗီလိန်က ဒီအနီးအနားမှာ ရှိနေတာ သေချာသည်။

 

စောစောက အပြင်လောကကို စူးစမ်းဖို့ စိတ်စွမ်းအားနည်းနည်းပဲ သုံးခဲ့ပေမယ့် အခုတော့ အပြည့်အဝ ထုတ်လွှတ်လိုက်၏။ ရေလို နူးညံ့တဲ့ သူ့ရဲ့ စိတ်စွမ်းအားတွေက အရပ်မျက်နှာ အနှံ့အပြားကို ဖြည်းဖြည်းချင်း ပျံ့နှံ့သွားပေမယ့် လုံခြုံရေး တင်းကျပ်လွန်းတဲ့ ဓာတ်ခွဲခန်းတစ်ခုကို ထိမိတဲ့အခါမှာတော့ ဆက်ပြီး ထိုးဖောက်ဝင်ရောက်လို့ မရတော့ပေ။

 

[ဒီနေရာပဲ ဖြစ်ရမယ်!]

 

“ထူးဆန်းတဲ့ နေရာတစ်ခုပဲ”

 

ယွီရှူးနင်က စမ်းတဝါးဝါးနဲ့ ပြောလိုက်သည်။ စနစ်က ဘာမှ ဝင်မပြောပေမယ့် မှားတယ်လို့လည်း မဆိုချေ။ သူ ရှာတဲ့နေရာ မမှားဘူးဆိုတာ သေချာသွားတဲ့အတွက် သူ သက်သာရာရသွား၏။

 

ပြဿနာက သူဟာ ဥတစ်လုံးသာ ဖြစ်နေသေးခြင်းဖြစ်သည်။ လုံခြုံရေးအစောင့်အကြပ်တွေ အားလုံးကို ကျော်ဖြတ်ပြီး ဗီလိန်ဆီကို ဘယ်လိုလုပ် ရောက်အောင် သွားရမှာလဲ?

 

ထိုအချိန်မှာပဲ စနစ်က ထပ်ပြီး သတိပေးလာသည်။

[မင်းရဲ့ စိတ်စွမ်းအားကို မင်းကိုယ်တိုင် စူးစမ်းကြည့်ပါ]

 

ယွီရှူးနင် မျက်လုံးတွေ အရောင်လက်သွားသည်။ သူ့ရဲ့ စိတ်စွမ်းအားကို သုံးလို့ရတယ်လို့ စနစ်က အရိပ်အမြွက်ပြနေခြင်းဖြစ်သည်။ ခန္ဓာကိုယ်ထဲက ပူလောင်နေတဲ့ ခံစားချက်ကို သည်းခံရင်း စိတ်စွမ်းအားနဲ့ တံခါးကို ဖွင့်ဖို့ စမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ တွေးလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်စွမ်းအားတွေက မျက်စိနဲ့ မမြင်နိုင်တဲ့ အင်အားတစ်ခုအဖြစ် စုစည်းသွားပြီး တံခါးက ‘ကလစ်’ ခနဲ ပွင့်သွားလေ၏။

 

ဒါက ရေသူဥထားတဲ့ နေရာမှာ လုံခြုံရေး လျော့ရဲနေတာနဲ့လည်း သက်ဆိုင်နေသည်။ ဒီဥလေးကို ဒီနေရာမှာ သိမ်းဆည်းထားတာ နှစ်တစ်ရာကျော်နေပြီဖြစ်ပြီး သက်ရှိလက္ခဏာ အားပျော့ပျော့လေး ပြနေတာကလွဲရင် တခြားဘာတုံ့ပြန်မှုမှ မရှိတဲ့အတွက် လူတိုင်းက သူ့ကို လုံးဝ မေ့လျော့နေကြပြီ ဖြစ်သည်။

 

ဘယ်သူမှ မရှိတဲ့အချိန်မှာ လုံးဝန်းပြီး ချောမွေ့ဖြူဖွေးနေတဲ့ ရေသူဥလေးက တံခါးပေါက်ကနေ လွင့်ထွက်သွားသည်။ စနစ်ရဲ့ လမ်းညွှန်ချက်ဖြင့် စောင့်ကြည့်ကင်မရာတွေကို စိတ်စွမ်းအားနဲ့ ဖုံးကွယ်ထားရင်း အပြင်ဘက်က လှုပ်ရှားမှုတွေကို ယွီရှူးနင်က စောင့်ကြည့်နေ၏။

 

[ဒါ မိုက်လှချည်လား! ဒီစိတ်စွမ်းအားက တကယ့်ကို cheat ကြီးပဲ!]

 

ယွီရှူးနင်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

 

[ဒါကြောင့်လည်း cheat လို့ ခေါ်တာကိုး၊ စွမ်းလိုက်တာ! ဒါဆို ဒီကမ္ဘာက လူတွေက ဘယ်သူမှ မသိအောင် သူတို့ရဲ့ စိတ်စွမ်းအားကို သုံးလို့ရတယ်ပေါ့ ဟုတ်လား]

 

System 520 ရဲ့ စက်ရုပ်သံက စည်းစနစ်ကျစွာ ထွက်ပေါ်လာသည်။

 

[SS အဆင့် စိတ်စွမ်းအားကသာ ဒြပ်ရှိအဖြစ် ပြောင်းလဲနိုင်တာပါ]

 

[စကားမစပ်… မူလဇာတ်ကြောင်းအရဆိုရင် ဒီကမ္ဘာမှာ အမြင့်ဆုံး စိတ်စွမ်းအားက S အဆင့်ထိပဲ ရှိပြီး ကြယ်တာရာတစ်ခုလုံးမှာမှ အဲဒီအဆင့်ရှိတဲ့သူက ၁၀ ယောက်တောင် မပြည့်ဘူး။ ရွေးချယ်ခံရသူကသာ် စွမ်းအားတွေ နိုးထလာပြီး တစ်ယောက်တည်းသော SS အဆင့် စိတ်စွမ်းအားပိုင်ရှင် ဖြစ်လာခဲ့တာ။ အခုတော့ ငါးတစ်ကောင် ထပ်တိုးလာတာပေါ့!]

 

ရုတ်တရက် အဝေးကနေ ခြေသံတွေ ထွက်ပေါ်လာသည်။ ယွီရှူးနင်က ပြာပြာသလဲ ပုန်းဖို့ ကြိုးစားပေမယ့် ဒီလောက်ကြီးမားတဲ့ ဥကြီးနဲ့ ပတ်ဝန်းကျင်မှာ ရှင်းလင်းနေတဲ့ စင်္ကြံလမ်းပဲ ရှိနေတာကြောင့် အမြင်မခံရအောင် ပုန်းဖို့ဆိုတာ မဖြစ်နိုင်ပေ။

 

လာနေတဲ့သူတွေက သူ့ကို ဝင်တိုက်မိတော့မယ့်ဆဲဆဲမှာပဲ ယွီရှူးနင်က ဗီဇအရ သူ့ရဲ့ စိတ်စွမ်းအားတွေကို သုံးပြီး သူ့ဥကို ထူထူထဲထဲ ဖုံးအုပ်လိုက်တဲ့အခါ သုတေသီတွေက သူ့ကို လုံးဝ မမြင်ရသလိုမျိုး ဖြတ်လျှောက်သွားကြတာကို အံ့သြစွာနဲ့ တွေ့လိုက်ရသည်။

 

[သီသီလေးပဲ… ငါ တော်တော် ဉာဏ်ကောင်းတာပဲ!]

 

ယွီရှူးနင်က ယုံကြည်မှုတွေ အပြည့်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓာတ်ခွဲခန်းဆီကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပျံသန်းသွားလေတော့သည်။

 

ထပ်ခါတလဲလဲ ချထားတဲ့ အစောင့်အကြပ်တွေကို ကျော်ဖြတ်ပြီး ယွီရှူးနင်က သုတေသီတစ်ယောက်ရဲ့ နောက်ကနေ ဓာတ်ခွဲခန်းထဲကို လိုက်ဝင်သွားသည်။ သူ့ရဲ့ အတွင်းစိတ်က ဂနာမငြိမ်ဖြစ်နေမှုတွေကို သက်သာသွားစေတဲ့ သက်တောင့်သက်သာရှိလှတဲ့ အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပေမယ့် အထိအတွေ့ကို လိုလားနေတဲ့ စိတ်ကတော့ ရှိနေဆဲပင်။

 

ယွီရှူးနင်က နှုတ်ခမ်းကို ကိုက်ထားရင်း သူ့ခန္ဓာကိုယ်ကို လက်သည်းနဲ့ ကုတ်ခြစ်လိုက်ရာ ဖြူဖွေးနေတဲ့ အသားအရေပေါ်မှာ လက်သည်းရာတွေ ထင်သွားလေ၏။

 

ဓာတ်ခွဲခန်းထဲမှာ နောက်ထပ် ပိတ်လှောင်ထားတဲ့ အခန်းတစ်ခန်း ရှိနေပြီး အဲဒီအခန်းမှာ စောင့်ကြည့်ကင်မရာတွေ၊ မှန်ပြတင်းပေါက်တွေ မရှိဘဲ အပြင်ဘက်မှာ အသံတိတ် စောင့်ကြပ်နေတဲ့ အစောင့်တွေသာ ရှိသည်။ ရိုးရိုးရှင်းရှင်း အစားအစာနဲ့ ရေသာ တင်ထားသည့် ဗန်းကို ကိုင်ဆောင်ထားတဲ့ သုတေသီက တံခါးကို ခေါက်လိုက်သည်။

 

တံခါးက အလိုအလျောက် ပွင့်သွားပြီး ယွီရှူးနင်လည်း အမြန်ဝင်သွားလိုက်သည်။ အေးမြပြီး သက်တောင့်သက်သာရှိတဲ့ ခံစားချက်က ပိုပြီး သိသာလာတာကြောင့် သူ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

 

“ဗိုလ်ချုပ်ယင်… ဒါက ဒီနေ့အတွက် အစားအစာပါ”

 

သုတေသီရဲ့ အသံထဲမှာ မသိမသာ ထိတ်လန့်ကြောက်ရွံ့နေတဲ့ အရိပ်အယောင်တွေ ပါဝင်နေသည်။

 

ဘာကြောင့်ရယ်မသိ၊ ပုံမှန် အစားအစာ လာပို့သည့်အချိန်များတွင် ထိုလူက ဘာခံစားချက်မှမရှိဘဲ ထိုင်နေတတ်ပြီး သူ့ကို တစ်ချက်လေးပင် လှည့်မကြည့်တတ်ချေ။ ဒီနေ့တော့ ထိုသူက  သူ့ခြေထောက်နားကို တည့်တည့်ကြီး စိုက်ကြည့်နေပါလား။

 

ယင်ဝူဝမ်က မျက်ခုံးတစ်ဖက်ကို ဖြည်းဖြည်းချင်း ပင့်လိုက်သည်။ သူ့ရဲ့ အကြည့်တွေက အစာဝနေတဲ့ သားရဲတစ်ကောင်လို ပျင်းရိပျင်းတွဲနဲ့ ထိုလူကို အကဲခတ်နေသည်။ သူ စိတ်မဝင်စားဘူးဆိုတာ သိနေပေမယ့်လည်း ကြောက်ရွံ့မှုကိုတော့ မတားဆီးနိုင်ပေ။

 

“ကျေးဇူးပဲ”

 

အမျိုးသားရဲ့ အသံက နက်ရှိုင်းပြီး ဩဇာပါလှကာ ကြားရသူကို ယားကျိကျိတောင် ဖြစ်သွားစေသည်။

 

သုတေသီက ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပစ္စည်းတွေကို ချထားခဲ့ပြီး ထွက်သွားလေ၏။ အခန်းထဲက အထွက်မှာ သက်ပြင်းရှည်ကြီး ချလိုက်တဲ့ အသံကိုတောင် ယွီရှူးနင် ကြားလိုက်ရသေးသည်။

 

ယွီရှူးနင်က အဲဒီလူ ဘာကြောင့် ဒီလိုမျိုး ပြုမူနေရတာလဲဆိုတာကို နားမလည်ပေ။ ဘယ်သူကမှရော ဘယ်ကင်မရာကမှပါ သူ့ကို မသိနိုင်တဲ့အတွက် ရဲတင်းစွာနဲ့ပဲ လျှောက်သွားလိုက်သည်။

 

သူ့ကို သက်တောင့်သက်သာ ဖြစ်စေတာက သူ့ရှေ့က လူဆီကနေ ထွက်ပေါ်နေတဲ့ အစွမ်းထက်တဲ့ အငွေ့အသက်တွေကြောင့်ပင်။

 

အဲ့ဒါ ဗီလိန်ပဲ မဟုတ်လား?

ယွီရှူးနင်က သူ့ရဲ့ စိတ်စွမ်းအားကို သုံးပြီး ထိုသူကို ပေါ်တင်ကြီး အကဲခတ်လိုက်သည်။

 

အရပ်ရှည်ရှည်၊ အနက်ရောင် ဝတ်စုံနဲ့ အမျိုးသားက ဆိုဖာပေါ်မှာ ပျင်းရိပျင်းတွဲ ထိုင်နေ၏။ သပ်ရပ်နေတဲ့ ဆံပင်တိုတိုတွေက သူ့ရဲ့ စူးရှလွန်းတဲ့ မျက်နှာပေါက်ကို ပိုမိုပေါ်လွင်စေပေမယ့် ယဉ်ကျေးပျူငှာတဲ့ သူ့ပုံစံက ချဉ်းကပ်ရ လွယ်ကူမယ့်ပုံ ပေါက်နေသည်။ ထိုင်နေတာတောင်မှ သူ့ဆီကနေ ငြင်းဆန်လို့မရတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေပြီး နှုတ်ခမ်းထောင့်က အပြုံးရေးရေးလေးက သူ့ကို ပိုပြီး သက်တောင့်သက်သာ ရှိနေပုံ ပေါက်စေသည်။

 

ယွီရှူးနင်က ဗီလိန်နဲ့ နီးနီးကပ်ကပ် နေချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ထိုသူ့ဆီကို မပျံသန်းသွားဘဲ မနေနိုင်တော့ပေ။

 

သူ အောင်မြင်တော့မယ့်ဆဲဆဲမှာပဲ ရှည်လျားပြီး သန်မာတဲ့ လက်ချောင်းတစ်ချောင်းက ချောမွေ့နေတဲ့ ဥခွံကို လာဖိလေ၏။

 

“ရေသူဥလား”

အမျိုးသားက သူ့ကို စိတ်ဝင်တစားနဲ့ ငုံ့ကြည့်လာသည်။

“မင်းက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”

 

[စနစ်! သူ ငါ့ကို မြင်ရတယ်!]

 

ယွီရှူးနင်က ပြာပြာသလဲနဲ့ စနစ်ကို ရှာလိုက်သည်။

 

System 520 ရဲ့ ခံစားချက်ကင်းမဲ့တဲ့ စက်သံထဲမှာ အထင်သေးတဲ့ အရိပ်အယောင်လေး ပါနေတာကို သူ သတိထားမိလိုက်သည်။

 

[ဒါက ရွေးချယ်ခံရသူလေ၊ သူက ဗီလိန်ဖြစ်သွားပြီး မကောင်းဆိုးဝါး ဖြစ်သွားရင်တောင်မှ ရွေးချယ်ခံရသူ ဖြစ်နေတုန်းပဲ]

 

ယွီရှူးနင် စိတ်တည်ငြိမ်သွားပြီး ဗီလိန်ရဲ့ အထိအတွေ့လေးကိုတောင် သဘောကျနေကာ နောက်ထပ် လိုချင်သေးတဲ့ အသံလေး ထွက်လာပြီး ဥတစ်လုံးလုံးကို ထိုအမျိုးသားရဲ့ ရင်ခွင်ထဲ အရှက်မရှိ တိုးဝင်သွားလေတော့သည်။

 

ရေသူဥက သုံးနှစ်အရွယ် လူသားကလေးငယ် တစ်ယောက်စာလောက် ရှိသည်။ ယင်ဝူဝမ်က ဥကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားပြီး သူ့ရဲ့ လက်ဖဝါးကြီးက ဥခွံကို ဖိထားရာ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိတဲ့ ဥက သူ့လက်ဖဝါးကို ပွတ်သီးပွတ်သပ် လာလုပ်နေတာကို ခံစားနေရသည်။

 

[အင်း… သက်တောင့်သက်သာ ရှိလိုက်တာ…]

ယွီရှူးနင်က ဥခွံထဲမှာ ပျော်ရွှင်စွာနဲ့ လည်ပတ်နေ၏။

 

ဥခွံကို ဖြတ်ပြီး ခံစားရတာတောင်မှ ဗီလိန်ရဲ့ လက်အထိအတွေ့က ယွီရှူးနင်ရဲ့ မသက်မသာ ဖြစ်နေတာတွေကို အများကြီး သက်သာသွားစေပြီး လောဘတကြီးနဲ့ ပိုလိုချင်လာအောင် လုပ်နေသလိုပင်။

 

ဒီအတွေး သူ့ခေါင်းထဲ ဝင်လာတာနဲ့ တစ်ပြိုင်နက် ‘ဂျွတ်’ ခနဲ အသံနဲ့အတူ သူ ဘယ်လောက်ပဲ ထိုးကြိတ်ပုတ်ခတ်နေပါစေ လုံးဝ မလှုပ်မယှက် ဖြစ်နေတဲ့ ဥခွံက ကွဲအက်သွားလေ၏။

 

ယင်ဝူဝမ်က သူ့ကို လာကြံစည်နေတဲ့ ရေသူဥကို အေးစက်စက် ကြည့်လိုက်သည်။ အဲဒီဥက အနှစ်တစ်ရာကျော်လုံးလုံး လုံးဝ မလှုပ်မယှက်ဖြစ်နေခဲ့တာကို အခုတော့ ဘယ်သူမှ မသိအောင် ဒီကို ပျံလာနိုင်ရုံသာမက အထိခံလိုက်ရတာနဲ့ ကွဲကြေသွားလေပြီ။

 

[ငါ ထွက်လို့ရပြီ!]

 

ယွီရှူးနင်က သူ့အမြီးလေးကို ပျော်ရွှင်စွာ ရမ်းလိုက်ပြီး အက်ကွဲကြောင်းကို ကျယ်သွားအောင် ကျယ်လောင်တဲ့ အသံနဲ့ ရိုက်ချလိုက်ပြီး သူ ထွက်လို့ရမယ့် အပေါက်တစ်ခု ဖြစ်လာအောင် သူ့လက်သီးလေးတွေနဲ့ ထုနှက်လိုက်သည်။

 

ယင်ဝူဝမ်က အက်ကွဲကြောင်းထဲကနေ ငွေရောင်သန်းနေတဲ့ အလင်းတန်းတစ်ခု လင်းလက်သွားတာကို မြင်လိုက်ရပြီး အဲဒီနောက်မှာ ဖြူဖွေးနူးညံ့တဲ့ လက်လေးတစ်ဖက် ထွက်လာကာ ချက်ချင်း ပြန်ဝင်သွားပြီး ဥခွံကို ထုနှက်နေတာကို မြင်လိုက်ရသည်။

 

တောက်ပြောင်နေတဲ့ ဆံပင်နက်နက်တချို့က အက်ကွဲကြောင်းထဲကနေ ကျွံထွက်လာပြီး ဥခွံက ဘယ်ညာ ယိမ်းထိုးနေ၏။၎င်းမှာ အထဲက သတ္တဝါလေးရဲ့ တက်ကြွလှုပ်ရှားနေမှုကို ပြသနေသည်။

 

ထို့နောက် ကျယ်လာသော အပေါက်ထဲမှ ခေါင်းလုံးလုံးလေးတစ်ခု ရုတ်တရက် ပြူထွက်လာ၏။ ဟန်ချက်မညီတော့သော ရေသူဥလေး လိမ့်ကျသွားသည်နှင့်တစ်ပြိုင်နက် မွေးကင်းစ ရေသူလေးသည် အမျိုးသား၏ ရင်ခွင်ထဲသို့ ဖွဖွလေး ပြုတ်ကျသွားလေ၏။

 

သိပ်ကို လှပတဲ့ ရေသူလေးတစ်ကောင် — ဒါက ယင်ဝူဝမ်ရဲ့ ပထမဆုံး အမြင်ပင်။

 

သူ့ရဲ့ ငွေရောင်သန်းနေတဲ့ အမြီးလေးက ပုလဲရောင်လို တောက်ပနေပြီး အမြီးဖျားလေးက အပြာနုရောင် သန်းနေသည်။ အကြေးခွံတစ်ခုစီတိုင်းက ညီညာလှပစွာ စီတန်းနေပြီး ဖြူစင်ကြည်လင်တဲ့ ဆူးတောင်နှစ်ခုက အပေါ်မှာ ဝဲပျံနေသည်။ သူ့ရဲ့ နှင်းလိုဖြူဖွေးပြီး နူးညံ့တဲ့ အသားအရေက ညှစ်လိုက်ရင် ရေတောင် ထွက်လာနိုင်မလားလို့ ထင်ရလောက်အောင် နုနယ်လှသည်။

 

ခေါင်းဆောင့်မိသွားတဲ့ နာကျင်မှုကြောင့် သူ့နဖူးပေါ်မှာ အနီရောင် အမှတ်လေးတစ်ခု ပေါ်လာပြီး သူ့ရဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေထဲမှာ မျက်ရည်တွေ ဝဲတက်လာသည်။ ပန်းပွင့်ဖတ်လို နီရဲနေတဲ့ နှုတ်ခမ်းလေးတွေက အနည်းငယ် ဟဟလေး ဖြစ်နေ၏။ သူ့ပုံစံက သိပ်ကို သနားစရာ ကောင်းနေသည်။

 

ကံဆိုးစွာနဲ့ပဲ ယင်ဝူဝမ်က သာမန်လူ မဟုတ်ပေ။ သူက ရေသူလေးကို ဂျိုင်းအောက်ကနေ လက်နှစ်ဖက်သွင်းပြီး မ.တင်၍ အနီးကပ် အကဲခတ်လိုက်သည်။ သူ့ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းတွေ အနည်းငယ် ပွင့်ဟသွား၏။

 

“သိပ်ချစ်ဖို့ကောင်းတဲ့ ရေသူလေးပဲ။ ငါ့လက်တစ်ဖက်တည်းနဲ့တောင် ညှစ်သတ်ပစ်လို့ ရလောက်တယ် မဟုတ်လား”

 

ယွီရှူးနင် – ???

 

သူ့သူငယ်အိမ်တွေ ထိတ်လန့်မှုကြောင့် ကျယ်သွားခဲ့၏။

 

[မေမေရေ… ဒီမှာ စောက်ရူးကြီးဗျ!]

 

“ဖူး!”

 

ရေသူလေးရဲ့ အမြီးက ထိတ်လန့်တကြားနဲ့ အမျိုးသားရဲ့ လက်မောင်းကို ရိုက်ချလိုက်သည်။ စောစောလေးတင်က သူသည် ဗီလိန်ကို ဖက်တွယ်ပြီး ချွဲနွဲ့ဖို့ တွေးနေခဲ့တာ ဖြစ်ပေမယ့် အခုတော့ ဒီကြောက်စရာကောင်းတဲ့ လူဆီကနေ ထွက်ပြေးဖို့ကိုပဲ တစ်ဝဲလည်လည် တွေးနေမိတော့သည်။

 

“အို… မင်းက လူစကားကို နားလည်တယ်ပေါ့လေ။ တော်တော် ဉာဏ်ကောင်းတဲ့ ရေသူလေးပဲ”

 

ရေသူဥကို အနားအကပ်မခံခဲ့သည့် ထိုအမျိုးသားမှာ အခုတော့ အပြုံးကို မနည်းထိန်းထားရလေသည်။ သူက ရေသူလေးကို လက်ထဲတွင် မြဲမြံစွာ ကိုင်ထားရင်း ရင်ခွင်ထဲသို့ပါ ဆွဲသွင်းလိုက်၏။ ပြီးတော့မှ နူးညံ့လှသည့် ပါးပြင်လေးကို အသည်းယားစရာ ဆွဲညှစ်လိုက်ပြီး ထိုမှတစ်ဆင့် အမြီးဖျားလေးအထိ တောက်လျှောက် ပွတ်သပ်ဆင်းသွားလေတော့သည်။

 

လုံးဝ မျှော်လင့်ချက် မဲ့သွားပြီဖြစ်တဲ့ ယွီရှူးနင်လေးမှာ ဒီမိစ္ဆာကောင်ရဲ့ ပွတ်သပ်နယ်ဖတ်ခြင်းကို အပြည့်အဝ ခံလိုက်ရလေတော့သည်။ သူ့ရဲ့ အထိအတွေ့ငတ်မွတ်မှုက သက်သာသွားပေမယ့် သူ့အနာဂတ်ကတော့ မှောင်မိုက်နေပြီလို့ ခံစားလိုက်ရသည်။

 

[ငါ ဒီဗီလိန်ကို ဆက်မကယ်တင်ဘဲ နေလို့ ရမလား။ သူက ငါးတစ်ကောင်ကို အနိုင်ကျင့်နေတာလေ ဝူး ဝူး…]

 

ယွီရှူးနင်က သူ့အရေပြားပေါ်မှာ ကြက်သီးတွေ ထလာတာကို ခံစားလိုက်ရသည်။ ရေသူတွေမှာ အဲဒီလိုမျိုး မရှိပေမယ့် သူ့ခန္ဓာကိုယ်က အရာအားလုံးက ထူးဆန်းနေသလို ခံစားရသည်။ အထူးသဖြင့် သူ့အမြီးကို အထိခံလိုက်ရတဲ့ အချိန်မှာ ပိုဆိုးသည်။

 

System 520 – […မရဘူး]

 

ငါးလေးကို ပွတ်သပ်ပြီးတဲ့နောက် လန်းဆန်းသွားပုံရတဲ့ ယင်ဝူဝမ်က ရေသူလေးရဲ့ အမြီးကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း ကျန်တဲ့ လက်တစ်ဖက်ဖြင့် မေးစေ့ကို ဆွဲညှစ်ကာ အနီးကပ် အကဲခတ်နေသည်။

 

“ပြောစမ်း… မင်း ဒီကို ဘယ်လို ရောက်လာတာလဲ”

 

“ဖူး…”

 

ယွီရှူးနင်က ခံစားချက်ကင်းမဲ့စွာနဲ့ ပူဖောင်းတစ်လုံး မှုတ်ထုတ်လိုက်သည်။

 

ဟွန့်… မပြောချင်လို့ မဟုတ်ပါဘူး၊ သူက စကားမှ မပြောတတ်သေးတာကို။

 

ရေသူတွေက ဘာသာစကားပိုင်းမှာ အံ့မခန်း ပါရမီပါကြတယ်ဆိုပေမယ့် မွေးကင်းစ ရေသူလေးကတော့ အသံတုလုပ်တာကလွဲရင် တခြားအသံတွေ မထွက်နိုင်သေးပေ။

 

ယင်ဝူဝမ်က ရေသူလေးရဲ့ လှပတဲ့ ငွေပြာရောင် မျက်လုံးလေးတွေကို စိုက်ကြည့်နေလိုက်သည်။ အညစ်အကြေး ကင်းစင်ပြီး ကြည်လင်နေပေမယ့် အထင်သေးတဲ့ အရိပ်အယောင်လေးတွေ ပါနေတာကို တွေ့လိုက်ရ၏။

 

“ဟက်”

 

ယင်ဝူဝမ်က ရယ်လိုက်သည်။ စိတ်ဝင်စားစရာပဲ၊ ရေသူလေးရဲ့ မျက်နှာအမူအရာတွေက အရမ်းကို စုံလင်လွန်းနေတယ်။ သူက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏။

 

“စကားမပြောဘူးပေါ့လေ… ဒါဆို မင်းက အသုံးမကျတဲ့ ငါးတစ်ကောင်ပဲ ဖြစ်ရမယ်။ မင်းကို ပြုတ်စားလိုက်ရမလား… အင်း… ဒီအလေးချိန်နဲ့ဆိုရင် သုံးရက်လောက်တော့ စားလို့ရလောက်တယ်”

 

ယွီရှူးနင်ရဲ့မျက်လုံးလေးတွေက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ အမျိုးသားရဲ့ လေးနက်နေတဲ့ မျက်နှာထားကို မြင်တော့ သူ့အမြီးကို ကွေးလိုက်ပြီး အမျိုးသားရဲ့ လက်ထဲကနေ ရုန်းထွက်ကာ ဒီမွန်းကြပ်စရာကောင်းတဲ့ ရင်ခွင်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားလေတော့သည်။

 

[စနစ်… သူက တအားကြောက်စရာကောင်းတာပဲ… ငါ သူ့ကို တကယ် ကယ်တင်နိုင်ပါ့မလား… ဝူး ဝူး…]

 

ရေသူလေး အချည်းနှီး ရုန်းကန်နေသည်ကို ယင်ဝူဝမ်က ပြုံး၍သာ ကြည့်နေ၏။ရေသူလေးက နောက်ဆုံးတွင် မောဟိုက်သွားကာ သူ့ကို လာမှီလေသည်။ လုံးဝ အရေးနိမ့်သွားသည့် ထိုပုံစံလေးကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားလေ၏။

 

System 520 – [ရပါတယ်၊ သူ့ကို ပြုံးပြကြည့်လိုက်]

 

ပြုံးပြရမယ်? မအေဘေး… သူက ငါ့ကို စားချင်နေတာလေ!

 

ယွီရှူးနင်က စိတ်ထဲကနေ ကျိန်ဆဲနေပေမယ့်လည်း သူ့လက်လေးကတော့ အမျိုးသားရဲ့ ကော်လာကို ဆုပ်ကိုင်ထားပြီး သူ့အမြီးလေးကတော့ ထိုသူ့ရဲ့ လက်မောင်းကို ဖားယားတဲ့အနေနဲ့ ပွတ်သပ်ပေးနေ၏။

 

သူက တောင်းပန်တိုးလျှိုးတဲ့ မျက်လုံးလေးတွေနဲ့ အမျိုးသားကို မော့ကြည့်လိုက်ပြီး ထို့နောက် ချိုသာကာ ချစ်စရာကောင်းတဲ့ အပြုံးလေးကို ပြုံးပြလိုက်သည်။

 

“ဖူး…”

 

အဲဒီ့နောက်မှာတော့ သူ၏ရှေ့မှလူက သူ့အမြီးဖျားလေးကို ထပ်မံဆုပ်ကိုင်လိုက်သည်ကို မြင်လိုက်ရ၏။ ထိုသူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ ရှိနေသည့်အပြင် သူ့ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်အလား ဖြစ်နေသည့် အရှိန်အဝါများကလည်း သိပ်ကို ပြင်းထန်လွန်းနေ၏။

 

ယွီရှူးနင် တုန်ရီသွားပြီး မျက်ရည်များ ဝဲတက်လာ၏။

 

 [သူ… သူက ပိုလို့တောင် ကြောက်စရာ ကောင်းလာသေးတယ်…]

 

“ဆိုတော့ မင်းက ငါပြောတာကို နားလည်တယ်ပေါ့လေ ဟုတ်လား”

 

ယင်ဝူဝမ်က ရေသူလေး၏ နူးညံ့သည့် ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။

 

“ဘာလို့ ငိုနေတာလဲ… အစားမခံချင်လို့လား”

 

“ဖူး…”

 

ယွီရှူးနင်က ထိုလူ၏ လည်ပင်းကို ဖက်ထားလိုက်၏။ ထို့နောက် သူ၏ ရေသူဆွဲဆောင်မှုကို သုံးကာ ထိုလူ၏စိတ်ထား နူးညံ့သွားစေရန် ကြိုးစားရင်း သူ၏ အေးစက်စက် မျက်နှာလေးကို ထိုသူ၏လည်ပင်း၌ ချွဲနွဲ့စွာ ပွတ်သပ်နေလိုက်သည်။

 

ချစ်စရာကောင်းပြီး ဖက်ထားလို့ကောင်းတဲ့ ရေသူလေးက မင်းကို ဖက်တွယ်ပြီး ချွဲနေတာလေ — ဒါ အမိုက်စား ဆုလာဘ်ကြီးပဲ! နားမလည်ဘူးလား… စောက်ရူးကြီးရဲ့!

 

ယင်ဝူဝမ်က ရေသူလေး၏ ကျောပြင်ကို ပုတ်ပေးလိုက်ပြီး မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ကြည့်လိုက်၏။ ရေသူလေး၏ ရှည်လျားပြီး ထူထဲသည့် မျက်တောင်လေးများမှာ စိုစွတ်ကာ စုကပ်နေသည်။ သူ၏ ငွေပြာရောင် မျက်လုံးလေးများကလည်း စိုစွတ်နေပြီး ငိုတော့မည့်ပုံ ပေါက်နေလေ၏။

 

“မဆိုးပါဘူး… မင်း ငိုနေတာလေးက သိပ်လှတာပဲ”

 

ယင်ဝူဝမ်က ရေသူလေး၏ မေးစေ့ကို လက်ညှိုးဖြင့် ချိတ်လိုက်ပြီး ကြောင်လေးတစ်ကောင်ကို စနေသည့်အလား စနောက်လိုက်သည်။

 

“!!”

 

ယွီရှူးနင်က မျက်စောင်းထိုးလိုက်ပြီး ကျလာတော့မည့် မျက်ရည်များကို အတင်းအောင့်ထားလိုက်၏။

 

ငိုတာ လှတယ်? ငါ မငိုဘူးဟေ့!

 

သို့သော်လည်း မျက်တောင်အစွန်း၌ တွဲခိုနေသော မျက်ရည်ပေါက်လေးက သူ၏ဆန္ဒကို ဆန့်ကျင်ကာ ရေသူလေး၏ ဖြူဖွေးနူးညံ့သော ပါးပြင်ပေါ်မှ လိမ့်ဆင်းလာပြီး မေးစေ့ပေါ်သို့ ကျလာ၏။ မှော်ဆန်စွာပင် ထိုမျက်ရည်ပေါက်လေးက လုံးဝန်းပြီး တောက်ပနေသည့် ပုလဲလုံးလေးအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုပုလဲလေးကို အမျိုးသားက လျင်မြန်စွာပင် ဖမ်းယူလိုက်လေ၏။

 

ယွီရှူးနင်က ပုလဲလုံးလေးကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေမိ၏။

 

သူ့မျက်ရည်က တကယ်ကြီး ပုလဲ ဖြစ်သွားတာလား! ဒါ အရင်းအနှီးမလိုတဲ့ အမိုက်စား စီးပွားရေး လုပ်ငန်းကြီးပဲ မဟုတ်လား!

 

ယင်ဝူဝမ်၏ မျက်လုံးများထဲတွင်လည်း အံ့သြသွားသည့် အရိပ်အယောင်လေးများ ပေါ်လာပြီး အပြစ်အနာအဆာကင်းသော ပုလဲလုံးလေးကို အကဲခတ်နေ၏။ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လှသည့် အရည်အသွေးက အပြင်သို့သာ ရောက်သွားပါက လူတိုင်း အလုအယက် လိုချင်ကြမည့် အမျိုးအစားဖြစ်ကြောင်း ပြသနေသည်။

 

“ရေသူလေး… မင်းက ပုလဲတွေအဖြစ် ငိုချနိုင်တယ်ပေါ့လေ”

 

ယင်ဝူဝမ်က မျက်ခုံးပင့်လိုက်ပြီး ယွီရှူးနင်၏ ပါးလေးကို ဆွဲညှစ်ကာ ပွတ်သပ်လိုက်၏။

 

“ငါ့ကို နောက်တစ်လုံးလောက် ငိုပြပါဦးလား”

 

ဤမျှ ချစ်စရာကောင်းသော ငါးလေးကို ဤကဲ့သို့ ဆက်ဆံမည့်သူ ရှိသည်ဆိုတာကို ယွီရှူးနင် လုံးဝ မယုံနိုင်အောင် ဖြစ်နေ၏။ သူက စိတ်ထဲမှနေ၍ စနစ်ကို အတင်း အနှောင့်အယှက်ပေးနေပြီး ဒီဗီလိန်ကတော့ မလွယ်တော့ဘူး၊ သူ သပိတ်မှောက်ချင်နေပြီဟု ပြောနေလေတော့သည်။

 

System 520 က သူ့ကို စိတ်ရှည်လက်ရှည်ဖြင့် နှစ်သိမ့်ပေးလာ၏။

 

[ကိစ္စမရှိဘူး၊ မင်း အောင်မြင်သွားပြီ]

 

သူ ပုလဲငိုချမည်ကို မျှော်လင့်တကြီး စောင့်စားနေသော ဗီလိန်အား ယွီရှူးနင်က မျက်ရည်ဝဲနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ ဘယ်လိုလုပ်ပြီး အောင်မြင်သွားတာလဲဆိုသည်ကို တွေးတောနေမိ၏။

 

သူတို့နှစ်ယောက် တွေ့ဆုံလိုက်သည့် အချိန်မှစ၍ အပြောင်းအလဲတချို့က တိတ်တဆိတ် ဖြစ်ပေါ်သွားခဲ့ပြီ ဆိုတာကို စနစ်၏ အတွင်းပိုင်း လျှို့ဝှက်ဒေတာများထဲမှ အချက်အလက်တစ်ခုစီတိုင်းက ပြသနေကြောင်းကိုမူ မည်သူကမျှ မသိခဲ့ကြချေ။

 

Chapter 1 ended

 

ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်

ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်

Status: Ongoing Type: Author:
Title - ရူးသွပ်နေသော ဗီလိန်များကို ကယ်တင်ရင်း အမြဲတမ်း အဖာ့ခ်ခံနေရသော ကျွန်တော်   Description     ကူးပြောင်းသွားသည့် ကမ္ဘာကြီးမှာ ပြိုကျပျက်စီးသွားပြီး ပင်မနတ်ဘုရားမှာလည်း ပျောက်ဆုံးသွားလေ၏။ ကမ္ဘာတစ်ခုချင်းစီမှ ရွေးချယ်ခံရသူများမှာ ဖောက်ပြန်ပျက်စီးသွားကြပြီး ရူးသွပ်နေသော ဗီလိန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။   ယွီရှူးနင်သည် system 520 ၏ ရွေးချယ်ခြင်းကို ခံလိုက်ရပြီး ပင်မနတ်ဘုရား ပြန်လည်နိုးထလာစေရန်အတွက် ကမ္ဘာတစ်ခုချင်းစီသို့ သွားရောက်ကာ ထိုရွေးချယ်ခံရသူများကို ကယ်တင်ပေးပြီး ကမ္ဘာကြီး၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရမည်ဖြစ်သည်။   system 520 - [မင်းမှာ ကမ္ဘာတိုင်းအတွက် အလန်းစား cheat စွမ်းရည်တစ်ခုစီ ရှိလိမ့်မယ်]   ယွီရှူးနင် (ပျော်ရွှင်စွာဖြင့်) - "တကယ်လား"   System 520 - [အဲဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ မင်းမှာ ကမ္ဘာတိုင်းအတွက် ချို့ယွင်းချက် တစ်ခုစီလည်း ရှိနေလိမ့်မယ်]   ယွီရှူးနင် (ကြောင်တောင်တောင်ဖြင့်) - "ဟင်..."   ဖြစ်နိုင်ချေရှိသော ချို့ယွင်းချက်များ - အသံပျောက်ခြင်း၊ အထိအတွေ့ငတ်မွတ်ခြင်း ၊ ခြေနှစ်ဖက်စလုံး သွက်ချာပါဒလိုက်ခြင်း၊ မျက်မမြင်ဖြစ်ခြင်း၊ နာကျင်မှုကို အာရုံခံလွယ်ခြင်း၊ သွေးဆာခြင်း...   *****   ယွီရှုးနင်သည် ရွေးချယ်ခံရသူ၏ ရှေ့တွင် ရပ်နေရင်း အကြောက်လွန်ကာ တုန်ယင်နေလေ၏။   "စနစ်... သူ့ကို ကြည့်ရတာ သိပ်ကြောက်စရာကောင်းတာပဲ... ငါ သူ့ကို တကယ် ကယ်တင်နိုင်ပါ့မလား"   System 520 - [ရပါတယ်၊ သူ့ကို ပြုံးပြကြည့်လိုက်]   ယွီရှူးနင်က စကားနားထောင်စွာဖြင့် အလွန်ချိုသာပြီး ချစ်ဖို့ကောင်းသော အပြုံးလေးတစ်ခုကို ပြုံးပြလိုက်သည်။ ထိုအခါ ရွေးချယ်ခံရသူ၏ အငွေ့အသက်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အပြင် ထိုသူ၏ မျက်လုံးများကလည်း သူ့ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်အလား ဖြစ်နေသည်ကိုလည်း မြင်လိုက်ရ၏။   .....QAQ   ယွီရှူးနင်လေးမှာ ဝမ်းနည်းပက်လက် ငိုချလိုက်လေတော့၏။   "သူ... သူက ပိုတောင် ကြောက်စရာကောင်းလာသေးတယ်..."   System 520 က သူ့ကို နှစ်သိမ့်ပေးလာသည်။   [ကိစ္စမရှိဘူး၊ မင်း အောင်မြင်သွားပြီ]   *   ကမ္ဘာအသီးသီးမှ ရွေးချယ်ခံရသူများ၏ လှိမ့်ပိမ့်ဖာ့ခ်ခြင်းကို ခံလိုက်ရသော ယွီရှူးနင်လေးမှာ မျက်ရည်များ ဝဲတက်လာခဲ့သည်။   "ဝူး ဝူး... စနစ် မင်း... မင်းက ကယ်တင်ရမယ့်နည်းလမ်းက ဒါမျိုးကြီးဆိုတာ ငါ့ကို မပြောခဲ့ဘူးလေ..."   သူ၏မျက်ရည်ပေါက်ကြီးများမှာ ကြီးမားလှပြီး ကြည်လင်နေလေ၏။   "ကမ္ဘာတစ်ခုမှာ ရွေးချယ်ခံရတဲ့သူက တစ်ယောက်မကဘူးဆိုတာကိုလည်း မင်း ငါ့ကို မပြောခဲ့ဘူး... ဝူး ဝူး ဝူး..."   System 520 မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။   [မငိုနဲ့တော့၊ ငါ မင်းကို သကြားလုံး ကျွေးမယ်]   ယွီရှူးနင်သည် ရှိုက်ငိုနေရင်း သကြားလုံးကို စားလိုက်သည်။   "စောက်ကျင့်ယုတ်တဲ့ စနစ်... မင်း ငါ့ကို နောက်ထပ် တစ်ခုခု ဖုံးကွယ်ထားဦးမယ်ဆိုရင် မင်းကို ဘယ်တော့မှ စကားမပြောတော့ဘူး"   System 520 - [ဒါအကုန်ပဲ]   မဟုတ်သေးဘူး၊ နောက်ထပ်တစ်ခု ကျန်သေးသည်ဟု system 520က စိတ်ထဲမှ တွေးလိုက်၏။ သူ၏ host လေးက သိပ်ကို ချစ်ဖို့ကောင်းနေတာပဲ။   *****   ★ world 1 - ကြယ်တာရာခေတ် / နောက်ဆုံးကျန်ရစ်သော ရေသူထီးလေး (1v1)   ★ world 2 - မှုခင်းစုံစမ်းရေး / ဆင်ခြေဖုံးက တိုက်အိုကြီးထဲတွင် နေထိုင်သည့် မျက်မမြင် ကောင်လေးတစ်ယောက် (1v2)   ★ world 3 - သားရဲလူသားကမ္ဘာ / နာကျင်မှုကို အာရုံခံလွယ်တာလား၊ သူက နဂိုကတည်းက နာမှာကိုကြောက်တတ်ပါတယ်ဆိုနေမှ (1v3)   ★ world 4 - ရှေးခေတ် / ဒီလူက ဘယ်သူလဲ၊ သူ့သွေးနံ့လေးက သိပ်မွှေးတာပဲ (╹﹃╹ ) (1v1)   ★ world 5 - စင်တီနယ် - Guide / အသံပျောက်သွားလို့ အကူအညီတောင် မတောင်းနိုင်တော့ဘူး (1v2) (ဒီကမ္ဘာက guideverse လိုမျိုးပါပဲ။manhwa ဖတ်တဲ့လူတွေဆို သိလိမ့်မယ်)   ★ world 6 - အဆုံးမဲ့ဂိမ်း / သူ့ရဲ့ညာဘက်နားလေးတော့ လုံးဝကို ဆွံ့အသွားပြီ... (1v2)   ★ world 7 - ဖုန်းယွမ်တိုက်ကြီး / လွန်ခဲ့သော နှစ်တစ်ထောင်ဆီသို့ ပြန်သွားခြင်း   ★ world 8 - extra / ခေတ်သစ်ကမ္ဘာ     ————————   ★ မရေမတွက်နိုင်သော ကိုယ်ပွားများဖြင့် ခွဲထွက်နေသည့် ကုန်း။   ကမ္ဘာတစ်ခုစီတိုင်းမှာ ကုန်းအရေအတွက်က ကွာခြားပါတယ်။ တစ်ယောက်စီတိုင်းက ရူးသွပ်ပြီး စိတ်ထားကောက်ကျစ်နေတဲ့ စောက်ရူးနှာဗူးကောင်တွေချည်းပဲ။   ရှို့ကတော့ သကြားလုံးတစ်လုံးတည်းနဲ့ အလွယ်တကူ သိမ်းသွင်းလို့ရတဲ့ အပြစ်ကင်းစင်တဲ့ အသည်းယားစရာ ကောင်လေးပါ။ နောက်ပြီး ဒွိလိင်ပါ။   ————————   ★ 1v1, high H, Smut, R18   ————————   MC လေးက သိပ်ကို ချစ်ဖို့ကောင်းပြီး အရူးလုပ်ရ သိပ်လွယ်တာ။ တကယ်လို့ ဉာဏ်ကောင်းတဲ့ MC မျိုး ဒါမှမဟုတ် ကြာပန်းနက်မျိုးကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းနဲ့ အဆင်မပြေပါ။ --- WARNING ❗❗❗ SMUT / NSFW ပါ။ 21+ Novel ပါ။ စကားလုံးများ ညစ်ညမ်းရိုင်းစိုင်းပါတယ်။ uke က ဒွိလိင်ပါ။ ကလေးငယ်များဖတ်ရန် လုံးဝ မသင့်တော်ပါ။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset