⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 16+17+18+19+20

Chapter 16+17+18+19+20

 

Chapter 16

August 22, 2025

Arc-1 Chapter-16

လီကျွင်းသည် အသက်မပြည့်သေးသော်လည်း အရပ်ရှည်ကာ အချိုးအစားကျလှလေသည်။ သူ၏ ချောမောသော မျက်နှာထားဖြင့် လူများကို ကြည့်လိုက်သောအခါ သူ့တွင် ပြင်းထန်သော ဖိနှိပ်နိုင်သည့် အော်ရာတစ်မျိုး ရှိနေလေသည်။

လျှိုလီသည် ဒုံးဝေးသော အမျိုးသမီးတစ်ဦးမျှသာဖြစ်လေသည်။ မုန့်ရှောင်ယွဲ့သည် စကားပြောချိုသာကာ ပိန်ပါးကြောင်း သူမ သိသည်။ သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ မုန့်ရှောင်ယွဲ့လိုလူမှာ ဒီလို အားကောင်းသည့် သူငယ်ချင်းရှိနေလိမ့်မည် ဟု၍ပင်။

လီကျွင်းကိုရင်ဆိုင်လိုက်ရသောအခါ သူမ ယုံကြည်မှုများ ပျောက်ဆုံးသွားကာ အပြစ်ရှိသလိုခံစားလာရပြီး ရွက်ရွံ့စွာဖြင့် ယဉ်ကျေးစွာ ပြောလိုက်သည်။

” ရှောင်ယွဲ့ရဲ့အဖေက နေမကောင်းဖြစ်နေလို့ ဆရာဝန်က သူ့ကို ကုသဖို့ ပိုက်ဆံအများကြီးကုန်လိမ့်မယ်၊ ငါလည်း တကယ်မတတ်နိုင်ဘူး…”

လျှိုလီသည် လီကျွင်းအား အားနည်းစွာ ကြည့်လိုက်သည်။

“ခင်ဗျားကို ကျုပ်မေးမိလို့လား?”  လီကျွင်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

လျှိုလီသည် သူ၏ မည်းမှောင်နေသည့် မျက်နှာကြောင့် အံ့အားသင့်သွားကာ မုန့်ကန်း ဘာဖြစ်နေလဲဆိုသည်အား ဆက်ပြောပြရန်ပင် အချိန်အတော်ကြာ တွန့်ဆုတ်သွားခဲ့သည်။

လီကျွင်းသည် သူမ အချိန်ဆွဲနေသည်အား စိတ်မရှည်တော့ပဲ ဖေးလုကို ကျောင်းမှ ဆွဲခေါ်သွားလေတော့သည်။ လျှိုလီသည် သူတို့ ထွက်သွားသည်ကို မြင်သောအခါတွင် သူမသည် လမ်းပေါ်‌တွင် အတောင့်သား ရပ်လျက်ရှိနေလေသည်။

“လမ်း ဖယ်စမ်း”

လီကျွင်းသည် သူ့ရှေ့တွင် ရပ်နေသော လူကို ဆိုးရွားစွာ ကြည့်နေသည်။

လျှိုလီသည် သူမရှေ့တိုးလာမိသည်အား နောင်တရခဲ့သော်လည်း သူမ ဤနေရာသို့ လာရသည်ကို အချည်းနှီးဖြစ်ခွင့်မပြုနိုင်ပေ။ လီကျွင်း၏ အေးစက်သော မျက်လုံးများအောက်တွင် သူမ ညည်းတွားလိုက်သည် ။

” ရှောင်ယွဲ့…. မင်းအဖေ..”

“ခင်ဗျားမှာ အိမ်နှစ်အိမ်နဲ့ အပ်ငွေ ယွမ် ၂၀၀,၀၀၀ ရှိသေးတယ် မဟုတ်လား?”

လီကျွင်းက ရုတ်တရက် ပြောလိုက်သည် ။

လမ်းသွားလမ်းလာ တခြားတစ်ယောက်ယောက်ကပါ လှည့်ကြည့်လိုက်သောအခါ လျှိုလီ ထိတ်လန့်သွားကာ မျက်နှာက ဖြူဖျော့သွားလေသည်။

“အဲဒါ ငါ့ဟာ မဟုတ်ဘူး၊ ငါသုံးလို့မရဘူး… ရှောင်ယွဲ့ရဲ့အဖေ နေမကောင်းဘူး၊ ရှောင်ယွဲ့ သိသင့်တယ်…”

လျှိုလီ၏ မျက်လုံးများသည် လောဘများဖြင့် ပြည့်နေကာ ဖေးလု၏ အဝတ်အစားများကို အပေါ်နှင့်အောက် စကင်န်ဖတ်လိုက်သလို ကြည့်ရင်း ဖေးလု၏ အိတ်ကပ်ထဲရှိ ပိုက်ဆံအားလုံးကို သူမ၏လက်ထဲသို့ အရယူချင်နေလေသည်။

လီကျွင်းသည် သူမအား ရွံရှာစွာ စိုက်ကြည့်ကာ ဖေးလုကို ဆွဲရင်း သူမနားမှ ရိုင်းရိုင်းစိုင်းစိုင်း ဖြတ်သွားကာ ယာဉ်မောင်း၏ ကားထဲသို့ ဝင်ပြီး မောင်းထွက်သွားလေတော့သည်။

ဒရိုင်ဘာက လှည့်ကြည့်လေ၏။ ဒီနေ့သောကြာနေ့ဖြစ်၍ လီအိမ်သို့ ညစာစားရန် သူတို့သဘောတူထားသောကြောင့် ကားမောင်းသူသည် ကျောင်းတံခါးတွင် အစောကြီးစောင့်နေခဲ့သည်။

“မြို့ထဲကဆေးရုံကို အရင်သွားပါ။”

လီကျွင်းက ပြောလိုက်သည်။

“မင်း ဆေးရုံမှာ ဘာလုပ်မို့လဲ”

ဖေးလု ထူးဆန်းစွာ မေးလိုက်သည်။

လီကျွင်းသည် သူ့လက်ကို ဆုပ်ထားကာ သူ့လက်ဖမိုးကို နမ်းလိုက်သည်။

“ဆေးစစ်ဖို့ပါ….မကြောက်နဲ့နော် ဆရာ”

ဖေးလုသည် ၎င်းကို ဆက်စပ် တွေးတောစဉ်းစားပြီးနောက် လီကျွင်း၏ အတွေးများကို နားလည်ခဲ့လေသည်။ မုန့်‌ကန်းတွင် မျိုးရိုးဗီဇရောဂါရှိကာ မုန့်ရှောင်ယွဲ့သည်လည်း ၎င်းကို အမွေဆက်ခံမည်ဟု အာမ,မခံနိုင်သော်လည်း ဤရောဂါ၏ပေါက်ဖွားသည့်ကာလသည် ရှည်လျားပြီး ရောဂါစတင်ဖြစ်ပေါ်လာသည့်အချိန်အထိ ၎င်းကို သတိထားမိရန် မဖြစ်နိုင်ပေ။

မုန့်ကန်းသည် ရုတ်တရက်ဖျားနာခဲ့ကာ ယခုအချိန်အထိ သူ့ကိုယ်သူ အားတင်းရင်းသာ ခပ်ယဲ့ယဲ့လေး ဆက်ရှင်သန်နိုင်ခြင်းဖြစ်သည်။  လီကျွင်း စိတ်ပူနေသည်မှာ အံ့သြစရာမဟုတ်ပေ။

“အဆင်ပြေပါတယ်။”

ဖေးလုသည် လီကျွင်း၏ အပြုအမူကို အတုယူကာ ပြုံးရင်း လီကျွင်း၏လက်ချောင်းလေးများကို ညှစ်ကာ သူ့လက်ဖမိုးသို့ နမ်းလိုက်သည်။

လီကျွင်းသည် သူ့မျက်နှာပေါ်ကို ထိုလက်ဖြင့် ပွတ်လိုက်ကာ သူ၏ တင်းမာတဲ့အမူအရာသည် အနည်းငယ် သက်သာရာရသွားလေသည်။

“အင်း၊ ဆေးစစ်တာတော့ အဆင်ပြေမှာပါ”

……..

မြို့တော်ဆေးရုံသို့ မကြာမီ ရောက်လာလေသည်။

လီကျွင်းက ဖုန်းပြောရင်း ဆေးရုံကို ဝင်လာခဲ့သည်။ တန်းစီမနေဘဲ သူသည် ဖေးလုကို အထူးကု အတိုင်ပင်ခံအခန်းသို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။

Receptionက လူသည် သူ့ကို ကျေးဇူးကြွေးတင်နေသည့် ဦးလေးတစ်ယောက်ပင် ဖြစ်သည်။ ထိုဦးလေးသည် ဝဖြိုးကာ ရိုးသားသော အပြုံးများ ရှိလေသည်။ လီကျွင်း သူ့ကိုမြင်သောအခါ သူက နွေးထွေးစွာ နှုတ်ဆက်လာလေသည်။ လီကျွင်းက ယဉ်ယဉ်ကျေးကျေး တုံ့ပြန်လိုက်ကာ သူ့နောက်မှ ဖေးလုကို သူ့ ရှေ့သို့ ခေါ်ကာ ပြလိုက်သည်။

“သူ့ကို စစ်လိုက်ပါ၊ မုန့်ကန်းရဲ့ ကိစ္စက ဆေးရုံမှာ မလား။”

ထိပ်ပြောင်သောဦးလေးသည် ခဏတာစဉ်းစားပြီး မရေရာစွာ ပြောလိုက်သည်။

“မုန့်ကန်းဆိုတာ…မျိုးရိုးဗီဇရောဂါ ရှိနေတဲ့ တစ်ယောက်ကို မင်းပြောတာလား?”

လီကျွင်းက ခေါင်းညိတ်ပြလိုက်သည်။

“အင်း၊ သူက ဆရာ့အဖေပဲ”

ထိပ်ပြောင်သောဦးလေးသည် သူ့မေးစေ့ကို ထိလိုက်ကာ သူ၏ ပြုံးနေသော မျက်နှာသည် လေးနက်လာသည်။

“သိပြီ၊ ငါ ဂရုစိုက်လိုက်မယ်”

စကားပြောပြီးနောက် စစ်ဆေးမှုစတင်ရန် အတွင်းရှိ ဆေးခန်းသို့ ဖေးလုကို ခေါ်ဆောင်သွားခဲ့သည်။

စစ်ဆေးရေး လုပ်ငန်းစဉ်သည် အလွန်ပျင်းရိဖွယ်ကောင်းသည်။ အရင်က မတွေ့ဖူးသေးသည့် ကိရိယာမျိုးစုံကို အလှည့်ကျ အသုံးပြုနေလေသည်။ ဖေးလုသည် စက်ပေါ်တွင် လဲလျောင်းနေပြီး သူ့ဗိုက်ပေါ်မှာလည်း အေးစက်သော ခရင်မ် လိမ်းခံထားရလေသည်။

စစ်ဆေးရမည့်အရာများ များပြားလွန်းသဖြင့် ဖေးလုသည် စိတ်ထဲမှ ငြီးတွားနေခဲ့သည်။ အစတုန်းကတော့ ဘာမှ မခံစားရသော်လည်း အခုတော့ နည်းနည်းတော့ ကြောက်ရွံ့သွားလေပြီ။

စောင့်ကြည့်ရေးစားပွဲပေါ်တွင် တင်းတင်းကြပ်ကြပ် လဲလျောင်းနေသော ဖေးလု ၏အသံမှာ ကူကယ်ရာမဲ့မှုအနည်းငယ်ပါရှိနေသည်-

“666၊ ငါနေမကောင်းဘူးလား။”

666 သည် သူ့အား အတော်ကြာ အကြောင်းမပြန်ခဲ့ပါ၊

[ အချစ်လေး- ငါပေးခဲ့တဲ့ ဇာတ်ကောင်ပရိုဖိုင်ကို အလေးအနက်ထားကြည့်ခဲ့လား~]

“… ” ဖေးလု အကြာကြီး ပြန်တွေးလိုက်ပေမဲ့ သူတကယ် မမြင်ခဲ့လိုက်ဘူး =-=

666 သည် သူ၏ တိတ်တိတ်ဆိတ်ဆိတ်အမူအရာကိုမြင်ပြီး သေသေချာချာ မဖတ်ခဲ့ကြောင်း သိလိုက်သည်၊

[ မုန့်ရှောင်ယွဲ့ရဲ့ ပရိုဖိုင်ကို သေချာကြည့်ကြည့်-]

ဖေးလုသည် မုန့်ရှောင်ယွဲ့၏ ဇာတ်ကောင်ပရိုဖိုင်ကို သံသယများစွာဖြင့် ဖွင့်ခဲ့လေသည်။

ထိပ်တန်းလိုင်းသည် မုန့်ရှောင်ယွဲ့၏အခြေခံအချက်အလက်များဖြစ်သည်။

အောက်ခြေတွင် မိသားစုနောက်ခံ၊ ဇာတ်ကောင်စသည်ဖြင့် ဖေးလုသည် တောက်လျှောက်ဆွဲထုတ်လိုက်ရာ အမှားအယွင်းမရှိပေ။

“666၊ ငါဖတ်ပြီးပြီ၊ ကိစ္စမရှိပါဘူး”

[အချစ်‌လေး၊ ပရိုဖိုင်ကော်လံမှာ အသက်ကို မတွေ့ခဲ့ရဘူးလား?]

ဖေးလုတကယ်ကို ဂရုမစိုက်ခဲ့မိပေ။ သူက မြန်မြန်ပြန်သွားကာ ပြန်ဖတ်လိုက်သည်။ ဇာတ်ကောင်၏အသက်ကို ဖော်ပြသည့် ဇာတ်ကောင်ပရိုဖိုင်တွင် အမှန်ပင် ကော်လံတစ်ခုရှိသည်။

– မုန့်ရှောင်ယွဲ့: အသက် နှစ်ဆယ့်ခုနစ်နှစ်။

ဖေးလုက ထပ်အတည်ပြုလိုက်သည်။

ဒါကြီးက ဘာမှ မမှားနေသလိုပဲကို?

666 က သူ့ကို ထပ်သည်းမခံနိုင်သောကြောင့် သူ ရိုးရိုးရှင်းရှင်း ထောက်ပြလိုက်သည် [ မင်းအသက် နှစ်ဆယ့်ခြောက်နှစ်ရှိပြီ၊ အသက် ကော်လံက မီးခိုးရောင်ဖျော့ဖျော့ဖြစ်နေတယ်ဆိုတာ မင်းသတိမထားမိဘူးလား?]

ဖေးလုက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။

“သတိမထားမိခဲ့ဘူး။၊ငါ ပြန်ကြည့်မလို့ရလား?”

666 သည် သူနှင့်ငြင်းခုံရန် ပျင်းလွန်းသဖြင့် ရိုးရိုးရှင်းရှင်းပြောခဲ့သည်-

[ညာဘက်အောက်ထောင့်က တြိဂံမြှားကို နှိပ်လိုက်။]

ဖေးလုလည်း ထိုနည်းလည်းကောင်းပင် မီးခိုးရောင်အမည်အောက်တွင် ဖောင့်ငယ်များ တန်းစီနေသည်ကို တွေ့လိုက်ရသည်။

-မုန့်ရှောင်ယွဲ့ 27 နှစ်အရွယ် မျိုးရိုးဗီဇရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဖေးလု:…

“ဒါဆို ငါ့မှာ အသက်ရှင်ဖို့ တစ်နှစ်ပဲကျန်တော့တာပေါ့!”

666 ပြန်ဖြေလိုက်သည်။ “မင်း ဝင်ရောက်လာတာကိုက မူလလမ်းကြောင်းကို အနှောင့်အယှက်ပေးနေပြီးသား ဖြစ်တာမို့ မျိုးရိုးလိုက်ရောဂါကြောင့် သေမလားဆိုတာ မသေချာသေးဘူး။”

ဖေးလု၏နှလုံးသည် အနည်းငယ် တုန်ခါသွားသည်။ သူ မရယ်မီခင်မှာပဲ 666 က ဆက်ပြောလာသည်။

[ဒါပေမယ့် မင်း ဒီအချိန် လွတ်ခဲ့ရင်တောင် အချိန်တန်ရင် မင်း သေမှာပဲ ။]

ဖေးလု:…

[ မုန့်ရှောင်ယွဲ့ရဲ့သက်တမ်းက ၂၇နှစ်သာရှိပြီး အဲဒါကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူး။]

ဖေးလုအနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။

“သိပြီ”

သူ မမျှော်လင့်ထားသည်မှာ  မကြာခင် သူထွက်သွားရတော့မည်ကိုပင်။

ထိပ်ပြောင်သောဦးလေးသည် သူ့ကို အလုံးစုံ စစ်ဆေးပေးသည်။ နောက်ဆုံးရလဒ်ကတော့ သူကျန်းမာနေခဲ့လေသည်။ တစ်ခုတည်းသောပြဿနာမှာ သူ၏အစာအိမ်တွင် ပျော့ပျောင်းသောအကျိတ်တစ်ခု ကြီးထွားလာသောကြောင့် ခွဲစိတ်ဖယ်ရှားရခြင်းဖြစ်သည်။

လီကျွင်းက အရမ်းတော်လေသည်။ ဆေးစစ်ပြီးနောက် နေ့ခင်းဘက်တွင် ဆရာဝန်၏ တောင်းဆိုချက်အရ အားလုံးကို ပြင်ဆင်ခဲ့ကာ ဖေးလုနှင့်အတူ ဆေးရုံသို့ သွားခဲ့သည်။

ဆရာဝန်က ခွဲစိတ်မှုအသေးစားလို့ ပြောသော်လည်း လီမိသားစုအတွက်တော့ လွယ်ကူ မနေခဲ့ချေ။ ဝမ်ဝမ်း နှင့် လီချင်းရီတို့သည် သတင်းရရှိပြီးနောက် ဆေးရုံသို့ အလျင်အမြန် ရောက်လာခဲ့ကြလေသည်။

ဖေးလုသည် ဆေးရုံဂါဝန်ကို ၀တ်ဆင်ထားပြီး ယာဂုစားရန် လီကျွင်းဆီမှ အိပ်ရာပေါ် အတင်းဖိခြင်း ခံထားနေရလေသည်။ ခွဲစိတ်ဖို့ပြင်ဆင်ခါနီးမှာ ဖေးလုသည် အလွန်အကျွံမစားနိုင်သဖြင့် 70% ဗိုက်ပြည့်ပြီးမှသာ အစာကိုရပ်ခိုင်းခဲ့လေသည်။

လီကျွင်းသည် ထိပ်ပြောင်သော ဦးလေး၏ ဆရာဝန် အကြံပေးချက်ကို နားထောင်ပြီးကတည်းက ဖေးလု၏ အစားအသောက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ ဖေးလုသည် ယာဂုစားသောအခါ မအီမသာဖြစ်ခဲ့ရလေသည်။ သူ ဆန္ဒပြကာ သူ့နှုတ်ခမ်းကို ပိတ်လိုက်သည်။

လီကျွင်း၏ တင်းမာသောမျက်နှာနှင့် မှိုင်းညို့နေသည့်မျက်လုံးများကို မြင်လိုက်ရသောအခါတွင်မူ သူဘာမှပြန်မပြောနိုင်တော့ပေ..

လီကျွင်း၏ ဂရုတစိုက်ထိန်းသိမ်းမှုအောက်တွင် တစ်ပတ်အကြာတွင် ဖေးလု၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ အကောင်းဆုံး ပြန်ဖြစ်လာခဲ့သည်။

ထိပ်ပြောင်သောဦးလေးသည် သူ့အတွက် ခွဲစိတ်မှုကို စတင်စီစဉ်ခဲ့သည်။

…….

ခွဲစိတ်ခန်းထဲမဝင်ခင် လီကျွင်းက ဖေးလုကို ဘေးသို့ဆွဲကာ “ဆရာ၊ အပြင်ထွက်လာတဲ့အခါ ကျွန်တော့်မှာ ပြောစရာရှိတယ်” ဟု တိုးတိုးလေးပြောလိုက်သည်။

ဖေးလုက ပြန်မေးလိုက်သည်။

“မင်း အခု မပြောနိုင်လို့လား”

ခွဲစိတ်ကုတင်ပေါ်ကနေ ငါ ပြန်မနိုးလာတော့ရင် ဘယ်လိုလုပ်မလဲ?

လီကျွင်းက အနည်းငယ် ပြုံးကာ ခေါင်းယမ်းရင်း ပြောလိုက်သည်။

“ဟင့်အင်း မထွက်လာမချင်း မပြောနိုင်ဘူး”

“ကောင်းပြီ” ဖေးလု သူ့နဖူးကို နမ်းလိုက်ကာ တောက်ပစွာပြုံးပြီး ပြန်ပြောလိုက်သည်။

“ဒါဆို ငါထွက်လာတဲ့အထိ စောင့်ပါ”

“အင်း ကျွန်တော် ဆရာ့ကိုစောင့်နေမယ်။”

လီကျွင်းက တိုးတိုးလေးပြောလေသည်။

ဖေးလုသည် ခွဲစိတ်ခန်းထဲသို့ ‌ဆရာဝန်နောက်မှ လိုက်သွားပြီးနောက် ခွဲစိတ်ခန်းတံခါး ပိတ်သွားကာ တံခါးရှိ အနီရောင်အချက်ပြမီး ပွင့်သွားသည်။

Arc-1 Chapter-16 Ended

Chapter 17

August 23, 2025

Arc – 1 Chapter – 17

ခွဲစိတ်မှု သိပ်မကြာပါပေ။ သုံးနာရီကြာပြီးနောက် ခွဲစိတ်ခန်းတံခါးပွင့်လာပြီး ဖျော့တော့သော ဖေးလုကို တွန်းထုတ်လာသည်။

လီကျွင်းက သူ့ကိုတွေ့ရန် စိတ်အားထက်သန်စွာ တက်သွားသည်။ ခွဲစိတ်ဆရာဝန်ကြီးသည် ထိပ်ပြောင်သောဦးလေးကြီးဖြစ်သည်။ သူ့မျက်နှာဖုံးကိုချွတ်လိုက်ပြီး လီကျွင်းကို အပြေးအလွှားသွားနေသည်ကို တားလိုက်သည်။ “ခွဲစိတ်မှု ကောင်းသွားပေမယ့် နောက်ထပ် တစ်ညတော့ စောင့်ကြည့်ရမှာပေါ့ ဒီည မတော်တဆမှုမရှိရင် ကောင်းသွားမှာပါ”

သူ့နောက်က သူနာပြုက ဖေးလုကို စောင့်ကြည့်ခန်းထဲကို သပ်သပ်ရပ်ရပ် တွန်းပို့လိုက်သည်။

ထုံဆေး၏အာနိသင်က မပြယ်သေးပေ။ ဖေးလုသည် အသက်ရှူစက်ဖြင့် ဆေးရုံကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသည်။ သွေးအများအပြား ဆုံးရှုံးခြင်းကြောင့် သူ့မျက်နှာသည် ဖြူဖျော့ပြီး ကြည်လင်နေသည်။ လီကျွင်းသည် ဖန်သားပြင်မှဖြတ်၍ အတွင်းမှအားပြတ်ကာ ပိန်လှီသောရုပ်သွင်ကို ကြည့်လိုက်သည်။

ဖေးလု တစ်ညလုံးအိပ်ပျော်သွားခဲ့ပြီး လီကျွင်းသည် တစ်ညလုံး စောင့်ကြည့်ခန်းတွင် မငြိမ်မသက်ဖြစ်နေသည်။ လီချင်ရီက ဝမ်ဝမ်းကို ပြန်ခိုင်းဖို့ ပြောခဲ့ပေမဲ့ မရခဲ့တာကြောင့် သူလည်း ပြန်သွားရသည်။

ယခုအချိန်တွင် ဆောင်းဦးပေါက်ရောက်ပြီဖြစ်ပြီး ညဘက်တွင် အပူချိန်အလွန်နိမ့်ကာ စင်္ကြံလမ်းနှစ်ဖက်စလုံးတွင် လေဝင်လေထွက်ကောင်းနေသည်။ လေတိုက်သည့်အခါ အအေးဓာတ်က ရိုးတွင်းခြင်ဆီအောက်ခြေအထိ စီးဆင်းသွားသည်။ လီကျွင်းက သူ့လက်ကိုခါရမ်းလိုက်သည်။ ယာဉ်မောင်းက သူ့အဝတ်အစားတွေ ယူလာပေမယ့် အဝတ်အစား ဘယ်လောက်ပဲထူနေပါစေ ဆောင်းဦးနှောင်းပိုင်းရဲ့ အအေးဒဏ်ကို မတားဆီးနိုင်ခဲ့ဘူး။

စောင့်ကြည့်ခန်းရှိ မီးများပိတ်ထားပြီး အတွင်းမှရုပ်ပုံများကို ခပ်ဝါးဝါးမြင်တွေ့နိုင်လေသည်။ နက်မှောင်သော ကောက်ကြောင်းသည် လီကျွင်းအား ခံနိုင်ရည်ရှိစေသော တစ်ခုတည်းသော ယုံကြည်ချက်ဖြစ်သည်။

နောက်တစ်နေ့တွင် နံနက်ခင်းနေရောင်ခြည်သည် တက်လာပြီး နံနက်ခင်း၏ အအေးဓာတ်က မငြိမ်သေးပေ။ တစ်ညလုံးနေခဲ့သော လီကျွင်းသည် ဆရာဝန်ကို အမြန်‌ခေါ်လိုက်သည်။ ထိပ်ပြောင်သောဦးလေးကြီးသည် သမ်းဝေကာ ပိုးသတ်ထားသောဝတ်စုံကို ဖြည်းညှင်းစွာပြောင်းကာ ဖေးလု၏အခြေအနေကို စစ်ဆေးရန် ဝင်လာခဲ့သည်။

​လီကျွင်းက ပန်ဒါလို မျက်ကွင်းညိုနေတဲ့ မျက်လုံးတွေနဲ့ အပြင်မှာ စိတ်အားထက်သန်စွာ စိုက်ကြည့်နေ၏။

ခဏအကြာတွင် ထိပ်ပြောင်သောဦးလေးကြီး ထွက်လာပြီး “ဂုဏ်ယူပါတယ်! အန္တရာယ်ကင်းသွားပြီ၊ နောက်ကျ ကောင်းကောင်း ဂရုစိုက်နိုင်ရင် နေကောင်းသွားမှာပါ” ဟု ပြောလိုက်သည်။

တစ်ညလုံး လေးလံနေသောနှလုံးသားသည် နောက်ဆုံးတွင် ငြိမ်သက်သွားကာ အပြုံးတစ်ခုက သူ့မျက်လုံးထဲသို့ရောက်လာသည်။ လီကျွင်းက သူ့ကို လေးလေးနက်နက် ဦးညွှတ်ကာပြောလိုက်သည် “ကျေးဇူးတင်ပါတယ်!”

ထိပ်ပြောင်သောဦးလေးသည် သူ့လက်ကိုဝှေ့ယမ်းကာ လီကျွင်း၏ လေးနက်မှုကြောင့် ထိတ်လန့်သွားသည်။ သူက ဘေးကိုရှောင်ပြီး “ဒါဖြစ်သင့်တာပဲလေ မင်း သူ့ကို မြန်မြန်သွားတွေ့သင့်တယ်… အထွေထွေဌာနကို နောက်ကျလွှဲပေးလိမ့်မယ်” လို့ မြန်မြန်ပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ဖေးလုသည် အထွေထွေဌာနသို့ လျင်မြန်စွာပြောင်းရွှေ့ခံခဲ့ရပြီး အသက်ရှူစက်ကိုဖယ်ရှားလိုက်ပြီး လီကျွင်းသည် သူ့ဘေးတွင်ရပ်နေကာ သူ့မျက်နှာပေါ်တွင် လက်ချောင်းများဖြင့် ပုံဖော်နေသည်။

ဖေးလု မနိုးခင်မှာ သူ့မျက်လုံးတွေက ပိုပြီးလှုပ်ရှားလာသည်။

ခဏကြာအောင် စူးစူးဝါးဝါးကြည့်နေပြီးနောက် ဆေးရုံကုတင်ပေါ်မှလူက ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည် “ရေ…”

လီကျွင်းသည် ရေနွေးနွေးတစ်ခွက်ကို ချက်ချင်းလောင်းချလိုက်ပြီး ခြောက်သွေ့နေသော နှုတ်ခမ်းပေါ်သို့ဂွမ်းစဖြင့် ဂရုတစိုက်တို့ပေးလိုက်သည်။

​နှုတ်ခမ်းတွေ စိုစွတ်လာတော့ ဖေးလုက သူ့ရဲ့လျှာဖျားလေးနဲ့ အလိုလို လျှက်လိုက်ရာ ပန်းရောင် လျှာဖျားလေးဟာ စိုစွတ်တောက်ပလာတယ်။ လီကျွင်းမျက်လုံးတွေ မှေးမှိန်သွားပေမဲ့ သူ့လက်တွေကတော့ မရပ်ဘဲ ဝါဂွမ်းလေးနဲ့ နှုတ်ခမ်းတွေကို ဆက်ပြီး ဂရုတစိုက် သုတ်ပေးနေခဲ့တယ်။

နှုတ်ခမ်းတွေ စိုစွတ်လာတော့ ဖေးလုက သူ့ရဲ့လျှာဖျားလေးနဲ့ အလိုလို လျှက်လိုက်ရာ ပန်းရောင် လျှာဖျားလေးဟာ စိုစွတ်တောက်ပလာတယ်။ လီကျွင်းမျက်လုံးတွေ မှေးမှိန်သွားပေမဲ့ သူ့လက်တွေကတော့ မရပ်ဘဲ ဝါဂွမ်းလေးနဲ့ နှုတ်ခမ်းတွေကို ဆက်ပြီး ဂရုတစိုက် သုတ်ပေးနေခဲ့တယ်။

​ဖေးလုက မျက်လုံးတွေကို မှုန်ရီရီနဲ့ ဖွင့်လိုက်တော့ သူ့ရှေ့မှာ လီကျွင်းရဲ့ ကြီးမားနေတဲ့ ခန့်ညားတဲ့ မျက်နှာကို တွေ့လိုက်ရတယ်။ သူ့လည်ချောင်းထဲမှာ မီးခိုးတွေလို ခြောက်နေတာကြောင့် ဖေးလုက “ရေ… ရေ… ထပ်ပြီး” လို့ အသံသြသြနဲ့ ပြောလိုက်တယ်။

​လီကျွင်းက သူ့နှုတ်ခမ်းတွေကို စိုက်ကြည့်ရင်း သွားရည်တွေကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး “ဆရာဝန်က ရေမသောက်ရသေးဘူးလို့ ပြောထားတယ်။ ဒါကြောင့် ဆရာ သည်းခံပေးပါနော်” လို့ ငြင်းလိုက်တယ်။

​ဖေးလု စိတ်ပျက်အားငယ်နေတဲ့ မျက်နှာနဲ့ သူ့မျက်လုံးတွေကို ပင်ပန်းနွမ်းနယ်စွာ မှိတ်လိုက်တယ်။

​လီကျွင်းက ခဏလောက် စဉ်းစားပြီး ခေါင်းခါလိုက်ပြီးတော့ ရေခွက်ကို ယူပြီး တစ်ငုံသောက်လိုက်တယ်။ အဲဒီနောက် သူ့ခန္ဓာကိုယ်ကို ရှေ့ကိုင်းလိုက်ပြီး ဖေးလုကို စိုစွတ်နွေးထွေးတဲ့ အနမ်းတစ်ခု ပေးလိုက်တယ်။ ဖေးလုက အားနည်းနေတာကြောင့် သူ့အောက်မှာ နာခံစွာ လဲလျောင်းပြီး အနိုင်ကျင့်တာကို ခံနေရတယ်။ သူ့ပါးစပ်ထဲမှာ စိုစွတ်မှု အရသာကို ခံစားလိုက်ရတဲ့အခါ လျှာဖျားလေးနဲ့ လိုက်ရှာမိသွား၏။

——-

အချိန်အတော်ကြာ‌ပြီးနောက် နှုတ်ခမ်းတွေ ခွဲသွားသည်။

လီကျွင်းက သူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး ပါးစပ်ထောင့်ကရေတွေကို သုတ်လိုက်ကာ “ကောင်းကောင်းနေပါ ဆရာ၊ မနက်ဖြန်ကျရင် ရေသောက်လို့ရပြီ”

ဖေးလုသည် သူ့ကို အားပျော့စွာစိုက်ကြည့်ကာ အိပ်ပျော်သွားပြန်သည်။

ဖေးလု၏အခြေအနေသည် မစိုးရိမ်ရသော်လည်း ၎င်းကို သာမန်ရောဂါတစ်ခုအဖြစ် မသတ်မှတ်နိုင်ပေ။ ဖေးလုသည် ဆေးရုံကုတင်ပေါ်တွင် တစ်လပြည့်အောင် လှဲနေခဲ့ရသည်။

ပြန်လည်သုံးသပ်မှုအပြီးတွင် ထိပ်ပြောင်သောဦးလေးကြီးသည် ကျန်းကျန်းမာမာရှိပြီး ဆေးရုံမှဆင်းနိုင်ပြီဖြစ်ကြောင်း ပြောပြသောအခါ ဖေးလုက နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

လီကျွင်းလည်း အလွန်ပျော်သွားပြီး သူ့ကို ဆေးရုံကုတင်ပေါ် ဖိကာ အကြာကြီးနမ်းလိုက်သည်။ တိုက်ရိုက်နမ်းနေကြသော လူနှစ်ယောက်သည် လက်မလွှတ်ခင်အထိ မောဟိုက်စွာနမ်းနေကြသည်။

ဖေးလုက သူ့ရဲ့နဖူးကို လီကျွင်း နဖူးနဲ့ ဖိကပ်လိုက်ပြီး သူ့လက်တွေကို လီကျွင်းလည်ပင်းပေါ်ပတ်ကာ ညင်သာစွာ မောဟိုက်နေ၏။

​”ခွဲစိတ်မှု မစခင်တုန်းက မင်း ငါ့ကို ပြောချင်ခဲ့တာ ဘာလဲ”

​လီကျွင်းက သူ့ရဲ့နှာခေါင်းကို ​ဖေးလုနှာခေါင်းနဲ့ ပွတ်ရင်း ညင်သာစွာ ရယ်မောလိုက်ပြီး “ပြန်ရောက်မှ ပြောပြမယ်နော်” လို့ ပြောလိုက်သည်။

​”စိတ်ဆိုးလာပြီနော်…” လို့ ဖေးလုက လီကျွင်းရဲ့ လည်ပင်းကို ချိတ်ပြီး သူ့မေးစေ့ကို ဒေါသထွက်လို့ ကိုက်လိုက်ရာ သွားရာနှစ်ခု ကျန်ခဲ့လိုက်သည်။

ဆေးရုံမှ ဆင်းလာသောအခါ လီချင်းရီက သူတို့ကို လာခေါ်သည်။

ဖေးလုမှာ လက်ဗလာဖြစ်နေပြီး အရင်က သူ့ပစ္စည်းတွေကို လီကျွင်းက သိမ်းဆည်းလိုက်တာကြောင့် ခရီးဆောင်အိတ်တွေ မလိုတော့ဘူး။ ဒီအချိန်မှာ သူက လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားပြီး လီကျွင်းကတော့ ကျန်တဲ့လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကာ သူတို့နှစ်ယောက် ဘေးချင်းယှဉ်ပြီး လမ်းလျှောက် ထွက်လာခဲ့ကြသည်။

ကားပေါ်တက်သွားသည့်တိုင် ဆုပ်ကိုင်ထားသောလက်များသည် မ‌ဖြေလျော့။ ဒရိုင်ဘာထိုင်ခုံရှိ လီချင်းရီသည် သူတို့ကားထဲသို့ ကို့ရို့ကားယားဖြင့် ဝင်လာသည်ကို မြင်လိုက်ရပြီး ခွေးစာလက်တစ်ဆုပ် စားလိုက်ရသည်။

စိတ်အလိုမကျစွာဖြင့် ဒေါသတကြီး အရှိန်ပြင်းစွာနင်းလိုက်သည်နှင့် ကားသည် လျင်မြန်စွာထွက်သွားသည်။

________

လီ မိသားစုတွင်….

​ဖေးလု ဆေးရုံကဆင်းတာကို ဂုဏ်ပြုဖို့ ဝမ်ဝမ်းက စားပွဲအပြည့် အစားအသောက်တွေ ပြင်ဆင်ထားတယ်။ တံခါးဝမှာ မီးဖိုတစ်ခုလည်း ရှိတယ်။ ဖေးလု ရောက်လာတော့ မီးဖိုကို ၂ မိနစ်လောက် စိုက်ကြည့်ပြီးမှ ကျော်သွားခဲ့တယ်။

​မီးဖိုက ကံမကောင်းဘူး။ သူ မီးဖိုပေါ်ကနေ ကျော်လိုက်တာနဲ့ ဖေးလုကို ရေမွှေးဆွတ်ပေးပြီး ဝမ်ဝမ်းက ကျွဲကောရွက်တွေ တစ်တောင်းကြီးနဲ့ ကမ်းပေးပြီး “မြန်မြန် သွားပြီး ရေချိုး၊ ပြီးရင် ဆင်းလာပြီး ထမင်းစား”

​”ဟုတ်ကဲ့၊ မေမေ ကျေးဇူးတင်ပါတယ်” လို့ ဖေးလုက ပြုံးပြပြီး သူ့လက်ထဲက ကျွဲကောရွက်တွေနဲ့အတူ အပေါ်ထပ်ကို တက်သွားတော့ လီကျွင်းလည်း နောက်ကနေ အနီးကပ် လိုက်သွားတယ်။

​အိပ်ခန်းထဲ ရောက်တာနဲ့ ဖေးလုကို နံရံပေါ်ကို ဖိတွန်းလိုက်ကာ လီကျွင်းရဲ့ နှာခေါင်းက သူ့မျက်နှာကို တိုက်ရိုက် ပွတ်တိုက်ပြီး “ဆရာ…ကျွန်တော် ရေချိုးပေးမယ်နော်” လို့ အသံသြသြနဲ့ ပြောလိုက်တယ်။

ဖေးလုက နှုတ်ခမ်းကို နမ်းဖို့အတွက် ရှေ့ကို တိုးပြီး “ဆရာဝန်က… ဒဏ်ရာက မကျက်သေးဘူး၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လာမယ့်တစ်လအတွက် မလုပ်ရသေးဘူးလို့ ပြောထားတယ်” လို့ ပြုံးပြီး ပြောလိုက်သည်။

“……” လီကျွင်း၏ ခန္ဓာကိုယ်သည် တစ်ခဏမျှ အေးခဲသွားသော်လည်း သူက လက်ထဲတွင် ကျွဲကောရွက်ကိုကိုင်ကာ စောဒကတက်လိုက်သည် “ဘာတွေတွေးနေတာလဲ ကျွန်တော်က ဆရာတစ်ယောက်တည်း သန့်ရှင်းရေးမလုပ်နိုင်မှာကို စိုးရိမ်နေတာ ပြီး‌တော့… ” လီကျွင်းက သူ့နားကို မှီချလိုက်ပြီး ပြောလိုက်သည် “ကျွန်တော် အရင်ကလည်း ဆရာ့ကိုကူညီပြိီး သန့်ရှင်းပေးဖူးပါတယ်”

ဖေးလု : “……”

နောက်ဆုံးတွင် လီကျွင်းသည် ရေချိုးခန်းထဲသို့ အောင်မြင်စွာ လိုက်သွားခဲ့သည်။

​ရေချိုးခန်းက အရမ်းကျယ်တာကြောင့် လူနှစ်ယောက် ဝင်ရင်တောင် မကျဉ်းဘူး။ လီကျွင်းက သူ့အတွက် ရေဖြည့်ပေးပြီး ရေအပူချိန်ကို စစ်ဆေးကာ ပွတ်တိုက်ဖို့ ကျွဲကောရွက်တွေ ထည့်ပေးရင်း လှည့်ကာ ပြောလိုက်သည်။”ဆရာ…ချိုးဖို့ အသင့်ဖြစ်ပြီ”

ဤကဲ့သို့ စိုက်ကြည့်ခြင်းခံရသည့်အခါ ဖေးလုသည် သူ့အသက်မည်မျှပင်ရှိ‌စေကာမူ ရှက်ရွံ့နေသည်။ သူက နောက်ပြန်လှည့်၍ အင်္ကျီကို ဖြည်းညှင်းစွာချွတ်လိုက်ပြီး ရေချိုးပုဝါနဲ့ပတ်ကာ ရေချိုးကန်ထဲကို ခုန်ဆင်းလိုက်သည်။ ထိုအခါ လီကျွင်းတစ်ကိုယ်လုံး ရေတွေစိုကုန်သည်။

ဖေးလု : “ဟားဟားဟား”

လီကျွင်းက သူ့ရေစိုအဝတ်အစားတွေကို ချွတ်လိုက်ပြီးခြေတံရှည်နဲ့ ရေချိုးကန်ထဲကို လှမ်းဝင်လာသည်… ခဏကြာတော့ ဖေးလုခဗျာ မရယ်နိုင်တော့ပေ။ ရွှင်မြူးရယ်မောသံသည် ညည်းသံအဖြစ်သို့ ပြောင်းလဲသွားကာ မောဟိုက်သံနှင့်ရေသံတွေကို ယောင်ဝါးဝါးကြားရသည်။

Chapter – 17 ended

Chapter 18

August 23, 2025

Arc 1 Chapter 18

ခွဲစိတ်မှုမပြုလုပ်မီ လီကျွင်း ဘာပြောချင်သည်ကို ဖေးလု မသိခဲ့ပါ။

ဆရာဝန်က ပြင်းထန်စွာ လှုပ်ရှားမှု မပြုလုပ်သင့်ဟု ပြောသော်လည်း လီကျွင်းတွင် သူ့ကို နှိပ်စက်ရန် အခြားနည်းလမ်းများ ရှိနေသည်။ ဖေးလု ခဏမျှ တွန်းလှန်နေသော်လည်း မကြာမီ လီကျွင်းနှင့် အချစ်များပြုလုပ်ခြင်းထဲသို့ ရောက်ရှိသွားခဲ့သည်။

နောက်တစ်ကြိမ် နိုးလာသောအခါ ဒုတိယနေ့ ဖြစ်နေသည်။

ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်သည် မှောင်မည်းနေပြီး မိုးစက်များ ကျနေကာ အပူချိန် ကျဆင်းသွားသည်။ ဖေးလုသည် စောင်အပြင်ဘက် ထွက်နေသော ခြေထောက်များကို စောင်ထဲသို့ ကွေးထည့်လိုက်ပြီး အကြိမ်အနည်းငယ် လူးကာ စောင်ဖြင့် ပိုးတုံးလုံးလေးတစ်ကောင်လို ပတ်ထားလိုက်သည်။

“666၊ အချစ်တွေလုပ်ရတာ အရမ်းကောင်းတာပဲ” ဟု ဖေးလုက မျက်နှာတွင် ခံစားချက်များဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီခံစားချက်က မဆိုးဘူး၊ ငါ နှစ်ပေါင်းများစွာ သက်သက်လွတ် စားလာတာ အလကားပဲ”

ပိုးသတ်ဆေးစွဲနေသူ 666: “မင်းမျက်နှာပေါ်က ငါ့အနမ်းက မြေကြီးပေါ် ပြုတ်ကျသွားပြီ။ ငါ မင်းကို ကူပြီး ကောက်ပေးရမလား”

ဖေးလုသည် သူ့ကိုယ်သူ လုံးဝ လွှတ်ချလိုက်ပြီး ပြောလိုက်သည်။

“မလိုဘူး။ဒီတာဝန်ပြီးရင်တော့ ငါ ရိုးရိုးဘဝထဲက အလုပ်ကောင်းကောင်းရှိတဲ့ ရည်းစားတစ်ယောက် ရှာရမယ်၊ ပြီးတော့ တကယ့်ဘဝမှာ လိင်ဆက်ဆံရတဲ့ ပျော်ရွှင်မှုကို ခံစားရမယ်!”

666 က သတိပေးလိုက်သည်။ “အချစ်ရေ… မာရှယ်ကို မေ့သွားပြီလား။ မင်းရဲ့ အလှဆုံး ဂန္ဓမာပန်းပွင့်လေးတကို မာရှယ်အတွက် ပေးမယ်လို့ ပြောခဲ့တာလေ”

“အခုတော့ စိတ်ပြောင်းသွားပြီ” ဟု ဖေးလုက သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။

“မာရှယ်က ငါ့ရဲ့ အမျိုးသားနတ်ဘုရားပါ။ နတ်ဘုရားကို မစော်ကားသင့်ဘူး”

666: “အော်” ဒီတစ်ယောက်က စိတ်အရမ်းမြန်မြန်ပြောင်းတာပဲ။

ဖေးလုသည်  စောင်ကို လှိမ့်ပြီး ပတ်လှိမ့်ပြီး မျက်လုံးကိုမှေးကာ သူခိုးတစ်ယောက်လို  ခိုးကြောင်ခိုးဝှက် ပြုံးနေ၏။ ၂ မိနစ်လောက် ပျော်ရွှင်နေပြီးနောက်မှာ တစ်စုံတစ်ယောက်က သူ့ကို ဖိထားပြီး အသံနိမ့်နိမ့်နဲ့ သူ့နားနား ကပ်မေးလာတယ်။ “ဆရာ… ဘာရယ်နေတာလဲ?”

ဖေးလု ခဏမျှ ငြိမ်သက်သွားပြီး သူ့မျက်နှာပေါ်က အပြုံးကို ဖုံးကွယ်ဖို့ အကောင်းဆုံး ကြိုးစားကာ တည်ကြည်စွာ ပြောလိုက်သည်။

“ငါ မရယ်ပါဘူး၊ မိုးရွာတဲ့နေ့တွေကို အမုန်းဆုံးပဲ၊ ရယ်လို့မရဘူး”

“…” လီကျွင်းသည် သူ့ရဲ့ မျက်လုံးဖွင့်ပြီး ဖေးလု၏လိမ်ညာပြောဆိုနိုင်စွမ်းကို မြင်တော့ ကြောင်သွားတယ်။ ခဏအကြာမှာ “တကယ်လား? ကျွန်တော်လည်း မိုးရွာတဲ့နေ့တွေကို မကြိုက်ဘူး” လို့ ပြောလိုက်တယ်။

ဖေးလုသည် လီကျွင်း မိုးရွာတဲ့နေ့တွေကို ဘာကြောင့် မကြိုက်လဲဆိုတာကို သဘာဝအတိုင်း သိသည်။ သူ စောင်ကို တစ်ဖက်သို့ မတင်လိုက်ပြီး လီကျွင်းကို မြန်မြန်ဝင်ရန် အချက်ပြလိုက်သည်။

“အပြင်မှာ အေးတယ်၊ မြန်မြန်ဝင်၊ အအေးမမိအောင် ဂရုစိုက်”

လီကျွင်းသည် သူ့နှုတ်ခမ်းများကို စေ့လိုက်ပြီး သူ့မျက်လုံးများတွင် အပြုံးများ ပြည့်နှက်နေသည်။ သူသည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော ရေချိုးဝတ်စုံကို ချွတ်ပြီး အတွင်းခံဘောင်းဘီတစ်ထည်ဖြင့် ဝင်လာသည်။

သူ အပြင်မှာ ခဏနေခဲ့၍ သူ့ခန္ဓာကိုယ်က အေးစက်နေပြီး ဖေးလုသည် သူ၏ အေးစက်မှုကြောင့် တုန်ယင်သွားကာ ဒေါသတကြီး သူ့ကို တွန်းထုတ်လိုက်သည်။

​ဖေးလုက စောင်ကို နွေးနွေးထွေးထွေး ခြုံထားသဖြင့် လီကျွင်းသည် သူ့အရေပြားမှ ထွက်ပေါ်လာသော အပူချိန်ကို ခံစားရကာ ပြုံး၍ ဖေးလုဘက်သို့ တိုးကပ်လိုက်သည်။ သူတို့အရေပြားချင်း ထိကပ်ရင်း ဖေးလုတွင်သာ ရှိသော အပူချိန်ကို မျှဝေခံစားလိုက်သည်။

ဖေးလု- “…”  တကယ် စိတ်ရှုပ်စရာပဲ။

ဖေးလုက ဒေါသတကြီး လျစ်လျူရှုကာ ကျောခိုင်း၍ လှည့်အိပ်လိုက်သည်။

လီကျွင်းက တိုးတိုးလေး ရယ်လိုက်သည်။ စိတ်မဆိုးသည့်အပြင် သူ့လက်ချောင်းများကို ဖေးလု၏ ကျောရိုးတစ်လျှောက် ညင်သာစွာ ပွတ်ဆွဲလိုက်ရာ ကျွမ်းကျင်သော လက်ချောင်းထိပ်များက လှုပ်ရှားကခုန်နေသည်။ ဖေးလုသည် သူ့ရဲ့ စနောက်မှုကြောင့် မှင်တက်သွားပြီး လှည့်ကြည့်ကာ မျက်လုံးများဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သည်။

လီကျွင်းက သူ့ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။

“မထိနဲ့!” ဟု ဖေးလုက ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

လီကျွင်းက သူ့ကို ပြောလိုက်သည်။

“ကျွန်တော်မှ မထိဘဲ မနေနိုင်တာ ဘာလုပ်ရမှာလဲ?”

“ဆရာ့ကို ထိတွေ့ရုံမကဘူး၊ နမ်းချင်တယ်၊ ပွေ့ဖက်ချင်တယ်…” ဟု လီကျွင်းက ပြောရင်း မရိုးသားသော လက်ကို နောက်တစ်ကြိမ် ဖေးလု၏ ခါးပေါ်တင်၍ ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ဟားဟားဟားဟားဟား…” လီကျွင်းသည် ​ဖေးလု၏ ယားတတ်သည့်အသားကို မမျှော်လင့်ဘဲ ထိမိသွားရာ ဖေးလုမှာ ရုတ်တရက် ပုစွန်ကွေးသလို ကွေးသွားပြီး ရယ်မောသံများ တဟားဟား ထွက်ပေါ်လာတော့သည်။

“…” မရေရာသော အငွေ့အသက်များ လုံးဝ ပျက်စီးသွားပြီး လီကျွင်းသည် မျက်နှာ မှုန်မှုန်မှိုင်းမှိုင်းဖြင့် လက်ကို ရုတ်လိုက်သည်။

ဖေးလုက သူ့ရင်ဘတ်ပေါ် ခေါင်းတင်ထားသည်။ ရယ်မောလို့ မရပ်နိုင်ဖြစ်နေပြီး ပြင်းထန်သော တုန်ခါမှုသည် ထိတွေ့မှုမှတစ်ဆင့် လီကျွင်း၏နှလုံးသားအောက်ခြေအထိ ပျံ့နှံ့သွားသည်။ လီကျွင်းသည် သူ့ရဲ့ နူးညံ့သော ဆံပင်နက်များကို ပွတ်သပ်ရင်း မေးလိုက်သည်။

“အဲ့လောက် ရယ်စရာကောင်းလား”

ဖေးလု၏ မျက်ရည်များ ထွက်လာပြီး မတော်တဆ ကျွတ်ထိုးသွားသည်။ သူက ခက်ခက်ခဲခဲ ပြောလိုက်သည်။

“ဟစ်ခ်~ မင်း ငါ့ရဲ့ ဟစ်ခ်စ်~ ယားတဲ့ ​​နေရာကို ထိလိုက်တာ~”

လီကျွင်းသည် ဖေးလုတစ်ယောက် ဆက်တိုက်ကျွတ်ထိုးနေသည်ကို သဘောကျစွာ ကြည့်နေသည်။ လုံးဝ မရပ်နိုင်ဘဲ ရှိနေသဖြင့် သူက ကြင်နာစွာဖြင့် နှာခေါင်းကို ညှစ်ပြီး ကြာရှည်စွာ နမ်းရှုံ့လိုက်သည်။

လျှာဖျားလေးများက နောက်မှလိုက်ကာ ဆော့ကစားနေကြပြီး နှုတ်ခမ်းများ​သည် နေရာလပ်မရှိ တင်းတင်းကြပ်ကြပ် ဖိကပ်လျက် ရှိသည်။

လီကျွင်း အချိန်အကြာကြီး နမ်းပြီးနောက် ဖေးလုသည် နှာခေါင်းကို ညှစ်ခံထားရသဖြင့် ပါးစပ်ဖြင့်သာ တတ်နိုင်သမျှ အသက်ရှူနေရတော့သည်။

လီကျွင်းက ပြုံးလျက် သူ့ပါးစပ်ကို ပိတ်ပေးလိုက်သည်။

“ကောင်းပြီ ကျွတ်ထိုးတာ ရပ်သွားပြီ”

မမျှော်လင့်ဘဲ ဖြစ်သွားသဖြင့် ဒေါသထွက်လုနီးပါးဖြစ်နေသော ဖေးလု- …ထားလိုက်တော့၊ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။

သူတို့နှစ်ဦး ခုတင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ ရှိနေကြသည်။ ပြတင်းပေါက်အပြင်ဘက်တွင် မိုးသည်းထန်လာပြီး မကြာမီ သည်းကြီးမဲကြီး ရွာချလိုက်တော့သည်။ ကောင်းကင်သည် မှောင်မိုက်လာပြီး အခန်းထဲတွင် မီးများမဖွင့်ထားဘဲ အပြင်ဘက်မှ မှိန်ပျပျ အလင်းရောင်သာ ဝင်လာသည်။

လေထုက ရုတ်တရက် လေးလံသွားသလို ခံစားရသည်။

လီကျွင်း မျက်မှောင်ကြုတ်လိုက်သည်။ အနည်းငယ် ရွံရှာနေပြီး နည်းနည်းစိတ်လှုပ်ရှားနေသလို ပုံပေါက်နေသည်။ ဖေးလုသည် သူ၏အပြောင်းအလဲကို သတိထားမိပြီး သူ့မျက်ခုံးနှစ်ခုကြားရှိ အကြောကို ညင်သာစွာ ဖိလိုက်သည်။ သူက သူ့လက်မောင်းတွေကို တမင်တကာ ချဉ်းကပ်လိုက်ပြီး သူ့လက်ကို နောက်ကျောဘက်သို့ ဆန့်တန်းကာ လီကျွင်းကျောပြင်ကို တစ်ချက်ချင်း ပွတ်သပ်ပေးလိုက်သည်။

လီကျွင်းသည် သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး သူ့ခေါင်းကို လည်ပင်းကြားထဲ နှစ်မြှုပ်လိုက်သည်။ သူ့နှာခေါင်းဖျားမှာ လူငယ်လေးဆီက လန်းဆန်းတဲ့ ရေချိုးဆပ်ပြာနံ့တွေနဲ့ ပြည့်နှက်နေပြီး သူ့မှတ်ဉာဏ်ထဲက စိုစွတ်ပြီး ဆွေးမြေ့နေတဲ့ သံချေးနံ့က သူ့ဆီကနေ မှေးမှိန်ပျောက်ကွယ်သွားသလို ခံစားရသည်။

“ဆရာ၊ ပုံပြင်လေးတစ်ပုဒ် နားထောင်ချင်လား”

ဖေးလုရဲ့ လက်တွေက လှုပ်ရှားနေဆဲဖြစ်ပြီး သူ့အသံက အရမ်းညင်သာသည်။ “ပြောလေ”

“ကျွန်တော် ခုနစ်နှစ်သားအရွယ်တုန်းက ပြန်ပေးဆွဲခံခဲ့ရတယ်” သူ့ရဲ့ ချောမောတဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည်။ လီကျွင်း သူ့လည်ပင်းကို ပွတ်သပ်ရင်း စကားလုံးတွေကို ဖြည်းဖြည်းချင်း စီစဉ်နေသည်။

“ကျွန်တော့်ကို ပြန်ပေးဆွဲတဲ့သူတွေက ပိုက်ဆံလိုချင်နေကြတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့။ သူတို့က ကျွန်တော့်ကို Y မြို့က တောင်ပေါ်မှာရှိတဲ့ အိမ်အိုကြီးတစ်လုံးထဲမှာ ပိတ်လှောင်ထားခဲ့တာ”

“အိမ်က အရမ်းဟောင်းနေပြီ။ အဲဒီတုန်းက မိုးတွေ အမြဲရွာနေတာမို့ အခန်းထဲမှာ ရေတွေယိုစိမ့်ပြီး အမြဲတမ်း မှိုနံ့တွေ ​ပျောက်မသွားဘဲ ရှိနေတတ်တယ်” လီကျွင်းက သူ့မှတ်ဉာဏ်ထဲက မြင်ကွင်းကို ပြန်ပြောင်းသတိရပြီး ဖြည်းဖြည်းချင်း ပြောပြသည်။

“ကျွန်တော် အဲဒီအနံ့ကို မကြိုက်ဘူး” လီကျွင်းက ကလေးဆိုးလေးတစ်ယောက်လို ညည်းတွားရင်း သူ့ရဲ့မကြိုက်တာကို ဖော်ပြသည်။

ဖေးလုက သူ့ခေါင်းကို အမြန်ထိလိုက်ပြီး ဂနာမငြိမ်ဖြစ်နေတဲ့ သူ့ကောင်လေးကို ပူနွေးတဲ့အနမ်းတစ်ပွင့် ပေးလိုက်သည်။

လီကျွင်းလည်း စိတ်ပြေသွားပြီး ပုံပြင်ကို ပြန်စပြောပြသည်။

“နောက်တော့ သူတို့အားလုံး သေကုန်တယ်။ အဲဒီအိမ်ထဲမှာပဲ သေတာ။ အလောင်းတွေက ရေထဲမှာ စိမ်ပြီး ပုပ်ပွနေတာကြောင့် အနံ့က ပိုဆိုးလာတယ်…”

လီကျွင်းက မနှစ်မြို့ဖွယ်အနံ့ကို ဖော်ပြဖို့ သူ့စိတ်ထဲက အထူးပြုစကားလုံးတွေကို ရှာဖွေရင်း ပြောလိုက်သည်။

“ကြွက်သေအနံ့လိုပဲ နံတယ်”

ဖေးလု: “…”

သူ့မှာ ဘာဆက်လုပ်ရမှန်း မသိဘဲ ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်လိုက်သည်။

ကံကောင်းစွာနဲ့ပဲ လီကျွင်းက သူ့ကို အဖြေပြန်ပေးဖို့ မရည်ရွယ်ခဲ့တာမို့ သူ့ဘာသာ ဆက်ပြောလိုက်သည်။

“နောက်ပိုင်းတော့ ကျွန်တော်ပြန်ရောက်လာတယ်။ မိုးရွာတိုင်း အဲဒီအနံ့ကို အမြဲရနေတတ်တယ်။ အရမ်းနံပြီး ရွံစရာကောင်းတယ်”

ဖေးလု သက်ပြင်းချလိုက်ပြီး သူ့ရဲ့ဆံပင်တိုတွေကို လက်ချောင်းတွေနဲ့ ထိုးဖွရင်း ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးလိုက်သည်။

“ဒါက မင်း မိုးကို မုန်းရတဲ့အကြောင်းရင်းလား”

လီကျွင်းက ညင်သာစွာ “အင်း” ဟု ဆိုလိုက်ပြီး သူ့ကို ညုတုတု ပွတ်သပ်လိုက်သည်။

“ဆရာ အဲဒီလူတွေ ဘယ်လိုသေသွားလဲဆိုတာ မသိချင်ဘူးလား” သူ့အသံက အရမ်းတိုးနေ၏။သူ ဖေးလုကို မေးတဲ့အခါ အသံအဆုံးသတ်မှာ နည်းနည်းလေး ဆွဲလိုက်တယ်။ဖေးလုကို မေးခွန်းထုတ်ဖို့ လှုံ့ဆော်တဲ့ပုံစံနဲ့ သူ့ရဲ့ နောက်ဆုံးလျှို့ဝှက်ချက်ကို ဖော်ပြခဲ့၏။

ဖေလူ သက်ပြင်းချပြီး သူပြောစေချင်တဲ့အတိုင်း မေးလိုက်သည်။ “ဒါဆို သူတို့ ဘယ်လိုသေသွားတာလဲ”

“…”

လီကျွင်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ “ကျွန်တော် သတ်လိုက်တာ”

“အပြင်လူတွေက ပြန်ပေးဆွဲသမားတွေကို ရဲတွေက သတ်လိုက်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အဲ့လို မဟုတ်ဘူး။ ကျွန်တော် သတ်လိုက်တာ” လီကျွင်းရဲ့ ရင်ဘတ်က အနည်းငယ် တုန်ခါသွားသည်။ သူက ဖေလုရဲ့ လည်ပင်းမှာ မျက်နှာကို နှစ်မြှုပ်မထားတော့ဘဲ မျက်နှာကို မော့ပြီး နဖူးချင်းအပ်ကာ ဖေးလုရဲ့ မျက်နှာအမူအရာကို စိုက်ကြည့်နေသည်။

“ပြန်ပေးဆွဲသမားတွေ အိပ်နေတုန်း ဖန်ကွဲစနဲ့ လည်ပင်းတွေကို လှီးသတ်ခဲ့တာ…”

ဖေးလု: 666 ငါ နည်းနည်း ကြောက်သွားပြီ QAQ

666: [မကြောက်ပါနဲ့ သူ့ကို မင်းဂန္ဓမာပန်းကိုသုံးပြီး ညှစ်သတ်လိုက်]

 ဖေးလု၏မျက်နှာက ထုံပေပေဖြစ်နေပြီး ဘာမှမပြောဘဲ နေသည်။

လီကျွင်းက သူ့မျက်နှာအမူအရာကို အနီးကပ် စောင့်ကြည့်နေသည်။ သူလုံးဝမပြောင်းလဲဘဲ ရှိနေသည်ကို မြင်သောအခါ သူ မနေနိုင်ဘဲ မေးလိုက်သည်။ “ဆရာ၊ ကြောက်သွားလား”

“မကြောက်ပါဘူး။” ဖေးလုက ဖြည်းဖြည်းလေး ပြောလိုက်သည်။ သူ့ရဲ့ နုနယ်တဲ့စိတ်ကလေးကို မနာကျင်စေဖို့ ကြိုးစားရင်း….

“မင်း အဲဒီတုန်းက ငယ်သေးတာပဲ။ ကိုယ့်ဘာသာ ကာကွယ်ရုံသက်သက်ပဲ၊ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး”

“…” လီကျွင်းက သူ့နှာခေါင်းထိပ်ကို ကိုက်လိုက်ပြီး သွားတွေနဲ့ ကြိတ်လိုက်သည်။ ” ဆရာသိပါတယ် ကျွန်တော်မေးနေတာ အဲဒါမဟုတ်ဘူးဆိုတာ”

ဖေးလုက ဒေါသတကြီး သူ့ပါးနှစ်ဖက်ကို ညှစ်လိုက်ပြီး သူ့နှာခေါင်းကို ကယ်တင်လိုက်သည်။ “မင်း ဘယ်တစ်ခုကို မေးနေတယ်ဆိုတာ ငါသိပြီးသား”

“ဒါတွေအားလုံးက အတိတ်က ကိစ္စတွေ။ မင်း မှတ်ထားရမှာက မင်းဘာမှ မမှားဘူးဆိုတာပဲ”

“မင်း အပြစ်ရှိတယ်လို့ ခံစားနေစရာမလိုသလို ကြောက်နေစရာလည်း မလိုဘူး။”

လီကျွင်း မျက်လုံးများ အရောင်တောက်သွားပြီး သူ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် မကြောက်ပါဘူး၊ ကျွန်တော် မှိုတက်နေပြီး ပုပ်ပွနေတဲ့ သံချေးနံ့ကို မမေ့နိုင်လို့ပါ”

“အနံ့ဆိုးတယ်…” သူပြောရင်း သူ့နှာခေါင်းကို ဖေးလုလည်ပင်းပေါ်ကို တင်လိုက်သည်။ “ဆရာ့အနံ့က ပိုမွှေးတယ်…”

ဖေးလု: …ခုနလေးတင်ပဲ အရေးကြီးကိစ္စတွေ ပြောနေတာ မဟုတ်ဘူးလား။

သူငယ်ချင်း၊ မင်း စကားလမ်းကြောင်း ပြောင်းတာ အရမ်းမြန်တယ်နော် 🙂

လီကျွင်းက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို မသိခဲ့ပါ။ သူက ခုနလေးတင်ပဲ ဒုက္ခတွေအများကြီး ရောင်းချခဲ့ပြီး အခုတော့ ဖေးလုကို ဖက်တွယ်ပြီး အကျိုးအမြတ်တွေ ရှာဖွေနေသည်။

ဖေးလုက လီကျွင်းရဲ့ ပွတ်သပ်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး မထိန်းနိုင်တော့ဘဲ သူ့ရဲ့အိပ်ဝတ်အင်္ကျီကို ယူကာ ဒေါသထွက်တဲ့ဟန်ဆောင်ပြီး “အိပ်တော့!” လို့ ပြောလိုက်တယ်။

တိုးညင်းညင်း ရယ်သံများ တိတ်ဆိတ်သွားပြီး လီကျွင်းက သူ့ကို ပွေ့ဖက်ထားရင်း ခေါင်းထိပ်ကို ညင်သာစွာ နမ်းလိုက်ကာ တိုးတိုးလေး မေးလိုက်သည်-

“ဆရာ နောက်ဆို မိုးရွာတဲ့နေ့တွေမှာ ကျွန်တော်နဲ့အတူ ရှိနေပေးမှာလား”

သူ့ရင်ခွင်ထဲမှာ တစ်သမတ်တည်းကျတဲ့ အသက်ရှူသံကို ကြားရသည်။ လီကျွင်းက သူ့ရင်ခွင်ထဲက လူကို ကူကယ်ရာမဲ့ ပွတ်သပ်လိုက်သော်လည်း နောက်ဆုံးတွင် သူလိုချင်သည့် အဖြေကို မရခဲ့ပေ။

စာရေးသူမှာ ပြောစရာရှိသည်-

လီကျွင်း – လာပြီး အတင်းအကြပ်လုပ်ပါဦး၊ ကျွန်တော့်ကို ဆရာ့ဂန္ဓမာပန်းနဲ့ ညှစ်ထုတ်လိုက်လေ 🙂

Chapter 18 ended

Chapter 19

August 25, 2025

Chapter 19

နောက်တစ်နေ့မနက်တွင်, ဖေးလုသည် 666၏ အော်သံမကြားခင်အထိအိပ်ပျော်နေခဲ့ပြီး အော်သံကြားမှ နိုးထလာခဲ့သည်။

” ဘာဆူညံသံလဲ..?” ဖေးလုသည် သူ၏ မျက်လုံးများကို စိတ်မရှည်လက်မရှည် ပွတ်ထည့်လိုက်သည်။

666 က gameအဆင့်သတ်မှတ်ချက်တွေကို ကြည့်နေတာ ပြီးသွားတဲ့အခါ ဂိမ်းမျက်နှာပြင်ကနေ ထွက်လာတော့  လုပ်ဆောင်မှုဘားက ၉၀% ကို ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် အိပ်နေတုန်းဖြစ်တဲ့ ​ဖေးလုကို လျစ်လျူရှုလိုက်တယ်။

[ မင်းနိုးပြီလား? လုပ်ငန်းဆောင်တာဘားက မြင့်တက်သွားပြီ! မင်းကိုစိတ်ညစ်စေတဲ့တာဝန်က ပြီးပြည့်စုံတော့မယ်!]

ဖေးလုသည် သန်းနေရင်းလမ်းတစ်ဝက်မှာပင် ရပ်တန့်သွားကာ သူနှင့်အတူပူးပေါင်းလိုက်လေသည်။

” အိုး, ဘယ်လောက်တောင်မြင့်တက်သွားပြီလဲ?”

[ ၉၀%တောင်မြင့်တက်သွားပြီ] 666သည် ပျော်ရွှင်စွာပြောလိုက်သည်။

” အိုး.” ဖေးလုသည် ခြောက်သွေ့စွာ ပြန်ဖြေလိုက်ပြီး ဘယ်လိုခံစားနေရသည်ကို မဖော်ပြနိုင်ပါပေ။

သူသည် သိပ်မကြာခင်တွင် ထွက်ခွာသွားရမည်ကို နားလည်ထားပြီး သူနှင့်လီကျွင်းသည် အတူရှိရန် ရေစက်ပါမလာခဲ့ပေ။

သို့သော် စိတ်ခံစားချက်အရ ဆောင်ရွက်မှု ဘားတန်းသည် ပြီးဆုံးဖို့နီးလာပြီဟု ကြားလိုက်ရသောအခါ သူသည် အနည်းငယ်တော့ စိတ်ပျက်မိဆဲပင်ဖြစ်သည်။

ပြောရပါလျှင် , လီကျွင်းသည် သူ၏ အချစ်ဦးဖြစ်ခဲ့သည်။ အဲ့ဒီမတိုင်ခင်က သူ့ရဲ့ ပထမဆုံးအချစ်ဟာ အကြောင်းမဲ့ ဒီလိုမျိုး အဆုံးသတ်သွားမယ့် ဆက်ဆံရေးမျိုး ဖြစ်လာမယ်လို့ ဖေးလု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။

​[ချစ်လေး၊ ဘာလို့ ဝမ်းနည်းနေရတာလဲ?] 666 က သူ့ရဲ့ စိတ်ခံစားမှုတွေကို သိနေတဲ့ပုံနဲ့ စိုးရိမ်တကြီး မေးလိုက်တယ်။ “မင်း ဒါကို အလေးအနက်မထားဘူး မဟုတ်လား? ထွက်သွားချင်တာ မဟုတ်ဘူးလား?” ပြောပြီးနောက် သူ့ရဲ့ အသံနေအသံထားက နည်းနည်း လေးနက်လာတယ်။

​​ဖေးလုက မျက်လုံးတွေကို အောက်ချပြီး အေးဆေးတည်ငြိမ်တဲ့ အသံနဲ့ “ငါနည်းနည်း တွန့်ဆုတ်နေမိတယ်။ ဒါပေမဲ့ တကယ့်ဘဝနဲ့ စိတ်ကူးယဉ်မှုကြားက ကွာခြားချက်ကိုတော့ ငါခွဲခြားနိုင်ပါသေးတယ်”

666သည် မူပိုစွာ လေကိုရှူထုတ်လိုက်ပြီး အေးအေးသက်သာ ပြောလိုက်သည်, [ ကောင်းတယ်။ ဒါက ဇာတ်ကောင်နေရာ သရုပ်ဆောင်ရတဲ့ ဂိမ်းလေးသက်သက်ပါပဲ။ သိပ်ပြီးနစ်ဝင်မသွားနဲ့။ ] ဘာပဲဖြစ်ဖြစ် တကယ့်ဘဝကို ပြန်သွားတဲ့အခါ ဘယ်သူကမှ ဘယ်သူ့ကိုမှ မမှတ်မိကြတော့ ဘာလို့ စိတ်ပူနေရမှာလဲ?

” အိုကေ…ဒီအကြောင်းမပြောကြရအောင်” ။

ဖေးလုသည် သူ၏မျက်နှာကို စောင်ပုံထဲတွင်မြှုပ်ထားလိုက်ပြီး လီကျွင်း၏ ဖျော့တော့သောအသက်ရှူသံသည် သူ၏နှာခေါင်းထဲတွင် စွဲကျန်နေပြီး သူသည် ပို၍ပင် ကသိကအောက်ဖြစ်လာခဲ့ကာ စိတ်မရှည်စွာဖြင့် နှင်ထုတ်လိုက်သည်, ” ဂိမ်းသွားကစားနေလိုက်။ မင်းမှာပွိုင့်အလုံအလောက်မရှိရင် ငါ့အကောင့်ကနေ အရင်ပေးချေလိုက်..”

666: “…..”

နှင်ထုတ်ခံရတယ်လို့ခံစားနေရတဲ့ ဒီခံစားချက်ကဘာပါလိမ့်?

666သည် ဇာတ်ကားများနောက်ကို လိုက်ကြည့်နေခြင်းအား ယခုတလော ရပ်တန့်ထားခဲ့ပြီး မိုဘိုင်းဂိမ်းမျိုးစုံကို စွဲလမ်းလာခဲ့လေသည်။  Pesticide ဆိုတဲ့ဂိမ်းသည် အသစ်ထွက်လာတဲ့ လူကြိုက်များသည့် ဂိမ်းတစ်ခုဖြစ်လာပေပြီ။ သူသည် ၊ဖေးလု၏ အကောင့်ထံမှ ပွိုင့်များကို ထုတ်ယူနိုင်သည့်အကြောင်း ကြားကြားချင်းမှာပင်, သူသည် ချက်ချင်း ဝမ်းသာသွားခဲ့ပြီး ဂိမ်းskinရွေးရန်အတွက် အလျင်အမြန်ပင် on-hook modeကိုပြောင်းလိုက်လေသည်။

အမှတ်အသားသည်ပင် ပြောင်းလဲသွားခဲ့သည်မှာ “လုလု မင်းကိုချစ်တယ်..” ဟူ၍ ဖြစ်သည်။

666ထွက်သွားပြီးနောက် အခန်းက ပြန်လည်တိတ်ဆိတ်သွားတယ်။ အပြင်ဘက်ကောင်းကင်က ခြောက်နာရီအချိန်ဖြစ်နေပေမဲ့ မှောင်ရိပ်ကျနေဆဲဖြစ်ပြီး လီကျွင်းကတော့ သူ့လက်မောင်းတွေထဲ ကွေးပြီး အိပ်မောကျနေတယ်။

​ဖေးလုရဲ့လက်ချောင်းတွေက လီကျွင်းရဲ့မည်းနက်ပြီး တောက်ပနေတဲ့ဆံပင်တွေကို တစ်လျှောက်လုံး လိုက်ဆော့နေပြီး သူ့ရဲ့ချောမောတဲ့မျက်နှာသွင်ပြင်တွေကိုပါ လိုက်ထိတွေ့နေတယ်။ လီကျွင်းရဲ့မျက်နှာသွင်ပြင်တွေက ခပ်ထူထူဖြစ်ပြီး သူ့မျက်လုံးတွေက မှိတ်ထားတာတောင်မှ ရှည်လျားပြီးမည်းနက်နေတဲ့ မျက်တောင်တွေက မှိန်ဖျော့တဲ့ အရိပ်တစ်ခုကို ဖြစ်ပေါ်စေတယ်။ ဖေးလု မနေနိုင်တော့ဘဲ သူ့ရဲ့မျက်တောင်တွေကို ကလိလိုက်တယ်။

​လက်နဲ့ ခဏလောက် ထိုးဆွပြီးတဲ့နောက်မှာတော့ မကျေနပ်နိုင်သေးတဲ့ ဖေးလုက သူ့ရဲ့မျက်တောင်တွေကို ညင်ညင်သာသာ မှုတ်ထုတ်လိုက်တယ်။ လီကျွင်းကတော့ သူ့လက်မောင်းတွေထဲမှာ အိပ်ပျော်နေဆဲဖြစ်ပြီး ပေါ်နေတဲ့ မျက်နှာတစ်ခြမ်းကလည်း မလှုပ်မယှက်နဲ့ ရှိနေဆဲပဲ။

မတိုင်ခင်အထိပင်….

ဖေးလုသည် သူ၏ နှုတ်ခမ်းများဆီ လက်လှမ်းလိုက်ပြီး ညှစ်လိုက်သည်။

လီကျွင်း၏ နှုတ်ခမ်းများမှာ အလွန်ပါးလျပီး နှုတ်ခမ်းနှစ်ခုမှာ တစ်ငုံစာပင်ရှိလေသည်။ လူတွေက နှုတ်ခမ်းပါးသည့်သူတွေမှာ အေးစက်ကြသည်ဟုပြောသော်လည်း စမ်းသပ်ပြီးနောက် သူတစ်ဦးတည်းကသာ ထိုအရာများမှာ ဘယ်လောက် ပူနွေးပြီး ကြင်နာတတ်လဲဆိုတာကို သိနိုင်ပေသည်။

​ဖေးလု ခဏလောက် တွေဝေသွားပြီးမှ သူ့လက်ချောင်းတွေကို ပူးကပ်နေတဲ့ နှုတ်ခမ်းနှစ်ခုကြားထဲကို ပူးဝင်သွားသလိုမျိုး ထိုးသွင်းလိုက်တယ်။

​စိုစွတ်၊ နူးညံ့ပြီးနောက်မှာတော့ ခပ်မာမာသွားတွေ။

​အတားအဆီးနဲ့တွေ့လိုက်တဲ့အခါ ဖေးလုက စိတ်ပျက်မိပေမဲ့ လှုပ်ရှားမှုတွေ အရမ်းမလုပ်ရဲဘူး။ လီကျွင်းနိုးသွားရင် အကြီးအကျယ်ဒုက္ခရောက်မှာ။ သူသည် အတော်လေးပျော့ပြောင်းသော နှုတ်ခမ်းနှစ်ခုကို စိုးရိမ်တကြီး ဖိချလိုက်ပြီး အိပ်ချင်ယောင်ဆောင်ရန် သူ၏ လက်များကို ပြန်လည်ထုတ်ယူရန် ပြုခဲ့သော်လည်း အဖမ်းခံလိုက်ရလေသည်။

! ! !

ဖေးလုသည် ကြောက်ရွံ့နေသော ယုန်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး သူ၏ မျက်ဝန်းများသည် မူးမိုက်ကာ ပြူးကျယ်သွားခဲ့သည်။သူ၏ခေါင်းပေါ်တွင် နားရွက်ကလေးများသာ ရှိပါက သူ၏ခေါင်းအနောက်ဘက်တွင် သတ္တိမဲ့စွာ လဲလျောင်းနေမည်ဖြစ်ပေသည်။

လီကျွင်းသည် သူ့ကို ပြုံးတုံ့တုံ့ကြည့်လိုက်ပြီး သူ၏ လက်ချောင်းများကိုသွားဖြင့် ကိုက်လိုက်ကာ ကြိတ်လိုက်လေသည်။

တုံ့ပြန်သည့်အပိုင်းတွင် တစ်ဝက်မျှနောက်ကျနေသည့် ဖေးလုသည် နောက်ဆုံးတွင်တော့ တုံ့ပြန်ခဲ့လေသည်။ သူသည် သူ၏ လက်ချောင်းများကို လှစ်ခနဲ ပြန်ဆွဲထုတ်လိုက်ပြီး သူ၏အနောက်တွင်ဖွက်လိုက်ကာ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်, ” မင်း…မင်းဘယ်တုန်းက နိုးနေခဲ့တာလဲ..?”

လီကျွင်း၏ နှုတ်ခမ်းထောင့်သည် ကွေးတက်သွားခဲ့ပြီး သူ၏ မျက်ဝန်းများမှာ အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်, ” ဘယ်တုန်းကလဲဆိုတာ ခန့်မှန်းကြည့်လေ..”

“…” မခန့်မှန်းဘူးကွာ 🙂

ဖေးလု၏ နှလုံးသားထဲတွင် သူ့ကို အပြင်းအထန်ရှုံ့ချနေခဲ့သော်လည်း သူသည် မသက်မသာခံစားနေရပြီး သတ္တိမဲ့ခဲ့လေသည်။ ထို့ကြောင့် သူ့ကိုယ်သူလှည့်ဖြားလိုက်ပြီး သန်းလိုက်ကာ, ” ငါအရမ်းအိပ်ချင်နေတာ..” အိပ်ချင်နေယောင်ဟန်ဆောင်လိုက်ပြီး အိပ်ရန်အဆင်သင့်ပြင်နေလေသည်။

သို့သော်လည်း, သူသည် လီကျွင်း၏ ပြိုင်ဘက်တစ်ယောက် လုံးဝ မဖြစ်ခဲ့ပါပေ။လီကျွင်က လက်များကို သူ့အပေါ်သို့ဖိချလိုက်ပြီး, ” ခင်ဗျားအိပ်ပျော်သွားမယ်ဆိုရင်, ကျွန်တော်က နိုးလာအောင်လုပ်ရမှာပေါ့…”

ဖေးလု: “….” မင်း ဆရာကိုလေးစားပေးနိုင်မလားကွ?

ပြီးတော့ အဲ့လိုအဝါရောင်လေသံကို ဘယ်သူ့ဆီကနေ သင်လာခဲ့တာလဲ? ! (T/N- အဝါရောင်က အပြာရောင်ဆိုတာကိုသိတယ်မလား)

ဖေးလုသည် ကြောင်တောင်တောင်ဖြင့်သူ၏ မျက်ဝန်းကိုပြူးကျယ်လိုက်ပြီး သူလုံးဝမအိပ်ရသေးဘူးဟု သက်သေပြလိုက်ကာ., ” ငါအရမ်းအိပ်ချင်နေတယ်~~”

လီကျွင်းသည် သူ၏ ခန္ဓာကိုယ်ကို နှိမ့်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ နက်မှောင်နေကာ သူ၏ အသံမှာ နိမ့်နေ၍ စိတ်ဆိုးနေသကဲ့သို့ပင်, ” ဆရာက ကျွန်တော့်ကိုနှိုးလိုက်တာလေ…ဆရာ တာဝန်ယူသင့်တယ်…”

” ငါက ဘယ်လို တာဝန်ယူနိုင်မှာလဲကွ?..” ဖေးလုက ဖြူစင်စွာ မေးလိုက်တယ်၊ အဆိုးဆုံးကတော့ သူ သူ့ကို ပြန်အိပ်အောင် လုပ်ပေးရုံပဲလေ။

လီကျွင်းက သူချိတ်ဆက်မိသွားသည်ကို မြင်ပြီး သူ၏ မျက်ဝန်းများ လင်းလက်သွားကာ နားရွက်အနားသို့ တိုးပြီး အသံနိမ့်နိမ့်ဖြင့်ပြောလိုက်လေသည်။

စာကြောင်းနှစ်ကြောင်းကိုကြားပြီးသောအခါ, ဖေးလု၏ မျက်နှာသည် ဝုန်းခနဲ နီမြန်းသွားခဲ့လေသည်။ သူသည် လီကျွင်းကို စိတ်တိုစွာ တွန်းထုတ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ ဒေါသဖြင့် စိုစွတ်နေခဲ့လေသည်.။  ” ထွက်သွား…ငါမင်းကို ကိုက်ချင်စိတ်မရှိဘူးကွ!”

“ဘာလို့လဲ?” လီကျွင်းသည် အနည်းငယ် မကျေမနပ်ခံစားလိုက်ရပြီး., ” ကျွန်တော်ကျတော့ ဆရာ့ကို မတိုင်ခင်က ပေးခဲ့….”

နောက်ဆက်တွဲ ဝါကျတစ်ဝက်မှာ ရှက်ရွံ့နေသော ဖေးလုထံမှ တွန်းအားပေး ဖုံးအုပ်ခံလိုက်ရလေသည်။

ဖေးလုသည် အလွန်ရှက်ရွံ့နေပြီး ဒေါသထွက်နေခဲ့လေသည်။ မျက်နှာနီနီဖြင့် အဆက်အစပ်မရှိစွာ သူပြောလိုက်သည်, ” မင်း…မင်းဘာလို့ ဒီလောက် အရှက်မဲ့ရတာလဲ..?”  ဒါတွေအကုန်လုံးကို ရုပ်တည်တည်နဲ့ ဘယ်လိုပြောနိုင်ရတာလဲ!

သိသိသာသာပင် လီကျွင်းသည် တကယ်ကို အရှက်ကင်းမဲ့လေသည်။ သူ၏ မျက်ဝန်းများမှာ ဖေးလုအပေါ်တွင် ချိတ်တွယ်နေကာ စုန်ဆန်ကြည့်နေပြီး သူ၏ စိုစွတ်သော လျှာကိုပင် ဆန့်ထုတ်လိုက်ကာ ဖေးလု၏ လက်ဖဝါးကိုလျက်လိုက်လေသည်။

“….” ဖေးလုသည် သူ၏ လက်ကို ဆတ်ဆတ်ထိမခံ ပြန်ဆုတ်သွားပြီး သူ၏ လက်ဖဝါးကို တင်းကြပ်စွာ ညှစ်ကိုင်နေကာ ထုံကျင်နေမှုများ မြန်မြန် ပျောက်ကွယ်သွားစေဖို့ ပြုလုပ်ရန် ကြိုးစားနေသည်။

သူတို့အိပ်ရာထဲတွင်တွေ့ဆုံသောအခါ, အရှက်မရှိသူကသာ  နိုင်လေသည်။ ဖေးလုသည် သိသိသာသာပင် လီကျွင်း၏ ပြိုင်ဘက်မဟုတ်ပါချေ။

အလုပ်ကြိုးစားတဲ့ ဂန္ဓမာပန်းလေးအတွက် ဖယောင်းမုန့်အနည်းငယ်ပေးတာပေါ့ 🙂

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆောင်းဦးရာသီ ကုန်ဆုံးသွားကာ ဖေးလုသည် တစ်ညလျှင် နှစ်ကြိမ်နှင့် သုံးကြိမ်ကြား ကြိုးစားရုန်းကန်နေခဲ့ရသည်။ ဆောင်းရာသီသည် မကြာခင်စတင်တော့မည်ဖြစ်ပြီး ကျောင်းမှ ဆောင်းရာသီအားလပ်ရက်မှာ စတင်လာခဲ့ပြီဖြစ်သည်။

Y မြို့တော်သည် မြောက်ဘက်တွင် တည်ရှိလေသည်။ အတွင်းဘက်တွင် အပူပေးစက်များ ဖွင့်ထားခဲ့ပြီး အပြင်ဘက်တွင်မူ အပူချိန်မှာ အလွန်နိမ့်လေသည်။ မုန့်ရှောင်ယွဲ့၏ ခန္ဓာကိုယ်မှာ သနားစရာဖြစ်သည်။ သူအပြင်ထွက်ထွက်ချင်းမှာပင်, သူသည် အအေးမိ၍ တုန်ယင်နေပြီဖြစ်လေသည်။

ဖေးလုသည် အပြင်ထွက်ချင်လျှင်တောင် ရိုးရှင်းစွာပင် ထွက်လို့မရပါပေ။ အဘယ်ကြောင့်ဆိုသော နွေးထွေးသောကောင်ကလေးက သူ့ကို လွှတ်ပေးရန် ငြင်းဆိုနေသောကြောင့်ဖြစ်သည်။

လီကျွင်းသည် စိတ်ဆိုးခံရမည်ကို ကြောက်ပြီး သူသည် သူ့ကို အပြင်ရှိ လတ်ဆတ်သောလေကိုရှူရှိုက်ရန် အကြိမ်ပေါင်းများစွာ အတင်းအကျပ် ဆွဲခေါ်သွားခဲ့လေသည်။ ဖေးလုသည် သူ့လောက်မသန်မာပါပေ။ ထို့ကြောင့် သူသည် စိတ်မကျေမနပ်ဖြစ်ကာ အပြင်သို့ထွက်ခဲ့ရပြီး ငိုယိုကာ ပြန်လာခဲ့လေသည်။

ဆောင်းရာသီသည် မြောက်ပိုင်း၌ အလွန်အေးလွန်းလှသည်။ ဖေးလုသည် သူ၏ နှာခေါင်းကို ရှုံ့နေရင်းဖြင့် အေးစက်စက်ဆေးတစ်ခွက်ကို ဖြည်းညှင်းစွာသောက်နေခဲ့သည်။

လီကျွင်းသည် သူ့ကို အပြင်ဘက်ရှိလေကို ခံစားရန် အတင်းအကြပ် ဆွဲထုတ်ပြီးနောက် သူသည် ဆိုးဆိုးရွားရွား အအေးမိခဲ့ပြီး အေးစက်နေသော ဆေးမှုန့်တို့ကို သုံးရက်ဆက်တိုက် သောက်ခဲ့ရလေသည်။

ဖေးလုသည် သူ၏ မျက်နှာကို ရှုံ့တွလိုက်ပြီး ဆေးအမှုန့်များကို အပူပေးလိုက်လေသည်။ သူ၏ ပါးပြင်များသည် အပူဒဏ်ကြောင့် အနည်းငယ်နီနေပြီး သူ၏ နှာခေါင်းသည် ပိတ်နေကာ နှာထိပ်ကလေးများမှာလည်း လေဒဏ်ကြောင့်နီရဲနေခဲ့သည်။ အဲ့တာကိုကြည့်ရတာ……အရမ်းချစ်ဖို့ကောင်းတာပဲ။

လီကျွင်းသာ ဒီမှာရှိနေမည်ဆိုလျှင်, အသည်းယားအောင် စနောက်နေသည်ဟု ဆုံးဖြတ်ပေလိမ့်မည်။

သို့သော်လည်း, လီကျွင်းသည် ထိုနေရာတွင်ရှိမနေခဲ့ပါပေ။

​ဖေးလု အအေးမိကတည်းက သူဟာ ဖေးလုကို အပြင်ထုတ်ဖို့ မကြိုးစားတော့ဘူး၊ သူ့ရဲ့ခြေလှမ်းတွေက မူမမှန်တော့ဘူးဖြစ်ပြီး ဘာကြောင့် အပြင်ထွက်နေလဲဆိုတာ ဖေးလု မသိတာကြောင့် သူ့ကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေခဲ့တယ်။

ဖေးလုသည် 666ကို နောက်ဆုံးရသတင်းအချက်အလက်များကို တင်ပြစေချင်ခဲ့သော်လည်း သူ၏အကောင့်မှ ပွိုင့်များကို 666အား ထုတ်ယူခိုင်းလိုက်သည့် နောက်ဆုံးအချိန်ကတည်းက 666သည် အချိန်အတော်ကြာ ပေါ်မလာခဲ့ပါပေ။

အမှတ်အသားသည်လည်း ” အဆင့်မြှင့်တင်နေတာကို လာမနှောက်ယှက်နဲ့” ဟု ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဖေးလုသည် ကိုယ့်ကိုယ်ကို အားကိုးရတော့မည်ဖြစ်သည်။

သူသည် ပြတင်းပေါက်ဘေးတွင် ပျင်းရိစွာ နေနေ​၏။ အပြင်ဘက်က သစ်ကိုင်းတွေက ဗလာကျင်းနေပြီး အရွက်တွေအားလုံး ကြွေကျကုန်ပြီ၊ သစ်ကိုင်းတွေပဲ အေးတဲ့လေထဲမှာ တုန်ရီနေတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က နှင်းဖွဲဖွဲကျခဲ့တယ်၊ နှင်းတွေက အရည်ပျော်သွားပြီး ပွင့်လင်းမြင်သာတဲ့ ရေခဲပုလင်းတွေဖြစ်ပေါ်လာကာ သစ်ပင်ထိပ်ပေါ်မှာ တွဲလောင်းကျနေတယ်။

ဖေးလုသည် သစ်ပင်ပေါ်ရှိ ရေခဲချိတ်များကို အာရုံတစိုက် ရေတွက်နေခဲ့သည်

နှစ်ဆယ်ကိုရောက်သည့်အချိန်တွင်, လီကျွင်းပြန်လာခဲ့သည်။

တံခါးသည် ပွင့်သွားခဲ့ပြီး လေအေးများဝင်လာခဲ့သည်။ ဖေးလုသည် သူ၏ လည်ပင်းကိုကျုံ့လိုက်ပြီး နောက်သို့မလှည့်ဘဲ တမင်သက်သက် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေခဲ့သည်။

လီကျွင်းသည် သူ၏ အေးစက်နေသော ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အအေးဓါတ်လွင့်ပြယ်သွားမှသာ သူ့အနားသို့ကပ်လိုက်လေသည်။

” ဆရာ ဘာကိုကြည့်နေတာလဲ?”

​ဖေးလုက နှုတ်ခမ်းကို စူပုတ်လိုက်ပြီး တမင်တကာ ပိတ်ဆို့ထားတယ်။ “ဘာမှ မကြည့်ဘူး!”

လီကျွင်းသည် ပြုံးလိုက်ပြီး သူ၏ နှာခေါင်းလေးကို ကုတ်ခြစ်လိုက်သည်မှာ အလိုမကျဖြစ်နေသော ကလေးလေးကိုကြည့်နေသကဲ့သို့ပင်, ” မနက်ဖြန် ကောင်းတာလေးတစ်ခုခုကြည့်ဖို့ ဆရာ့ကို ခေါ်သွားမယ်..”

ဖေးလုသည် သူ၏ ခေါင်းကိုလှည့်လိုက်ပြီး သူ့ကိုတောက်ပနေသော မျက်ဝန်းများဖြင့်ကြည့်လိုက်သည်, ” ဘာလဲ?”

လီကျွင်း ရယ်လိုက်သည်, ” ဆရာရောက်ရင် သိရမှာပေါ့, အဲ့တာက စပရိုက်…”

​ဖေးလုက ငြီးတွားလိုက်တယ်၊ သူ အခုချက်ချင်း သိချင်နေတယ်၊ ဒါကြောင့် သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ထိုးလိုက်တယ်။ “ပြောမှာလား၊ မပြောဘူးလား!”

” ဟင်းမ်း…. ကျွန်တော်ပြောလို့မရဘူး..” လီကျွင်းသည် မျက်နှာပြောင်လိုက်ပြီး သူခိုးတစ်ယောက်ကဲ့သို့ ပြုံးနေလေသည်။

“….” ခြိမ်းခြောက်မှုကျရှုံးသွားပြီး ဖေးလုသည် သူ၏ခေါင်းကို စိတ်ဆိုးမာန်ဆိုး ပြန်လှည့်လိုက်လေသည်။  သူ သူ့နောက်က ချောမောတဲ့မျက်နှာကို မကြည့်ချင်ဘူး၊ သူ ဒါကို မြင်တဲ့အခါ ဒေါသထွက်လာလို့လေ။

End of chapter 19

Chapter 20

August 25, 2025

Chapter-20

Y မြို့တွင် အကြီးမားဆုံးနှင်းကျပြီးနောက် ဆောင်းရာသီမှာ အပြည့်အဝ ရောက်ရှိလာခဲ့သည်။ အပြင်တွင် ဖြူဖွေးနေပြီး မြေပြင်သည် ခြောက်သွေ့နေကာ အဖြူရောင်အလွှာသစ်ဖြင့် ဖုံးလွှမ်းနေသည်။ ဖေးလုသည် အအေးဒဏ်ကြောင့် တုန်ယင်နေသည်။ အပူပေးထားသော အခန်းအတွင်း၌ပင် လက်များကို အပူဓာတ်ရရှိအောင် ဆုပ်ကိုင်ထားမိသည်။ သူသည် ဘောလုံးလေးတစ်လုံးလို ကျုံ့ကာ ဝါဂွမ်းထဲ၌ ပုန်းအောင်းနေသကဲ့သို့ ဖြစ်နေသည်။ ဆောင်းရာသီသည် ဖေးလု၏ အမုန်းဆုံးရာသီဖြစ်ပြီး ဤအချက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ပြောင်းလဲ၍မရနိုင်ပေ။

သို့သော် သူနှာချေရန် ပြင်နေစဉ် ရပ်တန့်နေသော တိုးတက်မှုဘားသည် ရုတ်တရက် ၅% တိုးလာကာ အလုပ်တာဝန်ပြီးမြောက်မှုနှုန်းသည် ၉၅% အထိ ရောက်ရှိသွားခဲ့သည်။ ဤအချက်သည် ဖေးလု၏ တာဝန်ပြီးမြောက်တော့မည့်အချက်ကိုသာမက လီကျွင်း၏ စိတ်နာမကျန်းမှုလည်း ပျောက်ကင်းတော့မည့်အချက်ကိုပါ ညွှန်ပြနေသည်။

မူလကမ္ဘာဇာတ်ကြောင်းတွင် လီကျွင်းသည် အော်တစ်ဇင်ရောဂါဖြင့် မှောင်မိုက်နေပြီး ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးဖြတ်တောက်ထားသူဖြစ်သည်။ ထိုအချိန်က လီကျွင်းအား ဖေးလုမှ ပံ့ပိုးမှုမရှိခဲ့ပေ။ သူသည် အခြားကမ္ဘာတစ်ခုတွင် ပိတ်လှောင်ထားကာ ယဉ်ယဉ်လေးနဲ့စိတ်မနှံ့သူတစ်ယောက်အဖြစ် နေထိုင်ခဲ့သည်။

လီကျွင်းသည် ပါရမီရှင်တစ်ဦးဖြစ်ပြီး ပါရမီရှင်များသည် မကြာခဏ အထီးကျန်နေတတ်သည်။ လီချင်းရီနှင့် ဇနီးသည်တို့ပင် သူ၏ ချည်နှောင်မှုများကို ဖြေလွှတ်နိုင်ခြင်းမရှိခဲ့ပေ။ သူသည် သူ၏ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြုပ်နေပြီး ပတ်ဝန်းကျင်ရှိ သာမန်လူများကို အေးစက်စွာ ကြည့်ရှုကာ အလွန်ပင် ငြီးငွေ့နေခဲ့သည်။

ဤကမ္ဘာသည် သူ့အတွက် မလိုအပ်သကဲ့သို့ သူသည်လည်း ဤငြီးငွေ့ဖွယ်ကောင်းပြီး အေးစက်သောကမ္ဘာကို မလိုအပ်ပေ။ ထို့ကြောင့် သူအရွယ်ရောက်ပြီးနောက် တစ်နေ့တွင် လီကျွင်းသည် သေဆုံးရန် ရွေးချယ်ခဲ့သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသည် သူ့အတွက် ကွာခြားမှုမရှိပေ။ ဤကမ္ဘာနှင့် သူ၏ဆက်နွယ်မှုလည်း မရှိသလောက်ဖြစ်ပြီး သေဆုံးခြင်းသည် ပို၍သစ်လွင်သော စမ်းသပ်မှုတစ်ခုသာဖြစ်သည်။ မူလကမ္ဘာရှိ လီကျွင်းသည် အသက် ၁၈ နှစ်အရွယ်တွင် သူ၏အသက်ကို အဆုံးသတ်ခဲ့သည်။

သို့သော် ဖေးလု၏ ရောက်ရှိလာမှုက ဤအရာအားလုံးကို ပြောင်းလဲခဲ့သည်။

၁၆ နှစ်မှ ၁၈ နှစ်အထိ အရေးကြီးသော နှစ်နှစ်တာကို ဖေးလုက လီကျွင်းနှင့်အတူ ဖြတ်သန်းခဲ့သည်။ အသက် ၁၈ နှစ်အထိ ရှင်သန်နိုင်မည်မဟုတ်ဟု မျှော်လင့်ထားရသော လီကျွင်းသည် ယခုအခါ ၁၉ နှစ်အရွယ်သို့ ရောက်ရှိပြီး သူကြိုက်နှစ်သက်သူကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။ အနာဂတ်ဘဝအတွက် သူ၏စိတ်ထဲတွင် မျှော်လင့်ချက်များ ပြည့်နေတယ်၊ အဘယ်ကြောင့်ဆိုသော် ထိုအနာဂတ်တွင် သူအချစ်ဆုံးလူဖြစ်သူ ဖေးလု ရှိနေမည်ဖြစ်သည်။ လီကျွင်း၏ နှလုံးသားထဲတွင် ဖေးလုသည် မည်မျှ အဓိပ္ပာယ်ရှိသည်ကို မည်သူမျှ မသိခဲ့ပေ၊ ဖေးလုကိုယ်တိုင်တောင် မသိခဲ့ပါ။ ဖေးလုသည် ရုတ်တရက် မှောင်မည်းနေသော ကမ္ဘာထဲသို့ ဝင်ရောက်လာသည့် အလင်းတန်းကြီးတစ်ခုလို ဖြစ်သည်။ သူသည် လီကျွင်း၏ ငြီးငွေ့ဖွယ်ကောင်းသော ဘဝကို အလင်းဖြင့် ဖြည်းဖြည်းချင်း တောက်ပစေခဲ့သည်။

အစပိုင်းတွင် လီကျွင်းသည် ဖေးလုကို စိတ်ဝင်စားမှုသာ ရှိခဲ့သည်။ ကြာလာသည်နှင့်အမျှ သူသည် ဖေးလုအပေါ် မှီခိုအားထားမှု ဖြစ်လာခဲ့သည်။ တစ်ယောက်တည်း နေထိုင်လာခဲ့သူများသည် နွေးထွေးမှုကို တစ်ခါ ခံစားမိပါက အလွယ်တကူ စွဲလမ်းသွားတတ်သည်။ ထိုမှတဆင့် အချစ်ဖြစ်လာခြင်းသည် သဘာဝကျသော အရာတစ်ခုပင် ဖြစ်သည်။

လီကျွင်း၏ အစီအစဉ်တွင် ဖေးလုဟူသော ခံတပ်ကို သိမ်းပိုက်ရန် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့သည်။ သို့သော် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကြောင့်လား၊ ဖေးလုက သူ့ကို ငြင်းပယ်ခြင်း မပြုဘဲ ခံတပ်(ဖေးလု)သည် သူမျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ ကျရှုံးသွားခဲ့သည်။ သူသည် ကိတ်မုန့်၏ ပထမဆုံးသောအရသာကို မြန်မြန်ဆန်ဆန် မြည်းစမ်းကြည့်ခဲ့ပြီး ထိုချိုမြိန်သော အရသာက သူ့အား ကျန်ကိတ်မုန့်အားလုံးကို ပိုင်ဆိုင်လိုစိတ် ဖြစ်စေခဲ့သည်။ သူသည် အချိန်ကြာမြင့်စွာ သည်းခံခဲ့ရပြီး နောက်ထပ် စောင့်ဆိုင်းနိုင်စွမ်း မရှိတော့ပေ။

Y မြို့တွင် နှင်းအကြီးအကျယ်ကျပြီး တတိယမြောက်နေ့၌ ဖေးလုကို လီကျွင်းက အပြင်ရော အတွင်းရော အထပ်ထပ် ထုပ်ပိုးကာ နွေးထွေးသော အခန်းမှ ဆွဲထုတ်ခဲ့သည်။

ဖေးလု၏ နှာခေါင်းသည် အအေးဒဏ်ကြောင့် နီရဲနေသည်။ သူသည် ထူထဲသော ငှက်မွေးအင်္ကျီကြီးကို ဝတ်ဆင်ထားပြီး လည်ပင်းတစ်ဝိုက်တွင် ထူထဲသော သိုးမွေးလည်စီးကြီးကို ရစ်ပတ်ထားကာ မျက်နှာတစ်ဝက်ခန့်ကို ဖုံးအုပ်ထားသည်။ သူ၏ အသံကိုပင် တိုးတိုးလေးသာ ကြားရသည်။ “ဘယ်ကို ခေါ်သွားမလို့လဲ?”

သူသည် အလွန်မကျေမနပ်ဖြစ်နေပြီး လီကျွင်းကို တစ်ဝက်တစ်ပျက်ဆွဲကာ “အရမ်းအေးနေတယ်၊ ပြန်ကြရအောင်လား?” ဟု ပြောလိုက်သည်။

“မရဘူး” လီကျွင်းသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိသူဖြစ်သည့်အတွက် ငှက်မွေးအင်္ကျီသာ ဝတ်ထားပြီး လက်အိတ်တောင် မဝတ်ထားပေ။ သူ၏လက်ဖဝါးများမှာ နွေးထွေးနေကာ အသက်ရှုထုတ်လိုက်သည်နှင့် အဖြူရောင် ရေငွေ့များထွက်လာသည်။ သူသည် ဖေးလု၏မျက်နှာကို နွေးထွေးသော လက်ဖဝါးများဖြင့် အနွေးပေးလိုက်ကာ ကလေးတစ်ယောက်ကို ချော့နေသကဲ့သို့ဖြစ်သည်။ “ဆရာ၊ နည်းနည်းလေး သည်းခံလိုက်ပါ၊ မကြာခင်ရောက်တော့မယ်”

ဖေးလုမှာမူ တွန့်ဆုတ်စွာနှင့် လီကျွင်းဆွဲခေါ်သည့်အတိုင်း လိုက်သွားနေရသည်။

လမ်းသည် တဖြည်းဖြည်း ပိုမိုဝေးကွာလာသည်။ ဤလမ်းသည် လီမိသားစု၏ နောက်ဘက်တောင်ကုန်းသို့ ဦးတည်နေသည်။ လီမိသားစုနေအိမ်သည် မြို့လယ်နှင့် ဆင်ခြေဖုံးဒေသကြား တည်ရှိပြီး ဧရိယာစုစုပေါင်းမှာ အလွန်ကျယ်ဝန်းသည်။ သေးငယ်သော ဗီလာတစ်လုံးသာ အသုံးပြုထားသော်လည်း တကယ်တော့ ဆက်စပ်နေသော တောင်တစ်ခုလုံးသည် လီမိသားစု၏ နယ်နိမိတ်အတွင်း ကျရောက်နေသည်။

လီကျွင်းသည် ယခု ဖေးလုကို တောင်ပေါ်သို့ ဦးဆောင်ခေါ်ဆောင်နေခြင်းဖြစ်သည်။

ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ဖေးလု၏နားရွက်များ နီမြန်းအေးစက်လာချိန်တွင် နောက်ဆုံးတော့ ရောက်ရှိသွားခဲ့သည်။

နွေးနေသော လက်ဖဝါးဖြင့် ဖေးလု၏မျက်ခွံများကို ဖုံးအုပ်ရင်း လီကျွင်း၏ နူးညံ့သောအသံကို ကြားလိုက်ရသည်။ “ဆရာ၊ မျက်လုံးမှိတ်ထားပါ”

ဖေးလုသည် မျက်တောင်ခတ်လိုက်သည်။ သူ၏နူးညံ့သော မျက်တောင်မွှေးများသည် လီကျွင်း၏လက်ဖဝါးကို ဖြတ်သန်းသွားပြီး လီကျွင်း၏နှလုံးသားကို ယားယံစေသည့်အလား ခံစားရစေသည်။ လီကျွင်းသည် တစ်ခုခုကို စဉ်းစားမိပြီး သူ၏အိတ်ကပ်ထဲမှ အမည်းရောင် မျက်လုံးစည်းတစ်ခုကို ထုတ်ယူကာ ဖေးလုအား ဂရုတစိုက် စည်းပေးလိုက်သည်။

မျက်လုံးများ ဖုံးအုပ်ခံရပြီးနောက် ပတ်ဝန်းကျင်တွင် လေတိုက်သံများနှင့် တစ်ခုတည်းသော အားထားရာ လီကျွင်းသာ ရှိနေသည်။ ဖေးလုသည် ဘာလုပ်ရမှန်းမသိစွာ လီကျွင်း၏လက်ကို ဆုပ်ကိုင်လိုက်မိသည်။

ချစ်သူ၏ မှီခိုအားထားမှုကို ခံစားရပြီး လီကျွင်းသည် နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုနှင့်အတူ မျက်လုံးများမှာ ကျေနပ်စွာ ကျဉ်းမြောင်းသွားသည်။ “ဆရာ၊ ကျွန်တော်နဲ့အတူလိုက်ခဲ့ပါ”

ဖေးလုသည် ကိုလာဝက်ဝံလေးတစ်ကောင်ကဲ့သို့ လီကျွင်းပေါ်တွင် ရောက်နေပြီး စည်းထားသောမျက်လုံးများဖြင့် အချည်းနှီး လှည့်ပတ်ကြည့်ရှုနေမိသည်။

ဖေးလုသည် လီကျွင်းက သူ့ကို ခြေလှမ်းအနည်းငယ် ဦးဆောင်ခေါ်ဆောင်သွားသည်ကို ခံစားမိနိုင်ခဲ့သည်။ မကြာမီ ပိတ်ထားသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ မျက်လုံးစည်းကြောင့် အလင်းရောင်မှာ ပို၍မှောင်မိုက်နေပြီး ပတ်ဝန်းကျင်မှ လေအေးတိုက်ခတ်သံများ ရပ်တန့်သွားကာ အနီးအနားတွင် အနည်းငယ်နွေးသော အပူရင်းမြစ်တစ်ခု ရှိနေသည်ကို သတိပြုမိသည်။

— —အိမ်ထဲမှာလား၊ ဖေးလုက စိတ်ထဲမှာ မှန်းဆလိုက်မိသည်။

လီကျွင်းသည် တံခါးကို ဂရုတစိုက်ပိတ်ပြီး ဖေးလုကို သူဂရုတစိုက်ပြင်ဆင်ထားသော လက်ဆောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

“ဆရာ၊ အဆင်သင့်ဖြစ်ပြီလား?”

ဖေးလု၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့ပြီး သူသည် စိတ်လှုပ်ရှားစွာတံတွေးမျိုချကာ မျက်နှာ နီမြန်းလာခဲ့သည်။ “အမ်…”

နွေးထွေးသော လက်တစ်စုံသည် သူ့မျက်နှာပေါ်သို့ ကျရောက်လာပြီး မျက်လုံးစည်းကို ဖယ်ရှားလိုက်သည်။

ဖေးလုသည် မဝံ့မရဲဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး အခန်းထဲရှိ အရာရာတိုင်းသည် သူ၏မျက်လုံးထဲသို့ ဝင်ရောက်လာခဲ့သည်— —

သူသည် အံ့အားသင့်ပြီး မျက်လုံးပြူးသွားကာ ရှေ့တွင်မြင်ရသည့် အရာကို စကားလုံးများဖြင့် ဖော်ပြနိုင်စွမ်း မရှိတော့ပေ။

သူ့ရှေ့တွင်၊ သို့မဟုတ် ပိုမိုတိကျစွာဆိုသော် သူရောက်ရှိနေသော ဤအိမ်သည် ကြည်လင်သောရေခဲအုတ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အိမ်တစ်ခုလုံးသည် ပိတ်ထားပြီး အပြင်ဘက်မှ အလင်းရောင်များ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။ ရေခဲအိမ်ငယ်အတွင်းရှိ အလင်းရောင်သည် အလွန်မှောင်မိုက်နေသင့်သော်လည်း လီကျွင်းသည် ရေခဲအုတ်များကို ပါးနပ်စွာ ဖြတ်တောက်ထားသည်။ အတွင်းပိုင်းတွင် ရောင်စုံမီးအိမ်ငယ်များစွာကို ထည့်သွင်းထားပြီး ထိုရောင်စုံမီးအိမ်ငယ်များ၏ မှိန်ဖျော့သော အလင်းရောင်များသည် ဖန်ကဲ့သို့ကြည်လင်သော ရေခဲအုတ်များကြားတွင် စုစည်းကာ အလင်းယိုင်ခြင်းဖြစ်ပေါ်စေပြီး အိပ်မက်ဆန်သော အလင်းကွင်းများကို ဖန်တီးပေးထားသည်။

အခန်းတစ်ခုလုံးမှာ သေးငယ်ပြီး ခုတင်ငယ်တစ်လုံးနှင့် သစ်သားစားပွဲတစ်လုံးသာ ထည့်သွင်းနိုင်သည့် အရွယ်အစားသာ ရှိသည်။

သစ်သားစားပွဲပေါ်တွင် လက်မောင်းအထူလောက်ရှိသည့် ဖယောင်းတိုင်အနီများ ထွန်းညှိထားပြီး အိပ်ရာဘေးတွင် အပူပေးစက်များ ထားထားသည်။ အပူပေးစက်များ၏ ပူပြင်းသောအငွေ့များသည် အိပ်ရာပေါ်မှ အနီရောင်အိပ်ရာခင်းကို ပို၍ မှုန်ဝါးစေသည်။

ဖေးလု အိမ်အတွင်းဝင်စဉ် ခံစားရသော နွေးထွေးမှုသည်လည်း ဤအပူပေးစက်များမှ ဖြစ်သည်။

အခန်းတွင်း တိတ်ဆိတ်နေပြီး လူနှစ်ဦး၏ အသက်ရှူသံသာ ကြားရသည်။ လီကျွင်း၏ အသက်ရှူသံမှာ အလွန်ငြိမ်သက်စွာရှိပြီး ဖေးလု၏ အသက်ရှူသံမှာ အလွန်စိတ်လှုပ်ရှားနေသည်။

ဖေးလုသည် သူ့ကိုယ်သူ ငြိမ်သက်စေရန် အသက်ပြင်းပြင်းနှစ်ချက် ရှုလိုက်သည်။ ရေခဲအိမ်ငယ်ဖြစ်သော်လည်း အပူချိန်မှာ အမှန်တကယ်တွင် နိမ့်မနေပေ၊ အဘယ်ကြောင့်ဆိုသော် အပူပေးစက်များစွာ ရှိနေပြီး ဖေးလုမှာ အဝတ်အစားများစွာဝတ်ထားရသည့်အတွက် အနည်းငယ်ပူနေသည်။

သူသည် မသက်မသာဖြစ်ကာ လည်စီးကို ဆောင့်ဆွဲလိုက်သည်။ “ငါ့ကို ဘာလို့ ဒီကိုခေါ်လာတာလဲ?”

တကယ်တော့ သူသိပြီးသားမေးခွန်းကို ပြန်မေးနေခြင်းဖြစ်သည်။ လီကျွင်း၏ မျက်နှာပေါ်တွင် သူ့ကို ပိုင်ဆိုင်လိုသည့် ဆန္ဒမှာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

“ဒီရေခဲအိမ်ငယ်ကို ကျွန်တော်ကိုယ်တိုင် တည်ဆောက်ခဲ့တာ” လီကျွင်းက ဖြည်းဖြည်းချင်း သူ့အနားကပ်လာသည်။ “ဆရာ့အတွက် အထူး တည်ဆောက်ထားတာ။”

“ဆရာ ကြိုက်လား?”

ဖေးလုက တိတ်တဆိတ် နောက်တစ်လှမ်းဆုတ်လိုက်သည်။ လီကျွင်း၏ ပိုင်ဆိုင်လိုစိတ်မှာ အလွန်ပြင်းထန်လွန်းပြီး သူထပ်ပြီး ကြောက်ရွံ့လာသည်။ “အင်း…ကြိုက်တယ်…”

လီကျွင်း၏ မျက်လုံးများတွင် ပျော်ရွှင်မှုအပြည့်ရှိနေသည်။ သူသည် ဖေးလုကို သူ့ရင်ခွင်ထဲသို့ ထည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။သူ၏စကားလုံးများမှ ထွက်လာသော အခိုးအငွေ့များသည် ဖေးလု၏မျက်နှာပေါ် တိုက်ရိုက်ထိတွေ့သွားသည်။ “ဒါဆို ဆရာ ဒီမှာနေချင်လား?”

“ကျွန်တော်နဲ့အတူနေရအောင်” လီကျွင်းက ထပ်မံဖြည့်စွက်လိုက်သည်။

“ဒါ…ဒါက မကောင်းဘူး…” ဖေးလုက မျက်တောင်ခတ်ရင်း ချီတုံချတုံ ပြောလိုက်သည်၊ “နွေဦးရောက်ရင် အရည်ပျော်သွားမှာလေ”

“…” လီကျွင်းသည် သူ့ကို ဒေါသထွက်စွာရယ်လိုက်ပြီး အံကြိတ်ကာ ခန္ဓာကိုယ်မှ အမည်းရောင် အငွေ့များ စတင်ထွက်လာသည်၊ “ဆရာက ကျွန်တော်နဲ့အတူ မနေချင်ဘူးလား?”

ဖေးလုသည် အပြစ်ရှိသလို မျက်နှာလွှဲကာ အဓိကအချက်ကို ရှောင်ရှားပြောလိုက်သည်၊ “အခုလည်း အတူနေနေတာပဲ မဟုတ်လား?”

လီကျွင်း၏ မျက်လုံးများ လေးလံလာပြီး ခပ်ဖြေးဖြေးပြုံးကာ သူ၏လက်မဖြင့် ဖေးလု၏ ပါးကို နူးညံ့စွာ ပွတ်သပ်လိုက်သည်၊ “ဆရာသိပါတယ်၊ ကျွန်တော်က ဆရာနဲ့ သေတဲ့အထိ အတူရှိနေချင်တာ”

ဖေးလု၏ နှလုံးသားတုန်လှုပ်သွားပြီး စိတ်တိုလာကာ “ဖက်! ဖက်! ဖက်! သေမယ်ဆိုတာ ဘယ်တော့မှမပြောနဲ့!”

လီကျွင်းက သူဒီလိုဂရုစိုက်မည်မထင်မိသဖြင့် မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်၊ “ဟုတ်ပါပြီ၊ ဒီအကြောင်း မပြောတော့ဘူး”

“ဒါဆို ကျွန်တော်တို့နှစ်ယောက် ဆံဖြူ သွားကျိူးတဲ့အချိန်အထိ ဆရာ ကျွန်တော်နဲ့အတူနေဖို့ သဘောတူမလား?”

နေချင်ပေမယ့်… သူမကြာခင်ထွက်သွားရတော့မှာ၊ ကတိပေးရင်တောင် အကျိုးရှိမှာလား?

ဖေးလုသည် နည်းနည်းအခက်တွေ့သွားပြီး လီကျွင်း၏ မျှော်လင့်နေသော မျက်လုံးများကို မကြည့်ဝံ့ချေ။

စာရေးသူမှာပြောစရာရှိပါတယ်:

လီကျွင်း: သဘောမတူရင် ဆရာ့ကို သော့ခတ်ထားမယ်၊ ဘန်း ဘန်း 🙂

Chapter-20 ended

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset