⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 21+22

Chapter 21+22

 

Chapter 21

 

September 03, 2025

 

Chapter 21

 

ဖေးလု အချိန်အတော်ကြာ စကားမပြောဘဲ နေသည်ကို မြင်သောအခါ လီကျွင်း၏ လက်မောင်းက အနည်းငယ် တင်းမာလာသည်။ သူ့ကို သူ့ခန္ဓာကိုယ်ထဲသို့ ဖိသိပ်ထည့်ကာ တစ်သားတည်း ဖြစ်စေလိုသည့်အလားပင်။

 

ဖေးလု၏ မျက်လုံးများက လှည့်လည်ကြည့်ရှုနေပြီး သူ့ကို ဆွဲဆောင်စည်းရုံးရန် အကြောင်းပြချက်များ ရှာဖွေနေသည်။ “အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဆယ်စုနှစ်တွေ ကြာပြီးတဲ့နောက် မင်း အဲ့ဒီအချိန်ကျရင်လည်း ငါ့ကို ဆက်ပြီး ကြိုက်နေမယ်လို့ အာမခံနိုင်မလား”

 

“ကြိုက်တယ်” လီကျွင်းက ချက်ချင်း တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေသည်။

 

“…” ဖေးလုက စကားပြောတာ ရပ်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။

 

 

 

[မင်း သူ့ကို ကတိပေးလို့ရတယ်လေ၊] 666 က အကြံပြုသည်။ [မင်း နောက်ဆုံးတော့ ထွက်သွားရမှာပဲဆိုတော့ အခု သူ့ကို ပျော်အောင် ဘာလို့မလုပ်ပေးတာလဲ။]

 

ဖေးလုက သူ့ကို သဘောမတူပေ။ [ငါ ဒီမှာ အကြာကြီး နေနိုင်မှာမဟုတ်ဘူး။ ငါသာ သူ့ကို ကတိပေးပြီးမှ လုပ်မပေးနိုင်ဘူးဆိုရင် သူ ပိုပြီး ဆိုးဆိုးဝါးဝါး ခံစားရမှာပဲ။]

 

[ထာဝရ တည်တံ့နေစရာမလိုပါဘူး၊ မင်းရှိနေသရွေ့ပေါ့၊] 666 က နက်နဲစွာ ပြောသည်။ [မင်း ဒီစကားကို ဘယ်တုန်းကမှ မကြားဖူးဘူးဖြစ်ရမယ်၊ ဒီတိုင်း ရိုးရိုးလေး ချစ်လိုက်လို့ မရဘူးလား။]

 

“…” ဖေးလုသည် 666 ၏ အမှန်တရားများကို ပြန်ခံမပြောနိုင်သောကြောင့် သူ့ကို မေးလိုက်ရသည်။ [“အကယ်၍ တိုးတက်မှုဘား ပြည့်သွားပြီဆိုရင် ငါ ဒီမှာ ဘယ်လောက်ကြာကြာ နေလို့ရမလဲ။”]

 

[၂၄နာရီ]

 

[!!! ဘာလို့ ဒီလောက်တိုတာလဲ]

 

အရင်က ဖေးလုသည် အလုပ်များကို သတ်မှတ်ချိန်ထက် စောစီးစွာ ပြီးမြောက်ခဲ့ပြီး တက်ကြွစွာ ထွက်ခွာခဲ့သည်။ အခုမှသာ အလိုအလျောက် ထွက်ခွာခြင်းက ၂၄ နာရီသာ နေခွင့်ရှိသည်ကို သူ သိလိုက်ရသည်။

 

666 က ရိုးသားစွာ ပြောသည်။ [အချိန်ကို ငါ သတ်မှတ်တာ မဟုတ်ဘူး။ ဒါ့အပြင် ဒါက ကုထုံးပညာရှင်ကို ကာကွယ်ဖို့လည်း ဖြစ်တယ်။ အလုပ်ပြီးသွားရင် လူနာရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲမှာ ဆက်ရှိနေခြင်းက စိတ်စွမ်းအင်ကို အကြီးအကျယ် ထိခိုက်စေတယ် ]

 

[“ငါ နည်းနည်း ပိုကြာကြာ နေဖို့ လျှောက်ထားလို့ ရမလား။”] ဖေးလုက စျေးဆစ်ကြည့်သည်။

 

666 က ပြတ်ပြတ်သားသား ငြင်းဆန်သည်။ [မရဘူး။ဒီ အခြေခံစည်းမျဉ်းကို ချိုးဖောက်လို့ မရဘူး။]

 

ဖေးလူက စိတ်ပျက်စွာ “အို။” ဟု ညည်းတွားလိုက်သည်။

 

တွေးကြည့်ပြီးနောက် 666 သည် စိတ်မအေးသေးဘဲ သူ့ကို သတိပေးလိုက်သည်။ [အဲဒါတွေကို တွေးတောင် မတွေးနဲ့။ ကုထုံးပညာရှင်က လူနာရဲ့ စိတ်ဝိညာဉ်ကမ္ဘာမှာ အတင်းအကျပ် နေမယ်ဆိုရင် စိတ်စွမ်းအင် ထိခိုက်မှုက အရမ်းပြင်းထန်တယ်။ ပြီးတော့ မုန်ရှောင်ယွဲ့  ရဲ့ သက်တမ်းကလည်း ကုန်ခါနီးပြီ။ မင်းသာ အတင်းအကျပ် နေမယ်ဆိုရင် သေခြင်းရဲ့ နာကျင်မှုက မင်းဆီကို ကူးသွားလိမ့်မယ်။ ငါလည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။]

 

ဒါက သေခြင်းကို တကယ်ကိုယ်တိုင် ခံစားရသလို ဖြစ်သွားတာပဲ။ မုန်ရှောင်ယွဲ့ရဲ့ ဘဝလမ်းကြောင်းက ပြောင်းလဲသွားပြီ။ သူ နောက်ဆုံးမှာ ဘယ်လိုသေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဖေးလုသာ အတင်းအကျပ် နေခဲ့မယ်ဆိုရင် သူ ကိုယ်တိုင် သေဆုံးခြင်းရဲ့ နာကျင်မှုကို ခံစားရမှာပဲ။ 666 က ဖေးလုနဲ့ အကြာကြီး ပူးပေါင်းခဲ့တာ။ နွေဦးကာလ အိပ်မက်တစ်ခုအတွက်  ဖေးလု ဒီလို နာကျင်မှုမျိုး ခံစားနေရမှာကို 666 မမြင်ချင်ပေ။

 

666 ၏ လေသံက အရမ်းလေးနက်လွန်းနေလို့ပဲ ဖြစ်မည်။ ဒါမှမဟုတ် ဖေးလု သူ့ကိုယ်တိုင် တွေးတောမိလို့ပဲ ဖြစ်မည်။ သူက တိုးတိုးလေး ပြောလိုက်သည်မှာ [“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ငါ မိုက်မဲတဲ့ အလုပ်တွေ မလုပ်ပါဘူး၊ စိတ်မပူပါနဲ့။”]

 

666 က သူ့ကို ယုံကြည်သွားပြီး နာခံစွာ လိုင်းအောက်လိုက်သည်။ သူတို့နှစ်ယောက်ကြားကို မဝင်ရောက်တော့ပေ။

 

ဖေးလုသည် သူ၏ အတွေးများမှ နိုးထလာပြီး လီကျွင်းသည် ဒေါသထွက်လုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

 

သူ့ပတ်ဝန်းကျင်က လေအေးက တကယ်ကို အေးစက်လွန်းလို့ ဖေးလုရဲ့ လက်မောင်းမှာ ကြက်သီးတွေ ထသွားသည်။ ဖေးလုက သူ စောစော သတိပြန်ရတာကို တိတ်တိတ်လေး ဝမ်းသာနေသည်။

 

သူ လျင်မြန်စွာ ခြေဖျားထောက်ပြီး လီကျွင်းကို နမ်းလိုက်သည်။ ဖေးလုက တိုးတိုးလေး ပြောလာသည်၊ “ကောင်းပြီ၊ ကတိပေးတယ်…”

 

“တကယ်လား…” လီကျွင်းက သူ့ရဲ့ သဘောထား ဒီလောက်မြန်မြန် ပြောင်းသွားတာကို မယုံနိုင်ပေ။ ဒါကြောင့် သူ စကားမဆုံးခင်မှာပဲ ဖေးလုက သူ့ပါးစပ်ကို ပိတ်လိုက်သည်။

 

ဖေးလုက မျက်နှာတည်တည်နဲ့ သူ့ကို လေးလေးနက်နက် ပြောလိုက်သည်၊ “အခြေအနေတစ်ခုအနေနဲ့ မင်း ငါ့ကို တစ်ခု ကတိပေးရမယ်။”

 

သူ့ပါးစပ်ကို ပိတ်ထားပေမဲ့ သူ့မျက်လုံးတွေကနေ လီကျွင်းက သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ သူ့မျက်လုံးတွေက နက်ရှိုင်းပြီး တောက်ပနေသည်။

 

“ငါ ဒီမှာရှိနေသရွေ့ မင်းဘေးမှာ ရှိနေမယ်။ ဒါပေမဲ့… တစ်နေ့ကျရင် ငါ မရှိတော့ရင် မင်း ကောင်းကောင်းမွန်မွန် နေထိုင်ရမယ်။” ဖေးလုရဲ့ စကားတွေက နည်းနည်း ထူးဆန်းနေသည်။ လီကျွင်း မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်၊ “ဆရာ မရှိတော့ရင်ဆိုတာ ဘာကိုဆိုလိုတာလဲ။”

 

“ခင်ဗျား ကျွန်တော့်ကို ထားသွားချင်တာလား” လီကျွင်းက သူ့ကတိကို မယုံရဲပေ။ ဘာလို့ သူ မကြာခင် ထွက်သွားတော့မယ်လို့ ခံစားနေရတာလဲ။

 

ဖေးလုက ရယ်ရမလား၊ ငိုရမလား မသိတော့ဘူး။ ဒါပေမဲ့ သူ ရှင်းပြလို့မရဘူး။ ဒါကြောင့် ဝိုးတဝါးပဲ ပြောနိုင်ခဲ့သည်၊ “သဘောပြောတာပါ၊ မင်း သဘောတူလား။”

 

သူ့ရှေ့က ဆွဲဆောင်မှုနဲ့ သွေးဆောင်မှုက အရမ်းပြင်းထန်လွန်းသည်။ လီကျွင်း စဉ်းစားဖို့ အချိန်မရတော့ပေ။ သူ တွေဝေစွာ ခေါင်းညိတ်လိုက်သည်၊ “ကောင်းပြီ။”

 

ဖေးလုက ခြေဖျားထောက်ကာ သူ့ခေါင်းကို ပွတ်သပ်လိုက်သည်၊ “အရမ်းကောင်းတယ်။”

 

လီကျွင်းရဲ့ မျက်လုံးတွေ နက်မှောင်သွားသည်။ သူ့လက်ကို ဖိချလိုက်ပြီး သူ့နှုတ်ခမ်းပေါ် အတင်းတင်ကာ ညင်သာစွာ ပွတ်သပ်လိုက်သည်၊ “ဆရာ သဘောတူပြီဆိုတော့ မနက်ဖြန် စာချုပ်သွားချုပ်ရအောင်၊ ရမလား။”

 

“…” ကလေးရယ်၊ မင်း တကယ်ကို အလျင်လိုတာပဲ 🙂

 

လီသခင်လေးကို ပျော်အောင် ချော့မော့ပေးတဲ့ စည်းမျဉ်းအရ ဖေးလုက ပျော်ပျော်ရွှင်ရွှင် ခေါင်းညိတ်လိုက်သည်၊ “ကောင်းပြီ။”

 

လီကျွင်း ပျော်ရွှင်လွန်းလို့ ရှေ့တိုးကာ..”ဒါဆို နွေဦးရောက်ရင် မင်္ဂလာဆောင်ကြမယ်။”

 

ဆောင်းရာသီမှာ အရမ်းအေးတယ်၊ ဆရာက သဘောကျမှာ မဟုတ်ဘူး၊ လီကျွင်းက စဉ်းစားဆင်ခြင်စွာ တွေးလိုက်သည်။

 

“ကောင်းပြီ၊ ကောင်းပြီ။” ဖေးလု သဘောတူလိုက်သည်။ လီပေါင်းပေါင်း ပျော်နေသရွေ့ပေါ့။

 

လီပေါင်းပေါင်းက တောက်ပတဲ့ အပြုံးကို မြှင့်တင်လိုက်ပြီး သူ့အသံက နည်းနည်း နားဝင်ပီယံ ဩရှရှ ဖြစ်နေသည်။ ၎င်းက တစ်ခုခုပါဝင်နေသလိုပဲ၊ “ဒါဆို ဒီနေ့ လိမ္မော်သီးတွေ စားကြည့်ရအောင်လား။”

 

“ကောင်းပြီ…” ပါးစပ်က ဦးနှောက်ထက် အမြဲမြန်သည်။ ပီပီသသပြောပြီးတဲ့နောက် ဖေးလုက ကောင်းမွန်တဲ့ စကားလုံးတစ်ခု၏ အသံထွက်သွားသည်။ (T/N: လိမ္မောသီးရဲ့အသံက အခြားစကားလုံးရဲ့အသံနဲ့တူနေတာဖြစ်ပါလိမ့်မယ်)

 

ပြုံးရင်း လီကျွင်းက သူ့ကို ပွေ့ချီပြီး အနီရောင်ကုတင်ပေါ် တင်လိုက်သည်။

 

အနီရောင်ဖယောင်းတိုင်ရဲ့ အရိပ်တွေက လှုပ်ယိမ်းနေပြီး တစ်ယောက်နဲ့တစ်ယောက် ရောယှက်နေတဲ့ ပုံရိပ်နှစ်ခုကို ထင်ဟပ်နေသည်။

 

လီကျွင်းရဲ့ လုပ်ဆောင်ချက်က အရမ်း မြန်ဆန်သည်။ နောက်နေ့မှာပဲ သူ ဖေးလုကို Languo ကို ခေါ်သွားပြီး သူတို့ရဲ့ လက်ထပ် လိုင်စင်ကို ရယူခဲ့သည်။ ဖေးလုက သူ့ရဲ့ မင်္ဂလာဆောင်လက်မှတ်ကို ယူပြီး လမ်းမတွေပေါ်မှာ သူ့နဲ့အတူ ဓာတ်ပုံရိုက်ခဲ့ကြသည်။

 

လီကျွင်းက သူ့ကို နောက်ကနေ ပွေ့ဖက်ထားသည်။ သူ့ရဲ့ အရပ်ရှည်တဲ့ ခန္ဓာကိုယ်က ဖေးလုကို လွှမ်းခြုံထားပြီး တစ်ယောက်က ကြီးပြီး တစ်ယောက်က သေးနေသည်။ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလျက် နှလုံးသားချင်း ချိတ်ဆက်နေကြသည်။ သူတို့နှစ်ယောက်က လက်ချောင်းတွေကို ရောယှက်ထားပြီး လက်သူကြွယ်က စိန်လက်စွပ်က နေရောင်ခြည်အောက်မှာ တောက်ပနေသည်။

 

မင်္ဂလာပွဲကို မတ်လ အစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားသည်။

 

အဲဒီအချိန်က ဆောင်းရာသီနှင်းတွေ အရည်ပျော်ပြီး အရာရာ ပြန်လည် အသစ်တဖန် နိုးထလာသည်။ မင်္ဂလာပွဲအတွက် ကောင်းသော နေ့တစ်နေ့ပဲ။

 

Languo ကနေ ပြန်လာပြီးနောက် ခွဲခွာခွင့်ရက်က တစ်လပဲ လိုတော့သည်။ ဖေးလုက လီကျွင်းနဲ့အတူ နေ့တိုင်း အိမ်မှာ ကပ်ပြီးနေသည်။ သူက ကျောင်းကိစ္စတွေအတွက် အကြာကြီး ခွင့်ယူထားတာ။ အချိန် သိပ်မကျန်တော့ပေ။ လီကျွင်းနဲ့ တတ်နိုင်သမျှ အတူနေချင်တယ်။ သူ ထွက်သွားတဲ့အခါ လီကျွင်းအတွက် အမှတ်တရတွေ ပိုထားခဲ့ချင်လို့။ ဒီလိုအတွေးတွေနဲ့ ဖေးလုက လီကျွင်းကို ပိုပြီး နာခံလာခဲ့သည်။

 

လီကျွင်းက အစပိုင်းမှာတော့ ထိန်းချုပ်ထားပြီး အချို့သော ဝါသနာသေးသေးလေးတွေကို ဖုံးကွယ်ထားသည်။ ဖေးလုသိသွားမှာ ရှက်သည်။ ရလဒ်အနေနဲ့ ဖေးလုက သူ့ကို ရက်အနည်းငယ်လောက် အလိုလိုက်ပြီးတဲ့အခါ သူ့နှလုံးသားထဲက မိုက်မဲတဲ့၊ ညစ်ပတ်တဲ့၊ ရာဂစိတ်ပြင်းပြတဲ့၊ လှုပ်ရှားစရာ ကောင်းတဲ့ အတွေးတွေကို သူ ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ သူက ဖေးလုရဲ့ အောက်ခြေစည်းကို တဖြည်းဖြည်း စမ်းသပ်လာခဲ့သည်။

 

ဖေးလုက လည်ပင်းကျယ်တဲ့ အင်္ကျီအပွကြီး ဝတ်ထားပြီး သူ့ရဲ့ နူးညံ့တဲ့ ညှပ်ရိုးတွေကို မြင်နေရသည်။ အခန်းထဲမှာ အပူပေးစက် ဖွင့်ထားသည်။ သူက အောက်က အဝတ်မပါဘဲ ခြေထောက်ရှည်ဖြူဖြူ နှစ်ချောင်းနဲ့ အခန်းပတ်လည်မှာ လမ်းလျှောက်နေပြီး ခဏခဏ ကိုယ်ကို ကုန်းပြီး ငါးကန်ထဲက ရွှေငါးနှစ်ကောင်ကို ဆော့နေသည်။ ဟုတ်တယ်၊ အရင်က အိမ်မွေးတိရစ္ဆာန်ဆိုင်မှာ ဝယ်ထားတဲ့ ငါးနှစ်ကောင်က အခုထိ အသက်ရှင်နေတုန်းပဲ။

 

လီကျွင်းက ပြတင်းပေါက်ဘေးက ခုံတန်းလျားပေါ်မှာ ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ သူ့မျက်လုံးတွေက ပါးလျားပြီး ဖြူဖွေးတဲ့ ခြေထောက်တွေနဲ့အတူ ရွေ့လျားနေပြီး သူ့မျက်လုံးတွေက စိတ်ခံစားမှုနဲ့ လည်ပတ်နေသည်။

 

ဖေးလုကတော့ သတိမထားမိ။ သူ့ရဲ့ ညအိပ်ဝတ်စုံက မနေ့တနေ့က စိုစွတ်သွားတော့ လီကျွင်းရဲ့ အင်္ကျီကို အဆင်ပြေအောင် ဝတ်လိုက်တာပင်။ လီကျွင်းရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေက သူ့ကို မဝတ်ခိုင်းပေ။ သူ့အိပ်ရာဝင်ဝတ်စုံ အားလုံးကို ဖွက်ထားရုံမကဘူး၊ ပါးလွှာပြီး ကြည်လင်တဲ့ အဖြူရောင်ရှပ်အင်္ကျီတွေ အများကြီးကို တမင်တကာ ဝယ်ပြီး သူ့ကို အတင်းဝတ်ခိုင်းခဲ့သည်။

 

ဖေးလုက အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမဲ့ လီကျွင်းက ချွဲနွဲ့တဲ့ ပုံစံမျိုး လုပ်လိုက်တော့ သူ့ဦးနှောက်က ပူထူသွားပြီး ဘာအကြောင်းပြချက်မှ မရှိဘဲ သဘောတူလိုက်မိသည်။ ပြီးတော့ ရှေ့ခြေတစ်ဖက်ကို ထောက်လိုက်တာနဲ့ နောက်ခြေတစ်ဖက်မှာ ပြတင်းပေါက်ပေါ် အမြှောက်ခံလိုက်ရပြီး စိတ်လှုပ်ရှားနေတဲ့ လီကျွင်းက သူ့ကို ပြတင်းပေါက်နား ဖိကပ်ပြီး အကြိမ်ကြိမ် လုပ်ခဲ့သည်။

 

ဖေးလုက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ထွက်သွားရမှာပဲဆိုတော့ သူ့ကို အဆင်ပြေပါစေတော့လို့။

 

ဒါကြောင့် အခုချိန်ထိ သူမှာ အိပ်ရာဝင်ဝတ်စုံ မရှိသေး။

 

အသဲကွဲတာပဲ။ တကယ်ကို ရင်ကွဲနာကျနေရတယ်။

 

ဖေးလုက စားပွဲပတ်လည်မှာ ယိမ်းထိုးနေသည်။ ဝိုင်းစက်၊ ဖောင်းကားနေတဲ့ တင်ပါးက အဖြူရောင် ဂွမ်းအတွင်းခံဘောင်းဘီနဲ့ ဖုံးအုပ်ထားသည်မှာ၊ မွှေးကြိုင်တဲ့ ဖြူဖွေးတဲ့ပေါင်မုန့်တစ်လုံးလိုပင်။

 

လီကျွင်းက ပေါင်မုန့်ဖြူဖြူတွေကို ခဏလောက် စိုက်ကြည့်ပြီး ဖေးလုရဲ့ နောက်ကနေ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူ့ကို ကလန်ကလား အသံနဲ့ ခေါ်လိုက်သည်၊ “ဆရာ၊ တစ်ခုခု စားရအောင်လား”

 

“ခုနကမှ စားပြီးတာမဟုတ်ဘူးလား” ဖေးလုက သူ့ကို သံသယမျက်လုံးတွေနဲ့ ကြည့်သည်။

 

လီကျွင်းက သူ့ကို အသက်ရှူထုတ်ကာ ကြည့်လိုက်သည်၊ “ကျွန်တော် ဗိုက်ပြန်ဆာနေပြီ၊ ဝက်အူချောင်းနဲ့ ပေါင်မုန့် စားကြမလား…”

 

ဖေးလုက ခဏလောက် တိတ်ဆိတ်စွာ တုံ့ပြန်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ဒီလူကတော့ တကယ်ပဲ အောက်ခြေလိုင်းကို ကျော်လွန်နေပြီ!

 

“မင်း၊ မင်းက တကယ်ကို…” ပိုပြီးတော့ အဓိပ္ပာယ်မရှိ ဖြစ်လာပြီ၊ မျက်နှာလည်း ပြောင်လွန်းလို့ ရှိကိုမရှိတော့ဘူး 🙂

 

ဖေးလုက သူ့ကို တောင်ကုန်းလိုကွေး‌သွားအောင် ထိုးလိုက်သော်လည်း ထိုသူက သူ့နားနားမှာ ဆက်ပြီး လေမှုတ်ကာပြောလိုက်သည်။ တစ်ဝက်က ကလန်ကလားနဲ့ တစ်ဝက်က စိတ်ဆိုးနေတဲ့လေသံနဲ့ “ဘယ်လိုလဲ ဆရာ၊ ကျွန်တော် ဗိုက်ဆာတယ််လို့။”

 

ဖေးလုက သူ့လက်မောင်းထဲမှာ ခိုင်မာစွာ အကျဉ်းချခံထားရပြီး လုံးဝငြင်းဆိုခွင့် မရှိတော့ပေ။ ဒါကြောင့် သူ ဝက်အူချောင်းနဲ့ ပေါင်မုန့်ကို ဗိုက်ပြည့်သည်အထိ အတင်းအကျပ် စားခဲ့ရတယ်~

 

တစ်လကျော်ကျော်လောက် ဒီလိုရိုင်းစိုင်းပြီး မဆင်မခြင် ပုံစံနဲ့ပဲ ကုန်ဆုံးသွားခဲ့သည်။

 

Chapter 21 ended

 

Chapter 22

 

September 03, 2025

 

Chapter 22

 

မင်္ဂလာဆောင်နေ့က မကြာခင် ရောက်လာတော့မည်။

 

နှစ်ယောက်စလုံးကို မနက်စောစော စောစောစီးစီး ဆွဲထူပြီး ဝတ်စုံတွေကို တစ်ထည်ပြီး တစ်ထည်လဲကြသည်။ သားနှစ်ယောက်ကို ကြည့်ရင်း ဝမ်ဝမ်းကတော့ ဘယ်သူ ဘာဝတ်ဝတ် ချောမောတယ်လို့ပဲ ခံစားရသည်။ ဝမ်ဝမ် မျက်မှောင်ကြုတ်ပြီး ရှုပ်ထွေးနေ၏။ ဘယ်ဟာကို အရင်ဝတ်သင့်လဲ မသိတော့။

 

ဖေးလုက အိပ်ချင်လွန်းလို့ သမ်းဝေနေသည်။ သူ့မျက်ခွံတွေကို အတင်းအကျပ် ပူးပေါင်းစေပြီး ဝတ်စုံရွေးနေတုန်းမှာပဲ လီကျွင်းဘေးမှာ ရပ်ရင်း တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

 

လီကျွင်းက သူ့ကို ပွေ့ချီလိုက်ပြီး သူ့ပေါ်ကို မှီစေကာ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်၊ “ဒါပဲ ဝတ်လိုက်ရအောင်။”

 

ဝမ်းဝမ်က အမှန်တကယ်တော့ အရင်ဝတ်စုံကို ပိုကြိုက်သည်။ ဒါပေမဲ့ သူ့သားက ဖေးလုကို ကာကွယ်ပေးနေတဲ့ ပုံစံကို မြင်တော့ မနက် စောစောစီးစီး ဒီလောက် ဒုက္ခပေးတာ များလွန်းပြီဆိုတာ သိလိုက်ရသည်။ ဒါကြောင့် သနားစိတ်နဲ့ လက်လှမ်းပြလိုက်သည်၊ “ဒါပဲ လုပ်လိုက်တော့။”

 

“မင်း အရင် ဆံပင်သွားပြင်လိုက်ဦး။ အချိန်ရတုန်း ရှောင်ယွဲ့ကို နားခိုင်းလိုက်ဦး။”

 

လီကျွင်းက ခေါင်းညိတ်ပြီး ဖေးလုကို ရင်ခွင်ထဲထည့်ကာ ဘေးက အဝတ်လဲခန်းကို သွားသည်။

 

ဖေးလုက ကုလားထိုင်ပေါ် ပြန်မှီပြီး ငိုက်နေသည်။ လီကျွင်းက သူ့ဘေးမှာပဲ။ သူ တစ်ဖက်ကို စောင်းသွားတဲ့ လက္ခဏာ မြင်တာနဲ့ မြေပေါ် ပြုတ်ကျမှာ စိုးလို့ အမြန်ကူပြီး ပြန်ထူပေးလိုက်သည်။

 

ဖေးလုက အရမ်းအိပ်ချင်နေသည်။ လီကျွင်းက မနေ့ညက အရမ်း စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်လွန်းလို့ သူ့ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ရလဒ်အနေနဲ့ ဒီနေ့ မနက်စောစော ထရတော့ ဖေးလုက မျက်ခွံတွေ ပိတ်ပြီး အိပ်ချင်လွန်းလို့ ရုန်းကန်နေရသည်။

 

လီကျွင်းက တကယ်တော့ သူ့ကိုယ်သူ နည်းနည်း အပြစ်တင်မိသည်။ သူ ခဏတာ သူ့ကိုယ်သူ ထိန်းချုပ်မရခဲ့ပေ။ ရလဒ်အနေနဲ့ ဖေးလုက ဒီလောက် ပင်ပန်းသွားခဲ့ရသည်။ သူ တိတ်တဆိတ် ဖေးလုအတွက် လူသား ခေါင်းအုံး ဖြစ်လာခဲ့သည်။

 

ဆံ‌သပညာရှင်က သူ့ရဲ့ ရေခဲလိုအေးစက်နေတဲ့ မျက်နှာကို ကြည့်ပြီး စကားမပြောရဲပေ။

 

လီကျွင်းက ဖေးလုရဲ့ နားထင်တွေကို ညင်သာစွာ နှိပ်ပေးသည်။ သူ့ဘေးက မျက်စိပသာဒ ရှိတဲ့ဖေးလုကို ကြည့်ပြီး သနားညှာတာစွာ ပြောသည်၊ “ဒီလိုပုံပဲ လုပ်လိုက်ပါ၊ သူကို မပြင်နဲ့တော့။”

 

ဆံသပညာရှင်က ဝမ်းနည်းပူဆွေးမှု အပြည့်နဲ့ ကြိုးစားပြီး ငြင်းဆို ပြောချင်ပေမဲ့ ဘယ်သူမှ မချဉ်းကပ်ရဲတဲ့ သူ့မျက်နှာကို မြင်တဲ့အခါ သူ့နှုတ်ခမ်းဖျားက စကားလုံးတွေကို မြိုချလိုက်သည်။

 

အရမ်းကြောက်ဖို့ကောင်းတယ် QAQ

 

ဖေးလု အကြာကြီး အိပ်ပျော်နေသည်။ လီကျွင်းကလည်း သူ့ကို အိပ်ခွင့်ပေးထားသည်။ နေထွက်လာပြီး ဧည့်သည်တွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာတာကို မြင်ပေမဲ့ သူ လုံးဝ မလှုပ်မယှက်ပဲ ရှိနေသည်။

 

ဒီအခန်းကို သပ်သပ်ခွဲထားတာပင်။ အသံမလုံတာတော့ သိပ်မကောင်းပေ။ ဧည့်သည်တွေ ရောက်လာပြီးနောက် ပတ်ဝန်းကျင်က အသံတွေက တဖြည်းဖြည်း ဆူညံလာသည်။

 

ဖေးလုက မျက်မှောင်ကြုတ်ပြီး လှည့်လိုက်ကာ နားတစ်ဖက်ကို လီကျွင်းရဲ့ ခြေထောက်ပေါ် ကပ်ထားလိုက်သည်။ လီကျွင်းက သူ့ဆံပင်တွေကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပေးပြီး သူ့နားတစ်ဖက်ကို ညင်သာစွာ အုပ်ပေးလိုက်သည်။

 

ဖေးလုရဲ့ တွန့်ကြုတ်နေတဲ့ မျက်ခုံးတွေ ပြန်ဆန့်ထွက်သွားပြီး သူ ဟောက်သံတွေ စထွက်လာသည်။

 

အချိန်ကုန်တော့မယ်ဆိုတာ သိတဲ့အတွက် အလျင်လိုနေတဲ့ ဆံသပညာရှင်: …

 

တကယ်တော့ ဧကရာဇ်က မပူဘူး၊ မိန်းမစိုးက ပူနေရတာ 🙂

 

ဝမ်းဝမ်နဲ့ လီချင်းရီက ဧည့်ခန်းမှာ ဧည့်သည်တွေကို ဧည့်ခံနေသည်။ ဒီနေ့ လာတဲ့ ဧည့်သည်တွေ အားလုံးက မိတ်ဆွေကောင်းတွေနဲ့ ဆွေမျိုးတွေချည်းပဲ။ ယောက်ျားနှစ်ယောက်ရဲ့ လက်ထပ်ခြင်းက ဘာပဲပြောပြော နယ်ပယ်ကျဉ်းမြောင်းတဲ့ ကိစ္စပဲ။ ခမ်းနားစွာ ကျင်းပခဲ့ပေမဲ့ တကယ်တမ်း ဖိတ်ကြားထားတဲ့ လူ အရေအတွက် သိပ်မများပေ။

 

သူတို့က ရှေ့တန်းမှာ အလုပ်ရှုပ်နေကြသည်။ အချိန်ရောက်လာတော့ သူတို့ သားကို လုံးဝ မတွေ့ရသေးဘူးဆိုတာ သတိရပြီး လီချင်းရီက ဧည့်သည်တွေကို နှုတ်ဆက်နေတုန်း ဝမ်းဝမ်က အလျင်အမြန် လိုက်ရှာဖို့ ထွက်သွားတော့သည်။

 

ခန်းမများစွာကို လိုက်ရှာပြီးနောက် သူတို့နှစ်ယောက်ရဲ့ ပုံရိပ်ကိုပင် မတွေ့ခဲ့ရပေ။ စဉ်းစားပြီးနောက် ဝမ်းဝမ် က အဝတ်လဲခန်းကို လှည့်ကြည့်လိုက်သည်။ တံခါးကို ဖွင့်လိုက်တာနဲ့ ဒီနေ့ရဲ့ ဇာတ်ဆောင်က အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ သက်သောင့်သက်သာရှိတဲ့ ပုံစံနဲ့ တစ်ယောက်က နောက်တစ်ယောက်ရဲ့ ခေါင်းအုံးအဖြစ် အသုံးတော်ခံနေသည်။

 

ဆံသပညာရှင်က တုန်လှုပ်ချောက်ချားနေတဲ့ ငှက်ကလေးလို မျက်နှာမှာ အပြည့်အဝ စိတ်ဆိုးဒေါသတွေနဲ့ ထောင့်တစ်နေရာမှာ ကုပ်ကုပ်လေး ထိုင်နေပုံရသည်။

 

သူမက နဖူးကို ဖိပြီး စိတ်တည်ငြိမ်ဖို့ သူမကိုယ်သူမ ပြောလိုက်သည်၊ “မင်္ဂလာပွဲ စတော့မယ်၊ ရှောင်ယွဲ့ ကို အမြန်နှိုးပြီး ငါနဲ့အတူ ဆင်းလာခဲ့။”

 

လီကျွင်းက မျက်မှောင်ကြုတ်ပြီး မလိုမုန်းတီးစွာ ပြောလိုက်သည်၊ “သူ အရမ်းပင်ပန်းနေတယ်။”

 

ဘာပဲဖြစ်ဖြစ် မင်္ဂလာဆောင်လက်မှတ်ကို ရပြီးပြီဆိုတော့ သူက မင်္ဂလာဆောင်ရဲ့ ပုံစံကို ဂရုမစိုက်တော့ပေ။ ပြီးတော့ ဖေးလု အိပ်ရေးဝတာလောက် အရေးမကြီးပေ။

 

“…” ဝမ်းဝမ်က ဒီကျောက်ခဲစိတ်ရှိတဲ့ သားကို ရိုက်ချင်လုနီးပါး ဖြစ်သွားသည်။ သူမက အတင်းအပြုံးလေးနဲ့ လူတစ်ယောက်ကို ရိုက်ချင်တဲ့ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်၊ “ခဏလေးပဲ၊ အခမ်းအနား ပြီးသွားရင် မင်း အနားယူလို့ရပြီ။”

 

လီကျွင်းက မလိုမုန်းတီးတဲ့ အမူအရာနဲ့ မျက်မှောင်ကြုတ်နေတုန်း ဖေးလုက လူခေါ်နှိုးဖို့ မလိုခင် နိုးလာသည်။

 

“ဘယ်အချိန်ရှိပြီလဲ” သူက မူးဝေတဲ့ အိပ်မက်ထဲမှာ လီကျွင်းရဲ့ ခြေထောက်တွေကို ပွတ်သပ်နေသည်။

 

“ကိုးနာရီ” လီကျွင်းက သူ့ရဲ့ နားထင်တွေကို ညင်သာစွာ နှိပ်နယ်ပေးပြီး နွေးနွေးထွေးထွေး မေးလိုက်သည်၊ “ခဏလောက် အိပ်ချင်သေးလား။”

 

“…!!!” ဖေးလုက ထထိုင်ပြီး အော်လိုက်တယ်၊ “ဘယ်အချိန်ရှိပြီ??!!။”

 

လီကျွင်းက သူ့ကို အပြစ်ကင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်သည်၊ “ကိုးနာရီ။”

 

“ဘာလို့ ငါ့ကို စောစော မနှိုးတာလဲ” ဖေးလုက အလျင်အမြန် ထထိုင်ပြီး သူ့ဆံပင်တွေကို ရှုပ်ပွအောင် ဆွဲဖြဲလိုက်သည်။

 

ဆံသပညာရှင်က နောက်ဆုံးမှာ လုပ်စရာအခန်းကဏ္ဍ ရောက်လာသည်။ သူက ခေါင်းဖြီးသေးသေးလေးနဲ့ ဆံပင်ပုံသွင်းတဲ့ ဆေးရည်ကို ယူပြီး ယုံကြည်မှုအပြည့်နဲ့ တက်လာကာ အလျင်စလို ဖြစ်နေတဲ့ ဖေးလုအတွက် ဆံပင်ပုံစံကို ပြင်ဆင်ပေးလိုက်သည်။

 

ဝတ်စုံက အိပ်နေရင်းနဲ့ အရေးအကြောင်းတွေ ဖြစ်နေပြီ။ ဖေးလုက ဆံပင်လုပ်ပြီးသွားတဲ့အခါ တခြားဝတ်စုံတစ်စုံကို သွားလဲလိုက်သည်။ သူတို့နှစ်ယောက်က အသွင်အပြင်ကို အမြန် ပြင်ဆင်ပြီး အခမ်းအနားမှူးရဲ့ ခေါ်သံများစွာကြားက အပြင်ကို လျှောက်ထွက်သွားကြသည်။

 

ဖေးလုက မိတ်ကပ် မလိမ်းထားပေ။

 

ကံကောင်းစွာနဲ့ မုန့်ရှောင်ယွဲ့ ရဲ့ အသားအရေက ကောင်းသည်။ ဖြူစင်ပြီး နူးညံ့ကာ ချွေးပေါက်တွေကို သိပ်မမြင်ရပေ။ မိတ်ကပ်မပါဘဲတောင် သူက ချောမောနေတုန်းပဲ။ လီကျွင်းက သူ့ဘေးမှာ ရပ်နေပြီး တစ်ယောက်က အရပ်ရှည်ပြီး ချောမောကာ နောက်တစ်ယောက်က ချောမောပြီး နူးညံ့သည်။ အသွင်အပြင်အရ ကြည့်ရင် သူတို့က သဘာဝကျတဲ့ စုံတွဲတစ်တွဲပင်။

 

အခမ်းအနားမှူးရဲ့ တောင်းဆိုချက်အရ နှစ်ယောက်က အစီအစဉ်အတိုင်း တစ်လှမ်းချင်း လျှောက်သွားပြီး စင်ပေါ်က ဆင်းတဲ့အခါ ဆယ့်တစ်နာရီ ကျော်နေပြီ။

 

ဖေးလုက အရမ်းပင်ပန်းနေလို့ စင်ပေါ်က ဆင်းတာနဲ့ ဂယ်ယို (Ge You) လို ဆိုဖာပေါ်မှာ လဲလျောင်းနေပြီး လုံးဝ မလှုပ်ချင်တော့‌။

 

လီကျွင်းက စားပွဲဆီသွားပြီး သူ့အတွက် ဖျော်ရည်နဲ့ ကိတ်မုန့်သေးသေးလေး ယူလာပေးသည်။ သူက ခက်ရင်းနဲ့ ကိတ်မုန့်ကို အပိုင်းသေးသေးလေးတွေ ဖြတ်ပြီး သူ့ကို နည်းနည်းစီ ခွံ့ကျွေးလာသည်။ လည်ချောင်းထဲမှာ ပိတ်မိနေမှာ စိုးလို့ ဖျော်ရည် နှစ်ငုံလောက်လည်း တိုက်သေးသည်။

 

ဝမ်ချင်းချင်းက အံ့အားသင့်သွားပြီး မျက်စိကန်းနေတဲ့ ခွေးပေါက်စလေး နှစ်ကောင်ကို စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်၊ “မင်းတို့ နှစ်ယောက်မှာ ခွေးတစ်ကောင်ရှိရင် အကုန်အကျ အရမ်း သက်သာမှာပဲ။”

 

ကိတ်မုန့်တစ်စကို ကိုက်ထားတဲ့ ဖေးလုက ပါးစပ်ဖောင်းကားပြီး သူမကို ကြည့်နေသည်။ သူ့မျက်လုံးတွေက သံသယတွေ အပြည့်နဲ့ သူမရဲ့ ဟာသဉာဏ်ကို နားမလည်တာ ထင်ရှားသည်။

 

ဝမ်ချင်းချင်းက လှောင်ပြောင်လိုက်သည်၊ “နေ့တိုင်း ခွေးစာဖြန်းနေတာပဲ။ မင်းတို့ ခွေးစာဝယ်တဲ့နေရာမှာ ပိုက်ဆံမကုန်တော့ဘူး။ ခွေးသာမွေးထားရင် မင်းတို့နှစ်ယောက်ကြောင့် သေအောင် ခွေးစာကျွေးခံရပြီး စကစ်နေအောင် ကျွေးမွေးခံရမှာ။”

 

“…” ဖေလုက သဘောပေါက်သွားသော် မျက်နှာနီမြန်းသွားပြီး လီကျွင်း၏ လက်ထဲက ခက်ရင်းကို လုယူကာ ကိုယ်တိုင် စားလိုက်သည်။

 

လီကျွင်းက သူ့၏ အခွင့်အရေးများ ဆုံးရှုံးသွား၍ ဝမ်ချင်းချင်းကို အေးစက်စက် ကြည့်လိုက်သည်။ ဝမ်ချင်းချင်း နည်းနည်းတုန်သွားပြီး သူ့ခင်ပွန်းကို အသက်မပါသည့် အပြုံးဖြင့် ဆွဲခေါ်သွားသည်။

 

ဖေလုက ကိတ်မုန့်များကို တစ်ဖဲ့ပြီး တစ်ဖဲ့စားပြီး ဗိုက်ပြည့်သွားသော် နည်းနည်း ပျင်းရိပြီး လှုပ်ရှားချင်စိတ် မရှိတော့။ “နောက် ဘယ်ကို သွားကြမှာလဲ” သူက ဟန်နီးမွန်းသွားမည်ဟု ကတိပေးထားသည်။

 

လီကျွင်းက သူ့ကို နေရာနာမည်တစ်ခု ပြောပြသော်လည်း ဖေလုက တစ်ခါမှ မကြားဖူးပေ။ သူက လက်ဝှေ့ယမ်းပြီး လီကျွင်းကို ဆုံးဖြတ်ခိုင်းလိုက်သည်။

 

ညဘက် အနားယူသည့်အခါ လီကျွင်းက သူ ကောင်းကောင်း မနားရသေးသည်ကို စိုးရိမ်၍ သူ့ကို ထပ်မထိတော့ပေ။ ဒါကြောင့် သူက ဖက်ပြီး အပြစ်ကင်းစွာ အိပ်ပျော်သွားခဲ့သည်။

 

ညဉ့်နက်ပိုင်းမှာ ဖေးလု မျက်လုံးများ ပွင့်လာပြီး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။

 

သူတို့ မင်္ဂလာပွဲ ပြီးစီးသည့်အချိန်မှာ လုပ်ငန်းတာဝန်၏ တိုးတက်မှုဘားက ၁၀၀% ပြည့်သွားပြီ။ သူ့မှာ ၂၄ နာရီသာ ကျန်တော့သည်။

 

ရင်ခွင်ထဲမှာ သတိရနေသည့်အမူအရာဖြင့် ပွတ်သပ်ရင်း ဖေလု ပထမဆုံးအကြိမ် အိပ်မပျော်နိုင်ခဲ့။

 

သူ ထွက်ခွာရမည့်အချိန် နီးလာလေလေ၊ သူ့ရင်ထဲမှာ စိတ်မပါတပါ ဖြစ်လေလေပင်။ လီကျွင်း၏ သူ့အပေါ်ထားသည့် ချစ်ခြင်းမေတ္တာများသည် အကုန်ပေါ်လာပြီး လည်နေသည့် မီးပြတိုက်လို သူ့စိတ်ထဲမှာ လည်ပတ်နေသည်။ ဖေးလု မျက်တောင်ခတ်ပြီး သူ့မျက်လုံးထဲက ချဉ်ဆူးဆူး ဖြစ်နေသည်ကို အတင်းအကျပ် ပြန်ထိန်းထားလိုက်သည်။

 

သူ့ဘေးနားက လီကျွင်းက လှုပ်ရှားလာပြီး သူ့ကို သူ့ရင်ခွင်ထဲကို ပြန်ဆွဲထည့်လိုက်သည်။ ပြီးတော့ “ဆရာ” ဟု တိုးတိုးလေး ခေါ်လာသည်။

 

ဖေလု မျက်လုံးများ ချက်ချင်း နီရဲသွားသည်။ လီကျွင်း၏ နွေးထွေးသည့် ရင်ခွင်ထဲမှာ မှီခိုရင်း ရင်းနှီးသည့် ကိုယ်အပူချိန်နှင့် အသက်ရှူသံကို ခံစားလိုက်ရသည့်အခါ ဖေးလုက သွားကို ကျိတ်ပြီး သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

 

———–

 

နောက်တစ်နေ့မှာတော့ သူတို့နှစ်ယောက် ဟန်နီးမွန်းအတွက် ထွက်ခွာခဲ့ကြသည်။

 

ဟန်နီးမွန်းနေရာက လီမိသားစုပိုင် ပုဂ္ဂလိကကျွန်းတစ်ခု ဖြစ်သည်။ ကျွန်းပေါ်က ပတ်ဝန်းကျင်က အလွန်ကောင်းသည်။

 

ကျွန်းကို ရောက်သော် ညနေစောင်းနေပြီ။ လိမ္မော်နီရောင် ဆည်းဆာက ပင်လယ်ရေပြင်ပေါ်မှာ တွဲလောင်းကျနေပြီး တောက်ပသည့် အရောင်များသည် ပင်လယ်ပြာရေကို နွေးထွေးသည့် အရောင်များအဖြစ် ပြောင်းလဲပေးထားသည်။ ပင်လယ်မှာ လေမတိုက်၊ လှိုင်းများသည် သဲသောင်ပြင်ကို ဖြည်းဖြည်းချင်း လှိုင်းပုတ်ခတ်နေသည်။ ရံဖန်ရံခါ ပင်လယ်ငှက်အချို့ ဆင်းလာပြီး လှိုင်းတစ်ခု ပုတ်လိုက်သော် နေရာအနှံ့မှာ ငှက်သံများဖြင့် ဆူညံသွားခဲ့သည်။

 

ဗီလာအိမ်က ပင်လယ်ကို မျက်နှာမူထားသည်။ ဖေးလုက လေအရှိန်ဖြင့် ဒုတိယထပ်ကို ပြေးတက်သွားပြီး ဝတ်စုံနှင့် ကမ်းခြေဘောင်းဘီကို ဝတ်ကာ လေသာဆောင်ပေါ်မှာ ခြေဗလာဖြင့် လှဲလျောင်းရင်း ညနေခင်းလေ၏ အသက်ရှူသံကို တိတ်တိတ်လေး ခံစားနေသည်။

 

လီကျွင်းက သူ့ကို အတုယူပြီး သူ့နောက်မှာ လှဲလျောင်းလိုက်ရာ သူတို့နှစ်ယောက် ထပ်နေကြသည်။

 

ဖေးလုက သူ့တံတောင်ဆစ်ဖြင့် တွန်းလိုက်သည်၊ “ဟေး၊သေနေပြီလား ထဦး။”

 

လီကျွင်းက သူ့ကို တမင်သက်သက် ဖိထားလိုက်တယ်။ ဖေးလုက အေးစက်စက်နဲ့ မဲ့ပြုံးပြပြီး သူ ယားတဲ့နေရာကို ကုတ်လိုက်ရင်း နှစ်ယောက်သား လှိမ့်ချလိုက်ကြ၏။

 

လေယာဉ်ပေါ်မှာ အကြာကြီး

ခရီးသွားပြီးနောက် နေ့လယ်ဘက်မှာ ခဏလောက် ဆော့ကစားကြပြီး နှစ်ယောက်သား ညနေစောစောပိုင်းမှာ အနားယူလိုက်ကြတယ်။

 

သဘာဝတရားကြီးက တိတ်ဆိတ်ပြီး သိသိသာသာကို အိပ်မောကျနေပြီ။ ဖေးလုမှာတော့ မျက်လုံးဖွင့်ထားပေမဲ့ အိပ်ချင်စိတ်မရှိချေ။

 

သူ့အချိန် ကျရောက်လာပြီ။

 

Chapter 22 ended

 

 

 

 

 

 

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset