Little Creampie:
Chapter 30
အေးဂျင့်လင်း၏ သွန်သင်ပို့ချချက်များကို လက်ခံရရှိပြီးနောက် ရှရှင်းချီသည် သူမပြောသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး မီးဖိုချောင်တွင် ခဏတာ အလုပ်ကြိုးစားခဲ့သည်။
ခဏအကြာတွင်၊ လက်ရှိနေ့လည်လက်ဖက်ရည်သောက်ချိန်ကို ချိန်ရွယ်ကာ စားပွဲပေါ်၌ အချိုပွဲမျိုးစုံကို နေရာချထားလိုက်သည်- အတွင်းရေးမှုးယဲ့၏ အကြံပေးချက်အရ လီချန်ယွမ်သည် ယနေ့တွင် အကြောင်းတစ်စုံတစ်ရာကြောင့် အလုပ်မှစောစောဆင်းခဲ့ပြီး မကြာမီ အိမ်ပြန်လာမည်ဖြစ်သည်။
(T/N အတွင်းရေးမှူးယဲ့ပါ။ ရှေ့ကအပိုင်းတွေမှာ အတွင်းရေးမှူးယီလို့ ရေးခဲ့မိပါတယ်)
အချိန်မလောက်တော့ဘူး။ ရှရှင်းချီ သည် စားသောက်ဖွယ်ရာများကို ပြင်ဆင်ပြီးနောက် ဥယျာဉ်ထဲသို့ ပြေးလွှားကာ အလန်းဆုံးနှင့် အလှပဆုံး နှင်းဆီပန်းအချို့ကို အလျင်အမြန် ဆွတ်ခူးကာ ကျွမ်းကျင်စွာ ပန်းအိုးထိုးနေသည်။
သူ့အား ရိုးသားပုံပေါက်စေမည့် လေထုကို ဖန်တီးရန် ကြိုးစားနေခြင်းပင်။
နောက်ဆုံးပန်းတစ်ပွင့်ကို ပန်းအိုးထဲသို့ထိုးစိုက်လိုက်သည်နှင့်အမျှ အပြင်ဘက်မှ ကားအင်ဂျင် အသံပေါ်လာပြီး အီလက်ထရွန်းနစ်တံခါးသော့ဖွင့်သံကို ကြားလိုက်ရသည်။
လီချန်ယွမ် ပြန်ရောက်လာသည်။
ရှရှင်းချီ က အသက်ပြင်းပြင်းရှူပြီး ရေရွတ်ရင်း ” ချိုချိုသာသာ စကားပြော၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ……”
လီချန်ယွမ် တံခါးကိုဖွင့်လိုက်သည်နှင့် အိမ်ကြီးသည် လုံးဝတိတ်ဆိတ်နေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် မည်သည့်အခါမှ ငြိမ်ငြိမ်မနေတတ်သည့် ဆူညံဆူညံ ဖြူကောင်လေး တစ်ကောင်ကို မွေးမြူထားခြင်း မရှိသကဲ့သို့ ။
သူ စိတ်ရှုပ်သွားကာ ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး “ရှရှင်းချီ ထပ်ပြီး ပျောက်သွားပြန်တယ်” ဆိုသော ခံစားချက်က သူ့ကိုအနှောင့်အယှက်ပေးလာတော့သည်။ ခဏလောက် စောင့်ကြည့်မခံရရင် အဲဒီလူက အမြဲ ပျောက်ကွယ်သွားသလိုပဲ။
ထိုလူသားကိုရှာရန် ခြံဝသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် ရုတ်တရက် မီတာ ၁၀၀ အပြေးပြိုင်ပွဲ ရောက်နေသကဲ့သို့ အပြေးအလွှား အဖြူရောင်အကောင်လေးက သူ့ဆီသို့ အရှိန်ဖြင့်ပြေးလာသည်ကို တွေ့လိုက်ရသည်။
လီချန်ယွမ် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ရှရှင်းချီက ဘိုးလင်းဘောလုံးသေးသေးလေးများကဲ့သို့ သူ့လက်နှစ်ဖက်ကို ဖက်တွယ်ကာ ချက်ချင်းပင် သူ့ရှေ့တွင် ပေါ်လာပြီးဖြစ်သည်။
အဲဒါက ရုတ်တရက်မဆန်လွန်းဘူးလား။ တစ်စက္ကန့်အတွင်းမှာပင် သူသည် “ထိုလူ ပျောက်သွားပြန်သည်” ဟု စိတ်တိုဒေါသထွက်နေရာမှ ချက်ချင်းပင် ထိုလူသားက သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာသည်။ သူ မတ်မတ် ရပ်နေရာမှ နောက်သို့ ခြေလှမ်းနှစ်လှမ်းမျှပင် နောက်ပြန်ဆုတ်သွားခဲ့သည်။
ရှရှင်းချီ မော့ကြည့်လိုက်သည်။ သူ လီချန်ယွမ် ၏ ပုခုံးများကို သိုင်းဖက်ရန် ကြိုးစားလိုက်ပေမယ့် ထိုလူက အရပ်အရမ်းရှည်ပြီး ဒီကိုယ်ဟန်အနေအထားကလည်း အနည်းငယ် ကအိကအောက်ဖြစ်နေတာကြောင့် သူ့လည်ပင်းပေါ်ကိုသာ လက်နှစ်ဖက်နဲ့ ဖက်ထားလိုက်တော့သည်။
မျက်ခုံးများပင် ကွေးညွတ်နေပြီး သူ့ကို မော့ကြည့်လိုက်ရင်း “ချန်ယွမ်၊ ဒီနေ့ အလုပ်က ပင်ပန်းလာတယ်မလား? ကျွန်တော် ခင်ဗျားအတွက် အချိုပွဲ လုပ်ထားတယ် လာ၊ ပါးစပ်ဟ”
လီချန်ယွမ် : “……?”
သူသည် အများအားဖြင့် ဂရုမစိုက်တတ်သော်လည်း ရှုပ်ရှက်ခတ်နေသော အမူအရာများကို ထုတ်ဖော်ပြသရန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ရှရှင်းချီ သည် စကားပရိယာယ် “ချိုမြိန်ခြင်း” ကိုအသုံးပြု၍ တစ်စုံတစ်ဦးအား ပျော်ရွှင်စေရန်အတွက် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကွတ်ကီးတစ်ခုကို ကိုင်ထားပြီး လီချန်ယွမ် ၏ “လရောင်ဖြူ” လေးအတိုင်း နူးညံ့သိမ်မွေ့စွာ ပြုမူလိုက်၍ အခွင့်အရေးယူလိုက်သည်။
အစားထိုးတစ်ယောက်အနေဖြင့် လရောင်ဖြူလေး သဖွယ် ပြုမူလေလေ၊ တဖက်သူသည် သူ၏ဝန်ဆောင်မှုကို ပိုမိုကျေနပ်လာလေလေဖြစ်သည်- ဤသို့နှင့် ကပ်စေးနည်းကော်တရာမှာ အင်္ကျီအတွက်၊ အနှီလူ၏ ပိုက်ဆံအိတ်ကို ထပ်ညှစ်ချင်နေသည်။
မည်သို့ပင် သူ့လေသံက နူးညံ့နေသော်လည်း သူ့အမူအရာများကို ပြောင်းရခက်နေသည်။ လီချန်ယွမ် တုံ့ဆိုင်းနေချိန်တွင်၊ သူသည် ကွတ်ကီးကို သူပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်ထားပြီးဖြစ်သည်။
“ချန်ယွမ်၊ ခင်ဗျားကြိုက်လား?”
လီချန်ယွမ် : “……..”
ဤအခိုက်တွင် ရှရှင်းချီ ၏မျက်လုံးများသည် ဘေးဘက်သို့ အနည်းငယ်ရွေ့သွားကာ လီချန်ယွမ်နောက်ကွယ်ရှိ ဖွင့်ထားသော တံခါးအပြင်ဘက်တွင် အခြားလူငါးဦး ရပ်နေသည်ကို သိလိုက်ရသည်။
ဤလူများသည် ဝတ်စုံပြည့် ၀တ်စားဆင်ယင်ထားကြပြီး အားလုံးက သူတို့ရှေ့မှ မြင်ကွင်းကို အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေကြသည်။
ဒီလို ချစ်စရာကောင်းလွန်းသည့် အမူအရာများဖြင့် စုံတွဲကို သူတို့ တစ်ခါမှ မမြင်ဖူးသလို.. သခင်လေးမှာ “ချိုသာပြီး နူးညံ့သိမ်မွေ့တဲ့” ဒီပုံစံနှင့်လည်း လိုက်ဖက်ညီနေသည်ကို တစ်ခါမှ မတွေ့ဖူးပေ။
သူတို့မျက်လုံးများ အစုံစုံ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မြင်ကွင်းတစ်ခုလုံးသည် ရုတ်တရက် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
ယခုဆိုလျှင် ရှရှင်းချီ စကားမပြောနိုင်သော အလှည့်ဖြစ်သည်။ သူသည် ပြုတ်ကျသွားသော မီးပုံးပျံတစ်ခုကဲ့သို့ ကြေမွသွားကာ သူ၏ဝိညာဉ်သည်လည်း ကောင်းကင်ထိ လွင့်ထွက်သွားသည်။
စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့အထိ “နူးညံ့”စွာ ဟန်ဆောင်ထားသော်လည်း မထင်မှတ်ဘဲ၊ ဤဖြစ်စဉ်တစ်ခုလုံးကို တစ်ယောက်ယောက်က အကုန်မြင်သွားမည်ဟု တွေးကြည့်ဖူးပါသလား။
သူအရမ်းကြိုးစားခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများနှင့် အသည်းအသန်တည်ဆောက်ထားသော မျက်နှာထူထူမှာ ချက်ချင်းပြိုကျသွားတော့သည်။ ရှရှင်းချီက က “ငါ့ကိုသာ သတ်သွားလိုက်ပါတော့!” နှင့် “ကူပါကယ်ပါ!” ဟုသာ အော်ဟစ်လိုက်ချင်မိသည်။
လီချန်ယွမ် ၏လည်ပင်းနားရှိ လက်များမှာ ဖြေလျော့ရန် မေ့သွားပြီး ၎င်းတို့ကို ပို၍ပင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်မိသည် ။ တစ်ချိန်တည်းမှာပင် သူသည် ခေါင်းကိုငုံ့ကာ လီချန်ယွမ် ၏လက်မောင်း များကြားတွင် ပုန်းအောင်းရန် အတတ်နိုင်ဆုံးကြိုးစားကာ မြေတိုးပေါက်တစ်ခုကဲ့သို့ မရမက တူးဖော်၍ ပုန်းအောင်းနေခဲ့သည်။
လီချန်ယွမ် သည် သူ့ရင်ခွင်ထဲသို့ ရှရှင်းချီ၏ကိုယ်လုံးလေး ရုတ်တရက် တိုးဝင်လာမှုကြောင့် နှလုံးသားတလှပ်လှပ်ခုန်နေပြီဖြစ်ပြီး မရှင်းမလင်းသော လှုပ်ရှားမှုများက သူ့ကို နေရာ၌ပင်အေးခဲသွားစေခဲ့သည်။
နားရွက်ထိပ်များသည်ပင် အနီရောင်စွန်းထင်းလာပြီး တဖြည်းဖြည်း လည်ပင်းတစ်လျှောက် ပျံ့နှံ့သွားတော့သည်။
ခဏအကြာတွင် ရှရှင်းချီသည် လောလောဆယ် အရေးကြီးသောအချက်မှာ သူစိမ်းများရှေ့တွင် သူ၏အရှက်သိက္ခာပိုင်းဆိုင်ရာ သေဆုံးမှုမဟုတ်ကြောင်း သဘောပေါက်လာသည်။ ၄င်းအစား သူသည် ဗီလိန်ကြီးအား ပြင်းပြင်းထန်ထန် ပွေ့ဖက်ထားမိပြီး သူ့လက်နှစ်ဖက်ကိုပင် ပွေ့ဖက်ရန် အတင်း ကြိုးစားခဲ့သည် ။
သာမာန်နေ့များတွင် သူတို့ကြား၌ အကွာအဝေးက မည်မျှရှိနိုင်မည်နည်း။ ရှရှင်းချီ မသိခဲ့သော “သူအိပ်ပျော်သွားပြီးနောက်” မှလွဲ၍၊ သူစဉ်းစားနိုင်သော အနီးကပ်ဆုံးအကွာအဝေးမှာ ညစာစားပွဲတွင်သာရှိပြီး အချင်းချင်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရန်မှာ လုံးဝ လုံးဝမဖြစ်နိုင်ပေ။
လီချန်ယွမ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ ရူးသွပ်သော စိတ်အခြေအနေကို မပြခဲ့သော်ငြားလည်း သူသည် ရက်စက်ကြမ်းကြုတ်သော သူဌေးဖြစ်ဆဲဖြစ်သည်ကို မေ့ထား၍မရပေ။
ရှရှင်းချီသည် ကျားဖြူကြီးအား အတင်းပွေ့ဖက်ထားမိရာမှ ဆံပင်များထောင်လာသည့် ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် သူ့ခေါင်းလေး ကိုက်ဖြတ်ခံရမည်ကို စိုးရိမ်သဖြင့် အမြန်ပြန်လွှတ်လိုက်ပြီး လီချန်ယွမ်ထံမှ နောက်ဆုတ်သွားခဲ့သည်။
သူမော့ကြည့်သောအခါတွင် ရက်စက်ကြမ်းကြုတ်သော ဗီလိန်ကြီး၏ ပါးစပ်တွင် ချစ်စရာဝက်ဝံပုံသဏ္ဍာန်ကဲ့သို့ ကွတ်ကီးရှိနေသေးသည်ကို သူတွေ့လိုက်ရသည်။
ရှရှင်းချီ : “……”
ငါတော့ သေပြီ၊ ငါ့အတွက် စက္ကူလေးတော့ မီးရှို့ပေးကြနော်။
ရှရှင်းချီ သည် ဝမ်းနည်းနေသော ဖားလေးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ခဏအကြာတွင် ထိုသူစိမ်းများ၏ လက်ထဲတွင် အလွန်တောက်ပြောင်ပြီး လှပလွန်းသည့် အဖြူရောင်ဝတ်စုံ ကိုင်ဆောင်လာသည်ကို သတိထားမိလိုက်သည်။
————
ရှရှင်းချီသည် လီချန်ယွမ်က နေ့တစ်ဝက်အလုပ်လုပ်ပြီးနောက် သူ့အတွက် ပွဲတက် ဝတ်စုံကို အထူးမှာယူ ချုပ်လုပ်ပေးဖို့အထိ စိတ်အားထက်သန်ခဲ့တယ်ဆိုတာကို လုံးဝမမျှော်လင့်ထားခဲ့ဘူး။
ဖက်ရှင်ပွဲသတင်းကို သူ အရမ်းမြန်မြန် ကြားလိုက်ရလို့ပဲလား၊ ဒါမှမဟုတ် ပွဲစီစဉ်သူကို ဖိတ်စာပို့ခိုင်းလိုက်တာလားတော့မသိဘူး။
သူအဝတ်အစားတွေကို စမ်းဝတ်ကြည့်ရင်း လူကြားထဲ ဝိုင်းဝိုင်းလည်နေတဲ့ ရှရှင်းချီသည် ဤ ဘရန်းတံဆိပ်မှာ မှတ်ဉာဏ်ထဲယောင်ဝါးဝါးနှင့် ရင်းနှီးနေသလို ခံစားရသည်။
သေချာစဉ်းစားပြီးနောက်၊ ဤသည်မှာ ရှယွီ ဂုဏ်ယူစွာ အမွှန်းတင်ခဲ့သော အဆင့်မြင့်နာမည်ကြီး ဘရန်းတံဆိပ်ဖြစ်သည်ကို ရုတ်တရက် သိလိုက်ရသည်။
ရှယွီ၏ ဘဝင်မြင့်တဲ့အကြည့်နှင့် မှတ်ချက်ကဏ္ဍရှိ ချီးမွမ်းခြင်းများကို အကဲဖြတ်ခြင်းဖြင့် ဒါက ရယူဖို့တော်တော်ခက်ခဲတဲ့၊ လက်လှမ်းမမီနိုင်တဲ့ အမှတ်တံဆိပ်ဖြစ်ရမယ်။
ဒီအကျိုးဆက်အနေနဲ့ ဒီအချိန်မှာ ဝန်ဆောင်မှုက အရမ်းတက်ကြွပြီး စနစ်တကျရှိနေခဲ့သည်။ ဒီဇိုင်နာတစ်ဦး၊ လက်ထောက်သုံးဦးနဲ့ အထူးချိုသာစွာပြောဆိုတတ်တဲ့ အကြီးအကဲမန်နေဂျာတစ်ဦးတို့ ပါ၏။ ဒါက ထိပ်တန်း VIP အချို့အတွက် ပေးတဲ့ သီးသန့်ဝန်ဆောင်မှုပဲဆိုတာ သူ သိလိုက်သည်။
မန်နေဂျာမှာ အမှန်တကယ်ကို ထက်မြက်ပုံရပြီး သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ကရားရေလွှတ် ကမောက်ကမ ချီးကျူးတော့သည်။
“ရှသခင်လေးက အရမ်းကြည့်ကောင်းတာပဲ၊ ဘယ်အရာမဆို ဝတ်လိုက်တာနဲ့ တကယ်ကြည့်ကောင်းတာပဲနော် !”
“သခင်လေးရဲ့ ခန္ဓာကိုယ်အချိုးအစားက တကယ်ကို မိုက်တယ်၊ ခြေတံရှည်ရှည်နဲ့ ခါးလေးက သွယ်လွှနေတာပဲ။ ဒီဝတ်စုံက တကယ်ကို သခင်လေးအတွက် ဖန်တီးပေးထားသလိုပဲ။”
“သခင်လေးသာ ဒီပုံစံနဲ့ကော်ဇောနီပေါ်မှာ လျှောက်လိုက်ရင် သေချာပေါက် အကောင်းဆုံးဒီဇိုင်းဖြစ်မှာ သေချာတယ် အားး!”
ဤအရာများသည် ရှရှင်းချီအား ချီးကျူးမြှောက်ပင့် စကားသံများဖြစ်သော်လည်း တကယ်တမ်းတော့ ၎င်းတို့သည် သူ့ဘေးတွင်ထိုင်နေသော လီချန်ယွမ်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ စကားပြောနေစဉ်တွင် ထိုလူသည် လီချန်ယွမ် ၏အမူအရာပြောင်းလဲမှုများကို ဂရုတစိုက်ကြည့်ရှုနေခဲ့သည်။
ရှရှင်းချီက ခေါင်းအသာခါပြလိုက်ပြီး သူ့ကို ချီးကျူးရုံဖြင့် မင်းတို့စီးပွားရေး အတွက် အသုံးမဝင်နိုင်ဘူးလို့ တွေးလိုက်မိသည်။
ဒီလူကို ချော့ပြောရတာ တအားခက်တယ်။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံတာပဲဖြစ်ဖြစ် ချိုသာတဲ့စကားပြောတာပဲဖြစ်ဖြစ်၊ ခက်ခက်ခဲခဲကြိုးစားပြီး သူ့ကိုယ့်သူတောင် အရှက်ရစေခဲ့ပေမယ့် တဖက်လူကတော့ နည်းနည်းလေးမှ အရည်မပျော်သွားဘူးလေ။
ဤသည်ကို သူ တွေးနေချိန်ပင် တစ်ဆက်တည်း၌ တဖက်လူသည် လက်ဖက်ရည်ကို မြည်းကြည့်ပြီးနောက် တစ်စုံတစ်ယောက်ရဲ့ မျက်နှာမှာ ဖျတ်ခနဲ အပြုံးတစ်ခု လင်းလက်သွားသည်ကို မည်သူမျှသတိမထားမိလိုက်ပေ။
“ချော့ပြောရခက်” ဟူ၍ သတ်မှတ်ထားသော ဤလူသည် ရှရှင်းချီဝတ်ဆင်ထားသော ပွဲတက်ဝတ်စုံကို သဘောကျနေကြောင်း တွေ့ရှိပြီးနောက် ကျေနပ်သွားသည်။
လူအနည်းငယ်ကတော့ ဤအမှန်တရားကို မသိသည်မှာ သနားစရာပင်။
အကြီးအကဲမန်နေဂျာက ရှသခင်လေးကို ချီးကျူးခြင်းသည် မစ္စတာလီ ကို အမှန်တကယ် ပျော်ရွှင်စေသည်ဟု ထင်နေခဲ့သည်။ တဖက်တွင် ရှချင်းချီကလည်း လင်းမုန့်၏ “လျှို့ဝှက်ပညာ” သည် အမှန်တကယ် အလုပ်လုပ်သည်ဟု ထင်မြင်ခဲ့သည်။ ဒါမှမဟုတ် သူ့ရဲ့လရောင်ဖြူလေးမှာ အမှန်တကယ်ကို နူးညံ့သိမ်မွေ့ပြီး အားနွဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဟု တွေးနေမိသည်။
” ရှသခင်လေး၊ ကျွန်တော်တို့ ဖြတ်တောက် ပြုပြင်မွမ်းမံဖို့ ဆိုဒ်လေး လာတိုင်းပေးပါ။”
မန်နေဂျာရဲ့ ဖော်ရွေဧည့်ဝတ်ကျေပွန်မှုနဲ့မတူဘဲ၊ ဒီဇိုင်နာရဲ့ သဘောထားက မောက်မာတာလည်း မဟုတ်သလို၊ နှိမ့်ချလွန်းတာလည်း မဟုတ်ဘူး။
ရှရှင်းချီသည် သူ့တွင် လုပ်ငန်းနယ်ပယ်တွင် သူ့လမ်းကြောင်းနှင့်သူ အဆင့်အတန်းတစ်ခုနှင့် နာမည်ကောင်းရှိသည်ကို သိထားသည်။ သူ ဖက်ရှင်လောကအကြောင်း သိပ်မသိရင်တောင်မှ ကြားဖူးနားဝ ရှိပါသည်။
ဒါဆို ဒီလိုဝတ်စုံမျိုး ငှားရင် ဘယ်လောက်ကျမလဲမသိဘူး။
ရှရှင်းချီ သည် ဤနာမည်ကြီးတံဆိပ်မှ သိန်းရာနှင့်ချီသော ငှားရမ်းခကို ပြန်ပြောင်းသတိရမိသော်လည်း စောနကပင် ဒီဇိုင်နာသည် “ဖြတ်တောက် ပြုပြင်မွမ်းမံဖို့” အကြောင်းပြောလိုက်သည်ကို ရုတ်တရက် သတိရမိလိုက်သည်။
ဆိုလိုတာက လီချန်ယွမ် က သူ့အတွက် အဝတ်အစားတွေ မငှားဘဲ တိုက်ရိုက်ဝယ်ခဲ့တာလား။
ရှရှင်းချီသည် တခဏမျှ ထိတ်လန့်သွားပြီး သူ ယွမ်သန်းပေါင်းများစွာတန်သော ဝတ်စုံကို ၀တ်ဆင်ထားသည်ကို သိလိုက်ရသည်။ သူ လှုပ်ပင်မလှုပ်ဝံ့ဘဲ လီချန်ယွမ်ကို စိုက်ကြည့်ရန် ခေါင်းကို တဖြည်းဖြည်းချင်း လှည့်လိုက်သည်။
လီချန်ယွမ်က လက်ဖက်ရည်သောက်ပြီး မုန့် အဆာပြေစားရင်း ခံစားချက်တစုံတစ်ရာမရှိဘဲ ငြိမ်သက်စွာ ထိုင်နေသည်။
တစ်နေ့တာလုံး အလောတကြီး ပြင်ဆင်ပြီးတဲ့နောက်မှာတော့ အကျိုးအမြတ်တွေ အများကြီး ရလိုက်ပုံရသည်။ ရှရှင်းချီလည်း ကျေနပ်ဂုဏ်ယူမိသလို နည်းနည်းပါးပါးလည်း ရှက်ရွံ့မိသည်။
သူ အကြာကြီး စဉ်းစားပြီးမှ လီချန်ယွမ်ကို တစ်ခုခုနဲ့ ပြန်ပြီးကူညီဖို့ ဆုံးဖြတ်လိုက်သည်။ ဥပမာ- သစ္စာရှိတဲ့ “အစားထိုး” ဇာတ်ပို့နေရာကနေ ပိုပြီးကြိုးစား ကူညီပေးလိုက်မယ်။
Chapter 30 end