⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 3+4+5

 

Chapter 3

ကျောင်းဝင်ခွင့် မစခင်ကတည်းက ဘာသာရပ်ရွေးချယ်မှုကို ပြီးစီးခဲ့ပြီး စိန့်စတန်မှ ဒုတိယနှစ်ကျောင်းသားများသည် နောက်ဆုံး HSST အတွက် ဘာသာရပ်လေးခုကို ရွေးချယ်ရမည်ဖြစ်သည်။ ကျန့်ချီ သည် စီးပွားရေးပညာ၊ စိတ်ပညာ၊ အဆင့်မြင့်သင်္ချာနှင့် ဓာတုဗေဒဘာသာရပ်များကို အသီးသီး ရွေးချယ်ခဲ့သည်။ သူသည် သိပ္ပံဘာသာရပ်တွင် ထူးချွန်သော်လည်း စိတ်ပညာကိုမူ စိတ်ဝင်စားမှုဖြင့် ရွေးချယ်ခဲ့ခြင်းပင်။

အခြားကောလိပ်များနှင့်မတူဘဲ အနောက်တိုင်းပညာရေးစနစ်ကို ကျင့်သုံးသော စိန့်စတန်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲအစား HSST ကို အစားထိုး အသုံးပြုခဲ့သည်။ အပြည့်အစုံမှာ High School Standardized Test (အထက်တန်းကျောင်း စံချိန်စံညွှန်းစစ်ဆေးမှု) ဖြစ်ပြီး ၎င်းသည် အထက်တန်းကျောင်းဆင်းစာမေးပွဲဖြစ်သည်။ နောက်ဆုံးရမှတ်များကို နိုင်ငံခြားတက္ကသိုလ်များသို့ လျှောက်ထားနိုင်ပြီး ပြည်တွင်း၌လည်း အသုံးပြုနိုင်သည်။ လုပ်ထုံးလုပ်နည်းများသည် ပိုမိုရှုပ်ထွေးမည်ဖြစ်သော်လည်း ထိုထိပ်တန်းမိသားစုများမှ ကလေးများ နိုင်ငံခြားသို့ သွားရောက်ရန် အဆင်ပြေစေရန်အတွက် ပိုမိုအရေးကြီးသည်မှာ ထင်ရှား၏။

အမြင့်ဆုံးစာမေးပွဲအဆင့်သတ်မှတ်ချက်မှာ ၉၉.၉၈% ဖြစ်သည်။ ထိပ်တန်းတက္ကသိုလ်အများစုသည် အနည်းဆုံး ၈၀% ကို အနိမ့်ဆုံးသတ်မှတ်ချက်အဖြစ် လိုအပ်ပြီး ကျန့်ချီ လေ့လာလိုသော ဥပဒေအတွက်မူ ၉၈% လိုအပ်သည်။ ဤသည်မှာ ရရှိရန် မလွယ်ကူသော ဂဏန်းတစ်ခု ဖြစ်သည်။

ထိုအရာသည် ခက်ခဲသော်လည်း သူသည် လုံးဝစိတ်မချရခြင်းမျိုး မရှိပေ။ မည်သည့်အရာမဆို မလုပ်ဆောင်မီတွင် သူသည် အမြဲတမ်း စဉ်းစားတတ်၏။ ၎င်းသည် သူ၏ အမြဲတမ်းအကျင့်ပင်။

စီးပွားရေးပညာကို သင်ကြားပေးသော မစ္စတာစမစ်သည် ကျိဟွိုက်စစ် ပြောခဲ့သည့်အတိုင်း ခေတ်ဟောင်းဆန်သော အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် အီလက်ထရွန်နစ်ပစ္စည်းများကို အသုံးပြုရန် မကြိုက်ဘဲ ခေတ်သစ်စီးပွားရေးသမိုင်း၏ ပြောင်းလဲမှုများကို ရှင်းပြရန် စာအုပ်ကိုသာ ထုတ်ယူလေ့ရှိသည်။

အောက်မှ ကျောင်းသားအများစုသည် ခါးသီးစွာ မျက်မှောင်ကြုတ်နေကြပြီး သူတို့၏လက်ပ်တော့များပေါ်တွင် အဓိကအချက်များကို ဒေါသတကြီး ရိုက်ထည့်နေကြသည်။ ကျန့်ချီကမူ ကီးဘုတ်ဖြင့် ရိုက်ရသည်ကို ကျင့်သားမရသေး‌ပေ။ သူ၏လက်ချောင်းများသည် စက္ကူနှင့်သာ ပိုသက်‌သောင့်သက်သာရှိ၏။ သို့သော် စိန့်စတန်၏ စည်းကမ်းချက်များမှတစ်ခုမှာ ကျောင်းစာများကို အွန်လိုင်းမှသာ ပြီးမြောက်အောင် လုပ်ရမည်ဟူ၍ပင်။

အရာအားလုံးသည် အလွန်ကွဲပြားခြားနားသည်။ စိန့်စတန်သည် အနောက်တိုင်း သင်ကြားရေးနည်းလမ်းကို လိုက်နာသဖြင့် တရုတ်၊ သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်များအတွက် မသင်မနေရ စာမေးပွဲများ မရှိပေ။ ‌‌၎င်းမှာ ဘာသာရပ်လွတ်လပ်စွာရွေးချယ်ခြင်း စနစ်ကို ကျင့်သုံးသည်။

ကျန့်ချီ သည် သူလိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရသည်မှာ ခက်ခဲလိမ့်မည်ဟု တွေးတောခဲ့သော်လည်း သူသည် အံ့သြစရာကောင်းလောက်အောင် ကျွမ်းကျင်ပြီး နောက်ကျကျန်ခဲ့သော ဘာသာရပ်များကို ပြန်လိုက်နိုင်ရန် တစ်ပတ်သာကြာခဲ့၏။

“နောက်တစ်ချိန်ကတော့ အဖွဲ့လိုက် စမ်းသပ်မှု လုပ်ရမယ့်အချိန်ပဲ။ နှစ်ယောက်တစ်တွဲ၊ မိနစ် ၃၀ အတွင်း စမ်းသပ်မှုအစီရင်ခံစာကို ပြီးအောင်လုပ်ပါ။ ငါ ခုနက ပြောသွားတဲ့ အဆင့်တွေကို လိုက်နာရုံပဲ”  ဓာတုဗေဒဆရာ ယန်ကျန့်သည် သူ၏လည်ချောင်းကို ကျယ်လောင်စွာ ရှင်းလိုက်ပြီး “ပြဿနာမရှိရင် အမြန်လုပ်ကြတော့”

ကျန့်ချီ သည် ခဏအတွင်း ဆူညံသွားသော အတန်းကို ကြည့်လိုက်သည်။ သူသည် တူညီသောနေရာတွင်ပင် မလှုပ်မယှက် ထိုင်နေ၏။ ဝေ့အန်းမှလွဲ၍ သူသည် ကျောင်းတွင် စကားပြောရန် သူငယ်ချင်းမရှိသော်လည်း ဝေ့အန်းမှာမူ ဓာတုဗေဒဘာသာရပ်ကို မရွေးချယ်ခဲ့ပေ။

ရွှေ့‌ပြောင်းကျောင်းသားတစ်ဦး ရုတ်တရက် ပေါင်းထည့်လာခြင်းကို လူတိုင်းမှာ ဂရုစိုက်ပုံမရဘဲ၊ သူ့ကို မမြင်နိုင်သော လူတစ်ဦးအဖြစ် ရှုမြင်ခဲ့ကြသည်။ ကျန့်ချီသည် ဤခံစားချက်ကို အကျင့်ဖြစ်နေခဲ့ပြီး၊ သူ၏ မူလကျောင်းတွင်လည်း ကောင်းမွန်သောသူငယ်ချင်းများ တစ်ဦးမျှ မရှိခဲ့ပေ။

“ကျန့်ချီ”

ဤအသံသည် ကျန့်ချီကို ရောက်ရှိလာသူ၏ မျက်နှာပေါ်တွင် အာရုံစိုက်မိစေ၏။ ထိုကောင်လေး၏ အသားအရေသည် အနည်းငယ်ညိုသည်။ သူပြုံးလိုက်သောအခါ သပ်ရပ်သော သွားရှစ်ချောင်းကို ဖော်ပြနေ၏။ သူသည် ရွှင်လန်းတက်ကြွပြီး တည့်တိုးပြောတတ်သူတစ်ဦးပင်။ “မင်း စမ်းသပ်မှုလုပ်ဖို့အတွက် အဖော်လိုလား?”

ကျန့်ချီ သည် သူ၏ကြင်နာမှုကို ငြင်းဆန်မည်မဟုတ်သည်မှာ အသေအချာပင်။ သူသည်  ဘေးသို့ အနည်းငယ် ရွှေ့လိုက်ပြီး နေရာပေးလိုက်ကာ၊ “ဟုတ်တာ‌ပေါ့၊ ငါတို့ ဘယ်ကနေ စရမလဲ?”

ကောင်လေး၏အမည်မှာ ကျန်းယန် ဖြစ်ပြီး၊ ကျန့်ချီ သူ၏အမည်ကို မှတ်မိလိုက်သည်။ သူသည် သူ၏ရင်ဘတ်တွင် အဝါရောင်ကျောက်မျက်ရတနာရင်ထိုးကို ဆင်ထားသော်လည်း ဟန်ဖန့်၏မာနကြီးမှုမျိုး မရှိပေ။ ယင်းအစား သူသည် သူ့ကို ပထမဆုံး သတိထားမိပြီး နွေးထွေးစွာ နှုတ်ဆက်ခဲ့သူ ဖြစ်သည်။

“ကျန့်ကောက စမ်းသပ်မှုလုပ်ရတာကို အကြိုက်ဆုံးပဲ”  ကျန်းယန်သည် ဆရာ၏နာမည်ပြောင်ကို ရင်းနှီးစွာ ခေါ်လိုက်ပြီး “မင်း သူ့ထက် စမ်းသပ်မှုတွေကို ပိုချစ်တဲ့ ဆရာတစ်ယောက်နဲ့ ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး၊ ဒါပေမယ့် ရှိတယ်ဆိုရင်တော့ မင်း ငါပြောတာကို လျစ်လျူရှုနိုင်တယ်။”

ကျန့်ချီသည် ပြုံးလိုက်ပြီး “ငါ ဆရာယန်ရဲ့စကားကို သဘောတူတယ်။ စမ်းသပ်မှုတွေကသာ ဓာတုဗေဒရဲ့ စစ်မှန်တဲ့ ဆွဲဆောင်မှုကို ဖော်ထုတ်နိုင်တယ်ဆိုတာကိုပေါ့”

ဓာတုပစ္စည်းများကို စမ်းသပ်ပြွန်ထဲသို့ လောင်းထည့်နေစဉ် ကျန်းယန်သည် ကျန့်ချီဘက်သို့ မျက်လုံးမှိတ်ပြဖို့ မမေ့ခဲ့ပေ။ “ဒါက ထိပ်တန်းကျောင်းသားတစ်‌ယောက်နဲ့ နောက်တစ်ယောက်ကြားက ခံစားချက်ပဲ။ မင်းက အမှတ်ပြည့်နီးပါးနဲ့ ကျောင်းဝင်ခွင့်ရခဲ့တယ်လို့ ငါကြားတယ်။ အရမ်းကို အံ့သြစရာပဲ။”

“ငါ ကံကောင်းသွားရုံလေးပါ”  ကျန့်ချီသည် ပြောပြီးနောက် သူ၏စကားများကို ဖမ်းဆုပ်မိိခဲ့သည်။ “မင်း အဲဒါကို ဘယ်က ကြားခဲ့တာလဲ?”

“မင်း HSအပိုင်းနဲ့ ကျောင်းဖိုရမ်ကို မဖတ်ရသေးဘူးလား?” ကျန်းယန် ပြောသည်။ “အဲဒီမှာ ပို့စ်တွေနဲ့ ဆွေးနွေးမှုတွေ မကြာခဏ ရှိတယ်။”

တကယ်တွင် ကျန့်ချီသည် HS မှ ဖိတ်ကြားချက်ကုဒ်ကို ရရှိကတည်းက သူ့အံဆွဲထဲတွင် ထည့်ထားခဲ့သည်။ သူသည် အရေးမကြီးသော အရာများကို ဘယ်သောအခါမျှ မမှတ်မိခဲ့ပေ။ ကျန်းယန်၏ စကားများကို ကြားမှသာ ဤသည်ကို သူသတိရခဲ့ခြင်းပင်။

လူစုံတက်စုံ စကားပြောနေကြရင်းအလည်တွင် စမ်းသပ်မှု ပြီးဆုံးရန်ဖြစ်လာခဲ့၏။ ကျန့်ချီသည် အစီရင်ခံစာကို ရေးရန် သူ၏ခေါင်းကို ငုံ့လိုက်သည်။ ရုတ်တရက် အသံတစ်သံ ကြားလိုက်ရပြီး အတန်းတံခါးသည် မသင့်တော်စွာ ဖွင့်ခံလိုက်ရသည်။ သူ မျက်ဝန်းများကို ပင့်မလိုက်ရာ လူတိုင်း၏ အာရုံစိုက်မှုအောက်တွင် အမျိုးသားတစ်ဦး လျှောက်ဝင်လာသည်ကို မြင်လိုက်၏။

“ဝမ်ချွမ်!” ယန်ကျန့် သည် ဒေါသထွက်လွန်းသဖြင့် သူ၏ မုတ်ဆိတ်မွေးများမှာ တုန်ခါနေပြီး၊ ထိုလူ၏အမည်ကို ခေါ်ရန် စားပွဲ‌ပေါ်ကို ခေါက်လိုက်သည်၊ “ဒါ ဘယ်နှစ်ကြိမ်မြောက်လဲ? မင်းက နာရီဝက်တောင် နောက်ကျနေတာ။ ငါ့ရဲ့ဒီနေ့ ဟောပြောချက် အနှစ်သာရကို မင်း လွဲသွားပြီ။”

ဝမ်ချွမ်ဟုသိကြသော ထိုအမျိုးသားသည် ရှားရှားပါးပါးမြင်‌တွေ့ရသော ဆံပင်ရှည်များက ပခုံးပေါ်တွင် ပြန့်ကျဲနေပြီး အသားအရေမှာ ဖြူဖွေးအေးစက်နေပြီး၊ မျက်ခုံးမွှေးများက ထူထဲအေးစက်နေသည်မှာ အရောင်ဖျော့သော ဆေးရောင်အလွှာများကဲ့သို့ မှိုင်းမှိုင်းမှုန်မှုန်နှင့် ထိတွေ့၍မရနိုင်သော ပုံရိပ်တစ်ခုနှယ်။

သူ၏မျက်နှာကို ကြည့်ရုံဖြင့် အမျိုးသား သို့မဟုတ် အမျိုးသမီးဖြစ်‌ခြင်းကြား မခွဲခြားနိုင်လုနီးနီးပင်။ ယူနီဖောင်းအောက်မှ အားကောင်းသော ခါးကသာ သူ၏စစ်မှန်သော ကျား-မလိင်ကို အခြားသူများအား သတိချပ်စေသည်။

ယန်ကျန့်၏ပြစ်တင်ရှုံ့ချမှုကို မကြားလိုက်သကဲ့သို့ပင် သူသည် သူ၏မျက်နှာကို တည်ငြိမ်စွာထားပြီး နောက်ဆုံးနေရာသို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ထိုင်ချလိုက်ပြီး သူ၏မျက်လုံးများကို မှိတ်ထားလိုက်၏။

ယန်ကျန့်၏ပေါက်ကွဲလုနီးပါးဖြစ်နေသော မျက်နှာကို ကျန့်ချီ ကြည့်ရန် ခက်ခဲ‌နေသည်။ သူသည် ဝမ်ချွမ်ကို ပြန်ကြည့်လိုက်၏။ အမှန်တကယ်တွင် ဤသို့ပြုလုပ်နေသည်မှာ သူတစ်ဦးတည်း မဟုတ်ပေ။

တစ်စုံတစ်ယောက်သည် တိုးတိုးတိတ်တိတ် ပြောနေပြီး ကျန်းယန်မှာလည်း ရပ်တန့်သွားကာ အနည်းငယ် ပိုနီးကပ်စွာမှီလာပြီး သူ၏အသံကို နှိမ့်လိုက်သည်။

“BCတွေပဲ ဒီလိုမျိုး မောက်မာရဲတာ။”

ကျန့်ချီ ပြန်မေးလိုက်၏။
“BC ဆိုတာက?”

“Black Class. ကျောင်းက အတန်းကို ခွဲခြားဖို့အတွက် ရင်ထိုးအရောင်ကို ဘယ်လိုသုံးတယ်ဆိုတာ မင်း သိပါတယ်။ ဒီလူက BC လေးယောက်ထဲက တစ်ယောက်။ မင်း သူ့ကို ပထမဆုံး မြင်ဖူးတာ မဟုတ်လား? ပြီးခဲ့တဲ့ ဓာတုဗေဒ အတန်းကို သူ မလာခဲ့ဘူး”  ကျန်းယန် ပခုံးတွန့်လိုက်သည်။

“ငါတို့က အနည်းဆုံး ၈၅% အတန်းတက်ရောက်မှု ရှိရမယ်။ ဒါပေမဲ့ BC က ၆၀% ပဲ လိုအပ်တယ်။ ဒါက အားကျစရာကောင်းတဲ့ အခွင့်အရေးတစ်ခုပဲ၊ ပြီးတော့ ရင်ထိုးတောင် မဖြစ်မနေ ဝတ်စရာ မလိုဘူး။”

ကျောင်း၏ ဖုံးကွယ်မထားသော လူတန်းစားခွဲခြားမှုကို ကျန်းချီ မအံ့သြပေ။ ဤအရာနှင့်ယှဉ်လျှင် သူသည် ဝမ်ချွမ် သူ့ဘေးမှ ဖြတ်သွားစဉ်က ရသော သူ၏ကိုယ်ပေါ်မှ အနံ့အကြောင်းကို ပို၍စိုးရိမ်သည်။ အကယ်၍ သူ့အထင်သာ မမှားလျှင်၊၎င်းမှာ သွေးနံ့ဖြစ်ရပေမည်။

ကျန်းယန်သည် သူ့နားတွင်းသို့ ဆက်လက်ပြောဆိုနေပြီး ကျန့်ချီ၏အကြည့်သည် မရည်ရွယ်ဘဲ နောက်သို့ ပြန်ကြည့်လိုက်ကာ သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချွမ်သည် ယခုအခါ အိပ်မနေတော့ဘဲ သူ၏လက်မောင်းကို မှီထားပြီး ထိုအေးစက်သော မျက်လုံးများဖြင့် သူ့ကို နှုတ်ဆက်နေခြင်းပင်။ ခဏတာမျှ ကျန့်ချီသည်  သွေးအေးသတ္တဝါတစ်မျိုးမျိုးထံမှ စိုက်ကြည့်ခြင်းခံနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့ပြီး၊ အေးစက်သော လေသည် သူ၏လက်ဖျားများမှတစ်ဆင့် သူ၏လက်မောင်းများအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

အကြည့်ချင်းဆုံမှုသည် သုံးစက္ကန့်ကြာခဲ့ပြီး ကျန့်ချီမှာ တစ်စက္ကန့်ကြာ တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင် ယဉ်ကျေးစွာ ခေါင်းငုံ့၍ သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်မှာ အတတ်နိုင်ဆုံး စိတ်အနှောင့်အယှက်ဖြစ်စေသော အခြေအနေမျိုးကို တားဆီးရန်အတွက်ပင်။

“ဟေး မင်း ငါပြောတာကို နားထောင်နေလား?”  ကျန်းယန် မေးလိုက်သည်။

ကျန့်ချီ ခေါင်းညိတ်ပြလိုက်သည်၊ “မင်း ခုနက ပြောတယ်လေ၊ ဝမ်ချွမ်က အမြဲတစ်ယောက်တည်းနေပြီး BC တွေအားလုံးထဲမှာ အလျှို့ဝှက်ဆုံးပဲလို့။”

ကျန်းယန်သည် ထိုအဖြေကို အလွန်ကျေနပ်သွားပြီး သူ၏ဝမ်းတွင်းရှိ အတင်းအဖျင်းများကို ပိုမိုစိတ်အားထက်သန်စွာ မျှဝေလိုက်သည်၊ “သတင်းအရတော့—ငါကြားဖူးတာ၊ သူက ဖူမိသားစုက အသိအမှတ်ပြုထားတဲ့ တရားမဝင်တဲ့ ကလေးတစ်ယောက်တဲ့။ သူက ပြီးခဲ့တဲ့စာသင်နှစ် နှစ်ဝက်ကမှ ပြောင်းလာခဲ့တာ။ သူ့မျိုးရိုးနာမည်ကိုလည်း မပြောင်းသေးဘူး၊ မဟုတ်ရင် ဘယ်သူကများ အသက် ၂၀အရွယ်မှာ အထက်တန်းကျောင်း ဒုတိယနှစ်မှာ ရှိနေသေးမှာလဲ?မင်း ဖူကျန့်ဟောင်ကို  သိလား? သူ့နာမည်က Forbes စာရင်းရဲ့ ထိပ်ဆုံးငါးခုမှာ ပါတယ်‌လေ။ အဲဒါက တကယ့်ကို ချမ်းသာတာပဲကွ။ အသက်နှစ်ဆယ်လောက်နေပြီးမှ မင်းမှာ ချမ်းသာတဲ့အဖေရှိတယ်လို့ ပြောခံရတာ၊ ဒါ ကံကောင်းတာပဲ။”

“သူက အသက် ၂၀ တောင်ရှိနှင့်ပြီလား?” ကျန့်ချီ ပြောကာ “သူက တခြားသူတွေနဲ့ မတူတာ မအံ့ဩတော့ပါဘူး” ဟု ဆိုသော်လည်း အတိအကျ ဘာက ကွာခြားသည်ကို သူ ပြောမပြနိုင်ခဲ့ပေ။

“သူက ထူးဆန်းတဲ့သူပဲ”  ကျန်းယန် ပြောသည်။ “မင်း ရှောက်ဟန့်ကို သွားစိန်ခေါ်မယ်ဆိုရင်တောင် သူ့ကိုတော့ စိန်မခေါ်နဲ့။”

ကျန့်ချီသည် မရင်းနှီးသောနာမည်ကို ကြားခဲ့သော်ငြား မမေးမြန်းခဲ့ပေ။ အကြောင်းမှာ သူ့နှင့် မသက်ဆိုင်သောကြောင့်ပင်။ ယခုအချိန်တွင် စမ်းသပ်မှုအစီရင်ခံစာ ပြီးမြောက်ရေး၏နိဂုံးမှာ အခြားမည်သည့်အရာထက်မဆို ပိုအရေးကြီးသည်။

အတန်းပြီး‌နောက် ခေါင်းလောင်းထိုးသောအခါ နေ့လယ်စာစားချိန်အတွင်း ကျန်းယန်သည် သူ့ကို ကန်တင်းတွင် နေ့လယ်စာစားရန် ဖိတ်ခေါ်ခဲ့ပြီး ကျန့်ချီမှာ လက်ခံသဘောတူခဲ့သည်။

ကန်တင်းတွင် စုစုပေါင်း ခြောက်ထပ်ရှိသည်။ ပထမထပ်ကို အထူးကျောင်းဝင်ခွင့်ရသူများအတွက်သာ ဖွင့်လှစ်ထား၏။ ဒုတိယနှင့် တတိယထပ်များမှာ YC နှင့် RC အတွက်ဖြစ်ပြီး၊ စတုတ္ထထပ်သည် PC များအတွက် ဖြစ်သည်။ ကျန်နှစ်ထပ်မှာ BC များအတွက် သီးသန့်ကန်တင်း ဖြစ်သည်။ ထိုလူလေးယောက်အတွက် အဘယ်ကြောင့် နှစ်ထပ်လိုအပ်သည်ကို ကျန့်ချီ အံ့သြခဲ့သည်မှာ ကျန်းယန်က BC၏ဟင်းလျာများကို ကမ္ဘာတစ်ဝန်းမှ ထိပ်တန်းစားဖိုမှူးများက ပြင်ဆင်ပေးကြောင်း ပြောပြခြင်းတိုင်သည်အထိပင်။ ၎င်းတို့တွင် ဂျပန်၊ ပြင်သစ်နှင့် စပိန်စသည့် နိုင်ငံပေါင်းများစွာ၏ ဟင်းလျာများနှင့် အစားအစာများ ပါဝင်ပြီး၊ ပါဝင်ပစ္စည်းများအားလုံးကို လေယာဉ်ဖြင့်ပို့ဆောင်ပြီး စားပွဲပေါ်သို့ တင်ထားသည်။ ၎င်း၏ဇိမ်ခံမှုအဆင့်သည် စျေးနှုန်းနှင့် အချိုးကျကျပင်။

(T/N: YC = yellow class = ချမ်းသာကြွယ်ဝတဲ့မိသားစုနောက်ခံရှိတဲ့ကျောင်းသားတွေ

RC = red class = နိုင်ငံရေးမိသားစုနောက်ခံရှိတဲ့ကျောင်းသားတွေ

PC= purple class = အပေါ်ကဟာတွေထက် တစ်ဆင့်မြင့်ပြီး မိသားစုရဲ့အမွေဆက်ခံသူကျောင်းသားတွေ

BC = black class = အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ကျောင်းသားတွေ ။ တစ်ကျောင်းလုံးမှာမှ လေးယောက်ပဲရှိတယ်)

“YC ကန်တင်းရဲ့စျေးကလည်း အဆမတန် ဈေးကြီးနေပြီ၊ ငါကတော့ ပထမထပ်မှာ စားရတာကို ပိုသဘောကျတယ်” ကျန်းယန်သည်  ချွေတာပေမယ့် ထူးထူးခြားခြား ရက်ရောစွာ ပြောသည်။ “အကယ်၍အနာဂတ်မှာ မင်း YCကန်တင်းကို စမ်းသွားကြည့်ချင်ရင် ငါ မင်းကို ခေါ်သွားနိုင်တယ်‌နော်။”

ကျန့်ချီသည် သူ၏လက်ထဲရှိ ထမင်းစားကတ်ကို ပွတ်သပ်ရင်း ယခုနကမှ သူနုတ်ယူလိုက်သော ဂဏန်းတန်ဖိုးကို ကြည့်နေဆဲဖြစ်ပြီး ထို့နောက် သူသည် လေးလေးနက်နက် ပြောလိုက်၏– “ငါ နောက်ထပ် စကားတစ်ခွန်း ထပ်ထည့်‌ပြောရမယ်။ ပထမထပ်က ကန်တင်းကလည်း အဆမတန် ဈေးကြီးတယ်။”

ကျန်းယန်သည် မရယ်မောဘဲမနေနိုင်ဖြစ်ကာ သူ့အပြုံးထဲတွင် မထီမဲ့မြင်ပြုမှု မရှိခဲ့ပေ။ “ဟုတ်တယ်၊ ဒီကျောင်းတစ်ခုလုံးအတွက် စကားလုံးတစ်လုံးပဲ ရှိတယ်၊ အရမ်းဆိုးတယ်ဆိုတာပဲ။”

ဤအထပ်ရှိ ကန်တင်းတွင် ကျန်းယန်ကဲ့သို့ YC များ မရှိ‌ချေ။ အားလုံးသည် အဖြူရောင်ရင်ထိုးများနှင့် အထူးကျောင်းသားများပင်။ ကျန့်ချီ သတိထားမိသည်မှာ အထူးကျောင်းသားတချို့သည် သူတို့၏ရင်ဘတ်ပေါ်တွင် ရင်ထိုးနှစ်ခု ဝတ်ထားကြပြီး အပေါ်တွင် အနီ သို့မဟုတ် အဝါရောင်ဖြစ်ပြီး၊ အောက်တွင် အဖြူရောင်ဖြစ်သည်။

ကျန်းယန်က သူ့အကြည့်ကို သတိထားမိပြီး လိုက်ကြည့်ကာ နှာခေါင်းမှ မထီမဲ့မြင် ပြုံးလိုက်သည်။

“ရင်ထိုးနှစ်ခု ဝတ်ထားတဲ့သူတွေနားကို ဘယ်တော့မှ မသွားနဲ့” သူ‌ပြောလိုက်၏။ “သူတို့က ကောင်းတဲ့လူတွေ မဟုတ်ဘူး၊ မင်းကို အရိုးစွဲအောင် လှည့်စားလိမ့်မယ်။”

“မင်းဘာကို ဆိုလိုတာလဲ?” ကျန့်ချီမေးလိုက်သည်။

“သူတို့ကိုယ်သူတို့ အဲဒီဆိုးသွမ်းတဲ့ အထက်တန်းလွှာတွေဆီမှာ ရောင်းစားကြတာလေ”

ကျန်းယန်၏ ရှင်းပြချက်သည် တိုတိုရှင်းရှင်းနှင့် ထိမိပြီး စကားတစ်ခွန်း ပိုပြောခြင်းက သူ၏ပါးစပ်ကို ညစ်ညမ်းစေမည့်ပုံနှယ်။

ကျန့်ချီသည် ရုတ်တရက် နားလည်သွားပြီး သူ၏စိတ်နှလုံးထဲမှ မတည်ငြိမ်မှုကို မဖုံးကွယ်နိုင်ပေ။ ဤနေရာသို့ မလာမီကတည်းက ယောက်ျားလေးကျောင်းရှိ ရှုပ်ထွေးသော ဆက်ဆံရေးများကို သူအကြမ်းဖျင်း နားလည်ထားသော်လည်း၊ ဤအခြေအနေသည်ကတော့ သူ၏နားလည်မှုနယ်ပယ်ထဲတွင် မရှိခဲ့‌ချေ။ “ဒါကို ကျောင်းက ခွင့်ပြုထားတာလား?”

“ဒါက ကျောင်းစည်းကမ်းတွေထဲမှာ မပါဝင်သလို၊ ကျောင်းရဲ့ ထိန်းချုပ်မှုနယ်ပယ်ထဲမှာလည်း မရှိဘူး‌လေ။ အပေါ်ယံမှာကောင်းအောင် မင်းလုပ်နိုင်နေသရွေ့ ကိုယ်ပိုင်ဘဝမှာ ဘယ်လိုနေနေ ဘယ်သူမှ ဂရုမစိုက်ဘူး”  ကျန်းယန်သည် ကြော်ထားသော ဝက်သားအပိုင်းအစအနည်းငယ်ကို ပါးစပ်အပြည့် ပါးစပ်ထဲသို့ ထိုးသွပ်ရင်း မပီမသပြော၏။ “ဒါက ဥပဒေရဲ့မီးခိုးရောင်နယ်ပယ်ဖြစ်တဲ့ မရေးထားတဲ့ စည်းကမ်းလိုပဲ။”

ကျန့်ချီသည် သူ၏ထမင်းကို ဖြည်းဖြည်းချင်း ဝါးစားနေသည်။စိန့်စတန်၏ ပုံမှန်မဟုတ်သော စည်းကမ်းများသည် သူ၏စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားပြီး၊ ပုံမှန်မဟုတ်သော ကျောင်းပတ်ဝန်းကျင်လောကကို ဖော်ပြနေ၏။ နောက်ဆုံးတွင် သူသည် ဤဈေးကြီးသော အစားအစာကို အရသာခံစားရန်ပင် မေ့သွားခဲ့သည်။

ရုတ်တရက် အပြင်ဘက်တွင် ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။ သူ ခေါင်းမော့ကြည့်လိုက်ရာ ဤလှုပ်ရှားမှုမှာ ကျန်းယန်၏အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။

“အပြင်မှာ ဘာဖြစ်တာလဲ”  ကျန်းယန်သည် ရေရွတ်လိုက်၏။ သူ၏မျက်လုံးများမှာ အမှတ်တစ်ခုတွင် ရုတ်တရက်ရပ်သွားပြီး ပါးစပ်သည် ‘O’ ပုံသဏ္ဍာန်အဖြစ် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ “သေစမ်း၊ အဲဒီ အထူးကျောင်းသားက သေချင်နေတာလား?”

ကျန့်ချီသည် ကျန်းယန်၏မျက်လုံးများ ရပ်နေသည့်နေရာကို ကြည့်လိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်ရှိ အုပ်အော်သောင်းတင်း လူအုပ်ကြီးကြားထဲမှ ရင်းနှီးသည့်မျက်နှာတစ်ခု ပေါ်လာခဲ့သည်။

ကျောင်းစတက်ကတည်းက ဤသည်မှာ သူ ပိုင်ရှီယွီကို ဒုတိယအကြိမ် မြင်ဖူးခြင်းပင်—သူ၏လက်ကို မြှောက်ထားပြီး သူ၏မျက်နှာပေါ်တွင် မပျောက်သေးသည့်ထိတ်လန့်မှုများ ရှိ‌နေခဲ့၏။ သူ့ရှေ့မှ ကောင်လေးသည် ရဲရဲနီသောဆံနွယ်များနှင့်အတူ ခေါင်းတစ်လုံး ပိုရှည်‌နေသည်။ သူတို့သည် အကွာအဝေးတစ်ခုစာ ခြားနားနေသော်ငြား ကျန့်ချီသည် ထိုလူ၏ ခန့်ညားပြီး သောင်းကျန်းထကြွသောမျက်နှာအင်္ဂါရပ်များကို မြင်နိုင်၏။ သူ့မျက်နှာ တစ်ခြမ်းတွင် လက်ဝါးရာကြီးတစ်ခု ရှိနေခဲ့လျက်။

“သူ ရှောက်ဟန့်ကို ရိုက်ရဲတယ်၊ သူတော့သွားပြီ”  ကျန်းယန် အော်ဟစ်လိုက်၏။

ကျန့်ချီသည် ကျန်းယန်၏ ပါးစပ်ကနေ ဤနာမည်အား ထပ်မံကြားခဲ့ရပြန်၏။ ရှောက်ဟန့်ဟုအမည်ရှိသောကောင်လေးသည် သူ့ရင်ဘတ်ပေါ်တွင် စိန်နက်များ၊ ပုလဲနက်များဖြင့်  ပြုလုပ်ထားသော ရင်ထိုးကို ဝတ်ဆင်ထားသည်။ တိတ်ဆိတ်သည့် အလင်းရောင်သည် နေရောင်ခြည်ကို ဖြတ်သန်း၍ သူ၏မာနကြီးသည့် ရင်ထိုးနှင့်အတူ အစွန်းနှစ်ခုကို ဖြစ်ပေါ်စေ၏။

Chapter 3 ended

 

Chapter – 4

​”ငါ… ငါ ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး…”

​ပိုင်ရှီယွီသည် သူဘာလုပ်လိုက်မိသည်ကို သူမယုံနိုင်ဖြစ်နေဟန်တူကာ ထိတ်လန့်သွားသည့်အလား သူ၏လက်ကို ပြန်ရုတ်လိုက်ပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏မျက်ဝန်းထဲ၌ မျက်ရည်ကြည်တို့ ဝေ့သီလာပြီး သူ၏အရှိန်အဝါကို အားပျော့သွားစေ၏။

​ရှောက်ဟန့်၏ နှုတ်ခမ်းထောင့်တို့သည် တွန့်ကွေးသွားပြီး သူ၏မျက်လုံးများထဲမှ နက်ရှိုင်းသော အန္တရာယ်အရိပ်အယောင်တို့ ယိုစိမ့်ထွက်လာသည်ပင်။ “ဒါက ဒုတိယအကြိမ်မြောက်ပဲ။ မင်း တော်တော်ကောင်းတယ်၊ ပိုင်ရှီယွီ။”

​နောက်ဆုံးစကားလုံးသုံးလုံးကို လေးပင်စွာဆိုလိုက်ပြီး ခြိမ်းခြောက်မှုတစ်ခု သေချာပေါက်ပါဝင်နေ၏။ ပိုင်ရှီယွီသည် သူ၏အပြစ်ကင်းစင်သော သမင်မျက်လုံးလေးများဖွင့်ကာ အသံတိုးတိုးဖြင့် ခုခံချေပသည်။

“ငါက မင်း ငါ့ကို ရိုက်တော့မယ်ထင်လို့ ခုခံလိုက်တာပါ။ ခုနက… မင်း ဘာလို့မရှောင်လိုက်တာလဲ။”

​”ငါက မင်းကိုရိုက်တော့မယ်လို့ ဘယ်မျက်လုံးနဲ့ မြင်လိုက်တာလဲ။” ရှောက်ဟန့်ကဆို၏။ “မင်းက ငါ့ကို ပါးရိုက်ခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒါက ငါ့အပြစ်ဖြစ်သွားရောလား။”

​ပိုင်ရှီယွီမှာ စကားမဆိုနိုင်တော့ချေ။

​ပိုင်ရှီယွီမှာ စကားမဆိုနိုင်တော့သော်လည်း သူ၏မျက်နှာအမူအရာတွင် ကြီးစွာသော နာကြည်းခံရခက်မှုတို့ ပါဝင်နေ၏။ နှိုင်းယှဉ်ကြည့်လျှင် ရှောက်ဟန့်ကသာ သူ့ကို အနိုင်ကျင့်နေသကဲ့သို့ ထင်မှတ်ရပေသည်။ ကျန့်ချီသာ ဖြစ်စဉ်တစ်ခုလုံးကို မမြင်တွေ့ခဲ့ပါလျှင် သူသည်လည်း ထိုသို့ပင် တွေးထင်မိမည်ဖြစ်၏။

​”သူတော့ လုံးဝသွားပြီပဲ။” ကျန်းယန်က သူ၏နားနားကပ်၍ ခိုင်မာစွာဆို၏။

“ရှောက်ဟန့်ကို ရန်စပြီးတဲ့နောက် ဘယ်သူမှ ကောင်းကောင်းမွန်မွန်နဲ့ ပြန်ထွက်သွားနိုင်တာမဟုတ်ဘူး။ နောက်ဆုံးတစ်ခေါက် ဒီလိုလုပ်ခဲ့တဲ့တစ်ယောက်ဆို ICU ထဲရောက်သွားတာ။ ခုထိပြန်ထွက်မလာသေးဘူးလို့ ငါကြားတယ်။”

​ကျန့်ချီသည် ဤသည်မှာ ကြွားဝါစရာကိစ္စတစ်ခုဟု မထင်မိခဲ့ပေ။ သူ့ရှေ့မှ ဆံပင်နီနှင့်ကောင်လေးသည် ရုပ်ရှင်မင်းသားတစ်ဦးကဲ့သို့ ရုပ်ရည်မျိုးရှိလင့်ကစား သူ၏မျက်လုံးထဲမှ ဆိုးသွမ်းမှုကို ဖုံးကွယ်မထားနိုင်သည်ဖြစ်ရာ အန္တရာယ်များသော လူဆိုးဂိုဏ်းများကို အမှတ်ရစေ၏။

​သူသည် အခြားသူများ၏ အကြည့်တို့ကို ဂရုစိုက်ပုံမရချေ။ ရှေ့သို့တစ်လှမ်းတိုးကာ ပိုင်ရှီယွီ၏ ကော်လံစကို ဆွဲလိုက်သည်။ ပိုင်ရှီယွီသည် ထိတ်လန့်တကြားရှောင်တိမ်းရင်း သူ၏မျက်လုံးများသည် ပွဲကြည့်နေသူများကို ကျော်ဖြတ်ကာ ကျန့်ချီ၏ မျက်နှာပေါ်တွင် ရပ်တန့်သွား၏။

​”ကျန့်ချီ!” သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာပြီး အားကုန်သုံးကာ အော်ဟစ်လိုက်သည်။ “ကယ်ပါဦး!”

​ကျန့်ချီသည် သူ့ခန္ဓာကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်လာသော မျက်လုံး ဒါဇင်ပေါင်းများစွာကို ခံစားလိုက်ရ၏။ ထိုအကြည့်တို့သည် ပွဲကြည့်လိုသော မသက်မသာဖြစ်ဖွယ် မျှော်လင့်ချက်များအပြင် ပိုင်ရှီယွီထံမှ အထင်ရှားဆုံးသော မျှော်လင့်ခြင်းများနှင့် ပြည့်နှက်နေပေသည်။

​သူသည် ထိုနေရာတွင်ပင် ရပ်နေမိပြီး ရှေ့ဆက်တိုးရန် သို့မဟုတ် ထွက်သွားရန် မတတ်နိုင်ဖြစ်နေသည်။ သူ၏နှလုံးသားသည် စက္ကန့်အနည်းငယ်မျှ ဗြောင်းဆန်နေခဲ့ပြီးနောက် နောက်ဆုံးတွင် လူတိုင်း၏အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့၏။

“ဟဲလို” ကျန့်ချီသည် စကားလုံးတစ်လုံးစီကို ပြောသောအခါတွင် အလွန်အမင်း နှိပ်စက်ခံနေရသကဲ့သို့ ခံစားနေရပြီး ယဉ်ကျေးစွာသတိပေးကာ “မင်း သူ့ကို အရင်လွှတ်ပေးနိုင်မလား? ဒါ နားလည်မှုလွဲနေတာလည်း ဖြစ်နိုင်တယ်”

“သူငယ်ချင်းလား?” ရှောက်ဟန့်သည် လုံးဝလွှတ်ပေးရန် ရည်ရွယ်ချက်မရှိသည့်အပြင် သူ၏အရပ်သည် ကျန့်ချီထက် ခေါင်းတစ်လုံးစာမက မြင့်မားနေခြင်းက ရှားရှားပါးပါး ဖိနှိပ်နိုင်စွမ်းကို ပေးစွမ်းနေ၏။ သူ၏နယ်မြေကို ကျူးကျော်လာသော ရန်သူအား ရင်ဆိုင်နေသည့် ခြင်္သေ့မင်းတစ်ကောင်နှင့် တူလှပေသည်။ သူသည် အန္တရာယ်ရှိသော အရိပ်အယောင်များကို မရှက်မကြောက် ထုတ်လွှတ်နေ၏။

ကျန့်ချီက “မင်း သူ့ကို အရင်လွှတ်လိုက်ပါ”

ရှောက်ဟန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အသံက အေးစက်စက်သတိပေးချက်နှင့် ရောယှက်ကာ “မင်းကိစ္စကိုသာ မင်းလုပ်၊ ထွက်သွားတော့”

သူ့ဒေါသကို လုံး၀ဖုံးကွယ်မထားသလို အပေါ်ယံတွေလုပ်ဖို့လည်း စိတ်မ၀င်စားပေ။

​ကျန့်ချီသည် မျက်မှောင်ကြုတ်လိုက်ပြီး စကားဆက်မပြောတော့ပေ။ အမှန်တကယ်တွင် သူသည် အဖြစ်အပျက်အားလုံးကို မသိမချင်း မည်သူ့ကိုမျှ ပါဝင်ကူညီလိုခြင်း မရှိခဲ့ချေ။ သူ နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏လက်ကောက်ဝတ်ကို ပိုင်ရှီယွီက ရုတ်တရက်ဆွဲကိုင်လိုက်၏။ ကျန့်ချီသည် ခဏမျှ ရုန်းမထွက်နိုင်သည်အထိ ထိုသူ့ထံတွင် ဤမျှလောက်သော အားအင်ရှိလိမ့်မည်ဟု ထင်မှတ်ရန် ခက်ခဲလှပေသည်။

​ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် တစ်စုံတစ်ယောက်က ‘ဒုတိယဥက္ကဋ္ဌ ရောက်လာပြီ’ ဟု ဆိုလိုက်ရာ လူအုပ်သည် ဘေးနှစ်ဖက်သို့ အလိုအလျောက်လမ်းခွဲပေးကြ၏။ ကျိဟွိုက်စစ်သည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်နှစ်ယောက်နှင့်အတူ အလယ်သို့ လျှောက်လှမ်းဝင်လာခဲ့ပြီး ကင်းလှည့်နေပုံရသည်။

​အာရုံစိုက်မှုသည် ထိုသုံးယောက်ထဲမှ ကျိဟွိုက်စစ်ထံသို့ အလိုလိုပြောင်းသွားပြီး မတည်ငြိမ်မှုများလည်း မရှိတော့ချေ။

​ကျန့်ချီသည် တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်၏။ ယင်းသည် ထင်ယောင်ထင်မှားတစ်ခုလား သူ မသိသော်လည်း ကျိဟွိုက်စစ်၏ အကြည့်သည် သူ့အပေါ်သို့ စက္ကန့်အနည်းငယ်ပို၍ ကြာရှည်စွာ ရပ်တန့်နေခဲ့သည်ဟု ခံစားလိုက်ရသည်။

“ရှောက်ဟန့်… ကျောင်းက ဆံပင်အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်နဲ့ အခြားအရောင်တောက်တောက်တွေ ဆေးဆိုးတာကို တားမြစ်ထားတယ်လို့ ဆယ့်ခြောက်ခါလောက် သတိပေးပြီးပြီ။ မင်း အညိုရောင်ဆိုးလို့ရတယ်။ ဒါက ကျောင်းသားသမဂ္ဂရဲ့ အကြီးမားဆုံးလိုက်လျောမှုပဲ”

ကျိဟွိုက်စစ်က ငြင်းမရသည့် နူးညံ့သောအသံနှင့် ပြောလိုက်ပြီး “ဒါက ဆယ့်ခုနစ်ကြိမ်မြောက်သတိပေးတာပါ နောက်တစ်ခါတွေ့ရင် ဒီဆံပင်နီတွေကို ထပ်မတွေ့ရတော့ဘူးလို့ မျှော်လင့်ပါတယ် ကျောင်းဆိုတာက မင်းရမ်းကားလို့ရတဲ့နေရာမဟုတ်ဘူး လွှတ်လိုက်ပါ”

ရှောက်ဟန့်က သူ့ကို သနားစိတ်ဖြင့် စိုက်ကြည့်ကာ “သူက ငါ့ကို အရင်ရန်စခဲ့တာ မတွေ့ဘူးလား?”

ကျိဟွိုက်စစ်က “ငါတကယ် မမြင်လိုက်ဘူး”

နှစ်စက္ကန့်အကြာတွင် ပိုင်ရှီယွီ၏ကော်လံကို ရှောက်ဟန့် ဆောင့်လွှင့်ပစ်လိုက်သည်။ သူသည် လက်ကောက်ဝတ်ကို လှည့်ကာ ကျန့်ချီနှင့် ပိုင်ရှီယွီကို ဖြည်းညင်းစွာ ကြည့်လိုက်ပြီးနောက် ရက်စက်ကြမ်းကြုတ်ပြီး အဓိပ္ပါယ်ရှိသောအပြုံးကို ပြုံးပြလိုက်ရာ ကျန့်ချီအား သူ့နောက်ကျောကို ချမ်းစိမ့်စိမ့်ခံစားသွားစေသည်။ သူ ကံမကောင်းပုံရပြီး သူ့အရှေ့မှရှောင်ဟန့်က သူ့အား ‘ရန်သူ’ စာရင်းထဲသို့ ထည့်လိုက်ပြီဖြစ်၏။

“ကောင်းပြီ ငါလွှတ်လိုက်ပြီ” ရှောက်ဟန့်က “အခုအဆင်ပြေပြီမဟုတ်လား ဒုဥက္ကဌ?”

ကြားရသူတိုင်းကို စော်ကားသကဲ့သို့ စိတ်မသက်မသာဖြစ်စေမည့် ‘ဒု’ ဟူသော စကားကို တမင်တကာ အလေးပေးဖော်ပြခဲ့သည်။ ကျိဟွိုက်စစ်၏မျက်နှာသည် လုံးဝပြောင်းလဲမသွားဘဲ ဖော်ရွေသော အပြုံးကို တပ်ဆင်ထားကာ “မင်းရဲ့ပူးပေါင်းမှုအတွက် ကျေးဇူးတင်ပါတယ် ဆံပင်ကိုမမေ့ပါနဲ့”

​ရှောက်ဟန့်သည် လှည့်ထွက်သွားခဲ့ပြီး အတော်အတန်ဝေးသို့ လျှောက်သွားခဲ့ပြီဖြစ်သည်။ ဤစကားကိုကြားသောအခါ သူသည် နောက်လှည့်မကြည့်ဘဲ ရှေ့သို့ဆက်လျှောက်သွားကာ သူ၏သဘောထားကို ပြသလိုက်၏။

ကျိဟွိုက်စစ်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး နောက်ဆုံး၌ သူ့အကြည့်က ကျန့်ချီဆီရောက်သွားသည်။ သူ့မျက်ခုံးများကိုဖြေလိုက်ပြီး မေးလိုက်၏ “ဆောရီး ငါလာတာ နောက်ကျသွားတယ် သူမင်းတို့ကို နာကျင်အောင် လုပ်သေးလား?”

ကျန့်ချီက “မလုပ်ဘူး” ဟုပြောပြီး သူ့နောက်ကွယ်တွင် ပုန်းနေသောပိုင်ရှီယွီကို ကြည့်လိုက်၏။ သူက ထိတ်လန့်နေပုံရပြီး အထူးသဖြင့် သူ၏ဖြူဖွေးသောလည်ပင်းသည် ယူနီဖောင်းကော်လံကြောင့် ထင်ရှားသော အနီရောင်အမှတ်အသားက ပေါ်လွင်နေသည်။

“ဒီကိစ္စက ပြေလည်သွားပြီ အားလုံး ဒီမှာမနေကြနဲ့တော့” ကျိဟွိုက်စစ်၏ အနောက်မှလူများသည် အပျော်တမ်းကြည့်နေသော ကျောင်းသားများကို လူစုခွဲရန်ပြောခဲ့ကြသည်။

လူစုကွဲသွားသောအခါတွင် ပိုင်ရှီယွီသည် သူ့အာရုံဆီသို့ ပြန်ရောက်သွားပြီး ရှက်ကိုးရှက်ကန်းဖြစ်ခြင်း သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် နီမြန်းနေသောမျက်နှာဖြင့် မော့ကြည့်လိုက်သည်။

“တောင်းပန်ပါတယ် ကျန့်ချီ ငါ မင်းကိုဆွဲထုတ်လိုက်မိတယ် ငါ အရမ်းကြောက်နေခဲ့ပြီး လူတွေအများကြီးထဲကမှ မင်းကိုပဲ ငါသိလို့” သူက မျက်လုံးများကိုအောက်ချပြီး အောက်နှုတ်ခမ်းကိုကိုက်နေကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်အမူအရာကိုပြသပြီး ကျန့်ချီအား တီးတိုးပြောလိုက်သည်မှာ သူ့အား အပြစ်တင်ရန် ခက်ခဲလှပေ၏။

“အဆင်ပြေပါတယ် နောက်တစ်ခါ အရမ်းစိတ်လိုက်မာန်ပါ မလုပ်မိ‌စေနဲ့နော်” စိတ်ထဲမထားဟု ဆိုလျှင် ယင်းသည် လိမ်ညာရာကျပေမည်။ သို့သော် ဤသို့ တောင်းပန်တိုးလျှိုးနေသော ပိုင်ရှီယွီကိုမြင်သောအခါ ကျန့်ချီ၏စကားများသည် နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။

အန္တရာယ်ကြုံလာသည့်အခါ လူတစ်ယောက်၏ အရေးပေါ်တုံ့ပြန်မှုကို သူနားလည်နိုင်၏။ နေထိုင်သည်မှာ တစ်ပတ်မျှသာရှိသေးသော မရင်းနှီးသည့် ပတ်ဝန်းကျင်တစ်ခုတွင်ဖြစ်ကြောင်းကို ထည့်မပြောဘဲနှင့်ပင်တည်း။ ပိုင်ရှီယွီသည် ကျောင်းပြောင်းကျောင်းသားတစ်ဦးပင်ဖြစ်သော သူ့အား အားကိုးရသော ‘လူ’ တစ်ယောက်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်နိုင်ပေသည်။

သူတို့ပြောနေသည်ကို နားထောင်ပြီးနောက် ဘေးတွင်ရပ်နေသော ကျိဟွိုက်စစ်က မေးလာသည်။ “ရှောက်ဟန်က မင်းသူ့ကို အရင်ရိုက်ခဲ့တယ်လို့ပြောတယ် အဲဒီလိုမျိုးဟုတ်သလား?”

ပိုင်ရှီယွီ၏လက်ချောင်းများက သူ့အဝတ်ကိုလုံးချေနေပြီး ကျိဟွိုက်စစ်ကို ထိတ်လန့်တကြားကြည့်ရင်း “ရှောက်ဟန်က ငါ့ကိုရိုက်ချင်နေပြီထင်လို့ သူ့ကို အရင်ရိုက်လိုက်တာပါ တောင်းပန်ပါတယ် ငါ စိတ်လောသွားတယ်”

​”သူက မင်းကိုရိုက်လိမ့်မယ်လို့ ဘာလို့ထင်ရတာလဲ။” ကျိဟွိုက်စစ်သည် အဓိကအချက်ကို ထုတ်နုတ်မေးလိုက်၏။ “သူက မင်းကို အရင်က ထိခိုက်အောင်လုပ်ခဲ့ဖူးလို့လား။”

“မဟုတ်ဘူး” ပိုင်ရှီယွီက သူ့လက်တွေကို အလျင်စလိုဝှေ့ယမ်းပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ “သူနဲ့လူတစ်စုက အထူးကျောင်းသားတစ်ယောက်ကို ထိုးကြိတ်ကန်ကျောက်ပြီး အနိုင်ကျင့်နေခဲ့တာကို ငါတွေ့ဖူးတာ။ ပြီးတော့ ဒေါသတကြီး ရေတွေနဲ့ပက်နေတာ။ အဲဒီ့အချိန်ကစပြီး သူငါ့ကို ရန်ငြိုးထားနေလောက်ပြီ”

“ငါနားလည်ပြီ ငါ ဒီကိစ္စကိုကိုင်တွယ်လိုက်မယ်”

ကျိဟွီုက်စစ်သည် ဤအဖြေကိုကြားရသည်ကို မအံ့သြသကဲ့သို့ အနည်းငယ်ခေါင်းညိတ်ကာ ပိုင်ရှီယွီအား စိတ်ချရန်ပြုံးပြကာ “နောက်ကျတစ်ခုခုကြုံလာခဲ့ရင် ကျောင်းသားသမဂ္ဂကို အရင်သွားပါ သီးသန့်မဖြေရှင်းပါနဲ့ မင်းမှာမေးစရာတွေရှိရင် စမစ်အဆောက်အဦးရဲ့ မြောက်ဘက်မှာရှိတဲ့ ကျောင်းသားသမဂ္ဂရုံးခန်းကို သွားလို့ရတယ် တံဆိပ်က အရမ်းသိသာတဲ့ အနေအထားမှာရှိတဲ့အတွက် မကြောက်ပါနဲ့”

ပိုင်ရှီယွီ၏မျက်နှာက နီမြန်းနေသေးပြီး အနည်းငယ်ခေါင်းညိတ်ပြကာ “ငါမှတ်မိပါပြီ ကျေးဇူးတင်ပါတယ် ဒုဥက္ကဌ”

“ဒါက ကျောင်းသားတစ်ယောက် လုပ်သင့်တဲ့အရာပါ”

​ကျန့်ချီသည် ကျိဟွိုက်စစ်မှာ အရည်အချင်းရှိပြီး အောင်မြင်သော အရောင်းသမားတစ်ဦးနှင့် တူသည်ဟု ခံစားလိုက်ရ၏။ ကျောင်းသားတိုင်း၏ အားကိုးရာအဖြစ် ကျောင်းသားသမဂ္ဂကို ဖြစ်လာစေရန် ရည်စူးထားပေသည်။ သူသည် လူစုခွဲထွက်သွားသော လူအုပ်ကို ကြည့်လိုက်ပြီး သူ၏ခြေထောက်များ အနည်းငယ် ညောင်းကိုက်လာသည်ဟု ခံစားလိုက်ရသည်။ ကျန်းယန် စောင့်နေလောက်ပြီဟု တွေးမိကာ “နေ့လယ်စာစားချိန်က ကုန်တော့မှာ၊ ငါအရင်သွားတော့မယ်”

“ရှောက်ဟန့်ကို ကြောက်နေလား?” ကျိဟွိုက်စစ်က သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုတစ်ချို့နှင့် ကျန့်ချီကိုကြည့်၏။ “သူ့မှာ စည်းကမ်းမနာခံတဲ့ အကျင့်စရိုက်မျိုးရှိတယ် သူမင်းကို ဒုက္ခပေးနေသေးရင် ကျောင်းသားသမဂ္ဂကို လာဖို့သတိရပါ”

“ငါသိပါတယ်” ကျန့်ချီက မနေနိုင်ဘဲပြုံးလိုက်ကာ “ငါ နေရာကို အလွတ်ကျက်ထားပြီးပြီ စမစ်အဆောက်အဦးရဲ့မြောက်ဘက်ခြမ်း”

ထိုသို့ကြားသောအခါ ကျိဟွိုက်စစ်က ရယ်မောလိုက်သည်။ သူသည် သူ၏လှပသောနှုတ်ခမ်းများကို အပေါ်သို့ပင့်တင်ကာ ပန်းချီကားများကဲ့သို့ မျက်ခုံးများကို ကွေးညွတ်ထားသည်။ ကျန့်ချီသည် မောက်မာသော ဟန်ဖန့်နှင့် အန္တရာယ်များသော ရှောက်ဟန့်တို့၏ နောက်ခံနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဤသို့ ထူးချွန်ပြီး ပညာတတ်သော ကျိဟွိုက်စစ်မှာ စိန့်စတန်ကျောင်းတော်၌ ရှားပါးမျိုးစိတ်တစ်ခုနှင့်တူသည်ဟု ခံစားလိုက်ရ၏။

ကျန်းယန်သည် ပန်းအိုးနောက်မှ ခုန်ထွက်ကာ ကျန့်ချိီ၏ပုခုံးကို တင်းကြပ်စွာပုတ်လိုက်ကာ အတင်းအဖျင်းပြောသံနှင့် အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ဘဲ “ဒီအထူးကျောင်းသားကို မင်းတကယ်သိပြီးသားလား ဒုဥက္ကဌကရော?” ထိုသို့ပြောပြီးနောက် သူ့အသံကို သတိထားမိမှာ ကြောက်သောကြောင့် နောက်ပြန်ကြည့်ရန်မမေ့ပေ။

ကျန့်ချီသည် သူ ဤနေရာတွင်ပုန်းနေမည်ဟု မမျှော်လင့်ထား‌သောကြောင့် “ငါနဲ့ပိုင်ရှီယွီက ကျောင်းပြောင်းလာတဲ့နေ့ကအတူတူပဲ အဲဒီနေ့မှာပဲ စကားနည်းနည်းပြောခဲ့တာ” ဟု မပြောခင် တစ်စက္ကန့် နှစ်စက္ကန့်ခန့် အချိန်ယူခဲ့ရသည်။

“ဒုဥက္ကဋ္ဌကရော?” ကျန်းယန်သည် ဤအရာကို ပို၍သိချင်နေခဲ့သည်။

“သူနဲ့လည်း စကားနည်းနည်းပြောခဲ့တယ်” ကျန်းချီက ထိုနေ့ကအခြေအနေကို ပြန်ပြောပြပြီး ခရမ်းနုရောင်ပန်းပွင့်လေးကို သတိရလာကာ “သူက အရမ်းကောင်းပြီး စာသင်ခန်းကိုရှာဖို့ ကူညီပေးခဲ့တာ”

​ကျန်းယန်၏ မျက်နှာအမူအရာသည် အလွန်ထူးဆန်းနေပြီး သူ၏အပြုံးကို ချုပ်တည်းထားပုံရ၏။ “မင်းက သူ့ကို လူကောင်းကတ် ပေးနေတာလား။ ဒါပေမဲ့ ဒုတိယဥက္ကဋ္ဌက လူသိများတဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုတာတော့ အမှန်ပင်။ ကံမကောင်းစွာနဲ့ပဲ ငါ စိန့်စတန်ကိုရောက်တာ နှစ်နှစ်ရှိပြီ၊ သူနဲ့ သိပ်စကားမပြောဖူးသေးဘူး။”

သူ စကားဆုံးအောင်ပြောပြီးနောက် နှုတ်ခမ်းစူလိုက်ပြီး သနားကမားဟန်ဖြင့် ထပ်ဖြည့်ပြောသည်။ “သူ ကျောင်းပတ်ပြီး ကင်းလှည့်နေတာကို နေ့တိုင်းတွေ့တာက လွဲလို့ပေါ့။”

​”ကျောင်းသားသမဂ္ဂရဲ့အလုပ်က တော်တော်အလုပ်များပုံပဲ။” ကျန့်ချီသည် နားမလည်နိုင်ဖြစ်သွား၏။ “နေ့တိုင်းကင်းလှည့်နေရရင် စာသင်ချိန်တွေ လွတ်ကုန်မှာမဟုတ်ဘူးလား။”

​”သူက သာမန်လူတစ်ယောက်မဟုတ်ဘူး။ ငါပြောချင်တာက စာသင်ချိန်တစ်ချိန်မှ မတက်ရင်တောင် ဒုတိယဥက္ကဋ္ဌက သူ့ရဲ့စာမေးပွဲအားလုံးမှာ A+ အဆင့်တွေရနိုင်တယ်။”

သူ ရှင်းလင်းစွာပင် ကျိဟွိုက်စစ်အကြောင်းကို ပြောနေပေမယ့် ကျန်းယန်က ဂုဏ်ယူစွာဖြင့် “ပြီးခဲ့တဲ့နှစ်ဝက်မှာ ဒုဥက္ကဌက Paganini နိုင်ငံတကာတယောပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး တစ်လလုံး ခွင့်ယူသွားခဲ့တယ် နောက်ဆုံးတော့ ချန်ပီယံဆုကို ရခဲ့ရုံတင်မကဘဲ စိန့်စတန်က နှစ်စဉ်စာမေးပွဲအတွက် ပထမနေရာကိုပါရခဲ့တယ်လေ နံပါတ်တစ်နော် သူက လူသားမဟုတ်ဘူး!!!”

​နောက်ဆုံး ချဲ့ကားပြောဆိုလိုက်သော အာမေဍိတ်သံသည် လေးစားအားကျမှုတို့နှင့် ပြည့်နှက်နေသော်လည်း ကျန့်ချီသည် ကျန်းယန်၏ စကားများထဲမှ တယောပြိုင်ပွဲဆိုသည့် အချက်ကို ဖမ်းဆုပ်လိုက်၏။

​ဂုဏ်သရေရှိသော နောက်ခံမှလာသူတစ်ဦးအတွက် တူရိယာတစ်မျိုးနှစ်မျိုး တီးခတ်နိုင်ခြင်းသည် မထူးဆန်းလှပေ။ ကျန့်ချီသည် သူ၏စိတ်ထဲတွင် ကျိဟွိုက်စစ်နှင့် တယောကို ပေါင်းစပ်ပုံဖော်ကြည့်လိုက်သည်။ သူခံစားလိုက်ရသည်မှာ တယောသည် လူနှင့် လိုက်ဖက်နေခြင်းမဟုတ်ဘဲ၊ လူသည်သာ တယောနှင့် လိုက်ဖက်နေခြင်းဖြစ်သည်ဟုပင်။

​”သူက အဲ့ဒီ PC တွေနဲ့မတူဘူး။” ကျန်းယန်ကဆို၏။ “ငါ ရဲရဲကြီးပြောရဲတယ်၊ ဒုတိယဥက္ကဋ္ဌက စိန့်စတန်ကျောင်းသားအများစုရဲ့ နှလုံးသားထဲက အိုင်ဒေါတစ်ယောက်ပဲ။”

​ကျန့်ချီသည် ဤဝါကျကို ယုံကြည်၏။ အထူးသဖြင့် ကျန်းယန်၏ အရူးအမူးပရိတ်သတ်တစ်ဦးကဲ့သို့သော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ ပို၍ပင် ယုံကြည်သွားသည်။

စာရေးသူ၏ စကား

​ရှောင်ပိုင်က ဇာတ်လမ်း၏ မူလ ‘shou’ ဖြစ်ပြီး မကြာခင်မှာပဲ သူဟာ အမှန်တကယ်တွင် ဆိုးသွမ်းသော အမျိုးသားဇာတ်ပို့တစ်ဦးဖြစ်ကြောင်းကို သိရှိသွားလိမ့်မယ်။ (* ̄︶ ̄)

Chapter – 4 ended

 

Chapter 5

အိပ်ခန်းထဲတွင် ဝေ့အန်းသည် သူ၏ စားပွဲတွင် လေ့ကျင့်ခန်းများကို စိတ်ငြိမ်စေရန် စိတ်ဝင်တစားတွက်နေလေသည်။ သူသည် လှုပ်ရှားသည့် အသံတစ်ချို့ကို ကြားသောအခါ ကျန့်ချီအား ဖျက်ခနဲ လှည့်ကြည့်လိုက်လေသည်။ သူက တစ်ခုခု ပြောချင်နေပုံရကာ သူ့အမူအရာက ခဏလောက် တောက်ပသွားသော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့ကာ သင်္ချာပုစ္ဆာများကိုသာ ဆက်လက်တွက်နေလိုက်သည်။

ကျန့်ချီသည် သူ၏ နှာတံပေါ်ရှိ ပုလင်းဖင်ကဲ့သို့ ထူသည့် မျက်မှန်က စာအုပ်ပေါ်သို့ပင် လျှောကျသွားမည်ကို စိုးရိမ်ကာ မေးလိုက်သည်။

” မင်း ရေချိုးပြီးပြီလား”

“အတန်းပြီးတာနဲ့ ရေချိုးဖို့ ငါ ပြန်လာခဲ့တာ”

ဝေ့အန်းဆက်ပြောလိုက်သည်။

“မင်းပြီးတာ တအားနောက်ကျတာပဲ အဆင့်မြင့်သင်္ချာမို့လို့လား?”

ကျန့်ချီသည် သူ့လက်ထဲမှ အုတ်ခဲလောက်ထူသည့် စာအုပ်နှစ်အုပ်ကို လှုပ်ယမ်းပြလိုက်သည်။

“စီးပွားရေးစာအုပ်တွေလေ။ အပြန်လမ်းမှာ ငါ ကိုးကားဖို့အတွက် စာကြည့်တိုက်ကနေ စာအုပ်နည်းနည်းသွားငှားလာတာ”

သူ့အတန်းတွေအားလုံးအနက် စီးပွားရေးအတန်းသည် အခက်ဆုံးပင် ဖြစ်သည်။ ကျန့်ချီသည် အရင်က တစ်ခါမှ မလေ့လာဖူးသောကြောင့်လည်း ဖြစ်သည်။ စိန့်စတန်မှာ ကျောင်းသားအားလုံးသည် အခြေခံလောက်တော့ သိကြသည်နှင့် တူ၏။ မစ္စတာစမစ်သည် စီးပွားရေးရဲ့ မိတ်ဆက်ကို ရှင်းပြဖို့ အတန်းချိန်နှစ်ချိန်ကိုသာ ယူလေသည်။ တတိယအတန်းချိန်မှာတော့ သူသည် လုံးဝခြားနားသည့်အဆင့်မှ ပုစ္ဆာများကို ယူဆောင်လာကာ အများစုသည် ခေါင်းစဉ်အကြောင်းပင် ဖြစ်၏။ ၎င်းသည် ကျန့်ချီအား ဘေးကျပ်နံကျပ်ဖြစ်စေလေသည်။

အဆင့်တစ်ရဖို့ ကြိုးစားရန် မလိုအပ်လျှင်တောင်မှ ကိစ္စရပ်များသည် သူ ထိန်းချုပ်နိုင်မည့် အခြေအနေအောက်တွင် မရှိသည့် ခံစားချက်အား သူ သဘောမကျပေ။

အိပ်ဆောင်တွင် ရေနွေးသည် ၂၄ နာရီ အမြဲရလေသည်။ ကျန့်ချီသည် ရေချိုးပြီးသည်နှင့် ဒီနေ့အတွက် အိမ်စာကို လုပ်လိုက်သည်။ နာရီအသံကြားလိုက်သောအခါ screen ၏ ညာဘက်ထောင့်မှ အချိန်သည် ၉ နာရီပင် ကျော်သွားပြီ ဖြစ်လေသည်။

သူသည် ဒီနေ့ ငှားလာသည့် “Principles of Economics” စာအုပ်နှင့် “Macroeconomics”စာအုပ်ကို ကြည့်ပြီးနောက် သူ လွတ်သွားသော အခြေခံများကို မနက်ဖြန်ကျ ပြန်လေ့လာဖို့ ဆုံးဖြတ်လိုက်လေသည်။ သိမ်းဆည်းပြီးနောက် အိပ်ရာပေါ်တွင် လှဲလိုက်သောအခါ သူ၏ ဆန့်ကျင်ဘက်ရှိ ဝေ့အန်းသည် စားပွဲ၏ တစ်ဖက်တွင် သူ စာစလုပ်သည့် ပုံစံအနေအထားအတိုင်း သင်္ချာပုစ္ဆာများကို ဆက်တွက်နေဆဲဖြစ်သည်။ သူ၏ ပုံသဏ္ဍာန်သေးသေးလေးသည် အဆုံးမရှိသည့် စိတ်စွမ်းအားများ ပါဝင်နေဟန်တူလေသည်။

မနှစ်မှ စာရင်းအရ download အများဆုံးဆွဲခြင်းခံရသည့် appဖြစ်သည့် Talk Time ဟု ခေါ်သည့် TTကို ကျန့်ချီဖွင့်လိုက်သည်။ မျက်နှာပြင်သည် သပ်ရပ်ရှင်းလင်းနေကာ အသုံးပြုရသည်မှာလည်း လွယ်လေ၏။

သူ၏ သူငယ်ချင်းစာရင်းသည် မျက်နှာပြင်ထက်ပင် ပို၍ ရှင်းလင်းနေကာ တစ်ခုတည်းသော စကားအများဆုံးပြောထားသည့် chat မှာ ကျန့်ချိန်ချောင်ဖြစ်လေသည်။

ကျန့်ချီသည် ၎င်းဘေးမှ အနီရောင်အစက်ကလေးအား နှိပ်လိုက်၏။ ဒီမနက်မှ ပို့ထားသည့် ဆိုင်ရှေ့ပုံများကို တွေ့ကာ သူ့အား အကြံတစ်ချို့ပေးရန် မေးထားလေသည်။ ကျန့်ချိန်ချောင်ဟည် အဝတ်လျှော်‌ဆိုင်လေးဖွင့်ထားသည်မှာ သူ့သက်တမ်းတစ်ဝက်လောက်ရှိနေပြီ ဖြစ်သည်။ ယခုမူ သူသည် ချွမ်လင်ကို ပြောင်းလာပြီးနောက် သူ့တွင် ရည်မှန်းချက်တစ်ခုရှိလာခဲ့လေသည်။ ၎င်းမှာ ပိုကြီးသော အဝတ်လျှော်ဆိုင်ဖွင့်ရန် ဖြစ်သည်။ သူသာ ကံကောင်းပါက  ဆိုင်ခွဲများပင် ဖွင့်နိုင်လောက်ပေသည်။

ယခုမူ အစီအစဉ်၏ ပထမခြေလှမ်းအား အစပြုလိုက်လေသည်။ ဆိုင်ရှေ့မျက်နှာစာကို ရွေးချယ်ခြင်းပင် ဖြစ်၏။၎င်းမှာ ကျန့်ချီ သူ့အားပေးမည့် ထင်မြင်ချက်တစ်ချို့ပေါ် မူတည်လေသည်။ ကျန့်ချိန်ချောင်သည် အထက်တန်းပထမနှစ်အောင်လက်မှတ်သာ ရထားလေသည်။မျက်နှာသာလိုချင်သော တချို့မိဘတွေကဲ့သို့ မဟုတ်ဘဲ သူသည် ကျန့်ချီ၏ ‌ဝေဖန်ဆုံးဖြတ်မှုကို ယုံကြည်လေသည်။

မက်ဆေ့ချ်ကို စာပြန်ပြီးနောက် ဓာတုဗေဒအတန်းတွင် ကျန့်ချီသည် HS အကြောင်းပြောခဲ့ကာ ဖတ်ကြားသည့် ကုတ်နံပါတ်ကို သူ အံဆွဲထဲတွင် မေ့ခဲ့လေသည်။ သူ ကုန်းကာ ထုတ်ယူလိုက်သည်။ software ၏ search barမှာ အမည်းရောင်ဖြစ်ကာ စာလုံးနှစ်လုံးသည် ကြော့ရှင်းသည့် ပန်းလက်ရေးပုံစံဖြင့် အလယ်တွင်ရှိလေသည်။ ကြည့်ရသည်မှာ ထူးခြားပုံပေါ်လေသည်။

ဖိတ်ကြားသည့် ကုတ်နံပါတ်နဲ့ ဝင်ပြီးနောက် ကိုယ်ရေးကိုယ်တာ အချက်အလက်များစွာကို ဖြည့်သွင်းကာ ကျန့်ချီသည် “Students at Saintston College”ဆိုသည့် တရားဝင်စာတန်းလေးသည် သူ့ homepage ၏ အောက်တွင် အလိုလိုပေါ်လာသည်အား တွေ့လိုက်ရလေသည်။

သူသည် Saintston College ၏ အပိုင်းကို ရှာလိုက်လေသည်။ ဆယ်နာရီထိုးခါနီးဖြစ်သော်လည်း ‌‌ဆွေးနွေးမှုများသည် မြူးကြွနေဆဲ ဖြစ်လေသည်။ သူသည် တတိယမြောက်ဆောင်းပါးသို့ ဆွဲလိုက်သည်။ အကြောင်းအရာမှာ ” တစ်ယောက်ယောက် ငါ့ကို‌ ရှောက်ဟန့် နဲ့ အထူးကျောင်းသားအကြောင်းပြောပြနိုင်မလား” ဟူ၍ ဖြစ်သည်။ ကျန့်ချီ ခေတ္တရပ်သွားပြီးနောက် ဘေးသို့ ဆွဲကာ နှိပ်လိုက်သည်။

အဓိကအဆောက်အအုံ(main post ကိုဆိုလိုခြင်း) : ခေါင်းစဉ်မှာ ပြောထားတဲ့အတိုင်း အထူးဝင်ခွင့်ကျောင်းသားအကြောင်းက ပြောရတာ နည်းနည်းကိုးယို့ကားယားနိုင်တယ်။ ပထမဆုံး မင်းသားလေးက ချီယဲ့ကို သင်ခန်းစာတစ်ခု ပေးဖူးတယ်။ ပြီးတော့ ဒီနေ့ နောက်တစ်ယောက်က မင်းသားလေးကို ကန်တင်းရဲ့ အဝင်ဝမှာ ပါးရိုက်ခဲ့တယ်။ အဲ့ဒါက တအားသတ္တိရှိလွန်းတာပဲ… တစ်ယောက်ယောက် မြင်လိုက်ကြသေးလား? မင်းသားလေးမျက်နှာက သူ့ကို နောက်တစ်စက္ကန့်မှာတင် မသေမချင်း လည်ပင်းညှစ်သတ်ချင်တဲ့ပုံ ဖြစ်သွားတာ။ဒီလို ဆွဲဆောင်တဲ့ နည်းလမ်းမျိုးက လွန်ခဲ့တဲ့ နှစ် ၈၀၀ လောက်ကတည်းက သုံးပြီးသားကြီး ဟုတ်တယ်မလား? ဦးနှောက်မရှိတဲ့ ဒရမ်မာကားတွေ မင်း အများကြီးကြည့်ဖူးတာလား? သူ့ကိုကြည့်ရတာ တအားဖြူစင်နေပုံနဲ့ သူ့ရည်မှန်းချက်ကတော့ လုံးဝ သေးသေးမွှားမွှား မဟုတ်ဘူး။

1L : အဲ့မြင်ကွင်းက‌ တော်တော်စိတ်လှုပ်ရှားစရာကောင်းမှာပဲ။ မင်းသားလေးရဲ့ အကျင့်နဲ့ ဆိုရင်တော့ ဒီကိစ္စမှာ နောက်ဆက်တွဲတွေတော့ ရှိဦးမယ် လို့ ခံစားနေရတယ်

2L: ဘာလို့ မူရင်းပို့စ်တင်တဲ့လူက မင်းသားရဲ့ နာမည်ကိုပါ တင်လိုက်တာလဲ? သတိထားဦး မင်း သီးသန့်အသိပေးစာတွေ ရလာဦးမယ်။ ချီယဲ့ဆိုတဲ့လူက ICUကို အဲ့ဒါကြောင့် ဝင်လိုက်ရတာ မဟုတ်ဘူးလား?

3L : အပေါ်ကလူ မဟုတ်တာတွေ မပြောနဲ့။ ချီယဲ့က မင်းသားလေးအကြောင်း ကောလဟလတွေဖြန့်လို့ ပစ်မှတ်ထားခံခဲ့ရတာ။ သူ့နာမည်နဲ့ ပို့စ်တွေက အများဆုံးမှ ကန့်သတ်ခံရလောက်ရုံပဲ ရှိတယ်။ ဒါနဲ့ ပို့စ်တင်တဲ့လူ ဓာတ်ပုံရိုက်ခဲ့သေးလား? သမဂ္ဂက ငါ့ကို အလုပ်လုပ်ဖို့ ဆွဲခေါ်သွားတော့ ငါ အဲ့မှာ မရှိလိုက်ဘူး။

4L :ငါ့မှာ တချို့ရှိတယ်။ ဒုဉက္ကဌလာတော့ ရိုက်ထားတာ  [ပုံ] [ပုံ]

5L : သူ့ပုံကြည့်ရတာ ဖြူစင်တဲ့ပုံလေး ဒါပေမဲ့ ပထမအကြည့်မှာတင် သူ့မှာ အကြံအစည်တွေနဲ့ ပြည့်နေပြီး သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတာ တွေ့နိုင်တယ်။

6L : ဒါနဲ့ ဒုဉက္ကဌက အရမ်းချောတာပဲနော်

7L : သူတို့ဘေးမှာ ဘာလို့ တခြားလူရှိနေတာလဲ? သူ့ကြည့်ရတာ လူသစ်နဲ့ တူတယ်။ သူက အဲ့ဆင်းရဲတဲ့ကျောင်းသားကို သိလို့လား?

8L : ဆင်းရဲတဲ့ ကျောင်းသားရဲ့ သူငယ်ချင်းလေ။ သူ့ကို ကူညီဖို့ လုပ်ရင်း မင်းသားလေး ခေါ်တာ ခံလိုက်ရတာ။

9L: အူတက်သေတော့မယ်။ အကြံကိုယ်စီနဲ့ ဆင်းရဲတဲ့ ကျောင်းသားလေးနှစ်ယောက်။

20L : ‌ကွေးသွားသော အဆောက်အဦး ( အဓိက အကြောင်းအရာကနေ လွဲချော်သွားသူ ) ဘာလို့ စတုတ္ထ semester မှာ အထူးကျောင်းသားလက်ခံမှုတွေ ရှိနေရတာလဲ။ ပထမ semester မှာပဲ ရှိနေကျ မဟုတ်ဘူးလား။

(Edit: စိန့်စတန်က တစ်နှစ်မှာ first semester နဲ့ second semester ဆိုပြီး နှစ်ဖြတ်ရှိတယ်ထင်ပါတယ်။ third semester နဲ့ fourth semester က ဒုတိယနှစ်​ဖြစ်သွားပြီ။ ကျန့်ချီနဲ့ပိုင်ရှီယွီက fourth semester မှာ ပြောင်းလာတဲ့လူတွေ။အဲ့တော့ ဒုတိယနှစ်ရဲ့ နှစ်ဝက်မှာ ပြောင်းလာတဲ့လူတွေပါ)

21L: ငါ မသိဘူး ဒါပေမဲ့ ငါ လူသစ်လေးကိုသိသလိုပဲ။ သူက ဝင်ခွင့် စာမေးပွဲမှာ အမှတ်ပြည့်နီးပါး ရခဲ့တဲ့လူလားလို့။ အဲ့တော့ သူသာ သူ့နေရာသူ သိရင် ဘာပြဿနာမှ တက်မှာ မဟုတ်ဘူး

22L ; အထူးကျောင်းသားနဲ့အတူ ငါ ဇီဝအတန်းမှာ အတူရှိနေခဲ့တာ။ ပထမနေ့မှာတင် သူက ဝမ်ချွမ်ဘေးမှာ ထိုင်ပြီး စကားပြောတယ်လေ ဒါပေမဲ့ လုံးဝလျစ်လျူရှုခံလိုက်ရတယ်။ ကြည့်ရတာ သူ့ရည်ရွယ်ချက်က သေးပုံ မပေါ်ဘူး။ ပထမနေ့မှာတင် သူက BC နှစ်ယောက်ကို သွားဆွပြီးပြီ

23L: ဘာရယ်? ဝမ်ချွမ်နဲ့ စကားစမြည်ပြောဖို့ လုပ်တယ်ပေါ့? ငါ သူရဲ့ အရေထူတာကိုတောင်အားကျမိသွားပြီ။

ကျန့်ချီ ဆက်မကြည့်တော့ဘဲ အရင်ပို့စ်စတာတွေဆီ ပြန်သွားလိုက်ကာ ဝါးနေသော ပုံတွေကို နှိပ်လိုက်လေသည်။

မင်း ရှောက်ဟန့်နှင့် ပိုင်ရှီယွီကို အလယ်မှာ တွေ့နိုင်ကာ ဘေး၌ သူနှင့် ကျိဟွိုက်စစ် ရပ်နေသည်အား တွေ့နိုင်လေသည်။

​ဖြစ်နိုင်သည်မှာ ဓာတ်ပုံရိုက်သည့် ရှုထောင့်ကြောင့် ဖြစ်မည်။ ထိုဓာတ်ပုံသည် သူနှင့် ကျိဟွိုက်စစ်ကို အနည်းငယ် ရင်းနှီးနေပုံ ပေါက်စေသည်။ ကျန့်ချီသည် ထိုအချိန်က သူ၏မျက်နှာအမူအရာသည် ထိုသို့ဖြစ်နေမှန်း မသိခဲ့ဘဲ အနည်းငယ် အနေရခက်သွားလေ၏။

သူ ပို့စ်မှ ထွက်ကာ အောက်ကို ဆက်ဆွဲလိုက်သည်။ အများစုသည် အတင်းပြောထားခြင်းပင်။ တချို့ခေါင်းစဉ်များသည် လုံးဝ ပေါက်ကွဲနိုင်လေသည်။ ဘယ်သူက အိမ်မှာ အက်ဆီးဒန့်ဖြစ်သည့် အကြောင်း ဒါမှမဟုတ် ဘယ်သူက ဘယ်သူနှင့် ရှုပ်နေကြောင်းဖြစ်သည်။ ထပ်ပြောရလျှင် ရွေးထားသည့် အတန်းတွေသည် တအားခက်ကြောင်း ‌ဆင်ခြေပေးကြသူများနှင့် အိမ်စာအများအပြားပေးရသည်အား ကြိုက်သည့် ဆရာများအကြောင်းပါ ရှိလေသည်။

သူ နေ့စဉ်ဖြတ်သွားဖြတ်လာတွေ့နေကျ လူတိုင်းသည် ညရောက်သည်နှင့် log in ဝင်ကာ သူတို့ပုံစံနှင့် မအပ်စပ်သော အကြောင်းအရာများကို ‌တင်တာ ဆွေးနွေးကြသည်အား သူ မြင်ယောင်ကြည့်ရန် ခက်ခဲလေသည်။ ကျန့်ချီ အနည်းငယ် အိပ်ငိုက်လာ၍ ဖုန်းပိတ်လိုက်လေသည်။ သူသည် အလင်းရောင်လာရာကို ကြည့်ရန် ခေါင်းကို အနည်းငယ် မလိုက်သည်။ ဝမ်အန်းသည် ထိုင်နေဆဲဖြစ်ကာ မေးခွန်းတစ်ခုကို ရေးနေလေသည်။ သူသည် ဘောပင်ကို အချိန်အတော်ကြာ ဖိထားကာ သူ့ကြည့်ရသည်မှာ ပြဿနာတစ်ခုခုရှိပုံ ပေါ်နေလေသည်။

” မင်းဘယ်တော့ နားမှာလဲ? နောက်ကျနေပြီ”

ဝမ်အန်းသည် မပြတ်မသားပြန်ဖြေလာသည်။

“ခဏနေရင်ပေါ့၊ မနက်ဖြန် စာမေးပွဲ ရှိတယ် မင်း စာမလုပ်ဘူးလား?”

ကျန့်ချီထကာ လမ်းလျှောက်သွားပြီး ဝမ်အန်းသည် အဆင်မြင့်သင်္ချာပုစ္ဆာတွက်ရင်း အခက်အခဲရှိနေကြောင်း တွေ့လိုက်ရသည်။

” အကူအညီလိုလား? ငါ အရင်က အဲ့လေ့ကျင့်ခန်းတွေ အကုန်လုပ်ပြီးပြီ”

“မလိုဘူး”

ဝမ်အန်း စာအုပ်ကို ပိတ်ကာ တုံးတိကြီး ငြင်းလိုက်သည်။ နှစ်စက္ကန့်လောက်နေမှ သူ့အပြုအမူက အဆင်မပြေကြောင်း သဘောပေါက်ကာ သူ ထပ်ပြောလိုက်သည်။

” မင်း မှန်တယ်။ တအား‌နောက်ကျနေပြီ။ မီးပိတ်ပြီး နားကြစို့ ”

ကျန့်ချီသည် ဝမ်အန်း၏ တုံးတိငြင်းဆိုချက်ကို ကြားပုံမပေါ်ဘဲ မီးပိတ်တော့မည် ဖြစ်သည်။ သူ့လက်ကို ခလုတ်ပေါ်တင်လိုက်သည်နှင့် ဝမ်အန်း၏ ခေါ်သံသည် သူ့ကို ရပ်တန့်လိုက်သဖြင့် သူ လှည့်ကြည့်လိုက်သည်။

“ကျန့်ချီ”

“ဘာဖြစ်လို့လဲ?”

ဝမ်အန်းသည် သူ့မျက်မှန်ကို ချွတ်လိုက်ကာ မှန်ဘီလူးရဲ့ ရောင်ပြန်ဟပ်မှုသည် သူ့မျက်လုံးတွေကို ပုံမှန်ထက် ပိုပြတ်သားပုံ ပေါ်စေလေသည်။

“ဒီနေ့ မင်း… ငါက မေးရုံပဲ မေးတာ၊ သိပ်စဉ်းစားမနေနဲ့။ မင်း ဒီနေ့ ပိုင်ရှီယွီကို ကူညီပြီး ရှောက်ဟန့်နဲ့ တွေ့လာတယ်လို့ ငါကြားတယ်။ ရန်ဖြစ်တဲ့အခါ ဘာလို့ ရှောင်ပြီး မနေတာလဲ? မင်းကို အဲဒီလူတွေကို မနှိုးဆော်ဖို့ ပြောတာ ငါ မှတ်မိတယ်။ အဲဒါ မင်းအတွက် မကောင်းဘူး”

တင်းမာကာ ရန်လိုသည့်လေသံသည် ကျန့်ချီကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသော်လည်း သူက စိတ်ပြန်လျှော့လိုက်ကာ ‌အေးအေးဆေးဆေး ပြောလိုက်သည်။

“သူ့ကိုကူညီတာက နည်းနည်းလေးပဲ အားစိုက်ထုတ်လိုက်ရတာပါ၊ ရန်စတာ မဟုတ်ပါဘူး”

“ပြီးတော့ မင်း ကျန်းယန်နဲ့ နေ့လည်စာ စားခဲ့တာလား”

ဝေ့အန်း၏မျက်နှာတွင် အထင်အမြင်သေးကာ ဒေါသအရိပ်အယောင်များ ပေါ်နေလေသည်။

“သူ့ရဲ့ရုပ်ရည်ကြောင့် လှည့်စားမခံနဲ့၊ မင်းနောက်ကွယ်မှာ မင်းရဲ့မိုက်မဲမှုကို လှောင်ရယ်နေလောက်မှာ။ ငါးစာကို မစားမိစေနဲ့။ အထက်တန်းစားဝက်တွေက အကုန်အတူတူပဲ၊ မင်း သူတို့ လှည့်စားတာ ခံလို့ မဖြစ်ဘူး”

ကျန့်ချီသည် သူ့ကို မငြင်းသော်လည်း ဆက်မေးလိုက်သည်။

“အထူးဝင်ခွင့်ရထားတဲ့ လူတွေကလွဲရင် ကျန်တဲ့ လူတွေအားလုံးက အဆင့်အတန်းမြင့်တဲ့ ဝက်တွေလို့ မင်း ထင်နေတာလား”

” ငါ ဒါကို မင်းအတွက် ပြောနေတာ”

ဝေ့အန်း၏ လည်ပင်းသည် လည်ကြောများ ထောင်လာကာ ပါးနှစ်ဖက်ရှိ ကြွက်သားတွေသည် အနည်းငယ်ဖောင်းလာခဲ့သည်။

“မင်းက အခုမှ ဒီကို​ရောက်လာခဲ့တာဆိုတော့ သူတို့မှာ ဘယ်လောက်တောင် ဆိုးရွားတဲ့နည်းလမ်းတွေ ရှိလဲ မင်းမသိဘူး။ အစမှာ  မင်းအပေါ် သူ‌တို့ ဘယ်လောက်ကောင်းနေပါစေ သူတို့က ငါတို့ကို အမြဲတမ်း အထင်သေး ရှုတ်ချတယ်။ သူတို့က ငါတို့ကို ယုတ်ညံ့တဲ့လူလို့သဘောထားတာ။ ကျန့်ချီ မင်းသူတို့နဲ့ဝေးဝေးနေရမယ်။ ငါတို့က ဒီကို စာလုပ်ဖို့ ရောက်နေကြတာ။ အဲ့လို ဆက်ဆံရေးတွေကို လျစ်လျူရှုထားသင့်တယ်”

” ဝေ့အန်း အရင်နားလိုက်တော့ မနက်ဖြန် စာမေးပွဲရှိတယ်” ကျန့်ချီ၏ အသံသည် တည်ငြိမ်နေ၍ စိတ်ရှည်သည်းခံကာ ဒေါသမထွက်သော်လည်း သူနှင့် သဘောမတူပေ။

“ကျန်းယန်က အဲ့လိုလူလို့ ငါ မထင်ဘူး။ ဒီကျောင်းက အဆင့်အတန်းတွေကို ခွဲထားတာ။ လူရဲ့စရိုက်တွေကို ခွဲထားတာမှ မဟုတ်တာ။ ရောင်စုံမျက်မှန်တပ်ထားပြီး သူတို့ကို ကြည့်တာက မင်း ပြောတဲ့ “အထက်တန်းစား ဝက်”ဆိုတာနဲ့ သိပ်မကွာခြားဘူး။ ဘက်လိုက်ပြီး မြင်နေတာတွေကိုသာ ရပ်လိုက်မယ်ဆိုရင် မင်းစိတ်အခြေအနေ ပိုကောင်းလာလောက်မှာပါ။”

ကျန့်ချီသည် ထိုစကားများကို ​​ပြောပြီးနောက် ဝေ့အန်း၏အမူအရာ မည်သို့မည်ပုံရှိမည်ကို မသိချင်ဘဲ အိပ်ခန်းအတွင်းရှိ မီးများကို ဦးစွာပိတ်လိုက်လေတော့သည်။

Chapter 5 ended

 

အထက်တန်းစားယောကျ်ားလေးများကျောင်း

အထက်တန်းစားယောကျ်ားလေးများကျောင်း

Status: Ongoing Type: Author: Released: 2021 Native Language: Chinese

Description

 

အစပိုင်းမှာတော့ ဘာအတိတ်နိမိတ်မှ မပါတဲ့ အိပ်မက်တစ်ခုသာ ဖြစ်သည်။

 

အိပ်မက်ထဲက မြင်ကွင်းတွေက လက်တွေ့ဘဝနဲ့ တစ်ခုပြီးတစ်ခု ကိုက်ညီလာတဲ့အခါမှာတော့ ကျန့်ချီက သူဟာ danmeiဝတ္ထုစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသည်။

 

စာအုပ်ထဲမှ ဇာတ်လိုက်က အပြစ်ကင်းစင်ပြီး အားနည်းသူဖြစ်ကာ အထက်တန်းစားယောကျ်ားလေးကျောင်းမှ ဝံပုလွေတွေကြားထဲ ဝန်းရံခံနေရပြီး နောက်ဆုံးမှာတော့ 1vN အတင်းအကြပ် အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့သည်။

 

(T/N: 1 vs N ဆိုတာက ဇာတ်လိုက်က တစ်ယောက်တည်းဖြစ်ပြီး ပါတနာက အများကြီးကိုပြောတာပါ)

 

ပြီးတော့ သူကိုယ်တိုင်ကတော့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ကို နေရာတိုင်းမှာ ချောက်ချပြီးနောက် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတဲ့ ဆိုးသွမ်းတဲ့ အမျိုးသား ဇာတ်ပို့ဖြစ်နေခဲ့သည်။

 

ဒါကို ကြိုတင်သိရှိသွားတဲ့ ကျန့်ချီဟာ ဇာတ်လိုက်ရဲ့ အချစ်ရေးကိစ္စတွေထဲ မဝင်ရောက်ဘဲ အထက်တန်းစားယောကျ်ားလေးကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့သည်။

 

ဒါပေမဲ့ သူ တခြားသူတွေကို စပြီး မနှောင့်ယှက်ပါဘဲနဲ့ကို ပြဿနာတွေက သူ့ဆီကို တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။

 

ဇာတ်ကွက်က ပျက်စီးမယ့်လမ်းကြောင်းဘက်ကို ဆက်ပြီး တိုးတက်လာတဲ့အခါမှာတော့ ကျန့်ချီက ဇာတ်လိုက်Gongတွေ သူ့ကို ကြည့်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းလေး ကွဲပြားနေတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ရှိသွားခဲ့၏။

 

•••••••••••

Harem လေးပါ။ တော်တော်များများလည်း သိကြမှာပါ။

1 vs N ပါနော်။ gongက ငါးယောက်ထင်တယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset