Little Creampie:
Chapter 41
ဒီဘက်ခြမ်းမှာတော့ စားစရာမျိုးစုံကို မျှဝေတဲ့ ပျော်ရွှင်မှုဖြစ်ပြီး ရှယွီဘက်ခြမ်းမှာတော့ ပြင်းထန်တဲ့ မုန်တိုင်းဖြင့် လွှမ်းမိုးခံထားရတုန်းပင်၊ သူ့အဖွဲ့ဝင်များမှာ တဖျတ်ဖျတ်နှင့် အလွန်ပူပြင်းသော မိုးကြိုးအကြား အစွမ်းကုန် ရန်သတ်နေရ၏။
Fanတွေက ဘယ်လောက်ပဲ ကျွမ်းကျင်စွာ မသမာတဲ့အရာတွေကို ထိန်းထိန်း comment ဧရိယာတွေကိုရှင်းပြီး postတွေကို စောင့်ကြည့်ကြည့် လုံးဝအကျိုးမရှိသည်မှာ ကြုံတောင့်ကြုံခဲဖြစ်လေသည်။
သူ့ PR team တွေ ရှေ့ထွက်လာလျှင်တောင် သူWeibo၌ postတင်ချင်လျှင် black hot searchတို့ကို အရင်ဆုံးဖယ်ရှားဖို့မှာ လုံးဝမဖြစ်နိုင်။
[သူတစ်ယောက်ယောက်ကိုများ ပြစ်မှားစော်ကားမိပြီး အဲ့လူက တမင် သူနဲ့ ရှုပ်နေတာများလား။]
[အဲ့လူက ဘာမဟုတ်တာ လုပ်နေလို့လဲ။ ရှယွီ လုပ်ထားတာတွေကိုပဲ ချပြခဲ့တာလေ]
[မင်းတစ်ခုခုကို လုပ်ပြီး လူတွေကို မသိစေချင်ရင် အစကတည်းက မလုပ်နဲ့လို့ပဲ ပြောချင်တယ်။ ဒါ သူနဲ့ တန်တာပဲ။]
သို့သော် ဒီ ဘုရားစူး ဖက်ရှင် ဂီတဆည်းဆာပွဲမှာ အဆုံးမသတ်သေးပေ။ စတိတ်စင်ပေါ် ကခုန်နေကြသည်မှာ တက်ကြွမှုတို့ဖြင့် ပြည့်လျက်ဖြစ်ကာ ရှယွီ မျက်နှာမှာ ရှုံ့တွမိလုနီးပါးဖြစ်သော်လည်း ကင်မရာရှေ့ သူပြုံးနေရ၏။
ထို့ကြောင့် တစ်ဖန် လူတို့မှာ live broadcast ထဲ၌ သူ့အား သက်တောင့်သက်သာဖြစ်စွာ ဆူဆဲနေကြသည် :
“သူ ဘာလို့ လက်ဖက်စိမ်း အယောင်ဆောင်နေတုန်းလဲ။ သူ့ဇာတ်ကောင်ပုံရိပ်က ပြိုလဲသွားပြီ။”
“သူဘာလို့ လူတစ်ယောက်ကို ထိခိုက်အောင်လုပ်လဲဆိုတာ မရှင်းပြတော့ဘူးလား။”
ဖုန်းရှင်းယွီ message တစ်စောင် ပို့လိုက်၏ : “ပုံမှန်အတိုင်းပဲနေဦး။ ဘာဆက်လုပ်ရမလဲဆိုတာ ငါစဉ်းစားလိုက်ဦးမယ်။”
ရှယွီ အံကြိတ်မိသည် : “ဘာလို့များ ငါ့ကို ပုံမှန်အတိုင်း နေစေချင်ရတာလဲ!? ငါ့ကို လိုင်းပေါ်မှာ သူတို့ ဘာတွေပြောနေကြမှန်း မတွေ့ဘူးလား။ ဒီငတုံးအုပ်စုက လွယ်လွယ်လေး ပါသွားရော! ဒါ ရှရှင်းချီ ငါ့ကို ချောက်ချနေတာ!”
ဖုန်းရှင်းယွီမှာ ဒီကိစ္စအား ဖြေရှင်းရင်း အလုပ်များနေခဲ့ကာ ဒီလိုအချိန်မှာ ဘယ်သူမဆို ဒေါသပွက်ပွက်ဆူလိမ့်မည်ပင် :
“ငါမင်းကို အရင်စောင့်ကြည့်ဖို့နဲ့ ရှရှင်းချီကို သားပုတ်လေလွင့်မပြောဖို့ ငါ မမှာခဲ့ဘူးလား။”
“သူက မင်းကို ချောက်ချဖို့ ဘာများပြောခဲ့လို့လဲ။ သက်သေရဲ့ ဘယ်အပိုင်းကမှားနေပြီး ဘယ်အပိုင်းကိုများ မင်းမလုပ်ခဲ့ဖူးလို့လဲ။”
“မင်းဒါကိုလုပ်ဖို့ စီစဉ်ထားတယ်ဆိုရင်တောင် ဘာလို့များ marketing accountတွေကို လူကိုယ်တိုင် သွားဆက်သွယ်တာလဲ။ သူတို့က ဒီနေ့ မင်းပိုက်ဆံကိုယူပြီး နောက်နေ့ကျ မင်းကို ရောင်းစားနိုင်တယ်။ တစ်ဖက်လူက လီချန်ယွမ်ဖြစ်နေတာကို အသာထားဦး!”
“ကျွန်တော် ဒီလိုဖြစ်စေချင်လိမ့်မယ်လို့ ထင်လား!” ရှယွီ ဒေါသတကြီး ပြောလိုက်၏ : “အဲ့ဒါ ခင်ဗျား ကျွန်တော့်ကို ကူဖို့ ငြင်းခဲ့လို့ ဖြစ်သွားတာ မဟုတ်ဘူးလား။ ကျွန်တော် သူ့ကို ကိုယ့်ဘာသာ ရှင်းလိုက်ရတာ!”
ဒီ “လိုက်ရတာ” ဆိုသည်မှာ လျော်ကန်ကာ အချက်ကျ၏၊ သူတစ်ပါးအား ထိခိုက်စေသည်မှာ တကယ် တစ်ခါတည်း လုပ်ရမည့် ကိစ္စ ဖြစ်သကဲ့သို့ပင်။ သူက အပြစ်လွှဲချသည့် နေရာ၌ တော်၏။
တစ်ပါးသူအတွက် ကြားက ဒဏ်ခံရသူကဏ္ဍမှာ ကောင်းကင်မှတစ်ဆင့် ဖုန်းယင်းရွှီထံ ပြုတ်ကျလာလေသည်။ သို့သော် ဒီ ဝရုန်းသုန်းကားအခြေအနေမှာ မုန်တိုင်းအဖျားသာရှိသေးမှန်းသိပြီး သူ့ကိုယ်သူ အာရုံပျံ့လွင့်စေလို့ မရ၍ သူ့ဒေါသကို ဖိနှိပ်ထားရုံသာ တတ်နိုင်၏။
သူ ရှယွီ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ဆိုးယုတ်မှုအား မြင်တွေ့ခဲ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ သူ ဒါကို အကြာကြီးတည်းက အသားကျပြီးဖြစ်၏။
သူ ရွေးချယ်စရာမရှိ ပြောရုံသာ တတ်နိုင်သည်မှာ : “ဒီည တခြား ဘာမှမလုပ်နဲ့၊ အခွင့်ကောင်းသာ စောင့်နေ၊ ငါ့မှာ ဖြစ်နိုင်တဲ့ ဖြေရှင်းနည်းရှိလာနိုင်တယ်။”
– – –
လီချန်ယွမ် ပြန်ရောက်လာချိန် ရှရှင်းချီက ဗိုက်ပေါ်ဖြူကောင်လေးအဖြစ် ထပ်မံ ပြောင်းလဲသွားကာ သူ့ဖုန်းအား အားရကျေနပ်စွာကြည့်နေရင်း ဖျော်ရည်ပိုက်ကလေးအား တတိတိကိုက်နေ၏။
“ပြန်လာပြီပဲ အကြာကြီး ဘယ်သွားနေတာလဲ။” ရှရှင်းချီ ခေါင်းအား စောင်းလိုက်သည်။
နာရီဝက်တောင်ရှိနေပြီဖြစ်ကာ သူ သူတို့မိသားစုရဲ့ ပျောက်ဆုံးနေသော အဖိုးတန်သည့် ကြောင်ကြီးအား ရှာရန် ထွက်သွားတော့မလို့ပင်။
လီချန်ယွမ်က သူအခုလေးတင် အချိန်ပေး လုပ်ခဲ့ရသည့် အမေးအဖြေ ကဏ္ဍအား စဉ်းစားလိုက်ပြီး ပြုံးသာပြုံးကာ ပြန်မဖြေပေ။ အဆုံးမှာ ရှရှင်းချီ မကြာခင် သိလိမ့်မှာပဲလေ။
ရှရှင်းချီက အခုလေးတင် ဖွင့်ချချက်များအား လုပ်ပြီးပြီဖြစ်ကြောင်း သတိမထားမိခဲ့။ ထို့ကြောင့် သူ့အား ထိုင်ရန် မြန်မြန် ဆွဲချလိုက်၏။ အဲ့နောက် အနောက်တွင် ထိုင်ကာ လီချန်ယွမ်ပခုံးပေါ် သူလက်တို့အား တင်လိုက်၏။ မသိရင် ဒါဟာ သူပုံမှန်လုပ်နေကျကဲ့သို့ပင်ဖြစ်ကာ သူ့နားထဲသို့ တိုးတိုးလေး ပြောလိုက်လေသည် : “ချစ်လှစွာသော သူဌေးရေ ခင်ဗျား သူ့ကို ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် ပြန်အနိုင်ကျင့်ခဲ့လား။”
ရှယွီအား အရှုံးကို လက်ခံနိုင်အောင် အတင်းအကြပ်လုပ်နိုင်သော အင်အားရှိသည့် တစ်ဦးတည်းသောသူမှာ ဒီဗီလိန်ကြီးသာ ဖြစ်လေသည်။
ရှရှင်းချီ၏ စိတ်ကောင်းဝင်နေမှုမှာ သူ့fanများကြောင့်သာ မဟုတ်၊ သူခန့်မှန်းထားခဲ့သည့်အတိုင်း လီချန်ယွမ် ဇာတ်တိုက်ခဲ့တာ ဖြစ်နိုင်သောကြောင့်လည်း ပါသည် – ဤသည်မှာ “ငါ့မှာလည်း ငါ့မိဘတွေရဲ့ အားပေးမှု ရှိတာပဲ” ဟု တွေးရင်းမှ ရလာသော ပျော်ရွှင်မှုကြောင့် ဖြစ်လိမ့်မည် ထင်ပါ၏။
သူက အမြဲ ရှေ့ကိုင်းကာ သူ့နားထဲသို့ တိုးတိုးလေးပြောရတာကို ကြိုက်ခဲ့သည်။ အရက်နံ့ဖျော့ဖျော့လေးနှင့် သူ့ဝင်သက်ထွက်သက်၏ ချိုမြမှုမှာ လီချန်ယွမ် နားပေါ် ဖြတ်သွားခဲ့လေသည်။
သူ နည်းနည်း မူးနေသောကြောင့် ဖြစ်ကောင်းဖြစ်မည်၊ သူ အလွန်တရာ စိတ်လှုပ်ရှားကာ အနားပိုကပ်လာခဲ့၏။
လီချန်ယွမ် မျက်ခုံးတို့မှာ အနည်းငယ် တုန်ရီသွားသည်။ သူ ရေးတေးတေး စိတ်ပူမိသည်မှာ သူ နည်းနည်းထပ်လှုပ်လိုက်လျှင် သူ့နားရွက်တို့က ဒီ နူးညံ့ ပူနွေး စိုစွတ်သော နှုတ်ခမ်းတို့အား ထိသွားမည်ကိုပင်။
အဲ့အတွေးတစ်ခုနဲ့တင် သူ့နားအဖျားတို့က ပူကာ နီလာပြန်၏။
“ပိုပြီး ဝေးဝေးနေ။” သူက အနည်းငယ် ရှိုးတို့ရှန့်တန့်ဖြစ်နေကာ တစ်ခဏလောက်ကြာပြီးနောက် ဗလာသက်သက်နှင့် စိတ်မဝင်စားဟန် ငြင်းလိုက်လေသည် : “အဲ့ဒါ တစ်နည်းနည်းနဲ့ ကိုယ်နဲ့ ဆိုင်တယ်ထင်လို့လား”
လီချန်ယွမ်က ဒီလူလိမ်လေးအပေါ် သူ ပို၍ ပို၍ စိတ်ပျော့ပျောင်းလာသည်အား မဝန်ခံချင်ပါ။ သိသိသာသာပင် သူဟာ မကျေမချမ်းမှုတို့ဖြင့် ပြည့်နေကာ လက်စားချေမှုအား နှစ်အတော်ကြာ စီစဉ်ခဲ့တာဖြစ်၏။ ဒါပေမယ့်လည်း အချိန်တိုင်း သူ၏ကာကွယ်ပေးသူအဖြစ် မလုပ်ပေးဘဲ မနေနိုင်ပေ။
သို့သော်ငြား ရှရှင်းချီက နီးကပ်လွန်းနေသောကြောင့် သူ့မှာ စိတ်မပါသော “အဲ့ဒါ ငါနဲ့ ဘာမှ မဆိုင်ဘူး” ဆိုတဲ့မျက်နှာထားကိုတောင် မထိန်းထားနိုင်ချေ။
ရှရှင်းချီ၏ ရှုထောင့်မှကြည့်သော် သူက အေးစက်ကာ မာနကြီးသော ကြောင်ကြီးနှင့် တူ၏။
အရက်သောက်ခြင်းဟာ ကြောက်တတ်သောသူတို့အား ရဲဆေးတင်ပေးတယ်ဆိုတာ ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် Spriteနှင့်ရောထားသည့် ဝီစကီခွက်တစ်ဝက် သောက်လိုက်ခြင်းက ရှရှင်းချီ၏ ခေါင်းလေးအား အန္တရာယ်ကို ခံစားနိုင်ခြင်းအား ပျောက်ဆုံးစေရန် လုံလောက်ပေသည် –
သူ့ခေါင်းလေးအား စောင်းလိုက်ကာ လီချန်ယွမ်ကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက် လက်အား မြှောက်ကာ လီချန်ယွမ် ဆံပင်အား သပ်လိုက်လေ၏!
သူတို့၏ နီးကပ်ရင်းနှီးမှုအား မနှောင့်ယှက်ရဲသော ထိုစားပွဲရှိလူတို့မှာ ထိတ်လန့်သွားကာ လီချန်ယွမ်၏ ရှုပ်ပွနေသော ဆံပင်ကို ကြောင်အစွာ ကြည့်နေမိသည်။ မစ္စတာလီအား သူတို့ ဤသို့ မမြင်ဖူးကြသည်မှာ သိသာ၏။
လီချန်ယွမ် : “……”
နောင်အခါ ဒီကောင်စုတ်လေး၏ ရဲတင်းပုံကြောင့် သူ စိတ်တိုလို့ စောစော သေရလိမ့်မယ်!
ရှရှင်းချီက သူ့ခုံနောက်တွင် ရပ်နေတုန်းဖြစ်ကာ သူ့ပုခုံးအား ပုတ်နေလျက် ထိန်းမနိုင် သိမ်းမရ ရယ်နေလေသည်။
လီချန်ယွမ်က သူ့လက်ကောက်ဝတ်အား ကိုင်ရန် မကြည့်ဘဲ လှမ်းလိုက်၏။ ဒီအချိန်တွင် အပြုံးဖြင့် ညင်သာသော အသံလေးမှာ အနောက်မှ ပေါ်လာသည် :
“ရှောင်ယွမ်? Hahaha မင်းရဲ့ ဆံပင်စတိုင်လ်က တကယ် ပြိုင်ဘက်ကင်းပဲ – ဒါဆို ဒီလူက ရှင်းချီ ဖြစ်ရမည်။ ငါနောက်ဆုံးတော့ ဒီကလေးကို ငါ့မျက်စိနဲ့ မြင်နိုင်ပြီလေ။”
တစ်ယောက်ယောက် ချဉ်းကပ်လာသည်အား မြင်ရသော် ရှရှင်းရှင်းချီထင်လိုက်သည်မှာ အဲ့ဒါ သက်ကြီးပိုင်းတစ်ယောက်ဖြစ်ရမည်ဟုပင်။ ထို့ကြောင့် သူ စိတ်ရူးပေါက်စွာ ရယ်နေသာအား မြန်မြန်ရပ်လိုက်ပြီး ဂုဏ်သရေရှိအသွင်သို့ ပြောင်းသွားသည်။
သူလှည့်ကြည့်လိုက်သော် ရည်မွန်သောအပြုံးနှင့် ချဉ်းကပ်လွယ်သည့်ပုံပန်းသဏ္ဍာန်ရှိသော အလွန် လှပကျော့ရှင်းတဲ့အမျိုးသမီးအား တွေ့လိုက်ရလေ၏။
လီချန်ယွမ် မတ်တပ်ထရပ်လိုက်ပြီး ရှားရှားပါးပါး ညင်သာသည့် အသံအနေအထားဖြင့် ပြောလိုက်သည် : “အဒေါ် ဘာလို့ ဒီရောက်နေတာလဲ။”
“ငါ အဲ့ကျောက်ကောင်စုတ်လေးကို ဖမ်းဖို့လာတာ။ ပြီးတော့ သား ဒီရောက်နေတယ် ကြားလို့ လိုက်လာခဲ့လိုက်တာ။” လျိုရှန့်က အပြုံးဖြင့် ပြောလိုက်သည်။ “အန်တီ သားကို တွေ့ဖို့လာတာမဟုတ်ဘူး၊ ရှင်းချီကိုတွေ့ဖို့။”
ရှရှင်းချီ ခေါင်းအား စောင်းလိုက်ကာ ဘာလို့ လီချန်ယွမ်၌ ရုတ်တရက်ကြီး အဒေါ်တစ်ယောက်ရှိလာလဲဆိုတာ တွေးရင်း အံ့ဩနေ၏။
သို့ပေမယ့် သူသိသည်မှာ ဒီဗီလိန်ကြီးက သူ့ဆွေမျိုးများအား ဘယ်တုန်းကမှ ဂရုမထားသလို သွေးသားရင်းချာများကိုလည်း အသိအမှတ် မပြုပေ။ ထို့ကြောင့် ဒီအဒေါ်က သူ့အား တစ်နည်းနည်းဖြင့် ကြင်နာပေးနေတာ ဖြစ်ရမည်။
အဲ့ဒါကြောင့် ရှရှင်းချီက သူ့စေ့စပ်ထားသူအား နာခံ၍ လိုက်ခေါ်လိုက်သည် : “မင်္ဂလာပါ ဒေါ်ဒေါ်။”
သူပြောပြီးသည်နှင့် လီချန်ယွမ်၏ ရှုပ်ပွနေသည့်ဆံပင်အား သပ်ရပ်အောင် လုပ်ပေးလိုက်သည်။
လျိုရှန့်က ခေါင်းညိတ်ကာ အပြုံးဖြင့် ပြောလိုက်၏ : “လူအစစ်က gifsတွေထက် ပိုကြည့်ကောင်းတယ်! ရှင်းချီက တစ်ချက်တည်းကြည့်လိုက်တာနဲ့တင် လူကောင်းလေးပါ၊ မင်း သူများတွေဆီကနေ သင်ယူသင့်တယ်နော် – ပြောကာမှ ဒါက လူတိုင်းဆီမှာ အားနည်းချက်ကိုယ်စီရှိတယ်ဆိုတာ ပြနေတာပဲ အာ။”
တကယ်ကြီး လီချန်ယွမ်၏ မာနကြီးကာ ဂရုမစိုက်တတ်သော အကျင့်အား ချိုးနှိမ်နိုင်သူ ရှိနေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က ကျောက်ယင်းဟယ်က ဒီအကြောင်းကို သူမအား အိမ်၌ စိတ်လှုပ်ရှားစွာ ပြောခဲ့ပြီးပါပြီ။ သို့သော် အဲ့အချ်ိန်တုန်းက သူမ မယုံခဲ့ပေ။
နောက်ဆုံးမှာတော့ ကောင်စုတ်လေးက သူ ပန်းများများခူးသင့်ပြီး ခူးပြီးတဲ့အခါ အချစ်စစ်နဲ့ တွေ့နိုင်မည်ဟု ကောက်ချက်ချခဲ့သည်။ ထိုအရာမှာ ရယ်ဖွယ်သာဖြစ်၏။
အဓိကအကြောင်းအား ပြန်ဆက်ရသော် လီချန်ယွမ် ရုတ်တရက်ကြီး ဘာလို့ ဆွဲဆောင်ခံလိုက်ရမှန်း သူမ အဖြေရှာမတွေ့နိုင်ခဲ့သော်လည်း…… ဒါ ကြားဖူးနေကျရှိတဲ့ မြင်မြင်ချင်း အချစ်များလား?
သူမ ဒါကို တွေးနေတုန်းပဲ ကျောက်ယင်းဟယ်က သူတို့ဆီ အမြန်ပြေးလာလျက် အော်ပြောနေသည် : “အမေ အမေ အမေ! အမေ ကယ်ပါဦး! ကျွန်တော့်ကို အမြန်ကယ်ပါဦး ah!”
သူ့သားနောက်အား အားမာန်အပြည့်ဖြင့်လိုက်နေသည့် လိုက်နေသည့်လူမှာ မရိုးဖြောင့်သော လူအိုကြီး တစ်ယောက်နှင့် တူကာ ထိုလူမှာ ကျယ်လောင်စွာ အော်ဟစ်နေလေသည် : “မိမစစ်ဖမစစ်ကောင်လေး! လောင်ဇီဖို့ မရပ်ပေးသေးဘူးလား! ဒီနေ့ လောင်ဇီ မင်းရဲ့ ခွေးခြေထောက်တွေကို ရိုက်ချိုးပစ်မှာ!”
ဒါကို မြင်လိုက်ရသော် လျိုရှန့်မှာ ကြိတ်မှိတ်လက်ခံထားလိုက်ကာ ပတ်ပတ်လည်တွင် လူဘယ်နှစ်ယောက်ရှိလဲတောင် မကြည့်ခဲ့ချေ။ ဒါဟာ တကယ့်ကို ရှက်စရာကောင်းကာ အဖေနဲ့သားက ညီတူညီမျှ အရိုက်ခံဖို့ လမ်းတောင်းနေ၏။
Chapter 41 ended
Chapter 42
ကံကောင်းစွာဖြင့် လူအများစုမှာ ဒီမြင်ကွင်းနှင့် ရင်းနှီးနေပြီး ကျောက်ထင်က စီးပွါးရေးနယ်ပယ်မှာတောင် စိတ်ကြီးသူဖြစ်မှန်း သိကြ၏။ ထို့ကြောင့် သူ့သားအား လူရှေ့သူရှေ့ ရိုက်မည်ကို သေချာပေါက် မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။
ကျောက်ယင်းဟယ်က လျိုရှန့် အနောက်တွင် အမြန် ကျုံ့လိုက်ပြီး တိုးတိုးလေးပြောခဲ့၏ : “အမေ ကျွန်တော့်ကို လူအိုကြီးကျောက်က ထောင်ချောက်ဆင်ဖမ်းခဲ့တာ။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး သူ့ကို လုပ်ပေး!”
မသိစိတ်စေ့ဆော်မှုအရ လီချန်ယွမ်၏ ဆံပင်နှင့် ကစားနေမိချိန် ရှရှင်းချီ ရုတ်တရက် သိသွားသည်မှာ ဒါက ဒေါက်တာကျောက်ရဲ့အမေ ဖြစ်၏။
သူတို့ မိသားစုနှစ်စုက ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ကြောင်း ပြောကြကာ သူတို့က လီချန်ယွမ်၏ ဒုက္ခများသော ငယ်ဘဝ၌ ကောင်းကောင်း စောင့်ရှောက်ပေးခဲ့ကြသောကြောင့် ဒီအကြင်အနာကင်းသော ဗီလိန်မှာ ဒီလို ရှားရှားပါးပါး သဘောထားအား သက်ကြီးသူတို့အပေါ် ပြနိုင်ခဲ့သည်။
ဒီတစ်လမ်းလုံး သူ့သားအား လိုက်ခဲ့သော ကျောက်ထင်မှာ ဆဲရင်းဖြင့် ခြေလှမ်းကြဲကြီးများနှင့် လျှောက်လာ၏။ လီချန်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည် : “ဦးလေးကျောက်။”
“ရှောင်ယွမ်က ဒီရောက်နေတာလား။ မင်းကိုငါ မတွေ့ရတာ အချိန်အတော်ကြာပြီနော်…အာ!”
ကျောက်ထင် စကားပြောလိုက်သည်နှင့် သူ့သားအား ရိုက်မည့်ကိစ္စအား ခဏလက်လျှော့လိုက်ကာ သူ့ဘေးရှိ ရှရှင်းချီ ဘက် လှည့်၍ ပြောင်ပြောင်တင်းတင်း မေးလိုက်လေသည် : “ဒါ ရှ အိမ်က သားလား။ ဘယ်လောက်ကောင်းလိုက်သလဲအာ ဟိုငါး (*ရှယွီမှ ယွီကို ငါးဟု ပြောလိုက်ခြင်း*) ထက် အများကြီး ပိုကောင်းတယ်။ သူ့မျက်လုံးတွေကို ကြည့်ရုံနဲ့တင် ဒီကောင်လေးက လူကောင်းလေးပဲလို့ ပြောနိုင်တယ်!”
ကျောက်ယင်းဟယ် တိုးတိုး ပြောခဲ့၏ : “အဲ့တစ်ယောက်က ရှယွီလို့ ခေါ်တာလေ။ ဒီနေ့ရဲ့ hot searchတွေကို မတွေ့လိုက်ဘူးလား။ လူအိုကြီး ခင်ဗျား နောက်ကျကျန်နေပြီနော်!”
“ပါးစပ်ပိတ်ထားစမ်း မိမစစ်ဖမစစ်လေး!”
ကျောက်ထင် ထပ်မံ အော်ပြောလိုက်၏။
အဖေနှင့် သားမှာ ဟာသ သရုပ်ဆောင်နေသည်နှင့် တူကာ ရှရှင်းချီ အသံထွက်မရယ်မိဘဲ မနေနိုင်။
ဒေါက်တာကျောက်က ဆိုးရွားစွာ အရိုက်ခံထားရပြီး သူရယ်သည်က အကြင်နာတရား ကင်းမဲ့ရာကျမှန်း ခံစားမိပါ၏။ ထို့ကြောင့် သူ လီချန်ယွမ်ပေါ်တွင်သာ အလွယ်တကူ မှီကာ သူ့ခေါင်းအား သူ့နောက်ကျောတွင် မြှုပ်ကာ တစ်ခဏလောက် တုန်ရီနေသည်။
လီချန်ယွမ်က သူ့ဘယ်ဘက်ပုခုံးပေါ်ရှိ ထိုဖြူကောင်လေး လက်အား ညာလက်ဖြင့် ဖိကာ ယဲ့ယဲ့ပြုံးမိ၏။
လျိုရှန့် က စိတ်ဆိုးချင်ယောင် ဆောင်လိုက်ပြီး သူ့ယောင်္ကျားအား ကြပ်တည်းစွာ ဆုံးမလေသည် : “ရှင်လည်း ပါးစပ်ပိတ်ထား! ရှင့်အသံက သူများတွေထက် ကျယ်တာ အော်လန် ဝင်စားသလား အောက်မေ့ရတယ်။”
ကျောက်ထင်က အဆူခံပြီးမှ သူ့အသံပြဿနာအား နောက်ဆုံးတော့ မှတ်မိသွားကာ ခေါင်းအားကုတ်ရင်း ရှက်ရှက်နှင့် ပြောလိုက်သည် : “ဘယ်လိုဖြစ်ဖြစ် ရှောင်ယွမ်က လူတွေ အရူးလိုလုပ်နေကြတာကို ဒါ ပထမဆုံး မြင်တာမှ မဟုတ်တာ……”
ပြီးတဲ့နောက် သူ စကားလမ်းကြောင်း ထပ်လွှဲလိုက်၏ : “နေပါစေ၊ ငါတို့ မတွေ့တာ ကြာနေပြီ။ ရှင်းချီနဲ့က ဒါ တစ်ယောက်နဲ့တစ်ယောက် ပထမဆုံး တွေ့ကြတာပဲ။ ငါတို့ သုံးယောက်လုံး အရင်ဆုံး သောက်သင့်တယ်!”
ဒါကို ပြောပြီးသည်နှင့် ဖြတ်သွားသော ဝိတ်တာ၏ လင်ဗန်းမှ ဝိုင်ခွက်တို့အား သူ မြန်မြန် ယူလိုက်ပြီး လီချန်ယွမ် နဲ့ ရှရှင်းရှီ ကို ပေးလိုက်၏။
ကျောက်ထင်က သူ့သားကိုသာ ရှာပြီး သူ အရက်မသောက်ပါဟု သူ့မိန်းမအား စိတ်ရောကိုယ်ပါ ကတိပေးထားခဲ့၏။ သူက အရက်ကို မထိန်းနိုင်ကာ သောက်ပြီးသည်နှင့် ကျွမ်းဘားပြစားသူကဲ့သို့ အထက်အောက် ခုန်နေလိမ့်မည်။ သူ့၏ ရိုင်းပျသော ပုံပန်းကြောင့် လျိုရှန့်က သူ့အားရိုက်ချင်ခဲ့လေသည်။
အခု သူ အရက်လောဘတွင် မွေ့လျော်ရန် ဆင်ခြေကောင်းတစ်ခု နောက်ဆုံးတော့ ရလိုက်ရာ သဘာဝကျစွာပင် ဒီအခွင့်အရေးအား လက်မလွှတ်ပေးနိုင်။
ဒါက ရှင်းလင်းစွာပင် ဆိုးသည့် အကြံ ဖြစ်ပါ၏။ လျိုရှန့်က ဆက်သည်းမခံနိုင်တော့ဘဲ သူ့နားရွက်အား ဆွဲလိုက်သည် : “ရှောင်ယွမ်ကို အရက်လျှောက်မတိုက်နဲ့! သူက အစာအိမ်မကောင်းဘူး ပြီးတော့ အရက်မသောက်နိုင်ဘူး။ ရှင် အခန်းပြင်ထွက်ပြီး တစ်ယောက်တည်း ပြန်အိပ်ချင်နေပြန်ပြီလား။”
ကျောက်ယင်းဟယ်က ဘေး၌ နှစ်ထောင်းအားရဖြစ်ကာ ရယ်နေ၏။ ကမ္ဘာကြီးက လုံလုံလောက်လောက် ပရမ်းပတာမဖြစ်သေးမှာကို စိုး၍ သူ ရှရှင်းချီအား တိုက်တွန်းခဲ့သေးသည် : “ရှောင်ရှရှ ဘာလို့ လီချန်ယွမ် အတွက် မသောက်တာလဲ။”
ရှရှင်းချီက ဒါဟာ အကျိုးအကြောင်းသင့်သည်ဟု ထင်၏။ သူဌေးအတွက် အရက်ကို ပိတ်တားပေးသည်မှာ အခြေခံ လုပ်ငန်းဆောင်တာများထဲမှ တစ်ခုပင်။
ထို့ကြောင့် သူ့ အလုပ်သမားအန်တင်နာမှာ ထောင်တက်လာကာ သူ အဆင်သင့် စေတနာ့ဝန်ထမ်း လုပ်လိုက်သည် : “ဦးလေး တစ်ခွက်သောက်ရအောင် ကျွန်တော် သူ့အတွက် သောက်ပေးမယ်!”
ကျောက်ထင်က ဒါကို ကြားသော် ရှေ့သွားများပေါ်ကာ ပါးပေါ် နားရွက်တက်ချိတ်သည့် အပြုံးအား သူ့ မိန်းမကို ပေးလိုက်ပြီး အံ့ဩကာ လက်မထောင်ပေးလိုက်သည် : “ကောင်းလိုက်တဲ့ ကောင်လေး! ဦးလေး မင်းကို ကောင်းကောင်း စောင့်ရှောက်ပေးမယ်!”
ရှရှင်းချီ၌ လူငယ်တစ်ယောက်၏ နုပျိုကာ အန္တရာယ်ကင်းသော ပုံပန်း ရှိ၍ တစ်ချက်ကြည့်လိုက်သည်နှင့် အနည်းငယ် နူးညံ့ကာ ချစ်ဖို့ ကောင်းသည်။ သို့သော် သူ့ပါးစပ်အား ဖွင့်လိုက်တာနှင့် သူဟာ ဆန္ဒပြင်းပြပြီး စိတ်မြန်သော ဆူးများပွထနေသည့် ခေါင်းလေး ဖြစ်ကာ မပြတ်သားသော ပန်းထိုးခေါင်းအုံးလေး မဟုတ်ကြောင်း တွေ့ရပေမည်။
ရှရှင်းချီက ဝိုင်ခွက်အား ကောက်ကိုင်လိုက်ကာ တစ်ကျိုက်တည်း သောက်ချလိုက်၏။ Whiskey နှင့် Sprite ရောထားသည့် ဖန်ခွက်တစ်ဝက်အား သူသောက်ပြီးသော် ဝိုင်နီအား သောက်ရန် ပျော်ရွှင်စွာ သွားလေသည်။
ဟန်မဆောင်တတ်ကာ ချဉ်းကပ်ရလွယ်သော သက်ကြီးပိုင်းလူမှာ သူ့အား ကောင်းမွန်သော ခံစားချက် ပေးခဲ့ကာ တစ်ညတည်း၌ ကိစ္စများစွာ ဖြစ်ခဲ့သောကြောင့် သူ မလွဲဧကန် ထပ်သောက်ချင်မိသည်။
ကျောက်ထင်ကလည်း သိသာစွာပင် ရှရှင်းချီက တွဲဖက်ကောင်းတစ်ယောက်ဖြစ်ကြောင်း ခံစားမိကာ သူ့ဂျူနီယာလေးပေါ်ရှိ ချစ်ခင်ကြင်နာမှုကို ခွက်ပြိုင်တူမြောက်ကာ ဝိုင်အား ရှရှင်းချီလက်ထဲသို့ ဆက်တိုက်ထည့်ပေးခြင်းဖြင့် ပြောင်ပြောင်တင်းတင်း ဖော်ပြခဲ့၏။
ရှရှင်းချီ မျက်နှာ အနီရောင် ပြောင်းသွားကြောင်း မြင်လိုက်ရသော် လီချန်ယွမ်က ချက်ချင်း မျက်မှောင်ကြုတ်ကာ သူ့အား တားလိုက်သည် : “တော်လောက်ပြီ။ ဦးလေးကျောက် သူ့ကို ထပ်မသောက်ခိုင်းနဲ့တော့။”
ဤအချင်းအရာအား ကြားလိုက်ရချိန် ရှရှင်းချီက ခေါင်းလေးကို စောင်းကာ ပြုံးလိုက်ပြီး ဖြေးဖြေးလေး ပြောခဲ့သည် : “ရပါတယ် ရပါတယ် ငါ နှစ်ခွက်လောက်ပဲ သောက်ရသေးတာ။ ဒီဝိုင်က အရမ်းစျေးကြီးမှာပဲ၊ တကယ် အရသာရှိတယ်။”
သူ bartender အဖြစ် အရင်က အလုပ်လုပ်ခဲ့သောကြောင့် ဝိုင်းကောင်းအား အရသာခံမိလျှင် သိပါ၏။
ဒါကို ကြားလိုက်ရသော် ကျောက်ထင်က သူ့ပုခုံးအား ပုတ်လိုက်ပြီး : “နှစ်ရက်လောက်အတွင်း ငါတို့အိမ်ကို သောက်ဖို့ လာခဲ့ချည်၊ ငါ့မှာ ပိုကောင်းတဲ့ ဝိုင်တွေ ရှိတယ်! ရှောင်ယွမ်လည်း လာသင့်တယ်၊ ငါ မင်းတို့နှစ်ယောက်လုံးကို စာအိတ်နီအကြီးကြီးတွေ ပေးချင်တယ်! မြန်မြန် လက်ထပ်ပြီး ကလေးမွေးဖို့ ပြင်ကြစမ်းပါကွာ!”
“အဲ့ဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူး! ကျွန်တော့်မှာ အဲ့လို မရှိဘူးလေ။” ရှရှင်းချီ ၏ ခေါင်းက ခလောက်မြွေအမြီးနှင့် တူနေ၏ : “လီချန်ယွမ် ခင်ဗျား ကလေးလိုချင်ရင် ကျွန်တော့်လစာကို နှစ်ဆတိုးပေးမယ်ဆိုရင်တောင် အဲ့ဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အာ…… ဒါမှမဟုတ် ခင်ဗျားပဲ မွေးမယ်ဆိုရင်တော့ ရပါတယ်။”
သူ့ကြည့်ရတာ သိပ်မမူးပုံပေါက်ကာ စကားကိုလည်း ရှင်းလင်းစွာ ပြောဆိုနိုင်သေးသည်။ သို့သော် သိသာစွာပင် သူက နည်းနည်းမူးနေကာ သူ့ပါးစပ်အားဖွင့်လိုက်ချိန် မပြောသင့်သော အရာထွက်ကျလာ၏။
ဘေးမှ လျိုရှန့်က လှည့်ကြည့်ပြီး မေးလိုက်သည် : “ဘာ လစာလဲ?”
“သူပြောခဲ့တာ ကျွန်တော့်ကို ဟန်ဆောင်ဖို့ – ဝူး!” ရှရှင်းချီ စကားပြောလို့ မဆုံးသေးခင် သူ့ပါးစပ်အား လီချန်ယွမ်က လက်အေးအေးဖြင့် ကာလိုက်ကာ တစ်ချိန်တည်းမှာပဲ ဝိုင်ခွက်ကို သူ့လက်ထဲမှ ဖယ်ပေးလိုက်သည်။
ဒီအားနည်းတဲ့ အရက်ခံနိုင်ရည်က ဘာကြီးလဲ။ တစ်ခဏလောက် ဒီကောင်လေး သူ့ရဲ့နောက်ခံအကြောင်းကို သူ့ဘာသာဖော်တော့မှာကို ကြောက်မိပါ၏။
အမူးသမားလေးက ဖန်ခွက်ကို ကိုင်ဖို့ ရုန်းကန်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ လီချန်ယွမ်က သူ့လက်မောင်းကြားထဲ သူ့ကို ကိုင်ထားကာ လက်တစ်ဖက်ဖြင့် သူ့ပါးစပ်အား ကာထား၍ အခြားတစ်ဖက်ဖြင့် ဖန်ခွက်ကို ကိုင်ထားကာ မြင့်မြင့်မြှောက်ထားရုံကလွဲ ရွေးချယ်စရာ မရှိပေ။
အရပ်ကွာခြားချက်ကြောင့် ရှရှင်းချီက လှမ်းမမှီနိုင်ချေ။ မတိုးသာ မဆုတ်သာ အခြေအနေတွင် ရှိပြီး စက္ကန့်အနည်းငယ် အကြာတွင် သူ အလွယ်တကူ အရှုံးပေးလိုက်ကာ လီချန်ယွမ်၏ လက်ချောင်းများအား မလွှတ်တမ်း ခွေးကလေးလို ကိုက်နေခဲ့၏။
သူ့စိတ်က ရှုပ်ထွေးနေလျှင်တောင် သူ ကြောင်ကြီး၏ လက်ဖဝါးတို့အား နာကျင်စေ၍ မရကြောင်း သိသောကြောင့် ဖွဖွလေးသာ ကိုက်ထားပြီး သူ့လျှာဖျားဖြင့် မရိုးဖြောင့်စွာ လျက်နေသည်။
ပူနွေးကာ စိုစွတ်သော အထိအတွေ့က ဖြတ်သန်းသွားသော် ၎င်းက နူးညံ့ပြီး အနည်းငယ် ယားယံစေ၏။
လီချန်ယွမ်က တစ်ခဏလောက် ကြက်သေသေနေပြီး လက်ချောင်းများမှ သူခံစားနေရသော အထိအတွေ့တို့မှာ သူ့ရင်ဘတ်နှင့် ချိတ်ဆက်နေသကဲ့သို့ပင်ဖြစ်ကြောင်း သိသွားခဲ့သည်။ သူ့ခြေလက်များမှ တစ်ဆင့်ဖြတ်သန်းကာ နောက်ဆုံးတော့ သူ့နှလုံးသားဆီသို့။
ရင်းနှီး ကျွမ်းဝင်သော ပူပြီး ရင်တလှပ်လှပ် ဖြစ်စေသော အတွေ့အထိ ရှိခဲ့ကာ သူ့လက်အား မြန်မြန် ပြန်ရုတ်လိုက်သည်။
ကျောက်ယင်းဟယ်က ဤတိတ်ဆိတ်မှုထဲ၌ သိမ်မွေ့နက်နဲခြင်းကို သတိမထားမိခဲ့။ ထို့ကြောင့် သူ ပြုံးကာ ပြောလိုက်သည် : “ရှောင်ရှရှ က မူးနေတာလား။ မင်းက အရူးပဲ အာ၊ ဘာလို့ သူ့ကို အရက်ပေးသောက်ရတာလဲ။ မူးနေတဲ့အခါ ပြောပြလို့မရတဲ့ အရာတွေ ဖြစ်နိုင်……”
“ကောင်စုတ်လေး၊ မင်း အရိုက်ခံချင်နေပြန်ပြီမလား?” ကျောက်ယင်းဟယ် နှိုးဆော်လိုက်၏။
ဒီကလေး၏ ထိန်းကျောင်းရခက်သော စရိုက်က သူ့အား လက်သီးများနှင့် ဆင့်ကာ ဆင့်ကာ အထိုးခံရစေခြင်း ဖြစ်လေသည်။ ဒီလို နုရွတဲ့အရာကို ဘယ်လိုတောင် ပြောရဲရတာလဲ။ “မင်းက အောက်ပိုင်းနဲ့ပဲ စဉ်းစားနေတာလား!”
ဝိုင်တွေ အများကြီးသောက်ပြီး ကျောက်ထင် အသံက ပိုကျယ်လာတော့မည်ကို တွေ့ရပြီး အဲ့ဒါမှာ ရှက်စရာကောင်းသည့် အကြောင်းဖြစ်နေသောကြောင့် လျိုရှန့် မျက်နှာအမူအရာက ထိတ်လန့်သွား၏ : “တော်ပြီ နှစ်ယောက်လုံး! မြန်မြန် အိမ်ပြန်တော့!”
ဂျူနီယာလေးနှင့် သက်ကြီးပိုင်းအား ကားထဲသို့ အရင် လိုက်ပို့ပြီးနောက် လျိုရှန့်က ရပ်လိုက်ကာ လီချန်ယွမ်ဘက်သို့ လှည့်လိုက်ပြန်၏။
အဲ့အချိန် သူမ၏ မျက်နှာအမူအရာက တဖြေးဖြေး တည်လာကာ သူ့ အသံအနေအထားမှာလည်း အနည်းငယ် တွန့်ဆုတ်နေခဲ့သည် : “ရှောင်ယွမ်၊ မကြာခင် ဆယ့်ရှစ်နှစ်မြှောက် ရောက်လာတော့မယ်……”
လီချန်ယွမ်က ဒါကိုမြင်လိုက်ရသော် နည်းနည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ ဘာပြောမလဲ သူသိ၏။
သူမ ဆက်ပြောလိုက်သည် : “နှစ်တွေ အများကြီး ကြာနေပြီ အဲ့အကြောင်း အနာဂါတ်မှာ ထပ်မတွေးနဲ့တော့။ အဲ့ဒါ နင့်အမှားမဟုတ်ပါဘူး ပြီးသွားပါပြီ။”
တစ်ယောက်ယောက်ကို သူ့အမေ အုတ်ဂူဆီ မသွားဖို့ တိုက်တွန်းသည်ဆိုသည်မှာ ဧကန် မကြားဖူးပေ။
သို့သော် မရဏကမ္ဘာမှ သူမ၏ အကောင်းဆုံး ညီအစ်မက ဒါကို မြင်ခဲ့လျှင် သူမ့ကလေးအား တစ်သက်လုံး စိတ်ဆင်းရဲစေချင်မည်မဟုတ်ဟု လျိုရှန့် ယုံကြည်ပါသည်။
လီချန်ယွမ်က အချိန်အတော်ကြာ စကားမပြောဘဲ နေခဲ့၏။ အဆုံးသတ်၌ သူက မယုတ်မလွန်ရှိကာ ဗလာမျက်နှာထားဖြင့် တည်ငြိမ်စွာ ပြောလိုက်သည် : “ရှောင်ချီက မူးနေပြီ။ ကျွန်တော် သူ့ကို အရင်ခေါ်သွားတော့မယ်။”
– – –
ရှရှင်းချီက သူ့လက်မောင်းကြားတွင် လှဲရန် ကိုယ်နေဟန်ထားအား ပြောင်းလိုက်ပေမယ့် သူ၏လေးလွန်းသော ခန္ဓာကိုယ်က သူ့အား မလှုပ်နိုင်ဖြစ်စေ၏။
လီချန်ယွမ်က မျက်လွှာချလိုက်သည် : “သွားရအောင်၊ လမ်း ကိုယ့်ဘာသာ သေချာလျှောက်”
“ဘာလို့လဲ?” ရှရှင်းချီက အသံတည်တည်ဖြင့် သေချာ စိစစ်လိုက်သည်၊ “ဘာလို့ ကျွန်တော်ကို လမ်းလျှောက်တဲ့အကြောင်း ပြောနေတာလဲ။ ခင်ဗျား ကျွန်တော့်ကို သယ်ရတာ မကြိုက်ဘူးလား။”
သူ့ပြောပုံနှင့်အသံအနေအထားအား ကြည့်ရုံနှင့် သူမူးနေလား မပြောနိုင်၊ သို့သော် လီချန်ယွမ်က ဒီ အကြောင်းမဲ့ ဝါသနာအား ရသွားလိမ့်မယ်လို့ မသိထားခဲ့ပါ။
လက်တွေ့မှာ တော်တော်လေးကို အတည်ပေါက်လုပ်ပြရုံမကဘူး၊ ခက်ခဲတဲ့အလုပ်ကို ထမ်းဆောင်ဖို့အထိ ရက်ရောတယ်ဆိုတဲ့ အမူအရာကိုပါ ရှရှင်းချီက ပြသခဲ့၏။ ပြီးတော့ သူ့ကို ပွေ့ဖက်ခွင့်ပြုခဲ့တယ်……ရှင်းနေတာပဲ၊ သူ အရမ်းမူးနေပြီ။
“မင်း လူတွေကို ငါတို့ ဆက်ဆံရေးအကြောင်း သိစေချင်လား။” လီချန်ယွမ်က ပေါ့ပေါ့တန်တန် မေးလိုက်သည်။ “လူတွေအများကြီးရှိတယ် အဲ့မှာ။ media တွေလည်း အပြင်မှာ ရှိနေတယ်။”
ဒါကို ကြားလိုက်ရသော် ရှရှင်းချီ ပိုလို့တောင် ပဟေဠိဖြစ်သွားကာ အရူးကို မြင်နေရသည့်အတိုင်း သူ့အား ကြည့်နေ၏ : “ဒါဆို ကျွန်တော်တို့ ဘာလို့ မျက်လုံးမှိတ်မထားတာလဲ။”
[T/N: ရှင်းချီက media တွေကို မမြင်ချင်ရင် သူတို့မျက်လုံး မှိတ်ထားလို့ ရတာပဲ ဆိုပြီးပြောနေတာပါ hahaha]
သူပြောချင်နေသည့်ပုံမှာ “ဒီလောက် ရိုးရှင်းတဲ့နည်းလမ်းကို သတိမထားမိဘူးလား” ဟူ၍ပင်။
လီချန်ယွမ် မျက်မှောင် ကြုတ်လိုက်သည်။ သူ့ရဲ့ အရှက်မဲ့တဲ့ ပြုမူပုံနှင့် ပတ်သက်ပြီး သူတကယ် ဘာမှမလုပ်နိုင်ကာ သူ့ကိုလည်း မဆုံးမချင်ကာ တခြားသူများကဲ့သို့ အမိန့်လည်း မပေးချင်ပေ။ ထို့ကြောင့် အဆုံး၌ သူ့အား အလျားလိုက်သာ ကောက်သယ်လိုက်တော့သည်။
နည်းနည်းစဉ်းစားပြီးနောက်တွင် သူ့အား ကုတ်အင်္ကျီထဲ တင်းကြပ်စွာ ပတ်ထားပြီး mediaများထံမှ ဓါတ်ပုံအရိုက်မခံရစေရန် သူ့မျက်နှာအား ကာဖို့အတွက် ခေါင်းစွပ်အား အပေါ်သို့ ဆွဲလိုက်၏။
“တွေ့လား! ခင်ဗျား ကျွန်တော့်ကို သယ်ရတာ ကြိုက်နေတာကို!” ရှရှင်းချီ၏ မသဲမကွဲသော အသံများက ခေါင်းစွပ်အောက်မှ ထွက်လာသည်။ “လူကောင်းဖြစ်ဖို့အတွက် ခင်ဗျား ကို ကျွန်တော့်ကို အခမဲ့ သယ်ခွင့် ပေးလိုက်မယ်။”
လီချန်ယွမ်က အေးစက်စွာ ငြင်းဆိုလိုက်၏ : “ကိုယ်မကြိုက်ဘူး။”
“ခင်ဗျား ကြိုက်တယ်!”
ရှရှင်းချီ ဇွဲမလျှော့ကာ စက္ကန့် အနည်းငယ် လောက် တန့်နေပြီး နောက်တွင် သူတတွတ်တွတ် ထပ်ပြောခဲ့၏ : ”ကောင်းပါပြီ ကြိုက်တာက ကျွန်တော်ပါ။”
“ကျွန်တော့်ကို အရင်က ဘယ်သူမှ မသယ်ဖူးဘူး။ အဲ့ဒါက သက်တောင့်သက်သာရှိတယ်လို့ ကျွန်တော်ထင်ရုံပဲ ပြီးတော့ ခင်ဗျားရဲ့အနံ့ကိုလည်း ကျွန်တော် ကြိုက်တယ်။”
ဒီစကားတို့အား ကြားသော် လီချန်ယွမ်က သူ့နှုတ်ခမ်းအား စေ့လိုက်၏။ စကားမပြောတော့ဘဲ သူ့အား ကားထဲသယ်သွားပေးကာ သူ့မျက်နှာအား ဖုံးထားသည့် ခေါင်းစွပ်အား ဖယ်ပေးလိုက်သည်။
လက်ရှိတွင် ရှရှင်းချီက အနီးကပ်လာကာ စိတ်အားထက်သန်စွာ ပြောလိုက်၏ : “လီချန်ယွမ်၊ ခင်ဗျားက ကျွန်တော့်အပေါ် အရမ်းကြင်နာတာပဲ……ခင်ဗျားသေမှာကို ကျွန်တော် နည်းနည်း မလိုချင်ဖြစ်မိတယ်။”
ဒီစကားအားကြားသည့်အခါ လီချန်ယွမ် အနည်းငယ် စိတ်ပျက် အံ့အားသင့်သွားသည်။
သူမူးနေလျှင်တောင် မသိစိတ်က စဉ်းစားတွေးခေါ်နိုင်မှုဆိုတာ ရှိဦးမယ်လေ – ရှရှင်းချီက သူတကယ် သေတော့မယ်လို့ ထင်နေတာလား။
မူးနေသည့်သူများမှာ အလွန်အမင်း စိတ်လှုပ်ရှားထိခိုက်လွယ်ကြသည်။ သူက အခုလေးတင် သိသာစွာ တခစ်ခစ်ရယ်နေသေးသည်။ သို့သော် ဝါကျနှစ်ကြောင်းလောက် ပြောပြီးနောက် သူက အရင် နစ်နာသည်ဟု ခံစားနေ၏။
ရှရှင်းချီက မဆိုင်းမတွဖြင့် သူ့လည်ပင်းအား ဖက်ရန် လှမ်းလိုက်ကာ ရီဝေနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေလေသည်:
“မသေပါနဲ့ နော်?”
“မဟုတ်ရင် ကျွန်တော် တစ်ယောက်တည်း ပြန်ဖြစ်သွားလိမ့်မယ်၊ အဝတ်အစားလည်း ပေးမယ့်သူမရှိ ကာကွယ်ထောက်ပံ့ပေးမယ့်သူမရှိ အိပ်ဖို့စားဖို့ အဖော်ပြုပေးမယ့်သူ မရှိနဲ့။”
“ပုံမှန်ဆို ကျွန်တော့်မှာ စကားပြောရမယ့်သူတောင် မရှိဘူး၊ ပြီးတော့ ဘယ်သူမှလည်း ကျွန်တော့်ကို မကြိုက်ကြပါဘူး။”
သူအနိုင်ကျင့်ခံရသလို ငိုတော့မည်ဖြစ်ကြောင်းကို လီချန်ယွမ်တွေ့လိုက်ရ၍ သူ့ခေါင်းအားညင်သာသမျှ ညင်သာအောင်သာ ကိုင်ပေးနိုင်ခဲ့ကာ ပြန်ပြောလိုက်သည် : “ကိုယ်သေမှာ မဟုတ်ဘူး။”
“မဟုတ်ဘူး လိမ်နေတာ။ ခင်ဗျားသေမှာ သိသာနေတာကြီးကို!”
ယုံကြည်မှုရှိရှိ သေချာနေသော ပြောပုံဆိုပုံမှာ ကျိန်စာနှင့် တူလုနီးပါးပင်။
သူပြဿနာရှာနေပုံကို လီချန်ယွမ် စိတ်တိုစွာ ရယ်မိတော့မလို့ပင်။ သူ ဘာလို့ ဒီလိုထင်ရသလဲဆိုတာ သူ မသိကာ လူလိမ်လေးအနေဖြင့် ဘယ်လိုဖြစ်ပြီးတော့များ သူက တခြားသူတွေကို လိမ်လည်မှုနဲ့ စွပ်စွပ်နိုင်ရတာလဲ။
ခရီးတစ်လျှောက်လုံးတွင် တိတ်ဆိတ်နေ၏။ ရှရှင်းချီက အိပ်ချင်လာသည်နှင့် အသံတိတ်သွားခဲ့သည်။ မူးနေပြီး နောက်တွင် သူက အရမ်း လူကပ်နေ၏။ လီချန်ယွမ် ပေါင်ပေါ်တွင် အိပ်ရန် သူတောင်းဆိုခဲ့ကာ သူ့အား သေသည်မှ တားရန် သူ့လက်ကိုလည်း ကိုင်ထားခဲ့သည်။
ဒီကောင်စုတ်ကလေးအား နောက်ဆုံး အိမ်မောကျစေပြီးသောအခါ လီချန်ယွမ်က သူ့လက်ကို ဆွဲယူလိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်၏။
Weibo hot searchရှိ မုန်တိုင်းကြီးအား သူ စိတ်မပါစွာ ကြည့်လိုက်သည်။ အချိန်ခဏကြာပြီးနောက် သူယဲ့ယဲ့ပြုံးလိုက်၏။
Chapter 42 ended