⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 44

Little Creampie:
Chapter 44

ရှရှင်းချီ ရှက်ရှက်နဲ့ပဲ အမှန်အတိုင်းပြောလိုက်ရသည်။

“မနေ့က ကျွန်တော်သောက်တာများသွားလို့….အဲ့တာနဲ့ လီချန်ယွမ်က ကျွန်တော့် ဖုန်းကို အသံ ပိတ်သွားခဲ့တာ”

လီချန်ယွမ် အ‌ေကြာင်းပါပါလာတော့ လင်းမုန့် ပိုပြီးတောင် မတည်မငြိမ်ဖြစ်လာ၏။

“ရှရှင်းချီ!မျိုးမစစ်လေး!လီချန်ယွမ်က မင်းနောက်ကွယ်က အကျိုးပေးထောက်ပံ့သူဆိုတာကို လိမ်ခဲ့ရုံတင်မဟုတ်ဘူး၊ နင်တို့နှစ်ယောက်က စေ့စပ်ပြီးပြီပေါ့လေ!”

“အရေးကြီးဆုံးအရာက… နင်တို့က ငယ်ချစ်ဦးတွေတဲ့လား!”

“ဘုရားး၊ သူက နင့်ကို နှစ်တွေအများကြီး ရှာနေခဲ့တာပေါ့လေ!? ထွက်ပြေးသွားတဲ့ အချစ်လေးကိုရှာတဲ့ ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမို့လို့လဲ!?”

ပြောနေရင်းနဲ့ပဲ လင်းမုန့် တဖြည်းဖြည်းချင်း ပြန်လည် စိတ်လှုပ်ရှားလာခဲ့သည်။သူမ နားတွေစွင့်ရင်း ခေတ်ထနေတဲ့ အတွဲအကြောင်းကို ကြားချင်နေခဲ့သည်။

လီချန်ယွမ်ကို သူမ မနေ့က တွေ့‌ခဲ့ရကတည်းက သူမ အရမ်းကြောက်သွားခဲ့ပြီး ပုရိတ်သတ်လုပ်ဖို့ပါ ရပ်ခဲ့လိုက်သည်။

နတ်ဘုရားက သူမ ထင်ထားတာထက်ပိုပြီး ပြီးပြည့်စုံပေမဲ့လည်း အကွာအဝေးက အလှတရားကို ဖန်တီးခဲ့တာပဲ မဟုတ်လား။လူချင်းတွေ့ခဲ့ရပြီးနောက် ပြင်းထန်ပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါက နတ်ဘုရားဆိုတဲ့ ပုံရိပ်ကို ထိတ်လန့်စရာကောင်းလောက်အောင် ကွဲကြေသွားစေခဲ့သည်။ကျန်ရှိနေခဲ့တာကတော့ သူဌေးရဲ့ရှေ့မှာ တုန်လှုပ်နေခဲ့တာပဲ ဖြစ်သည်။

မျှော်လင့်မထားပဲ ဒီ အံ့အားသင့်စရာကောင်းတဲ့ တရား၀င်ကြေညာတာက သူမ ဖုန်းကို ပွတ်နေစဉ်အတွင်းမှာပဲ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ “လင်း-ပရော်ဖက်ရှင်နယ်ဆန်တဲ့ အတွေးအခေါ်သမား-မုန့်” ချက်ချင်းပဲ ချိုမြိန်တဲ့ ပြန်လည်တွေ့ဆုံခြင်း အချစ်ဇာတ်လမ်းလေးကို စိတ်ထဲ မြင်ယောင်ပစ်လိုက်သည်။ ထို့နောက် အတွဲတွေပေးစားနေကျ ပုရိတ်သတ်တွေရဲ့ လက်ထဲကို အောင်မြင်စွာ ကျရောက်သွားခဲ့ရသည်။

“မစ္စတာ လီ ငယ်ငယ်တုန်းက ဘယ်လိုမျိုးလဲ။ ဒီလိုပဲ ကြောက်စရာကောင်းခဲ့တာလား”

“နင်က ကိုးကွယ်ချင်စရာကောင်းတဲ့ ယောက်ျားကို ပစ်ထားခဲ့ဖို့ လိုလားနေခဲ့တာလား။ အခုကြည့် သူဘယ်လောက် အချစ်ရူးရူးနေလဲဆိုတာ”

မေးခွန်းက အဆင်ပြေပေမဲ့ ဘာမှသတိမထားမိတဲ့ လင်းမုန့် မေးလာတဲ့ အခါမှာတော့ ဖိနှိပ်ထားခဲ့ရတဲ့ ရှရှင်းချီရင်ထဲက စိတ်အချဉ်ပေါက်နေတာတွေ ပိုဆိုးသွားခဲ့ရ၏။

လုပ်အားခ ကောင်းကောင်းရနေ‌တဲ့ အလုပ်သမားတစ်ယောက် ဖြစ်နေရတာကို သူဘာလို့ ၀မ်းနည်းနေလဲ မသိပေမဲ့ အနည်းငယ်တော့ စိတ်ထိခိုက်သွားရ၏။

သူ့ကို အရမ်းကောင်းကောင်း ဆက်ဆံတဲ့ လင်းမုန့်နဲ့ ရင်ဆိုင်လာရတော့ သူမကို လိမ်မယ့် အစား အမှန်အတိုင်းပြောချင်တဲ့ စိတ်ကို ထိန်းချုပ်မရတော့ချေ။

“အစ်မ မုန့်မုန့် ၊ တကယ်က ကျွန်တော် သူ့ကို အရင်ကမသိခဲ့ဘူး။သူပြောခဲ့တဲ့ လူက ကျွန်တော်မဟုတ်ဘူး။ဒါပေမဲ့ ကျွန်တော်က သူနဲ့တူနေတာများလား”

“လီချန်ယွမ်က ကျွန်တော့်ကို ထောက်ပံ့‌ပေးတဲ့သူပါ။သူ့ကို လက်ထပ်ဖို့ ကျွန်တော့်ကို အလုပ်ခန့်ခဲ့တာ။ကျွန်တော်တို့က ချစ်သူတွေ မဟုတ်ဘူး”

ထိုစကားတွေကို ကြားပြီးနောက် အတွဲတွေကို ပေးစားချင်တဲ့ လင်းမုန့်ရဲ့စိတ်ကလေး တံခါးခေါက်ပြီးသားဖြစ်သွားခဲ့၏။သူမ တောင့်တောင့်ကြီးရပ်နေခဲ့ပြီး …..

“နင် အခုဘာပြောလိုက်တယ်?!”

များပြားတဲ့ သတင်းအချက်အလက်တွေ အစာမကြေခင် သူမ ခဏလောက်နှေးကွေးသွား၏။ထို့နောက် ဒေါသတကြီး သူမပြောချလိုက်သည်။

” ဒါဆို သူက နင့်ကို အစားထိုးခံလူ အဖြစ် သုံးနေတာပေါ့လေ။ ဒါကတော့ အရမ်းလွန်တယ်!”

ကောင်းခြင်း၊ဆိုးခြင်းတွေနဲ့အတူ အရာအားလုံးက အခုတော့ ရှင်းလင်းချက်တွေရှိခဲ့သည်။သူမရဲ့ ရှေ့မှာ သဘာ၀မကျတဲ့ အပြုအမူတွေနဲ့ တောင့်တောင့်သွားတဲ့ ရှရှင်းချီ၊လျှို့ဝှက်နေပြီး ‌စကားနဲ့ပြောပြလို့မရတဲ့ အပြုအမူတွေ….

ရှရှင်းချီရဲ့ မူလရည်ရွယ်ချက်က သူမကို လိမ်နေတာကို ရပ်ဖို့ဖြစ်ပြီး ဒေါသထွက်စေချင်ခဲ့တာ မဟုတ်။ဒါကြောင့်ပဲ သူရွှင်ပြုံးစွာနဲ့ ပြောလိုက်သည်။

“အဲဒါ အဆင်ပြေပါတယ် အစ်မ မုန့်မုန့်ရယ်။ ဒါက ပိုက်ဆံရတဲ့ ၀န်ဆောင်မှုထက် မပိုပါဘူး။ နေစရာ စားစရာအပြင် တစ်လကို 1 million လခရတယ်။ကျွန်တော် တကယ့်ကို ငွေတွေအများကြီးရှာနေတာပဲ မဟုတ်လား!”

ဒါကလည်း အမှန်ဖြစ်သည်။သူဌေးက ၀န်ထမ်းတွေကို ဆူငေါက်ထုရိုက်ပြီး လစာနောက်ကျမှပေးတာမျိုးလည်း မလုပ်ပါ။ပြီးတော့ တစ်ခြား အစားထိုးခံတွေလိုမျိုး သူ့ကိုယ်သူ အိပ်ယာထဲ ရောင်းစားစရာလည်း မလိုခဲ့ပါ။

ကမ်းကုန်အောင် ကြောက်ရတဲ့ အဖြစ်အပျက်မျိုး တစ်ခါတစ်လေရှိပေမဲ့ ဒါက တကယ်ကောင်းပြီး ရှားပါးတဲ့အလုပ်တစ်ခုဖြစ်သည်။နှစ်တစ်၀က်လောက် ကြာပြီးနောက် သူ မျက်ရည်ကျရလောက်တဲ့ အမွေဆက်ခံနိုင်မှုမျိုးကို သူ အမွေရဦးမှာလေ။

ကိုယ့်ကိုကိုယ် ဖြေသိမ့်ရင်း ရှရှင်းချီ ရင်ထဲက အချဉ်ပေါက်မှုတွေနဲ့ ၀မ်းနည်းမှုတွေက ဖြေးညင်းစွာ ပျောက်ကွယ်သွား၏။ပြီးတော့ ငွေမက်တဲ့ကောင်လေးကလည်း ခဏတော့ သူ့ရဲ့ ခြေကုပ်ကို ပြန်မိသွား၏။

လင်းမုန့် ခဏတော့ တုံ့‌ဆိုင်းနေပေမဲ့ ယေဘူယျ ကျကျ မေးဖို့ သူမဆုံးဖြတ်လိုက်၏။

” ဒါဆိုရင် နင်….လီချန်ယွမ်ကို ကြိုက်လား”

“မကြိုက်ဘူး!”

တွေးတောခြင်းမရှိ ရှရှင်းချီ ချက်ချင်း ငြင်းချလိုက်သည်။ သေဖို့နီးနေတဲ့ ရက်စက် ယုတ်မာတဲ့ လူကြီးကို ချစ်မိသွားဖို့က သူ ရူးနေမှသာဖြစ်လိမ့်မည်။လီချန်ယွမ်ကို ကြိုက်တာက နာကျင်ရတာကို သဘောကျတာနဲ့ တူတူပဲ ဖြစ်မနေဘူးလား။

ထို အဖြေကြောင့် လင်းမုန့်နောက်ဆုံးတော့ စိတ်သက်သာရာ ရခဲ့သည်။ခံစားချက်မပါတဲ့ နာရီပေးရှင်းရတဲ့ ၀န်ထမ်း ဇာတ်လမ်းက နှိပ်စက်ခံရတဲ့ အစားထိုးခံ ဇာတ်လမ်းထက်တော့ သာသေးသည်။

စိတ်သက်သာရာရပြီး သက်ပြင်းချရုံရှိသေး၊ သူမ ဖုန်းခေါ်တာက အတင်းတုတ်ဖို့မဟုတ်ပဲ ပြောစရာရှိလို့ဆိုတာ သတိရသွားသည်။

“အင်း၊သတင်းကောင်းပဲ!မနေ့က ရှယွီ မလိုအပ်ပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးတော့ အစ်မတို့ ကုမ္ပဏီကို ရှင်းလင်းချက်အတွက် လူတွေအများကြီး မေးလာကြတယ်။ပြီးတော့ အဲ့တာကြောင့် ဘယ်တုန်းကနဲ့မှမတူတဲ့ အရင်းမြစ်တွေ ရခဲ့တယ်။ အခုတလော reality TV show မှာ အပြောအများဆုံးဖြစ်သွားပြီ!”

အကုန်လုံး ပြောပြီး လုပ်ပြီးတဲ့အခါမှာ၊ရှယွီရဲ့ လုပ်ဇာတ်ကြီးက အရမ်း သရုပ်ပျက်ခဲ့သည်။အရှိန်ကြောင့်ပဲ Dingming Entertainment ကို ဆိုးဆိုးရွားရွား သူနဲ့အတူ ရေထဲ ဆွဲခေါ်သွားခဲ့တာက ဖျော်ဖြေရေးလောကရဲ့ အတွင်းအပြင်မှာ ဟာသကြီးတစ်ခုဖြစ်လာခဲ့သည်။

အခုတော့ ထိုအရာက ရှရှင်းချီကို အရင်းမြစ်တွေကိုတက်လာစေခြင်းဖြင့် ကုမ္ပဏီက “ကောလဟလာတွေကို ချေပရန်” အခွင့်အရေးမရှိတော့​ချေ။

“ဒါပေမဲ့လည်း သတင်းဆိုးက ရှယွီနဲ့ မင်း အတူပါ၀င်ပြီး ကင်မရာတွေရှေ့မှာ မင်းတို့ရဲ့ ဆက်‌ဆံရေးက တကယ်တော့ အရမ်းကောင်းတယ်ဆိုတာကို သက်သေပြရမယ်တဲ့လေ”

အဆုံးမှာတော့ ဒါက Dingming ရဲ့ နံပါတ်တစ် အမျိုးသား အိုင်ဒေါလ်၊ ကုမ္ပဏီရဲ့ ငွေရှာပေးတဲ့ နွားကို ကယ်တင်ဖို့ပဲ ဖြစ်သည်။အဲ့လိုမှမဟုတ်ရင် Dingming က နာမည်မကြီးသေးတဲ့ အိုင်‌ေဒါလ်ကို ပေးဖို့ တွန့်ဆုတ်နေတာပဲဖြစ်မည်။

“ရှင်းချီ၊ မင်းနဲ့ ရှယွီက အရင်ကတည်းက သိတာလား”

မနေ့ညက ဖြစ်ခဲ့တဲ့ မိုးကြိုးမုန်တိုင်းကြောင့်သာ မဟုတ်ရင် အဲ့ဒီ ရှယွီက မသိမသာ ရှရှင်းချီကို ဖိနှိပ်နေတာလို့ လင်းမုန့် ဘယ်တော့မှ စဉ်းစားမိမှာမဟုတ်။

ပြီးတော့လည်း နှစ်ယောက်က အနေဝေးပြီး ဆက်ဆံတာလည်း မရှိခဲ့ပါ။သူတို့နှစ်ဦးကြား တစ်ခုတည်း‌သော တူညီမှုက မျိုးရိုးနာမည် ရှ  သာဖြစ်သည်။

ဒီ မျိုးရိုးနာမည်ကလည်း သာမန်လို သဘောထားလို့မရ၊နှစ်ယောက်က လျှို့ဝှက်နက်နဲစွာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေကြပြီး အင်တာနက် အသုံးပြုသူတွေကလည်း အ‌ကြောင်းအရာကို အဆုံးထိဆူးဖော်ဖို့ ကြိုးစားခဲ့သည်။

ဒါကိုကြားပြီး ရှရှင်းချီ မတတ်နိုင်ပဲ မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။ထို့နောက် မမှန်ကန်တဲ့ဘ၀ကို နေထိုင်ရခြင်းရဲ့ ဇာတ်လမ်းအစအဆုံးကို သူရိုးရှင်းစွာ ပြောခဲ့သည်။သခင်လေးတွေရဲ့ အမှန်နဲ့အမှား၊ ပြီးတော့ သူရဲ့ ဘ၀အမှန်ကို ဖုံးကွယ်ဖို့ တွန်းအားပေးခံထားရတဲ့ နစ်နာမှုတွေကောပေါ့။

ဒါကို ကြားပြီးတဲ့နောက်မှာ လင်းမုန့် တကယ်ကို စိတ်တိုသွားခဲ့သည်။ ဒီလို တုံးအပြီး ဇီဇာကြောင်တဲ့ မိဘတွေနဲ့ ကြောက်စရာကောင်းတဲ့ မွေးစားသား‌ ‌ဇာတ်လမ်းမျိုး ဒီကမ္ဘာမှာ သူမ ကြားတောင် မကြားဖူးခဲ့ဘူး။

သူမ ဒေါသမွန်ကာ မေးလိုက်သည်။

“ဒီ reality show ကို မင်းတကယ်ပဲ သွားချင်ရဲ့လား”

ကိုယ်ပိုင်ဘ၀ကို အလုခံလိုက်တဲ့အပြစ်ကင်းတဲ့ လူ အနေနဲ့ သူဟာ အခုထိ အပြစ်တွေကို ဖုံးဖို့ကြိုးစားနေပြီး ကျီးကန်းအသိုက်ရှိတဲ့ မကောင်းဆိုးဝါးလို လူရဲ့ နည်းလမ်းတွေကို နေသားကျနေခဲ့သည်။

ထပ်ပေါင်းပြောရရင်၊ အဖျက်စီးကောင်လို ပြုမူဖို့ ဒီပရိုဂရမ်မှာ ပါ၀င်ခိုင်းခဲ့တာလို့တောင် ခန့်မှန်းချက်ချနိုင်သည်။မနေ့တစ်နေ့ကမှ စတင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အခုမှ ရှရှင်းချီကို အဲ့လိုလုပ်ဖို့ သူတို့  ရေတို ဖိအားပေးခဲ့တာဖြစ်သည်။သူ ပြင်ဆင်ထားခဲ့တာ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ သူ အောင်နိုင်တာ မဟုတ်ရင် ကျရှုံးမှာပါပဲ။

“ကျွန်တော်သွားမယ်”

ရှရှင်းချီ အခိုင်အမာပဲ ပြန်ပြောလိုက်သည်။အကယ်၍ သူ မပါ၀င်ခဲ့ရင် ကုမ္ပဏီကို ” ကျွန်တော်တို့ သူ့ကို အရင်းမြစ်တွေပေးခဲ့ပါသေးတယ် ဒါပေမဲ့ သူက မလိုချင်ခဲ့ဘူးလေ”လို့ ပြောဖို့ အခွင့်အရေးပေးသလိုဖြစ်သွားလိမ့်မည်။

အခုပဲ၊သူ ကတိုက်ကရိုက်နဲ့ ဈေးခေါ်တာကို သူလှန်ကြည့်ခဲ့သည်။အဲ့တာက တကယ်ပဲ နာမည်ကြီး reality show တစ်ခုဖြစ်နေခဲ့သည်။အောက်ခြေက လူတွေအတွက်တောင်မှ တစ်နေ့ကို သုံးသိန်းနှုန်းနဲ့ ပေးတာဖြစ်သည်။

ဖျော်ဖြေရေးလုပ်ငန်းရဲ့ စုပုံလာတဲ့ ကြွယ်၀ချမ်းသာမှု အရှိန်အဟုန်ဟာ မတွေးနိုင်လောက်အောင်ဖြစ်‌ေနခဲ့သည်။ပြီးတော့လည်း ငွေခင်တဲ့သူက‌လည်း ငွေမရှိပဲ မနေနိုင်ဘူး။

ပိုကောင်းတာက၊ reality showမှာ ပါ၀င်လိုက်တာနဲ့ပဲ ရှယွီကို သူ့အပြစ်တွေကို ဖုံးပြီး သိက္ခာဆယ်နိုင်မယ်လို့ ဘယ်သူကပြောခဲ့လို့လဲ။သူ့ရဲ့နောက်ထပ် မတော်တစ်ဆ ကျဆုံးတာက ပိုဆိုးနိုင်မလားဆိုတာ ပြောဖို့က ခက်သည်လေ။

_

ဒီနေ့ လီချန်ယွမ် ချွင်းချက်တစ်ခုလုပ်ခဲ့ပြီး အိမ်ပြန်ဖို့ အတွက် ကုမ္ပဏီမှ အစောကြီး ထွက်ခွာခဲ့သည်။

အလုပ်လုပ်ရမယ့် ပမာဏက နည်းတာကြောင့်လို့ သူပြောခဲ့သည်။နောက်ဆုံးတော့လည်း၊ ထိုစကားတွေပြောပြီးနောက်မှာ ရှရှင်းချီ ဘယ်လို တုန့်ပြန်လာမလဲဆိုတာကို ကြားရဖို့ စိတ်စောနေခဲ့တာလို့သူဘယ်‌ေတာ့မှ ၀န်ခံမှာမဟုတ်ပေ။

သူမျက်လုံးအောက်ကျကာ လျှပ်စစ် တံခါးခလုတ်ပေါ် လက်တင်လိုက်တဲ့အခါမှာ ငြိမ်‌ေနတဲ့ ခံစားချက်တွေဟာ ပြင်းထန်စွာ အနှောက်ယှက်ခံလိုက်ရတာကြောင့် နှလုံးခုန်နှုန်းက အရှိန်မြင့်တက်လာခဲ့သည်။

လူတိုင်း ပြောကြတဲ့ “နက်ရှိုင်းတဲ့ အချစ်ကို ၀န်ခံခြင်း”ဆိုတာကို  သူပုံမှန်ဆို အသိအမှတ်ပြုမည် မဟုတ်။ “ဂရုစိုက်တာ”လို့ပဲ သူပြောလိုက်မည်။ သူမုန်းခဲ့တဲ့ လူလိမ်လေးအကြောင်း သူဂရုစိုက်ပြီး တန်ရာတန်ကြေးကိုလည်း သူ့ကိုပြန်ပေးစေချင်သည်။

ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့ တွေးမယ်ဆိုရင်တောင် လီချန်ယွမ်ရဲ့ နှလုံးသားက သူမသိသေးတဲ့ အကြောင်းအရာတစ်ချို့ကြောင့် တဒုတ်ဒုတ်ခုန်နေခဲ့၏။ ရှရှင်းချီကို သိပ်မကြာခင် တွေ့ရတော့မယ်ဆိုတဲ့ အတွေးက သူ့နားဖျားလေးတွေ ပူလာတယ်လို့ ခံစားစေခဲ့ရသည်။

မျှော်လင့်မထားပဲ၊ သူ တံခါးဖွင့်ဖွင့်ချင်းမှာပဲ
အဆူးတွေထောင်ထနေတဲ့ သူ့ရဲ့ဖြူကောင်လေးက ခရီးဆောင်အိတ်ပြင်‌ေနတာကို တွေ့လိုက်ရသည်။

“ရွှေရောင်သခင်ကြီး” တံခါးက ၀င်လာတာကို မြင်ရင်တောင် ခပ်မာမာကြည့်ပြီး သူ့ကို လစ်လျှူရှူလိုက်၏။

လီချန်ယွမ် မျက်မှောင်ကျုတ်ကာ ပုံမှန်လေသံနဲ့ပြောလိုက်သည်။

” မင်း ဘာလုပ်နေတာလဲ”

“အာ…ကျွန်တော့ပစ္စည်းတွေ ထုတ်နေတာလေ”

ရှရှင်းချီ မျက်တောင်ခတ်လိုက်ကာ “မမြင်ဘူးလား”ဆိုတဲ့ အကြည့်မျိုးနဲ့  သူခေါင်းလှည့်လာ၏။

လီချန်ယွမ်:”……”

ဒီလို ငြူစူနေတဲ့ပုံစံက သူအရက်မူးတုန်းက သွားခွင့်မပေးပြီး သူ့ကိုယ်ကို ကပ်တွယ်‌ေနခဲ့တဲ့ မနေ့ကညနဲ့ လုံး၀တစ်ခြားစီဖြစ်နေခဲ့သည်။

ရှရှင်းချီ နောက်ထပ် အင်္ကျီတစ်ခုကိုခေါက်ကာ ခရီးဆောင်အိတ်ထဲ ထည့်လိုက်သည်။ယဥ်‌ေကျးတဲ့ အပြုံး‌ေလးတောင်ပြုံးပြလိုက်သေးသည်။

“မစ္စတာလီ၊ ကျွန်တော် အရမ်း စိတ်ဆိုးနေခဲ့ပြီးတော့ အိမ်က ထွက်သွားဖို့ပြင်နေခဲ့တာ။ ဒါပေမဲ့ ခင်ဗျား အစောကြီးရောက်လာမယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ဒီတော့ တခြားကိစ္စများရှိသေးလား”

ထိုစကားကို ကြားပြီး‌ေနာက် လီချန်ယွမ် မျက်မှောင်ကြီး ပိုကျုံ့လာပြီး နူးညံ့တဲ့ ရင်ထဲ တလှပ်လှပ်ဖြစ်နေတံ့ ခံစားချက်တွေကလည်း ရေခဲပုံးနဲ့ လောင်းချလိုက်သလို အေးခဲသွားရ၏။ဒါက ရှရှင်းချီဆီက သူမျှော်လင့်ထားတဲ့ တုံ့ပြန်ချက်မျိုး။ဟုတ်မနေခဲ့ဘူးလေ။

သူ ဗြောင်မေးချလိုက်သည်။

” ရှရှင်းချီ၊ ခွင့်ပြုချက်မရှိပဲ မင်းကို ထွက်သွားဖို့ ကိုယ် ခွင့်ပြထားခဲ့လို့လား”

Chapter 44 ended

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset