[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Chapter 12 (end of arc4)
Chapter 12
3030 ခုနှစ်အဆုံးတွင် မတူညီသောနေရာများက သိပ္ပံပညာရှင်များစုစည်းကာ မျှော်လင့်ချက်ခံတပ်မှ ကုသသူ ထန်ထန်တည်ဆောက်ထားသည့် စမ်းရေမှ ဂျီနုမ်းများကို ခွဲထုတ်လေ၏။ တစ်နှစ်ကြာပြီးသည့်နောက်တွင်တော့ မျိုးစေ့များပျိုးလာနိုင်ခဲ့သည်။ အင်အားကြီးများသောခံတပ်များပူးပေါင်းကာ စစ်တပ်က ဖုတ်ကောင်ဘုရင်ကိုတိုက်ခိုက်ခဲ့ပြီး နျူကလီးယားသန့်စင်ရေးဖြင့် အလောင်းများကိုရှင်းလင်းလိုက်သည်။
တစ်နှစ်တိတိကြာခဲ့သော ကပ်ဘေးကြောင့် လူများဘီလီယံနှင့်ချီအောင်သေဆုံးခဲ့၏။ နောက်ဆုံးတွင်တော့ မျှော်လင့်ချက် ခံတပ်မှ ခေါင်းဆောင်သုံးယောက်သည် ဖုတ်ကောင်ဘုရင်အားသတ်လိုက်ကာ ပျိုးပင်များပေါက်လာခဲ့ပြီး ကပ်ဘေးကြီးအဆုံးသတ်သွားခဲ့သည်။
…..
နှစ်သစ်ကူးချိန်တွင် 3031 ခုနှစ်၏နောက်ဆုံးသောနှင်းများကလဲ ကျဆင်းလာ၏။
အိမ်တိုင်းက မီးလုံးလေးများဖြင့်လင်းထိန်နေကာ မီးရှူးမီးပန်းများကလဲ ကောင်းကင်ပေါ်တွင်ရှိနေကာ ညဘက်ကိုလင်းထိန်နေစေသည်။ လမ်းကျဥ်းကျဥ်းလေးတွင် နှင်းများထူထဲစွာကျနေကာ ထန်ထန်က အပေါ်ဝတ်အားခြုံထားပြီး သမင်လည်သာဘွတ်ဖိနပ်အားဝတ်ထားကာ နှင်းပေါ်တွင်လမ်းလျှောက်သည်နှင့် ကြွပ်ရွသည့်အသံများထွက်လာ၏။ ထိုအရာကိုသဘောတွေ့ကာ သူကနောက်ပြန်လျှောက်၍ထိုသို့ထပ်လုပ်လေသည်။
ရှပ်..ရှပ်…
ထန်ထန်က မျက်လုံးများကိုမှေးကျဥ်းလိုက်ကာ သူ့လက်များအားပွတ်တိုက်နေလျက် အသက်ရှူလိုက်ကာ ရယ်သံလေးများထွက်လာ၏။
သိပ်မဝေးသည့်နေရာမှ မီးတိုင်အောက်တွင် ရှန်းယွင်ရှိနေပြီးသူ၏ကုတ်အင်္ကျီပေါ်တွင် နှင်းများတင်နေ၏။ သူကထိုကောင်လေးကိုကြည့်နေကာ မျက်မှန်အောက်မှ မျက်လုံးများကလဲ နူးညံ့နေသည်။
ကပ်ဘေးကြီးကပြီးသွားကာ နန်းတော်မှလူကြီးလူကောင်းလိုဝတ်စားတတ်သည်လဲ မရှိတော့ပေ။ သူက သေချာချုပ်ထားသော ကုတ်အင်္ကျီကိုဝတ်ထားကာ ကျက်သရေကြီး အရပ်ရှည်ရှည်နှင့်လဲလိုက်ဖက်လေ၏။
” ထန်ထန် ”
ထိုလူကသူ့ကိုခေါ်လိုက်၏။
နှင်းများဖြင့်ဆော့ကစားနေသောကောင်လေးက မော့ကြည့်လိုက်ကာ ထိုလူကိုမြင်သည်နှင့် ပြုံးရွှင်သွား၏။ ငှက်ကလေးက သူ့အသိုက်ဆီပြန်သကဲ့သို့ အပြေးအလွှားသွားလိုက်သည်။
” ရှန်းယွင် ”
ထန်ထန်က ထိုလူ့ရင်ခွင်ထဲသို့ဝင်လိုက်ကာ မျက်လုံးနက်နက်လေးများကိုပဲ ဖော်ထားကာ ထိုမျက်လုံးလေးများထဲတွင် တစ်လက်လက်ဖြစ်နေသောကြယ်များရှိနေသကဲ့သို့ပင်။
” ဟင် ”
ရှန်းယွင်က အသံပေးလိုက်ပြီး လည်သာလက်အိတ်ဝတ်ထားသောလက်များက ထိုယုန်ဖြူလေးအား ကုတ်အင်္ကျီဖြင့်အုပ်လိုက်၏။ ခေါင်းလေးကိုဖြေးဖြေးလေးပွတ်ပေးလိုက်ပြီး
“တွေ့ဆုံပွဲမှာ ပျော်ခဲ့လား ”
ကပ်ဘေးပြီးနောက် အိမ်များပြန်ဆောက်၊ ပညာရေးအတွက်ပြန်လည်ကြိုးပမ်းခဲ့ကာ လူအသိုင်းအဝိုင်းကို ပြန်လည်ထူထောင်ကြသည်။ ပျိုးပင်လေးများပေါ်ထွက်လာသည်နှင့် ဆရာမများက အတန်းများကို ပြင်ပကမ္ဘာကြီးအကြောင်းသင်ကြားပို့ချပေး၏။ မျှော်လင့်ချက်ခံတပ်မှထန်ထန်ကတော့ ဒီနှစ်တွင် ဆယ့်ကိုးနှစ်သာရှိသေးသည့်အတွက် သူ့ယောက်ျားများကိုပြစ်ကာ ကျောပိုးအိတ်တစ်လုံးနှင့်ပင်လယ်ပင်အားလေ့လာချင်နေသည်။
နှစ်သစ်ကူးတွင်တော့ ကျောင်းမှကြိုဆိုပွဲလုပ်ပြီး ကျောင်းသားများက ရောင်စုံမီးပန်းများဖောက်ကြ၏။
ရှန်းယွင်၏ထွေးပွေ့မှုတွင် ထန်ထန်က ထိုလူ၏ကုတ်အင်္ကျီထဲသို့တိုးဝင်ကာ သူ့ခေါင်းပွပွလေးနှင့် ပွတ်သပ်ကာ တီးတိုးပြောလိုက်သည်။
” အဲ့တာကပျော်စရာလဲမကောင်းပါဘူး။ တစ်ခြားလူတွေကသူတို့ကိုလာကြိုဖို့လူရှိကြပေမယ့် ကျွန်တော့်မှာကမရှိဘူးလေ ”
” ဘုရားရေ ”
” နှလုံးသားမဲ့တဲ့ ဘယ်အဆိုးလေးက အမြဲခေါင်းမာနေပြီး ဘာပဲဖြစ်နေနေ ကိုယ်တို့ကိုလာမကြိုခိုင်းတာလဲမသိပါဘူးကွာ”
” ကိုယ့်ရင်ခွင်ထဲကကောင်လေးများလား ”
သူကငြင်သာစွာရယ်လိုက်ကာ သူ့အသံကလဲနူးညံ့နေ၏။
” သေချာပေါက်မဟုတ်ဘူးပေါ့ ”
ထန်ထန်ကနှုတ်ခမ်းလေးဆူကာ ထိုလူ၏ဖိနပ်ကိုတက်နင်းလိုက်သည်။
” တစ်ကယ်ကတော့ ခင်ဗျားတို့က သူများအာရုံတွေကိုဖမ်းစားနေတာလေ။ အမြဲလာကြိုလိုက်တိုင်း ကျွန်တော်တို့နားမှာလူတွေအများကြီးအုံ့သွားတာကို ဟွန့် ”
” ဟုတ်ပါပြီကွာ ”
ရှန်းယွင်ကပြုံးလိုက်ကာ သူ့လည်သာလက်အိတ်များကိုချွတ်လိုက်ပြီး ထန်ထန့်လက်ကလေးကို သူ့အိတ်ကပ်ထဲထည့်လိုက်၏။
” အဲ့လိုဆိုလဲ အခုကစပြီး ကိုယ်တို့ရဲ့ပျားလေး ထန်ထန်ရဲ့အာရုံကိုပဲဖမ်းစားတော့မယ်။ ဒီလှပတဲ့လိပ်ပြာလေး ဒီတစ်ကောင်လေးကိုပဲ ဟုတ်ပြီလား။ ”
သူ့အသံကငြင်သာနေကာ စနောက်သည့်ပုံပေါက်နေသည်။
ရင်ဘတ်မှတုန်ခါမှုကြောင့် သူ့အသက်ရှူသံကလဲ အံ့သြဖွယ်ကောင်းနေ၏။ ထန်ထန်ကရှက်သွားကာ ရှန်းယွင်၏ရင်ခွင်ထဲကို အကြောင်းပြချက်မရှိစွာ တိုးဝင်လိုက်သည်။
ရှက်သွားသောကြောင့် သူ့ခေါင်းလေးကိုထိုလူ့ရင်ခွင်ထဲဝှက်ထားလိုက်၏။
” အိုကေလေ အဆင်ပြေတယ် ”
” အိမ်ပြန်ရအောင်လေနော်။ ကျိချမ်နဲ့ ဝမ်ချောင်က ပေါက်စီတွေလုပ်နေပြီး ကိုယ်တို့ကိုစောင့်နေတယ် ”
လမ်းမီးရောင်အောက်တွင် ရှန်းယွင်က ငုံ့ကာ ထန်ထန့်လည်စည်းလေးကိုချည်ပေးပြီး လက်များတွဲကာ အိမ်ပြန်လာကြသည်။ သူတို့၏လည်သာဖိနပ်သံများကလဲ နှင်းထဲတွင် ပဲ့တင်သံထပ်နေလျက်။
” အိုး အခုသူတို့ကဟင်းချက်တတ်သွားပြီပေါ့ ”
လည်စည်းအားလက်တစ်ဖက်ဖြင့်ကိုင်ကာ ထန်ထန်ကမေးလိုက်သည်။
” ကျွန်တော်က အအေးခဲထားတဲ့အစားအစာတွေစားရမယ်ထင်နေတာ ”
” ဒါပေါ့ သူတို့က ဝက်ပေါက်လေးအတွက် ဟင်းချက်တတ်အောင်သင်နေတာ ”
” ဟွန့် ခင်ဗျားကသာ ဝက်ပါနော် ”
…..
ဗီလာဂိတ်တံခါးတွင် စာဆိုင်းတစ်စုံ၊ အနီရောင်စက္ကူတွင် မှင်နှင့် ရွေဆိုင်းလေးများက ခိုင်ခံပြီးအင်အားကြီးသည့် စုတ်ချက်များကိုထင်သာစေ၏။ ဝမ်ချောင်က ရိုင်းစိုင်းသည့်ပုံပေါက်သော်လဲ သူ့ပုံစံက ချောမောနေဆဲပင်။
ရှန်းယွင်နဲ့ ထန်ထန်က နှင်းမုန်တိုင်းထဲမှ ဂိတ်တံခါးထဲသို့ဝင်လာသည်။ သိပ်မဝေးသည့်နေရာမှ တစ်ဝက်ဖွင့်ထားသော မီးဖို့ချောင်က နွေးထွေးပြီး အငွေ့များဖြင့်ပြည့်နေကာ အိုးထဲမှရေကလဲ ပွက်ပွက်ဆူနေကာ နှစ်ကုန်ပိုင်း၏အအေးဓာတ်ကိုချေဖျက်နေ၏။
ရှန်းယွင်ကငုံ့အားထန်ထန့် အပေါ်ဝတ်မှဇစ်အားဖြုတ်ပေးလိုက်သည်။ ထို့နောက်နှင်းများကိုဖယ်ကာ တံခါးမှချိတ်တွင်ချိတ်လိုက်၏။
စိတ်မရှည်စွာပင် ထန်ထန်က မီးဖိုချောင်ထဲသို့ပြေးဝင်သွား၏။
” ဖြေးဖြေးပေါ့ ”
ရှန်းယွင်က သူ့ကုတ်ကိုချွတ်လိုက်ကာ သတိပေးလိုက်သည်။
” အွန်း ကျွန်တော်သိပါတယ်နော် ”
လျိုကျိချမ်က ဧပရွန်ကိုဝတ်ထားကာ ပေါက်စီများကိုထိုးဆိတ်ကြည့်ပြီးမှ သက်ပြင်းချနိုင်ပြီး ဂျုံအလွှာပေါ်တွင်ချလိုက်သည်။
မီးဖိုပေါ်မှ အိုးကပွက်ပွက်ဆူနေကာ ရေနွေးငွေ့များထွက်နေ၏။ ဝမ်ချောင်က မျက်မှောင်ကြုံ့ကာစိတ်မရှည်စွာပင် ဆဲဆိုလေသည်။
” သေစမ်း ဒီဟာက ဖုတ်ကောင်တွေကိုသတ်ရတာထက်ပိုခက်တယ် ”
” ကျစ် ဒါတွေကိုနှစ်နာရီလောက်လုပ်ပြီး နောက်ဆုံးပေါင်းလို့ရပြီမလား ”
ဝမ်ချောင်က မျက်မှောင်ကြုံကာ ဂျုံအလွှာကိုစိတ်ပူစွာကြည့်လိုက်ပြီး
” ငါလဲထင်တာပဲ ”
လျိုကျိချမ်က ယုံကြည်မှုမရှိစွာပင် အကြံပေးလိုက်သည်။
” ဒါမှမဟုတ် ဟိုကောင်လေးပြန်မလာသေးခင် ငါတို့ ခဲထားတဲ့ဟာတွေထည့်လိုက်ရင်ရော ”
ဝမ်ချောင်က ပုံပျက်ပန်းပျက်ဖြစ်နေသော ပေါက်စီများအား ကြည့်ကာ ခေါင်းငြိမ့်လိုက်၏။
” အဲ့တာပဲကောင်းတယ် ”
သူတို့နောက်တွင်..
ထန်ထန်က တံခါးကိုမှီပြီး အထဲသို့ချောင်းကြည့်နေကာ ပြုံးသွား၏။
ဟွန့် အရူးကောင်ကြီးတွေ။
(Arc4)Chapter 12 end
Arc 4 ပြီးသွားပါပြီ။