⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 47

Chapter 47

 

W: ငါ အဝတ်လျှော်တတ်တယ်၊ ထမင်းချက်တတ်တယ်၊ ကြမ်းလည်း တိုက်တတ်တယ်၊ ရန်လည်းဖြစ်တတ်တယ်။ တခြားဟာတွေကိုလည်း သင်လို့ရပါတယ်။

 

W: မနက်ဖြန် အတူတူထမင်းစားကြမလား။

 

ကျန့်ချီသည် အချိန်အတော်ကြာမှသာ ထိုစာတိုနှစ်စောင်ကို အနိုင်နိုင်ဆက်စပ်နိုင်ခဲ့၏။ ဆိုလိုရင်းမှာ သူက ထမင်းတစ်နပ်ဖြင့် ရန်ဖြစ်နိုင်သော အိမ်မှုကိစ္စလုပ်ပေးသူတစ်ယောက်ကို လဲလှယ်နိုင်သည်ဟု ဆိုလိုခြင်းလား။

 

ဤသို့သော လဲလှယ်မှုသည် အလွန်ဆွဲဆောင်မှုရှိပုံပေါ်၏။ ကျန့်ချီသည် ဤသို့တွက်ချက်ကြည့်လျှင် သူအမြတ်ထွက်သလား သို့မဟုတ် ဝမ်ချွမ် အမြတ်ထွက်သလားကိုပင် အလေးအနက် စဉ်းစားမိသွားခဲ့သည်။

 

ငြင်းပယ်စာပို့ပြီးနောက် ဝမ်ချွမ်သည် စာပြန်မပို့ခဲ့ပေ။ သူ မမြင်လိုက်သည်လား သို့မဟုတ် မြင်သော်လည်း မမြင်ချင်ယောင်ဆောင်နေသည်လားကို ကျန့်ချီ မသိခဲ့ပေ။ ကျန့်ချီကတော့ မြင်သော်လည်း မမြင်ချင်ယောင်ဆောင်နေခဲ့သည်သာ။ နေ့လယ်ပိုင်းတွင် သူနှင့် ကျန်းယန်သည် စားသောက်ဆိုင်ကန်တင်းသို့ ရောက်လာသောအခါ၊ အကျွမ်းတဝင်ရှိသော နေရာတွင် ဝမ်ချွမ်ကို ထိုင်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ သူသည် ပတ်ဝန်းကျင်မှ အာရုံစိုက်မှုများကို သတိမပြုမိသကဲ့သို့ ငြိမ်သက်စွာထိုင်နေပြီး၊ ခေါင်းပြန်လှည့်လာသောအခါ သူ၏အေးစက်သော အကြည့်သည် ခြေရာခံလိုက်သကဲ့သို့ပင်။ တစ်ကြိမ် အကြည့်ဖြင့် သော့ခတ်မိသွားသည်နှင့် နောက်တစ်ကြိမ် ရွှေ့ဖယ်၍မရတော့ပေ။

 

မိမိကိုယ်ကို အပြစ်ရှိသည်ဟု ခံစားနေရသော ကျန့်ချီသည် ထိုအကြည့်ဖြင့် သော့ခတ်ခံလိုက်ရသူပင် ဖြစ်၏။

 

ကျန်းယန်သည် အလွန်မယုံသင်္ကာဖြစ်စွာဖြင့် “သူ ငါတို့ကို ကပ်နေတာများလား။”

 

“မသိဘူးလေ”

ကျန့်ချီက စိတ်တည်ငြိမ်စွာဖြင့် ဆိုသည်။

 

ဤဇာတ်လမ်းထဲမှ ဇာတ်ကောင်များသည် ‘မသိ’ ဟူသော စကားလုံးကို နားမလည်ကြဟန်တူ၏။ ရှောက်ဟန့်ဖြစ်စေ၊ အချို့သော ဝမ်ချွမ်ဖြစ်စေ၊ သူတို့၏ကိုယ်ပေါ်တွင် ကျန့်ချီနားမလည်နိုင်သော ခေါင်းမာမှုနှင့် အစွဲအလမ်းများ ရှိနေကြသည်။ အချို့ကိစ္စများတွင် သူတို့၏တွေးခေါ်ပုံသည် သာမန်လူတစ်ယောက်နှင့်မတူပေ။ သို့သော် သူတို့၏ဘဝလမ်းကြောင်းသည် အစမှအဆုံး ‘သာမန်လူ’ ၏ နောက်ကွယ်မှ လမ်းလွဲနေခဲ့သည်သာ။

 

ကျန့်ချီသည် ရှောက်ဟန့်ကို ကျိုးကြောင်းဆီလျော်စွာ ငြင်းပယ်နိုင်သော်လည်း၊ ဝမ်ချွမ်နှင့် ရင်ဆိုင်ရချိန်တွင်မူ ထိုမျှလောက် ပြတ်သားရန် ခက်ခဲလှ၏။ ကျန်းယန်သည် ဝမ်ချွမ်ပါဝင်လာသည်ကို ကိစ္စမရှိဟု ထင်ပုံရပြီး၊ အော်ဟစ်နှုတ်ဆက်ပြီးနောက် ရင်းနှီးစွာပင် သွားရောက်နှုတ်ဆက်လေသည်။

 

ကျန့်ချီမှာ တားဆီးရန် အချိန်မမီလိုက်ပေ။ နောက်ဆုံးတွင် သူသည် ဝမ်ချွမ်ကို သူ၏ဘေးတွင် ထိုင်ခွင့်ပြုလိုက်ရုံသာ တတ်နိုင်ခဲ့သည်။ သူသည် အလွန်တိတ်ဆိတ်သောကြောင့်လည်း ဖြစ်နိုင်၏၊ လူတစ်ယောက်ပိုလာသော ခံစားချက်သည် သိသာထင်ရှားခြင်းမရှိပေ။ တစ်ခါတစ်ရံတွင် သူသည် ဝမ်ချွမ်ကိုယ်စား ကျန်းယန်နှင့် အေးတိအေးစက် စကားပြောပေးတတ်သေး၏။ ဤသို့သောအချိန်များတွင်မှသာ ကျန့်ချီသည် သူ၏တည်ရှိမှုကို သတိပြုမိတော့သည်။

 

ကျန်းယန်သည် ဤအတွက် အလွန်ပျော်ရွှင်နေပြီး၊ ယခင်ကထက်ပင် ပို၍စကားသွက်နေခဲ့၏။ ဓာတုဗေဒအတန်းတွင် ဝမ်ချွမ်က သူ၏နေရာကို ယူထားသည့်တိုင် ဒေါသမထွက်တော့ပေ။ အကြိမ်အနည်းငယ်ကြာပြီးနောက်၊ ကျန့်ချီသည် သင်တန်းတက်ရန် စာသင်ခန်းသို့ ဝင်သွားတိုင်း ပထမဆုံးမြင်ရသည်မှာ သူ၏နေရာတွင် ထိုင်နေသော ဝမ်ချွမ်ပင် ဖြစ်၏။

 

“ဒီတလော မင်းတို့ရဲ့ စာကြိုးစားတဲ့စိတ်ကို ဆက်ထိန်းထားရမယ်။” ဆရာယန်ဖုန်းသည် အလွန်ကျေနပ်နေပြီး၊ အတန်းဆင်းပြီးနောက် ကျောနောက်ပစ်ကာ လက်ပိုက်လျက် လျှောက်လာခဲ့သည်။

“နားမလည်တဲ့နေရာရှိရင် အတန်းပြီးရင် ရုံးခန်းကိုလာခဲ့၊ ကျန့်ချီကိုမေးလည်း ရတယ်။ စနေ၊ တနင်္ဂနွေမှာ နောက်အပတ်စာမေးပွဲအတွက် သေချာပြန်လည်လေ့ကျင့်ထားကြ။”

 

ရုတ်တရက် အမည်ခေါ်ခံလိုက်ရသော ကျန့်ချီသည် စာအုပ်သိမ်းနေသည်ကို ရပ်တန့်လိုက်ပြီး၊ သူ၏ဘေးမှ ဝမ်ချွမ်က ‘ဟုတ်ကဲ့’ ဟုပြောသည်ကို ကြားလိုက်ရသည်။

 

ထိုအဖြေသည် ရှေ့စကားအတွက်လား သို့မဟုတ် နောက်စကားအတွက်လာယ မသိနိုင်ပေ။

 

သူ၏အကြည့်ကို ခံစားမိသောကြောင့် ဝမ်ချွမ်သည် ခေါင်းလှည့်လာခဲ့သည်။ အနီးကပ်အကြိမ်များစွာ မြင်ဖူးသော်လည်း၊ ဤမျက်နှာကို ရုတ်တရက်မြင်လိုက်ရတိုင်း ကျန့်ချီသည် အနည်းငယ် မရင်းနှီးသလို ခံစားနေရဆဲပင်။ သူပြောချင်သောစကားသည်လည်း လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့သည်။

 

“မင်း နောက်တစ်ချိန် ဘာအတန်းရှိလဲ။”

ဝမ်ချွမ်က သူ့ထက်အရင် မေးလိုက်သည်။

 

“အဆင့်မြင့်သင်္ချာ။”

 

“ငါရောပဲ။”

 ဝမ်ချွမ်က ဆိုသည်။

 “ဒါပေမဲ့ အတန်းမတူဘူး။”

 

အကြောင်းရင်းကိုမသိသော်လည်း၊ ကျန့်ချီသည် ဝမ်ချွမ် ဤစကားကိုပြောချိန်တွင် အနည်းငယ် မကျေမနပ်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ သင်တန်းချိန်စရန် နှစ်မိနစ်သာလိုတော့သဖြင့်၊ ကျန့်ချီသည် အလျင်အမြန် စာအုပ်များကို ထည့်ကာ မတ်တပ်ထရပ်ပြီး ဆိုလိုက်သည်။

 “ငါ အရင်သွားနှင့်ပြီ။”

 

“ကျန့်ချီ။”

 

စာသင်ခန်းထဲမှ မထွက်ရသေးသော ကျန့်ချီကို ဝမ်ချွမ်က နောက်မှ လှမ်းခေါ်လိုက်သည်။ သူသည် ခဏမျှတိတ်ဆိတ်နေပြီးနောက် အသံတိုးတိုးဖြင့် စကားတစ်ခွန်းကို ဆိုလိုက်သည်ကို ကြားလိုက်ရသည်။

“ငါ မင်းကို စာမေးလို့ရမလား။”

 

ကျန့်ချီသည် တစ်ခဏမျှ မှင်သက်သွားပြီးနောက် သူဘာကိုဆိုလိုသည်ကို ချက်ချင်းသဘောပေါက်သွား၏။ မတတ်သာသည့်ကြားမှ အနည်းငယ် ရယ်ချင်သွားမိသည်။

“မင်း နားမလည်တဲ့ပုစ္ဆာကို ဓာတ်ပုံရိုက်ပြီး ငါ့ဆီပို့ပေးလို့ရတယ်။”

 

ကျန်းယန်သည်လည်း ပုံမှန်အချိန်များတွင် ဤသို့လုပ်လေ့ရှိပြီး၊ အထူးသဖြင့် စာမေးပွဲမတိုင်မီ တစ်ညတွင် ပို၍ပင်ဖြစ်၏။ သူသည် စာမေးပွဲရလဒ်မကောင်းသော်လည်း၊ ကြိုးစားအားထုတ်မှုရှိရာ၊ နောက်တစ်ကြိမ်တွင် အဆင့်ဆယ်ဆင့်တက်မည်ဟု ယုံကြည်မှုအပြည့်ရှိသူဖြစ်၏။

 

ဝမ်ချွမ်သည် မည်မျှပင်ဆိုးစေကာမူ ကျန်းယန်ထက်တော့ ပိုဆိုးမည်မဟုတ်ဟု တွေးလိုက်မိသည်။

 

နေ့လယ်ပိုင်းတွင် ကျန့်ချီသည် ပုံမှန်အတိုင်း ရေကူးကန်သို့ စောစောရောက်လာခဲ့သည်။ သူ့ကို အံ့အားသင့်စေသည်မှာ၊ ကြီးမားသော ရေကူးကန်ထဲတွင် လူတစ်ယောက်၏ အရိပ်အယောင်မျှမတွေ့ရခြင်းပင်။ ကျန့်ချီက အတန်းပိတ်ကြောင်း အကြောင်းကြားစာပို့ထားသလားဟု ထင်မှတ်နေစဉ်မှာပင်၊ နောက်မှ အော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

 

 “ရေကူးသင်တန်းက ဒီနေ့ နေရာပြောင်းသွားပြီ။”

 

စကားပြောသူသည် ရေကူးသင်တန်းမှ အတန်းဖော်တစ်ဦးဖြစ်ပြီး၊ ရေကူးကန်တွင် ကျန့်ချီမှလွဲ၍ တစ်ဦးတည်းသောသူ ဖြစ်၏။ ကျန့်ချီသည် နောက်လှည့်ကာ ဖုန်းကိုချလိုက်ပြီး အနည်းငယ် သံသယဖြင့်မေးသည်။

 “ဘာလို့ ကြိုတင်အကြောင်းမကြားတာလဲ။”

 

“ဆရာကောင်းက အီးမေးလ်ပို့ပြီးသား၊ လူတချို့ရဲ့ မေးလ်ဘောက်စ်တွေက ချို့ယွင်းနေလို့ မရလိုက်တာ။ နေရာကို မိုးလ်အဆောက်အအုံရဲ့ ခေါင်မိုးထပ်ကို ပြောင်းလိုက်တယ်။”

 

ကျန့်ချီသည် ‘မိုးလ်(Moore)’ ဟူသော စကားလုံးသုံးလုံးအပေါ်တွင် ပင်ကိုသတိကြီးစွာထားမှုရှိ၏။

“အဲ့ဒီမှာ ရေကူးကန်ရှိလို့လား။”

 

“အမြဲတမ်း အပိုရေကူးကန်တစ်ခုရှိတယ်၊ အရင်က သိပ်မသုံးဖြစ်ဘူး။”

အတန်းဖော်၏ လေသံသည် အလွန်သဘာဝကျနေသည်။

“ငါ ဒီမှာ နေရာမှားလာတဲ့ တခြားသူတွေကို အသိပေးရဦးမယ်၊ မင်းရောက်သွားရင် ဆရာကောင်းကို ငါ ခဏနေလိုက်လာမယ်လို့ ပြောပေးဦး။”

 

ကျန့်ချီသည် သူ၏မေးလ်ဘောက်စ်ကို ဖွင့်ကြည့်ရာ၊ အကြောင်းကြားစာအသစ် တစ်စောင်မျှမတွေ့ရပေ။ သို့သော် တစ်ဖက်လူပြောသကဲ့သို့ မေးလ်ပို့စနစ် ချို့ယွင်းနေခြင်းလည်း ဖြစ်နိုင်၏။ ဤသို့သောအခြေအနေသည် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းမဟုတ်ပေ။ ကျန့်ချီသည် သူ့နောက်မှ လူသူကင်းမဲ့နေသော ရေကူးကန်ကို တစ်ချက်ကြည့်လိုက်ပြီး၊ ခဏစောင့်သော်လည်း မည်သူမျှ ရောက်မလာခဲ့ပေ။

 

စောင့်ဆိုင်းနေချိန်တွင် ကျန့်ချီ၏စိတ်အစဉ်သည် ‘နောက်ပြောင်မှုတစ်ခု’ နှင့် ‘စာသင်ခန်းပြောင်းခြင်း’ ကြားတွင် ယိမ်းထိုးနေခဲ့၏။ ဤသို့ ကြီးကြီးကျယ်ကျယ် နောက်ပြောင်မှုတစ်ခုကို မည်သူက စီစဉ်မည်ကို သူ အမှန်တကယ် စဉ်းစားမရနိုင်ခဲ့ပေ။ ထို့အပြင် ဆရာကောင်းကလည်း ဤသို့လုပ်ရန် သဘောတူမည်မဟုတ်ပေ။ သူသည် နောက်ဆုံးတွင် ထိုအတန်းဖော်ကို ကျေးဇူးတင်စကားတစ်ခွန်းဆိုကာ ရေကူးကန်မှ ထွက်ခွာလာခဲ့သည်။

 

ဤအချိန်အတောအတွင်း မမျှော်လင့်ထားသောအရာများ အလွန်များပြားစွာ ဖြစ်ပွားခဲ့ရာ၊ ကျန့်ချီသည် မည်သည့်ထူးခြားသော ပြောင်းလဲမှုကိုမဆို သတိကြီးစွာထားရန် အတင်းအကျပ် လေ့ကျင့်နေခဲ့ရပြီး၊ နက်နက်နဲနဲ စဉ်းစားပြီးမှသာ ဆုံးဖြတ်ချက်ချရပေသည်။

 

လမ်းတွင် သူသည် ဝမ်ချွမ်ထံသို့ စာသင်ခန်းပြောင်းကြောင်း သတင်းစကားပို့ရန် သတိရလိုက်၏။ ဓာတ်လှေကားသည် ခေါင်မိုးထပ်သို့ ရောက်သောအခါ အလိုအလျောက်ပွင့်သွားပြီး၊ စင်္ကြံလမ်းသည် တိတ်ဆိတ်၍ ခြေသံပင်မကြားရအောင် တိတ်ဆိတ်နေခဲ့သည်။ သူ၏ခြေအောက်မှ ရှုပ်ထွေးသော ပန်းကွက်များပါသည့် ကြမ်းခင်းသည် ကျန့်ချီကို ရှောက်ဟန့်က သူ့အား ခေါ်ဆောင်သွားခဲ့စဉ်က မြင်ကွင်းကို အလိုအလျောက် သတိရသွားစေပြီး၊ တစ်ခဏမျှသာဖြစ်သော်လည်း ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

 

တစ်ခုတည်းသော လမ်းကြောင်းအတိုင်း တည့်တည့်လျှောက်သွားပြီး၊ ကျန့်ချီသည် လမ်းဆုံးမှ တစ်ဝက်တစ်ပျက်ပွင့်နေသော တံခါးကို တွန်းဖွင့်လိုက်သည်။

 

အလွန်ကျယ်ဝန်းသော အမိုးဖွင့်ရေကူးကန်ဘေးတွင် လူသူတစ်ယောက်မျှမရှိပေ။ ရေကူးကန်ဟုဆိုသော်လည်း၊ ပါတီပွဲများကျင်းပရန် အသုံးပြုသော အပန်းဖြေနေရာတစ်ခုနှင့် ပို၍တူ၏။ နေ့လယ်ပိုင်းနေရောင်ခြည်သည် ရွှေအမှုန်များကဲ့သို့ ရေကန်မျက်နှာပြင်ပေါ်သို့ ဖြာကျနေပြီး၊ ဘေးတွင် သဲသောင်ပြင်ကုလားထိုင်အနည်းငယ် ချထားသည်။ အလယ်မှ စားပွဲပုလေးပေါ်တွင် အဖျော်ယမကာနှစ်ခွက် တင်ထားပြီး၊ တစ်ခွက်မှာမူ တစ်စုံတစ်ယောက် သောက်သုံးထားသည်မှာ ထင်ရှားလှ၏။

 

ပို၍ထင်ရှားသည်မှာ မျက်စိရှေ့မှ မြင်ကွင်းသည် နေရာတိုင်းတွင် တစ်ခုခုမှားနေသည်ဟု ခံစားနေရခြင်းပင်။

 

ကျန့်ချီ၏ နှလုံးသားထဲမှ အချက်ပေးခေါင်းလောင်းသည် ချက်ချင်းမြည်ဟည်းလာပြီး၊ သူသည် လှည့်ထွက်ရန်ပြင်လိုက်စဉ်၊ ရှောက်ဟန့်၏ အရိပ်သည် စင်္ကြံလမ်းတစ်ဖက်မှ အခန်းထဲက မည်သည့်အချိန်ကတည်းက ထွက်ပေါ်လာသည်မသိ၊ တစ်ခုတည်းသော ထွက်လမ်းကို ပိတ်ဆို့ထားလိုက်သည်။

 

သူ၏စိုစွတ်နေသော ဆံပင်နီအချို့သည် သူ၏ပါးပြင်တွင် ကပ်ငြိနေပြီး၊ ပခုံးပေါ်မှ အဖြူရောင်ရေချိုးသဘက်ကို ဖယ်လိုက်လျှင်၊ သူ၏ကိုယ်ပေါ်တွင် ရေကူးဘောင်းဘီတစ်ထည်သာ ကျန်တော့သည်။ သူ၏အလွန်ကောင်းမွန်သော ခန္ဓာကိုယ်သည် မကွယ်မဝှက်ဘဲ မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။ ကြွက်သားများနှင့် မျက်နှာအသွင်အပြင်သည် တူညီစွာပင် ထင်ရှားပြတ်သားသော တိုက်ခိုက်လိုဟန်များဖြင့် ပြည့်နှက်နေသည်။ ကျန့်ချီသည် အလိုအလျောက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိ၏။

 

“ဒီလိုကြည့်ပြီး ငါ့ကို ဘာလုပ်မလို့လဲ။”

 

ရှောက်ဟန့်သည် ဖြည်းညင်းစွာ ကျန့်ချီ၏ရှေ့သို့ ရောက်လာပြီး၊ သူ၏နားအနားမှ ဆံပင်ကို သပ်တင်ပေးလိုက်သည်။ သူ၏စိုစွတ်နေသော လက်ချောင်းများသည် တမင်တကာပင် ပွတ်သပ်သွားခဲ့သည်။

“ရေကူးမလို့မဟုတ်ဘူးလား။”

 

ကျန့်ချီသည် သူ၏ခေါင်းကို ဘေးသို့လှည့်ကာ ရှောင်တိမ်းလိုက်သည်။

 

သူသည် ရှောက်ဟန့်၏ အကွက်များကို အထင်သေးလွန်းခဲ့သည်ပင်။ သာမန်လူတစ်ယောက်သည် ဤသို့သော နောက်ပြောင်မှုတစ်ခုကို ကြီးကြီးကျယ်ကျယ် စီစဉ်မည်မဟုတ်သည်မှာ မှန်သော်လည်း၊ ရှောက်ဟန့်သည် သာမန်လူများဆိုသည့်အမျိုးအစားထဲတွင် မပါဝင်ပေ။

 

“ရေကူးသင်တန်းကလူက မင်းစီစဉ်ထားတာလား။”

 

“သူ ကောင်းကောင်းသရုပ်ဆောင်ရဲ့လား။”

ရှောက်ဟန့်သည် အပြုံးတစ်ခုကို လွှတ်တင်လိုက်ပြီး၊ သူ၏လက်ကို လွှတ်ပေးလိုက်သည်။

 “အံ့အားသင့်သွားလား။”

 

ကျန့်ချီက ဆိုသည်။

 “မင်း အံ့အားသင့်ခြင်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အရင်သွားသင်သင့်တယ်။”

 

ထိုအဖြေသည် ရှောက်ဟန့်လိုချင်သော အဖြေမဟုတ်ဟန်တူ၏။ သူသည် မျက်ခုံးပင့်လိုက်ပြီး၊ မျက်လုံးထဲတွင် အမှောင်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

 

“မကြိုက်ဘူးလား။”

 

ကျန့်ချီသည် သူ့ကို စကားမပြောဘဲ စိုက်ကြည့်နေခဲ့ပြီး၊ မည်သို့ပြောစေကာမူ အကျိုးသက်ရောက်မှုမရှိတော့မှန်း သိလိုက်သောအခါ၊ ပြတ်သားစွာ စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့သည်။

“ငါ သွားတော့မယ်။”

 

“ငါ မင်းကို သွားခွင့်ပြုတယ်လို့ ပြောမိလို့လား။”

 

သူ၏လက်ကောက်ဝတ်သည် ရုတ်တရက် ဖမ်းဆုပ်ခြင်းခံလိုက်ရပြီး၊ ကျန့်ချီသည် ရှောက်ဟန့်နှင့်အတူ ဆန့်ကျင်ဘက်လမ်းကြောင်းသို့ အတင်းအကျပ် လိုက်ပါသွားခဲ့ရသည်။ ရေကူးကန်၏ ပိုးသတ်ဆေးရည်အနံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာပြီး၊ အပြင်မှနေရောင်ခြည်သည် အနည်းငယ် စူးရှနေခဲ့သည်။ ဤသို့ အတင်းအကျပ်ဆွဲခေါ်ခြင်းကို ကျန့်ချီသည် အံ့အားသင့်ဖွယ်ရာ အကျွမ်းတဝင်ဖြစ်နေခဲ့ပြီပင်။ သူသည် ဆွဲထားခြင်းခံခဲ့ရသော သူ၏လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ပြီး၊ နောက်သို့မဆုတ်တော့ပေ။ သူသည် ခုလေးတင် တံခါးသော့ခတ်သံကို ကြားလိုက်ရသည်။

 

“ဒီနေရာက အမြဲတမ်း သော့ခတ်ထားတာ။”

ရှောက်ဟန့်သည် လျှောက်သွားပြီး စားပွဲပုလေးပေါ်မှ အဖျော်ယမကာကို တစ်ငုံသောက်လိုက်သည်။ အရသာမတွေ့ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ပြန်ချထားလိုက်ပြီး ဆိုသည်။

 

“ငါ လူတစ်ယောက်ကို သန့်ရှင်းရေးလုပ်ခိုင်းထားတယ်၊ အတင်းအကျပ်ပြောရရင်တော့ ရေကူးလို့ရလောက်ပါပြီ။ မင်း ရေကူးချင်ရင် တန်းဆင်းလာလို့ရတယ်။”

 

ကျန့်ချီသည် ဤစကားထဲမှ အနှုတ်လက္ခဏာ သို့မဟုတ် လှောင်ပြောင်သည့် အစိတ်အပိုင်းများကို ရှာဖွေရန် ကြိုးစားသော်လည်း၊ အဖြေသည် သူထင်သလိုမဟုတ်ဘဲ ရှိနေခဲ့သည်။ သူသည် ရှောက်ဟန့်၏ နောက်ကျောပြင်ကို စိုက်ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်သည်။

 

 “မင်း ဘာလို့ ဒီလိုလုပ်နေရတာလဲ။”

 

ဘာကြောင့် သူဖြစ်နေရမည်နည်း။

 

ဤမေးခွန်းသည် ရှောက်ဟန့်အတွက် အလွန်ထူးဆန်းနေဟန်တူ၏။ သူသည် နောက်သို့လှည့်ကြည့်လာပြီး၊ သူ၏ထူးခြားသော ဆံပင်နီသည် နေရောင်အောက်တွင် ရှားရှားပါးပါး မစူးရှဘဲ ရှိနေခဲ့သည်။၎င်းက နေ့လယ်ပိုင်းနေရောင်ခြည်သည် ပို၍နူးညံ့သောကြောင့်လား သို့မဟုတ် သူ၏မျက်လုံးအိမ်ထဲမှ နက်ရှိုင်းမှုကို မမျှော်လင့်ဘဲ နူးညံ့ပျော့ပျောင်းစေသောကြောင့်လားဆိုတာ မသိပေ။

 

 “မင်း ရေကူးရတာ မကြိုက်ဘူးလား။”

 

ရေကူးရတာကြိုက်တယ်၊ အဲ့ဒါကြောင့် သူ့ကို ရေကူးကန်တစ်ခု ပေးလိုက်တာလား။

 

ကျန့်ချီသည် ဤအဖြေကို အနည်းငယ် အဓိပ္ပာယ်မရှိဟု ထင်မိသော်လည်း၊ ၎င်းက ရှောက်ဟန့်ကဲ့သို့သော ထူးဆန်းသည့်လူတစ်ယောက် လုပ်ဆောင်မည့်အရာတစ်ခုပင် ဖြစ်သည်ဟုလည်း ထင်မိပြန်သည်။

 

ရှောက်ဟန့်သည် သူ၏တိတ်ဆိတ်မှုကို ဂရုမစိုက်ဘဲ၊ သူ၏ရေချိုးသဘက်ကို ကုလားထိုင်ပေါ်သို့ လွှတ်ပစ်လိုက်ကာ ရေကန်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် သူ၏လက်ဖဝါးဖြင့် စိုစွတ်နေသော ဆံပင်နီများကို အပေါ်သို့ သပ်တင်လိုက်ရာ၊ သူ၏ပြောင်လက်သော နဖူးပြင်ပေါ်ထွက်လာပြီး၊ ကျန့်ချီကို တောက်ပ၍ နောက်ပြောင်မှုတစ်ဝက်ပါသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။

 

 “မဆင်းလာတော့ဘူးလား။”

 

ပြဇာတ်လေး

ဝမ်ချွမ်: လေးနာရီကြာအောင် စဉ်းစားပြီးတဲ့နောက်၊ နောက်ဆုံးတော့ အားသာချက်လေးခုကို စဉ်းစားမိသွားပြီ 🙂

အထက်တန်းစားယောကျ်ားလေးများကျောင်း

အထက်တန်းစားယောကျ်ားလေးများကျောင်း

Status: Ongoing Type: Author: Released: 2021 Native Language: Chinese

Description

 

အစပိုင်းမှာတော့ ဘာအတိတ်နိမိတ်မှ မပါတဲ့ အိပ်မက်တစ်ခုသာ ဖြစ်သည်။

 

အိပ်မက်ထဲက မြင်ကွင်းတွေက လက်တွေ့ဘဝနဲ့ တစ်ခုပြီးတစ်ခု ကိုက်ညီလာတဲ့အခါမှာတော့ ကျန့်ချီက သူဟာ danmeiဝတ္ထုစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသည်။

 

စာအုပ်ထဲမှ ဇာတ်လိုက်က အပြစ်ကင်းစင်ပြီး အားနည်းသူဖြစ်ကာ အထက်တန်းစားယောကျ်ားလေးကျောင်းမှ ဝံပုလွေတွေကြားထဲ ဝန်းရံခံနေရပြီး နောက်ဆုံးမှာတော့ 1vN အတင်းအကြပ် အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့သည်။

 

(T/N: 1 vs N ဆိုတာက ဇာတ်လိုက်က တစ်ယောက်တည်းဖြစ်ပြီး ပါတနာက အများကြီးကိုပြောတာပါ)

 

ပြီးတော့ သူကိုယ်တိုင်ကတော့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ကို နေရာတိုင်းမှာ ချောက်ချပြီးနောက် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတဲ့ ဆိုးသွမ်းတဲ့ အမျိုးသား ဇာတ်ပို့ဖြစ်နေခဲ့သည်။

 

ဒါကို ကြိုတင်သိရှိသွားတဲ့ ကျန့်ချီဟာ ဇာတ်လိုက်ရဲ့ အချစ်ရေးကိစ္စတွေထဲ မဝင်ရောက်ဘဲ အထက်တန်းစားယောကျ်ားလေးကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့သည်။

 

ဒါပေမဲ့ သူ တခြားသူတွေကို စပြီး မနှောင့်ယှက်ပါဘဲနဲ့ကို ပြဿနာတွေက သူ့ဆီကို တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။

 

ဇာတ်ကွက်က ပျက်စီးမယ့်လမ်းကြောင်းဘက်ကို ဆက်ပြီး တိုးတက်လာတဲ့အခါမှာတော့ ကျန့်ချီက ဇာတ်လိုက်Gongတွေ သူ့ကို ကြည့်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းလေး ကွဲပြားနေတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ရှိသွားခဲ့၏။

 

•••••••••••

Harem လေးပါ။ တော်တော်များများလည်း သိကြမှာပါ။

1 vs N ပါနော်။ gongက ငါးယောက်ထင်တယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset