⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 5

Arc 1-Chapter 5

ဤ ပုဂ္ဂိုလ်ဖေးလုသည် တစ်ခါတရံမှာ သူ့ကိုယ်သူတောင် ရှက်ရွံ့တတ်တဲ့လူတစ်ယောက်ပါ။

မုန့်ရှောင်ယွဲ့၏ အဖေနှင့်မိထွေးတို့ ကျောင်းသို့မလာခင် သူသည် အကြံပေးပုဂ္ဂိုလ်ထံသို့ ခွင့်သုံးရက်ပျက်ကွက်ရန် အလျင်အမြန်တောင်းဆိုခဲ့ပြီး လီမိသားစု၏အိမ်တွင် ပုန်းခိုနေခဲ့သည်။

​ဒီစုံတွဲက သူ့ဆီကို ရောက်လာတာက ကောင်းတဲ့အရာတော့ မဟုတ်ဘူး၊ ပြီးတော့ ဖေးလုကလည်း မလိုအပ်တဲ့ ရှုပ်ထွေးမှုမျိုးတွေ ရှိစေချင်တာမဟုတ်ဘူး။ အရေးကြီးဆုံးကတော့ ဖေးလုက မုန့်ရှောင်ယွဲ့ရဲ့ခန္ဓာကိုယ်ကို ယူပြီးတဲ့နောက်မှာ သူ့ရဲ့စရိုက်ကို တမင်တကာ မတုပခဲ့ဘူး။ အချိန်အများစုကတော့ သူက ဖေးလုအဖြစ်နဲ့ပဲ ရှိနေခဲ့သည်။

​သူတို့နဲ့ ထိပ်တိုက် ထိတွေ့မိရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်၏။

​၆၆၆ ကတော့ သူ့ရဲ့နောက်ဆုတ်တဲ့အပြုအမူကို အလွန်အမင်း မထီမဲ့မြင်ပြုတယ်။ သူက ဇာတ်လမ်းတွဲတွေထဲက မျက်နှာကို ဖြတ်ရိုက်တဲ့ ဇာတ်ကွက်တွေကို အများကြီးကြည့်ဖူးတာကြောင့်  ဒီလိုအချိန်မျိုးမှာ ဖေးလုက ကျောကိုတည့်တည့်ထားပြီး  စုံတွဲရဲ့မျက်နှာကို ဖြတ်ရိုက်သင့်တယ်လို့ ခံစားခဲ့ရသည်။

 

” ငါထင်တာတော့ ဒီအချိန်က မင်းအတွက် ဗိုင်းရပ်စ်တွေကို သတ်ပစ်ရမယ့်အချိန်ပဲ…” ဖေးလုသည် 666ကို ပျက်ရယ်ပြုလိုက်သည်။ ” ငါပြန်ရောက်တဲ့အခါ ငါမင်းအတွက် ပြီးပြည့်စုံတဲ့ ဗိုင်းရပ်စ်ချေဖျက်သုတ်သင်ရေးကို ထည့်ပေးမယ်။  ငါသင်္ကာမကင်းဖြစ်မိတာက မင်းက ဗိုင်းရပ်စ်တွေဆီကနေ ဦးနှောက်ဆေးခံလိုက်ရတာလားဆိုတာပဲ…”.

[ မင်းက လက်စားချေချင်နေတာပဲ၊ ငါက မင်းကို သူရဲဘောကြောင်တယ်လို့ ပြောနေတာကိုး!] 666သည် ဆိုးယုတ်တဲ့အင်အားတွေကို မကြောက်ဘဲ အပြင်းအထန် ငြင်းခုံတယ်။

ဖေးလုက သရော်လိုက်သည်, ” ငါမင်းကို လက်စားချေနေတာ၊ အဲ့​တော့ ဘာဖြစ်လဲ?”

“……..”။ ကျွင်းကျယ်ရှိ အရေးအခင်းကို လောလောဆယ်သိနေသော ပုဂ္ဂိုလ်သည် 666 စက္ကန့်တွင် ဝန်ခံလိုက်လေသည်, [ အိုင်းယား….အဲ့တာက လူတိုင်းအတွက် မလွယ်ကူဘူးကွာ…အဲဒါကြောင့် တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်မလုပ်မိစေနဲ့, အချစ်လေးရေ, ငါ့ကို ကြယ်ငါးပွင့်လောက် ချီးမြှင့်ပါ, အချစ်လေးရေ…”

ဖေးလုသည် သူ၏ လက်များကို ရင်ဘတ်အနီးတွင် ပွေ့ပိုက်ထားပြီး အထင်သေးနေတဲ့အကြည့်ဖြင့်, ” မင်းရဲ့သရုပ်ဆောင်ချက်ကို ကြည့်ဦး!”

666သည် အတုအယောင်ဆန်ဆန်ငိုပြလိုက်သည်, [ လုလု, မင်းပြောင်းလဲသွားပြီ!]

“………” ဖေးလုသည် သူ၏ လက်မောင်းများကို ပွတ်လိုက်ပြီး သူ့ကို blacklistထဲသို့ အညှာအတာမဲ့စွာ ဆွဲသွင်းလိုက်လေသည်။

666: [!!]  စိတ်တိုစွာဖြင့် ပုံပန်းပျက်သွားသည်!

ဖေးလုသည် ဟိုတယ်မှာ ရက်အနည်းငယ်လောက် နေဖို့ စီစဉ်ထားပေမဲ့ နောက်လာမယ့်တစ်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်ကို မြင်တော့ သူ့ရဲ့စိတ်ကို ပြောင်းလဲလိုက်သည်။

​နောက်ဆုံးအနေနဲ့ ပြောရရင် သူ့ရဲ့ခွင့်ယူရတဲ့ရည်ရွယ်ချက်ကတော့ ပစ်မှတ်နဲ့ ပိုမိုရင်းနှီးလာဖို့နဲ့ ပစ်မှတ်ရဲ့ယုံကြည်မှုကို ရရှိဖို့ နည်းလမ်းတစ်ခုကို ရှာဖွေဖို့ပဲဖြစ်သည်။ နောက်အပတ်တွင် ဖြစ်မည့် မုန်တိုင်းများသည် လီကျွင်းအနားကပ်ဖို့အတွက် ရရှိမည့်အခွင့်အရေးများ ဖြစ်လာပေလိမ့်မည်။

လီကျွင်းသည် မိုးကြိုးမုန်တိုင်းတွေနဲ့ ပတ်သက်ပြီး နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာအမဲရောင်အရိပ်တစ်ခုရှိသည်။ မိုးရွာတဲ့အခါ သူက တစ်ညလုံး အိပ်မပျော်တာအပြင် စိုးရိမ်ပူပန်မှုကိုလည်း ခံစားရသည်။

​တခြားသူတွေက အကြောင်းပြချက်ကို မသိပေမဲ့ ဖေးလုကတော့ သိသည်။ လီချင်းရီက သတင်းကို ကောင်းကောင်းကာကွယ်ထားတာကြောင့် ဖမ်းဆီးမှုကို ခုခံရင်း ပစ်သတ်ခံရတယ်လို့ ကြွေးကြော်ခဲ့တဲ့ ပြန်ပေးဆွဲသမားသုံးယောက်ကို ပစ်သတ်ခဲ့သူမှာ လီကျွင်းဖြစ်ကြောင်း ဘယ်သူမှမသိခဲ့ပေ။

လီကျွင်းသည် ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်သော်လည်း ကလေးတစ်ယောက်လည်းဖြစ်လေသည်။ ကလေးတစ်ဦးအနေဖြင့် သူသည် ကြောက်ရွံ့နေပေလိမ့်မည်။ သူသည် ထို ဖြစ်ရပ်ကို နှစ်အတော်ကြာ ထုတ်ဖော်မပြောခဲ့တော့ လီချင်းရီက သူမေ့သွားသည်ဟု ထင်ခဲ့သည်။

ဖေးလုတစ်ဦးတည်းကသာ သူသည် တစ်ချိန်လုံး အကြောက်တရားဖြင့်နေနေသည်ကို သိခဲ့သည်။ အသက် ၇နှစ်မှ ၁၆နှစ်အထိ, တစ်ချိန်လုံး အကြောက်တရားများနှင့် အကြောက်တရားများသာ ရှိနေခဲ့သည်။

လီကျွင်း ဆေးခြယ်ခဲ့သော ပန်းချီကားများမှာ အကူအညီတောင်းခံနေခဲ့သည်။  သူသည် အသက်၇နှစ်တုန်းက မိုးသည်းနေသောညတွင် ပိတ်မိနေပြီး ဘယ်တုန်းကမှ မလွတ်မြောက်နိုင်ခဲ့ပါပေ။

မိုးလေဝသခန့်မှန်းချက်သည် အလွန်တိကျခဲ့ပေသည်။ ဖေးလု  လီအိမ်တော်သို့ ပြောင်းရွှေ့ခဲ့သည့် ဒုတိယနေ့တွင်, တပေါက်ပေါက်ကျနေသော မိုးရေများနှင့် အဆက်မပြတ် မိုးခြိမ်းသံများမှာ ရပ်တန့်မသွားခဲ့ပေ။

ကောင်းကင်ကြီးသည် မီးခိုးရောင်တိမ်တိုက်များဖြင့် ဖုံးအုပ်ခံထားရပြီး မိုးရေစက်များသည် မြေပြင်ပေါ်သို့ တဖြောက်ဖြောက်ကျနေပြီး ပျင်းစရာကောင်းသောအသံကိုဖြစ်ပေါ်စေကာ လေထုရှိရေငွေ့များမှာ ထူထပ်နေခဲ့သည်။

အခန်းသည် သိသိသာသာခြောက်သွေ့နေသော်လည်း အပြင်ဘက်ရှိ တဖြောက်ဖြောက်ကျနေသော မိုးရေများကို ကြည့်လိုက်သည့်အခါ စိုထိုင်းမှုသည် အရိုးများအတွင်းသို့ပင် စိမ့်ဝင်သွားစေပုံပေါ်ခဲ့သည်။

လီကျွင်းသည် တစ်နေကုန် နွမ်းလျနေခဲ့ပြီး လက်တစ်ဖက်ဖြင့် ပြတင်းပေါက်နားတွင် မူးဝေစွာ မှီနေခဲ့သည်။ အနက်ရောင် သူငယ်အိမ်များ မြူဆိုင်းနေသည်မှာ အောက်သို့သေချာစွာ မမြင်နိုင်လောက်အောင် နက်ရှိုင်းနေသည့် ရေတွင်းတစ်တွင်းကဲ့သို့ပင်။ ဖေးလုသည် သူ၏ဘေးတွင် ငြိမ်သက်စွာ ဆေးခြယ်ပြီး စာဖတ်နေခဲ့ကာ ညရောက်လာဖို့အတွက် ငြိမ်ငြိမ်လေးစောင့်နေလေသည်။

ကတိပြုထားသည့်အတိုင်း ညရောက်လာခဲ့သည်။

လီကျွင်း၏ အခန်းသည် အလင်းတစ်စမျှမရှိဘဲ ကတ္တရာရောင်လို မှောင်ပိန်းနေခဲ့သည်။

သို့သော် သူ မအိပ်နေမှန်း ဖေးလုသိသည်။

နံရံပေါ်ရှိနာရီလက်တံသည် ဆယ်နာရီသို့ ညွှန်ပြနေခဲ့သည်။ ဖေးလုသညွ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ အမူအရာကို ချိန်ညှိလိုက်ကာ ခေါင်းအုံးကိုပိုက်၍ သူ၏ ဖိနပ်များကိုဆွဲလိုက်ကာ လီကျွင်း၏ တံခါးကိုခေါက်ခဲ့သည်။

” ဒေါက် ဒေါက် ဒေါက်..”

အခန်းမှာ သူ၏သခင် အမှန်တကယ် အိပ်ပျော်နေခဲ့သည့် အတိုင်း တိတ်ဆိတ်နေခဲ့သည်။

မူလအခြေအနေကိုထိန်းသိမ်းထားပြီး ဖေးလုသည် ဆက်၍ခေါက်လိုက်ကာ တံခါးခေါက်နေစဥ် သူသည် ခပ်တိုးတိုးပြောလိုက်သည်, ” လီကျွင်း ငါပါ…တံခါးကိုဖွင့်”

နွေရာသီ၏ မိုးရွာနေသော ညတစ်ညတွင်, အပူချိန်သည် အရမ်းမမြင့်ပေ။ ဖေးလုသည် ညအိပ်ဝတ်စုံများကို ဝတ်ဆင်၍ တံခါးရှေ့တွင် မတ်တပ်ရပ်နေပြီး မကြာခင်တွင် သူ၏ ခန္ဓာကိုယ်သည် အေးလာခဲ့သည်။

သူသည် တုန်ယင်နေပြီး ခေါင်းအုံးကိုတင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ သွားများကို ကြိတ်လိုက်ပြီး တံခါးကိုဆက်ခေါက်နေသည်။

” ဒေါက် ဒေါက် ဒေါက် ဒေါက်…”

ဖေးလု၏ သွားများ စတင်တုန်ယင်လာသောအခါ တံခါးသည် ပွင့်သွားခဲ့သည်။ လေးကန်ထိုင်းမှိုင်းခြင်းကြောင့် သူ၏ အေးစက်နေသော လက်မှာ လီကျွင်း၏ပူပြင်းသော ရင်အုပ်ကို တိုက်ရိုက်ထိမိသွားချေသည်။

ခန္ဓာကိုယ်မှ နွေးထွေးသော အပူချိန်သည် သူ၏ လက်ဖဝါးများသို့ စီးဆင်းသွားပြီး ဖေးလုသည် ပြုံးလိုက်ကာ သူ၏ လက်များကို လီကျွင်း၏ ညအိပ်ဝတ်စုံအတွင်းသို့ ထည့်လိုက်သည်။

” ဘာကိစ္စလဲ?” လီကျွင်း၏ အသံမှာ အက်ကွဲနေခဲ့ပြီး သူ၏သဘောထားမှာ နေ့ဘက်ထက် ပို၍ ဆိုးရွားနေခဲ့သော်လည်း သူသည် သူ၏ ရင်ဘတ်ပေါ်ရှိ အေးစက်နေသော လက်များကို မဖယ်ရှားခဲ့ပေ။

ဖေးလုသည် သူ၏ လက်မောင်းအောက်မှ အခန်းထဲသို့ ဝင်သွားပြီး ခေါင်းအုံးကိုကိုင်ကာ, ” ငါ အပြင်က မိုးခြိမ်းသံတွေကိုကြောက်လို့။ ငါမင်းနဲ့အတူ ဒီညအိပ်မယ်…”

အခန်း၏ အလယ်တွင် king size အိပ်ရာတစ်ခုရှိနေသည်။ စောင်များမှာ သေသပ်နေပြီး မည်သည့်အတွန့်များမှမရှိဘဲ သပ်ရပ်နေသည်။ ဖေးလုသည် ထိုအရာကို ဖြတ်ခနဲကြည့်လိုက်ပြီး ထိုပေါင်ပေ့လေးသည် အိပ်ရာကိုပင် မထိရသေးကြောင်းသိသွားသည်။

သူသည် ပျာယာခတ်ပြီး အိပ်ရာပေါ်သို့ လှိမ့်ချလိုက်ကာ ဂွမ်းစောင်ကို သူ၏ပတ်ပတ်လည်တွင် ပတ်လိုက်ပြီး အထဲတွင် သူ့ကိုယ်သူမြှုပ်နှံလိုက်ကာ ပြင်းပြင်းထန်ထန်ပွတ်နေသည်။

လီကျွင်း: “…….”

နောက်ဆုံး နွေးထွေးသွားသည်ကိုခံစားရမှ ဖေးလုသည် ဂွမ်းစောင်ထဲမှ ထွက်လိုက်ကာ သူ့ကိုနှုတ်ဆက်လိုက်သည်, ” မင်းဘာလုပ်နေတာလဲ? မြန်မြန်တက်လာခဲ့…”

လီကျွင်းသည် စကားတစ်လုံးမှမပြောဘဲ အိပ်ရာဘေးတွင် ရပ်နေခဲ့သည်။ သူသည် ပိုးကောင်လေးကဲ့သို့ ထုပ်ပိုးခံထားရသော ဖေးလုကို နက်နက်နဲနဲကြည့်လိုက်သည်။

သူ သူ့ကိုကြည့်လိုက်သောအခါ ဖေးလုသည် အနည်းငယ်တုန်လှုပ်နေခဲ့သည်။ သူ အကြံဆွဲပြီး ပြောထားတဲ့ စကားတွေကို သူသိသွားပြီလား သူမသေချာပေ။ သူသည် သူ၏ခေါင်းကို လိပ်ပြာမလုံသောစိတ်ဖြင့် ကျုံ့လိုက်ပြီး လီကျွင်းကို မဝံ့မရဲကြည့်လိုက်သည်။

လီကျွင်းသည် အိပ်ရာပေါ်ရှိ ပိုးတုံးလုံးလေးကို အတန်ကြာ ငေးကြည့်နေပြီးနောက် ရုတ်တရက်ရယ်လိုက်သည်။

ဖေးလု၏ နောက်ကျောရှိ ချွေးအေးများ ကျဆင်းသွားခဲ့သည်။

တုံ့ဆိုင်းနေသော မျက်နှာထားရှိသည့် သူတစ်ဦးမှာ ရုတ်တရက်ကြီး သင့်ကိုကောင်းကောင်းမွန်မွန်ရယ်ပြလာပါလျှင် အဲ့တာကသေချာပေါက် ကောင်းမည့်အရာမဟုတ်ပေ။

လီကျွင်းသည် ယခု အလွန်ကောင်းမွန်စွာ ပြုံးရယ်နေခဲ့သည်။

ပိုးတုံးလုံးလေးသည် တုန်ယင်သွားပြီး တစ်ခြားတစ်ဖက်သို့ သတိထားကာ ရွှေ့သွားခဲ့သည်။

လီကျွင်းသည် သဘာဝကျကျ ငုံ့ချလိုက်ပြီး ပထမဆုံး သူ၏လက်ကိုဆန့်ထုတ်ကာ ပိုးတုံးလုံးလေး၏ ထွက်နေသော ဆံပင်များကို ပွတ်သပ်ပေးလိုက်ပြီးနောက် သဘာဝကျစွာပင် ပိုတုံးလုံးလေးကို ကောက်ချီလိုက်ကာ တက်လိုက်သည်။

အပြင်ဘက်ရှိ လေအေးများသည် စောင်ထဲသို့ ဝင်ရောက်လာပြီး ဖေးလုသည် အေးစက်စွာ တုန်ယင်နေကာ မတတ်နိုင်စွာ နောက်သို့ပြန်ဆုတ်လိုက်သည်။

” မလှုပ်နဲ့” လီကျွင်းသည် သူ့ကို ပိုင်စိုးပိုင်နင်းပြန်ဆွဲလိုက်ပြီး လက်များနှင့် ‌ခြေထောက်များကို သေချာစွာထုတ်ပိုးလိုက်သည်မှာ ကြီးမားသော ဝက်ဝံရုပ်ကို ပိုက်ထားသကဲ့သို့ပင်။

ဤ ဇာတ်ကွက်သည် အနည်းငယ် တွေဝေစရာဖြစ်ပြီး ဆက်မသွားနိုင်ပေ။

ဖေးလုသည် သူ၏ လက်မောင်းများထဲတွင် ကိုးရိုးကားယားနိုင်စွာ အချီခံထားရပြီး‌ ကောင်လေး၏ ခုန်နေသော နှလုံးသားကိုခံစားလိုက်ရကာ နောက်ဆုံးတွင် 666ကို blacklistမှ ထုတ်ပေးလိုက်သည်။ ယခုသူသည် သက်သောင့်သက်သာရှိမှုကို လိုအပ်နေပေသည်။

[ ဖေးလု…မင်း.. မကောင်းတဲ့..]  နောက်ဆုံးစကားလုံးများသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး 666သည် အချင်းချင်းဖက်တွယ်ထားကြသော လူနှစ်ယောက်ကိုမြင်လိုက်ရတော့ သူ၏ မျက်ဝန်းများမှာ စိတ်ပျက်ခြင်းများနှင့် ပြည့်သွားခဲ့သည်။ [ လုလု, မင်းချစ်မိသွားပြီ..]

[ ငါမှာတော့ မင်းကိုအတော်ကြာမတွေ့ရဘူး။ မင်းကတော့အခင်းတွေပေါ်မှာတောင် လူးလှိမ့်နေတယ်ပေါ့!]

“……” ဖေးလု၏ မျက်ခွံများသည် ဆတ်ခနဲဖြစ်သွားပြီး ဒီကောင်ကို blacklistထဲသို့ ဆွဲသွင်းချင်နေသည့်ဆန္ဒပြင်းပြင်းကို ခုခံထားရပြီး သူ၏ မဟာဗျူဟာအကြောင်းကို အနှစ်ချုပ်ရှင်းပြခဲ့သည်။

666သည် ကြီးမားသော ထိတ်လန့်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး သူ၏အသံမှာ အနည်းငယ် ပျင်းရိစဖွယ်ကောင်းနေသည်။ [ အဲ့တော့ ပစ်မှတ်ရဲ့ ယုံကြည်မှုကိုရဖို့အတွက် မင်းက ခန္ဓာကိုယ်ကို ရောင်းတော့မှာပေါ့?]

“မဟုတ်ဘူး..” ဖေးလု၏ မျက်ခွံများမှာ ပို၍ပင် တုန်ယင်သွားပြီး, ” အဲ့တာက မတော်တဆ သက်သက်ပဲ”

[ ယောက်ျားလေး၊ မိန်းကလေး ဘယ်လောက်ကများ မတော်တဆမှုတွေကနေ စပြီး အမှားပြုလုပ်သွားခဲ့ကြတာ‌လဲ။] 666သည် ရင်ကွဲနာကျနေခဲ့သည်။ [ ငါတိတ်တိတ်​လေးနေဖို့ အချိန်လိုတယ်]

“……”

အဆုံးသတ်တွင်, ဖေးလုသည် အိပ်မောကျမသွားစေရန် တောင့်မခံနိုင်တော့ပေ။ လီကျွင်း၏ ခန္ဓာကိုယ်သည် အလွန်နွေးထွေးပြီး မတူညီတဲ့တစ်ဖက်မှ အနွေးစမ်းချောင်းလေးလို ရောက်လာခဲ့သည်။ စိုစွတ်ပြီး အေးစက်နေတဲ့ မိုးရွာတဲ့ညမှာ, ထိုအရာသည် လွန်လွန်ကဲကဲ ဆွဲဆောင်နေခဲ့သည်။

ဖေးလု၏ မျက်နှာတစ်ဝက်သည် လီကျွင်း၏ ရင်ဘတ်ထဲတွင် မြှုပ်နေပြီး ဟောက်နေကာ သရေများလည်း ကျလုမတတ်ဖြစ်နေခဲ့သည်။

လီကျွင်းသည် ပြတင်းပေါက်အပြင်မှ အဆက်မပြတ် လက်နေသော လျှပ်စီးကြောင်းများကိုကြည့်ပြီး သူ့လက်မောင်းများကြားအိပ်ပျော်နေသောသူကို ကြည့်လိုက်သည်။

ပါးမို့မို့လေးများမှာ ဝဖြိုးနေပြီး မျက်ခွံလေးများက အလွန်ပါးကာ အောက်မျက်ဆံမှာ ပုံမှန်ဖြစ်စွာ လှည့်နေပြီး ကြည့်ရသည်မှာ သူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကာ မိုးခြိမ်းသံကို လုံးဝကြောက်တဲ့ပုံမပေါ်ပါပေ။

” လူလိမ်လေး..”

လီကျွင်းသည် သူ၏နှုတ်ခမ်းများကို တို့ထိလိုက်စဉ် အသားအရေမှာ အလွန်နူးညံ့နေပြီး ခံစားရ အလွန်ကောင်းမွန်လေသည်။ စိတ်မထိန်းနိုင်ဘဲ ထိုအရာကို နှစ်ခါလောက် ကြမ်းကြမ်းပွတ်တိုက်လိုက်ပြီး သူ့လက်မောင်းများကြားရှိသူမှာ စိတ်မရှည်လက်မရှည် ညည်းညူလာပြီး သူ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ကာ ပန်းရောင်သန်းနေသော လျှာထိပ်လေးကိုထုတ်ဖော်လိုက်လေသည်။

လီကျွင်း၏ အမူအရာသည် မည်းမှောင်သွားကာ သူ၏ မျက်ဝန်းများသည် အမှောင်ထုထဲတွင် တောက်ပနေသည်။သူသည် သူ၏ လက်ထိပ်များကို မဝံ့မရဲညှစ်လိုက်ပြီး နှုတ်ခမ်း၏အစိုဓာတ်ကို ခံစားနေခဲ့သည်။

သူ့လက်ထဲရှိသူမှာ ကြိုတင်မပြင်မဆင်ဘဲ အိပ်ပျော်နေပြီး လီကျွင်းသည် သူ၏ လက်ချောင်းများကို နည်းနည်းလောက်ပိုထည့်ရန် ကြိုးစားနေခဲ့ကာ ယခုအခါတွင်တော့ သူသည် ချောကျိနူးညံ့နေသော လျှာကိုထိမိသွားသည်။ ဖေးလုသည် မသက်မသာဖြစ်စွာ ပြန်တွန်းထုတ်လိုက်ကာ သူ၏လက်ချောင်းများကို လျှာဖြင့်ဖိထားလိုက်သည်။

လီကျွင်းသည် ကောင်းမွန်သောအချိန်ကို ရရှိနေခဲ့ပြီး သူသည် သူ၏ဆန္ဒအနည်းငယ်နှင့်အတူ လက်ချောင်းများကို ဆွဲထုတ်လိုက်သည်။

ဖေးလုသည် သူ၏နှုတ်ခမ်းကို စိတ်ကျေနပ်စွာ ပွတ်လိုက်ကာ ဆက်လက်အိပ်နေခဲ့သည်။

သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် တွန့်ကွေးနေပြီး လီကျွင်းသည် အမှောင်ထုထဲတွင် အကြောင်းမဲ့သက်သက် ပြုံးနေခဲ့ကာ ညလည်ခေါင်တွင် သူ၏ လက်ချောင်းများကို ခြောက်နေသော နှုတ်ခမ်းတွေထဲသို့ ထုတ်လိုက်သွင်းလိုက်လုပ်နေခဲ့ပြီး သူတို့ကို အစိုဓာတ်ဖြည့်ပေးခဲ့သည်။ နှုတ်ခမ်းတို့သည် ကစားခံရပြီးနောက် ဖောင်းကြွလာသည်ကိုကြည့်ရင်း သူသည် လက်များကို အင်တင်တင်ဖြင့်ရပ်တန့်လိုက်သည်။

နောက်တစ်ရက် ဖေးလုနိုးလာသောအခါ , သူ၏ ဘေးတွင် တစ်ယောက်မှမရှိချေ။သူသည် သူ၏ကြက်ခြံသဖွယ် ဆံပင်များကို ဆေးကြောရန်အတွက် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

မှန်ထဲရှိ လူငယ်လေးသည် နီမြန်းသောမျက်နှာရှိပြီး သာမန်ထက် စိုစွတ်နေသော ငွေ့ရည်ဖွဲ့မျက်လုံးများရှိသည်။ ဖေးလုသည် သူ၏ အလှတွင် ကြည်ညိုနေရင်း သွားတိုက်ဆေးကို ပျင်းရိစွာ ညှစ်လိုက်တာ သွားတိုက်လိုက်သည်။

သွားတိုက်ဆေးသည် သူ၏ နှုတ်ခမ်းများကို ထိထိချင်းမှာပင် သူသည် ” ဟစ် ” ခနဲဟူသော အသံကိုပြုမိသွားလေသည်။ ဆိုတော့ သူဒါကိုမမြင်ခဲ့ဘူးပေါ့။ သူသွားများကို တိုက်နေစဉ် သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် နီရဲနေပြီး ယောင်ယမ်းနေခဲ့သည်ကို သတိပြုမိလိုက်သည်။ ဖေးလုသည် သွားတိုက်ဆေးကို ထွေးထုတ်လိုက်ပြီး သူ၏ပါးစပ်ကို ဂရုတစိုက် ဆေးကြောလိုက်သည်။ သိပ်မတွေးနဲ့!!

မနေ့က ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုနေခဲ့သော 666သည် တိတ်ဆိတ်နေပြီး အသံတစ်သံမှပင် မပြုခဲ့ပေ။ သူ့ကို ခြိမ်းခြောက်လို့ရတယ်လို့ ဖေးလုကို ဘယ်သူပြောခဲ့တာလဲ!!!

End of chapter 5

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset