⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 6

Arc 1-Chapter-6

 

မိုးကြိုးမုန်တိုင်းသည် တစ်ပတ်နီးပါးကြာမြင့်ခဲ့ပြီး နေမင်းကြီးသည် ထူထဲတဲ့မိုးတိမ်တွေအောက်မှာ ပုန်းအောင်းနေကာ နွေးထွေးသော အလင်းရောင်တစ်စမှ မထွက်ပေးခဲ့ပေ။

 

မိုးကြိုးကိုကြောက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖေးလုသည် လီကျွင်း၏အိပ်ရာရဲ့တစ်ဝက်ကို သိမ်းယူလိုက်သည်။

 

လီကျွင်းရဲ့အိပ်ရာကြီးသည် အရမ်းသက်တောင့်သက်သာရှိပြီး လီကျွင်းရဲ့တိရစ္ဆာန်ပုံစံခေါင်းအုံးကလည်း အရမ်းနွေးထွေးတာကြောင့်  ဖေးလုမှာ နေ့တိုင်းသက်တောင့်သက်သာအိပ်ပျော်နေပါသည်!

 

တစ်ခုတည်းသော မကောင်းတာက သူ နည်းနည်းမအီမသာဖြစ်နေသလိုခံစားရတာပါ။

 

မနက်တိုင်း သူ့နှုတ်ခမ်းတွေနည်းနည်းရောင်နေပြီး လျှာမှာလည်း အနာလေးတွေဖြစ်နေသည်။ ဖေးလု သူ့မျက်နှာကိုတွန့်ရှုံ့ပြီး သွားတိုက်လိုက်သည်။ သွားတိုက်ဆေးအမြှုပ်တွေနဲ့ သူ့နှုတ်ခမ်းပတ်လည်မှာ အဖြူရောင်မုတ်ဆိတ်တုလေးဖြစ်နေသည်။

 

လီကျွင်းကလည်း သူ့ဘေးမှာရပ်ပြီး သွားတိုက်နေသည်။

 

မှန်ပါတယ်၊ ဖေးလု ဧည့်သည်ခန်းက သူ့ပစ္စည်းတွေကို လီကျွင်းရဲ့အိပ်ခန်းထဲကို အကုန်ပြောင်းယူလိုက်ပါပြီ! စင်ကြယ်သော မှော်ဆရာကြီးတစ်ဦးဖြစ်သည့် ဖေးလုသည် သိုးတစ်ကောင် ကျားခံတွင်းဝထဲသို့ ရောက်လာသည်ကို မသိပဲ ဘယ်အရာမှမှားမနေဘူးလို့ခံစားရကာ ကိုယ့်ကိုယ်ကိုတောင် အတော်ပင်စိတ်ကျေနပ်နေသည်။

 

သူက 666 ကို ကြွားလိုက်တယ်၊ “ဒီတစ်ခါတော့ ငါရည်မှန်းချက်တွေ အရမ်းမြန်မြန်ပြည့်တော့မှာပဲ! မကြာခင်မှာ ငါ လီကျွင်းရဲ့ဆရာဖြစ်လာပြီး သူ့ကိုအမှောင်ထုကနေဆွဲထုတ်ကာ ပိုကောင်းတဲ့အနာဂတ်ကိုဖန်တီးပေးနိုင်တော့မယ်!”

 

[ဟား…] 666 က နားလည်ရခက်စွာ ရယ်လိုက်တယ်။

 

ဖေးလုရဲ့ ဖင်ပေါက်တင်းကျပ်သွားပြီး ရုတ်တရက်အေးစက်သွားသော666 ရဲ့တုံ့ပြန်မှုက သူ့ကိုစိတ်မသက်မသာဖြစ်စေတယ်၊ “တစ်ခုခုပြောစရာမရှိတော့ဘူးလား”

 

666 က အေးစက်စွာပြုံးပြလိုက်တယ်၊ [ကံကောင်းပါစေ၊ ဆရာကြီး။]

 

ဖေးလု: “…” ဒါက ဘာလို့စဉ်းစားရင်စဉ်းစားသလောက် ပိုဆိုးလာရတာလဲ?

 

ဖေးလုသည် နှစ်စက္ကန့်မကြာစွာ ရှုပ်ထွေးသွားပြီးနောက်၊ ပြန်ပျော်ရွှင်သွားကာ 666 ရဲ့အပြောအဆိုအပြုအမူတွေကို မေ့ပစ်လိုက်သည်။

 

အကြံပေးအတိုင်ပင်ခံဆီက ရထားတဲ့ ခွင့်သုံးရက်ကုန်သွားပြီ။ ပိတ်ရက်နှစ်ရက်နဲ့အတူ ဖေးလုမှာ အားလပ်ရက်ငါးရက်အပြည့်ရှိခဲ့သည်။ ဒီကာလအတွင်း မုန့်မိသားစုနဲ့ သူတို့ဇနီးမောင်နှံသည် သူ့ကိုရှာဖို့ကျောင်းကိုအကြိမ်ကြိမ်လာခဲ့ပေမယ့် အလဟဿပြန်သွားကြရသည်။ မုန့်ရှောင်ယွဲ့ရဲ့ဖခင်က စိတ်ဆိုးနေပေမယ့် လူကိုမတွေ့တော့၊ ဘယ်လိုလုပ်ရမှန်းမသိပေ၊ သူသည်ဒေါသထွက်စွာနဲ့ပဲ ပြန်သွားရသည်။

 

ဒီအကြောင်းတွေအားလုံးကို 666 က ကြော်ငြာတွေဝင်တဲ့ အချိန်လေးမှာ သူ့ကိုပြောပြတာဖြစ်သည်။ 666 သည် မကြာခင်က မိသားစုဇာတ်လမ်းတွေကိုစွဲလမ်းနေပြီး အထူးသဖြင့် ဆွေမျိုးအချင်းချင်းကြားဖိနှိပ်သောဇာတ်လမ်းမျိုးဖြစ်သည်။ ဖေးလုကိုရှင်းပြတဲ့ပုံစံကလည်း အထင်ကြီးစရာပါပဲ။

 

ဖေးလုက တစ်ခွန်းတည်းအနှစ်ချုပ်လိုက်တယ် – ဘေးကျပ်နံကျပ်ကာလကတော့ ပြီးသွားပြီ။

 

သူအခုဆို စိတ်ချလက်ချနဲ့ ကျောင်းပြန်တက်လို့ရပြီ။

 

အိပ်ခန်းထဲပြန်ဝင်ပြီး အဝတ်အစားတွေထုပ်ရင်း ဖေးလုက သူ့အိတ်ကိုဆွဲကာ ကျောင်းပြန်ဖို့ အဆင်သင့်ဖြစ်နေပြီ။

 

လီကျွင်းက တိတ်တဆိတ်နောက်ကနေလိုက်နေတယ်၊ ခွေးပေါက်လေးလိုပါပဲ။ ဒီခွေးပေါက်လေးရဲ့နားမှ လေထုဖိအားမှာ အရမ်းနိမ့်နေပြီး မပျော်မရွှင်ဖြစ်နေသလိုပဲ။

 

စိတ်လှုပ်ရှားနေတဲ့ ဖေးလုက ဘယ်အရာမှ မှားနေတယ်လို့မခံစားရဘဲ သီချင်းလေးဆိုရင်း အောက်ထပ်ကိုဆင်းသွားသည်။

 

“ဦးလေးဝမ်၊ ကျွန်တော်ကျောင်းပြန်တော့မယ်” ဖေးလုက ပြုံးပြီး ဦးလေးဝမ်ကို ပြောလိုက်သည်။ ဒီရက်တွေအတွင်းမှာ ဦးလေးဝမ်နဲ့သူ တော်တော်ရင်းနှီးသွားပြီဖြစ်သည်။

 

“အေး၊ ဒါဆိုငါ ကားသမားကိုခေါ်ပြီး မင်းကိုပို့ခိုင်းလိုက်မယ်”

 

ဖေးလုက သူ့လက်ကိုလှုပ်ပြီး “မလိုပါဘူး” လို့ပြောကာ နောက်ကနေလိုက်နေတဲ့ လီကျွင်းဘက်လှည့်ပြီး “ငါကျောင်းပြန်တော့မယ်၊ သန်ဘက်ခါမှပြန်တွေ့မယ်နော်~” လို့ပြောလိုက်သည်။

 

မနက်ဖြန် သူ အချိန်ပြည့်အတန်းရှိသောကြောင့် မလာတော့ပေ။ အတန်းမရှိတော့တဲ့ နောက်တစ်နေ့မှပဲ ပြန်လာမှာဖြစ်သည်။

 

လီကျွင်းက နှုတ်ခမ်းကိုဖိပြီး တစ်ခွန်းမှမပြောဘဲ နောက်ကနေ ဆက်လိုက်နေသည်။

 

“ဟင်?” ဖေးလုက နောက်ကလိုက်နေတဲ့လူကိုသတိထားမိသွားတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့လှည့်မေးလိုက်တယ်၊ “မင်းငါ့နောက်ကို ဘာလို့လိုက်နေတာလဲ? ငါ့ကို လိုက်ပို့စရာမလိုပါဘူး၊ အိမ်ထဲပြန်ဝင်တော့”

 

“…” လီကျွင်းက မျက်နှာသေနဲ့ဘဲ “ကျွန်တော်လည်းသွားမယ်” လို့ပြောလိုက်သည်။

 

“ဘယ်ကိုလဲ?” ဖေးလုက အခြေအနေကိုသဘောမပေါက်သေးဘဲ နားမလည်စွာဆက်မေးလိုက်သည်။

 

သူ့မှတ်ဉာဏ်ထဲမှာ လီကျွင်းသည် ဘယ်တော့မှ အပြင်မထွက်သောကြောင့် လီကျွမ်း သူနဲ့အတူကျောင်းသွားချင်နေတယ်ဆိုတာ သူသဘောမပေါက်ခဲ့ပေ။

 

“ကျောင်း” လီကျွင်းက သူ့ကျောပိုးအိတ်ကိုအတင်းယူပြီး သူ့ကျောမှာလွယ်လိုက်ကာ “သွားကြရအောင်” လို့တိုက်တွန်းလိုက်သည်။

 

“…”

 

ဒါနဲ့ ဖေးလုသည် နားမလည်နိုင်စွာ ကျောင်းပြန်သွားလိုက်ရသည်။

 

ပြောရရင် လီကျွင်းကလည်း Y တက္ကသိုလ်ရဲ့ကျောင်းသားတစ်ယောက်ပါ။ဒါပေမယ့် ဖေးလု သူ့ရဲ့ဆရာအဖြစ်လုပ်နေချိန်တုန်းက သူသည် လီအိမ်ရဲ့တံခါးအပြင်ကိုတောင် မထွက်ဖူးတာ ဖေးလုမှတ်မိသည်။ အခုဒီလူက သူနဲ့အတူထွက်လာတော့ ဖေးလုမှာ နည်းနည်းစိုးရိမ်နေမိတယ်၊ “မင်းဒီတိုင်းထွက်လာတာ… ဘာမှမဖြစ်ဘူးလား?”

 

လီကျွင်းက သူ့ကိုထူးထူးဆန်းဆန်းကြည့်ကာ ပြောလိုက်တယ်၊ “ဘာမှမဖြစ်ဘူး”

 

“အိုး” ဖေးလုပြန်တုံ့ပြန်လိုက်ပြီး စကားမပြောတော့ပေ။

 

သူစိတ်ထဲမှာ 666 ကိုအရေးပေါ်ခေါ်လိုက်တယ်၊ “666 ရေ! အကူအညီလိုနေပြီ!”

 

666 က ဇာတ်လမ်းတွေကြည့်ရတာ စွဲနေပြီး၊ အကြောင်းပြန်ချက်မရှိပေ။

 

ဖေးလုစိတ်ဆိုးသွားကာ၊ သူလှောင်ပြုံး ပြုံးလိုက်ပြီး AI ကြီးကြပ်ရေးမှူးရဲ့အာဏာကိုသုံးကာ 666 ရဲ့အင်တာနက်ကိုဖြတ်လိုက်သည်။

 

666: “!!!”

 

666 က ငြင်းဆန်စွာပြောလိုက်တယ်၊ [မင်းဒီလိုလုပ်နေရင် ငါပြောပြမှာမဟုတ်ဘူး]

 

ဖေးလု အောင်ပွဲခံသလိုပြောလိုက်တယ်၊ “ငါ့ကိုထပ်ပြီးလျစ်လျူရှုကြည့်စမ်းပါ”

 

“…” 666 ဒေါသပေါက်ကွဲတော့မယ့်အခြေအနေရောက်နေပြီး အသံမှာပိုပိုပြီးအုံ့မှိုင်းလာတယ်၊ [မင်းဘာဖြစ်နေတာလဲ?]

 

ဖေးလုမျက်နှာကိုကုတ်ခြစ်ရင်း နားမလည်နိုင်စွာ နည်းနည်းစိတ်ညစ်သွားသလို၊ “ငါ့အထင် လီကျွင်းမှာတစ်ခုခုမှားနေသလားလို့… မင်းရောထင်လား သူက တကယ်ကိုထူးဆန်းနေတယ်”

 

666 က သရော်သံနဲ့ပြောလိုက်တယ်၊ [ငါထင်တာကတော့ မင်းကအဆိုးဆုံးပဲ]

 

“…” ဖေးလု မကျေမနပ်ဖြစ်သွားတယ်၊ “AI တွေက ဒီလောက် အငြိုးကြီးတာလား… ကျေးဇူးပြုပြီးကူညီဆန်းစစ်ပေးပါအုန်း၊ ငါထင်နေတာက သူအခုတလော အတော်အထူးဆန်းနေတယ်” ဘာကြောင့်လဲဆိုတာတော့ သူအတိအကျမပြောနိုင်ဘူး။

 

666 ရဲ့ ဇာတ်လမ်းမှ အပြစ်တင်ရှုံ့ချခန်းတွေ အရေးကြီးတဲ့အကြောင်းအရာအပိုင်းတွေ လွတ်သွားတယ်၊ လီကျွင်းမှာ တကယ်ထူးဆန်းနေတယ် ဒါပေမယ့် အင်တာနက်ဖြတ်လိုက်တာကို မမေ့သေးတဲ့အတွက် သူဘယ်တော့မှပြောမှာမဟုတ်ဘူး! အဲ့ဒီအစား ဖေးလုကိုဖြောင်းဖျပြီးပြောလိုက်တယ်၊ [မဟုတ်ပါဘူး~ ငါကတော့ပုံမှန်ပဲထင်တယ်၊ မင်း အရမ်းအတွေးလွန်နေတာလားလို့~]

 

“…” ဖေးလုသည် တစ်ခုခုမှားနေတယ်လို့ပြောချင်ပေမယ့် ပြန်လည်ချေပဖို့အကြောင်းပြချက်မရှိသောကြောင့် နှုတ်ပိတ်လိုက်ရသည်။

 

666 က နူးညံ့စွာပြောလိုက်တယ်၊ [မွ~ အင်တာနက်ပြန်ဖွင့်ပေးပါအုန်း၊ အဆင်ပြေရင် ငါဆက်ပြီးဇာတ်လမ်းကြည့်လိုက်အုန်းမယ်~]

 

ဖေးလု မလွဲမရှောင်သာ သူ့ကိုအင်တာနက်ပြန်ဖွင့်ပေးလိုက်ရသည်။

 

666 နောက်ဆုံးတော့ နည်းနည်းစိတ်ရင်းမှန်နဲ့ပြုံးပြလိုက်ပြီး ဖေးလုကို စိတ်ထဲကပြောလိုက်တယ်၊ [ကံကောင်းပါစေ၊ အချစ်~]

 

ဖေးလု: “…”

 

အဆောင်အပြန်လမ်းမှာ သူတို့နှစ်ယောက်ကို လူတွေအကြိမ်ကြိမ်လှည့်ကြည့်နေကြသည်။

 

လီကျွင်းက အရပ်ရှည်ပြီးချောမောတယ်၊ ဖေးလုကလည်း သိမ်မွေ့ပြီး ချောမောပြီး နှစ်ယောက်အတူလျှောက်နေတဲ့ပုံစံက တကယ့်ကိုလိုက်ဖက်နေသည်။ နှစ်ယောက်ကြားမှာ လက်နှစ်ဆုပ်စာလောက်ခြားနေပေမယ့် ကြည့်ရတာ ချစ်စရာကောင်းနေသည်။

 

ဖေးလုသည် လူတွေရဲ့ထူးဆန်းတဲ့အကြည့်တွေကြားက သခင်လေးလီကို အဆောင်သို့ ချက်ချင်းဆွဲခေါ်သွားလိုက်သည်။

 

Y တက္ကသိုလ်ရဲ့ကျောင်းသား အဆောင်တွေက ကောင်းမွန်၏၊ နှစ်ယောက်တစ်ခန်းစနစ်နဲ့ ဖွဲ့စည်းထားသည်။ ဖေးလုရဲ့အခန်းဖော်ပြန်မလာသေးတော့ အခုအချိန်မှာ သူတို့နှစ်ယောက်တည်းရှိနေသည်။

 

အိပ်ခန်း ပုံစံသည် အပေါ်ထပ်မှာ အိပ်ရာ၊ အောက်မှာ စာရေးစားပွဲနဲ့ အဝတ်ဘီရိုတွေရှိသည်။ ဖေးလုသည် စားပွဲပေါ်က စာအုပ်တွေကိုရှင်းပြီး လီကျွင်းကိုထိုင်ခိုင်းလိုက်သည်။

 

လီကျွင်းက နာခံစွာထိုင်လိုက်ပြီး အေးအေးဆေးဆေး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

 

ဖေးလုက တစ်ခါသုံး ခွက်ကို ဘီရိုတွေထဲမှာ နှိုက်နှိုက်ချွတ်ချွတ်ရှာနေတယ်၊ ဒါပေမယ့် ဘယ်လောက်ရှာရှာ မတွေ့တဲ့အတွက် သူ မသုံးတာကြာပြီဖြစ်သောခွက်ထဲမှာ ရေလောင်းထည့်ပြီး လီကျွင်းကို နည်းနည်းအားနာစွာနဲ့ လှမ်းပေးလိုက်တယ်၊ “ကျောင်းဆောင်မှာ တစ်ခါသုံး ခွက်မရှိဘူး၊ ဒီခွက်ကို ငါတစ်ခါပဲသုံးရသေးတယ်၊ မင်းမစိုးရိမ်နဲ့…”

 

“ကျွန်တော် မစိုးရိမ်ပါဘူး” လီကျွင်းက သူ့စကားကိုဖြတ်ပြောပြီး ခွက်ကိုလက်ထဲကနေယူကာ ငုံ့ပြီး ရေတစ်ငုံသောက်လိုက်သည်။

 

ဖေးလု: ထူးဆန်းတဲ့ခံစားချက်တွေ ရလာပြန်ပြီ QAQ

 

ရေသောက်ပြီးတဲ့နောက် လီကျွင်းက ခွက်ကိုဆက်ကိုင်ထားပြီး သူ့လက်ချောင်းတွေနဲ့ ဖြည်းဖြည်းချင်းပွတ်နေသည်။ သူ့လှုပ်ရှားမှုတွေမှာ ဘာမှမမှားပေမယ့် ဖေးလုမှာ နည်းနည်းစိတ်မသက်မသာဖြစ်နေပြီး လီကျွင်းက ခွက်ထက်ပိုပြီး တစ်ခုခုကိုထိနေသလိုခံစားရသည်။

 

“တကယ်တော့ ကျောင်းဆောင်က ဒီလောက်ပဲ၊ ကြည့်စရာတွေလည်းမရှိဘူး” ဖေးလုက ဘာပြောရမှန်းမသိတော့ဘဲ အတင်းအကျပ်ကိုးရို့ကားရားနိုင်စွာ စကားစပြောလိုက်သည်။

 

“အရမ်းကောင်းတယ်” လီကျွင်းရဲ့နှုတ်ခမ်းထောင့်တွေမြှင့်တက်လာပြီး သူ့မျက်လုံးတွေက ဆန့်ကျင်ဘက်အိပ်ရာကိုကြည့်ကာ မေးနဲ့ညွှန်ပြရင်း၊ “ဒီမှာနောက်တစ်ယောက်နေတာလား” လို့မေးလိုက်သည်။

 

“အမ်း.. ဒုတိယနှစ်က စီနီယာတစ်ယောက်နေတာ၊ သူက ပြန်လာတာတော့ ရှားတယ်”

 

“အင်း” လီကျွင်းက ခေါင်းညိတ်ပြီး စကားပြောတာ ရပ်လိုက်သည်။

 

“…” ဖေးလုသည် ငိုချင်လောက်တဲ့အထိ အကျပ်ရိုက်နေပြီ၊ သခင်လေးရေ.. မင်းနဲ့စကားပြောရတာ အရမ်းခက်လိုက်တာ၊ ဒီနေ့တော့ ငါစကားဆက်မပြောနိုင်တော့ဘူး။

 

ဆယ်မိနစ်လောက် တိတ်ဆိတ်သွားသည်။

 

ဖေးလုသည် အနည်းဆုံးရေငါးခွက်သောက်ကာ၊ အိမ်သာသုံးကြိမ်သွားပြီး လိပ်ခေါင်းရှိသလို ဂနာမငြိမ်ဖြစ်နေသည်။

 

ဒါပေမယ့် လီကျွင်းက တောင်တစ်ခုလိုမတုန်မလှုပ် ငြိမ်ငြိမ်နေနေသည်။

 

ဖေးလု မခံမရပ်နိုင်တော့ဘဲ ကို့ရို့ကားရားနိုင်စွာ စကားဆက်ပြောလိုက်တယ်၊ “အဲ့ဒါ… မင်းမပြန်သေးဘူးလား?” သူက ပြတင်းပေါက်ကိုညွှန်ပြရင်း၊ “မကြာခင်မှောင်တော့မယ်၊ ငါ ဦးလေးဝမ်ကိုလှမ်းပြောလိုက်မယ်၊ ကားသမားကို မင်းကို လာကြိုခိုင်းဖို့”

 

“…” လီကျွင်းက သူ့ကိုနက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။ အနည်းငယ်ကြာပြီးနောက်၊ ဖေးလု လောင်ကျွမ်းတော့မလိုဖြစ်နေချိန်မှာ “ခဗျားပြန်မလိုက်သေးဘူးဆိုရင်၊ ကျွန်တော် ခင်ဗျားနဲ့အတူအိပ်မယ်” လို့ပြောလိုက်သည်။

 

ဘာ…ဘာ…ဘာ? ဖေးလုသည် သူ့နားကြားမှားနေသလားလို့သံသယဝင်သွားပြီး မသေချာစွာပြန်မေးလိုက်တယ်၊ “မင်းအခုဘာပြောလိုက်တာလဲ?”

 

လီကျွင်းက ထပ်ပြောလိုက်တယ်၊ “ခင်ဗျားပြန်မလိုက်သေးဘူးဆိုရင်၊ ကျွန်တော် ခင်ဗျားနဲ့အတူအိပ်မယ်”

 

ဖေးလု : “…”   “အို”

 

ရုတ်တရက် 666 ရဲ့စကားတွေ သူ့စိတ်ထဲမှာလျှပ်တစ်ပြက်ပေါ်လာသည်။

 

666 က ပြောခဲ့တယ်၊ ကံကောင်းပါစေလို့…

 

ဒါနဲ့ပဲ သူတို့နှစ်ယောက်အတူတူ အိပ်လိုက်ကြရသည်၊ ဒါပေမယ့် နေရာက လီကျွင်းရဲ့ Kingsize အိပ်ရာကြီးကနေ ဖေးလုရဲ့ ၁.၂ မီတာအိပ်ရာသေးသေးလေးထဲ ပြောင်းသွားသည်။

 

၁.၂မီတာအိပ်ရာက သိပ်မကြီးပေမယ့် နှစ်ယောက်ဘေးချင်းကပ်အိပ်ဖို့တော့ လုံလောက်ပါသည်။ ခေါင်းအုံးအများစုကို လီကျွင်းကိုပေးထားပြီး ဖေးလုသည် ဘေးစွန်းက နေရာသေးသေးလေးမှာပဲ လှဲလိုက်သည်။

 

စိတ်ထဲက နားမလည်နိုင်တဲ့စိုးရိမ်မှုတွေကြောင့် သူသည် သဘာဝအတိုင်း နံရံကိုကပ်ပြီး သူ့ကိုယ်ကိုသေးသေးလေးဖြစ်အောင် ချုံ့ထားလိုက်သည်။

 

“Good night” လို့ပြောရင်း ဖေးလု မျက်လုံးမှိတ်ကာ အိပ်ပျော်သွားသည်။

 

အမှောင်ထဲမှာ လီကျွင်းက သူ့ကိုတပ်မက်စွာငေးကြည့်နေသည်၊ သူ့မျက်လုံးတွေက ဖေးလုရဲ့မျက်နှာပေါ်မှာ လျှာနဲ့လျက်နေသလိုမျိုး လှည့်ပတ်ကြည့်နေသည်။ဖေးလု အိပ်ပျော်သွားတဲ့အခါ သူ့ရဲ့သတ္တိမှာပိုတိုးလာပြီး ခေါင်းအုံးတွေကြား နည်းနည်းချင်းရွေ့လာကာ မကြာခင်မှာပဲ ဖေးလုနဲ့ ခေါင်းချင်းဆိုင်ဖြစ်သွားသည်။ သူတို့ရဲ့အသက်ရှူသံတွေက တစ်ယောက်နဲ့တစ်ယောက် ရောယှက်နေသည်။

 

လီကျွင်းက ပြုံးလိုက်ပြီး နံရံနဲ့ကပ်နေတဲ့ ဖေးလု

ရဲ့ကိုယ်တစ်ဝက်ကို ဆွဲယူကာ သိုင်းဖက်ထားလိုက်သည်။ သူ့ရဲ့ရင်ခွင်ထဲက အနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း လီကျွင်းသည် ကျေနပ်မှုအပြည့်နဲ့ အိပ်ပျော်သွားသည်။

 

Chapter-6 ended

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset