[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Chapter 1 (arc 6)
Arc 6 Chapter 1
(အမြောက်စာဇာတ်ကောင်နေရာတွင် အစားထိုး ၀င်ရောက်သူ : Morning Starအေဂျင်စီ၏ ထိပ်တန်း မန်နေဂျာထန်ထန်။ သူသည် လေးနှစ်အတွင်းဂီတပါရမီရှင်အဆိုတော်တစ်ဉီးအားမွေးထုတ်ပေးခဲ့ကာ တစ်မူထူးခြားသော စွမ်းရည်နှင့် ထိုနယ်ပယ်၏ legend ဟူသောခေါင်းစဉ်ကို ရရှိခဲ့သည်)
နွေရာသီ နီးကပ်လာသည်နှင့် ညင်သာသော နွေနေ့မှာ အနွေးဓာတ်ခြုံလွှမ်းလာ၏။ မနက်စောစောတွင် အလျင်လိုနေသောလူအုပ်သံများညံနေသည်။ မြို့အလည်တွင် လာ၍လည်ပတ်ကြသူများကြားတွင် ကျော်ကြားသူများ၏ဖန်ဖြစ်သူများသည် တောက်ပြောင်ကာ ခေတ်ရှေ့ပြေးနေသော Morning Starအေဂျင်စီ အဆောက်အအုံရှေ့ရောက်သည်နှင့် ရပ်ကာ ဓာတ်ပုံရိုက်တတ်ကြ၏။
စိတ်လှုပ်တရှား တွတ်ထိုးနေကြရင်း သူတို့သည် ယနေ့အလုပ်တွင် သူတို့၏ Bias အားတွေ့နိုင်လောက်လား ဆွေးနွေးနေကြသည်…
သူတို့၏တွတ်ထိုးသံများ ရုတ်ချည်းရပ်သွား၏။ အနီးနားတွင် ရပ်ထားသော Bentley ၏ တံခါး ပွင့်သွားပြီး Minimalist သားရေဖိနပ်တစ်ရံ မြေပြင်နှင့်ထိသွားသည်။ အနက်ရောင်ဘောင်းဘီရှည်ကို တင်းကျပ်စွာ ၀တ်ဆင်ထားပြီး ရှည်လျားကာဆွဲဆောင်မှုရှိသော ခြေတံများသည် စိုက်ကြည့်နေကြသော မိန်းကလေးများ၏ အသံများကို ရပ်တန့်စေခဲ့၏။
ထိုခြေထောက်ပိုင်ရှင်များသည် ကားပေါ်မှ ကျက်သရေရှိရှိထွက်လာခဲ့သည်။ သူ၏ ရှည်လျားသော ဆံနွယ်နက်နက်များ နွေးထွေးသော နေရောင်အောက်တွင် တောက်ပနေပြီး သူ့၏ဖြူဖျော့သောအသားအရည်သည် အလင်းတောက်မတတ်ဖြစ်နေလျက်။ သူသည် အဖြူရောင်ရှပ်အင်္ကျီပေါ်ရှိ ကြယ်သီးအားပေါ့ပေါ့ပါးပါး ဖြည်လိုက်၏… နေရောင်ကြောင့်မမြင်ရတော့သကဲ့သို့၊ ထိုလူ၏ မျက်လုံးများကျဉ်းမြောင်းသွားကာ အဆောက်အဦးအ၀င်ဝဆီသို့ ပြေပြစ်စွာ လျှောက်လှမ်းလာလေသည်။
ထိုအချိန်တွင် အနုပညာရှင်တစ်ယောက် ပြေးလာပြီး နှုတ်ဆက်၏။ သူ ခေါင်းအား ပေါ့ပေါ့ပါးပါး လှည့်လိုက်ပြီး သူ့နှာတံပေါ်မှ ငွေရောင်ဘောင်နှင့်မျက်မှန်ကို ပြင်ဆင်လိုက်သည်။ ထိုသူပြောသည်အား တုံ့ပြန်ဟန်ဖြင့်သူ့၏ဖျော့နေသောနှုတ်ခမ်းထောင့်များသည် အနည်းငယ်ကွေးညွှတ်သွား၏။
ဘန်း…
တစ်စုံတစ်ယောက်၏လက်မှ ပြုတ်ကျသွားသောလက်ကိုင်ဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွား
လေ၏။ မိန်းကလေးများသည် ထိုသူတို့အပေါ်မှ နွေဦးနေရောင်ကျရောက်လာသည်ကို ခံစားလိုက်ရပြီး မူးဝေကာ အသက်ရှုရပ်မတတ်ဖြစ်သွားရသည်။ သူတို့၏ရင်ဘတ်ရှိ လိပ်ပြာတစ်ကောင်ခုန်
နေမှု ထိန်းချုပ်မရပုံပေါ်၏။
“အိုးမိုင်ဂေါ့!!! ဒီအလှတရား
လေးက ဘယ်သူလဲ။”
“ဝူးးး ငါဂရုမစိုက်ဘူး၊ ငါဒီနံရံကိုတက်မှာ။ ဒီနတ်သားလေးနဲ့တူတဲ့သူလေးက Morning Star နဲ့စာချုပ်ချုပ်ထားတဲ့အသစ်လေးလား? သူကအရမ်းချောတာပဲ”
“ဒါ…ဒါ မန်နေဂျာ ဟုတ်တယ်မလား? ငါ သူ့ကို အရင်က ကြားဖူးတယ် ထင်တယ်”
“မန်နေဂျာလား။ ဘယ်သူ့မန်နေဂျာလဲ”
….
ဧည့်ခန်းအတွင်းတွင် အနုပညာရှင်များ အလုပ်ရှုပ်နေကြလေသည်။ အချို့မှာ ကြေငြာချက်တင်ရန် ပြေးလွှား နေကြပြီး အချို့မှာ လေ့ကျင့်ရေးအတန်းများဆီသို့ သွားနေကြ၏။ ထန်ထန်အဆောက်အဦးထဲကို ခြေချသည်နှင့်စူးရှသော မျက်လုံးပိုင်ရှင်အနုပညာရှင်များ သူ့ကို နှုတ်ဆက်ကြသည်။
“sir”
“ကောင်းသောနေ့ပါ sir”
လူငယ်အနုပညာရှင်များ၏ မျက်လုံးများမှာ တလက်လက်ဖြစ်နေကာ တောက်ပနေပြီး သူတို့၏ လေသံမှာလေးလေးစားစားရှိလှ၏။ အဆုံးမှာတော့ ဤနယ်ပယ်၏ legend သည်အားသွားပြီပင်။ အားလုံး သူ့အာရုံစိုက်ကိုရရှိရန် စိတ်အားထက်သန်နေကြ၏။
ထန်ထန်ပြုံးပြီး ခေါင်းညိတ်ပြလိုက်ကာ ဓါတ်လှေခါးဆီသို့ ဦးတည်လိုက်သည်။
ယောက်ျားလေးအဖွဲ့တစ်ခု၏ အဖွဲ့ဝင်များသည် ထွက်သွားသည့် သူ့ပုံစံအား စူးစူးစမ်းစမ်းကြည့်နေကြ၏။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ “ဟေးကျန်းရှီးက သူရဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ဘာလို့ Sheng Qing အေဂျင်စီကို ေပြာင်းသွားရတာလဲ?”
အခြားအဖွဲ့ဝင်တစ်ဦးက “ဟုတ်တယ်၊ မစ္စတာထန်မှာ အရမ်းကောင်းတဲ့ အဆက်အသွယ်တွေ ရှိတယ်။ သူ့စီမံခန့်ခွဲမှုအောက်မှာ အလုပ်လုပ်ချင်တဲ့သူတွေ အများကြီးရှိမှာ။ ကျန်းရှီးကတော့ သူ့မှာရှိတာကို တန်ဖိုးမထားဘူး။”
“ရှူး၊ အဲဒါကို မပြောနဲ့တော့ မစ္စတာထန်နဲ့ ကျန်းရှီးတို့တွဲနေကြပြီလို့ ငါကြားတယ်၊ ဒါပေမယ့် ပြတ်သွားပုံရတယ်။”
“မဖြစ်နိုင်တာ ဘယ်လိုမှမသိသာဘူး။”
ဓာတ်လှေကားတံခါးများ ဖြည်းညှင်းစွာပိတ်လာသည်နှင့် အတင်းအဖျင်းများ တဖြည်းဖြည်း လျော့ကျသွားသည်။ ထန်ထန် ဓာတ်လှေကားအတွင်း၌ ငြိမ်သက်စွာ ရပ်နေလေ၏။ သူ့မျက်မှန်မှတဆင့် ဓါတ်လှေကားတံခါးပေါ်တွင် ထင်ဟပ်နေသော ချောမောသိမ်မွေ့သောမျက်နှာကို သူ့အကြည့်များရောက်သွားရသည်။ မသိသာဘူးလား?
ကျန်းရှီးတွင် အတတ်ပညာရရော အဆင့်မြင့်ပညာရေး နောက်ခံပါမရှိပေ။ သူ့၏ထူးခြားသောအသံနဲ့ အသက်ရှုမှားဖွယ်ရုပ်ရည်ကြောင့်သာ ထင်ပေါ်ကျော်ကြားလာခြင်းဖြစ်၏။ အနုပညာရှင် ပေါများလွန်းလှသော ထိုနှစ်များတွင် သကြားကလေးဖြစ်လာဖို့ ကမ်းလှမ်းချက်များအားလက်ခံရုံမှအပ တစ်နှစ်ကြာအောင် ထူးထူးခြားခြား တိုးတက်မှုမရှိဘဲ ရုန်းကန်ခဲ့ရသည်။ ထန်ထန်၏အဆိုတော်လက်ထပ်ပြီး ကလေးမွေးမှသာ ကျန်းရှီးအား သူ့လက်အောက်သို့ခေါ်ခဲ့ခြင်းဖြစ်၏။ သူသည် ဂရုတစိုက်ဖြင့် သူ့အား ရွှေရောင်ဖီးနစ်ငှက်တစ်ကောင်ဖြစ်လာအောင် ပျိုးထောင်ခဲ့သည်။
ကံမကောင်းစွာဖြင့် ကိစ္စများမှာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပေ…
ဓာတ်လှေကားပွင့်လာ၏။ သူ့မျက်မှန်အောက်တွင် ထန်ထန်၏ မျက်လုံးများသည်မရှင်းလင်းသောအရိပ်အယောင်ဖြင့်လက်သွားသည်။ သူ့အကျီကော်လာကို အနည်းငယ် ပြင်လိုက်ပြီးနောက် ခြေလှမ်းကျဲများဖြင့် စီအီးအို ရုံးခန်းဆီသို့ လျှောက်လာခဲ့သည်။
၂၆လွှာတွင် CEO ၏ရုံးခန်းရှိကာ Morning Star အေဂျင်စီ ၏သက်တောင့်သက်သာအရှိဆုံးနေရာလည်းဖြစ်၏။ သို့သော်မလိုအပ်ဘဲနှင့် အနုပညာရှင်များ လာလေ့မရှိပေ။ သို့သော်ထန်ထန်သည် အချိန်ကြာလာသည်နှင့် သူ့ခြေလှမ်းများမှာ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
ဤကဲ့သို့ တုံ့ဆိုင်းခြင်းတွင် အကြောင်းပြချက်တစ်ခု ရှိ၏။ ဆိုဖာပေါ်တွင်ထိုင်ပြီး ဂိမ်းဆော့ရင်း သီချင်းနားထောင်နေသည့် ကောင်လေးသုံးယောက်သည် မျက်လုံးအားဖမ်းစားဖွယ်ရှိ၏။ ဖျော်ဖြေရေးနယ်ပယ်တွင် လေးနှစ်ကြာ လုပ်ကိုင်ခဲ့သော်လည်း မန်နေဂျာထန်သည်လည်း သူတို့အား အထင်ကြီးသွားခဲ့သည်။
မန်နေဂျာထန်သည် သူ၏ အလုပ် ဗီဇတွင် ထပ်မံနစ်မျောသွားပြန်သည်။ သူတို့မျက်နှာများအား မြင်မြင်ချင်းမှာပင် အချိန်တိုအတွင်းသူတို့အား နာမည်ကြီးရန်လုပ်နိုင်သည့် ပြည့်စုံသောပလန်တစ်ခု ခေါင်းထဲတွင်ပေါ်လာ၏။
သို့သော်. သူ့တွက် ဒီထက်အရေးကြီးသော ကိစ္စများရှိနေသည်။ အရည်အချင်းသစ်များနှင့် ဆက်ဆံရာတွင် အရင်ကရှိခဲ့သောစိတ်အားထက်သန်မှု မျိုးမရှိတော့ပေ။ နောင်တအနည်းငယ်ဖြင့် သူ့အစီအစဉ်အား မစဉ်းစားတော့ဘဲ အကြည့်ကို ပြန်ရုတ်ကာ ရုံးခန်းဆီသို့ ဆက်လျှောက်သွားလေသည်။
သူ့မျက်နှာတစ်ဝက်အား ဘေ့စ်ဘောဦးထုပ်ဖြင့် ဖုံးကွယ်ထားသော ချင်ယူသည် အကြည့်ကို ခံစားမိကာ ဂိမ်းကစားသည်ကို ရပ်လိုက်၏။ သူ မျက်ခုံးပင့်ကာ မော့ကြည့်လိုက်သည်နှင့် စူးရှသော မျက်လုံးများမှာ ဝါးပင်နှင့်ဆင်တူသောရုပ်သွင်နှင့် သူတစ်ယောက် ပြန်လှည့်သွားသည်ကိုတွေ့လိုက်သည်။
သူ့အကြည့်များအား အောက်ပို့လိုက်ကာ ချင်ယူ၏ မျက်ခုံးများတဖြည်းဖြည်း ဖြေလျှော့သွားသည်။ သူက ရွှတ်နောက်နောက်ဖြင့် ပြောလိုက်၏ “အဲဒါ တကယ့်ကို မိုက်တဲ့တင်ပါးပဲ”
“ဟာ့… မင်းကြောင်နေပြန်ပြီလား” သူ့ရှေ့တွင်ထိုင်နေသော မုန့်ချန်ယီ ကြက်သီးထကာ သူ့ ult ကိုတောင် မှားနှိပ်မိလိုက်သည်။ သူချီယန်နားကပ်သွားကာ ကျန်ဆဲလိုက်၏။ “ဟေး ယူ၊ မင်းက ငါ့အကြောင်း မဟုတ်ကဟုတ်ကတွေးနေတာတော့ မဟုတ်ဘူးမလား” ဟု ကျိန်ဆဲလိုက်သည်။
“သွားစမ်းပါ ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့။”ချင်ယူမချိုမသာပြန်ဖြေသည်။
သူက ခြေထောက်များအား ဆန့်ထုတ်ပြီး ချီယန်မေးစေ့အား ပင့်ပြီး လက်ဟန်ဖြင့်မေးလိုက်၏။ “ဟေး ချီယန် မင်းခုနက လမ်းလျှောက်လာတဲ့ အနုပညာရှင်ကို မြင်လိုက်လား?”
ချင်ယူ ခေါ်ပြောလိုက်သော ကောင်လေးသည့် သူတို့နှင့် ဂိမ်းဝင်မကစားခဲ့ပေ။ အဲဒီအစား Bluetooth နားကြပ်တပ်ထားပြီး သီချင်းနားထောင်နေ၏။ သူ၏အနက်ရောင်ဆံပင်အနည်းငယ်မှာ သူ့မျက်လုံးများအား အုပ်ထားပြီး သူ့အသားအရေမှာ ဖြူဖျော့အေးစက်ပြီး နှုတ်ခမ်းများမှာအနီရောင်ဖျော့ဖျော့ဖြစ်သည်။ ကျဉ်းမြောင်းသောအကြည့်မျိုးရှိသော်လည်း ချစ်စရာကောင်းသင့်သော မျက်နှာမှာ စကားလုံးအနည်းငယ်ဖြင့် နှလုံးသားအား ခိုးယူနိုင်သည့် ကျားတစ်ကောင်ကဲံသို့ မျက်လုံးနက်နက်များကြောင့် ခက်ထန်ဟန်ဖြစ်သွား၏။
“မြင်လိုက်တယ်” ချီယန်ဖြေလိုက်သည်။ သူ့နဖူးထက်တွင် ဆံနွယ်များအနည်းငယ်ကျနေသည်။ သူ့နှုတ်ခမ်းထောင့်တွင် အဓိပ္ပါယ်ပါပါအပြုံးတစ်ခု ကွေးညွတ်သွား၏။ “သူ့ခါးက တော်တော်ဆွဲဆောင်မှုရှိတယ်” ဟုတွေးလိုက်သည်။
သူ့အကြိုက်ကိုက်ညီမှုအားကျေနပ်စွာဖြင့် ချီယန်နှင့် ချင်ယူတို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့ပြောသောလူကို မတွေ့လိုက်ရသည့် မုန့်ချန်ယီမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဖုန်းကို ဖယ်လိုက်ပြီး အကြည့်လွှဲလိုက်၏။ သူ့အကြည့်များမှာ တင်းတင်းကြပ်ကြပ်ပိတ်ထားသော တံခါးတွင်သာရှိသည်။
“ဟေး ဟေး ဟေး မင်းတို့ နှစ်ယောက်လွန်တယ်မထင်ဘူးလား” မုန့်ချန်ယီမျက်တောင်မခတ်ဘဲ ငေးကြည့်နေပြီး “ဖျော်ဖြေရေးနယ်ပယ်မှာ အနုပညာရှင်တွေ အများကြီးရှိတာကို ချောမောတဲ့လူကို တစ်ခါမှ မမြင်ဖူးတာလည်း မဟုတ်ဘူး၊ အခု ဒီတစ်ယောက်ဘယ်လောက် ဆွဲဆောင်မှု ရှိလဲဆိုတာကို မင်းတို့ကငါ့ကိုသိချင်အောင်လုပ်နေကြတာပဲ။”
ချင်ယူမျက်လုံးအားလှန်လိုက်သည်။ သူသည် ဦးထုပ်နိမ့်လိုက်ပြီး သူ၏လက်ညိုးနှင့် လက်ခလယ်တွင် ကျောက်မျက်ရတနာကွင်းများဖြင့် စီခြယ်ထားသော လက်စွပ်များဝတ်ထားသည့်လက်ချောင်းများကို ပေါ်လွင်စေ၏။ ထုတ်လွှတ်လိုက်သည့် အလင်းတန်းတွေမှာ တဖျတ်ဖျတ်ဖြစ်နေသည်။
….
ထန်ထန်ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်၏။
“အိုး ထန်လေးရောက်လာပြီ” စားပွဲနားတွင်ထိုင်နေသည့် စီအီးအိုမှဗုဒ္ဓဘုရားကဲ့သို့ပင် ရွှင်မြူးစွာ နှုတ်ဆက်ပြီးပြောလိုက်သည် “လာထိုင်”
“ဉက္ကဌဆုန်း။” ထန်ထန်ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပြီး နားမလည်ဟန်မေးလိုက်သည်။ “ခင်ဗျားကျွန်တော့ကို တစ်ခုခုလိုလို့ ဒီ ခေါ်ခဲ့တာလား”
“ကုမ္ပဏီမှာ မင်းအတွက် တာဝန်တစ်ခုရှိတယ်။”
စီအီးအိုလည်း ကောလဟာလများကိုကြားသည်။ သူသည် သူ့ရှေ့တွင် အရည်အချင်းသောမန်နေဂျာကို ကြည့်ကာ “လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမင်းအနားယူလိုက်ပြီးတာနဲ့၊ နောက်ရက်ကျန်းရှီးက ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းပြီး Sheng Qing Entertainment ကို ပြောင်းသွားတယ်။ ကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျန်းရှီးဆီမှာအများကြီး ရင်းနှီးမြှုပ်နှံခဲ့တာ။ ဒါပေမယ့် အခု ကသောင်းကနင်းတွေဖြစ်ပြီး Sheng Qing Entertainment ကပဲ အကျိုးကျေးဇူးတွေ ရနေတယ်။”
ဉက္ကဌ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော နူးညံ့သိမ်မွေ့သော မန်နေဂျာသည် ငြိမ်ပြီး ဂရုတစိုက် နားထောင်၏။
ကျန်းရှီးသည် နက်နဲသော အကြံအစည်များရှိသူတစ်ဉီးဖြစ်သည်။ ကံမကောင်းစွာနှင့် မူလခန္ဓာကိုယ်ပိုင်ရှင်က သူ့ကို အပြစ်ကင်းသောယုန်တစ်ကောင်ကဲ့သို့ ဆက်ဆံခဲ့၏။ ထန်ထန်သည် ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာ ရှိပြီဖြစ်၍ ညစ်ညမ်းမှုများစွာကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သူသည် အချို့သော ဖြူစင်ပြီး ချစ်စဖွယ်အရာများအတွက် အနည်းငယ် ပိုသည်းခံကြောင်း အမြဲပြသခဲ့၏။
ကျန်းရှီးကတော့… သူသည် ထန်ထန်တွင် အဆက်အသွယ်ကောင်းကောင်းရှိသည်ကို သိသည်။ သူ့မိသားစုအတွက် ရုန်းကန်ကာရိုးရှင်းပြီး အလုပ်ကြိုးစားတဲ့ လူငယ်လေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြီး၊ သူဟာ မူလကိုယ်ပိုင်ရှင်ကို သူ့ရဲ့ အထင်ကြီးလေးစားမှု၊ ဆင်းရဲဟန်ဆောင်မှု၊ အကူအညီမဲ့နေဟန်ဆောင်ကာ အစကတည်းကပင် ဆွဲဆောင်ခဲ့၏။ မူလပိုင်ရှင်ကို သနားရန် ဆွဲဆောင်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကို ချစ်မိသွားအောင်လုပ်ခဲ့ပြီး ဤစာကလေးအား ရွှေေရာင်ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ကျီစယ်မှုအနည်းငယ်ကို ရှက်ရွံနေတတ်သော ကောင်လေးမှာ ညဏ်နီညဏ်နက်များလိမ့်မည်ဟု မည်သူမှမထင်ခဲ့ပေ။
CEO က ခဏကြာ စကားပြောပြီး ထန်ထန်အားသူ့ကိုယ်သူ အဖက်ဆယ်ရန်အကြံပေးသည်။ ဆုံးမသြဝါဒေချွပြီးနောက် နောက်ဆုံးတွင် သူသည် အဓိကအကြောင်းအရာသို့ရောက်လာ၏။ “ဒီတစ်ခါ ကုမ္ပဏီက မင်း ယောက်ျားလေးအဖွဲ့အသစ်ကို စီမံခန့်ခွဲခိုင်းစေချင်တယ်…”
ခေတ္တရပ်ပြီးနောက်ဆက်ပြောလေသည်။ “အင်း၊ မင်းကိုအတွင်းသတင်းတစ်ခု ပေးမယ်။ ဒီသုံးယောက်ဟာ သူတို့ပါးစပ်မှာ ငွေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ တကယ့်သခင်လေးတွေပဲ၊ ကံကောင်းချင်တော့ မင်းကလည်းအားနေတယ်။ ငါ့ရည်ရွယ်ချက်ကတော့ သူ့တို့ဘဝတွေကိုကောင်းကောင်းကိုင်တွယ်ပြီး မင်းသူတို့ကိုပဲအာရုံစိုက်ထားဖို့ပဲ”
“မန်နေဂျာရော လက်ထောက်အနေနဲ့ပါ နားလည်လား”
ထန်ထန်သည် စာချုပ်ဖျက်သိမ်းပြီးနောက် Morning Starလှောင်ပြောင်ခံရမှုနှင့် နှစ်ပေါင်းများစွာကျန်းရှီးအပေါ်ပုံအောခဲ့ရသည့် ကုမ္ပဏီ၏ အရင်းအနှီးများကို ကောင်းကောင်းနားလည်၏။ သူပြန်ဖြေလိုက်သည်။ “ကောင်းပြီ၊ ကျွန်တော်နားလည်တယ်။
CEO က ရွှင်မြူးသောအမူအရာဖြင့် ဘောပင်ကိုချကာ “ကောင်းပြီ၊ မင်းကိုသူတို့နဲ့ မိတ်ဆက်ပေးပါရစေ။”
ထန်ထန်ခေါင်းညိတ်လိုက်ပြီး စီအီးအို၏ပိန်ပိန်ပါးပါးကိုယ် နောက်ကနေ လိုက်လာရင်း ခြေတစ်လှမ်းရပ်လိုက်၏။
အပြင်ဘက် ဆိုဖာတွင် တစ်ဝက်လဲလျောင်းနေသော မုန့်ချန်ယီ ပျင်းရိငြီးငွေ့ရင်း လက်ကို ဆန့်လိုက်သည်။ “သူဘာလို့ မလာသေးတာလဲ..”
သူ့စကားမဆုံးခင်မှာ တံခါးပွင့်လာ၏။ လွန်ခဲ့သောအခိုက်အတန့်က တစ်ဝက်သေနေသော မုန့်ချန်ယီ adrenaline ထိုးသွင်းခံလိုက်ရသလိုပင်။ သူ မတ်တတ်ထထိုင်ပြီး ခွေးကလေးကဲ့သို့မျက်လုံးများမှာ တံခါးအား စိုက်ကြည့်နေ၏။
ပထမဆုံး ပေါ်လာတာက စီးအီအိုဖြစ်ပြီး မုန့်ချန်ယီ ခဏမျှ မျက်လုံးများကိုမှိတ်ထားကာ လောင်ကျွမ်းနေသော နှလုံးသားကို ပြန်မဖွင့်မီငြိမ်ငြိမ်ထားလိုက်ရသည်။
CEO ရဲ့နောက်ကလူက ဝါးပင်နဲ့တူတဲ့ကျက်သရေရှိ၏။ သူက ငွေရောင်ဘောင်နဲ့မျက်မှန်ကို ဖြုတ်လိုက်ပြီး အနီးမှုန်ခြင်းကြောင့် မျက်လုံးအနည်းငယ်ကျုံ့သွားသည်။ ထောင့်စွန်းမှာ မျက်ရည်စက်မှဲ့လေး ရှိကာ သွေးထွေသကဲ့သို့ ကြက်သွေးရောင်ထနေသည်။
ချောမောသော သူ့မျက်နှာသည် ဆွဲဆောင်နေဟန်ရှိ၏။ အောက်သို့ရွေ့ကြည့်ပါက…. ရွှေရောင် ခါးပတ်တစ်ခုသည် သူ၏ သန်မာသောခါးနှင့် ကွက်တိဖြစ်နေသော အနောက်တိုင်းဘောင်းဘီကို ပတ်ထားသည်။ သူ၏ခြေထောက်များသည် ရှည်လျားသွယ်လျလွန်းသဖြင့် ရုပ်ပြစာအုပ်ထဲမှ ထွက်လာသလိုပင်။
“သူက တကယ်ကိုကြည့်ကောင်းတာပဲ။” သူ၏အထင်မြင်သေးသော စကားအား ကိုယ့်ကိုကိုယ့်နှိမ့်ချလိုက်ရ၏။ မုန့်ချန်ယီ သူ့ကို စိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူကာ သူ့အကြည့်များအား ထိုခြေထောက်တွေဆီမှ အတင်းဆွဲထုတ်လိုက်ရသည်။
စီအီးအိုသည် မုန့်ချန်ယီပြောသည်ကို နားမလည်လိုက်ပေ။ သူဆက်မိတ်ဆက်လိုက်သည် “လာ၊ ဒါ ကထန်ထန်။ အခုကစပြီး မင်းတို့ရဲ့ မန်နေဂျာ ဖြစ်လာမှာ”
ထန်ထန်မျက်မှန်ကို ချွတ်လိုက်ပြီး ရှင်းရှင်းလင်းလင်းမမြင်ရ၍ ရုန်းကန်နေလေသည်။ သူ့လက်ကိုင်ပုဝါကို အိတ်ကပ်ထဲထည့်လိုက်ပြီး ငွေရောင်ဘောင်နှင့်မျက်မှန်ကို ပြန်တပ်လိုက်တယ်။ သူခေါင်းညိတ်ပြီး “ဟယ်လို”
ချီယန်၏အကြည့်သည် အနည်းငယ်နက်မှောင်သွား၏။ ဒီမန်နေဂျာက ကြည့်ကောင်းလွန်းတယ်ဟု ခံစားရသည်။
ထန်ထန်ဆီသို့ သူ၏သွယ်လျသောလက်ကို ဆန့်ထုတ်လိုက်သည်နှင့် ချီယန်၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားကာ၊ “ထန်ကော(အစ်ကိုတန်)၊ မင်္ဂလာပါ” ဟု နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
ထိုကောင်လေး၏လက်သည် ခပ်ဖျော့ဖျော့ဖြစ်နေသော်လည်း ရှည်လျားကာဆွဲဆောင်မှုရှိ၏။ သူ့ကို အရောင်နည်းနည်းရအောင် ဘယ်လိုကူညီပေးရမလဲ စဉ်းစားနေတုန်း ထန်ထန်သူ့လက်ဖျော့ဖျော့ကို ဆန့်ထုတ်လိုက်သည်။ သူချီယန်၏လက်ကို ခါလိုက်ပြီး “အခုကစပြီး ကော(အစ်ကိုကြီး) လို့ ခေါ်” ဟုပြောလိုက်သည်။
မန်နေဂျာကောင်လေး အရောင်အနည်းငယ်ရစေချင်သော ကောင်လေးမှာ သူ့အားအိပ်ရာပေါ်တင်ချင်နေသည်ကို လုံးဝမသိပေ။
ချီယန်အောက်ငုံ့ကာ အနည်းငယ် အေးစက်ပြီး နူးညံ့သော လက်ဖဝါးကို ကိုင်ထားသည့် သူ့လက်အားကြည့်ကာ “ကော” ဟု ပေါ့ပေါ့ပါးပါး ပြန်တုံ့ပြန်ခဲ့၏။
မုန့်ချန်ယီနှင့် ချင်ယူတို့သည်လည်း”ကော”ဟုအော်ခေါ်ကာ သူတို့၏ငယ်ရွယ်မှုအားအသုံးချပြီး မန်နေဂျာ၏လက်အား ကိုင်လိုက်ကြသည်။
ထန်ထန်မျက်ခုံးပင့်သွားပြီး လက်ကိုလွှတ်လိုက်သည့်အချိန်တွင် သူ့လက်သည် နီရဲနေပြီဖြစ်၏။ တစ်ခုခုတော့လွဲနေပြီဟု သူခံစားရသော်လည်း အကျင့်စာရိတ္တကောင်းမွန်သော ကလေးများအားကြည့်ကာ သူအတွေးလွန်နေသည်ဟုသာမှတ်လိုက်သည်။
ထိုအချိန်မှရည်းစားထားဖူးသော အသက် 26 နှစ်အရွယ် မန်နေဂျာသည် အနည်းငယ် မွှန်ခဲ့၏။ ဒီအသက် 20 အရွယ် ကလေးတွေများအား ကြည့်ရင်း သူ့ကိုယ်သူ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။ ဒီလို လိမ္မာတဲ့ကလေးတွေက ဘာနားလည်မှာလဲ။ သူဂေးဖြစ်သွားပြီးကတည်းက လူတိုင်းကိုသံသယဝင်လာပုံပင်။
…..
မန်နေဂျာရုံးခန်းတွင်
ထန်ထန် ထိုကောင်လေးများရှေ့တွင် အဆိုပြုချက်အားတင်ပြပြီး သူတို့၏အနာဂတ်အစီအစဉ်များကို ရှင်းပြသည်။ Morning Starအေဂျင်ဆီ၏လာမည့် ယောက်ျားလေးအဖွဲ့အသစ်အကြောင်း သတင်းများ ထွက်နေပြီပင်။ အရေးကြီးဆုံးအချက်မှာ ဤကောင်လေးသုံးယောက်သည် မည်သည့်နေရာမှမှန်းမသိပဲ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်၏။ သူတို့သည် Morning Star ၏သင်တန်းသားများ မဟုတ်ပေ။ ဆိုလိုသည်မှာ ပွဲဦးထွက်ချိန်တွင် သူတို့ကို “အဆက်နှင့်ဝင်သည်” ဟု တံဆိပ်တပ်ခံရဖွယ်ရှိသည်။
ထို့ကြောင့် ပွဲဦးမထွက်မီ ထန်ထန်သည် အသံလေ့ကျင့်မှု၊ အကလေ့ကျင့်မှု၊ ခန္ဓာကိုယ်ကြံ့ခိုင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများပါဝင်သော အစီအဉ်ကျသော လေ့ကျင့်မှုအားပြင်ပေးခဲ့သည်။ လေ့ကျင့်မှုတစ်ခုစီတိုင်းသည် သူတို့တို့အား ပင်ပန်းရုံလောက်အားထုတ်ခိုင်းကာ စိတ်ပျက်လက်ပျက်ဖြစ်သွားစေရန် အထိမဟုတ်ပေ။ ကံကောင်းစွာဖြင့်၊ သူတို့သုံးယောက်စလုံး သည် နိုင်ငံခြားတွင်ရှိစဉ်က ဂီတနောက်ခံတချို့ရှိသောကြောင့် သူတို့သည် ဒီနယ်ပယ်တွင် လုံးဝမသိနားမလည်သည်တော့မဟုတ်ပေ။ သူတို့မှာ အရည်အချင်းရှိပြီး နောက်ပိုင်းတွင် ရလဒ်ကောင်းထုတ်ပေးနိုင်သရွေ့ သူတို့မိသားစု နောက်ခံကြောင့် ကုမ္ပဏီထဲသို့ဝင်မဝင်ပါ အရေးမပါတော့ချေ။
ထန်ထန်၏ ရှင်းပြချက်များမှာ အသေးစိတ်ကျပြီး ဝါကျတစ်ခုစီတိုင်းသည် ဤနယ်ပယ်သို့ အသစ်ဝင်ရောက်လာသူများအတွက် မတူညီသောအတွေ့အကြုံများကို ပေးစွမ်း၏။ သူသည် ဤစီးပွားရေးအား လေးနှစ်ကြာ လုပ်ကိုင်ခဲ့ပြီး အချိန်တိုတောင်းသော်လည်း သူသည် နာမည်ကျော်တစ်ယောက်ကို အောင်မြင်စွာ လမ်းညွှန်နိုင်ခဲ့ပြီး “ဂီတမင်းသား” ဟူသောဇာတ်ဆောင်ရှိုးကိုပင် ယူနိုင်ခဲ့သည်။
သူသည်အဆက်အသွယ်အချို့ကို ခွဲဝေရယူထားပြီး အရေးအကြီးဆုံးမှာ ကောင်းမွန်လှသောအရည်အချင်းများနှင့် ကောင်းသော စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသည်။ မဟုတ်ပါက သမ္မတဆုန်း သည် ကောင်းကင်ပြာအား လက်ချောင်းတဖျတ်ဖြင့် တိမ်ထူစေနိုင်အောင် ထင်ရှားသောမိသားစုများမှ ဆင်းသက်သော ကောင်လေးသုံးယောက်အားယုံကာ စောင့်ရှောက်မည်မဟုတ်ပေ။
…..
သူ့လက်ချောင်းတွေမှာ စာရွက်ပေါ်မှာ ပေါ့ပါးစွာ ကခုန်နေသကဲ့သို့ စမ်းချောင်းတစ်ခုကဲံသို့ သာယာသောအသံမှာ နှလုံးသားထဲစီးဆင်းသွား၏။ မှင်ရောင် စကားလုံးများသည် ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ လက်အားဖြည့်စွက်ပေးသည်။ ဂရုတစိုက်နားထောင်နေသောကောင်လေးသုံးယောက်မှာ သူတို့ရဲ့အတွေးတွေထဲမှာ တဖြည်းဖြည်း နစ်မျောလာလျက်။
ထိုအချိန်တွင် တံခါးပွင့်လာ၏။ နည်းပြ၏အသံမှာ တုန်လှုပ်သွားကာ ကျောင်းသားများနှင့်အတူ လက်ထောက်က အချင်အမြန်ဝင်လာသည်ကို တွေ့လိုက်ရသည်။ လက်ထောက်သည် ငုံ့ကာ ထန်ထန်အား တစ်စုံတစ်ခုတိုးတိုးပြောလိုက်သည်။
ချင်ယူမျက်ခုံးပင့်လိုက်ကာ “ကျန်းရှီး” ” Weibo” “trending” ဟူသည်တို့အားမှတ်ထားလိုက်သည်။
ထန်ထန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ စိတ်ထဲတွင် တွေးတောနေရင်းမှ စိတ်ခံစားချက် အရိပ်အယောင်မရှိဟန် နှုတ်ခမ်းအား စိထားလျက်..
ငါးက ထောင်ခြောက်ထဲကိုဝင်လာပြီ။
(Arc6) Chapter 1 End