⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 75

[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Chapter 1 (arc 7)

Arc 7 Chapter 1

တောင်တန်းတွေကြားတွင် ထန်ထန်ဟုအမည်ရသည့် ဆန်းကျယ်သည့်ယုန်တစ်ကောင်ရှိလေသည်။ သူ့အမွှေးများကနှင်းလိုဖြူဖွေးနေကာ စိုက်ပျိုးရေးနှင့်လရောင်ကို ထိန်းချုပ်နိုင်၏။ သူ၏အသားက အသက်များကိုရာစုနှစ်ချီရှည်စေနိုင်ပြီး ကောင်းကင်၏လျှို့ဝှက်ချက်များကိုလဲဖုံးကွယ်ထားပေးသည်ဟုဆိုကြလေသည်။

( နှစ်ပေါင်းထောင်ချီတုန်းက တောရိုင်းလောကသို့သွားသည့်လမ်းကပျောက်သွားကာ အလယ်ပိုင်းဒေသတွင်လဲ ဝိဉာဥ်စွမ်းအင်များ နည်းပါးလာ၏။ ရှေးကျသည့်ယိုကိုင်းများက ကောင်းကင်လျှပ်စီးကြောင့်သေဆုံးသွားကြကာ ကောင်းကင်ကလဲ လူများကိုပို၍သဘောကျလာသည်။ ထို့ကြောင့်  များစွာသောယိုကိုင်းများက လူထုထဲတွင်ရောနှောနေလိုက်ကာ အရိပ်လိုပင်ရှင်သန်နေကြ၏။ )

( ကာရိုက်တာအားအစားထိုးခြင်း : ထန်ထန်။ ကောင်းကင်၏အလိုတော်အရမွေးဖွားလာကာ မွေးလာသည့်နေ့ကစ၍ လရောင်ယုန်ငယ်လေးဆီမှ အံ့သြစရာအရှိန်အဝါများထွက်လာပြီးနေနှင့်လပေါ်ထွက်စေသည်။ သို့သော်လဲ ထိုကောင်းချီးက သူတို့အားလူတွေရဲ့အမဲလိုက်စရာဖြစ်လာစေ၏။ သူတို့တပ်၏အကြီးဆုံးယုန်ကွယ်လွန်သွားသည်နှင့် ထန်ထန်က Moonlight Bunny မျိုးနွယ်၏တစ်ဦးတည်းသောကျန်ရစ်သူဖြစ်လာကာအန္တရာယ်များလာ၏။ )

Jilai တောင်တန်းများရှိသည့် ဒေသတွင်အဖြူရောင်အခိုးအငွေ့များကဖုံးလွှမ်းထားသည်။ ရိုးရိုးလူနေထိုင်မှုကပျောက်ကွယ်လာပြီး တောင်ထဲတွင်ဘာရှိနေလဲဆိုတာကို အဆင့်မြင့်နည်းပညာများကပင်မခန့်မှန်းနိုင်ပေ။ အချိန်များကြာသည်နှင့် လူသားများကိုစားသုံးသည့်မကောင်းဆိုးဝါးတောင်ဟုသတ်မှတ်လိုက်ကြလေ၏။

ထန်ထန်နိုးလာသည့်အချိန်တွင် သူကသက်တောင့်သက်သာရှိသည့်အိမ်လေးထဲရောက်နေသည်။ ဘေးပတ်လည်မှမြက်ခင်းအားကြည့်လိုက်ပြီး သူ့အောက်မှမြက်အသိုက်လေးကိုတွေ့ကာ အတွေးများကြားနှစ်မြုပ်သွား၏။

“လက်တစ်ဖဝါးစာလောက်ငါကျုံ့သွားတာလား ”

သူ့စကားမဆုံးခင်ပင် ကျယ်လောင်သည့်အသံကိုသူ့ခေါင်းထဲမှကြားရလေသည်။

( System: သတိပေးချက် သတိပေးချက်။ ဇာတ်ဆောင်ရှိုက နောက်ဆယ်မိနစ်အတွင်းရောက်လာပါတော့မယ်။ ချက်ချင်းပြေးရန်အကြံပေးပါသည်။ )

ထန်ထန်၏နားရွက်ပွပွများက ထောင်သွား၏။

” ဘာလို့အစထဲက သေမလားရှင်မလားဖြစ်နေရတာလဲ ”

သူကတံခါးအားကန်ဖွင့်လိုက်ပြီး လျှပ်စီးလိုပြေးသွားကာ ဆုများကိုလဲရသွားသည်။

( ဂုဏ်ပြုပါတယ် မင်းရရှိခဲ့သည့်အရာ: ယိုကိုင်းစွမ်းအင်။ မင်းကဘာကိုစိုက်ကြည့်နေတာလဲ ငါက ရိုးရိုးယုန်ဖြူလေးပဲလေ )

( ဂုဏ်ပြုပါတယ် မင်းရရှိခဲ့သည့်အရာ: တိုက်ခိုက်ရေးစွမ်းအင်မြှင့်တင်ခြင်း။ မင်းဘာကိုစိုက်ကြည့်နေတာလဲ ယုန်ကစိတ်တိုလာရင်ကိုက်တတ်တယ် )

လေအေးလေးကတံခါးကို ရိုက်ခတ်မိကာ ယုန်ပေါက်လေးကလဲ ယိုကိုင်းစွမ်းအင်အားရရှိသွားသည်။ ဆယ်မိနစ်လောက် ခုန်ပေါက်ပြေးလွှားပြီးချိန်အေးတိအေးစက်မျက်နှာအမူအရာနှင့် လူတစ်ယောက်က အိမ်သေးသေးလေးရှေ့သို့ရောက်လာ၏။

ဧရိယာတစ်ဝိုက်တွင် စာတိုင်များကပ်လိုက်ပြီး သစ်သားတံခါးအားတွန်းဖွင့်လိုက်၏။ အထဲတွင်တစ်ယောက်မှမမြင်သည်နှင့်တီးတိုးရေရွတ်လိုက်သည်။

” သူတစ်ကယ် ထွက်ပြေးနိုင်သွားတာပဲ ”

ထပ်ပြီးလေ့လာမနေတော့ပဲ စီခုန်းလဲ့ကတစ်ဖက်လှည့်လိုက်ကာ ယိုကိုင်းစွမ်းအင်အရင်းအမြစ်အားခြေရာခံလေသည်။ တစ်ကောင်တည်းသောလရောင်ယုန်လေးထွက်သွားသည်နှင့် Jilai တောင်တန်းတွင် သူ၏တည်ရှိမှုအားမသိအောင်ဖုံးဖိပေးလိုက်၏။

စီခုန်းလဲ့ထွက်သွားသည်နှင့် အနားမှခြုံပုတ်လေးထဲမှ အသံလွင်လွင်လေးထွက်လာလေသည်။ ဖြူဖြူသေးသေးယုန်လေးက လူ့အမူအရာနှင့်တူနေကာ သက်ပြင်းချလိုက်ပြီး သစ်ရွက်လေးများအုပ်ကာထွက်လာ၏။

ဇာတ်ဆောင်ရှို စီခုန်းလဲ့က ဒုတိယမျိုးဆက်ပျိုးထောင်သူဖြစ်ကာ ယိုကိုင်းနယ်ပယ်၏ကျော်ကြားသည့်မိသားစုမှပင်။ သူ၏သန်မာသည့်ယိုကိုင်းကြောင့် ဂုဏ်ပုဒ်တစ်ခုကိုရထားသေး၏။ သူ၏လုပ်နိုင်စွမ်းများက သူ့အတွေ့အကြုံများကိုဖြန့်ဝေနိုင်စေကာ တစ်ခါတစ်ရံ လူများကိုအစွမ်းများရရှိစေပြီး  တစ်ခါတစ်လေတွင်တော့ မသန်စွမ်းဖြစ်စေနိုင်သည်။

သို့သော်လဲ စီခုန်းလဲ့၏နူးညံ့သည့်အမူအရာသာမရှိလျှင် သူက လူများတည်ရှိနေခြင်းသဘာဝကိုအဆုံးသတ်စေနိုင်၏။ ဘဝစက်ဝန်းမှမပြေးနိုင်ကာ အိုလိုက်နာလိုက်သေလိုက်ဖြစ်နေကြပြီး လရောင်ယုန်တစ်ကောင်သာကျန်သည်ဟုသိသည်နှင့် ထိုအကောင်အားစားသုံးပြီး ဆေးဝါးဖော်ထုတ်နိုင်မည်ပင်။

ယုန်ပေါက်လေး၏နားရွက်များကလှုပ်နေကာ မူလပိုင်ရှင်၏ဝိဉာဥ်အားလိုချင်နေသည်ကိုတွေးရင်း စီခုန်းလဲ့က ယိုကိုင်းဘုရင်နှင့် လိင်ဆက်ဆံကာ သူ့ခွန်အားများကိုမြှင့်တင်လေ၏။ ထို့နောက်ပင် အမှီးကိုးချောင်းမြေခွေးအား နောက်ဆုံးကျန်သည့် လရောင်ယုန်အားစားသည်ဟုစွပ်စွဲသည်။ သို့သော်လဲ စီခုန်းလဲ့၏မောက်မာမှုကြောင့် တိုက်ခိုက်သူများက ပျိုးထောင်ရေးလောက၏ပညာရှင်အား အရှက်ရစေရန်စီစဥ်ကာ ဇာတ်ဆောင် Gongs နှင့် Shou များကြားတွင် ပဋိပက္ခများဖန်တီး၏။

” ကျစ်..ကျစ်.. ”

သေးငယ်သည့်ယုန်ပေါက်လေးကသက်ပြင်းချကာ သူ၏သစ်သားတဲအိမ်လေးထဲသို့အင်အားပြည့်စွာပြန်ဝင်သွားသည်။ အမွေးပွပွနှင့်သတ္တဝါလေးက သူ၏မြက်အသိုက်ထဲသို့တိုးဝင်ကာ ဖုန်းအားထုတ်လိုက်၏။ ကြမ်းပြင်ပေါ်တွင်ထိုင်ချပြီး သေးငယ်သည့်လက်လေးက ဖုန်းမျက်နှာပြင်အားထိတို့နေသည်။

လရောင်ယုန်လေးက ပျိုးထောင်ရာတွင်ကျွမ်းကျင်ကာ အပင်ကြီးများနှင့်လဲဆက်ဆံရေးကောင်းလေ၏။ ထန်ထန်က နှစ်ပေါင်းထောင်ချီနေခဲ့သည့် စီနီယာသစ်ပင်အားဆက်သွယ်နေသည်။

…..

ထိုအချိန်တွင် ယိုကိုင်း မဟာမိတ်က မိုးမခပင်ကြီးဆီမှမက်ဆေ့ဂျ်ကိုရကာ Moonlight Bunny မျိုးဆက်၏နောက်ဆုံးလရောင်ယုန်ကတောင်ကိုစွန့်ခွာသွားတော့မည်ဟုသိရသည်။ သူတို့က ယိုကိုင်းမဟာမိတ်အား လရောင်ယုန်ပေါက်လေးကို သေချာလေ့လာကာ ဂရုစိုက်ပေးရန်တောင်းဆို၏။ တောင်ပိုင်းအားစစ်ဆေးပြီးသည်နှင့် မိုးမခပင်အိုကြီးက ကျေးဇူးတင်ကြောင့်ဖော်ပြလေသည်။

လရောင်ယုန်လေး၏အသက်ရှည်စေသည့်စွမ်းအင်က ယိုကိုင်းများအတွက်အသုံးမဝင်ပေ။ သို့သော်လဲယုန်လေးအားဖမ်းကာ နတ်ဆေးဝါးများကိုထုတ်လုပ်ချင်သော အင်အားကြီးသည့်ယိုကိုင်းများကို ဆွဲ‌ဆောင်ဆဲပင်။ ဂရုတစိုက် စဥ်းစားပြီးသည့်နောက်တွင် ယိုကိုင်းမဟာမိတ်ကာ သနားစရာယုန်လေးအတွက်အစောင့်ရှာပေးရန်ဆုံးဖြတ်လိုက်၏။

…..

ကြံ့ခိုင်ရေးကလပ် VIP ခန်း၏အပြင်ဘက်တွင်အဖွဲ့ကစုစည်းနေကာ မှန်မှဖြတ်မြင်နေရသည်။ လေ့ကျင့်ခန်းလုပ်နေကျသည့်ကောင်မလေးများက ရှက်နေကြပြီး သူ၏ Wechat အားတောင်းရန်ဆွေးနွေးနေကြ၏။ များစွာသောချောမောသည့်ကောင်‌လေးများက တီးတိုးပြောနေကြကာ ပြေးစက်ပေါ်မှလူအားကြည့်နေကြသည်။

ပြေးစက်ကအမြင့်ဆုံးအဆင့်သို့ရောက်နေပြီး ထိုလူကလဲ Bluetooth နားကြပ်များတပ်ထား၏။ သူ့အသက်ရှူသံကတည်ငြိမ်နေပြီး တော်တော်ကြာကြာနေပြေးနေပုံရသည်။ အဖြူ‌ရောင်အင်္ကျီသည် ချွေးများစိုနေသောကျောသို့ကပ်သွားကာ သူ၏ကြွက်သားများပေါ်လာပြီး ယောကျ်ားဆန်သည့်အနံ့လဲထွက်လာသည်။

သူ့နားကြပ်မှသီချင်းကရပ်သွားကာ ဖုန်းဝင်လာသည်။ လန်ချွမ်က စက်အားမရပ်ပဲ ဖုန်းကိုင်လိုက်၏။

” ယိုကိုင်းမဟာမိတ် ဘာလိုချင်လို့လဲ ”

လန်ချွမ်ကမျက်ခုံးပင့်လိုက်သည်။

လေးတိလေးကန်အသံကြောင့်တစ်ဖက်မှယိုကိုင်းက သူ၏ဆုံးဖြတ်ချက်မှန်မမှန်ပင်တွေးတောနေသည်။

ယုန်တစ်ကောင်ကို ဝံပုလွေကစောင့်ရှောက်မယ်?  အဲ့တာကအဓိပ္ပါယ်မရှိဘူး။ ဒါပေမယ့်လဲ စိစစ်ရေးကဘာတွေးနေလဲဆိုတာကိုစဥ်းစားယုံသာရှိလေ၏။

ယိုကိုင်းအများစုကထိန်းထိန်းသိမ်းသိမ်းနေကာ မာနကြီးကြသော်လဲ အခုတွင်တော့ သူတို့မှာရွေးချယ်စရာသိပ်မရှိပေ။ ပြီးတော့လဲ လန်ချွမ်ကိုရွေးခြင်းကိုပိုသင့်တော်သည်။ ရက်စက်ကြမ်းကြုတ်သည်ဟုသိထားသည့် ဝံပုလွေဘုရင်အား သူတို့ဘက်မှစမထိခိုက်သရွေ့ သူ့ဘက်ကလဲနှောက်ယှက်မည်မဟုတ်ပေ။

” ဟေး လန်ချွမ်.. ”

” နောက်ဆုံးလက်ကျန် လရောင်ယုန်က လူ့လောကကိုရောက်လာပြီ။ သူတို့မျိုးနွယ်ရဲ့စွမ်းအင်အရ လူတွေကလဲသူတို့ကိုလိုက်ဖမ်းနေတုန်းပဲ။ အဲ့တော့ အဲ့မျိုးနွယ်မှာ ဒီယုန်တစ်ကောင်ပဲကျန်တော့တယ်။ ယိုကိုင်းမဟာမိတ်က..မင်းကိုသူ့ရဲ့အစောင့်လုပ်စေချင်နေတယ်။ မိုးမခပင်အိုကြီးပြန်ရောက်ရင်တော့ အဲ့ယုန်က သူနဲ့ပြန်လိုက်သွားလိမ့်မယ် ”

ထိုအရာကိုကြားသည်နှင့် ကြံ့ခိုင်သန်မာနေသည့်ဝံပုလွေဘုရင်က ပြေးစက်ပေါ်မှပြုတ်ကျတော့မလိုဖြစ်သွားလေ၏။

ယိုကိုင်းမဟာမိတ်ကဘာကိုဆိုလိုချင်တာလဲ။ သူတို့ကဝံပုလွေတစ်‌ကောင်ကို ယုန်ရဲ့သက်တော်စောင့်ဖြစ်စေချင်တာလား။

သူတို့ဘာတွေတွေးနေကြတာလဲ။ ဝံပုလွေရဲ့ခံတွင်းတည့်တည့်ကိုအစာလာထည့်နေကြတာလား။

” မင်းတို့… ”

လန်ချွမ်ကပြောစရာစကားပျောက်သွားသော်လဲ ထိုအရာအားပျော်ဖို့ကောင်းသည်ဟုမြင်၏။ ပြေးစက်အားရပ်လိုက်ကာ ပြုံးလိုက်သည်။

” ဆိုတော့ အဖွဲ့စည်းချုပ်ကငါ့ကိုအဲ့လောက်တောင်ယုံတယ်ပေါ့ ”

ယိုကိုင်းမဟာမိတ်ကသက်ပြင်းချလိုက်သည်။

” ယိုကိုင်းတွေထဲမှာတော့ အဲ့ယုန်ကိုကာကွယ်ပေးနိုင်တာနဲနဲပဲရှိတယ်။ လျှိုဝူရှန်းက ခန့်မှန်းလို့မရဘူး ပြီးတော့ ပိုင်ရွမ်ကလဲ… ”

” ပိုင်ရွမ်က အဲ့ယုန်ကိုစောင့်ရှောက်ပေးဖို့သိပ်မသင့်တော်ဘူး ”

လန်ချွမ်ရယ်လိုက်ကာ ထိုမြေခွေး ပိုင်ရွမ်က လူသားတွေတိုက်ခိုက်ပြီး မနာလိုဖြစ်ကြတာကိုကြည့်ရတာကြိုက်မှန်းတွေးနေ၏။ ထိုကလေးအားဂရုစိုက်ရမည်ဆိုလျှင် မိုးမခပင်အိုးကြီးပြန်ခေါ်သွားရင်တော့ ထိုယုန်လေးက အေးစက်သည့်သတ္တဝါလေးဖြစ်သွားမည်မှာသေချာပေါက်ပင်။

” ကောင်းပြီလေ အဲ့တာယုန်မလား သူ့ကိုခေါ်လာခဲ့ ဘယ်လိုပုံလဲဆိုတာငါကြည့်မယ် ”

လန်ချွမ်က လည်ပင်းများချွေးများကိုသုတ်လိုက်ပြီး ပြေးစက်ပေါ်မှဆင်းကာ အပြင်သို့ထွက်သွား၏။

” အိုး အဲ့တာအဆင်ပြေတယ် ”

ယိုကိုင်းမဟာမိတ်ကမြူးကြစွာပြန်ဖြေသည်။

” တောင်တွေထဲက ယိုကိုင်းက အဲ့ယုန်လေးကို မင်းရဲ့ကလပ်ဆီခေါ်လာနေပြီ။ အဲ့လရောင်ယုန်လေးက ငယ်သေးတော့ သူ့ကိုသေချာဂရုစိုက်ပေးပါ ”

လန်ချွမ်က ဓာတ်အားဖြည့်ရေဘူးအားလှည့်ဖွင့်ပြီး ဖုန်းချလိုက်၏။

ကောင်လေးများနှင့်ကောင်မလေးများက ကလပ်အပြင်တွင်ရပ်နေသော လန်ချွမ်ဆီလာရန်တွေဝေနေကြ၏။ အထဲတွင် သူက နူးညံ့ငြင်သာသည့်အသံများကိုကြားနေရသေးသည်။

” ဘရို Wechat အပ်လို့ရမလား ”

ကောင်လေး၏မျက်တောင်များလှုတ်ခတ်နေကာ ဆွဲ‌‌ဆောင်မှုရှိသည့်အသံဖြင့်ပြောလေသည်။

လန်ချွမ်၏အစိမ်းရောင်မျက်လုံးများက တောက်ပလာကာရယ်လိုက်ပြီး ထိုလူအားငြင်းဆိုလိုက်၏။

လူများကကလပ်ထဲရှိထိုင်ခုံနားတွင်စုဝေးနေကာ ကျယ်လောင်စွာစကားများပြောနေကြ၏။ လန်ချွမ်က ဘေးတွင်ရပ်နေကာ သူ၏အကြားအာရုံကြောင့် ငြင်သာသည့်အသံလေးကိုကြားနေရလေသည်။

” ဟင့်အင်း..ကျွန်တော်မစားချင်ဘူး ”

” ထန်ထန်က ဒီကအမျိုးတွေဆီရောက်လာတာ ”

” ဟင့်အင်း ကျွန်တော်..ကျွန်တော်က ယောက်ျားလေးလို့ ”

အသံလေးကနူးညံ့ငြင်သာနေကာ လတ်လတ်ဆတ်ဆတ်ဖုတ်ထားသောကိတ်မုန့်ချိုချိုလေးများလိုဖြစ်နေ၏။ လန်ချွမ်က ရှေ့သို့တိုးလာရင်း စူးစမ်းလေသည်။

လူအုပ်ကြားထဲတွင် သူက အနက်ရောင်ဆံပင် ဖြူဖွေးသောအသားအရည်နှင့်ကောင်လေးက ထိုင်ခုံပေါ်တွင်ထိုင်နေသည်ကိုတွေ့လေသည်။ ထိုကောင်လေးက စိမ်းသက်သည့်ပတ်ဝန်းကျင်တွင် သက်တောင့်သက်သာမဖြစ်နေကာ သူ၏ကြီးမားသည့်မျက်လုံးနက်များကလဲ ငွေ့ရည်ဖွဲ့နေ၏။ ပန်းရောင်သန်းနေသည့်နှုတ်ခမ်းလေးက စေ့ထားကာ သတ္တဝါသေးသေးလေးတစ်ကောင်လို ကိုယ်အားကျုံ့ထားသည်။

လန်ချွမ့်နှလုံးသားက လှုပ်ခတ်သွား၏။ သူက မမြင်ရသည့် လုံခြုံရေးမျဥ်းကိုဖြတ်သွားသလို ရှေ့သို့တိုးသွားကာ ကောင်လေးကလဲ သူ့အားကြည့်မိလေသည်။

လေ့ကျင့်ခန်းပြီးနောက်တွင်လန်ချွမ်၏အရှိန်အဝါက ဝံပုလွေကြီးတစ်ကောင်လို ယုန်ပေါက်လေး၏မျက်လုံးထဲတွင်မြင်နေ၏။ ကောင်လေး၏မျက်နှာကဖြူဖပ်ဖြူလျော်ဖြစ်သွားကာ ထိုင်ခုံနောက်သို့ခုန်လိုက်ပြီး ထွက်ပေါက်သို့ပြေးရန်ကြံလေသည်။

ကျစ်..

ကျစ်..ကျစ်..ကျစ် အဲ့တာဝံပုလွေတစ်ကောင်ပဲ!!

လူများက တုံ့ပြန်ရန်နှေးကွေးနေသည့်အထိကောင်လေးကပြေးလေ၏။ ထန်ထန်က ထွက်ပေါက်နားသို့ရောက်ခါနီး နောက်ဆုံးခြေလှမ်းတွင် တစ်ယောက်ယောက်က သူ့ဂုတ်အားလှမ်းဆွဲလိုက်သည်။

လန်ချွမ်၏နှုတ်ခမ်းများကွေးတက်သွားကာ ထိုယုန်လေးအား စက္ကူလေးကိုင်ထားသလို ဆုပ်ကိုင်ထား၏။ ထိုကလေး၏ခြေထောက်များကလေထဲတွင်မြောက်နေကာ လန်ချွမ်ကရယ်လိုက်သည်။

” မင်းကဘာလို့ပြေးတာတုန်း ”

ယုန်လေးကတုန်ယင်နေကာ ကျွတ်ထိုးလာသည်။

” ကျွန်တော်..ကျွန်တော်ပြေးတာမဟုတ်ပါဘူး ”

ကလပ်ထဲတွင်လူများစုနေကာလန်ချွမ်မျက်လုံးများက ယုန်လေးကိုကယ်ရန်ပြင်နေသည့်လူများကိုဝေ့ဝိုက်ကြည့်လိုက်၏။

” မင်းက ကိုယ့်ကိုရှာဖို့လာတာမဟုတ်ဘူးလား ဒါလင်  အခုမှဘာလို့ရှက်နေရတာလဲ ”

ယုန်လေးကိုကယ်ရန်ကြိုးစားနေသည့်လူစွမ်းကောင်းက စိတ်ပျက်သွားသည်။

သေစမ်း။ အဲ့လိုချစ်စရာကောင်းတဲ့ကောင်လေးဖြစ်နေမှတော့ အဖော်ကရှိနေမှာပေါ့ ဒေါသထွက်စရာကောင်းတယ်။

လန်ချွမ်က သူ့အကြည့်အားလွှဲလိုက်ပြီး ဆွဲဆောင်မှုရှိသည့်အသံဖြင့်ပြောလေ၏။

” သွားရအောင် ဒါလင်။ ကိုယ်တို့ထဲသွားပြီးစကားပြောရအောင်။ ”

ထန်ထန်က သူ့ခြေထောက်များကို ဝံပုလွေ၏လက်မှလွတ်ရန်မသိမသာကန်ကျောက်နေ၏။ သူ့နှုတ်ခမ်းများက ဟသွားပြီးအသံတိုးတိုးလေးထွက်လာသည်။

” ကျစ် ”

သေချာပေါက်ပင်ထိုကလေးကသူ့အားကြောက်နေကာ စကားပင်မပြောနိုင်ခြင်းပင်။

(Arc7) Chapter 1 end

Gangs*xလုပ်ရန် ဇာတ်လိုက်ကုန်းများကို ခိုးယူခြင်း

Gangs*xလုပ်ရန် ဇာတ်လိုက်ကုန်းများကို ခိုးယူခြင်း

Status: Ongoing Type: Author:
Description ရုပ်ရှင်သရုပ်ဆောင်ဆုကို ရရှိသွားသူ ထန်ထန်သည် အဓိကဇာတ်လိုက်Shouအား ဗဟိုပြုကာ လည်ပတ်လို့နေသည့် စာအုပ်ထဲမှ အမြောင်စာဇာတ်ကောင်လေးတစ်ခုမျှသာ ဖြစ်သည်။ ထိုစာအုပ်ထဲရှိ သူ့၏ အဆုံးသတ်မှာ အများက ဝိုင်းချစ်မြတ်နိုးကြသော အဓိကဇာတ်လိုက်Shouထံမှ နင်းချေခံရကာ ပျက်စီးသွားဖို့သာ ဖြစ်လေသည်။ သို့သော်ငြား နောက်ပိုင်းတွင် ဇာတ်ကြောင်းကြီးတစ်ခုလုံး ပြိုကျသွားသည့်အခါ....... ဝိညာဉ်ကူးပြောင်းသွားပြီးနောက် သရုပ်ဆောင်ဆုရှင် ထန်ထန်သည် အပြင်ပိုင်းတွင် မလိုချင်သလို သရုပ်ဆောင်နေပါသော်ငြား စိတ်ထဲတွင်တော့ နောက်တစ်ချီ စဖို့ရန်ပင် အော်ဟစ်တောင်းဆို နေခြင်းဖြင့် ပျော်ရွှင်သော ဘ၀၌ စတင်ကာ နေထိုင်တော့သည်။ List of arcs [ အထက်တန်းကျောင်း ] အပြစ်ကင်းသော ကျောင်းသားလေး : 1vs3 [ ရှုးဂါး ဒယ်ဒီ ] အဓိကဇာတ်ကောင်Shou၏ ရှက်တတ်ကာ မသန်စွမ်းဖြစ်နေသော ညီငယ်လေး : 1vs2 ( မင်းက ငါ့ကို မသန်စွမ်းအောင် လုပ်ရင်၊ ငါကလည်း မင်းရဲ့ gongတွေအားလုံးကို မြူဆွယ်ပစ်မယ် ) [ ရှေးခေတ်တရုတ် ] ‌မင်းပြည်ထောင်ကျဆုံးပြီးနောက် ချူချာလှပါသော အမတ်မင်းလေး : 1vs3 ( အကျဉ်းသားဘ၀ ) [ ကမ္ဘာပျက်ကပ် ] Big bossကြီး၏ အထူးသီးသန့် ကုသသူလေး : 1vs3 ( သနားစရာကောင်ငယ်လေးဟာ လူကောင်းတွေနဲ့ နောက်ဆုံးသော တွေ့ရပြီဟု ထင်ခဲ့မိသော်ငြား Big bossကြီးထံမှ နေ့တိုင်း မြေဩဇာ ကျွေးခံနေရသောအခါ ) [ အိုမီဂါဗာ့စ် ] လေးစားရပါသော ဗိုလ်ချုပ်ကြီး : 1vs3 [ အနုပညာ အသိုင်းအဝိုင်း ] ကျော်ကြားသူများ၏ နူးညံ့သိမ်မွေ့သော မန်နေဂျာလေး : 1vs3 ( ချမ်းသာတဲ့ အသိုင်းအဝိုင်းက လာတဲ့ ကောင်လေးတွေ အဖွဲ့ကို ဦးဆောင်ရတာ လွယ်မနေဘူး ) [ ရိုကိုင်းဘ၀ ] တုန်ယင်နေသော ယုန်ကလေး ရိုကိုင်း : 1vs3 ( ကြီး....ကြီးမြတ်လှသော ဝံပုလွေကြီး၊ ကျွန်တော့်ကို မစားပစ်လို့ ရမလားဟင် ) [ မာဖီးယား ] အသောက်အစား ရှောင်ကြဉ်သူ ဆရာ၀န်လေး : 1vs3 ( ငါ နတ်ဆိုးတစ်ကောင်ကို ကယ်ခဲ့မိပြီ ) [ အလုပ်ခွင် ] ဥက္ကဠ၏ လက်ထောက်ခေါင်းဆောင်လေး : 1vs3 ( ကျွမ်းကျင်သော လက်ထောက်လေး။ တစ်ခုခု လုပ်စရာရှိရင် လက်ထောက်ကို လုပ်ခိုင်းလိုက်။ ဘာမှမရှိရင်တော့ လက်ထောက်ကို လုပ်လိုက် ) [ အထက်တန်းကျောင်း ] လှပနုပျိုသော ကျောင်းဆရာလေး : 1vs3 ( ဒီမှာ ကျောင်းသား၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ) [ အထက်တန်းစား မိသားစု ] အော်တစ်ဇင် ရောဂါရှိသော မွေးစားသားလေး : 1vs3 ( ငါက ဒယ်ဒီရဲ့ အဖိုးတန်လေးလေ ) [ သမ္မတနိုင်ငံခေတ် ] မထင်မရှားနှင့် သူရဲဘောကြောင်တတ်သော လူကြီးလူကောင်းလေး : 1vs3 ( စစ်ပွဲအရှင်အား ညစာစားပွဲတွင် တွေ့ဆုံမိခြင်း ) [ မြို့ပြနေ ဘ၀ ] တတ်ကြွကာ ယောကျာ်းဆန်သော လူကြီးမင်း : 1vs2 ( နိုင်ထက်စီးနင်းလုပ်တတ်သော မိသားစုမှ တူဆိုးလေး ) [ အနုပညာ အသိုင်းအဝိုင်း ] အသိုင်းဝိုင်းထဲသို့ စတင်၀င်ရောက်လာသည့် ရေသူ မျက်နှာသစ်လေး : 1vs3 ( ဆုရသရုပ်ဆောင်၊ ဒါရိုက်တာနှင့် စီးအီးအို၊ ကလေး‌မွေးဖွားခြင်း ပါ၀င်သော်ငြား inters*x မဟုတ်ပါ ) [ မလုပ်အပ်သော ကိစ္စများ ] အဓိက ဇာတ်လိုက်shou၏ မျက်မမြင် ခင်ပွန်းသည်လေး : 1vs1 ( မင်းဒယ်ဒီက မင်းနဲ့ ကြိုက်နေတယ်လို့ ငါကြားမိတယ်။ ပြောရမှာတော့ အားနာပါရဲ့၊ မင်းဒယ်ဒီက ငါ့ကို စောက်ရမ်းကို အရူးအမူး ချစ်နေတာလေ ) [ Live လွှင့်ခြင်း ] နူးညံ့သော ခရူတီလေး : 1vs2 ( မင်း အိပ်ပျော်သွားအောင် ချော့သိပ်ဖို့ ငါ့ကို လိုလားဟင်? ) [ လူဆိုးဂိုဏ်း ခေါင်းဆောင် ] ရက်စက်ယုတ်မာသော လူဆိုးခေါင်းဆောင်လေး : 1vs3 ( အို့၊ ချစ်ရပါသော ဘုန်းတော်ကြီးက ကျွန်တော်မျိုးကို လမ်းညွှန်ပြုပြင်ပေးဖို့ လာခဲ့တာပါလား? ) [ ရှေးခေတ် အထက်တန်းလွှာ မိသားစု ] အလို‌လိုက်ခံ‌ရသော သခင်ငယ်လေး : 1vs2 ( မြင့်မြတ် သန့်စင်တဲ့ သခင်လေးက သူ့ရဲ့ နတ်ဆိူ အစေခံတွေဆီကနေ ဝိုင်းပြီး အနမ်းခံ၊ အဖက်ခံလိုက်ရတယ် ) [ တက္ကသိုလ် နယ်မြေ ] ဘတ်စ်ကတ်ဘောအဖွဲ့ခေါင်းဆောင် အဖြောင့်ကောင်လေး : 1vs3 ( လီးပဲ! ငါနဲ့ တူတူကြီးလာတဲ့ ငါ့ ငယ်သူငယ်ချင်းကြီးက ငါနဲ့ ပတ်သတ်ပြီး ထူးထူးဆန်းဆန်း ရည်ရွယ်ချက်တွေ ရှိနေတာများလား? ) [ စိတ်ဝိဉာဉ် ] သရဲတွေကို အယုံအကြည်မရှိ၊ ဒေါသထွက်လွယ်သော စီးအီးအိုလေး : 1vs3 ( သရဲ? ဘယ်လိုတောင် အဓိပ္ပာယ် မရှိတာလဲ? သရဲဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိဘူးကွ! ) [ အနောက်တိုင်း ] ဗန်ပိုင်းယား မင်းသားလေး : 1vs3 ( ဟင်း။ မင်းအနံ့က အရမ်းကောင်းတာပဲ။ ငါ တစ်ကိုက်လောက် ကိုက်လို့ ရမလားဟင်? သေးသေးလေးပါပဲ ) [ နန်းတွင်း တရားခုန်ရုံး ] သိမ်မွေ့သော အမတ်မင်းလေး : 1vs1 ( အရှင်မင်းမြတ် ခင်ဗျား၊ ကျွန်တော်မျိုး ဒီကို ရောက်နေရခြင်းမှာ ခြောက်သွယ်သော အနုပညာအကြောင်းအား သင်ကြားရန်သာ ဖြစ်ပါတယ်။ အဘယ်ကြောင့်များ အရှင်မင်းမြတ်ကို.....လိင်ကိစ္စရေးရာအကြောင်းကို သင်ပေးရဲပါမလဲ? ) [ အကျဉ်းထောင် ] အေးတိအေးစက်ဖြင့် ကျက်သရေရှိလှသော အကျဉ်းထောင်မှူးလေး : 1vs3 ( သိမ်းငှက်တစ်စုနှင့် ‌ကြောင်မည်း‌‌လေးတို့ကြားရှိ အချစ်၀တ္ထုလေး တစ်ပုဒ် ) [ ကျင့်ကြံရေး ] အမူအယာမဲ့သော ဆရာသခင် : 1vs3 ( ထွက်သွားချင်တယ်တဲ့လား၊ ဘယ်လိုတောင် ရဲတင်းနေတာလဲ? )   ===== Arc 24ခု ရှိပြီး အပိုင်းပေါင်း 427 ပိုင်းရှိပါတယ်။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset