Little Creampie:
Chapter 49
“မင်း ဘာလုပ်တာလဲ…” မုယောင် မျက်နှာနီရဲသွားပြီး ချောမောတဲ့ကောင်လေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကြောင့် မြောပါသွားတဲ့ သူ့ကိုယ်သူ ရှက်ရွံ့မိသွားတယ်။
“Sorryပါ ယောင်ယောင်၊ မင်းက အရမ်းချစ်ဖို့ကောင်းနေတော့ ကိုယ်လည်း မနေနိုင်တော့လို့ပါ။” ဖေးယန်ရှင်းက တောင်းပန်စကားဆိုပေမယ့် သူ့ရဲ့အကြည့်တွေက မုယောင်ရဲ့ နီရဲနေတဲ့နှုတ်ခမ်းပေါ်မှာပဲ အခြေကျနေတယ်။
သူ့ကို အဲဒီလိုစိုက်ကြည့်နေတော့ မုယောင်လည်း လန့်သွားပြီး သူ့နှုတ်ခမ်းကို အလိုလို ဖိမိသွားတယ်။
မုယောင်ရဲ့အကြည့်တွေက ဟိုဟိုဒီဒီ ရောက်နေပြီး နောက်ဆုံးမှာ တည်ငြိမ်ချင်ယောင်ဆောင်ပြီးတော့သာ ရုပ်ရှင်ကို ဆက်ကြည့်နေလိုက်တယ်။ဒါပေမယ့် ရုပ်ရှင်ရဲ့ နောက်တစ်ဝက်က ဘာမှန်းမသိလိုက်ဘူး။
ရုပ်ရှင်ရုံကထွက်လာတော့ မုယောင်တို့ရှေ့မှာ လူနှစ်ယောက်က သူတို့ကို ချောင်းကြည့်နေတာကို တွေ့လိုက်ရတယ်။ ဖေးယန်ရှင်း သူ့ကို (မုယောင်ကို) နမ်းလိုက်တဲ့အချိန်မှာ တွေ့သွားတာ ဖြစ်ရမယ်။
မုယောင် မျက်နှာပူသွားပြီး အမြန်ထွက်သွားတော့ ဖေးယန်ရှင်းက ရယ်ရင်း သူ့နောက်ကလိုက်သွားတယ်။
“ယောင်ယောင်က အရမ်းရှက်တတ်တာပဲ၊ ဘာလို့ အမြန်လျှောက်နေတာလဲ?”
မုယောင် သူ့ကို ဂရုမစိုက်ဘဲ မျက်လုံးသာ လှန်ပြီး ဆက်လျှောက်သွားလိုက်တယ်။
ဖေးယန်ရှင်းက ကားရပ်ထားတဲ့နေရာကိုရောက်တော့ သူက ယဉ်ကျေးတဲ့ပုံစံနဲ့ ကားတံခါးကိုဖွင့်ပေးပြီး ခေါင်းမထိအောင် ကာပေးရင်း မုယောင်ကို ကားထဲကိုဝင်စေတယ်။
ဖေးယန်ရှင်း ကားကို အရှေ့တံခါးဝထိ မောင်းသွားပြီးနောက် နှစ်ယောက်သား ကားထဲက ဆင်းလာကြတယ်။ ဖေးယန်ရှင်းက မုယောင်ကို အဆောင်အောက်အထိ လိုက်ပို့ချင်ပေမယ့် မုယောင်က မလိုအပ်ဘူးထင်လို့ ငြင်းလိုက်သည်။ ဒါပေမယ့် ဖေးယန်ရှင်းက အတင်းခေါ်သွားတော့ မုယောင်လည်း လိုက်သွားလိုက်ရသည်။
နောက်ဆုံးမှာ နှစ်ယောက်သား အဆောင်အောက်ကိုရောက်တော့ ပြန်ရောက်လာတဲ့ ပိုင်ရန်နဲ့ ဆုံသည်။
ပိုင်ရန်က သင်ကြားရေးအဆောက်အအုံဘက်ကနေလာပြီး မုယောင်ရဲ့ အဆောင်ကို ဖြတ်သွားတုန်းမှာ ဆုံတာဖြစ်သည်။
မုယောင် ချက်ချင်း ကြောင်သွားပြီး အဲဒီနေရာမှာပဲ ရပ်တန့်သွားတယ်။ သူ့မှာ သူကိုယ်သူ မိန်းမနှစ်ယောက်ကို တစ်ပြိုင်နက်တည်းတွဲတဲ့ လူဆိုကြီးတစ်ယောက်လို ခံစားလိုက်ရတယ်။
“ယောင်ယောင်?” ပိုင်ရန်က အံ့သြသွားပြီး မုယောင်ကိုကြည့်လာတယ်။ ပြီးတော့ သူ့ရဲ့အကြည့်က မုယောင်ဆီကနေ ဖေးယန်ရှင်းဆီကို ရောက်သွားတော့ သူ့ရဲ့မျက်လုံးတွေက အေးစက်သွားတယ်။
ဖေးယန်ရှင်း ပိုင်ရန်ရဲ့အေးစက်တဲ့အကြည့်နဲ့ ကြည့်ခံလိုက်ရပေမယ့် သူက ဘာမှမခံစားရသလိုပဲ။
“ဒါ ဘယ်သူလဲ?”ဖေးယန်ရှင်းက ဒါမုယောင်ရဲ့ ရည်စား (ဒါမှမဟုတ်) ချစ်သူ ဖြစ်မှန်းသိပေမယ့် မသိချင်ယောင်ဟန်ဆောင်ပြီး မေးလိုက်တယ်။
“ဒါ ငါ့ရဲ့ချစ်သူ ပိုင်ရန်တဲ့ ” လို့ မုယောင်ကပဲ ပြောလိုက်ရတယ်။ သူခဗျာ အရမ်းရှက်နေပြီး ပိုင်ရန်ဆီကို လျှောက်သွားချင်ပေမယ့် နှစ်လှမ်းလောက် လှမ်းပြီးတော့ ဘာလုပ်ရမှန်းမသိဘဲ ရပ်တန့်သွားတယ်။
ပိုင်ရန်ကလည်း မုယောင်ကိုကြည့်ပြီး စိတ်ထဲ အားငယ်သွားတယ်။
သူ (ပိုင်ရန်)က ရှေ့ကိုတစ်လှမ်းတိုးပြီး မုယောင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ဖေးယန်ရှင်းကို ကြည့်လိုက်တယ်။
“မင်းက ယောင်ယောင်ရဲ့ သူငယ်ချင်းလား?” ပိုင်ရန်ရဲ့လေသံက ပုံမှန်ဖြစ်ပြီး ဘာခံစားချက် ဘာဒေါသအငွေ့အသက်မှ မပါဘူး။
“ဟုတ်တယ် ငါ့နာမည်က ဖေးယန်ရှင်းပါ။ ငါက ယောင်ယောင်ရဲ့ သူငယ်ချင်းကောင်းပါ” လို့ ဖေးယန်ရှင်းက”သူငယ်ချင်းကောင်း” ဆိုတဲ့အပေါ်မှာ အလေးပေးပြီး ပြောလိုက်တယ်။ နှစ်ယောက်သားရဲ့ အကြည့်ချင်းဆုံသွားပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်လို ဖြစ်သွားတယ်။
မုယောင် ရှက်ရွံ့ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ သူ (မုယောင်)က ဒီလူနှစ်ယောက်ကြားရှိ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် လုပ်နေတာကို ခံစားမိတယ်။
“ငါတို့ အပြင်မှာ ထမင်းစားပြီး ရုပ်ရှင်သွားကြည့်ကြတာ…” မုယောင်ရဲ့ အသံက တဖြည်းဖြည်း သေးငယ်သွားတယ်။ လိင်တူချစ်သူတစ်ယောက်အနေနဲ့ လိင်တူတဲ့သူနဲ့ ရုပ်ရှင်သွားကြည့်တာက မသင့်တော်ဘူး။
ပိုဆိုးတာက ဖေးယန်ရှင်းက သူ့ကို ကြိုက်နေခဲ့ပြီး နမ်းတောင်နမ်းခဲ့သေးတယ်။
“ယောင်ယောင် ပျော်ရင်ပြီးတာပါပဲ။ ငါ ဒီရက်ပိုင်းမှာ ယောင်ယောင်ကို အချိန်သိပ်မပေးနိုင်ခဲ့ဘူး” ပိုင်ရန်က ညင်သာစွာပြုံးပြီး မုယောင်ရဲ့ ပါးကို ဆွဲလိုက်တယ်။
“မစ္စတာဖေးကို နှုတ်ဆက်လိုက် ယောင်ယောင်” ပိုင်ရန်က ပြောလိုက်တယ်။
“ဘိုင့်ဘိုင့် ဖေးယန်ရှင်း” မုယောင်က နာခံစွာ နှုတ်ဆက်လိုက်တော့ ပိုင်ရန်ရဲ့ မျက်လုံးထဲရှိအပြုံးတွေက ပိုနက်ရှိုင်းသွားတယ်။
“ယောင်ယောင် …bye..” ဖေးယန်ရှင်းက ပိုင်ရန်ရဲ့ ခန့်ညားတဲ့ အငွေ့အသက်ကို တည်ငြိမ်စွာ ကြည့်ပြီး သူ့ရဲ့ကလေးဆန်တဲ့ အပြုအမူကို စိတ်ထဲက မုန်းတီးပေမယ့် ဒေါသကို မထိန်းနိုင်ဖြစ်သွားတယ်။
ဖေးယန်ရှင်း ထွက်သွားတော့ မုယောင်က ပိုင်ရန်ရဲ့ မျက်နှာကို ခိုးကြည့်လိုက်တယ်။ ခဏလေးပဲ ကြည့်လိုက်ရသေးတယ် ပိုင်ရန်က သူ့ကိုမိသွားတယ်။
“ဘာလို့ ကိုယ့်ကို ကြည့်နေတာလဲ?” ပိုင်ရန်က မုယောင်ရဲ့ လက်ကို ဆုပ်ညှစ်လိုက်တယ်။
“…စိတ်ဆိုးနေတာလား?” မုယောင်က ညင်သာစွာ မေးလိုက်တယ်။
“ဘယ်လိုဖြစ်နိုင်မှာလဲ?” ပိုင်ရန်က ရယ်ပြီး “ယောင်ယောင် သူငယ်ချင်းတွေနဲ့ အပြင်သွားပြီး ပျော်ရွှင်နေရင် ပြီးတာပါပဲ” လို့ ပြောလာတယ်။
တကယ်တော့ သူ အရမ်းသဝန်ပြီး စိတ်ဆိုးနေတာ။ ဒါပေမယ့် မုယောင်ကို သူ့က စိတ်တိုတတ်တဲ့လူလို့ ထင်သွားမှာကို မလိုချင်ဘူး။
မုယောင်မှာ ပိုင်ရန်ကို နတ်သားလေးတစ်ပါးလို ခံစားရလို့ ခြေဖျားလေးထောက်ပြီး ပိုင်ရန်ရဲ့ ပါးကို နမ်းလိုက်တယ်။
ပိုင်ရန် အံ့သြသွားပြီးမှ ပြုံးလိုက်ပြီး အနမ်းကို ပိုနက်ရှိုင်းသွားအောင် ဖန်တီးလိုက်သည်။
Chapter 49 end
Chapter 50
မုယောင် အဆောင်ကိုပြန်ရောက်တော့ ရေမြန်မြန်ချိုးပြီး ခုတင်ပေါ်မှာ လှဲလိုက်တယ်။ ဖုန်းကိုဖွင့်ပြီး လှန်လှောကြည့်ရင်း နောက်ဆုံးမှာ ချီစစ်စစ်နဲ့ စကားပြောဖို့ dialog box ထဲကို ဝင်လိုက်တယ်။
“ရွိလား?” မုယောင်က စာရိုက်ပြီး လှည့်ပတ်နေတဲ့ ယုန်ရုပ်လေးကို ပို့လိုက်တယ်။
“ဘာဖြစ်လို့လဲ ယောင်ယောင်?” ချီစစ်စစ် ချက်ချင်း ပြန်ဖြေတယ်။
“ကျွန်တော် ဒီရက်ပိုင်း အရမ်းစိတ်ညစ်နေတာ။ မနက်ဖြန် ကျဲကို စကားပြောချင်လို့ အားလား?”
“ရတယ်လေ၊ ငါ့ကို ညစာကျွေးရမယ်” ချီစစ်စစ်က နောက်ပြောင်ပြောလိုက်တယ်။
“အိုခေ” မုယောင်နဲ့ချီစစ်စစ်တို့ အချိန်နဲ့ စားသောက်ဆိုင်တည်နေရာကို ရွေးပြီး တခြားအကြောင်းတွေလည်း ခဏလောက် ပြောကြတယ်။
မုယောင် အရမ်းနောက်ကျတဲ့အထိ မေနခဲ့ဘူး။ ပိုင်ရန်ကို good night ပြောပြီး အိပ်လိုက်တယ်။
အိပ်မက်မက်မမက်တဲ့ ညတစ်ညဖြစ်ခဲ့တယ်။ မုယောင် နိုးလာတော့ အဆောင်မှာ သူတစ်ယောက်ပဲ ကျန်ခဲ့တယ်။ တခြားသူတွေ အားလုံး အပြင်ထွက် သွားစားကြပြီ။မုယောင်လည်း အမြန်ပြင်ဆင်ပြီး ချီစစ်စစ်နဲ့တွေ့ဖို့ စားသောက်ဆိုင်ကို သွားလိုက်တယ်။
ချီစစ်စစ်က အရင်အတိုင်း အရမ်းလှနေတုန်းပဲ။ စားသောက်ဆိုင်ထဲက လူငယ်လေးတွေ အများကြီး သူ့ကို ခိုးကြည့်နေကြတယ်။
” ခဏနေရင် တစ်ယောက်ယောက်က ကျဲရဲ့ WeChat account ကို လာတောင်းလိမ့်မယ်လို့ ထင်တယ်” မုယောင်က ထိုင်တာနဲ့ ချီစစ်စစ်ကို စနောက်လိုက်တယ်။ “ဘာလို့ စောကြီးရောက်နေတာလဲ?”
“မတက်နိုင်ဘူးလေ။ ငါ့အေဖက ချစ်သူရှာခိုင်းလို့ ငါ အျမန္ထြက္လာခဲ့တာ”
“ကျဲရဲ့ ရည်စားနဲ့ကမပြတ်သေးဘူးလား?” မုယောင် အံ့သြသွားတယ်။
“ဒါ မတူဘူး။ ငါ့အေဖက အတည်တကျ အိမ်ထောင်ဖက်ရှာခိုင်းတာ။ ငါက အသက် ၂၀ ကျော်ပဲ ရှိသေးတာ။ငါ့မှာ ပိုက်ဆံလည်းရှိတယ်။ရုပ်လည်းချောတယ်။ ဘာလို့ အိမ်ထောင်ပြုဖို့နဲ့ အချစ်ရှာဖို့ အလျင်စလို လုပ်ရမှာလဲ?”
ချီစစ်စစ်က အင်မတန် ရုပ်ရည်ကိုကြည့်တဲ့သူ။ သူက ချောမောတဲ့ကောင်လေးပဲဖြစ်ဖြစ်၊ ယဉ်ကျေးသိမ်မွေ့တဲ့အမျိုးသားပဲဖြစ်ဖြစ်၊ ရုပ်ရည်ကောင်းပြီး ကိုယ်လုံးကိုယ်ထည်ကောင်းတဲ့သူကိုပဲ ကြိုက်တယ်။
ပြီးတော့ သူ့ကို ကြည့်ရတာလည်း ငြီးငွေ့သွားတတ်တယ်။ များသောအားဖြင့် ရည်းစားဖြစ်ပြီး ခြောက်လအတွင်းမှာ နောက်တစ်ယောက်နဲ့ အစားထိုးခံရလေ့ရှိတယ်။မုယောင်နဲ့ သိကျွမ်းခဲ့တဲ့ ခြောက်လအတွင်းမှာ သူက နှစ်ယောက်တောင် ပြောင်းပြီးသွားပြီ။
“ကျဲကတော့ ကျဲပါပဲ” မုယောင်က ပြုံးပြီး အားပေးလိုက်တယ်။ နာမည်ကြီးဟင်းလျာအနည်းငယ်မှာပြီး menu ကို ချီစစ်စစ်ကို ပေးလိုက်တယ်။
ချီစစ်စစ်က ဟင်းလျာအနည်းငယ်ထပ်မှာပြီး menu ကိုချပြီး မုယောင်နဲ့ စကားပြောလိုက်တယ်။ သူတို့နှစ်ယောက် စကားပြောရလွယ်ကူအောင် သီးသန့်ခန်းကို အထူးမှာထားသည်။
“ဒီရက်ပိုင်း နင် ဘာဖြစ်နေတာလဲ?” ချီစစ်စစ်က ခုံမှာမှီထိုင်ပြီး မုယောင်ရဲ့အကြောင်းကို နားထောင်ဖို့ အသင့်ပြင်လိုက်တယ်။
“ကျွန့်တော့်မှာ ခ်စ္သူ ရှိတယ်။ ဒါပေမယ့် တခြားတစ်ယောက်ကလည်း ကျွန်တော့်ကို ကြိုက်နေတယ်။ တစ်ခါက ကျွန်တော်တို့ အရက်အရမ်းသောက်မိသွားပြီးတော့…” မုယောင်က တွန့်ဆုတ်တွန့်ဆုတ်ပြောလိုက်တော့ အချစ်ရေးမှာ ဆရာမကြီးဖြစ်တဲ့ ချီစစ်စစ်က ချက်ချင်း နားလည်သွားတယ်။
“နင်တို့နှစ်ယောက် အရက်သောက်ပြီး အမှားလုပ်ခဲ့ကြတာလား?”
“အင်း” မုယောင် အရမ်းစိတ်ဓာတ်ကျသွားတယ်။
“ပြီးတော့ သူက ကျွန်တော့်ကို လိုက်ပိုးနေတာ။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ချစ်သူကို အရမ်းချစ်တာ”
ချီစစ်စစ်က မုယောင်ရဲ့ ဖြူစင်ပြီး လွပတဲ့ မျက်နှာကို ကြည့်ပြီး သူသာ gay တစ်ယောက်ဆိုရင် မုယောင်ကို ကြိုက်မှာပဲလို့ တွေးမိလိုက်တယ်။
ဒီလို လှပပြီး တောက်ပတဲ့ အလွေလးကို ဘယ္သူက မကြိုက်မှာလဲ။
“နင် တစ်ယောက်တည်း နှစ်ယောက်လုံးကို ချစ်ဖို့ စဉ်းစားဖူးလား?” ချီစစ်စစ်က မုယောင်ကို ပြုံးပြီး စနောက်လိုက်တယ်။
“မစဉ်းစားဘူး!” မုယောင်က ပြတ်ပြတ်သားသား ပြောလိုက်တယ်။
“နင်က အရမ်းချစ်ဖို့ကောင်းတာပဲ” ချီစစ်စစ်က မုယောင်ရဲ့ ပါးလေးကို ဆွဲလိုက်တယ်။ နူးညံ့ပြီး ချောမွတ်နေတာမို့ ခံစားလို့ အရမ်းကောင်းတယ်။
“ကဲ၊ အဓိက အကြောင်းအရင်းကို ပြန်သွားကြရအောင်” မုယောင်က ချီစစ်စစ်ရဲ့ ဆုပ်ကိုင်မှုကနေ သူ့မျက်နှာကို လွတ်မြောက်အောင် လုပ်လိုက်တယ်။ သူ့မျက်နှာက ပါးတော့ ဆွဲလိုက်ရင် နီရဲသွားပြီး ကြည့်ရတာ အရမ်းချစ်ဖို့ကောင်းတယ်။
“နင်က လူဆိုးတစ်ယောက် မဖြစ်ချင်ရင် အရင်ဆုံး ရှောင်နေရုံပဲ ရှိတယ်။ တစ်နေ့နေ့မှာ သူ နားလည်သွားပြီး တခြားတစ်ယောက်ကို ကြိုက်သွားနိုင်တယ်” ချီစစ်စစ်က ထိုသို့ပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာ ဖြစ်နိုင်ခြေက အရမ်းနည်းတယ်လို့ သိနေတယ်။
“ဟူး” မုယောင်လည်း စဉ်းစားမိပုံရတယ်။ စိတ်ညှိုးငယ်တဲ့ မျက်နှာနဲ့ စားပွဲပေါ်မှာ မှောက်နေတယ်။
သူတို့နှစ်ယောက် စားသောက်ပြီးတော့ ချီစစ်စစ်က မောလ်ကိုသွားပြီး ရာသီသစ် အဝတ်အစားတွေကြည့်ဖို့ အကြံပြုတယ်။
မုယောင်က ချီစစ်စစ်နဲ့အတူ နာမည်ကြီး brand ဆိုင်တွေကို လည်ပတ်ခဲ့ပြီး ချီစစ်စစ်က အဝတ်အစားနည်းနည်းလေးအတွက် ဝယ်ဖို့ ယွမ် ၆၀,၀၀၀ သုံးခဲ့တယ်။
မုယောင်က ချီစစ်စစ်နဲ့အတူ အိတ်ကြည့်ဖို့ သွားနေတုန်းမှာ ခန်ချင်းဟန်နဲ့ တွေ့လိုက်တယ်။
ခန်ချင်းဟန်နဲ့ သူ့ရဲ့လက်ထောက်က နာမည်ကြီး အမျိုးသားဝတ်ဆိုင်ကနေ ထွက်လာနေကြတယ်။မုယောင်ကိုတွေ့တော့ သူက အရင် နှုတ်ဆက်လိုက်တယ်။
“တိုက်ဆိုင်လိုက်တာ ယောင်ယောင်” ခန်ချင်းဟန်က ပြုံးပြီးပြောလိုက်တယ်။ ပြီးတော့ ချီစစ်စစ်ကိုမြင်တော့ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်တယ်။ “မစ္စချီ”
ချီစစ်စစ်က သူ့ကို မစ္စတာခန်လို့ခေါ်လိုက်ပြီး မုယောင်က သူ့နဲ့ စကားအနည်းငယ် ပြောလိုက်တယ်။
“ဘာလို့ အဝတ်အစားကို တစ်ယောက်တည်း ထွက်ဝယ်တာလဲ?” များသောအားဖြင့် သူတို့က ရာသီသစ်ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းတွေကို ပို့ပေးလေ့ရှိသည်။ဒါပေမယ့် ချီစစ်စစ်က ကိုယ်တိုင်ဈေးဝယ်ထွက်ရတာကို နှစ်သက်တယ်။
ခန်ချင်းဟန်လိုမျိုး အာဏာရှင်CEOတွေမှာ ဈေးဝယ်ထွက်ဖို့ အချိန်လည်းမရှိ စိတ်လည်း မဝင်စားဘူး။
“ကိုယ် ဒီနားမွာ အလုပ်ကိစ္စနဲ့ လာရင်း အဝတ်အစားတွေ နည်းနည်းပေသွားလို့ ဝယ်ဖို့ ခဏဝင်ခဲ့တာ”
“ယောင်ယောင် ဒီည သီးသန့်ဝိုင်ပါတီပွဲတစ်ခုလုပ်မှာ။ မင်းနဲ့ မစ္စချီတို့ကိုလည်း လာရောက်ဖို့ ဖိတ်ခေါ်ချင်တယ်” ခန်ချင်းဟန်က မူလက မုယောင်ကို ဖိတ်ခေါ်ချင်ခဲ့တာ။ ဒါပေမယ့် မကြာသေးခင်က အလုပ်တွေ အရမ်းရှုပ်နေတော့ မေ့သွားတယ်။
“အာ… မလာတော့ပါဘူး” မုယောင်က အခု ဝိုင်ဆိုတဲ့ စကားလုံးကိုတောင် မကြားချင်တော့ဘူး။
“ဒါစီးပွားရေး စုဝေးပွဲမျိုးမဟုတ်ပါဘူး။ အစားအသောက်နဲ့ ဝိုင်ကို မြည်းစမ်းရုံပါပဲ” ခန်ချင်းဟန်က အလျှော့မပေးချင်တာနဲ့ လှည့်ပြီး ချီစစ်စစ်ကို ထပ်ဖိတ်ခေါ်လိုက်တယ်။
“မစ္စချီလည်း လာမှာမဟုတ်လား?” ချီစစ်စစ်က မုယောင်ကိုကြည့်ပြီး မုယောင်နဲ့ တိုင်ပင်နေပုံရတယ်။
မုယောင်က ထပ်ပြီး ငြင်းလို့မကောင်းတော့ဘူး။ “ကောင်းပြီလေ” လို့သာ ပြောလိုက်တယ်။
Chapter 50 end