Little Creampie:
LCP TEAM စာစဥ်:
Chapter 46
နေ့လည်စာစားချိန်မှာ ပိုင်ရန်က မုယောင်က််ို message ပို့လိုက်တော့ မုယောင်လည်း အဝတ်အစားလဲပြီး အောက်ထပ်ကို ဆင်းသွားလိုက်သည်။
“ဒီနေ့ ငါတို့နှစ်ယောက် hot pot သွားစားကြရအောင်” မုယောင်က မနေ့က ပိုင်ရန်ကို hot pot စားချင်တယ်ပြောတော့ ဒီနေ့ ပိုင်ရန်က နာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်ကို ရှာထားပေး၏။
မုယောင်ရောက်တော့ ပိုင်ရန်က သူ့အတွက် သူကြိုက်တဲ့ဟာတွေ အတော်များများ မှာထားပြီးသား။ ဒါပေမယ့်လည်း menuကို ပေးပြီး မုယောင်ကို ထပ်မှာချင်တာရှိလားမေးသည်။
မုယောင်လည်း ယူလိုက်ပြီး အာလူးကြာစွယ်ကြော် ထပ်မှာကာ စားပွဲထိုးကို ပေးလိုက်သည်။
မုယောင်က ပိုင်ရန်ရဲ့နူးညံ့တဲ့မျက်နှာကိုကြည့်ပြီး ရင်ထဲမှာ ဘာကြောင့်မှန်းမသိ ဝမ်းနည်းလာသည်။
ပိုင်ရန်က သူ့အပေါ် အရမ်းကောင်းတာပဲ။ ဒါပေမယ့် သူကတော့ ပိုင်ရန်ကို သစ္စာဖောက်ထားတယ်။ ပိုဆိုးတာက ပိုင်ရန်ကို အမှန်အတိုင်းပြောဖို့ သတ္တိမရှိဘူး။ ပိုင်ရန် သူ့ကိုထားသွားမှာကို ကြောက်နေမိတယ်။
“မုယောင်၊ ဘာဖြစ်နေတာလဲ” ပိုင်ရန်က စိုးရိမ်နေသည့်မျက်လုံးများဖြင့် ကြည့်လာသည်။ မုယောင် သူ့ကို စိုက်ကြည့်နေတာကို သူမြင်လိုက်တယ်။ မုယောင်ရဲ့မျက်လုံးတွေထဲက ဝမ်းနည်းမှုနဲ့ အပြစ်ရှိသလို ခံစားနေရတာကို သူမြင်နေရတယ်။
“…ဘာ၊ ဘာမှ မဖြစ်ပါဘူး” မုယောင်က အောက်နှုတ်ခမ်းကိုက်ပြီး ဝိုးတဝါးပြန်ဖြေလိုက်သည်။
ပိုင်ရန်က ထပ်မေးချင်သေးပေမယ့် စားပွဲထိုးက ဟင်းအိုးလာချပေးတော့ သူ့စကားကို ရပ်တန့်လိုက်ရတယ်။
ပူပူနွေးနွေး ဟင်းရည်ရဲ့အမွှေးနံ့တွေ ထွက်လာတော့ မုယောင်ရဲ့ စိတ်က နည်းနည်း ပြန်ကောင်းလာတယ်။
ပိုင်ရန်က သူကြိုက်တဲ့ အသားတွေ အများကြီးမှာပေးတယ်။ သူက မုယောင် အစပ်ကြိုက်မှန်းသိတော့ အစပ်ဆုံးအိုးကို မှာပေးထားသည်။
ပိုင်ရန်က သန့်ရှင်းတဲ့တူနဲ့ သူ့အတွက် အမဲသားနဲ့ ပုစွန်ထုပ်ကို ပြုတ်ပေးပြီး မုယောင်ကို ဆော့စ်လုပ်ခိုင်းလိုက်သည်။
မုယောင်လည်း စိတ်ကို ပြန်ထိန်းပြီး ဆော့စ်သွားလုပ်သည်။ စိတ်လေးလည်း နည်းနည်းပြန်လန်းဆန်းလာပြီး ဆော့စ်ကောင်းကောင်းလေးတစ်ခု လုပ်ဖို့ ပြင်နေတုန်းမှာ မုန်းစရာကောင်းပြီး သူ မလိုလားတဲ့သူတစ်ယောက်ကို တွေ့လိုက်ရတယ်။
အဲ့ဒီလူက အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တယ်။ သူတစ်ယောက်တည်း သူ့ရဲ့ပန်းကန်ထဲကို ငရုတ်သီးမှုန့်ထည့်နေတယ်။
မုယောင်က လှည့်ပြန်ပြီး ထွက်သွားဖို့ ပြင်နေတုန်းမှာ အဲ့ဒီလူက လှည့်လာပြီးသူ့ကိုတွေ့သွားသည်။
“မုယောင်?” လော့ယင်ရဲ့ အသံက အံ့သြမှုနဲ့အတူ မသိမသာ ဝမ်းသာမှုလေးပါ ပါနေတယ်။
“…” မုယောင် သူ့ကို ဂရုမစိုက်ချင်ဘူး။ စိတ်ထဲမှာလည်း နောင်တရနေတယ်။ကံဆိုးလိုက်တာမှ။
ဒါပေမယ့် မုယောင် ခြေလှမ်းမရွေ့ခင်မှာပဲ လော့ယင်က သူ့နောက်ကို လိုက်လာတယ်။
လော့ယင်က ရှက်တတ်တဲ့သူမဟုတ်ဘူး။သူက မုယောင်ရဲ့သေးသွယ်တဲ့လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး မုယောင် ထွက်သွားမှာကို တားဆီးလိုက်တယ်။
“မင်း ဘာဖြစ်နေတာလဲ” မုယောင်ရဲ့အသံက ကြမ်းတမ်းပေမယ့် လော့ယင်က ဂရုမစိုက်ချေ။
“မင်း ဘာလို့ ငါ့ကိုတွေ့တာနဲ့ ရှောင်နေတာလဲ” လော့ယင်ရဲ့ မျက်လုံးတွေက မုယောင်ရဲ့ ဖြူဖွေးတဲ့မျက်နှာလေးကို တည့်တည့်ကြည့်နေတယ်။
“….” မုယောင်က သူ့ကို လှောင်ပြောင်တဲ့လေသံနဲ့ “ပုံမှန်လူဆိုရင် ခွေးရူးကို တွေ့ရင် ရှောင်မှာပဲလေ” လို့ ပြောလိုက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကတော့ မသိစိတ်ကနေ တုန်ယင်နေသည်။
“…” လော့ယင်က ခွေးရူးလို့ အပြောခံရတာကို အံ့ဩဖို့ကောင်းစွာနဲ့ သူ့ကိုဆဲဆိုမလာဘူး။လော့ယင်က နောက်ထပ်တစ်ခုခုပြောဖို့ ပြင်နေတုန်းမှာ မုယောင်ရဲ့ခန္ဓာကိုယ်က တုန်ယင်နေတာကို သတိထားမိသွားသည်။
သူ့ရဲ့လက်ကို ရုတ်တရက် လွှတ်ပေးလိုက်တော့ မုယောင်က အခွင့်အရေးကိုယူပြီး သူ့ရဲ့နေရာကို ပြန်သွားတယ်။ လော့ယင်လည်း သူ့နောက်က လိုက်လာတာကို သတိမထားမိလိုက်ဘူး။
“မုယောင်?” ပိုင်ရန်က မုယောင် လက်ဗလာနဲ့ ပြန်လာတာကို ကြည့်ပြီး အံ့သြသွားတယ်။ ပြီးတော့ သူ့နောက်မှာ လော့ယင်က မနီးမဝေးကနေ လိုက်လာတာကို တွေ့လိုက်တယ်။
ပိုင်ရန်က မုယောင်နဲ့ လော့ယင်ရဲ့ဆက်ဆံရေး မကောင်းမှန်းသိသည်။ သူ အရင်က ညှိနှိုင်းပေးဖို့ စဉ်းစားဖူးတယ်။ ဘာလို့လဲဆိုတော့ လော့ယင်နဲ့သူ့ရဲ့ ဆက်ဆံရေးက ကောင်းမွန်လို့ပဲ။
ဒါပေမယ့် မုယောင်က ဒီကိစ္စကို အရမ်းဆန့်ကျင်နေတာကို တွေ့လိုက်ရတော့ အဲ့ဒီအကြံကို လက်လျော့လိုက်တယ်။
မုယောင်က တုန်ယင်နေတဲ့ ခြေလှမ်းတွေနဲ့ ပြန်လာတယ်။ ပိုင်ရန်ကို တွေ့တာနဲ့ သူ့ရဲ့ ရင်ခွင်ထဲ ဝမ်းနည်းစွာ ခုန်ဝင်သွားတယ်။
ပိုင်ရန်က သူ့ရဲ့ရင်ခွင်ထဲက ကလေးလေးကို ဖက်ပြီး သူ့ရဲ့ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်တယ်။
မုယောင်က ပိုင်ရန်ရဲ့ရင်ခွင်ထဲမှာ နှစ်မိနစ်လောက် မှီခိုပြီးမှ ရှက်ရှက်နဲ့ ရုန်းထွက်လာတယ်။
သူတို့က hot pot ကို ပျော်ပျော်ရွှင်ရွှင်နဲ့စားချင်တာကြောင့် အခန်းမယူခဲ့ဘူး။
လော့ယင်ကလည်း အဲ့ဒီနှစ်မိနစ်အတွင်းမှာ ရောက်လာတယ်။အရှက်ကို မရှိဘူး။ မုယောင်ရဲ့ အကြည့်စူးစူးကို ဂရုမစိုက်ဘဲ မုယောင်ရဲ့ မူလနေရာမှာ ဝင်ထိုင်လိုက်တယ်။
“တိုက်ဆိုင်လိုက်တာနော် ပိုင်ရန်” သူက အပြုံးနဲ့ နှုတ်ဆက်လိုက်ပေမယ့် သူ့ရဲ့ မျက်ခုံးထူထူနဲ့ မဲမှောင်တဲ့အသွင်အပြင်ကြောင့် တည်တည်ကြည်ကြည် နှုတ်ဆက်တာမျိုးမဟုတ်ဘဲ စိန်ခေါ်နေသလိုမျိုး ထင်ရတယ်။
ဒါပေမယ့် လော့ယင်က ရဲရဲဝံ့ဝံ့ အသွင်အပြင်နဲ့ အရမ်းချောမောတဲ့သူပါ။ တကယ်တော့ လူတော်တော်များများက သူ့ရဲ့ စိတ်နေစိတ်ထားကို ကြွေဆင်းကြပေမယ့် သူ့ကိုယ်တိုင်ကတော့ အဲ့လိုလူမျိုးကို မကြိုက်ဘူး။
“တကယ်တိုက်ဆိုင်တာပဲ၊ လော့ယင်။ မင်း သူငယ်ချင်းတွေနဲ့ လာစားတာလား” ပိုင်ရန်က မုယောင်ကို နှစ်သိမ့်ပေးပြီး သူ့ဘေးကို ဆွဲခေါ်လိုက်တယ်။
“ဘောလုံးကစားတဲ့ သူငယ်ချင်းတွေနဲ့ အတူလာတာ” လော့ယင်က ပိုင်ရန်နဲ့ စကားပြောနေပေမယ့် မျက်လုံးတွေက မုယောင်ကိုပဲ ကြည့်နေတယ်။
“မင်းတို့နှစ်ယောက် တကယ်ချစ်သူတွေ ဖြစ်နေကြတာလား” လော့ယင်က တခြားလူတွေပြောတာကို ကြားဖူးပေမယ့် အမှန်လို့ မထင်ခဲ့ဘူး။
“ဟုတ်တယ်” ပိုင်ရန်က ပြုံးပြီးဖြေလိုက်တယ်။
လော့ယင်က ဘာကြောင့်မှန်းမသိ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။သူက ပိုင်ရန်ရဲ့ အပြုံးက နည်းနည်းလေး စူးရှလွန်းတယ်လို့ ခံစားလိုက်ရတယ်။
Chapter 46 end
Chapter 47
လော့ယင်က မျက်နှာပြောင်ပြောင်နဲ့ မသွားဘဲနေတော့ မုယောင်ကပဲ သူ့ကို မျက်စိမှိတ်ပြီး မမြင်ချင်ယောင်ဆောင်နေလိုက်တယ်။ ပိုင်ရန်က သူ့နဲ့ဆက်ဆံရေးကောင်းတော့ သူ့ကို မောင်းထုတ်လို့လည်း မရဘူး။
မုယောင်က စိတ်မချမ်းသာဖြစ်နေပြီး ပိုင်ရန်က သူ့ကို ဂရုစိုက်နေတယ်။ ပိုင်ရန်နဲ့အတူ ဆော့စ်သွားပြင်ပေးနေတုန်း လော့ယင်ကလည်း စားပွဲထိုးကို ဟင်းထပ်မှာလိုက်တယ်။
“သူ့မှာ အရှက်မရှိဘူးလား” မုယောင်က တအားဒေါသထွက်နေသည်။
“သူက အဲ့လိုပဲ။ မုယောင်က စိတ်မဆိုးပါနဲ့” ပိုင်ရန်က သက်ပြင်းချပြီး သူတို့နှစ်ယောက် ပြန်ရန်ဖြစ်တော့မှာကို သိနေသည်။
မုယောင်က အောက်နှုတ်ခမ်းကိုက်ပြီး သူ့စိတ်ထဲကနေ ဆဲဆိုနေလိုက်တယ်။ ဒါပေမယ့် သူက ရိုးရိုးသားသားပဲ အရမ်းမွှေးတဲ့ဆော့စ်နှစ်ခွက်ကို ဖျော်လိုက်တယ်။
ပိုင်ရန်က သူ့အတွက် သစ်သီးဖျော်ရည်နဲ့ သစ်သီးတွေ ယူလိုက်ပြီး မုယောင်နဲ့အတူ ပြန်လာသည်။
လော့ယင်က သူ့ကို လာခေါ်တဲ့ ဘောလုံးကစားတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနေတယ်။ သူတို့ သူ့ကို လာခေါ်တာကို ဂရုမစိုက်ဘဲ သူငယ်ချင်းတစ်ယောက်နဲ့တွေ့နေလို့လို့ ပြောပြနေတယ်။
ထိုသူငယ်ချင်းတွေ ပြန်သွားတော့ လော့ယင်ကလည်း သက်တောင့်သက်သာ ဆော့စ်သွားလုပ်တယ်။
“မစ္စတာမုက ကျွန်တော့်အတွက် ထမင်းတစ်လုပ်လောက်တောင် မခွဲပေးနိုင်ဘူးလား” လော့ယင်က ပါးနပ်စွာ ပြောလိုက်တယ်။” အခုတလော မစ္စတာမုရဲ့စျေးကြီးတဲ့ ကားအသစ်အကြောင်းကို လူတိုင်းသိကြပြီး အကုန်လုံးကလည်း အားကျနေကြတာ။”
“ငါက မင်းကို မခွဲပေးဘူးလို့ ပြောရင် မင်းကော ထွက်သွားမှာလား” မုယောင်က လှောင်ပြောင်တဲ့လေသံနဲ့ ပြောလိုက်တယ်။
လော့ယင်က လုံးဝမကြားချင်ယောင်ဆောင်ပြီး သက်တောင့်သက်သာ အသားပဲကင်စားနေလိုက်တယ်။
ပိုင်ရန်ကတော့ မုယောင်ရဲ့ စိတ်ဆိုးနေတဲ့ပုံစံလေးက ချစ်စရာကောင်းတယ်လို့ ခံစားမိတယ်။ လော့ယင်သာ သူ့ဘေးမှာ မရှိရင် မုယောင်ကို နမ်းပစ်လိုက်သည်မှာကြာပြီ။
ပိုင်ရန်က မုယောင်အတွက် ဟင်းသီးဟင်းရွက်နဲ့ အသားတွေကို အဆက်မပြတ် ပြုတ်ပေးပြီး မုယောင်ရဲ့ ပါးစပ်ထဲကို တိုက်ရိုက်ထည့်ပေးနေလေ၏။
မုယောင်ကလည်း အရသာရှိရှိ စားနေတယ်။ တစ်ခါတလေ ပိုင်ရန်ကိုလည်း ခွံကျွေးနေသေးတယ်။ ဒါဟာ အရမ်းကို ချစ်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ။
အကြီးမားဆုံးနဲ့ အတောက်ပဆုံး မီးလုံးကြီးဖြစ်တဲ့ လော့ယင်ကလည်း ငယ်ရွယ်တဲ့ ချစ်သူနှစ်ဦးထဲက တစ်ယောက်အပေါ် စိတ်အချို့ရှိနေတဲ့အတွက် သူ့ရဲ့မျက်နှာက တဖြည်းဖြည်း မှောင်မိုက်လာသည်။
မုယောင်က လော့ယင်ရဲ့ မျက်နှာမည်းမှောင်လာတာကို ကြည့်ပြီး ကျေနပ်နေလေတယ်။ လော့ယင် ဘာကို စိတ်ဆိုးဒေါသထွက်နေလဲ မသိပေမယ့် ဂရုမစိုက်ဘူး။ လော့ယင် အဆင်မပြေရင် သူပျော်တယ်။
လော့ယင်က နွားတစ်ကောင်နဲ့တူတယ်။ မျက်နှာက မကောင်းပေမယ့် စားတာကိုတော့ နည်းနည်းလေးမှ လျှော့မစားဘူး။
နောက်ဆုံး အမဲသားပြား နှစ်ခုပဲကျန်တော့ လော့ယင်က တူနဲ့ ညှပ်ဖို့ ပြင်နေတုန်းမှာ မုယောင်က တူနဲ့ ပြန်ပုတ်ချလိုက်တယ်။
“…မင်း?” လော့ယင်က မျက်နှာမည်းသွားကာ မော့ကြည့်လိုက်ပေမယ့် မုယောင်က သူ့ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်တယ်။
“ဘာကြည့်နေတာလဲ။ ဒါ ပိုင်ရန်က ငါ့အတွက် ပြုတ်ပေးတာ။ စားချင်ရင် ကိုယ့်ဘာသာ လုပ်စား”
“……” လော့ယင်က စကားလုံးတွေ ပျောက်ရှသွားကာ စားပွဲထိုးကို ခေါ်ပြီး အသား နှစ်ပန်းကန် ထပ်မှာလိုက်တယ်။
ပိုင်ရန်က မုယောင်ရဲ့ ကလေးဆန်တဲ့ အပြုအမူကို ကြည့်ပြီး စားပွဲအောက်မှာ မုယောင်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ်။ မုယောင်ကလည်း သူ့လက်ကို ပြန်ဆုပ်ကိုင်လိုက်တယ်။
“အာ~” မုယောင်က တူကိုကိုင်ပြီး ဟန်ဆောင်လိုက်တယ်။ သူ့ရဲ့ တူမှာ သူခုနက လုယူလာတဲ့ မွှေးကြိုင်တဲ့ ဆော့စ်နဲ့ စိမ်ထားတဲ့ အမဲသားပြား ရှိတယ်။
ပိုင်ရန်ကလည်း လိုက်ဖက်ညီစွာ ပါးစပ်ကို ဟပြီး စားလိုက်တယ်။ မုယောင်က အသံကို ဆွဲပြီး အရသာရှိလားလို့ မေးတယ်။
“အရသာရှိတယ်” ပိုင်ရန်က ပြုံး၍ ဖြေလိုက်တယ်။
“……” လော့ယင်က ကြည့်လေ ကြည့်လေ ပိုပြီးစိတ်ထိခိုက်လာလေပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လွတ်လပ်တဲ့ ကမ္ဘာထဲကနေ ထွက်မသွားချင်သေးဘူး။
ထမင်းစားချိန်က အဆင်မပြေစွာ ပြီးဆုံးသွားတယ်။ မုယောင်နဲ့ ပိုင်ရန်က လမ်းလျှောက်ပြီး ကျောင်းကို ပြန်ဖို့ ပြင်နေတော့ လော့ယင်က လိုက်သွားဖို့ အကြောင်းပြချက် မရှိတော့ဘူး။
စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ လော့ယင် ထွက်သွားတာကိုကြည့်ပြီး မုယောင်ရဲ့စိတ်က ပိုလန်းဆန်းသွားတယ်။
ပိုင်ရန်က သူ့ရဲ့ ချစ်စရာကောင်းတဲ့ ချစ်သူကို ငုံ့ပြီး နမ်းလိုက်တယ်။ သူအသံမှာ ရယ်သံစွက်၍…
“မင်းတို့နှစ်ယောက်က တကယ်ကို မတည့်ဘူးနော်”
“ဟုတ်တာပေါ့။ နောက်တစ်ခါ မုအိမ်မှာ ပွဲလုပ်ရင် ‘လော့ရင်နဲ့ ခွေး မဝင်ရ’ ဆိုပြီး ဆိုင်းဘုတ်တစ်ခု ချိတ်ထားမှာ။”
ပိုင်ရန်ရဲ့ မျက်လုံးတွေက ပိုပြီး ပြုံးရိပ်သန်းလာတယ်။ သူနဲ့ လော့ရင်က သူငယ်ချင်းတွေ ဖြစ်ပေမယ့် သူက ချစ်သူရှိတဲ့ လူတစ်ယောက်။
ဒီနေ့ လော့ယင်ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေက သူ့ကို တစ်ခုခု ထူးခြားနေတာကို ရိပ်မိစေတယ်။
သူက မုယောင်ရဲ့ တောက်ပတဲ့ မျက်နှာလေးကို ငုံ့ကြည့်လိုက်တယ်။ သူ့ရဲ့ အသားအရေက ကျောက်စိမ်းလို ချောမွတ်ပြီး ဖြူဖွေးနေတယ်။ဗာဒံစေ့မျက်လုံးလေးတွေက တောက်ပပြီး လှပတယ်။ နှုတ်ခမ်းလေးတွေကလည်း နီရဲနေသည်မှာ အလယ်ခေတ် အထက်တန်းလွှာ ဥယျာဥ်ထဲက အဖိုးတန်ဆုံး နှင်းဆီလေးလိုပဲ။
ဒီလိုမျိုး အလှလေးကို တစ်ချက်ကြည့်ပြီးတာနဲ့ မပိုင်ဆိုင်ချင်ဘဲ နေနိုင်တဲ့သူ ဘယ်သူရှိမှာလဲ။
လော့ယင်ရဲ့ မျက်လုံးတွေထဲက အကြည့်ကို ဖုံးကွယ်ထားပေမယ့် မုယောင်ကို ကြည့်တဲ့ မျက်လုံးတွေထဲမှာ ပိုင်ဆိုင်ချင်တဲ့ အရိပ်အယောင်တွေ ရှိနေတယ်။
ပိုင်ရန်က မုယောင်ကို ဘယ်သူ့ကိုမှ လုယူခွင့်မပေးနိုင်ဘူး။ ဒီနှင်းဆီလေးက သူ့ရဲ့ ခြံထဲမှာပဲ ပွင့်လန်းနိုင်ရမယ်။ သူက အကောင်းဆုံးအရာတွေကိုပဲ မုယောင်ရဲ့ ရှေ့ကို ပို့ပေးနိုင်ဖို့ အစွမ်းကုန်သုံးပြီး ကြိုးစားသွားမယ်။
Chapter 47 end
Chapter 48
မုယောင်ရဲ့ နှစ်ရက်တာက အေးချမ်းစွာ ကုန်လွန်သွားခဲ့ပြီး၊ တည်ငြိမ်ပျော်ရွှင်တဲ့ ဘဝကြောင့် ဖေးယန်ရှင်းဆိုတဲ့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့လူကို သူတောင် မေ့လုမတတ် ဖြစ်သွားခဲ့တယ်။
ဖေးယန်ရှင်းတစ်ယောက် သူတို့ကျောင်းကို ပြေးရောက်လာပြီး သူ့ရဲ့ အဆောင်ကိုရှာတွေ့တဲ့အထိ၊ သူ့ကို အတင်းလိုက်ကပ်နေတဲ့အထိပဲ။
မုယောင်က အခန်းဖော်တွေနဲ့ အပြင်မှာ အပြင်သွားစားကြမလို့လုပ်နေတုန်းဖြစ်သည်။ ပိုင်ရန်က ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်နေသလိုမျိုး အရမ်းအလုပ်များလာတာကြောင့် မုယောင်က သူ့ကို အနှောင့်အယှက်မပေးချင်ခဲ့ဘူး။
မုယောင် အောက်ထပ်ကို ဆင်းလာတာနဲ့ လမ်းဘေးမီးအိမ်အောက်မှာ ဖုန်းကိုင်ပြီး ရပ်နေတဲ့ ခန့်ညားတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ ထိုလူက မော့ကြည့်လာပြီး မုယောင်ကို တွေ့တော့ သူ့မျက်လုံးထဲမှာ အပြုံးတစ်ခု ဖြတ်ခနဲ ပေါ်သွားတယ်။
မုယောင် ချက်ချင်း ကြောင်သွားပြီး ချက်ချင်းပဲ ပျောက်ကွယ်သွားချင်စိတ်ပေါက်သွားတယ်။
ဖေးယန်ရှင်းက မုယောင်ကို တုံ့ပြန်ဖို့ အခွင့်အရေးတောင် မပေးဘဲ သူက မုယောင်ဆီ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တယ်။
“ယောင်ယောင်၊ ငါ့ဖုန်းကို ဘာလို့ မကိုင်တာလဲ?” ဖေးယန်ရှင်းက ဦးဆောင်၍ မေးလိုက်ပြီး မုယောင် ‘ဘာလို့ ဒီကိုရောက်နေတာလဲ’ဆိုတဲ့ မေးခွန်းကို ပိတ်ပင်လိုက်တယ်။
“….ငါ မကြားလိုက်တာ” မုယောင်ရဲ့လေသံက အားနာနေပြီး သူ့ရဲ့ အခန်းဖော်က ဘေးမှာ ရှိနေတာကြောင့် ဘာမှ အများကြီး မပြောနိုင်ခဲ့ဘူး။
အခန်းဖော်က သူတို့ကြားက လေထုက ထူးဆန်းနေတာကို သတိထားမိပြီး မုယောင်ကို “ကိစ္စမရှိဘူး” ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး အကြောင်းပြချက်ရှာပြီး ထွက်သွားတယ်။
မုယောင် ငိုချင်လာပေမယ့် သစ္စာမရှိတဲ့ သူ့ရဲ့အခန်းဖော်ကိုကြည့်ပြီး ခေါင်းမာတဲ့ ဖေးယန်ရှင်းကို ရင်ဆိုင်ရတော့မယ်။
“မင်း ဘာကိစ္စရှိလို့ ငါ့ဆီ လာတာလဲ?”
” ပိုးပန်းနေတဲ့သူတစ်ယောက်အနေနဲ့ မင်းကို ညစာစားဖို့နဲ့ ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်လို့ရမလား?” ဖေးယန်ရှင်းက နူးညံ့တဲ့လေသံနဲ့ ပြောလိုက်တယ်။
မုယောင် ‘မရဘူး’လို့ ပြောလိုက်ချင်ပေမယ့် သူ မော့ကြည့်လိုက်တော့ ဖေးယန်ရှင်းက သူ့ဖုန်းကို မသိမသာ ရမ်းပြနေတာကို တွေ့လိုက်ရတယ်။
“…” သောက်ကျိုးနည်း၊ ဒီလို သောက်ရှက်မရှိတဲ့လူမျိုးက ဒီလောကကြီးမှာ ဘယ်လိုဖြစ်လို့ ရှိနေရတာလဲ။
“ကောင်းပြီ” မုယောင်က တွန့်ဆုတ်စွာ ပြောလိုက်ပေမယ့် ဖေးယန်ရှင်းက ဂရုမစိုက်ပါဘူး။ သူ့ရဲ့ မျက်လုံးတွေမှာ ဝမ်းသာမှုတွေ အပြည့်ဖြစ်နေသည်။
ဖေးမိသားစုရဲ့သခင်ငယ်လေးအနေနဲ့ သူက ပိုင်ရန်အကြောင်းကို ကြားသိပြီးသွားပြီ။ ပိုင်ရန်က ဘာမှမရှိတဲ့ ဆင်းရဲသားလေးတစ်ယောက်ဆိုတာကိုလည်း သိထားတယ်။
ပုံပြင်ထဲမှာ မင်းသမီးလေးတွေက အမြဲတမ်း မင်းသားလေးတွေနဲ့ လက်ထပ်ကြတာကြောင့် ဖေးယန်ရှင်းက ရဲတိုက်မျှော်စင်ပေါ်က နှင်းဆီလေးဖြစ်တဲ့ မုယောင်ကို ပိုင်ရန်လိုလူမျိုးက ပိုင်ဆိုင်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။
သူတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမယ့် သူတို့ကြားမှာ ရာထူးကွာဟချက်ရှိပြီး မုယောင်က အရမ်းလှပတယ်။
ပိုင်ရန်က သူ့အင်အားနဲ့ ဒီနှင်းဆီလေးကို ကာကွယ်နိုင်လိမ့်မယ်လို့ သူ မထင်ဘူး။ဒါမှမဟုတ် ရာထူးနဲ့ အဆင့်အတန်း မမြင့်တဲ့ ဘယ်သူ့ကိုမှ မုယောင်နဲ့ တစ်သက်လုံး အတူနေနိုင်မယ်လို့ သူ မထင်ဘူး။
သူ့ရဲ့ အတွေးတွေကို ထိန်းချုပ်ပြီးနောက် ဖေးယန်ရှင်းက မုယောင်ကို စိတ်တိုနေတဲ့အကြည့်တွေ အောက်မှာပဲ စားသောက်ဆိုင်ကို ခေါ်သွားလိုက်တယ်။
မုယောင်က အစားအသောက် ဂျေးများတဲ့သူ မဟုတ်ဘူး။ သူက အရသာရှိတဲ့ အစားအစာမှန်သမျှ အကုန်ကြိုက်တယ်။
မြို့လယ်ခေါင်မှာ ပြင်သစ်စားသောက်ဆိုင်အသစ်တစ်ခုဖွင့်ထားလို့ ဖေးယန်ရှင်းက မုယောင်ရဲ့ သဘောထားကိုမေးပြီး ကားနဲ့ ခေါ်သွားတယ်။
သူတို့နှစ်ယောက် စားသောက်ပြီးချိန်မှာ ရုပ်ရှင်က စပြတော့မှာ။သူတို့နှစ်ယောက် စားသောက်ခဲ့တာ တစ်နာရီကျော် ကြာခဲ့တယ်။
“ဒီနေ့ မင်း ငါ့ကို ခေါ်နိုင်လိမ့်မယ်ဆိုတာ မင်း ဘယ်လိုလုပ်သိလဲ?” မုယောင်ရဲ့ မျက်လုံးတွေက သံသယတွေနဲ့။ ဒီလူက စားသောက်ဆိုင်ကို ကြိုတင်မှာထားရုံတင်မကဘူး ရုပ်ရှင်လက်မှတ်တွေလည်း ဝယ်ထားတယ်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီအချိန်အတွက် စားသောက်ဆိုင်နဲ့ ရုပ်ရှင်ရုံတွေ အကုန်လုံးကို ငါ ကြိုတင်မှာထားပြီးသား” ဖေးယန်ရှင်းက ကောက်ကျစ်တဲ့လေသံနဲ့ ပြောလာတယ်။
“…” မုယောင်က သူ့ရဲ့ ဇွဲကို အံ့သြမိတယ်။ ဒီလူက သူ့ကို နောက်ထပ် ရက်အနည်းငယ်ကြာအောင် ပိတ်ဆို့ဖို့ စီစဉ်ထားပုံရတယ်။
မုယောင်က ဖေးယန်ရှင်းရဲ့ပုံရိပ်ကြီး ပျက်စီးသွားပြီလို့ ခံစားလိုက်ရတယ်။ ဒီလူက တချိန်က အေးစက်တဲ့ e-sports နတ်ဘုရားတစ်ယောက်လေ။ဘယ်အချိန်ကတည်းက ချစ်ရေးချစ်ရာကို အရူးအမူးဖြစ်ပြီး တစ်ဖက်သတ် ချစ်နေတဲ့သူ ဖြစ်သွားတာလဲ။
မုယောင် အတွေးထဲနစ်မြောနေတုန်း သူ့ရဲ့လက်ကို တစ်ယောက်ယောက်က ဆွဲလာတယ်။ သူ မော့ကြည့်လိုက်တော့ ဖေးယန်ရှင်းက သူ့လက်ကိုကိုင်ပြီး ရုပ်ရှင်ရုံထဲကို ဆွဲခေါ်သွားသည်။
မုယောင် လန့်သွားပြီး ဖေးယန်ရှင်းရဲ့ လက်ကနေ ရုန်းထွက်ဖို့ကြိုးစားလိုက်ပေမယ့် ဖေးယန်ရှင်းကသာ ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာတယ်။
“ယောင်ယောင်၊ ငါတို့ အမြန်ထိုင်ခုံရှာရမယ်။မဟုတ်လို့ရှိရင် လမ်းကို ပိတ်ထားသလို ဖြစ်သွားလိမ့်မယ်”
ဖေးယန်ရှင်းရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်ပုံရပြီး သူ့နောက်မှာလည်း စောင့်နေတဲ့ လူတွေ အများကြီးရှိနေတယ်။
မုယောင် ရုန်းကန်နေတာကို ရပ်တန့်လိုက်ပြီး ဖေးယန်ရှင်းရဲ့ ခုံဆီ ခေါ်ဆောင်သွားတာကို ခံလိုက်တယ်။
ဖေးယန်ရှင်းက နာမည်ကြီး ရိုမန်တစ်ဇာတ်ကားတစ်ကားကို မှာထားပြီး ကြည့်နေတဲ့ လူအများစုက စုံတွဲတွေချည်းပဲ။
ဇာတ်လမ်းထဲက စိတ်လှုပ်ရှားစရာကောင်းတဲ့ အခန်းတွေမှာ မနေနိုင်တဲ့ စုံတွဲငယ်လေးတွေက တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး နမ်းနေကြတာကို တွေ့လိုက်ရတယ်။ ခဏအကြာမှာ သူတို့ရဲ့ နားထဲမှာ ရေစီးသံလိုမျိုး သိမ်မွေ့ပြီး မရေရာတဲ့ အသံတွေကို ကြားလိုက်ရတယ်။
မုယောင် နည်းနည်း ရှက်သွားတယ်။ သူက ကိုလာကို ယူပြီး တစ်ငုံသောက်ဖို့ ပြင်နေတုန်း သူ့ရဲ့ မျက်နှာကို ဘေးဘက်ကို ညင်သာစွာ ဆွဲခေါ်သွားခံလိုက်ရသည်။
ဖေးယန်ရှင်းရဲ့ အနမ်းက ကျရောက်လာပြီး မုယောင်ရဲ့ မျက်လုံးတွေကတော့ ချက်ချင်း ပြူးကျယ်သွားတယ်။ သူက မျက်နှာလွှဲကာ ရှောင်ဖယ်ဖို့ ပြင်နေတုန်း အရှက်မရှိတဲ့ ဖေးယန်ရှင်းက လျှာကို ထည့်သွင်းလာသည်။
သူ့ရဲ့ပူနွေးတဲ့ လျှာက မုယောင်ရဲ့စိုစွတ်နူးညံ့တဲ့ပါးစပ်ထဲမှာ လှာ့်ပတ်သွားလာနေသည်။သူ့ရဲ့အနမ်းက ပြင်းထန်ပြီး မုယောင်ရဲ့လျှာလေးတောင် ပုန်းစရာနေရာ မရှိတော့ဘဲ ရစ်ပတ်ကာ စုပ်ယူခံလိုက်ရတယ်။
ငွေရောင်ချည်မျှင်လေးတစ်ချောင်းက မုယောင်ရဲ့ ပါးစပ်ထောင့်ကနေ ဖြည်းဖြည်းချင်း စီးဆင်းသွားတယ်။ ဖေးယန်ရှင်းက ဘယ်လောက်ကြာကြာ နမ်းနေလဲ မသိ။ မုယောင်က သူ့ရဲ့ အနမ်းကြောင့် မိန်းမောတွေဝေသွားပြီး တဖြည်းဖြည်း ခုခံဖို့ မေ့သွားတယ်။
ဖေးယန်ရှင်းရဲ့လျှာ ထွက်သွားတဲ့အထိ မုယောင်ရဲ့ဦးနှောက်က မလည်ပတ်နိုင်သေးဘူး။
OS: ဖေးယန်ရှင်း: ချစ်ခြင်းအတွက် အရှက်မရှိ အတ္တဆန်မယ်။
Chapter 48 end