⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 5+6

Little Creampie:
Chapter 5

အိမ်ပြန်ရောက်ပြီးနောက် မုယောင်သည် ဆေးသေတ္တာရှာကာ ပိုင်ရန်ကို ပတ်တီးစည်းပေးလိုက်သည်။ သူ့လက်တွင် ပုလင်းခြစ်ရာကနေ သွေးထွက်နေသည်။ ဒဏ်ရာက သိပ်မနက်ပေမယ့် မုယောင်က ဆေးလိမ်းလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်။

ပိုင်ရန်အတွက် ဧည့်သည်ခန်းတစ်ခုကို ရွေးချယ်လိုက်သည်။  လုပ်စရာအားလုံးပြီးသွားသည့်နောက် ဘာလုပ်စရာမှမရှိဘဲ ပိုင်ရန်နဲ့ တစ်ခန်းထဲနေရမှကို အရမ်းရှက်ဖို့ကောင်းတယ်လို့ သူခံစားရသည်။

သူ၏အရင်ဘဝတွင် ပိုင်ရန်ကိုမုန်းတီးပြီး နှစ်ယောက်ဆုံမိသည့်အချိန်တိုင်း အမြဲလှောင်ပြောင်လေ့ရှိသည်။ တစ်ခါတစ်လေ တစ်ယောက်ယောက်က သူ့ကိုအနိုင်ကျင့်နေတဲ့အခါတိုင်း မုယောင်က ပိုဆိုးသည့်အရာတွေဖြင့် သူ့ကိုအနိုင်ကျင့်လေ့ရှိသည်။

မုယွင်ဇီနဲ့ပိုင်ရန်တို့က ဒီဘဝတွင် တစ်ယောက်နဲ့တစ်ယောက်သိကြသည်မှာ နှစ်လပင်မကြာသေးပေ။ သူတို့က အခုချိန်တွင် အသိမိတ်ဆွေအဆင့်မျှသာရှိသေးသည်။

မုယောင်က ပိုင်ရန်နှင့်တွေ့ဆုံချိန်တွင် မျက်လုံးလှန်ပြတာမျိုးသာရှိပြီး သာမာန်ထက်ပိုတာမျိုးမလုပ်ခဲ့ပေ။

လော့ယင်နဲ့ပိုင်ရန်သိကြသည်မှာ တစ်ပတ်သာရှိသေးသည်။ တစ်နေ့တုန်းက သူတို့နှစ်ယောက်အပြင်ထွက်နေတဲ့အချိန် မုယောင်ကတွေ့သွားပြီး တစ်ခြားယောကျာ်းတွေနဲ့ ပရောပရည်လုပ်နေတဲ့ပိုင်ရန်ကို လှောင်ပြောင်ဖို့ ပြေးသွားခဲ့တယ်။ သူ့အကိုနဲ့ပရောပရည်လုပ်နေရုံတင်မကဘူး လော့မိသားစုရဲ့အကြီးဆုံးသားကိုလည်း အလွတ်မပေးပြန်ဘူး။

ရလာဒ်အနေဖြင့် လော့ယင်သည် လူရှေ့သူရှေ့ထွက်ရန်မထိုက်တန်သော တရားမဝင်ကလေးအဖြစ်သူ့ကိုလှောင်ပြောင်ခဲ့ရပြီး သူတို့နှစ်ဦးလမ်းပေါ်၌ ရန်ဖြစ်လုနီးပါးဖြစ်ခဲ့ကြလေသည်။

မုယောင်နှင့်ပိုင်ရန်တို့သည် ဆိုဖာပေါ်တွင် အချိန်အတော်ကြာစိုက်ကြည့်နေကြသည်။ နောက်ဆုံးတော့ မုယောင်က မနေနိုင်တော့ဘဲ သူအရင်အိပ်နှင့်တော့မယ်လို့ပြောပြီး သူ့အခန်းထဲသို့ ပြေးသွားခဲ့သည်။

နောက်တစ်နေ့မနက်မုယောင်အိပ်ရာက နိုးလာတဲ့အချိန်မှာ ပိုင်ရန်ကထွက်သွားပြီဖြစ်ပြီး မနက်စာချက်ပေးထားခဲ့လေသည်။ သူ့နှာခေါင်းထဲတွင်မွေးကြိုင်သောရနံ့များလွှမ်းမိုးသွားတော့ မုယောင်သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ အဲ့ဒီလူတွေပိုင်ရန်ကို သဘောကျကြတာ မဆန်းပါဘူး။ ရုပ်ရည်လေးကလည်းချောမော ဟင်းချက်လေးကလည်းတော် အရမ်းလည်းကြိုးစားပြီး စိတ်အားထက်သန်တဲ့ကိုယ်ရည်ကိုယ်သွေးလည်းရှိတော့ လူကြိုက်များဖို့ အဆင့်အတန်းမှီတဲ့သူတစ်ယောက်ပါဘဲ။

လှပချစ်စရာကောင်းပြီး ရွှေဇွန်းကိုက်မွေးဖွားလာသည့် သူ့လိုတရားမဝင်ကလေးတစ်ယောက်အနေနဲ့ ဗီလိန်ဖြစ်ဖို့ကံကြမ္မာပါခဲ့လေသည် ထင်သည်။

ကံကောင်းထောက်မစွာဖြင့် သူကအသိတရားပြန်ဝင်လာခဲ့ပြီး ထိုသူတို့၏အချစ်အမုန်း လက်စားချေတာတွေကြားကို ဝင်မပါချင်တော့ချေ။ ပိုက်ဆံအများကြီးကိုပိုင်ဆိုင်သည့် ရိုးရှင်းပြီး ဟန်မဆောင်တတ်တဲ့သူဌေးလေးတစ်ဦးအနေနဲ့ ဘဝကိုဖြတ်သန်းဖို့ စိတ်ကူးထားလေသည်။

ရက်အနည်းငယ်ကြာအောင် စာကိုပြင်းပြင်းထန်ထန်သင်ယူပြီးနောက် မုယောင်သည် စာသင်ရန်စိတ်မပါတော့ချ။ သူသည်အဓိကမေဂျာတန်းများမှလွဲ၍ မိုင်နာတန်းများတက်ရန် အစားထိုးငှားထားလေသည်။

ဒီကျောင်းကိုတက်ရန် ဝင်ခွင့်ဖြေတုန်းက သူကိုယ်တိုင်စာမေးပွဲမဖြေခဲ့ပေ။ သူသည်ကောလိပ်ဝင်ခွင့်စာမေးပွဲကို အမှတ်500ကျော်600နီးပါးရခဲ့သည်။ သူသည်ကျောင်းသားကောင်းတစ်ယောက်ဟု သတ်မှတ်ခံရသော်လည်း ဤတက္ကသိုလ်ကို၏ဝင်ခွင့်ရမှတ်နှင့် ဝေးကွာလွန်းပေသည်။

မုဖုန်းချွမ်က သူစာသင်နိုင်ရန်အတွက် အဆောက်အဦးနှစ်ခုကို ကျောင်းကိုလှူလိုက်သည်။ သူ၏ဈေးပေါသောအဖေက တခြားဘာမှမရှိဘူးဆိုရင်တောင် အရမ်းကိုချမ်းသာပေသည်။

မုယောင်သည် သူ၏ဗီလာသေးသေးလေးတွင်နေထိုင်ပြီး အိမ်မှာနေခြင်း၏ ပျော်ရွှင်မှုကိုခံစားနေလေသည်။

သူသည် King of Gloryကို မကြာမီက စွဲလမ်းခဲ့သည်။ သူက မကစားတတ်ပေမယ့် ပိုက်ဆံရှိတယ်လေ။ ရက်အနည်းငယ်ကြာပြီးနောက် သူသည်အဆင့်၁၀သို့ ရောက်ရှိခဲ့လေသည်။

သူ၏ပင်မစာမျက်နှာတွင် ကျားမ မခွဲခြားနိုင်သည့်လူတစ်စုက သူ့ကိုဘုရင်ဖြစ်အောင်ကူညီပေးမယ်ဆိုပြီး skinတွေဝယ်ပေးဖို့ private massageကနေ လာလာပြောကြလေသည်။ မုယောင်သည်ဒေါသထွက်ပြီး friend requestကို ပိတ်လိုက်လေသည်။

မုယောင်စိတ်တိုတိုနှင့် သူနှင့်တွဲဆော့မယ့်ပိုက်ဆံပေးငှားထားသောကစားသမားတစ်ယောက်ရဲ့ခေါင်းပေါ်တွင် သမင်ငယ်လေးတစ်ကောင်တွဲလောင်းပေါ်အောင်လုပ်ကာ ထိုသူ့ဆီသို့ ပျော်ရွှင်စွာလျှောက်သွားလေသည်။ သူသည် ပိုက်ဆံရှိခြင်း၏ ပျော်ရွှင်မှုကိုထပ်မံခံစားနေသည်။

သူနှင့် တူတူတွဲဆော့နေကြသော ကစားဖော်များသည်လည်း အရမ်းကိုပျော်ရွှင်နေလေသည်။ လေး ငါးရက်အတွင်း သူတို့၏စပွန်ဆာထံမှ ယွမ်၅၀၀၀ ရရှိခဲ့လေသည်။ ဘယ်သူမဆို ပျော်ကြမှာဘဲလေ။

မုယောင်လိုင်းပေါ်ကိုတက်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း သူ့သူငယ်ချင်း ကျဲရှန်ကျိုက်ဟွားက သူ့ကိုဖိတ်ခေါ်နေတာကို တွေ့လိုက်ရသည်။ ဒီသူက သူ့ရဲ့ ကစားဖော်ကစားဖက်ပင်။ ဖိတ်ခေါ်ချက်ကို နှိပ်လိုက်သည့်အခါ စကားပြောခန်းတွင် တစ်ခြားလူတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“မောင်မောင် မင်းလိုင်းတက်လာပြီပေါ့” ဖုန်းထဲကနေ ပျော်ရွှင်မြူးထူးနေတဲ့ ကျဲရှန်ကျိုက်မေဟွားရဲ့အသံပေါ်ထွက်လာသည်။

မုယောင်၏ IDနာမည်မှာ မောင်မောင်နဲ့ချမ်ချမ်ဖြစ်သည်။ ကြောင်နဲ့ပိုက်ဆံမှာ သူ့အကြိုက်ဆုံးနှစ်ခုဖြစ်လေသည်။
(TN/မောင်မောင်က ကြောင်ဖြစ်ပြီး ချမ်ချမ်​က ပိုက်ဆံဖြစ်သည်။တရုတ်စာလုံးဝမတတ်သည့်အတွက်ကြောင့် တရုတ်စကားလုံးများကို မြန်မာလိုရေးတဲ့အခါ အနည်းငယ်မှားယွင်းနိုင်ပါသည်။)

တကယ်တော့ကျဲရှန် သူ့ကို ချမ်ချမ်လို့ခေါ်စေချင်ပြီး ကံဆိုးခြင်းကနေကင်းဝေးကာ အမြဲငွေရှိစေရန် မျှော်လင့်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ကျဲရှန်က အလွန်စိတ်ပုတ်ကာ သူ့ကို မောင်မောင်လို့ဘဲ ခေါ်လေသည်။

“ကောင်းပြီ ဒီတာ့ယွဲ(လပေါ်သို့လျှောက်လှမ်းခြင်း)က ဘယ်သူလဲ” (game id ပါ)

“သူက ငါ့သူငယ်ချင်း တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်လေ တာ့ယွဲ မိုက်ခရိုဖုန်းကို ဖွင့်လိုက်အုံး”

“ဟယ်လို ငါ့နာမည်က တာ့ယွဲပါ ဂိမ်းတင်ဆက်သူတစ်ယောက်ဖြစ်ပြီးတော့ အခုတိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတယ် မင်းအဆင်ပြေရဲ့လား” တာ့ယွဲရဲ့အသံသည် ဖုန်းမှတစ်ဆင့် မုယောင်၏နားထဲသို့ ဝင်ရောက်သွားသည်။ အသံလေးက ဩရှရှနိုင်ပြီး အရမ်းသာယာလေသည်။

“ဟယ်လို အဆင်ပြေပါတယ် ဆက်လုပ်လေ” မုယောင်အသံသည် အခုမှအိပ်ယာနိုးလာသောကြောင့် နူးနူးညံ့ညံ့နဲ့ ခပ်အစ်အစ်လေးဖြစ်နေသည်။

လပေါ်သို့လျှောက်လှမ်းခြင်း၏ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် “အာာာ ချစ်စရာကောင်းလိုက်တဲ့မောင်လေး ဒီမားမားက သူ့မျက်နှာကိုမြင်ချင်တယ်”

တာ့ယွဲရှင်းသည် ကွန်မန့်များကို လျစ်လျူရှုလိုက်ပြီး startကို နှိပ်လိုက်သည်။

မုယောင်သည် ဂိမ်းကို ၇ရက် ၈ရက်လောက်သာကစားဖူးသေးသောကြောင့် heroများစွာကို မသိသေးပေ။ ရှောင်းချောင်က ရွေးပြီးသွားတာကို မြင်သောအခါက မုယောက်က သူ၏လိုဂိုဖြစ်သော သမင်လေးကို ထုတ်လိုက်လေသည်။ ဒီလိုဂိုလေးကို ကျဲ့ရှန်းဆီကနေရခဲ့သည်။

ကျဲ့ရှန်းကျိုက်ဟွားက မိန်းကလေးသေနတ်ပစ်သမားကို ရွေးချယ်ခဲ့ပြီး လပေါ်သို့လျှောက်လှမ်းခြင်းက လီပိုင်ကိုရွေးချယ်ခဲ့သည်။

“မောင်မောင် မင်းတာ့ယွဲနောက်ကိုလိုက်သင့်တယ် သူသုံးတဲ့လီပိုင်အရမ်းမိုက်တယ် တရုတ်ပြည်တစ်ခုလုံးမှာ အကောင်းဆုံးလီပိုင်ဘဲ”

“အိုခေ” မုယောင် နာနာခံခံနဲ့သဘောတူလိုက်သည်။ ကျဲ့ရှန်းသည် junglerကို လက်လွှတ်လိုက်သည်မှာ အံ့ဩစရာမရှိပေ။

လပေါ်သို့လျှောက်လှမ်းခြင်း သုံးနေသည့် လီပိုင်သည် အမှန်တကယ်ကို အားကောင်းလှသည်။ သူတို့နှစ်ယောက်သည် ရန်သူကို junglerအတွင်း သတ်ဖြတ်ခဲ့သည်။ ပြိင်ဘက် Miyamoto၏စီးပွားရေးအခြေအနေမှာ သူတို့supportပေးထားသည့် အခြေအနေထက် များစွာနိမ့်ကျလေသည်။ ပွဲက ဆယ်မိနစ်ကျော်အတွင်းပြီးသွားသည်။

သူတို့သည်နောက်ထပ် ဂိမ်းပွဲအနည်းငယ်ကို ကစားခဲ့ကြပြီး သူတို့သည် အံ့ဩစရာကောင်းလောက်အောင်အနိုင်ရခဲ့ကြသည်။ မုယောင်သည် ရုတ်တရက်လီပိုင်ဖြင့် ကစားချင်စိတ်များပေါ်ပေါက်လာသည်။ သူသည် မည်သည့်နေရာကရမှန်းမသိသည့် ယုံကြည်မှုများဖြင့် လီပိုင်ကိုသာကြိုးစားလေ့ကျင့်ပြီးကစားမယ်ဆိုရင် Jungler Kingဖြစ်လာနိုင်သည်ဟုပင် တွေးမိလိုက်သည်။

သူသည် အသံတိုးတိုးလေးဖြင့် သူ့ကိုသင်ပေးနိုင်မလား လစာပေးမယ်လေဟု မေးမိလိုက်သည်။

သူ၏အသံမှာ မသိလိုက်မသိဘာသာဖြင့် ညုတုတုအီစီကလီအသံလေးဖြစ်နေ၍ လပေါ်သို့လျှောက်လှမ်းခြင်းပရိတ်သတ်များက စိတ်လှုပ်ရှားစွာ အော်လိုက်မိကြပြီး” မြန်မြန်လေး သူ့ကိုသင်ပေးမယ်လို့ ပြောလိုက်လေ”

တာ့ယွဲရှင်းသည် ဘယ်သူ့ကိုမှမသင်ပေးဘူးသလို ပိုက်ဆံလည်းမလိုအပ်ပေ။ ဒါပေမယ့်သူက ကွန်မန့်တွေကိုကြည့်ကာ မုယောင်အသံကြားပြီးနောက် “ကောင်းပြီလေ” ဟုပြောလိုက်မိသည်။

Chapter 5 end

Chapter 6

မုယောင်သည် တာ့ယွဲရှင်းနှင့် ပူးပေါင်းလိုက်ပြီး တာ့ယွဲရှင်းသည် လီပိုင်သုံးနည်းကို ရံဖန်ရံခါသင်ပေးလေသည်။

ကျဲရှန်ကျိုက်ဟွားကိုလည်း လျစ်လျူမရှုထားဘဲ မကြာခဏ သူနဲ့အတူတူကစားခိုင်းသည်။ တကယ်တမ်း ကျဲရှန်ကျိုက်ဟွားက မုယောင်ကို လပေါ်သို့လျှောက်လှမ်းခြင်း(Game ID)(တာ့ယွဲ)နဲ့ မိတ်ဆက်ပေးခဲ့ခြင်းပေ။ မုယောင်က သူ့နဲ့ဒီအကြောင်းအရာများကြောင့် ဆက်မကစားဖြစ်တော့ရင် စိတ်မကောင်းဖြစ်သွားပေလိမ့်မည်။

ထို့နောက် မုယောင်က လီပိုင်သည် ချောမောခန့်ညားသော်လည်း သုံးရန်ခက်ခဲကြောင်းသိရှိခဲ့သည်။ [လပေါ်သို့လျှောက်လှမ်းခြင်း] ကစားသည့်လီပိုင်သည် ခြေလှမ်းဆယ်လှမ်း လှမ်းလိုက်တိုင်း လူတစ်ယောက်ကိုသတ်နိုင်ခဲ့ပြီး မိုင်တစ်ထောင်အကွာအဝေးအတွင်း ခြေရာတောင်မချန်ခဲ့ပေ။ သူကိုင်သည့် လီပိုင်ထျန်းဟူလေးသည်တော့ သေသွားပြီး မြေပုံလေးဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ရှန်းယုမုယောင်သည် ခြေဆယ်လှမ်း လှမ်းလိုက်တိုင်း လူတစ်ယောက်ကိုသတ်နိုင်သော လီပိုင်ကိုတိုက်ရိုက်ပင် စွန့်လွှတ်ရန်ရွေးချယ်လိုက်ပေသည်။

တဖြည်းဖြည်း မုယောင်နဲ့ တာ့ယွဲရှင်း ရင်းနှီးလာကြသည်။ တစ်ယောက်နဲ့တစ်ယောက် နာမည်မမေးကြည့်ကြသော်လည်း တစ်မြို့ထဲတွင် ရှိနေကြသည်ကိုတော့ သိလေသည်။

တာ့ယွဲရှင်းသည်လည်း ကောလိပ်ကျောင်းသားတစ်ဦးပင်ဖြစ်သည်။ သူ့တွင် ဘာလုပ်စရာမှမရှိသည့်အချိန်တွင် King of Gloryကို တိုက်ရိုက်ထုတ်လွှင့်လေ့ရှိသည်။ သူ့မိသားစုကလည်းအခြေအနေကောင်းပုံပေါ်သောကြောင့် တိုက်ရိုက်ထုတ်လွှတ်ခြင်းက ကိုယ်ပိုင်ဝါသနာတစ်ခုသာဖြစ်ပေလိမ့်မည်။

မုယောင် ပိုက်ဆံပေးသည်ကိုပင် မယူဘဲ နှစ်ယောက်သား နေ့တိုင်းလိုလို အတူတူကစားကြလေသည်။ တာ့ယွဲရှင်းတိုက်ရိုက်ထုတ်လွှင့်ချိန်တွင် မှတ်ချက်အများစုမှာ ၎င်းတို့ကိုစုံတွဲတစ်တွဲအဖြစ်ပင် ထောက်ခံအားပေးလာကြသည်။

မုယောင်သည် အချိန်အတော်ကြာ သူနှင့်အတူတူတွဲဆော့ပြီးနောက် နောက်ဆုံးတွင် လူချင်းတွေ့ဆုံနိုင်သည်ဟု ခံစားရသည်။ တကယ့်လက်တွေ့ဘဝတွင်လည်း ဒီလိုမျိုးသူငယ်ချင်းရှိချင်ခဲ့သည်။

တစ်ဖက်တွင်လည်း တာ့ယွဲရှင်းသည် မုယောင်ကို အထင်ကြီးလေးစားစိတ်ရှိပြီး အနည်းငယ်ပင်သဘောကျလေသည်။ သူသည် မူလက လိင်တူချစ်သူတစ်ဦးဖြစ်သော်လည်း သူ၏မျက်လုံးများက အဆင့်အတန်းမြင့်မြင့်ထားခဲ့ပြီး ဘယ်သူ့ကိုမှငုံ့မကြည့်ခဲ့ပေ။

မုယောင်သည် ချစ်စရာကောင်းသောကိုယ်ရည်ကိုယ်သွေးရှိပြီး အသံမှာလည်း နားထောင်ကောင်းလေသည်။ ပထမတစ်ချက်အနေနဲ့ပြောနိုင်တာကတော့ သူသည်ချမ်းသာသောမိသားစုမှလာသည့် လှပအလိုလိုက်ခံရသော ကလေးတစ်ဦးနှင့်တူသည်။

နှစ်တွေကြာလာတာနဲ့အမျှ သူ့မိသားစုနောက်ခံကြောင့် သူ့အိပ်ရာပေါ်သို့တက်ချင်ကြသော ယောကျာ်းမိန်းမ မရေမတွက်နိုင်အောင်ရှိလေသည်။ မုယောင်လိုဆွဲဆောင်မှုရှိသောလူမျိုးနှင့် ရုတ်တရက်ဆုံမိသောအခါ စိတ်ဝင်စားဖို့ဆိုတာ သေချာပေါက်ပင်။

မုယောင်သည် ဘားသွားဖို့ ဆုံးဖြတ်လိုက်လေသည်။

အခုတလော ပျင်းရိနေသောကြောင့် ဗီဒီယိုအတိုလေးတွေလိုက်ကြည့်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်တွေကြဲ ခွေးစာတွေကျွေးနေတာကိုသာ တွေ့နေရသည်။

မုယောင်သည် သူ့ဘဝတစ်လျှောက်လုံး အရင်ဘဝအပါအဝင် တစ်ကြိမ်လေးမှမချစ်ခဲ့ဖူးကြောင်း သတိရလိုက်သောအခါ အရမ်းကိုမှအံ့အားသင့်မိသွားသည်။ ဒါက မဖြစ်သင့်ဘူးမလား?

မုယောင်သည် ဒုတိယမျိုးဆက်လူချမ်းသာသူဌေးလေးတစ်ယောက်ဖြစ်သည်။ သူ့မှာ ချောမောတဲ့မျက်နှာ ကြည့်ကောင်းတဲ့ခန္ဓာကိုယ်ရှိပေမယ့်လည်း ဒီအသက်အရွယ်ထိ မိန်းကလေးတစ်ယောက်၏လက်ကိုတောင် မကိုင်ဘူးပေ။ ဒီအကြောင်းကိုသာ တစ်ခြားသူတွေပြောမိရင် အရမ်းကို ရှက်စရာကောင်းသည်။

သေချာတာကတော့ သူက မိန်းကလေးမှ မိန်းကလေးဟူသည့်အဖြောင့်တစ်ယောက်မဟုတ်ပေ။ ရုပ်ရည်ကိုသာအဓိကစွဲလမ်းနေသည်မို့ လှနေသရွေ့ ကျားဖြစ်ဖြစ် မဖြစ်ဖြစ်ကိစ္စမရှိပေ။

မုယောင်သည် သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး ချောမောလှပသောကောင်မလေးများအပြည့်ရှိနေသည့် ဘားတစ်ခုသို့ သူ့စူပါကားလေးဖြင့် သွားလေသည်။

အစက သူ ချွန်းဖုန့်ကို ခေါ်ချင်ပေမယ့်လည်း ကံမကောင်းစွာနဲ့ ဒီနေ့ချွန်းဖုန့်ကလုပ်စရာရှိလို့ တခြားသူတွေကိုလည်းမခေါ်ချင်တော့တာကြောင့် သူ့ဟာသူတစ်ယောက်ထဲထွက်လာခဲ့သည်။

မုယောင်သွားသော ဘားသည် City A၏ အကောင်းဆုံးဘားများထဲမှ တစ်ခုဖြစ်သည်။ ကုန်ကျစရိတ်များပြားလှပြီး သာမာန်လူများမတတ်နိုင်ပေ။

သွားချင်လျှင်ရက်ချိန်းလိုအပ်သော်လည်း ‌ပိုက်ဆံသည်ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်လေသည်။

ဘားကို နှစ်ထပ်ခွဲထားလေသည်။ ပထမထပ်သည် အကကြမ်းပြင်, ထိုင်ခုံများနှင့် စတိတ်စင်များရှိလေသည်။ ဒုတိယထပ်တွင်တော့ စီးပွားရေးနှင့် နာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးများအသုံးပြုရန်အတွက် သီးသန့်ခန်းများရှိပေသည်။

မုယောင်သည် သူ့ဘဝ၏နွေဦးလေးကို ခံစားနိုင်ရန်အတွက် အပေါ်ထပ်သို့မတက်ခဲ့ပေ။

ဘားရှိအဖျော်ဆရာကို သောက်စရာတစ်ခုဖျော်ခိုင်းလိုက်ပြီး လှပသည့်မိန်းကလေးများကို တိတ်တဆိတ်ငေးကြည့်နေသည်။ အထဲရှိလူများက ချောမောချစ်စရာကောင်းသည့်အလှလေးဖြစ်သည့်သူ့ကို အာရုံစိုက်နေကြမှန်း သူ မသိခဲ့ပေ။

သူသည် ကာတွန်းစာအုပ်ထဲက ထွက်လာသည့် ဇာတ်လိုက်မင်းသားလေးနှင့်တူလှသည်။ သူ၏မျက်လုံးများသည် စူးစမ်းနေပြီး မျက်ခုံးများသည် တွန့်ကွေးနေလေကာ လောကကြီးအကြောင်းနားမလည်သည့် သခင်ငယ်လေးတစ်ဦးနှင့်တူလှသည်။

ခဏအကြာတွင် လှပသောကျဲကျဲတစ်ယောက်က မုယောင်နားသို့ရောက်လာသည်။ သူမသည် မုယောင်ဘေးတွင်ထိုင်ကာ ခေါင်းကိုနည်းနည်းစောင်းလိုက်ပြီး

“မောင်လေး တစ်ယောက်ထဲဖြစ်နေတာလား?”

မုယောင် သူမကိုကြည့်ရန်ခေါင်းလှည့်လိုက်သည်။ သူမသည် လှပပြီးရှည်လျားသောဂါဝန်ကိုဝတ်ဆင်ထားပြီး ချောမောလှပသည့်အသွင်အပြင်နှင့် တောက်ပပြီးဆွဲဆောင်မှုရှိသော မျက်နှာလေးကိုပိုင်ဆိုင်ထားလေသည်။

မုယောင်၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။ မွေးကတည်းက ချောမောလှပသည့်ဆန့်ကျင်ဘက်လိင်နှင့် တစ်ခါမှမရင်းနှီးခဲ့ဘူးပေ။

“ဟုတ်တယ် တစ်ယောက်တညဘဲ” မုယောင်၏ အသံလေးနှင့် သူ့ရဲ့နီရဲနေသည့်မျက်နှာလေးကို သူ့ကိုပိုပြီးသိမ်မွေ့နူးညံ့ကာလှပစေသည်။

‘အားးးး သူအရမ်းချစ်ဖို့ကောင်းတာဘဲ ငါသူ့ကို ရအောင်လိုက်မယ်’ ချီစစ်စစ်သည် အပြင်ဘက်တွင် လှပသောအစ်မကြီးတစ်ယောက်ပုံစံကဲ့သို့ဖြစ်နေပေမယ့်လည်း သူမ၏စိတ်ထဲတွင်တော့ မြေခွေးတစ်ကောင်လိုအော်ဟစ်နေလေသည်။

သူမသည် ချစ်စရာကောင်းသည့်နို့ခွေးလေးနှင့်တူသော ကောင်ငယ်လေးများကို အရမ်းသဘောကျလေသည်။

ချီစစ်စစ်သည် တမင်သက်သက်နောက်ပြောင်လိုသည့်ဟန်ဖြင့် မုယောင်၏မျက်နှာဆီသို့ ကပ်သွားလေသည်။ မုယောင်၏မျက်နှာသည် သိသိသာသာနီမြန်းလာသောအခါ ချီစစ်စစ်သည်ဒီလိုအသားအရေ ဒီလိုမျက်နှာလေးကိုကြည့်ကာ သူမ၏နှလုံးသားထဲတွင် သက်ပြင်းတစ်ချက်ချမိလေသည်။ သူက လူအစစ်မဟုတ်ဘဲအရုပ်လေးတစ်ရုပ်များလား?

“မင်း ကျဲကျဲနဲ့အိမ်ပြန်လိုက်ခဲ့မလား? ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်”

ချီစစ်စစ်၏နှလုံးသားသည် အရူးအမူးလှုပ်ရှားနေသော်လည်း အမူအရာမှာတော့ လွန်စွာတည်ငြိမ်နေလေသည်။

“မင်း ကျဲကျဲနဲ့တူတူကချင်လား” ချီစစ်စစ်သည် dancing floor ကို မျက်ခုံးပင့်ကာလှမ်းကြည့်လိုက်လေသည်။

“ကောင်းပြီလေ” မုယောင်သည် ကျေကျေနပ်နပ်ဖြင့် သဘောတူလိုက်ပြီး သူတို့နှစ်ယောက်ထကာ dancing floorကို သွားကြသည်။

သူတို့နှစ်ယောက်တွင် တစ်ယောက်ကချောမောချစ်စရာကောင်းသည့် လူငယ်လေးဖြစ်ပြီး ကျန်တစ်ယောက်မှာချောမောလှပသည့်မိန်းကလေးတစ်ဦးပင်ဖြစ်သည်။ သိပ်မကြာမီပင် သူတို့သည် လူအားလုံးကို အာရုံစိုက်စေမယ့်စုံတွဲဖြစ်လာခဲ့သည်။

Chapter 6 end

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset