Little Creampie:
Chapter 9
မုယောင်သည် ပစ္စည်းများကိုစတင်ထုတ်ပိုးပြီး နောက်တစ်နေ့မနက်တွင် အိမ်ဟောင်းသို့ ပြန်လာခဲ့ရသည်။ သူတစ်လနီးပါးနေထိုင်ခဲ့တဲ့နေရာကို ကြည့်လိုက်ပြီး မပျော်မရွှင်ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့လက်ပိန်ပိန်လေးတွေက မုယွင်ဇီ၏ပေါင်လုံးထူထူများကို မယှဉ်နိုင်သောကြောင့် ညံ့ဖျင်းသောအရင်းရှင်ကြီး၏ အာဏာစနစ်ကိုသာ လက်ခံနိုင်ခဲ့သည်။
အိမ်တော်ထိန်းဝမ်နှင့် ထမင်းချက်အန်တီလီတို့သည် သူပြန်ရောက်လာသည့်အတွက် အလွန်ပျော်ရွှင်ခဲ့ကြသည်။ သူတို့နှစ်ယောက်သည် မုယောင်ကြီးပြင်းလာတာကို ကြည့်ရှုလာခဲ့ကြသည်။ နောက်ဆုံးတွင် ဗလာကျင်းနေသောအိမ်ဟောင်းလေး အသက်ပြန်ဝင်လာခဲ့သည်။
မုယောင်သည် အိမ်ဟောင်းသို့ ပြန်လာရသောအခါ ကောင်းသည့်အချက်ဆိုလို့ တစ်ချက်သာရှိလေသည်။ ဆိုလိုသည်မှာ နောက်ဆုံးတွင် သူ ကြောင်တစ်ကောင်ကို မွေးနိုင်တော့မည်ဖြစ်သည်။
အရင်က သူ့ဟာသူတစ်ယောက်ထဲ နေထိုင်တာကြောင့် အိမ်သန့်ရှင်းရေးလုပ်ဖို့ အချိန်ပိုင်းအလုပ်သမားတစ်ယောက်ကိုသာ ငှားပြီး အမြဲလိုလိုအတန်းတက်နေရသောကြောင့် ကြောင်မွေးဖို့ချီတုံချတုံဖြစ်နေလေသည်။ ဂရုစိုက်ဖို့မတတ်နိုင်မှာ အလွန်စိုးရိမ်သောကြောင့်ပင်ဖြစ်သည်။
အခုအိမ်ဟောင်းတွင် အစေခံတွေအများကြီးရှိသောကြောင့် ဘယ်သူ့ကိုမဆို ကြောင်ထိန်းခိုင်းလို့ရလေသည်။နေ့လည်စာစားပြီးသည့်နောက် ကြောင်ဝယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။
စားသောက်ပြီးနောက် မုယောင်သည် သူ၏ဈေးကြီးသည့်စူပါကားလေးကိုစီးပြီး မြို့လယ်ရှိအကောင်းဆုံးကြောင်မွေးမြူရေးစင်တာဆီကို သွားလေသည်။ ကြောင်မွေးမြူရေးစင်တာက ဝန်ထမ်းများသည် ဂဏန်းခုနှစ်လုံးလောက်တန်သည့် စူပါကားကိုမြင်သောအခါ ကြိုဆိုရန်ထွက်လာခဲ့ကြသည်။
တံခါးဝသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း မုယောင်သည် အမွေးလုံးကမ္ဘာထဲတွင် ပျောက်ဆုံးသွားလေ၏။
ဝန်ထမ်းတွေက မုယောင်ကိုတစ်ကောင်ပြီးတစ်ကောင် မိတ်ဆက်ပေးပေမယ့်လည်း မုယောင်၏ရွေးချယ်မှုကြောင့် သူတို့စိတ်ပျက်သွားလေသည်။ မုယောင်ကနောက်ဆုံးတွင် ragdollကြောင်လေးတစ်ကောင်ကို ရွေးချယ်ခဲ့သောကြောင့်ပင်။
နေရောင်အောက်တွင်နေပူစာလှုံနေသောကြောင်လေးတစ်ကောင်ဆီသို့ မုယောင် လျှောက်သွားလိုက်သောအခါ ထိုကြောင်လေးက သူ့ဆီသို့တရွေ့ရွေ့လျှောက်လာပြီး မုယောင်၏ခြေထောက်လေးထဲတွင် သူ့ကိုယ်သူမြှုပ်လိုက်လေသည်။
မုယောင်၏နှလုံးသည် ရုတ်တရက် နူးညံ့မှုများဖြင့်ဖုံးလွှမ်းသွားပြီး ဤကြောင်ပေါက်လေးက သူ့အတွက်လို့ သူခံစားမိလိုက်သည်။
ဤကြောင်ပေါက်လေးသည် ragdollကြောင်ပေါက်လေးဖြစ်ပြီး အလွန်ချစ်စရာကောင်းပြီး ဈေးမှာ 12000ဖြစ်သည်။ မုယောင်သည် ကြောင်စာ ကြောင်ချေးကျုံးပစ္စည်း ကြောင်ဝပ်ဖို့အိမ် အခြားပစ္စည်း အများအပြားကို ဝယ်ယူခဲ့ပြီး နောက်ဆုံးတွင် ယွမ်27000ခန့် အကုန်အကျခံခဲ့ရသည်။
မုယောင်သည် သူဝယ်ထားသောပစ္စည်းများကို အိမ်သို့ပို့ပေးရန် ဝန်ထမ်းတွေကိုပြောနေစဉ် ပိုင်ရန်က ဆိုင်ရှေ့တံခါးကနေဝင်လာတာကို ရုတ်တရက်တွေ့လိုက်ရသည်။
ပိုင်ရန်သည် မုယောင်ကို မြင်လိုက်သည်နှင့် သူ့မျက်လုံးများကတောက်ပလာပြီး သူ့ကိုလှမ်းကြည့်နေလေသည်။
မုယောင်သည် ပိုင်ရန်ကိုနေရာတိုင်းတွင် မြင်နေရသောကြောင့် အံ့ဩမိလေသည်။ ဒီပိုင်ရန်ဆိုတဲ့သူက အရမ်းကြောက်ဖို့ကောင်းတာဘဲ။
အရင်က ဘားမှာပိုင်ရန်ကို ကူညီပြီးကတည်းက ပိုင်ရန်က အမြဲတမ်းလိုလိုသူ့ကို ညစာလိုက်ကျွေးချင်နေသည်။ ဒါပေမယ့် မုယောင်သည် ပိုင်ရန်နှင့်အဆက်အဆံမလုပ်ချင်ပေ။ သူ့စိတ်ထဲအမြဲတမ်းအဆင်မပြေသလိုခံစားနေရသည်။
ထို့ကြောင့်သူသည် အတန်းပြီးတာနဲ့ ချက်ချင်းထွက်ပြေးလေ့ရှိသောကြောင့် ပိုင်ရန်က သူ့ကိုအမိမဖမ်းနိုင်ခဲ့ပေ။ ပိုင်ရန်နဲ့ဆုံခဲ့တဲ့အရင်ဘားကိုတောင်သူမသွားတော့။ ပိုင်ရန်နှင့်တွေ့မယ်လို့ မထင်မှတ်ထားပေ ပိုင်ရန်က မှော်ပညာများတတ်ထားသလားထင်ရ၏။
ပိုင်ရန်က သူ့မျက်နှာချင်းဆိုင်ရှေ့တည့်တည့်မှာ လာနေသောကြောင့် ထွက်မပြေးနိုင်တော့ပဲ ပိုင်ရန်အလာကိုသာစောင့်နေရသည်။
ပိုင်ရန်ရောက်လာတာနဲ့ အရင်တစ်ခေါက်အဖြစ်အပျက်ကြောင့် သူ့ကိုညစာလိုက်ကျွေးချင်သည်ဟု ပြောကာ မုယောင်ကိုငြင်းဆန်ရန်ပင် အခွင့်အရေးမပေးဘဲ မနက်ဖြန်နေ့လည်တွင်အတန်းမရှိဘူးဆိုတာ သေချာကြောင်းပင်ပြောလိုက်သေးသည်။
မုယောင်က မငြင်းနိုင်တော့ဘဲ သေချာပေါက်စိတ်ထဲတွင် မျက်ရည်လေးများ ကျဆင်းနေလေသည်။
‘အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ် ငါဘာလို့ သူ့ကိုမရှောင်နိုင်တာလဲ?’လို့ မုယောင်ကတွေးနေမိသည်။
မုယောင်က တန်တန်လေးကို အိမ်ပြန်သယ်သွားလိုက်သည်။ ဦးလေးဝမ်က တန်တန်လေးကိုတွေ့တာနဲ့ ချက်ချင်းပဲ လျှောက်လာခဲ့ပြီး “အိုး ဒီကြောင်လေးက အရမ်းချစ်ဖို့ကောင်းတာဘဲ”ဦးလေးဝမ်သည် မုယောင်လက်ထဲက တန်တန်လေးကို ချီလိုက်ပြီး ရေချိုးသန့်စင်ပေးလိုက်သည်။
ဘာလို့တန်တန်လို့ ခေါ်ရတာလဲ? ကြောင်ထီးလေးတစ်ကောင်ဖြစ်သောကြောင့် အနှေးနဲ့အမြန်ဆိုသလို သူ၏ဘောလုံးလေးများကို ဆုံးရှုံးရမည်ဖြစ်သောကြောင့်ပင်။ မုယောင်သည် ဒီနာမည်က အရမ်းကိုသင့်လျှော်သည်ဟု ထင်မိလေသည်။(တန်တန်က ဥဥ TwT)
ဦးလေးဝမ်သည် တန်တန်လေးကို သန့်စင်ပေးပြီးတာနဲ့ မုယောင်ရင်ခွင်ထဲကို ထည့်ပေးလိုက်ကာ သူသည် တန်တန်နှင့်အတူ ပထမထပ်တွင် တီဗွီအတူတူကြည့်ရင်း တန်တန်ကိုလက်နှစ်ဖက်ဖြင့် ဖက်ထားလေသည်။
အိမ်အစေခံတွေက ကြောင်လေး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ထားဖို့လိုအပ်တယ်လို့ ပြောတဲ့အတွက်ကြောင့် မုယောင်သည် မိဘနဲ့ကလေးတီဗွီရှိုးကိုကြောင်လေးနှင့်အတူတူကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုမြင်ကွင်းက အရမ်းကိုကြောင်တောင်တောင်နိုင်လေသည်။
…………..
မုယောင် မုယွင်ဇီကိုမြင်သောအခါ နှလုံးခုန်လန့်သွားလေသည်။
ထိုအချိန်က သူနှင့်တန်တန်သည် သားအဖကြားက ချစ်ခြင်းမေတ္တာကိုခံစားရန် အပြန်အလှန်ဆက်ဆံနေသောအချိန်တွင် မုယွင်ဇီက တံခါးဖွင့်ကာဝင်လာသောကြောင့် ဆိုဖာပေါ်တွင်ထိုင်နေသော မုယောင်နှင့်တန်တန်တို့၏ မျက်လုံးလေးနှစ်စုံနှင့် ထိပ်တိုက်တွေ့လိုက်ရသည်။
တန်တန်သည် မုယောင်၏လက်ထဲတွင်ရောက်သွားပြီး မုယောင်သည်တိတ်တဆိတ်အနေအထားပြောင်းကာ မုယွင်ဇီကို အနီးကပ်စိုက်ကြည့်နေသောကြောင့် သူတို့နှစ်ယောက်သည် ကြောင်အကြီးကြီးနှင့် ကြောင်ငယ်လေးနှစ်ကောင်ပုံစံဖြစ်နေ၏။
နည်းနည်းလေးရယ်ချင်စရာကောင်းသည်ဟု မုယွင်ဇီ ခံစားရသောကြောင့် ပါးစပ်ထောင့်များသည် အပေါ်သို့မတော်တဆကွေးတက်သွားလေသည်။
ထိုကြောင်ပေါက်လေးနှစ်ကောင်၏ အကြည့်စူးစူးများအောက်တွင် သူသည်လှေကားမှတက်ကာ ဒုတိယထက်ရှိစာကြည့်ခန်းထဲသို့ ဝင်သွားလေသည်။
မုယွင်ဇီကို မြင်တာနဲ့ မုယောင်က သူ့သားလေးကိုပွေ့ပြီး အခန်းထဲသို့ အလျင်မြန်ဆုံးပြေးဝင်သွားလေသည်။
“ဒီနေရာက ကုမ္ပဏီနဲ့မနီးဘူးမဟုတ်ဘူးလား သူဘာလို့ဒီကိုပြန်လာတာလဲ” မုယောင်၏စိတ်ထဲတွင် မေးခွန်းများဖြင့်ပြည့်နှက်နေသော်လည်း နားမလည်နိုင်သေးပေ။ သူနှင့်သူသားလေးသည် ချောမောလှပတဲ့ ရူးကြောင်ကြောင်လေးများဖြစ်ကြသောကြောင့် ဘယ်သူမှဒီပြဿနာကို မရှင်းနိုင်ခဲ့ကြချေ။
မုယောင်သည် ပိုင်ရန်နှင့် ညစာစားရန် အလွန်ဝန်လေးနေလေသည်။ ဒါပေမယ့်လည်း ဘယ်လိုမှမငြင်းနိုင်အောင် ပိုင်ရန်က သူ့ကိုလက်လွှတ်မပေးပေ။
အပြင်ထွက်ရန်ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသောကြောင့် သူပုံစံက အထက်တန်းကျောင်းသားလေးနှင့်တူနေလေသည်။
ပိုင်ရန်ရွေးချယ်လိုက်တဲ့စားသောက်ဆိုင်ဟာ အဆင့်အတန်းမြင့်တာမျိုးလည်းမဟုတ်ပေမယ့် သူ့ကိုယ်ပိုင်သုံးစွဲမှုထက် များစွာကျော်လွန်နေလေသည်။
‘ဒါကကြီးကြီးမားမားကိစ္စကြီးမှ မဟုတ်တာ။ ကျေးဇူးတင်နေဖို့လည်းမလိုဘူး မဟုတ်ဘူးလား’ မုယောင်စိတ်ထဲမှာ အရမ်းအံ့ဩနေသည်။
သူဆိုင်ထဲဝင်လိုက်တာနဲ့ ပိုင်ရန်က ထိုင်ခုံမှာ ထိုင်နှင့်နေပြီးသားဖြစ်သည်။ သူဝင်လာတာကိုမြင်သောအခါ ပိုင်ရန်က သူ့ကိုလက်လှမ်းပြလေသည်။
ပိုင်ရန်က သူ့ကိုမီနူးပေးပြီး စိတ်ကြိုက်ဟင်းလျာများကို မှာခိုင်းတယ်။ သူက ဈေးသိပ်မကြီးတဲ့ဟင်းပွဲနှစ်ခုကိုမှာယူခဲ့ပြီး မီနူးကို ပိုင်ရန်ဆီပြန်ပေးခဲ့သည်။
စားသောက်နေစဉ်အတွင်းမှာ မုယောင်သည် ပိုင်ရန်ကို ဘာပြောရမယ်မှန်းမသိသောကြောင့် ဘယ်လိုစကားစရမယ်မှန်း မသိပေ။
ပိုင်ရန်က သူ့ကိုညစာစားဖို့ ဘာကြောင့်ဖိတ်တာလဲဆိုတာ မုယောင်မသိပေမယ့် ထိုအကြောင်းကိုပိုင်ရန်ကတော့ သိလေသည်။
ပိုင်ရန်အတွက်တော့ မုယောင်ဆိုတာ ကျောက်မျက်ရတနာတွေထဲမှာ တန်ဖိုးအကြီးဆုံးကျောက်မျက်ရတနာတစ်ခုလိုပဲ။ သူ့ဘဝမှာ တစ်ခါမှမမက်နိုင်တဲ့အိမ်မက်တစ်ခုလိုဘဲ။
မုယောင်နှင့်မဆုံခင်တုန်းက ဒီလိုလူမျိုးက ကမ္ဘာပေါ်မှာရှိတယ်ဆိုတာ ဘယ်တုန်းကမှ သူမသိခဲ့ပေ။ လှပတယ် နုနယ်ပြီး မြင့်မြတ်လေသည်။ မုယောင်သည် ပန်းချီကားများထဲက ဆီဆေးဖြင့်ချယ်ထားသော ကောင်လေးနှင့်တူလေသည်။ ပထမတစ်ချက်မှာ သူနှင့် မုယောင်တို့သည် မတူညီသောကမ္ဘာနှစ်ခုမှ လူများဖြစ်သည်။
မုယောင်က သူ့ကိုယခင်က စိတ်ညစ်စရာကောင်းသောစကားများကို ပြောခဲ့ဖူးသော်လည်း ထိုထက်ဆယ်ဆ အဆတစ်ရာမက ပိုဆိုးသောစကားများကို သူကြားဖူးလေသည်။
မုယောင်က သူ့အတွက်တန်ဖိုးကြီးသော ကြောင်လေးတစ်ကောင်နှင့်တူသည်။ ကုတ်လိုက်လျှင်ပင်ဒေါသမထွက်နိုင်ပေ။ မာနကြီးသောကြောင်ပေါက်လေးထံမှာ ဘယ်လိုအတွေးဆိုးလေးတွေရှိနိုင်မှာလဲ?
မုယောင် သူဆီလာမယ်လို့တစ်ခါမှမတွေးဖူးသည့်အပြင် သူ့ဘက်ကရပ်တည်ပေးမယ်လို့ မထင်ခဲ့ပေ။
မုယောင် သူ့ရှေ့မှာထိုင်နေသည်ကိုကြည့်ရင်း သူတွေးမိနေသည်။ ဒါကအိမ်မက်တော့မဟုတ်ဘူးမလား။ အစစ်အမှန် ဟုတ်မဟုတ် လက်ဆန့်ပြီး ထိလိုက်ရုံပါဘဲ။
လကို သူမပိုင်ဘူးဆိုရင်တောင် သူ့ဘေးနားက ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်နိုင်မယ့် အခွင့်အရေးတော့ ရချင်မိသည်။
မုယောင်သည် အနည်းငယ်စိတ်ဆတ်သောပုံရှိပေမယ့်လည်း အကြောင်းအရင်းကို သူသိလေသည်။
မုယောင်သည် မုယွင်ဇီကိုသဘောကျကြောင်း သူသိ၏။ မုယွင်ဇီသည်မုယောင်ကို မကြိုက်ကြောင်းကို မုယွင်ဇီ၏သူငယ်ချင်းဖြစ်သည့် သူကသိလေသည်။ အဲ့တာကြောင့် မုယောင်ဒေါသထွက်တာ ပုံမှန်ပါဘဲ။
ဒါပေမယ့် သူအရမ်းအံ့ဩတာက ဒီလောက်ချစ်ဖို့ကောင်းတဲ့မုယောင်လို ညီလေးမျိုးကို မုယွင်ဇီက ဘာကြောင့်သဘောမကျရတာလဲ။
စားသောက်ပြီးစီးသောအခါ မုယောင်ကို နှုတ်ဆက်လိုက်သည်။ သူလုပ်ချင်တာတွေကို ဖြည်းဖြည်းချင်း အေးအေးဆေးဆေးနဲ့ လုပ်ရမည်။ ငါးကြီးကြီးဖမ်းချင်ရင် မုယောင်ကိုသံသယမဝင်စေဘဲ ရေရှည်ချဉ်းကပ်ရမည်။
မုယောင်အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် Wechatတွင် တာ့ယွဲရှင်းဆီသို့ စာတစ်စောင်ပို့ပေးခဲ့ပြီး နှစ်ယောက်သား ပျော်ရွှင်ဖွယ်အချိန်များကိုစတင်ခဲ့ကြသည်။
Chapter 9 end
Chapter 10
“မြန်မြန်….မြန်မြန်လေး. သတ်..သူ့ကိုသတ်”
မုယောင်က သမင်လိုလှိုင်းလေးနဲ့ တောက်ပမှုမရှိတဲ့ လှပသည့် skin ကို ကိုင်ကာ [လပေါ်သို့ လျှောက်လှမ်းခြင်း] ကိုင်ဆော့နေတဲ့ ဟန်ရှင်းအပေါ် တက်စီးပြီး တက်တက်ကြွကြွနဲ့ အမိန့်ပေးနေလေ၏။
“ဟွင်းး.ဟွင်းး…သူအခုလေးတင် ပြောလိုက်တာ။ငါက skill လည်းမရှိဘဲ သူများ သယ်သွားတာကို ခံနေရတာတဲ့!လာစမ်းပါ။သူ့ကို သတ်ဖို့ ဓား ငါ့ကိုပေး!”
သူ ကြမ်းကြမ်းတမ်းတမ်းပြောနေတာ မှန်ပေမယ့် မုယောင်အသံက သူတောင်သတိမထားမိဘဲ ကလူသလိုမြူသလိုပုံစံ ပေါက်နေသည်။
မျက်လုံးထဲအပြုံးတစ်ပွင့်နဲ့အတူ တာယွဲရှင်းသည် မုယောင်၏အမိန့်ကို နာခံပြီး Double kill ရယူလိုက်သည်။
အခြားတစ်ဖက်က လူနှစ်ယောက်က ဒီအခြေအနေကိုမြင်တော့ ပိုပိုပြီး ဒေါသတွေထွက်လာကြသည်။သူတို့က တည့်ပဲ(ဒဲ့) ညစ်ညစ်ညမ်းညမ်းတွေ စာရိုက်လာကြသည်။” မုယောင်က ဂိမ်းကစားရင် ယောင်္ကျားတစ်ယောက်မပါဘဲ ဘာမှမလုပ်တတ်ဘူးလား။”
သူတို့ကြည့်ရတာ မုယောင်ကို မိန်းမတစ်ယောက်လို့ ထင်နေတာဖြစ်မည်။
“စောက်ရူး!” မုယောင် တအားဒေါကန်သွားပြီး သူတို့ကို ထပ်တိုက်ရင်ဆိုင်ကာ သူက ယောင်္ကျားတစ်ယောက်ပါလို့ ပြောပြလိုက်သည်။
” သောက်ကျိုးနည်း!မင်းအဖေငါက သူငယ်ချင်းတွေ အများကြီးရှိတဲ့ ဥစ္စာပေါ ရုပ်ချောကွ!မင်းလိုတော့ ဘယ်ဟုတ်မလဲ။မင်းဘဝက ကိန်းဂဏန်းနည်းနည်းလေးကိုပဲ ရေတွက်နေရတာကိုး။မင်းဘဝကြီးကတော့ အရမ်းစိတ်ညစ်စရာကောင်းနေမှာပဲ။အင်တာနက်ပေါ်လာပြီး အသက်ဆက်နေရတဲ့ဘဝလေး….” မုယောင် စာကြောင်းတစ်ကြောင်းပြီးတစ်ကြောင်း ရိုက်လိုက်သည်။သူ သူတို့ကို ကြိမ်းမောင်းတာ ပင်ပန်းလာတော့ အင်တာနက်ပေါ်ကနေပဲ ကူးယူချလိုက်တော့သည်။
တာ့ယွဲ့ရှင်းက ထိုလူနှစ်ယောက်၏IDကို ကူးယူပြီး တစ်စုံတစ်ယောက်ကို သူတို့accတွေကို hack ခိုင်းလိုက်သည်။
“စိတ်ဆိုးမနေပါနဲ့တော့, မောင်မောင်” တာ့ယွဲရှင်း၏အသံသည် နူးညံ့ကာ သက်တောင့်သက်သာရှိသည်။
“ငါ သူတို့accတွေကို hack ဖို့ တစ်ယောက်ယောက်ကို ရှာပြီးပြီ။ဒီပွဲမှာ ငါတို့ သူတို့ကို အခြေစိုက်စခန်းကနေ မထွက်ရဲတော့တဲ့အထိ အသေလုပ်လိုက်ကြမယ်။ဒါက သူတို့ဘဝရဲ့ နောက်ဆုံးအကြိမ် ဂိမ်းကစားခြင်း ဖြစ်သွားလိမ့်မယ်။” သူ၏အသံတွင် အေးစက်မှုများ ပါဝင်နေသည်။
“ဟုတ်ပြီကွ!” မုယောင်က မြန်မြန်စိတ်တိုပြီး မြန်မြန်ပဲ စိတ်ပြေသွားသည်။တာ့ယွဲရှင်းပြောတာကြားပြီးနောက် ဆက်ဒေါသမထွက်တော့ပေ။နှစ်ယောက်သား ဟိုဘက်ကလူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ပစ်လိုက်သည်။ ကစားပွဲပြီးတဲ့နောက် ထိုလူတွေကို ဆဲဆိုခြင်းနဲ့ညစ်ညမ်းမှုကြောင့် report တင်ပေးလိုက်သည်။
“အိပ်ချင်လိုက်တာ…အာရှင်း, ငါ အရင်သွားအိပ်လိုက်တော့မယ်” တာ့ယွဲရှင်းက သူ့နာမည်တွင် ”ရှင်း” ပါသည်ဟု မုယောင်ကို ပြောထားတာကြောင့် မုယောင်က သူ့ကို ‘အာရှင်း’ ဟု ခေါ်တာဖြစ်၏။
“အင်း..သွားအိပ်လိုက်တော့..မောင်မောင်…ဂွတ်နိုက်” တာ့ယွဲရှင်း၏အသံသည် နူးညံ့ပြီး ဆွဲငင်နေတာကြောင့် မုယောင်၏ပါးတွေတောင် နီရဲရဲဖြစ်သွား၏။
“သွားပြီ…သွားပြီ…ငါ ယောင်္ကျားလေးတွေနဲ့ မတွေ့တာ ကြာသွားလို့များလား။ သူငယ်ချင်းရဲ့အသံကိုတောင် feel နေမိတယ်” မုယောင် ကုတင်ပေါ် စောင်ကြီးပတ်ပြီး အသံတိတ်အော်လျက် လူးလိမ့်နေသည်။
မုယောင် ထိုအကြောင်းတွေးရင်း အိပ်ပျော်သွားသည်။
…………………
မနက်တွင် မုယောင်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် နိုးထလာသည်။
မုယောင် သူအေးစက်စက်ရေကန်ထဲ သေဆုံးသည့်အထိ အသက်ရှူကြပ်ခဲ့ရတဲ့ မှတ်ဉာဏ်များကြောင့် ဖြစ်ပေါ်လာတဲ့ မွန်းကြပ်သည့်ခံစားချက်ကြီးက သူ့ဦးနှောက်ထိ ပျံ့နှံ့သွားကာ ရုတ်တရက် လန့်နိုးလာသည်။
မျက်ရည်အပြည့်မျက်လုံးများကို ဖွင့်လိုက်တော့ တန်တန်က သူ့ရဲ့အဆီတွေရှိတဲ့ ဗိုက်လုံးလုံးကြီးနဲ့ မုယောင်မျက်နှာပေါ် ဖိထားတာကို မြင်လိုက်ရသည်။ သူ အသက်ရှုကြပ်နေတာ မဆန်းတော့ပါဘူးလေ။
“ကြောင်စုတ်လေ…ငါ့ကို သေအောင် ခြောက်လိုက်တာပဲ” မုယောင်ထပြီး မျက်ရည်တွေကို သုတ်လိုက်သည်။ကြောင်လေးကို ပွေ့ချီပြီး အရင်ဘဝက မှောင်မိုက်ဆိုးဝါးလှသည့် မှတ်ဉာဏ်များကနေ ဖြည်းဖြည်းချင်း ရုန်းထွက်လိုက်သည်။
လှေကားအောက်ကို ဆင်းသွားတော့ အန်ကယ်ဝမ်က ဧည့်ခန်းထဲတွင် အလုပ်များနေသည်။
မုယောင် ကြောင်လေးကိုချီလျက် မေးလိုက်၏။
“အန်ကယ်ဝမ် …တန်တန်ကို ကျွန်တော့်အခန်းထဲ လာထားပေးသွားတာလား”
အန်ကယ်ဝမ်က သူ့ကို တစ်ချက်ကြည့်ကာ ပြုံးပြလာ၏။”ဟုတ်တယ် သခင်ငယ်လေး။ဒီကြောင်လေးက သခင်လေးကို အရမ်းနှစ်သက်နေတာ။ ဒီမနက် အစောကြီး တမြောင်မြောင်အော်ပြီး သခင်လေးကို ပတ်ရှာနေတာ”
မုယောင် သူ့မျက်လုံးတွေ မှေးသွားတဲ့အထိ ပြုံးလိုက်ပြီး ခေါင်းတငြိမ့်ငြိမ့်လိုက်သည်။
“မင်းမှာ အသိတရားတော့ ရှိသေးသားပဲ။ ငါထင်တာ မင်း မင်းအဖေကို သတ်တော့မယ်လို့ ထင်သွားတာ။”
“မနက်စာ လာစားတော့” မုယွင်ဇီ၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
မုယောင် လန့်သွားသည်။နောက်တော့မှ ထမင်းစားစားပွဲတွင် မနက်စာ စားနေသည့် မုယွင်ဇီကို တွေ့သွား၏။
ဒါပေမယ့် ကိုးနာရီတောင် ရှိနေပြီလေ။မုယွင်ဇီက ပုံမှန်ဆို ၇နာရီခွဲမှာ ထွက်သွားပြီမဟုတ်ဘူးလား။
မုယောင် ဇဝေဇဝါဖြစ်နေပေမယ့် မုယွင်ဇီကိုလည်း မမေးရဲချေ။
အန်ကယ်ဝမ်ဆီ တန်တန်ကို ပေးပြီးနောက် မုယောင်သည် မုယွင်ဇီနဲ့ အဝေးဆုံးမှာရှိနေတဲ့ ထိုင်ခုံမှာ သွားထိုင်ဖို့ လုပ်လိုက်၏။သူ ထိုင်မလို့လုပ်ရုံရှိသေး မုယွင်ဇီက ထပ်ပြောလာသည်။
“ဒီကိုလာထိုင်” မုယောင် တစ်ခဏ ကြောင်အသွားပြီးနောက် မကြားသလို ဟန်ဆောင်ဖို့ လုပ်လိုက်သည်။သို့သော် မုယွင်ဇီက သူ့ရဲ့လှည့်ကွက်သေးသေးလေးကို ဖြတ်မြင်သည့်ပုံပင်။
“ငါ့ကို နောက်တစ်ကြိမ် ထပ်ပြောရအောင် မလုပ်နဲ့ မုယောင်”
‘ဟွန့်း..ခင်ဗျား လွှမ်းမိုးချုပ်ချယ်တဲ့CEO တွေပါတဲ့ ဝတ္ထုတွေ ဖတ်တာ များနေပြီ။ခင်ဗျားအမိန့်ပေးချင်ရင်လည်း ခင်ဗျားမိန်းမဖြစ်လာမယ့်သူကိုပဲ သွားပေး’ မုယောင် စိတ်ထဲကနေ အထွန့်တက်လိုက်ပြီး မုယွင်ဇီဘေးက ထိုင်ခုံမှာ မထိုင်ချင်ပဲ ထိုင်လိုက်သည်။
မုယွင်ဇီ မျက်လုံးမှေးပြီး မုယောင်ကို စစ်ဆေးလိုက်သည်။မုယောင်၏ သူ့အပေါ်ခုခံမှုကို သူခံစားမိသည်။ အကြောက်တရားနဲ့မနှစ်မြို့မှုကိုတောင် ခံစားမိ၏။
ဒါပေမယ့် သူ ဒီစျေးပေါတဲ့ညီကို ဘယ်တုန်းကမှ ဘာမှ မလုပ်ခဲ့ဖူးဘူးလေ။ အများဆုံးရှိမှ သူ့တည်ရှိမှုကို လျစ်လျူရှုခဲ့တာပဲ ရှိမှာ။
ဒီနေ့ကျမှ မုယောင် စားနေတာကို သူ ခပ်တည်တည်ကြည့်နေတော့မှပဲ သူ၏ညီဖြစ်သူက ဘယ်လောက်တောင် လှပလဲဆိုတာ သိသွားတော့သည်။ မုယောင်က နေရောင်ခြည် နည်းနည်းလေး မရရှိတော့လိုက်တာနဲ့ ခဏလောက်ဂရုမစိုက်မိလိုက်တာနဲ့ သေဆုံးသွားမယ့် အဖိုးတန်ပန်းပွင့်လေးလို ပိုးမွေးသလို ပြုစုစောင့်ရှောက်ခံရဖို့အတွက် မွေးဖွားလာသလိုပင်။
တကယ်လည်း မုယောင်က ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာတာပဲလေ။သူနဲ့သူ့အဖေက မုယောင့်ကို ဂရုမစိုက်ခဲ့ကြပေမယ့် အန်ကယ်ဝမ်နဲ့အန်တီလီတို့က သူ့ကို ကလေးဘဝကတည်းက ဖူးဖူးမှုတ်ကာ ပိုးမွေးသလို မွေးခဲ့တာပင်။မုယောင်က ကောင်းကင်ပေါ်က ကြယ်ကို တောင်းဆိုလာခဲ့ရင်တောင် နှစ်ယောက်လုံးက သူ့အတွက် ခူးဆွတ်ပေးချင်ကြတာချည်းပဲ။
မုယောင် အစားဝါးနေတော့ သူ့ပါးလေးတွေက ဖောင်းနေပြီးသူ့ရဲ့နှင်းဆီရောင်နှုတ်ခမ်းက ဆီကြောင့် ပိုပြီး နဲရဲလာကာ နမ်းချင်စဖွယ်ဖြစ်နေသည်။
မုယွင်ဇီ အကျိုးအကြောင်းမဆီလျော်သည့် သူ၏ကိုယ်ပိုင်အတွေးများကြောင့် မျက်မှောင်ကြုတ်မိ၏။
သူ ဘာတွေ တွေးနေမိတာလဲ။မုယောင်က သူ့ရဲ့ညီလေးလေ။မုယောင်က ယောင်္ကျားလေးတွေကိုပဲ သဘောကျတယ်ဆိုရင်တောင် …မုယောင်က သေးသွယ်ပြီး လှပတယ်ဆိုရင်တောင်….သူ့ညီနဲ့ပတ်သက်ပြီး ညစ်ညမ်းတဲ့အတွေးတွေ မရှိသင့်ဘူးလေ။
မုယောင်မှာလည်း မုယွင်ဇီကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေလေသည်။ဒီလူ ဂေါက်နေတာပဲ ဖြစ်ရမယ်။စားလည်း မစားဘဲ သူ့ကိုပဲ ဆက်တိုက်စိုက်ကြည့်နေတာ။အေးအေးချမ်းချမ်း သာသာယာယာနဲ့ကို စားခွင့် မပေးဘူး။
Chapter 10 end