⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 11+12

Little Creampie:
Chapter 11

မုယောင် ကို့ယို့ကားယားဖြင့် မနက်စာ စားပြီးနောက် မုယွင်ဇီကို တစ်ချက် စမ်းစမ်းဝါးဝါးစူးစိုက်ကြည့်ပြီး ပြေးထွက်သွားလိုက်သည်။

သူကတော့ မုယွင်ဇီ မမြင်လိုက်ဘူးလို့ထင်နေလေ၏။ဒါပေမယ့်မယ့် မုယွင်ဇီက သူ့ရဲ့ညီငတုံးလေးက မျက်လုံးလှလှလေးတွေကို ဖွင့်ပြီး သူ့ကို ဒေါသတကြီး စူးစိုက်ကြည့်သွားတာကို သေချာပေါက် မြင်လိုက်၏။သူကိုယ်သူတော့ ထိုအကြည့်က ကြောက်စရာကောင်းတယ်လို့ တွေးမှာပေါ့။ဒါပေမယ့် ထိုအကြည့်လေးက ချစ်စရာကောင်းနေသည်။ထို့နောက် ငကြောက်လေးလို ပြေးထွက်သွား၏။

 

မုယောင်သည် ဒီနေ့ ချီစစ်စစ်နဲ့ အသစ်ဖွင့်လိုက်သည့်ကစားကွင်းပန်းခြံဆီ အဖော်လိုက်သွားမလို့ဖြစ်၏။အစက သူမသွားချင်ခဲ့ပေမယ့် ချီစစ်စစ်က wechat ကနေ မက်ဆေ့ချ်တွေ တရစပ်ပို့လာတော့ ရွေးချယ်စရာမရှိဘဲ သူမနဲ့ လိုက်ပေးလိုက်ရသည်။

 

ချီစစ်စစ်က ချီမိသားစု၏တတိယမြောက်ကလေးဖြစ်၏။မျသားစုမှာ သမီးမိန်းကလေးတစ်ယောက်တည်းရှိပြီး သူမကို တုန်နေအောင် ချစ်ကြသည်။

 

ချီစစ်စစ်က စိတ်ရင်းကောင်းပြီး အမြဲရွှင်လန်းတက်ကြွသည်။မုယောင် အရင်ဘဝက သူမနဲ့ နည်းနည်းပဲ အဆက်အဆံလုပ်ဖူးသည်။သို့သော် ဒီဘဝတွင်တော့ သူတို့နှစ်ယောက်သား ဘားမှာတွေ့ပြီး အချင်းချင်း wechat အပ်ခဲ့ကြသည်။နှစ်ယောက်သား စကားပြောရင်း သူငယ်ချင်းကောင်းတွေ ဖြစ်လာကြပေ၏။

 

“ဒီမှာ, ဒီမှာ! ” ချီစစ်စစ်သည် အနီမှိုင်းမှိုင်း ကြိုးပခုံးတစ်ဖက်တင်အပေါ်အင်္ကျီကို အနက်ရောင် စကပ်တိုနဲ့ ပိုက်ကွန်လိုဇာစတော့ကင်နဲ့ ဒူးအထက်ဘွတ်ဖိနပ်နဲ့အတူ ဝတ်ဆင်ထားသည်။မိတ်ကပ်ကို ခပ်ပါးပါးလိမ်းထားကာ စွဲမက်ဖွယ်ကောင်းနေ၏။

 

“တခမ်းတနားဝတ်လာတာပဲ” မုယောင်ကတော့ သာမန်တီရှပ်တစ်ထည်နဲ့ဂျင်းကိုသာ ဝတ်ဆင်ထားပြီး သူမကို တအံ့တဩဖြင့်ကြည့်နေလေ၏။

 

“ဒါပေါ့…မင်းလည်း မင်းရဲ့ညီအစ်မကောင်းနဲ့ အပြင်ထွက်မှာဆို သားသားနားနားဖြစ်နေရမယ်လေ။အခုက တအားကြီးသာမန်ဆန်လွန်းလိုက်တာဟယ်” ချီစစ်စစ် မုယောင်၏မျက်နှာလေးကို အားမလိုအားမရဖြင့် ဆိတ်ဆွဲလိုက်သည်။

 

“နာတယ်,နာတယ်!” မုယောင် ချီစစ်စစ်၏ဆွဲဆိတ်ခြင်းကနေ မြန်မြန် အဝေးရှောင်လိုက်၏။

 

“ကျေးဇူးပြုပြီးတော့ပါ မစ်ချီစစ်စစ်ရယ်….ကျွန်တော်က ယောင်္ကျားလေးဗျ, ခင်ဗျားရဲ့ ညီအစ်မကောင်းဆိုတာ ဘာကြီးလဲ” မုယောင် အသံတိုးတိုးနဲ့ အတွန့်တက်လိုက်သည်။

 

“နင် ဘာပြောလိုက်တယ်?” ချီစစ်စစ်က သူ့ကို စိုက်ကြည့်လိုက်တော့ မုယောင်လည်း အမြန်အပေါက်ပိတ်လိုက်သည်။

 

သူတို့ဘေးပတ်လည်က လူတွေကတော့ ဒီအလှလေးနှစ်ယောက်ကို တိတ်တခိုးကြည့်ပြီး သူတို့စိတ်ထဲ ဒီအလှလေးနှစ်ယောက်က ချစ်သူတွေလား ဘာလားဆိုတာ သိချင်နေကြသည်။

 

“သွားကြမယ်”ချီစစ်စစ်သည် လက်မှတ်ဝယ်ယူရန် မုယောင်ကို ဆွဲခေါ်သွားသည်။

သူတို့နှစ်ယောက်လုံး တစ်ကြိမ်ပြီးတစ်ကြိမ် ကစားပြီး​တဲ့နောက် သူတို့၏အစာအိမ်က သံစုံတီးဝိုင်းဖျော်ဖြေနေပြီ။

 

“ဒီပန်းခြံထဲမှာပဲ အသစ်ဖွင့်ထားတဲ့စားသောက်ဆိုင်က ကောင်းတယ်လို့ ငါသတင်းရထားတယ်။သွားစားကြည့်ရအောင်”.

 

နှစ်ယောက်သား ထိုစားသောက်ဆိုင်ဆီ တည့်တည့်မတ်မတ်သွားခဲ့ကြသည်။စားသောက်ဆိုင်ကို ချစ်စရာကောင်းစွာ အလှဆင်ထားပြီး လူတွေအများကြီးရှိသည်။

 

ချီစစ်စစ် ထက်ရှတဲ့အကြည့်တွေဖြင့် ​နှစ်ယောက်စာနေရာကို ရှာဖွေပြီး အောင်အောင်မြင်​မြင်နဲ့ မုယောင်ကို လူတွေကြားကနေ ဦးဆောင်သွားခဲ့၏။

 

“မင်္ဂလာပါ။ ဘာများ သုံးဆောင်ချင်ပါသလဲဗျ” မုယေင် ထိုင်ခုံပေါ် ထိုင်လိုက်တဲ့အချိန် ရင်းနှီးကျွမ်းဝင်နေတဲ့အသံက ထွက်ပေါ်လာသည်။

 

မုယောင်၏ကိုယ်က တခဏမျှ တောင့်တင်းသွား၏။သူ မျက်လုံးမော့ကြည့်လိုက်တော့ ပိုင်ရန်၏ မျက်နှာချောချောလေးကို မြင်လိုက်ရသည်။

 

“တိုက်ဆိုင်လိုက်တာ ၊ မုယောင်”ပိုင်ရန်က မုယောင်ကို မျက်လုံးများ ကွေးတဲ့အထိ ပြုံးပြလာသည်။

 

“…..ဒါ…တကယ့်ကို တိုက်ဆိုင်မှုကြီးပဲ” မုယောင် ဖြစ်ညှစ်ပြုံးပြလိုက်​ပြီး စိတ်ထဲမှာတော့ အသေအလဲ ကွန်ပလိန်းတွေတက်နေမိ၏။

 

အရာအားလုံး အဆင်ပြေနေရဲ့လား?အဆင်ပြေပါ့မလား? ပိုင်ရန် ငါ့ကိုယ်ပေါ်မှာ ခြေရာခံစက်များ တပ်ထားသေးလား။မဟုတ်လို့ရှိရင် ဘယ်လိုလုပ် သူဘယ်သွားသွား ပိုင်ရန်နဲ့ပဲ တွေ့နေရတာလဲ။

.”နှစ်ယောက်က အချင်းချင်းသိနေကြတာလား” ချီစစ်စစ် မျက်ခုံးပင့်လိုက်မိပြီး ပိုင်ရန်၏မျက်နှာလှလှလေးကို စိတ်ဝင်တစားကြည့်လိုက်၏။

“အကွေးနော်” မု​ယောင် သူ့ပါးစပ်ကို အသာအယာလှုပ်ပြလိုက်သည်။.

 

“…….” ချီစစ်စစ် မု​ယောင်ကို ဝမ်းနည်းတပမ်းကြည့်လိုက်ပြီး သူမ၏စိတ်ဝင်တစားအကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

 

ကယ်တင်ကြပါဦး! ကမ္ဘာကြီးက ယောင်္ကျားလေးအဖြောင့်အလှလေးတွေကို မိန်းကလေးတွေအတွက် မချန်ထားတော့ဘူးလား။

သူတို့နှစ်ယောက် ဟင်းပွဲတွေလည်းမှာယူပြီးတော့ ပိုင်ရန်လည်း ထွက်သွား၏။

အမှန်က သူတို့ရဲ့စားပွဲက ပိုင်ရန် တာဝန်ကျတဲ့စားပွဲမဟုတ်ပေ။ဒါပေမယ့် ပိုင်ရန်က မု​ယောင်ကို အဝေးကနေမြင်သွားတာကြောင့် သူ့လုပ်ဖော်ကိုင်ဖက်နဲ့ စားပွဲချင်း လဲလိုက်တာဖြစ်သည်။

 

“သခင်ငယ်လေးက ငါ့ကိုတွေ့တာ မပျော်တဲ့ပုံပဲ။ဒါပေမယ့် ငါကတော့ အရမ်းပျော်တယ်” ပိုင်ရန် ပြုံးလိုက်ပြီး မီးဖိုချောင်ထဲ တက်တက်ကြွကြွဖြင့် ဝင်သွား၏။

ဟင်းပွဲတွေကို ချပေးတော့လည်း ပိုင်ရန်ကပဲ သူတို့အတွက် ချပေးတာဖြစ်သည်။မုယောင်က သူ့ဖုန်းနဲ့ ကစားသလိုဟန်ဆောင်နေပြီး ပိုင်ရန်ကို စကားပြောဖို့ အခွင့်အရေးတစ်ခုလေးမှ မပေးခဲ့ချေ။

 

သူတို့နှစ်ယောက် အချိုပွဲစားနေတုန်း ကာတွန်းစကတ်လေးနဲ့ချစ်စရာကလေးမလေးက ဘယ်နေရာကမှန်းမသိ ထွက်လာပြီး မု​ယောင်၏ ပေါင်ကို ရုတ်တရက်ဖက်ထား၏။

“ကောကောအလှလေး, မီးမီး အဲဒါ စားချင်တယ်” ငါးနှစ် ခြောက်နှစ်လောက်ပဲ ရှိဦးမယ့် ကလေးမလေးက သူမပြောချင်တာကို ကောင်းကောင်းမဖော်ပြတတ်သေးပေ။သူမက မုယောင်ရဲ့အရှေ့မှာရှိသည့် နံနတ်ကိတ်ကို သနားကမားဖြင့် ကြည့်နေလေ၏။

မုယောင်လည်း သူမလေးရဲ့ချစ်စရာကောင်းမှုကြောင့် ထိရှသွားသည်။ပထမဆုံးအကြိမ်အနေနဲ့ ချစ်စရာကောင်းတဲ့ကလေးလေးဆိုတာ ဒီလိုမျိုးဖြစ်သင့်တယ်ဆိုတာ သူသိသွားခဲ့၏။

 

ကလေးမလေးကို သူ့ပေါင်ပေါ်တင်လိုက်ပြီး ခက်ရင်းအသန့်ကို ထုတ်ကာ ကိတ်အပိုင်းအသေးလေးကို ထိုးပြီး ​ခွံ့ကျွေးလိုက်သည်။

 

ချီစစ်စစ်လည်း စတော်ဘယ်ရီအရသာ ပန်းရောင် macaron ကို ရှေ့တိုးပေးလိုက်ပြီး ချစ်စရာကလေး​မလေးကို ပြုံးပြုံးကြီး ကြည့်နေသည်။

 

ဒါက ခန်ချင်းဟန် အထဲဝင်လာတော့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းပင်။ နျောင်နျောင်က ​ကောင်လေး၏ပေါင်ပေါ်ထိုင်နေပြီး တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ကျွေးတာကို စားနေလေ၏။ကောင်လေး၏လက်ချောင်းလေးတွေက ဖြူဖွေးသွယ်သွယ်လျလျလေးတွေဖြစ်ပြီး သူ့မျက်နှာလှလှလေးတွင် နူးညံ့သိမ့်မွေ့သည့်အပြုံးတစ်ပွင့် ရှိနေ၏။

 

ထို့နေ့က ဘားမှာတွေ့တုန်းကလို တောက်တောက်ပြောင်ပြောင်မဖြစ်ပေမယ့် ဒီဆိုင်ထဲမှာတော့ သူက အလှပဆုံးနဲ့ဆွဲဆောင်နိုင်ဆုံး ဖြစ်နေတုန်းပင်။

“နျောင်နျောင်” ခန်ချင်းဟန်၏အသံသည် ဒေါသမပါဘဲ ခြိမ်းခြောက်နေသည်။ချိုမြိန်တဲ့ကောကောအလှလေးဆီကနေ ပျော်ပျော်ရွှင်ရွှင်ကြီး ခွံ့ကျွေးတာစားနေသည့် နျောင်နျောင်က ရပ်တန့်သွားပြီး ထို့နောက် မြန်မြန်ခေါင်းမော့ပြီး ခန်ချင်းဟန်ကို ကြည့်လိုက်သည်။

“ဦးလေး” အသံချိုချိုလေးက တိုးညှင်းပြီး နည်းနည်းကြောက်ရွံ့နေသည့်ပုံပေ။

 

မုယောင်သည် ခန်ချင်းဟန်ကိုမြင်တော့ တကယ်ကိုဆွံ့အသွားသည်။သူ့ကိုယ်ပေါ်မှာ သံလိုက်စက်ကွင်းလိုဟာမျိုး ရှိနေတာများလား။ အထူးသဖြင့် ပိုင်ရန်နဲ့ပိုင်ရန့်နောက်လိုက်တွေကို ဆွဲဆောင်နိုင်စေတဲ့သံလိုက်လိုမျိုးပေါ့။

 

ဟုတ်တယ်!ခန်ချင်းဟန်ကလည်း ပိုင်ရန်ရဲ့လူတွေထဲက တစ်ယောက်ပဲ။သူနဲ့ခန်ချင်းဟန် နောက်ဆုံးတွေ့ခဲ့တဲ့အကြိမ်က ဘားမှာ သူ မုယွင်ဇီနဲ့စီးပွားရေးကိစ္စဆွေးနွေးတုန်းကဖြစ်သည်။ထိုအချိန်တုန်းက မုယောင် သူ့ကို လျစ်လျူရှုခဲ့သည်။

“သူက မီးမီးရဲ့ဦးလေးလား” မုယောင် ကလေးမလေးကိုကြည့်ရင်း မေးလိုက်၏။

“ဟုတ်တယ် ကောကော။သမီးရဲ့ဦးလေး” နျောင်နျောင်သည် မုယောင်ကို လိမ်လိမ်မာမာကြည့်ပြီး ဖြေလာ၏။

 

“ငါ သူမအတွက် ရေခဲမုန့်သွားဝယ်တာ။ ငါ သွားဝယ်နေတုန်း သူမ ပျောက်သွားတာ” ခန်ချင်းဟန်က အသာအယာရှင်းပြလာ၏။

“ဟုတ်လား” သူက တကယ်ပဲ နျောင်နျောင်ရဲ့ဦးလေးဆိုတာ မြင်တော့ မုယောင်သည် တုံ့ဆိုင်းခြင်းမရှိ ကလေးမလေးကို ခန်ချင်းဟန်ဆီ ပြန်ပေးလိုက်သည်။

ခန်ချင်းဟန် မုယောင်ကို ကျေးဇူးတင်သည့်အတွက်ကြောင့် ညစာစားဖို့ဖိတ်လိုက်သည်။မုယောင်ကတော့ သူရဲ့ဖိတ်ကြားချက်ကို ငြင်းလိုက်သည်။ဒီလူတွေနဲ့ သူ ညစာစားလို့ကတော့ အိမ်မက်ဆိုးတွေ မက်ကုန်မှာကြောက်သည်။

မုယွင်ဇီနဲ့ နေ့တိုင်း မျက်နှာချင်းဆိုင်နေရတာကိုက အတော်လေး ဆိုးဆိုးရွားရွားကိုလုံလောက်နေပြီ။သူ အခြားလူတွေနဲ့လည်း အဆက်အဆံမလုပ်ချင်ပေ။သူ မထင်ထားတာ တစ်ခုက ခန်ချင်းဟန်လို သူ့နာမည်အတိုင်းအေးစက်နေတဲ့လူမျိုးက ကလေးတစ်ယောက်ကို အမှန်တကယ်ဂရုစိုက်လိမ့်မယ်လို့ပဲ။

 

မုယောင်က.သူ့ကို ရှောင်နေတာ မြင်တော့ ခန်ချင်းဟန်လည်း ဖိအားမပေးချေ။ဘယ်လိုပဲဖြစ်ဖြစ် မုယောင်က City A မှာပဲ ရှိနေတော့ သူ့ကိုရှာဖို့ဆိုတာ လွယ်ကူသည်။

သို့သော် ခန်ချင်းဟန်က သူ ဘာ​ကြောင့် မုယောင်ကို ရှာချင်လဲဆိုတာ လေးလေးနက်နက်ကြီး မတွေးခဲ့ပေ။

Chapter 11 end.

Chapter 12

စားသောက်ပြီးနောက် မုယောင်နဲ့ချီစစ်စစ်သည် နောက်တစ်ကြိမ်ကစားဖို့ သွားခဲ့ကြပြန်သည်။မှောင်လာတော့ မုယောင်က ချီစစ်စစ်ကို အိမ်ပြန်ပို့ပေးခဲ့၏။

အိမ်တံခါးရှေ့ထိ ရောက်လာတော့ မုယောင်သည် ကစားကွင်းပန်းခြံကနေ ဝယ်လာသည့်အရုပ်လေးနည်းနည်းကို ကားထဲကနေ ယူသွားခဲ့သည်။

ဒီအရုပ်လေးတွေက ကိုင်လို့တအားကောင်းသည်။မုယောင် သူတို့ကို ပွတ်သပ်ပြီးနောက် ထိုခံစားချက်ကို နှစ်သက်သွားတာကြောင့် သူနဲ့ချီစစ်စစ်အတွက် ကြည့်ကောင်းတာလေးဝယ်လာတာဖြစ်သည်။

“သခင်ငယ်လေး ပြန်ရောက်လာပြီလား”အိမ်တော်ထိန်းအန်ကယ်ဝမ်က အရုပ်တွေပိုက်ပြီး ချိုပြုံးပြုံးမျက်နှာဖြင့် ဝင်လာသည့်မုယောင်ကို ကြည့်လိုက်သည်။

 

မုယောင်ရဲ့ဒေါသက အရင်နှစ်တွေမှာ တဖြည်းဖြည်း ပြင်းထန်လာသည်။နောက်ပြီး မုယွင်ဇီကလွဲပြီး ကျန်တာဘာမှ စိတ်မဝင်စားပေ။အန်ကယ်ဝမ်က ထိုဟာကို မြင်တော့ မုယောင်အတွက် ပူပန်သောကရောက်ရသည်။အခုတော့.သခင်ငယ်လေးက တဖြည်းဖြည်း တက်ကြွကာသွက်လက်လာတာကိုကြည့်ပြီး သူလည်း ဝမ်းသာမိသည်။

 

“ဟုတ်တယ်။အန်ကယ်ဝမ်…ဒီအရုပ်လေးတွေကို ကျွန်တော့်အခန်းထဲ ထားပေးပါဦး” မုယောင်က အန်ကယ်ဝမ်ကို ချစ်စရာကောင်းစွာကြည့်ပြီး အရုပ်တွေကို ချလိုက်သည်။ထို့နောက် သူ့အပေါ် ခုန်အုပ်နေသည့် ကြောင်ဘိုးဘေးလေးကို ဖမ်းလိုက်သည်။

“တန်တန်… မင်း ဝိတ်တက်လာပြီလား” မုယောင် မသင်္ကာတဲ့အကြည့်ဖြင့် ပိုပြီး လုံးဝန်းလာပုံရှိသည့်ကြောင်လေးကို လက်နဲ့ချီပြီး ဝိတ်ချိန်ကြည့်လိုက်သည်။

“မြောင်!”  တန်တန်က ချစ်စရာကောင်းသည့်မျက်နှာဖြင့် သူ့ပေါင်ပေါ်က အမွေးတွေကို လျှာနဲ့သပ်နေတာဖြစ်သည်။မုယောင်က သူဝလာတာကို မကြိုက်ဘူးဆိုတာ ကြားတော့ စိတ်ဆိုးမာန်ဆိုး သွားဖြဲပြလိုက်သည်။

“ကြောင်လေးက အစားများများစားလို့ရပါတယ်”
ဖြတ်လျှောက်လာတဲ့အန်တီလီက ပြုံး၏။
“အန်တီ မီးဖိုချောင်ထဲ သွားလိုက်တိုင်း ဒီကောင်လေးက အန်တီ့ခြေထောက်ကို ပွတ်သပ်ပြီး တမြောင်မြောင်အော်နေတာ။အစားမမေးမချင်း မသွားဘူး”

“မင်း တအားဝလာတာ မထူးဆန်းတော့ပါဘူးလေ” မုယောင် တန်တန်၏ဗိုက်လေးကို ပွတ်သပ်လိုက်သည်။တန်တန်က သူ့လက်မောင်းထဲကနေ ဒေါသတကြီး ခုန်ထွက်ပြီး လျင်ခနဲ ပျောက်သွားသည်။

“သခင်ငယ်လေး…လက်ဆေးပြီး ညစာစားလို့ရပြီနော်” အန်နီလီက ညစာစားရန် တိုက်တွန်းလာ၏။

 

“ဟုတ်ပါပြီ…အန်တီလီ” မုယောင်တစ်ယောက် သီချင်းလေးညည်းပြီး လှေကားပေါ်တက်သွားသည်။မမျှော်လင့်ပဲ မုယွငဇီနဲ့ တိုးမိ၏။

“……” မုယောင် ပါးစပ်ဟလိုက်ပေမယ့် သူ့ကို နှုတ်မဆက်ချင်ပေ။ဒါကြောင့် သူ အကြည့်လွှဲလိုက်ပြီး ဘာမှမဖြစ်လိုက်သလို ဟန်ဆောင်ရန် ရည်ရွယ်လိုက်သည်။

 

“မုယောင်…မင်းအစ်ကိုကိုတွေ့ရင် မနှုတ်ဆက်ရဘူးလို့ ဘယ်သူက သင်ပေးထားတာလဲ”

မုယွင်ဇီ၏စိတ်အနှောင်အယှက်ဖြစ်စရာ အသံက မုယောင်၏နားထဲ ဝင်လာ၏။မုယောင် နှုတ်ခမ်းကွေးကာ နှုတ်ဆက်လိုက်သည်။”မင်္ဂလာာညနေခင်းပါ အစ်ကိုကြီး”

“မင်း ငါ့ကို အရင် ဘယ်လိုခေါ်လဲ”

“…..ကောကော” မုယောင် သူ့ပါးစပ်ကို ခက်ခက်ခဲခဲဟလိုက်၏။

 

မုယွင်ဇီ ​ကျေနပ်သွားသည့်ပုံပဲ။ဒီတစ်ခါတော့ ပြဿနာရမရှာတော့ဘဲ လှေကားအောက် ဆင်းသွားသည်။

မုယောင်က အလင်းနဲ့အရိပ်ဆုံရာ လှေကားထောင့်ချိုးတွင် ရပ်နေကာ မရွေ့ချေ။

‘ဒါပေမယ့်….ခင်ဗျားက ကျွန်တော့်ကောကောဖြစ်ဖို့ မတန်ဘူး’ မုယောင် စိတ်ထဲကနေ အေးစက်စွာတွေးမိ၏။

‘ခင်ဗျားကို ကောကောလို့ ကြိုးစားပမ်းစားခေါ်ပြီး အဲ့ရွှံ့နွံထဲကနေ ကျွန်တော့်ကို ဆွဲထုတ်ပေးဖို့ တောင်းဆိုခဲ့တုန်းက ခင်​ဗျား ဘာလုပ်ခဲ့လဲ။ မကယ်တင်ပေးရုံသာမက နွံထဲကိုတောင် တွန်းပို့ပေးခဲ့သေးတယ်။ခင်ဗျားက ဘာကိစ္စနဲ့ ကျွန်တော့်အစ်ကိုဖြစ်ဖို့ ထိုက်တန်ရမှာလဲ။’

မုယောင် ထိုနေရာတွင် ငါးမိနစ်လောက်ကြာအောင် ရပ်နေမိသည်။ဒါမှမဟုတ် ထို့ထက်လည်း ပိုကြာနိုင်သည်။အဆုံးမဲ့အမှောင်ထုကနေ ပြန်ရုန်းထွက်ချင်ပေမယ့် သူ ထိုအရာအား လက်မလွတ်နိုင်သေးဘူးဆိုတာ သိလိုက်ရ၏။

“ဒီပိတ်ရက်ကျ စိတ်ရောဂါအထူးကုဆရာဝန်နဲ့ သွားတွေ့ကြတာပေါ့” မုယောင်တစ်ယောက် အစီအစဥ်ချပြီး သူ့အခန်းဆီပြန်သွားလိုက်သည်။သူ၏မိုးပေါ်ထိတက်ကြွနေသောစိတ်အခြေအနေမှာ ငရဲထိပြန်ကျသွားပြီဖြစ်သည်။

>>>>>>>>
“မင်း ဒီနေ့ ဘာတွေလုပ်ခဲ့လဲ” ညစာစားနေတုန်း မုယွင်ဇီက ရုတ်တရက်မေးချလာသည်။

 

“….သူငယ်ချင်းနဲ့ကစားကွင်းသွားခဲ့တာ” မုယောင် မုယွင်ဇီကို အံ့ဩစွာဖြင့်ကြည့်လိုက်သည်။ဒီလူ ဘာဖြစ်နေလဲဆိုတာ သူမသိဘူး။ဒီလူ တကယ်ကြီး သူ့ညီလေးအကြောင်း ဂရုစိုက်တဲ့ အစ်ကိုကြီးလိုမျိုး သူသွားတဲ့နေရာတွေကိုတောင် မေးနေပြီ။

 

“မင်းရဲ့ချစ်သူကောင်လေးနဲ့လား” မုယွင်ဇီက ထပ်မေးလာ၏။

 

“ကျွန်တော့်မှာ ကောင်လေးမရှိပါဘူး။အတူသွားခဲ့တဲ့သူငယ်ချင်းက မိန်းကလေးပါ” ထိုဟာကို ဖြေပြီးနောက် မုယောင်သည် စားပွဲပေါ်က အချိုတည်းဖို့ထားထားတဲ့သစ်သီးကိုယူစားလိုက်သည်။မုယွင်ဇီကို အတန်ရှည်မပေးချင်ဘူး။

 

မုယွင်ဇီသည် သူလိုချင်တဲ့သတင်းအချက်အလက်ရပြီးတော့ နောက်ထပ်မေးခွန်းတွေ မမေးတော့ပေ။

မုယောင် အခန်းထဲပြန်ရောက်တော့ အတန်းဂရုထဲတွင် က  မက်ဆေ့ချ်တစ်စောင် ​ပို့ထား၏။

 

ဥပဒေမေဂျာနဲ့ဘဏ္ဍာရေးမေဂျာတို့ကဖွဲ့စည်းထားတဲ့ဘတ်စကတ်ဘောအသင်းက မနက်ဖြန်တွင် ဖိုင်နယ်ရောက်မှာဖြစ်သည်။ အတန်းမရှိတဲ့ကျောင်းသားတွေက သွားရောက်ကာ အားပေးနိုင်သည်။

မုယောင်သည် မနက်ဖြန် လုပ်စရာမရှိဘူးလို့တွေးမိ​သောကြောင့် သူလည်း သွားရောက်ဆင်နွှဲမည်ဟု ဆုံးဖြတ်လိုက်၏။

သူ မထင်ထားတာက လော့ယင်က ဘဏ္ဍာရေးမေဂျာ​ဘတ်စကတ်ဘောအသင်းတွင်ရှိနေလိမ့်မည်ဟုပင်။

Chapter 12 end.

ရက်စက်သောညီငယ်လေး

ရက်စက်သောညီငယ်လေး

Status: Completed Type: Author:

Warning!!!!

Harem ပါ။ gong အကုန်နဲ့ညားပါတယ်။ incest / r@pe tag ပါပါတယ်။ သွေးတစ်ဝက်နှောအစ်ကိုက gongတွေထဲမှာ ပါပါတယ်။

 

Description

 

မုယွင်ဇီသည် ဇာတ်လိုက်၏မောင်းမ​ဆောင်တွင်ရှိသော gong တစ်ယောက်ဖြစ်၏။ မုယောင်သည် သူ၏ သွေးတစ်ဝက်တော်စပ်မှုရှိသော ညီလေးဖြစ်ကာ ရက်စက်သော အမြှောက်စာဇာတ်ကောင်ပင်။ သူသည် ထိုဇာတ်လိုက်က သူ့အစ်ကိုရဲ့အချစ်ကို အမြဲတမ်း ရနေနိုင်ခြင်းကို မနာလိုဖြစ်ခဲ့သည်။သို့ပေမယ့် သူ့အစ်ကိုကတော့ သူ့(မုယောင်)ကို လျစ်လျူရှူခဲ့လေ၏။

 

ဒါကြောင့် မုယောင်ဟာ ဇာတ်လိုက်shouကို gang-rape လုပ်ခိုင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။ သို့ပေမယ့် ဇာတ်လိုက်shouကို သူ့ရဲ့gongက ကယ်တင်သွားမှာကို မလိုလားခဲ့ပေ။ နောက်ဆုံးမှာ grang-rape ခံခဲ့ရတဲ့သူက မုယောင်ဖြစ်လာတော့သည်။

 

(T/N- gang-rape... လူတွေအများကြီးဖြင့် မုဒိန်းကျင့်ခြင်း)

 

စိတ်အားငယ်စွာဖြင့် သူသည် သူ့၏ဘဝကို ရေထဲ ခုန်ချ၍ အဆုံးစီရင်ခဲ့၏။

 

သူ ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ ဇာတ်လိုက်shouနဲ့ သူ့ရဲ့gongတွေဆီကနေ အဝေးမှာနေဖို့ ပြင်ဆင်ခဲ့သည်။ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တစ်ယောက်ချင်းစီတွင် တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သူရှာတွေ့သွားခဲ့၏။

 

ဇာတ်လိုက်shouက မု​ယောင်နဲ့သူငယ်ချင်းလုပ်ဖို့ အမြဲတမ်းအတင်းတောင်းဆိုနေပေမယ့် မုယောင်ရဲ့နှုတ်ခမ်းတွေကိုတော့ တိတ်တခိုး စွဲစွဲလမ်းလမ်း နမ်းလေ့ရှိသည်။

 

မုယောင်အ​မြဲတမ်း တောင်းဆိုနေရတဲ့ အစ်ကိုဖြစ်သူကလည်း မုယောင်ကို စတင်ထိန်းချုပ်လာပြီး သူ့ကို အခြားယောင်္ကျားတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပေ။

 

နောက်ပြီးတော့ မုယောင်ကို gang-rape ခံရစေပြီး gang-rape ခံရခြင်း၏ အရသာကို ထိတွေ့စေရန် ရည်ရွယ်ခဲ့တဲ့ လူကတော့ မုယောင်ရှေ့တွင် မျက်နှာပေါ်ရှိ ညိုးငယ်ထိုင်းမှိုင်းနေသော အကြည့်ဖြင့် ရပ်နေခဲ့သည်။ထိုသူက မုယောင်ကို နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူတွေ ကြည့်သလိုမျိုး ကြည့်ကာ

"ကိုယ့်ကို ချစ်ပေးပါ" လို့ပြောလာ၏။

 

^^^^^^^^^^

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset