Chapter 11
မရိုးသားသောစုံစမ်းမှု
*****
ဖန်ကတော်နှင့် ယောင်ကတော်တို့ ထိုနေ့က ကျူးကျော်ဝင်ရောက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အခြားသူများ သိထားသည်မှာ သူတို့နှစ်ဦးကို ခြံဝင်းထဲမှ ခြေတစ်လှမ်းမျှမထွက်ရဘဲ သုံးလတိတိ အပြင်မထွက်ရအမိန့် ချမှတ်ခံရခြင်းဖြစ်သော်လည်း မသိကြသည်မှာ လစာ ခြောက်လစာ ဖြတ်ခံရခြင်းပင် ဖြစ်၏။
အစိုးရအရာရှိမိသားစုမှ မွေးဖွားလာသောဖန်ကတော်အတွက် ထိုငွေကြေးပမာဏက ဘာမှမဟုတ်သော်လည်း ယောင်ကတော်အတွက်တော့ သူမ၏အသက်သွေးကြောပင် ဖြစ်သည်။
သူမက ကုန်သည်တစ်ဦး၏သမီးဖြစ်ပြီး မူလက မိသားစုမှာ အတော်လေးချမ်းသာသဖြင့် လုမိသားစုနှင့် လက်ထပ်နိုင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် မိသားစုစီးပွားရေး ကျဆင်းသွားသဖြင့် သူမ၏မိသားစုက သူမကို မကူညီနိုင်သည့်အပြင် သူမကပင် အမြဲတမ်း ပြန်လည်ထောက်ပံ့နေရ၏။
ဤလစာလေး လျော့နည်းသွားခြင်းက သူမအတွက် ရေခန်းသွားသောစမ်းချောင်းလေးတစ်ခုလို ဖြစ်သွားပြီး ပိုက်ဆံအိတ်လေး ပိန်လှီသွားသည်။
မိသားစုဘက်မှလည်း ငွေတောင်းသည့်အခါ သူမမှာ အစေခံများကို ခိုင်း၍ မူလကတည်းက သိပ်မရှိလှသောလက်ဝတ်ရတနာများနှင့် အဝတ်အစားများကို တိတ်တဆိတ်ပေါင်နှံစေပြီး ရလာသောငွေအများစုကို မိသားစုထံ ပေးပို့လိုက်ရသည်။
သူမက အစေခံများယူလာသော ပေါင်နှံထားသည့်ဘောက်ချာများကို ကြည့်ကာ သက်ပြင်းချရင်း ထိုလက်ဝတ်ရတနာများကို ဘယ်တော့မှ ပြန်ရွေးနိုင်မည်နည်းဟု တွေးကာ အကြိမ်ကြိမ် ငိုကြွေးနေရတော့၏။
သူမက မိမိကိုယ်တိုင် စည်းကမ်းဖောက်ဖျက်ပြီး ဖန်ကတော်ကို တမင်သက်သက်သွားရောက် သွေးထိုးကာ “ဖောက်ပြန်နေတာကို သွားဖမ်းဖို့” အတူတူသွားခဲ့ခြင်းကိုတော့ အမှားဟု မမြင်ပေ။
ဘယ်က ရောက်လာမှန်းမသိသောအပျက်မလေးက စစ်သူကြီး၏စိတ်ကို မြှူဆွယ်သွားသည်ကိုသာ မုန်းတီးနေ၏။
လွန်ခဲ့သောဆယ်နှစ်ကျော်က စစ်သူကြီး စစ်တိုက်ရာမှ ပြန်လာပြီးကတည်းက သူမ၏အိပ်ခန်းတံခါးကို တစ်ခါမှမဝင်တော့ပေ။
အစပိုင်းတွင်တော့ စစ်သူကြီးခေါ်လာသော မိန်းမတစ်ယောက်ကြောင့်ဟု သူမထင်ခဲ့သေးသည်။
ထိုမိန်းမ အိမ်တော်ထဲ ရောက်လာချိန်တွင် ဗိုက်ထဲ၌ ကိုယ်ဝန် ရှိနေပြီဖြစ်သော်လည်း စစ်သူကြီးက သူမကို အဆိုးဆုံးခြံဝင်းထဲတွင် နေခိုင်းပြီး ကောင်းမွန်သောအစေခံတစ်ယောက်ကိုပင် မပေးဘဲ တမင်သက်သက်နှိပ်စက်ထားသည့်ပုံစံမျိုး ပြသထား၏။
ထို့အပြင် သူမ တိတ်တဆိတ် စုံစမ်းကြည့်ရာတွင်လည်း စစ်သူကြီးက သူမ၏အခန်းထဲသို့ တစ်ခါမှမဝင်ကြောင်း သိရသည်။
ဤသို့ဆိုလျှင် သူမက စစ်သူကြီး၏ခန္ဓာကိုယ်တွင် တစ်ခုခုချို့ယွင်းနေသလားဟု သံသယဝင်စရာ ဖြစ်လာ၏။
အိမ်တော်ထဲတွင် မိန်းမသုံးယောက် ရှိသော်လည်း သူက တစ်ယောက်ကိုမှ မထိပေ။
မွေးဖွားပြီးသောကလေးသုံးယောက်မှလွဲ၍ အိမ်တော်ထဲတွင် သွေးသားအသစ်တစ်ယောက်မှ ထပ်တိုးမလာခဲ့ပေ။
ထိုအချိန်က လုသခင်မကြီး သက်ရှိထင်ရှား ရှိနေသေးပြီး စစ်သူကြီးကို အပြင်မှာ လူရှိနေသလားဟု သွယ်ဝိုက်၍ မေးမြန်းခဲ့ကာ ရှိလျှင်လည်း အိမ်ပေါ်ခေါ်တင်ပြီး ကောင်းကောင်းပြုစုခိုင်းရန် ပြောသော်လည်း စစ်သူကြီးက စကားလမ်းကြောင်း လွှဲသွားခဲ့၏။
ဤထူးဆန်းသောကိစ္စကို ယောင်ကတော်က ဘယ်တော့မှ နားမလည်ခဲ့ပေ။
သို့သော် သူမက အိမ်တော်ထဲမှ အစေခံတစ်ယောက်နှင့် ငြိစွန်းသွားသဖြင့် စစ်သူကြီးလာမည်ကိုလည်း မမျှော်လင့်တော့ပေ။
သို့သော် လွန်ခဲ့သောကာလအနည်းငယ်က သူမ၏တိတ်တိတ်ပုန်းလင်ငယ်က စစ်သူကြီး၏ခြံဝင်းထဲမှ ချစ်တင်းနှီးနှောနေသည့်အသံများကို ကြားရသည်ဟု ပြောသဖြင့် သူမက ဖန်ကတော်ကို အလောတကြီးသွားရှာပြီး လူနှစ်ယောက်အတူတူ စစ်သူကြီးနေထိုင်ရာ နောက်ဖေးခြံဝင်းသို့ “ဖောက်ပြန်တာကို သွားဖမ်းဖို့” အလျင်အမြန်သွားခဲ့ကြ၏။
ထိုနေရာတွင် သူတို့က စစ်သူကြီးက လူတစ်ယောက်ကို အလွန်ရင်းနှီးစွာဖက်ထားသည်ကို တကယ်ပင် မြင်တွေ့ခဲ့ရပြီး အင်္ကျီများ ဖုံးကွယ်ထားသော်လည်း လူနှစ်ယောက်က ထိုကိစ္စကို လုပ်နေကြကြောင်း အလွယ်တကူသိနိုင်ကာ အလျှို့ဝှက်ဆုံးနေရာများပင် တွဲဆက်နေပြီး မခွာနိုင်သေးသည့်အနေအထား ဖြစ်နိုင်၏။
စစ်သူကြီး၏ဤမျှပြင်းထန်သော ဆဲဆိုကြိမ်းမောင်းမှုကို ဖန်ကတော်နှင့် ယောင်ကတော်တို့ နှစ်ယောက်စလုံး ပထမဆုံးအကြိမ် ခံရခြင်းဖြစ်ပြီး ကြီးလေးသောပြစ်ဒဏ်ကိုပါ ရရှိခဲ့သဖြင့် ယောင်ကတော်က ထို “အပျက်မလေး” ကို အလွန်မုန်းတီးသွားခဲ့၏။
ထို့အပြင် သူမက ထို “အပျက်မလေး” ၏အမည်ကို အကြမ်းဖျင်းသိနေပြီဟု ခံစားရပြီး သူမကို အံ့ဩသွားစေသော်လည်း မဖြစ်နိုင်စရာအကြောင်းတော့ မရှိပေ။
သုံးလတိတိ အပြင်မထွက်ရအမိန့် ပြည့်သွားသည်နှင့် ယောင်ကတော်က အစေခံများကို အခန်းနှင့် ခြံဝင်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ခိုင်းပြီး ကံဆိုးမှုများကို ဖယ်ရှားပစ်ရန်ဟု အကြောင်းပြကာ သူမကိုယ်တိုင်လည်း တစ်ကိုယ်လုံးရေချိုးပြီး နှစ်သစ်ကူးအချိန်တွင်မှ ဝတ်လေ့ရှိသောအင်္ကျီအသစ်တစ်ထည်ကို ဝတ်ဆင်ကာ ခြံဝင်းတစ်ခုပြီးတစ်ခု သွားရောက်ကြည့်ရှုတော့၏။
သူမက အစေခံမလေးကိုခေါ်ကာ လုကျန်းထင်နေထိုင်ရာ ခြံဝင်းရှေ့သို့ အမှတ်တမဲ့ရောက်ရှိသွားသလို ဟန်ဆောင်ပြီး ခြံတံခါးက အပျက်စီးဆုံးအနေအထားတွင် ရှိနေဆဲဖြစ်သည်ကို ကြည့်ကာ ရင်ထဲတွင် အနည်းငယ်သံသယ ဝင်သွားသည်။
တကယ်ပဲ အဲဒီလူလား… ငါများ အမြင်မှားတာလား…
သူမက ထိုလူ၏မျက်နှာကို သေချာမမြင်ခဲ့ရပေ။
ထိုလူက စစ်သူကြီး၏ရင်ခွင်ထဲတွင် အသေအချာဖုံးကွယ်ခံထားရသဖြင့် သူမမှာ အရာရာကို ဖောက်မြင်နိုင်သောမျက်လုံးမရှိရာ မည်သို့မြင်နိုင်မည်နည်း။
ဖုံးကွယ်ထားသောအင်္ကျီကိုသာ မြင်ပြီး ရင်းနှီးနေသည်ဟု ခံစားရခြင်းဖြစ်၏။
ထိုအဝတ်စ၊ ထိုအရောင်ကို လွန်ခဲ့သောနှစ်ကုန်ပိုင်းက သူမရွေးချယ်ပြီး ကျန်ခဲ့သောအထည်ဖြစ်ကြောင်း သူမအကြမ်းဖျင်းမှတ်မိနေပြီး ထိုအထည်က နောက်ဆုံးတွင် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
လုမိသားစုတွင် တရားဝင်သခင်က အနည်းငယ်သာရှိပြီး အဝတ်အစားနှင့် အသုံးအဆောင်အားလုံးကို ဖန်ကတော်က အရင်ရွေးချယ်ပြီးနောက် သူမက ရွေးချယ်ရကာ နောက်ဆုံးမှသာ လုကျန်းထင်ထံ ပေးရခြင်းဖြစ်ရာ လုကျန်းထင်က အကောင်းများကို ဘယ်တော့မှ မရခဲ့ပေ။
သူ့ကို ပြုစုနေသောထိုဦးလေးဆိုလျှင် ပိုဆိုးပြီး အမြဲတမ်းအကြမ်းထည်အဝတ်အစားများကိုသာ ဝတ်ဆင်ရကာ ကြည့်ရသည်မှာ အစေခံများထက်ပင် နိမ့်ကျနေသေး၏။
သို့သော် စစ်သူကြီးယူထားသော ထိုအင်္ကျီမှာ အကြမ်းထည်အဝတ်အစားတစ်ထည်ဖြစ်ပြီး ထိုအရောင်မျိုးက ဤနေရာမှလွဲ၍ အခြားမည်သူ့ထံတွင်မှ ရှိမည်မဟုတ်ပေ။
ယောင်ကတော်က ဤအကြောင်းကို တွေးမိပြီး စိတ်ကို တည်ငြိမ်အောင်ထိန်းကာ ခြံတံခါးကို လက်ဖြင့် ခေါက်လိုက်၏။
ချန်မင်က ထမင်းဟင်းချက်ပြုတ်နေစဉ် တံခါးခေါက်သံကြားလိုက်ရသဖြင့် အိမ်တော်ထိန်းဦးလေးကျိုးက ဟင်းသီးဟင်းရွက်များ လာပို့သည်ဟု ထင်ကာ အလျင်အမြန်လက်ကိုသုတ်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
ယောင်ကတော်ကို မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံးကြောင်အမ်းသွားပြီး အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်၏။
“ဒုတိယသခင်မ…”
တကယ်တော့ ယောင်ကတော်၏အဆင့်အတန်းအရ မယားငယ်ဟုသာ ခေါ်ဆိုရမည်ဖြစ်သော်လည်း သူမက အခြားသူများကို သူမအား သခင်မဟု ခေါ်စေချင်ပြီး ဖန်ကတော်ကိုလည်း တမင်သက်သက်ပေါင်းသင်းကာ ဖန်ကတော်က အရင်ခေါင်းညိတ်လိုက်သဖြင့် အစေခံများကလည်း ထိုအတိုင်း ခေါ်ကြခြင်းဖြစ်သည်။
လုဖေးဟွမ်က သူတို့ကို ဂရုမစိုက်သူဖြစ်ပြီး အရင်ကလည်း သူတို့ကို ထွက်သွားမလား၊ ဆက်နေမလားဟု မေးခဲ့ရာ သူတို့က ဆက်နေရန်ရွေးချယ်ခဲ့သဖြင့် ဆက်နေခွင့်ပြုထားခြင်းသာဖြစ်ပြီး အခြားကိစ္စများကို ဝင်မပါသလို ဤအမည်နာမများကိုလည်း ဂရုမစိုက်ပေ။
ယောင်ကတော်က ချိုသာသောအပြုံးတစ်ခုကို ပြသကာ အကြည့်များက သူ၏ကိုယ်ပေါ်တွင် တစ်ပတ်လှည့်ပတ် အကဲခတ်လိုက်၏။
သူက ပိန်ပါးပြီး အရပ်က မိမိထက် ခေါင်းတစ်ဝက်ခန့်သာ မြင့်ကာ အသားအရေက ဖြူဖွေး၏။ အမျိုးသားတစ်ယောက်ဖြစ်သော်လည်း အသားအရေက ကြည့်ရသည်မှာ နူးညံ့ချောမွေ့ကာ အနည်းငယ်မျှ ကြမ်းတမ်းမှုမရှိသည်ကို တွေ့လိုက်ရသည်။
သူ၏ကိုယ်ပေါ်ရှိအင်္ကျီများက အကြမ်းထည်များဖြစ်ပြီး ကြည့်ရသည်မှာ သက်တောင့်သက်သာမရှိပုံပေါ်သော်လည်း ထိုနေ့က အရောင်အသွေးနှင့်တော့ မတူပေ။
ဒီလိုလူက… တကယ်လို့ စစ်သူကြီးနဲ့သာဆိုရင်…
ယောင်ကတော်က စူးစမ်းနေသောအကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး အထဲသို့ ခြေလှမ်းဝင်လာကာ လမ်းလျှောက်ရင်း ခြံဝင်းထဲရှိအပြင်အဆင်များကို အကဲခတ်နေ၏။
“ဦးလေး… ကျွန်မက ပုံမှန်ဆို ဒီကို မလာဖြစ်ပါဘူး… ဒီနေ့ အမှတ်တမဲ့ ဒီနားရောက်လာလို့ ဝင်ကြည့်တာပါ… ဦးလေး စိတ်မဆိုးဘူး မဟုတ်လား…”
အမျိုးသမီးနှစ်ယောက်က ခြံဝင်းထဲဝင်လာပြီးမှ စိတ်ဆိုးသလား မဆိုးဘူးလားဟု မေးနေသဖြင့် ချန်မင်မှာ သဘာဝကျကျ စိတ်ဆိုး၍မရတော့ပေ။
သူက ပြုံးလိုက်၏။
“စိတ်မဆိုးပါဘူး… ဒုတိယသခင်မ အေးအေးဆေးဆေး ကြည့်ပါ…”
ယောင်ကတော်က ခြံဝင်းထဲတွင် တစ်ပတ်လျှောက်ကြည့်လိုက်သည်။
ဤခြံဝင်းက အလွန်သေးငယ်ပြီး ရေတွင်းတစ်တွင်းနှင့် ကျောက်ကြိတ်ဆုံတစ်ခုမှလွဲ၍ အခြားအပိုပစ္စည်းတစ်ခုမှ မရှိပေ။
“ဦးလေး နေတဲ့နေရာက အရမ်းကို ခြောက်ကပ်လွန်းပါတယ်… သခင်ကြီးကလည်း တကယ်ပါပဲ… အိမ်တော်ထဲမှာ အခန်းတွေ အများကြီးရှိတာကို… ဘယ်နေရာပဲပေးပေး ဒီထက်တော့ ကောင်းမှာပဲ… ဘာလို့များ ဒီလိုနေရာမျိုးကို သီးသန့်ပေးပြီး ဦးလေးကို နေခိုင်းရတာလဲ… ဒါတောင် ဒီလောက်နှစ်တွေ အများကြီး နေခဲ့ရသေးတယ်… အင်း… ဒါက ထင်အာရဲ့ အိပ်ခန်းလား…”
“ဟုတ်ပါတယ်…”
ယောင်ကတော်က မိန်းမသားဖြစ်သဖြင့် အမျိုးသား၏အခန်းထဲသို့ ဝင်ကြည့်ရန်မသင့်တော်ရာ ပြတင်းပေါက်နားတွင်သာ အမှတ်တမဲ့ဟန်ဆောင်ကာ ကြည့်လိုက်၏။
သူမက အလွန်သေးငယ်ကျဉ်းမြောင်းသော အခန်းတစ်ခန်းရှေ့သို့ ရောက်သွားပြီး နှုတ်ခမ်းကို စုပ်သပ်လိုက်သည်။
“ဒါက ဦးလေး နေတဲ့နေရာတော့ မဟုတ်ပါဘူးနော်…”
ချန်မင်က သူ ကျိုထားသောဟင်းချိုအိုးကို သတိရနေသဖြင့် “အင်း” ဟုသာ ပြန်ဖြေလိုက်၏။
ယောင်ကတော်၏အကြည့်များက အလွန်စူးရှပြီး လျင်မြန်လှသည်။
သူမက မြင်နိုင်သမျှထောင့်တိုင်းကို တစ်ခေါက်စီကြည့်လိုက်ရာ အထဲတွင် ကုတင်တစ်လုံးနှင့် အဝတ်ဗီရိုတစ်လုံးမှလွဲ၍ ဘာမှမရှိသလောက်ပင် ဖြစ်၏။
ယောင်ကတော်က ထိုအဝတ်ဗီရိုကို အတော်ကြာအောင် စိုက်ကြည့်နေသော်လည်း အပေါက်တစ်ပေါက်မျှပင် ဖောက်ကြည့်၍မရသဖြင့် ထိုနေ့က အင်္ကျီအရောင်မျိုး ရှိမရှိ ရှာဖွေ၍မရခဲ့ပေ။
သူမက ရယ်မောလိုက်သည်။
“ဒီထင်အာကတော့ တော်တော် နားလည်မှုမရှိတာပဲ… ဦးလေးက ဒီကို ရောက်လာတာ သူ့ကို ပြုစုဖို့လေ… သူက ကြီးတဲ့အိပ်ခန်းကို ဦးလေးကို ပေးအိပ်ဖို့ မသိဘူး… ဒါပေမယ့် ဦးလေး… ဒီလောက်သေးတဲ့ အခန်းလေးထဲမှာ ဒီလောက်ကြီးတဲ့ ကုတင်ကြီးထားတာကတော့ သိပ်မသင့်တော်ဘူး ထင်တယ်… ကျွန်မအထင်တော့ နည်းနည်းသေးတဲ့ကုတင် ပြောင်းလိုက်ရင် အခန်းလည်း ပိုကျယ်သွားပြီး ပစ္စည်းတွေလည်း ပိုထားလို့ရတာပေါ့… ဟုတ်တယ် မဟုတ်လား… ဘယ်လိုပဲဖြစ်ဖြစ် ဦးလေးတစ်ယောက်တည်း အိပ်တာပဲဟာကို… သေးတဲ့ကုတင်ဆိုလည်း လုံလောက်နေပြီလေ…”
ချန်မင်သည် ဤစကားကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ တစ်ချက်တုန်ခါသွားပြီး မဖြေရသေးခင်မှာပင် ယောင်ကတော်၏အကြည့်များနှင့် ဆုံမိသွားသည်။ သူမ၏မျက်နှာပေါ်တွင် ပြုံးရွှင်နေဆဲဖြစ်၏။
“ဒါပေမယ့် တကယ်လို့ လူနှစ်ယောက် အိပ်မယ်ဆိုရင်တော့… ဒီလောက်ကြီးတဲ့ ကုတင်ကြီးက တကယ်ကို လိုအပ်တာပေါ့…”
ချန်မင်တစ်ကိုယ်လုံး တုန်ခါသွားသည်။
သူက ဤကဲ့သို့သောအမျိုးသမီးမျိုးနှင့် တစ်ခါမှမရင်ဆိုင်ဖူးသဖြင့် မျက်နှာပေါ်ရှိအမူအရာများက အနည်းငယ်တောင့်တင်းနေ၏။
“ဘာ လူနှစ်ယောက်လဲ…”
ယောင်ကတော်က သူ၏မျက်နှာအမူအရာကို သေချာအကဲခတ်ကာ အတော်ကြာအောင် စိုက်ကြည့်ပြီးမှ ရယ်မောလိုက်သည်။
“ကျွန်မက ဒီအတိုင်း စကားစပ်လို့ ပြောလိုက်တာပါ… ဦးလေးက တကယ်တော့ အိမ်ထောင်ပြုရမယ့်အရွယ် ရောက်နေပြီပဲ… ကိုယ့်ဘာသာ ရှာလို့မရရင်လည်း… စစ်သူကြီးကို ကောင်းတဲ့မိန်းကလေးတစ်ယောက် ရှာပေးဖို့ ပြောလိုက်လေ… စစ်သူကြီးက သိတဲ့သူများတော့… ဦးလေးအတွက် သေချာပေါက် ကောင်းတဲ့မိန်းကလေးတစ်ယောက် ရှာပေးနိုင်မှာပါ… ဟုတ်တယ် မဟုတ်လား ဦးလေး…”
ချန်မင် မဖြေရသေးခင်မှာပင် လုကျန်းထင်နှင့် ကျောက်ကျင်းရှီးတို့က အတူတူ ပြန်ရောက်လာကြသည်။
သူက ဦးလေးနှင့် ယောင်ကတော်တို့ မျက်နှာချင်းဆိုင် ရပ်နေသည့်ပုံစံကို မြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်သွားပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။
“ဒီမှာ ဘာလုပ်နေတာလဲ…”
သူ၏လေသံတွင် မုန်းတီးမှုများအပြည့် ပါဝင်နေသဖြင့် ယောင်ကတော်က မျက်ခုံးပင့်ကာ အပြစ်တင်ရန် ပြင်လိုက်ချိန်တွင် ချန်မင်က တူဖြစ်သူကို မြင်လိုက်ရသဖြင့် စိတ်အေးသွားပြီး အရင်ပြောလိုက်သည်။
“ထင်အာ… ဒုတိယသခင်မကို တွေ့တာတောင် ဘာလို့ ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရတာလဲ… ဒုတိယသခင်မက အားနေလို့ ဒီအတိုင်းလာလည်ပြီး စကားလာပြောတာကို… မင်းက ဘယ်လိုလေသံမျိုး သုံးနေတာလဲ…”
သူက အရင်ဦးအောင် ပြောလိုက်သဖြင့် ယောင်ကတော်မှာ ဘာမှထပ်ပြော၍မရတော့ပေ။
လုကျန်းထင်၏ရင်ထဲတွင် မပျော်ရွှင်သော်လည်း မျက်နှာပေါ်တွင်တော့ ရိုသေလေးစားသည့်ပုံစံမျိုး ဟန်ဆောင်ကာ နှုတ်ဆက်လိုက်ရသည်။ ယောင်ကတော်က စကားနှစ်ခွန်းခန့် ပြန်ပြောပြီးနောက် အစေခံမလေးကို ခေါ်ကာ ထွက်ခွာသွားတော့၏။
ချန်မင်က သူမ၏ကျောပြင်ကို ကြည့်ပြီး အနည်းငယ်သက်ပြင်းချလိုက်သည်။
ကျောက်ကျင်းရှီးမှာ မျောက်တစ်ကောင်လို လူဖြစ်ပြီး လူတွေနှင့် ရင်းနှီးလွယ်ကာ သွက်လက်သူဖြစ်သည်။
လအနည်းငယ်အတွင်းမှာပင် လုကျန်းထင်နှင့် ညီအစ်ကိုလို ရင်းနှီးသွားခဲ့၏။
လုကျန်းထင်က အစပိုင်းတွင် သူ့ကို သိပ်မခေါ်သော်လည်း သူက အမြဲတမ်းတိုးကပ်လာသလို သူ၏ဖခင်ကလည်း မိမိကို သေချာသင်ကြားပေးနေသည့်အပြင် ကျောက်ကျင်းရှီးကလည်း ရိုးသားဖြူစင်သူတစ်ယောက်မှန်း သိလာသဖြင့် သူ့ကို ရင်းနှီးသွားခဲ့ခြင်းဖြစ်သည်။
ကျောက်ကျင်းရှီးမှာ မူလက ဖခင်နှင့် အတူထမင်းစားရသူဖြစ်သော်လည်း ဤနေရာတွင် တစ်ခါဝင်စားပြီးကတည်းက နေ့တိုင်းနီးပါး ကပ်စားနေတော့၏။
ချန်မင်ကလည်း သူ့ကို သဘောကျပြီး တူဖြစ်သူတွင် သူငယ်ချင်းရှိလာခြင်းက အလွန်ကောင်းမွန်သောကိစ္စဟု ထင်သဖြင့် လူငယ်နှစ်ယောက်အတွက် အရသာရှိသောအစားအစာများကို ပိုမိုချက်ပြုတ်ပေးလာခဲ့သည်။
ကျောက်ကျင်းရှီးက မွှေးကြိုင်သောအနံ့ကို ရလိုက်သဖြင့် နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်ပြီး မျက်လုံးပြူးသွားကာ ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်၏။
“ဦးလေး… ဘာဟင်းကောင်းတွေ ချက်ထားပြန်ပြီလဲ…”
သူက လုကျန်းထင်ခေါ်သလို လိုက်ခေါ်ရာ လုကျန်းထင်ထက်ပင် ပိုမိုသွက်လက်နေတော့သည်။ ဦးလေး၊ ဦးလေးနှင့် ခေါ်နေသည်ကို ကြားရသဖြင့် ချန်မင်၏ရင်ထဲတွင် နွေးထွေးသွားသည်။
ထိုအခါမှ သူက မိမိကျိုထားသောဟင်းချိုအိုးကို သတိရသွားပြီး အလျင်အမြန် မီးဖိုချောင်ထဲသို့ ဝင်သွား၏။
“ဦးလေး ဝက်ခြေထောက်နဲ့ ပဲဝါလေးဟင်းချို ကျိုထားတယ်… ရှီးအာ… ခဏနေရင် များများစားနော်…”
ကျောက်ကျင်းရှီးက အလျင်အမြန်ခေါင်းညိတ်ပြလိုက်ပြီး မီးဖိုဘေးတွင်ကပ်ကာ သွားရည်ကျတော့မည့်ပုံစံမျိုး ဖြစ်နေသဖြင့် ချန်မင်က မူလက အရသာမြည်းကြည့်ရန် ပြင်ထားသည့် အသားတစ်တုံးကိုညှပ်ကာ အပူငွေ့များ လွင့်သွားအောင် မှုတ်ပေးပြီး သူ၏ပါးစပ်နားသို့ တိုးပေးလိုက်သည်။
“မင်း အရသာမြည်းကြည့်လိုက်… အဆင်ပြေလားလို့…”
“အင်း… အရမ်းစားလို့ ကောင်းတယ်…”
ကျောက်ကျင်းရှီးက မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားသည်အထိ စားနေသည်ကို လုကျန်းထင်က ကြည့်ပြီး သဝန်တိုသွားကာ မျက်နှာထားတင်းတင်းဖြင့် တိုးကပ်လာ၏။
“ဦးလေး… ကျွန်တော်လည်း စားမယ်…”
သူက ဖခင်နှင့် ဦးလေးတို့၏ချစ်တင်းနှီးနှောသည့်ကိစ္စကို မြင်ပြီးကတည်းက ရုတ်တရက် အများကြီး ကြီးပြင်းသွားသလို ဖြစ်သွားပြီး ဦးလေးကို တစ်ခါမှ ထပ်မချွဲတော့ပေ။
ချန်မင်က အစပိုင်းတွင် အသားမကျသော်လည်း တဖြည်းဖြည်းနှင့် ကလေးကြီးလာပြီမို့ ရှက်တတ်လာပြီဟုသာ ထင်ကာ စိတ်ထဲမထားတော့ပေ။
ယခု သူ ဤကဲ့သို့ပြောလာသည်ကို ကြားလိုက်ရသောအခါ ချွဲနွဲ့သောလေသံမဟုတ်သော်လည်း ချွဲနွဲ့သည့်လုပ်ရပ်မျိုး ဖြစ်နေသဖြင့် အနည်းငယ်အံ့ဩသွား၏။
သို့သော် သူက လျင်မြန်စွာပြုံးလိုက်ပြီး ပိုကြီးသောအသားတစ်တုံးကိုညှပ်ကာ အပူငွေ့များ လွင့်သွားအောင် မှုတ်ပေးပြီး သူ၏ပါးစပ်နားသို့ တိုးပေးလိုက်သည်။
“ထင်အာ… မင်းလည်း မြည်းကြည့်ဦး…”
ကျောက်ကျင်းရှီးက ကြည့်ပြီး မကျေနပ်ပေ။
“ဦးလေးက မျက်နှာလိုက်တယ်… သူ့ကို ခွံ့ပေးတဲ့အသားက အရမ်းကြီးတယ်…”
ချန်မင်က ရယ်မောလိုက်၏။
“ဦးလေး မျက်နှာမလိုက်ပါဘူး… မင်းတို့ အရင် လက်သွားဆေးပြီး စောင့်နေ… မကြာခင် ထမင်းစားရတော့မယ်… ခဏနေရင် မင်း ဘယ်လောက်ကြီးတဲ့ အသားတုံးစားချင်စားချင် စားလို့ ရတယ်…”
ကျောက်ကျင်းရှီးက ပြုံးရွှင်စွာဖြင့် လျှာထုတ်ပြလိုက်ပြီး လက်သွားဆေးလိုက်သည်။
လုကျန်းထင်က မထွက်သွားသေးဘဲ ပါးစပ်ထဲမှအသားကို ဖြည်းဖြည်းချင်း မြိုချပြီးမှ တိုးတိုးလေးမေးလိုက်၏။
“သူ ဘာလာလုပ်တာလဲ…”
သူက “ဖောက်ပြန်တာကို သွားဖမ်းတဲ့” ကိစ္စကို သိထားပြီးဖြစ်ရာ အဓိကပါဝင်သူတစ်ယောက်က ဦးလေးဖြစ်မည်ကို အကြမ်းဖျင်းသိထားသော်လည်း ထိုအမျိုးသမီးနှစ်ယောက်က ဦးလေး၏မျက်နှာကို မြင်ခဲ့ရမည် မဟုတ်ပေ။
မဟုတ်လျှင် စောစောကတည်းက ပြဿနာရှာနေလောက်ပြီဖြစ်၏။
ချန်မင် အနည်းငယ်ကြောင်အမ်းသွားပြီး လျင်မြန်စွာ အပြုံးတစ်ခု ပြသလိုက်သည်။
“ဘာမှမဟုတ်ပါဘူး… အားနေလို့ ဒီအတိုင်း လာလည်တာပါ…”
လုကျန်းထင်က အနည်းငယ်သံသယ ဝင်နေ၏။
“သူက နားထောင်လို့မကောင်းတဲ့စကားတွေ မပြောဘူးလား…”
ချန်မင်က ခေါင်းခါပြလိုက်ပြီး သူ၏အကြည့်များကို ရှောင်လွှဲကာ ဟင်းခပ်နေရင်း ပြောလိုက်သည်။
“သူက ဦးလေးကို ဘာလို့ နားထောင်လို့မကောင်းတဲ့စကားတွေ ပြောရမှာလဲ… ထင်အာ… မင်းက အခု ပညာရေးကို အဓိက အာရုံထားရမယ့်အရွယ်ဆိုတော့… ဒီလိုကိစ္စတွေကို သိပ်ပြီးစူးစမ်းမနေနဲ့… ယောကျာ်းလေးတွေက တိုင်းပြည်အတွက် စဉ်းစားရမယ်…”
လုကျန်းထင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူ၏ဩဇာကြီးမားသောဖခင်ကို သတိရလိုက်သည်။
ဖခင်က အဲဒီလောက်စစ်တွေတိုက်ခဲ့ပြီး အဲဒီလောက်ကြီးမားတဲ့ ရာထူးနေရာရထားတာတောင်… ယောက်ဖဖြစ်သူကို ရင်ခွင်ထဲမှာ ဖက်ထားသေးတာပဲ… အဲဒါဆို သူကရော ဘာလို့ မဖြစ်ရမှာလဲ။
ချန်မင်က သဘာဝကျကျ လုကျန်းထင်၏စိတ်ကူးများကို မသိသော်လည်း သူ၏စိတ်ကူးများကတော့ စောစောကအကြောင်းအရာများဆီသို့ ပြန်ရောက်သွားခဲ့သည်။
ယောင်ကတော် ဤနေရာသို့လာခြင်းက ရည်ရွယ်ချက်ရှိသည့်ပုံပေါ်နေပြီး ပြောသွားသောစကားများကလည်း စကားအဓိပ္ပာယ်များ ပါဝင်နေရာ တကယ်ပဲ သူမှန်း သိသွားပြီလား။
တကယ်လို့ လူသိသွားရင်… ဘယ်လိုလုပ်မလဲ။
ချန်မင်က သွားကို တင်းတင်းကြိတ်လိုက်သည်။
သူ၏ရင်အုံက တင်းမာနာကျင်နေပြီး အောက်ဆုံးအလွှာရှိအဝတ်စက စောစောကတည်းက စိုရွှဲနေပြီဖြစ်ရာ သူသာ အဝတ်များများဝတ်မထားလျှင် တစ်စုံတစ်ယောက် အနားသို့တိုးလာသည်နှင့် သူ၏ကိုယ်ပေါ်မှနို့နံ့ကို ရသွားနိုင်ချေရှိ၏။
ချန်မင်က မိမိကိုယ်ကို နို့ရည်ပန်းထွက်သော “မိစ္ဆာကောင်” အဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း တွေးမိပြီး ရင်ထဲတွင် အနည်းငယ်တွေဝေမှုနှင့် ရှက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့သည်။
Chapter 11 ended