⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 44

Little Creampie:
Chapter 44

အဝတ်လဲခန်းအတွင်းမှ တိုက်ခိုက်သံများသည် လူစုလူဝေးကို ဆွဲဆောင်လာခဲ့၏။ မန်နေဂျာ၏မျက်နှာဖြူဖျော့သွားပြီး သူ့နောက်တွင် အခြားဝန်ထမ်းအုပ်စုကြီးက ချောင်းကြည့်လာကြသည်။ အားလုံးသည် အဝတ်လဲခန်းတံခါးဝတွင် စုရုံးနေကြပြီး စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေကြသည်။

ကျင်းလော့နှင့် ကျင်းယွီတို့သည် တံခါးဝရှိ ပင်မလမ်းကြောင်းရှေ့တွင် နှစ်မီတာအကွာဖြင့် ရပ်နေကြသည်။

ကျင်းယွီသည် ပါးစပ်ထဲမှသွေးကို အကြမ်းတမ်းစွာ ထွေးထုတ်ပစ်လိုက်၏။ ကျင်းလော့၏ အေးစက်ဖျော့တော့နေသော မျက်နှာတွင် ဒဏ်ရာမည်းများရှိနေသည်။ အထူးသဖြင့် ခါး၊ ဝမ်းဗိုက်နှင့် ခြေသလုံးတို့တွင် အညိုအမည်းစွဲနေမည်မှာ သေချာပေါက်ပင်။

မိုးကောင်းကင်တစ်ခုလုံး မီးခိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသည်။ မကြာသေးခင်က မိုးရာသီဝင်ရောက်လာခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေကာ ကောင်းကင်တစ်ခုလုံးကို မည်းနက်လေးလံသော တိမ်တိုက်များက ဖုံးအုပ်ထားသည်။

ကျင်းယွီသည် ယခုမှသာ သူ၏အားနည်းနေတတ်သော ညီငယ်လေးဟာ မည်သည့်အချိန်က စတင်ပြောင်းလဲသွားခဲ့မှန်း မသိလိုက်ဘဲ အေးစက်ကြမ်းတမ်းသော လူတစ်ဦးအဖြစ် ပြောင်းလဲသွားပြီဆိုတာကို သတိထားမိလာသည်။ ပိုက်ဆံမရသည့်အပြင်၊ သူ့အတွင်းမှာ တစ်ခုခုဆုံးရှုံးသွားသလို နာကျင်စွာ စူးဝင်နေသော ခံစားချက်တစ်မျိုးလည်း ရှိနေသည်

ညီအစ်ကိုမောင်နှမသုံးဦးလုံးက ဒီ “ညီငယ်လေး”ကို အလွန်အမင်း မုန်းတီးကြပြီး တတိယအစ်ကိုဖြစ်သူ ကျင်းယွီနှင့် အကြီးဆုံးအစ်ကိုဖြစ်သူ ကျင်းဟောင်ဖေးတို့က သူ့ကို ကပ်ဘေးတစ်ခုလို မြင်ထားကြသည်။

ဒါပေမယ့် ဒီအခိုက်အတန့်မှာတော့ အရင်က သူ့စကားကို အမြဲနားထောင်နေခဲ့တဲ့ ‘ညီငယ်လေး’က ရုတ်တရက် ပုန်ကန်ထကြွသွားခဲ့၏။

ဒီအချိန်မှာ ကျင်းယွီရဲ့ ရင်ထဲမှာ မထင်မှတ်ဘဲ ချွန်ထက်သောအပ်တစ်ချောင်းနဲ့ ထိုးဖောက်ခံရသလို နာကျင်မှုတစ်ခု ခံစားနေရသည်။

တကယ်တော့… ခွေးတစ်ကောင်ကိုတောင် နှစ်အနည်းငယ်မွေးထားရင် စိတ်ထဲမှာ တွယ်တာမှုဖြစ်လာတတ်တာပဲ၊ ဒီတစ်ချိန်တည်းမှာပဲ သွေးချင်းတစ်ဝက်ဖြစ်နေတဲ့ လူသားတစ်ယောက်ဆိုရင် ဘယ်လိုလုပ်မတွယ်တာနိုင်မှာလဲ?

ကျင်းယွီ၏ ရင်ထဲမှာ မထင်မှတ်ဘဲ စူးဝင်လာတဲ့ နာကျင်မှုကို ခံစားမိလိုက်တာနဲ့ သူကိုယ်တိုင်ကိုပဲ ရွံရှာစိတ်ဖြစ်လာခဲ့သည်။

ဟက်… သူကိုယ်တိုင်တောင် ရှုပ်ထွေးသွားခဲ့ပြီ။ ဒီကပ်ဘေးလိုလူမျိုးအတွက် ဘာလို့ စိတ်မကောင်းဖြစ်ရမှာလဲ?

လခွမ်းကွာ!

ကျင်းယွီက သူ့မျက်နှာကို လက်ဖြင့်ပွတ်သပ်ရင်း၊ ပါးစပ်ထဲမှာ သွေးအရသာနှင့် ငန်နေဆဲဖြစ်သည်။ ခုနကတိုက်ပွဲကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မသက်မသာဖြစ်နေသည်။

နက်မှောင်နေသည့်မျက်နှာအမူရာဖြင့် ကျင်းယွီက ခေါင်းလှည့်လိုက်ပြီး ပါးစပ်ထဲက သွေးတစ်မျိုးကို အာခေါင်ခြစ်ထုတ်ပစ်လိုက်ကာ ကြာမြင့်စွာမတွေ့ရတဲ့ သူ့ညီငယ်ကို ကြည့်လိုက်သည်။

ပိန်လှီနေတဲ့ လူငယ်လေးက မိုးရေခံတဲ့အိမ်မိုးအောက်မှာ လက်နှစ်ဖက်ကို ရစ်ပတ်ထားပြီး ရပ်နေသည်။ တစ်ဖက်လက်မောင်းက အခြားတစ်ဖက်ကို ပွေ့ဖက်ထားပြီး၊ သူ့မျက်နှာဘေးတစ်ဖက်စီမှာ အနက်ရောင်ဆံပင်တွေ ကျနေ၏။ ယပ်တောင်ဖျားလို အနည်းငယ်ကျနေတဲ့ မျက်တောင်တွေရဲ့ အရိပ်က သူ့မျက်နှာပေါ်မှာ ဆိတ်ငြိမ်နေတဲ့အရိပ်တစ်ခုကို ဖြစ်နေစေသည်။

သူ၏ ဖြူစင်ချောမွေ့သော မျက်နှာသည် အရိပ်အောက်တွင် ဖုံးကွယ်နေသည်။ သူ၏ အသားအရေသည် အလွန်ချောမွေ့ဖြူစင်လွန်းသဖြင့် မှောင်မည်းနေသော မိုးတိမ်များအောက်တွင် လင်းထိန်နေသကဲ့သို့ ဖြစ်နေပြီး၊ ဤကျဉ်းမြောင်းသော နေရာနှင့်လုံးဝမလိုက်ဖက်နိုင်အောင် ထူးခြားနေသည်။

ကျင်းလော့၏ မျက်နှာအမူအရာသည် အခြားညီအစ်ကိုသုံးဦးနှင့် လုံးဝကွဲပြားပြီး ပို၍နုပျိုလှပကာ ပို၍ချောမွေ့သည်။

သူတို့ အဒေါ်သည် သူတို့ အမေထက် ပို၍လှပပြီး၊ ကျင်းလော့သည် ထိုအလှတရားကို အလုံးစုံဆက်ခံထား၏။ အယ်လ်ဖာဖခင်၏ မြင့်မားသောနှာတံ၊ အဒေါ်၏ အေးမြဖြူစင်သော အသားအရေ၊ သေးငယ်သောမျက်နှာနှင့် မျက်နှာအမူအရာ…

ကံကောင်းစွာပင်၊ ကျင်းလော့သည် သူ၏ညီအစ်ကိုသုံးဦးနှင့် မတူဘဲ မိဘများ၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်အားလုံးကို ဆက်ခံထား၏။

သူ၏ မျက်နှာအမူအရာသည် အေးဆေးတည်ငြိမ်ပြီး လှပသည်၊ အသားအရေသည်ဖြူစင်ကာ အထူးသဖြင့် ထိုပျံလွှားငှက်ကဲ့သို့ လှပသော မျက်လုံးများ။ အင်တာနက်ပေါ်က နာမည်ကြီး သရုပ်ဆောင်များ၏ ဓာတ်ပုံများနှင့်တောင် နှိုင်းယှဉ်လောက်အောင် လှပသည်။ လူအုပ်ကြီးထဲတွင် တစ်ချက်ကြည့်လိုက်သည်နှင့် မျက်စိကျစရာ ထူးခြားသော အသွင်အပြင်ရှိ၏။

သူတို့မိသားစုနဲ့ လုံးဝမတူတဲ့ ကမ္ဘာကလူလိုပင်။

အိမ်က ညစ်ပတ်ပြီး ရှုပ်ပွနေတာချည်းပဲ၊ ဘာလို့ သူတစ်ယောက်တည်းကသာ သန့်ရှင်းအောင် ထားနိုင်တာလဲ?

သူ့ရဲ့ ထူးခြားလှပသည့် အသွင်အပြင်က သူတို့ကို အဆက်မပြတ် သတိပေးနေသလိုပင် – ဒီကလေးက သူတို့နဲ့ လုံးဝမတူဘူး။

ကျင်းလော့ ငယ်ငယ်တုန်းကတည်းက နို့ဖြူမုန့်လုံးလေးလို ချစ်စရာကောင်းနေပြီး၊ ရေခဲထဲက ထွင်းထုထားတဲ့ နှင်းပန်းတစ်ပွင့်လို့ ပြောလို့ရတဲ့အထိ လှပခဲ့သူပင်။

ကျင်းယွီက ကျင်းလော့ထက် တစ်နှစ်သာ ကြီးပေမယ့်၊ ကျင်းလော့မှာပဲ အရာအားလုံးကောင်းတဲ့ ဗီဇပါနေသလိုပင်။ သူ့ရဲ့ ချောမောလှပသည့် အသွင်အပြင်က အမြဲလူတွေရဲ့ အာရုံကို ဆွဲဆောင်နေတော့၊ ကျင်းယွီကတော့ ဟင်္သာနဲ့အတူရှိနေတဲ့ ဘဲရုပ်ဆိုးလေးလို ဖြစ်နေရသည်။

ဘာလို့လဲ?

ဘာလို့ ကျင်းလော့က တက္ကသိုလ်ကောင်းကောင်းတက်နိုင်ပြီး၊ သူကတော့ အဲဒီလို အဆင့်မြင့်မြင့် မတတ်နိုင်တာလဲ?

ဘာလို့လဲ?

ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲ!?

ဒီလိုဖြစ်လာတာနဲ့အမျှ ကျင်းယွီရဲ့ ဒေါသဟာ ပိုပြီးတဖွားဖွားတက်လာခဲ့သည်။ သူ ပိုပြီးဖိနှိပ်ချင်လာသည်။ ကျင်းလော့က သူတို့ညီအစ်ကိုသုံးဦးက သူ့ကိုသတိထားမိမယ်လို့ မျှော်လင့်နေတာလား? ဒီလိုဖြစ်လာတာနဲ့အမျှ သူက ဒါတွေအားလုံးကို ချေမှုန်းပစ်ချင်စိတ် ပိုပြင်းထန်လာသည်!

ကျင်းလော့ ဒီအကြည့်မျိုးကြည့်တဲ့အခါတိုင်း သူ့ကို အစိတ်စိတ်အမွှာမွှာ ချေမှုန်းပစ်မှသာ သူ့ရင်ထဲက မကောင်းမြင်စိတ်နဲ့ ဖိညှစ်ခံထားရတဲ့ ကပ်ပါးနာကျင်မှုတွေ ပြည့်သွားမှာပင်။

အားလုံးက ဒီတိုင်းပဲ ဆက်ဖြစ်နေမယ်ထင်ခဲ့တာ

ဒါပေမယ့် ရုတ်တရက် ကျင်းယွီ သတိထားမိလိုက်တာက သူ့ရဲ့ ‘ညီလေး’ဟာ ဒီအိမ်ကနေ အတောင်စုံပြီး ထွက်သွားတော့မည့်ပုံပင်။

ဒီအခိုက်အတန့်မှာ ပေါ်ထွက်လာတဲ့ စိတ်ခံစားမှုများနှင့် လေးလံနေသည့် ရင်ထဲပြည့်ကျပ်နေခြင်းက ဘာတွေလဲဆိုတာ ကျင်းယွီ နားမလည်ခဲ့ပေ။ သူက သူ့အိတ်ထဲကနေ အရည်အသွေးညံ့သည့် စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး တုန်နေတဲ့လက်တွေနဲ့ စီးကရက်အားခါကာ မီးညှိလိုက်သည်။

ကျင်းလော့၏ မျက်နှာအမူအရာများသည် အမှောင်ထုထဲတွင် နစ်မြုပ်နေသည်။ မှောင်မိုက်နေသောကောင်းကင်တွင် မပီကလာပီကလာ မိုးကြိုးသံတစ်ချက်ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို မိုးစက်ပေါင်းမြောက်မြားစွာ ရွာချလာသည်။ မိုးဖွဲဖွဲသည် လမ်းမပေါ်တွင် မှုန်ဝါးနေသော အရောင်တစ်မျိုးကို ဖြစ်ပေါ်စေ၏။ မိုးစက်များ မြေပြင်ပေါ်ကျရောက်သံသည် သူ၏နားထဲတွင် ကြားနေရသည်။

မိုးရေများသည် အတွင်းဘက်သို့ စက်ဝန်းများဖြင့် ပြန်လည်ကူးစက်လာ၏။ ကျင်းယွီသည် သူ၏ဒေါသကို အောင့်ထားပြီး ရုတ်တရက် လှပသန့်ရှင်းသည့် လက်တစ်စုံ ဆန့်ထုတ်လာခြင်းကိုမြင်လိုက်ရသည်။

ကျင်းယွီသည် မျက်လုံးများကို ကျဉ်းမြောင်းစွာကြည့်ကာ ထိုဖြူစင်သောလက်ပေါ်သို့ အာရုံစိုက်မိပြီး လက်ရှင်၏ပိုင်ရှင်ကို မြင်လိုက်ရ၏။

ကျင်းလော့၏ ပျံလွှားငှက်ကဲ့သို့လှပသော မျက်လုံးများသည် သူ့ဘက်သို့ မကြည့်ဘဲ- “စီးကရက်တစ်လိပ် ပေး” ဟု ပြောလာသည်။

ကျင်းယွီက တုန့်ပြန်ခြင်းမရှိ။ ကြာမြင့်စွာကြာပြီးနောက် သူသည် လှောင်ပြောင်ကာ ကျင်းလော့၏လက်ထဲသို့ စီးကရက်တစ်လိပ်ကို ပစ်ပေးလိုက်သည်။

တစ်ဘူးကို ခုနှစ်ကျပ်သာပေးရသော စီးကရက်၏ အရသာသည် သေချာပေါက် မကောင်းပေ။

ကျင်းယွီက လှောင်ပြောင်ပြောသည် “မင်းက အရင်က ဆေးလိပ်မသောက်၊ အရက်မသောက်တဲ့သူပဲမဟုတ်လား? ဘာဖြစ်လို့လဲ? အခုတော့ ငါတို့လိုပဲ ညစ်ပတ်နေတဲ့မြေကြီးပေါ်မှာ ပုပ်ပွနေပြီလား?”

ကျင်းလော့သည် ကျင်းယွီ၏ မီးခြစ်ကို ယူလိုက်ပြီး ချို့တဲ့သည့်စီးကရက်အား သူ၏လက်ချောင်းများဖြင့် မီးညှိလိုက်ကာ ပြန်ပစ်လိုက်သည်။

သူတစ်ချက်ရှူသွင်းလိုက်သည်။ သူ၏ ဆေးလိပ်သောက်ပုံမှာ မကျွမ်းကျင်သလို နှေးကွေးနေ၏။ ကျင်းလော့သည် အေးစက်နေသည့်မျက်နှာဖြင့် အပြင်ဘက်တွင် ဆက်တိုက်ရွာနေသော မိုးကို ကြည့်နေသည်။

သူသည် နက်ရှိုင်းစွာ ရှူရှိုက်လိုက်ပြီး လည်ချောင်းထဲတွင် စပ်ဖျဉ်းဖျဉ်း အရသာကို ခံစားရသော်လည်း ကျင်းလော့သည် ကျင်းယွီအား တုံ့ပြန်ခြင်းမရှိဘဲ ဆက်လက်ရွာနေသော မိုးကိုသာ ကြည့်နေသည်။

ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့၏။

ကျင်းလော့သည် စီးကရက်ကို လက်ထဲတွင် ကိုင်ထားလျက် “ဒါဆို ဒါတွေအားလုံး ငါ့အမှားပဲ” ဟု ပြောလိုက်သည်။

သူတို့နှစ်ဦးစလုံး ဒီစကား၏ အဓိပ္ပါယ်ကို နားလည်နေသည်။ တစ်ခဏမျှတိတ်ဆိတ်သွားပြီး မိုးရွာနေသံသာ ကြားနေရသည်၊ သည်းသည်းမည်းမည်းနှင့် ဝေးကွာလွန်းသော အသံ။

ကျင်းယွီသည် ထူးဆန်းစွာ ရယ်မောလိုက်ပြီး သူ၏စူးရှသောအသံက နားကို စူးစိုက်သွားစေသည် “နောက်ဘာရှိဦးမှာလဲ?”

ကျင်းယွီသည် ကျင်းလော့ကို မျက်စောင်းထိုးကြည့်နေသည်၊ သူ၏မျက်လုံးများသည် အပ်လိုစူးရှနေ၏ “ဒါဆို၊ မင်းကနေစရာနေရာ ဆုံးရှုံးပြီး အိမ်မဲ့ခွေးတစ်ကောင်ဖြစ်သွားလို့ အခုငါ့ကိုပါ ကိုက်နေတာလား?”

“ဟား! ဟားဟား” ကျင်းယွီသည် ရုတ်တရက် ပျော်ရွှင်စွာဖြင့် အသံကျယ်ကျယ်ရယ်မောလိုက်သည် “ဒါဆို မင်းအခန်းကို အခြားတစ်ယောက်က သိမ်းယူလိုက်လို့ မင်းကမတရားခံစားနေရတယ်ပေါ့? ဟားဟားဟား!”

ကျင်းယွီသည် သွေးနံ့ကို ရှူမိသော တောရိုင်းခွေးတစ်ကောင်လို အခွင့်အရေးကို ချက်ချင်းအသုံးချလိုက်သည် “ကျင်းလော့ရာ၊ ကျင်းလော့၊ ငါတွေးနေတာ ဒီနေ့ မင်းဘာလို့ ဒီလိုပုံမှန်မဟုတ်တာလဲဆိုတာကို။ အဖြေက မင်းမှာမတရားခံစားနေရလို့ပါလား။”

ကျင်းလော့နှင့် လုံးဝမတူသော ကျင်းယွီ၏ အနည်းငယ် လုံးဝန်းသောမျက်နှာသည် မျက်ခုံးမို့မို့ကလေးများကို ပင့်တင်လိုက်ပြီး၊ အနည်းငယ် အောက်ကျနောက်ကျဖြစ်သည့် အရိပ်အမြွက်ဖြင့် စနောက်လိုက်သည်- “ကောင်းပြီ! ငါက အဲဒီအိုမီဂါကို မောင်းထုတ်ပြီးပြီ၊ မင်းဒီလောက်နဲ့ ဟန်ဆောင်နေတာကို ရပ်နိုင်မလား?”

မိုးသည် ပိုသည်းလာသလိုရှိ၏။

ကျင်းလော့သည် ပါးစပ်ထဲက စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး အနံ့ဆိုးနေသော စီးကရက်ကို နှစ်ချက်ထပ်ရှူလိုက်သည်။ ဒါဟာ သူ့အရသာနှင့် လုံးဝမကိုက်ညီပေ၊ ဒါကြောင့် လမ်းဘေးရှိ အမှိုက်ပုံးထဲကို စီးကရက်ကို ပစ်ချလိုက်သည်။

ဤအရာအားလုံးပြီးဆုံးသွားသောအခါ၊ ကျင်းလော့သည် ကျင်းယွီဘက်သို့ လှည့်ကာ အေးဆေးစွာပြောလိုက်၏ “ဟုတ်တယ်၊ ငါဟန်ဆောင်နေတာ”

“ငါဟန်ဆောင်နေလို့၊ မင်းက ငါ့အခန်းကို တခြားသူတွေကို ပေးလိုက်တယ်။ ငါဟန်ဆောင်နေလို့၊ ငါအလုပ်သွားတိုင်း လူတွေက ဒုက္ခပေးဖို့လာကြတယ်!”

ကျင်းလော့သည် ရုတ်တရက် တစ်လှမ်းရှေ့တိုးလာပြီး လက်ဖြင့် ကျင်းယွီကို အပြင်းအထန်တွန်းလိုက်သည်။

ကျင်းယွီသည် ဟန်ချက်ပျက်ကာ လမ်းဘေးရှိ ရေအိုင်ထဲသို့ ထိုင်ကျသွား၏။ သူငေးကြည့်လိုက်ရာ ကျင်းလော့သည်လည်း မိုးထဲတွင် ရပ်နေပြီး တကိုယ်လုံးစိုရွှဲ‌နေသည်။ မိုးရေများသည် သူ၏ မေးစေ့မှ စီးဆင်းကျလျက်၊ သူ၏ အနက်ရောင် ဆံပင်များလည်း ရေစိုနေသည်။

ကျင်းလော့သည် သူ့ကို ဘာမှမမြင်ရလောက်အောင် နက်မှောင်နေသော မျက်လုံးများဖြင့် နောက်ဆုံးအကြိမ် အနက်ရှိုင်းဆုံး ကြည့်လိုက်ပြီးနောက်၊ လှည့်ထွက်သွားလိုက်သည်။

ကျင်းယွီသည် တစ်ခဏတာ တွေဝေသွားပြီး၊ လမ်းကို လက်ဖြင့် အပြင်းအထန် ရိုက်လိုက်သည်- “ကျင်းလော့မင်း ငါလိုး!”

သူအော်လိုက်သည် “ငယ်ငယ်ထဲက ငါ့အကြွင်းအကျန်တွေစားပြီး ငါ‌ပဲ မွေးခဲ့ရတာကို!” (ဒီကောင်ပြောတာက ခွေးမွေးသလို မွေးတာကိုပြောတာပါ)

သူ့စကားကို တုံ့ပြန်သည်မှာ ကျင်းလော့၏  ဝေးရာသို့ လှမ်းသွားနေသည့်ကျောပြင်လေးသာ။

Chapter 44 ended

AကနေOဖြစ်ပြီးနောက် ငါ့ပြိုင်ဘက်ရဲ့လရောင်ဖြူလေးဖြစ်လာတယ်

AကနေOဖြစ်ပြီးနောက် ငါ့ပြိုင်ဘက်ရဲ့လရောင်ဖြူလေးဖြစ်လာတယ်

Status: Completed Type:
Description ကျောင်းလူဆိုးအဖြစ် ကျော်ကြားသည့် ကျင်းလော့သည် ရက်စက်ကာ စကားနည်း၏။ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းဖြတ်သန်းလာခဲ့ပြီး မြင်သမျှလူတိုင်းအား ရိုက်နှက်တတ်သည်ကြောင့် ကျောင်းသားများကြားတွင် မကောင်းသည့်အမြင်ဖြင့် ကျော်ကြားသည်။ ကောလဟာလများတွင် ကျင်းလော့ နှင့် ရှောင်ဝမ်လင်တို့သည် အသေအကြေရန်သူများပင်။ ထိုကဲ့သို့ အားလုံးက ထင်မှတ်နေကြသည့်တိုင်...ကျောင်းအဝတ်လဲခန်း၏ တစ်နေရာတွင်မူ ဝံပုလွေခေါင်းဆောင် ရှောင်ဝမ်လင်၏ မျက်ဝန်းများမှာတောရိုင်းတိရစ္ဆာန်ကဲ့သို့ ရိုင်းပြနေလျက်ရှိကာ၊ မိမိဥစ္စာအား မည်သူမျှ ထိပါး၍မရအောင် စောင့်ကြပ်နေသည့်ဟန်နှင့် ကျင်းလော့အား စူးစိုက်ကြည့်နေခဲ့၏။ သူသည် အေးစက်ကာ ဘာမထီမျက်နှာဘေးနှင့်သူ၏ ပေါင်ကြားအတွင်း ခြေထောက်များဖြင့် ထိုးသွင်းလိုက်ကာ... ကျဉ်းမြောင်းသည့်နံရံနှင့် ထိုသူ့အား တင်းတင်းကျပ်ကျပ် ဖိကပ်လိုက်လျက် ပြုံးရယ်ကာ ဆိုလိုက်၏။ “အချစ်ကလေး... မင်းရဲ့ မျိုးပွားအင်္ဂါလေးကို ကိုယ်ကြည့်ချင်တယ်..." လှပသည့် ကျောင်းလူဆိုးလေးမှာ သူ့အဝတ်သူ သွားနှင့်ကိုက်လျက် မျက်ရည်ဝိုင်းနေသည့် မျက်လုံး‌လေးများနှင့် ကြည့်နေ၏။ ယခင်က အေးစက်ကာ မာကြောပုံရသည့် မျက်လုံးလေးများမှာ ယခုတွင်မူ မျက်ရည်များဝေ့ဝိုက်နေလျက်ပင်။ “မင်း,မင်း အကျင့်ပျက်ကောင်...” ရှောင်ဝမ်လင်က ပြုံးလိုက်ကာ သူ၏ပူလောင်နေသည့်လိင်တံဖြင့် ကူကယ်ရာမဲ့နေသည့် ကျောင်းလူဆိုးလေး၏ ခါးနှင့်ဝမ်းဗိုက်အား ထပ်ခါထပ်ခါဖိပွတ်နေ၏။ “ဟုတ်လား? စိတ်မရှိပါနဲ့ကွာ” သူသည် နားထောင်ရသူတိုင်း တုန်ရီသွားစေလောက်မည့် လေသံနှင့် အက်ကွဲကွဲပြောလာ၏။ “ဖင်ကိုပင့်ပေးထား..ကိုယ်လိုးချင်တယ်” ***** ချစ်ခြင်းမေတ္တာ ချို့တဲ့နေတဲ့ ကြောင်ရိုင်းလေး vs ဒေါသကြီးပြီး 'ဒယ်ဒီဆန်တဲ့' အမဲလိုက်သမား သန့်ရှင်းဖြူစင်တဲ့ အချစ် ၊ နှစ်ယောက်စလုံးက တစ်ဦးတည်းအတွက် ဖြစ်တည်လာသလို တစ်ဦးအပြန်အလှန် ချစ်ကြတယ်။
ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ လူငယ်အချစ်ဇာတ်လမ်းလေးပါ။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset