⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 53

Chapter 53

 

“ငါ ရေဆာတယ်”

 

“…”

 

ဖေးလုသည် နောက်ဆုံးတွင် အရှုံးပေးလိုက်ရပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ရေတစ်ခွက် သွားငှဲ့ကာ ပေးလိုက်သည်။

 

မုရှို့သည် နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး ဖေးလုကို ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲသွင်းလိုက်သည်။ ဖန်ခွက်ထဲမှ ရေများသည် ရင်ဘတ်ပေါ်သို့ ဖိတ်ကျကုန်သော်လည်း သူ ဂရုမစိုက်ပေ။

 

“မင်း ငါ့ကို ရှောင်နေတာလား?”

 

“ဘာလို့လဲ? စောစောက ခံစားလို့မကောင်းဘူးလား?”

 

သူ၏ မျက်ဝန်းများထဲတွင် သံသယများနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။ သူကတော့ ဖေးလုနှင့် အတူရှိနေရသည်ကို သက်သောင့်သက်သာ ဖြစ်သည်ဟု ခံစားရသည်။ အပြန်အလှန် ကူညီပေးသည့် ရင်းနှီးသော အပြုအမူကိုလည်း ရွံရှာခြင်း မရှိသည့်အပြင် သဘောကျနေသေးသည်။ ထို့ကြောင့် ဖေးလုလည်း သူ့လိုပင် ခံစားရလိမ့်မည်ဟု သေချာပေါက် ယူဆထား၏။

 

သို့သော် ဖေးလု၏ ရုတ်တရက် ရှောင်ဖယ်မှုကြောင့် သူ နားမလည်နိုင် ဖြစ်နေရသည်။

 

ဖေးလုသည် သူ၏ ရင်ခွင်ထဲတွင် မှောက်လျက်သား ဖြစ်နေပြီး ရေများကို သုတ်ပေးရန် ပျာပျာသလဲ ထလိုက်သည်။ မုရှို့၏ ခါးတွင် ဒဏ်ရာရှိနေသဖြင့် ရေထိ၍ မဖြစ်ပေ။

 

“ခင်ဗျားကိုယ်ပေါ်မှာ ရေတွေ စိုကုန်ပြီ… ကျွန်တော် သုတ်ပေးမယ်”

 

“ဂရုမစိုက်နဲ့”

 

မုရှို့သည် လက်မောင်းဖြင့် ဖေးလု၏ ခါးကို တင်းကျပ်စွာ ဖက်ထားပြီး ခေါင်းကြီးဖြင့် ဖေးလု၏ လည်ပင်းကြားထဲသို့ တိုးဝှေ့နေလေသည်။ ထိုကဲ့သို့ ရင်းနှီးကျွမ်းဝင်သော ထိတွေ့မှုကို သူ အလွန် နှစ်ခြိုက်နေ၏။

 

ဖေးလုသည် သူ၏ အနှောင့်အယှက်ပေးမှုကြောင့် စိတ်မရှည်နိုင်တော့ဘဲ ထိုအနေအထားအတိုင်းပင် အင်္ကျီစဖြင့် စီးကျနေသော ရေများကို လိုက်သုတ်ပေးရတော့သည်။

 

ကံကောင်းသည်မှာ ခွက်ထဲတွင် ရေနည်းနည်းသာ ပါသဖြင့် အင်္ကျီက စုပ်ယူလိုက်သောအခါ များများစားစား မကျန်တော့ပေ။ ပတ်တီးစသည် ခြောက်သွေ့နေဆဲ ဖြစ်သည်။

 

ဖေးလုသည် မုရှို့လောက် အားမသန်ပေ။ ထို့အပြင် ရုန်းကန်လိုက်လျှင် ဒဏ်ရာကို သွားထိခိုက်မိမည်ကို စိုးရိမ်သဖြင့် မုရှို့၏ ပွေ့ဖက်မှုကို နေရခက်စွာဖြင့်ပင် ငြိမ်ခံနေလိုက်ရသည်။

 

ခဏမျှ ငြိမ်သက်စွာ ပွေ့ဖက်ထားပြီးနောက် ဖေးလုက လုံလောက်ပြီဟု ထင်သဖြင့် အကဲခတ်ကာ မေးလိုက်သည်။

 

“တော်ပြီမလား?”

 

မုရှို့သည် မျက်နှာကို ဖေးလု၏ လည်ပင်းကြားထဲတွင် မြှုပ်ထားပြီး ပြတ်သားစွာ ပြောလေသည်။

 

“မတော်သေးဘူး”

 

ဖေးလု : “…”

 

နောက်ဆုံးတွင် မုရှို့သည် ဖေးလု၏ ကိုယ်ပေါ်တွင် အားရအောင် ပွတ်သပ်ပြီးမှ မလိုချင်သလို ပုံစံဖြင့် လွှတ်ပေးလိုက်လေသည်။ စိတ်ကျေနပ်မှု ရသွားသော မုရှို့သည် စိတ်အခြေအနေ ကောင်းမွန်နေပြီး အမြဲတမ်း တည်ငြိမ်နေသော မျက်နှာထားတွင် အပြုံးဖျော့ဖျော့လေး ချိတ်ဆွဲကာ အလုပ်ရှုပ်နေသော ဖေးလုကို ထိုင်ကြည့်နေတော့သည်။

 

ဖေးလုသည် ခရီးဆောင်အိတ်ထဲမှ အဝတ်အစားများကို ဖင်ကုန်းပြီး သိမ်းဆည်းနေခြင်း ဖြစ်သည်။

 

ဆရာဝန်များ အချိန်မရွေး လာရောက်စစ်ဆေးနိုင်ရန်အတွက် မုရှို့သည် ဆေးရုံတက်ရန် စာရင်းသွင်းလိုက်သည်။ ဖေးလုသည် အချိန်ယူပြီး အိမ်ပြန်ကာ မုရှို့၏ နေ့စဉ်သုံး ပစ္စည်းများကို အိတ်ဖြင့် ထည့်ပြီး သယ်လာခဲ့ခြင်း ဖြစ်သည်။ ယခု သူသည် ထိုအိတ်ထဲမှ ပစ္စည်းများကို နေရာချနေခြင်း ဖြစ်၏။

 

ဖေးလုသည် မုရှို့ကို ကျောပေးထားသဖြင့် ကုန်းထားသော တင်ပါးလုံးလုံးလေးကို မြင်နေရသည်။ မုရှို့သည် ခဏလောက် ကြည့်နေပြီးနောက် ဖုန်းကို ကောက်ကိုင်ကာ ထိုပုံစံကို ဓာတ်ပုံ ရိုက်ထားလိုက်သည်။

 

ဖေးလုသည် အနောက်မှ ကင်မရာ ရိုက်သံကို ကြားလိုက်ရသဖြင့် ထူးဆန်းစွာ လှည့်ကြည့်လိုက်သော်လည်း လက်ထဲမှ အလုပ်များကြောင့် ချက်ချင်းပင် အာရုံပြန်လွဲသွားလေသည်။

 

မုရှို့သည် ကုတင်ပေါ်တွင် တစ်ပိုင်း မှီထိုင်ရင်း ခိုးရိုက်ထားသော ဓာတ်ပုံများကို ထပ်ခါထပ်ခါ ကြည့်နေသည်။ ခဏကြာသော် မနေနိုင်တော့ဘဲ Weibo ကို ဖွင့်ကာ ဖြစ်တောင့်ဖြစ်ခဲ ပို့စ်တစ်ခုကို တင်လိုက်တော့သည်။

 

[လက်ထောက်အသစ်လေး… ချစ်ဖို့ကောင်းတယ် (ပုံ ၁၊ ၂)]

 

ပုံနှစ်ပုံတွင် တစ်ပုံမှာ သူတို့နှစ်ဦး အရင်က ရိုက်ထားသော Selfie ပုံဖြစ်ပြီး၊ နောက်တစ်ပုံမှာ ဖေးလု ကြမ်းပြင်ပေါ်တွင် ထိုင်ပြီး အဝတ်အစား သိမ်းနေသော ပုံဖြစ်သည်။ ဖေးလု ဖင်ကုန်းနေသော ပုံများကိုမူ သူ နှမြောသဖြင့် မတင်ရက်ပေ။ သို့သော် သူ၏ ပျော်ရွှင်နေသော စိတ်ကို မျှဝေချင်သဖြင့် ဖေးလု အဝတ်အစား သိမ်းနေသော ကျောပြင်ပုံကို ရိုက်ပြီး တင်လိုက်ခြင်း ဖြစ်သည်။

 

ဖေးလုသည် အရပ်ရှည်ပြီး ကိုယ်ခန္ဓာ သွယ်လျသည်။ ကျောပြင်ပုံလေး တစ်ပုံတည်းနှင့်ပင် တကယ့် ချောမောသော လူငယ်လေးမှန်း သိသာနေသည်။ ရုပ်ရည်ကို ပြောရမည်ဆိုလျှင် အနုပညာလောကထဲမှ မင်းသားငယ်လေးများထက် လုံးဝ လျော့နည်းခြင်း မရှိပေ။

 

မုရှို့သည် ပုံမှန်ဆိုလျှင် Weibo သိပ်မသုံးပေ။ သူ၏ Weibo ကို လက်ထောက်ကသာ စီမံခန့်ခွဲလေ့ ရှိသည်။ သို့သော် သူသည် တစ်ခါတရံ ဝင်ရောက်ကြည့်ရှုလေ့ရှိပြီး ချူးဟုန်၏ တောင်းဆိုမှုကြောင့် Fan များ နှင့် အပြန်အလှန် ဆက်သွယ်ရန် နေ့စဉ်ဘဝပုံရိပ်များကို တင်လေ့ရှိသည်။

 

သူ၏ Weibo တင်လိုက်သည်မှာ တစ်မိနစ်ပင် မရှိသေး၊ Comment ပေါင်း သောင်းဂဏန်း ကျော်သွားပြီး အောက်တွင် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသော Fan များ ရောက်လာကြတော့သည်။

 

[နှစ်ဝက်လောက် ကြာမှ မုကောကောက Weibo ကို တစ်ချက် ကြွချီလာတယ်… ကြည်နူးလိုက်တာ]

 

[ငါ့ရဲ့မုကောကောကတော့ အရင်လိုပဲ ချောနေတုန်း… လက်ထောက်လေးကလည်း ချစ်စရာလေးနော်… လိုက်ဖက်လိုက်တာ]

 

[လိုက်ဖက်လိုက်တာ +1 … မုကောကောတော့ အချစ်စစ်ကို တွေ့သွားပြီ ထင်တယ်? ဒီအသည်းကျော်လေး ဘယ်လောက်ကြာကြာ ခံမလဲ ခန့်မှန်းကြည့်ရအောင်?]

 

[သခွားသီး တစ်ချောင်း ကြေးလောင်းမယ်… အများဆုံး တစ်နှစ်ပဲ။ မှတ်မိသလောက်တော့ အကြာဆုံးနေသွားတဲ့ လက်ထောက်က ၈ လပဲ ရှိသေးတယ်။ ဒီတစ်ခါ အသည်းကျော်လေးကတော့ မုကောကောရဲ့ စရိုက်နဲ့ဆို တစ်နှစ်ထက် မပိုနိုင်ဘူး]

 

[ငါတော့ မာလာချောင်း တစ်ထုပ် ကြေးထပ်မယ်… ၃ လ မကျော်ဘူး။မုကောကော ငါ့ပါးကို လာရိုက်မယ့် အချိန်ကို ထိုင်စောင့်နေမယ်]

 

[အပေါ်က လူတွေက အရူးတွေလား… လက်ထောက်လေးက မုကောကောရဲ့ အချစ်တော် ဖြစ်နေတာ သိသာကြီးကို… သူတို့ ညားသွားမယ်လို့ ငါလောင်းတယ် ဟိဟိဟိ]

 

[……]

 

မုရှို့သည် မျက်နှာသေဖြင့် Weibo ကို ပွတ်နေသည်။ ဖုန်းမျက်နှာပြင်မှ အလင်းရောင်သည် သူ၏ မျက်ဝန်းထဲတွင် ဟပ်နေပြီး စိမ်းဖန့်ဖန့် အရောင်များ တောက်ပနေ၏။

 

ဖေးလုသည် ပစ္စည်းများ သိမ်းဆည်းပြီးနောက် ရေချိုးပြီး ပြန်ထွက်လာတော့ မုရှို့က ဖုန်းကို ကိုင်ပြီး ထူးဆန်းစွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။

 

သူ စပ်စုချင်စိတ်ဖြင့် ကိုယ်ကို ကိုင်းပြီး ဝင်ကြည့်လိုက်သည်။

 

“ဘာတွေ ကြည့်ပြီး ပြုံးနေတာလဲ?”

 

ရေချိုးဆပ်ပြာနံ့ သင်းသင်းလေးက နှာခေါင်းထဲ တိုးဝင်လာသဖြင့် မုရှို့ ရင်ခုန်သွားသည်။ သူ မျက်နှာကို ဖေးလုဘက် တိုးလိုက်ပြီး အားရပါးရ ရှူရှိုက်လိုက်သည်။

 

“မွှေးတယ်”

 

ဖေးလု နေရခက်သွားပြီး ပွယောင်းနေသော ညဝတ်အင်္ကျီ ကော်လာကို မသိမသာ ဆွဲစိလိုက်သည်။

 

“ဖုန်း လျှော့သုံးနော်… စောစော အနားယူတော့”

 

“အင်း”

 

မုရှို့ ဖုန်းကို ဘေးချလိုက်သည်။ လက်မောင်းဖြင့် ခန္ဓာကိုယ်ကို ထောက်ပြီး ဘေးသို့ နည်းနည်း ရွှေ့ပေးလိုက်ကာ ဘေးနားမှ နေရာလွတ်ကို ပုတ်ပြလိုက်သည်။

 

“အတူတူ အိပ်မယ်”

 

“…”

 

ဖေးလု၏ ရင်ထဲတွင် ကုလားအုတ်များ ဒုန်းစိုင်း ပြေးသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း မျက်နှာပေါ်တွင်မူ တည်ငြိမ်နေဆဲ ဖြစ်သည်။ လောကဓံမုန်တိုင်းများကို ကြုံဖူးနေပြီ မဟုတ်လား။

 

“မအိပ်တော့ပါဘူး… ကျွန်တော် ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်”

 

မုရှို့၏ အကြည့်များ စူးရှလာပြီး ဝံပုလွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်ကာ ထပ်ပြောလေသည်။

 

“အတူတူ အိပ်မယ်”

 

ဖေးလု ခေါင်းကိုက်သွားသည်။ မနက်စောစောစီးစီး အလံတင်အခမ်းအနား(မနက်ခင်းမှာ ထောင်တာ) တွင် ပါဝင်ဆင်နွှဲချင်စိတ် မရှိသဖြင့် ယဉ်ကျေးစွာ ထပ်ငြင်းလိုက်ပြန်သည်။

 

“ခင်ဗျား ဒဏ်ရာကို ဖိမိမှာ စိုးလို့ပါ”

 

မုရှို့က “ဟွန်း” ဟု နှာခေါင်းရှုံ့လိုက်ပြီး စကားအပိုတွေ ပြောမနေတော့ဘဲ လက်လှမ်းကာ ဖေးလုကို ဆွဲချလိုက်တော့သည်။ ဖေးလု ယိုင်ခနဲ ဖြစ်သွားပြီး ကုတင်ပေါ်သို့ ပစ်လဲကျသွားသည်။ မုရှို့သည် အားသန်သဖြင့် ဖေးလုကို တစ်ချက်တည်းနှင့် ဆွဲလှည့်လိုက်ကာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ရင်ခွင်ထဲတွင် တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်တော့သည်။ ပြီးနောက် ပြတ်သားစွာ အမိန့်ပေးလေသည်။

 

“အိပ်တော့”

 

“…”

 

ဖေးလုသည် မုရှို့၏ တောင့်တင်းသော ရင်အုပ်ကြီးနှင့် မျက်နှာချင်းဆိုင်နေရသည်။ ပြည့်ဖြိုးသော ကြွက်သားများသည် လူနာဝတ်စုံအောက်တွင် ဖုထစ်နေသည်ကို တွေ့ရသဖြင့် ဖေးလု မျက်လုံးမှိတ်ထားလိုက်သည်။ မမြင်ရရင် အေးတာပါပဲလေ။

 

နှစ်ယောက်သား ဖက်အိပ်ပျော်သွားကြလေသည်။

 

Weibo ပေါ်တွင်မူ ပွက်လောရိုက်နေပြီ ဖြစ်သည်။

 

မုရှို့၏ နောက်ဆုံး ပို့စ်အောက်တွင် Comment တစ်ခုသည် ထိပ်ဆုံးသို့ ရောက်ရှိနေသည်။

 

[အပေါ်က လူတွေက အရူးတွေလား… လက်ထောက်လေးက မုကောကောရဲ့ အချစ်တော် ဖြစ်နေတာ သိသာကြီးကို… သူတို့ ညားသွားမယ်လို့ ငါလောင်းတယ် ဟိဟိဟိ]

 

ဒီ Comment အောက်တွင် Fan များက ရူးသွပ်ကုန်ကြပြီဖြစ်သည်။

 

“သောက်ကျိုးနည်း… မုကောကောက တကယ် Like ပေးသွားတာဟ! ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား!”

 

“သခွားသီးနဲ့ မာလာချောင်းတွေ နင့်ဟာ ဖြစ်သွားပြီ ရော့…”

 

“လက်ချော်သွားတာလို့ ငါ မယုံဘူး!”

 

“ဘာမှ ပြောမနေတော့ဘူး… ရုပ်ရည်ချင်း လိုက်ဖက်နေလို့ ဒီ CP ကို ငါ လက်ခံတယ်”

 

“……”

 

မုရှို့၏ လက်ချော်မှုတစ်ခုကြောင့် Weibo တွင် အရေအတွက် များပြားသော CP Fan များ စုဝေးလာကြသည်။ “မုစု” CP သည် ဖေးလု၏ ရုပ်ရည်ကြောင့် Fan အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

 

(T/N: မုစုက မုရှို့နဲ့ဝမ်စုရဲ့ cpနာမည်။ ဝမ်စုက ဖေးလုဝင်ထားတဲ့ခန္ဓာကိုယ်ရဲ့နာမည်)

 

နောက်တစ်နေ့ ချူးဟုန် သိလိုက်သည့်အချိန်တွင် “မုစု” CP Fan များသည် အင်အားကြီးမားနေပြီ ဖြစ်သည်။ ချူးဟုန်က တားဆီးရန် ကြိုးစားသော်လည်း အချိန်မမီတော့ပေ။ ကံကောင်းသည်မှာ ဘယ်သူမှ အတည်မယူကြခြင်းပင်။ မုရှို့က ဗြောင်ကျကျ Like ပေးလိုက်သဖြင့် ပိုပြီး ပွင့်လင်းမြင်သာ ရှိသွားကာ Fan များကလည်း လက်ချော်သည် (သို့မဟုတ်) စနောက်သည်ဟုသာ ထင်မြင်သွားကြပြီး ဟာသတစ်ခုလို သဘောထားလိုက်ကြသည်။

 

ထိုအခါမှသာ စိတ်ပူနေသော ချူးဟုန်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သူမသည် မုရှို့ဆီသို့ ဖုန်းဆက်လိုက်သည်။

 

ဖုန်းအတော်ကြာ ဝင်ပြီးမှ တစ်ဖက်က ကိုင်သည်။ မုရှို့၏ အသံသည် အိပ်ချင်မူးတူး ဖြစ်နေပြီး အိပ်ရာမှ မနိုးသေးပုံ ရသည်။

 

ချူးဟုန်မှာ ဒေါသထွက်လွန်း၍ သေချင်သွားသည်။

 

“နင် ပြဿနာမရှာဘဲ မနေနိုင်ဘူးလား? တစ်ခုခု မလုပ်ရရင် မနေနိုင်ဘူးမလား? နင် လက်ဆော့ပြီး Like ပေးလိုက်တာနဲ့ မနေ့ညက Weibo တစ်ခုလုံး ပွက်လောရိုက်သွားတာ သိရဲ့လား?!”

 

မုရှို့သည် အော်ငေါက်ခံလိုက်ရသဖြင့် နားမလည်နိုင် ဖြစ်သွားသည်။သူသည် ဖုန်းကို နားနှင့် ခွာလိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

 

“နင် ဘာတွေ ပြောနေတာလဲ?”

 

တရားချဖို့ ပြင်နေသော ချူးဟုန်သည် အသက်ရှူမှားမတတ် ဖြစ်သွားပြီး အော်မေးလိုက်တော့သည်။

 

“နင် မသိဘူးလား?”

 

မုရှို့ မျက်မှောင်ကြုတ်လိုက်သည်။ အိပ်ကောင်းနေတုန်း အနှောင့်အယှက် ခံလိုက်ရသဖြင့် စိတ်မကြည်မလင် ဖြစ်နေရသည့်အထဲ မနက်စောစောစီးစီး မန်နေဂျာ၏ ဆူပူမှုကိုပါ ခံနေရသဖြင့် သူ၏ အသံသည် အေးစက်သွားတော့သည်။

 

“ငါက ဘာကို သိရမှာလဲ?”

 

တကယ်ပဲ လက်ချော်သွားတာများလား? ချူးဟုန် တွေးလိုက်မိသည်။ သို့သော် မုရှို့ ပြဿနာရှာသည်မှာ တစ်ခါနှစ်ခါ မဟုတ်သဖြင့် သူမ စဉ်းစားပြီးနောက် Screenshot ပုံများကို ပို့ပေးလိုက်သည်။

 

“နင့်ဘာသာ ကြည့်ကြည့်”

 

မုရှို့သည် ဖုန်းပြောနေသည်ကို ရပ်လိုက်ပြီး WiFi ဖွင့်ကာ သူမ ပို့လိုက်သော ပုံများကို ဖွင့်ကြည့်လိုက်သည်။

 

ပထမဆုံး Comment အောက်တွင် ပြန်ပြောထားသော စာစောင်ရေ ထောင်ချီ ရှိနေပြီး အားလုံးက မုစု CP Fan များ၏ ကြည်နူးစကားများသာ ဖြစ်သည်။ ချူးဟုန်ဘက်က ပို့ပေးလာသော Screenshot များကို ကြည့်ပြီးနောက် မုရှို့ ပြန်ရှင်းပြလိုက်သည်။

 

“ငါ မသိဘူး… မတော်တဆ နှိပ်မိသွားတာ ဖြစ်မယ်”

 

ချူးဟုန် သက်ပြင်းချလိုက်သည်။ Weibo ပေါ်တွင် ငြိမ်သက်နေသော်လည်း မုရှို့သာ တကယ် တစ်ခုခု ဖြစ်လာခဲ့လျှင် သူမအတွက် ရင်တမမ ဖြစ်ရပေလိမ့်မည်။ လက်ချော်ရုံတင် ဖြစ်လို့ တော်ပါသေးသည်။

 

သူမ ရင်ဘတ်ကို ဖိပြီး ဝမ်းသာအားရ ပြောလိုက်သည်။

 

“ဒါဆိုရင် ဘာမှ ပြန်မရှင်းပြနဲ့တော့… Weibo ပေါ်မှာ ခဏနေရင် သူ့အလိုလို ငြိမ်သွားလိမ့်မယ်”

 

မုရှို့ ဝါးတားတားဖြင့် ပြန်ဖြေလိုက်သည်။

 

ဖုန်းချပြီးနောက် မုရှို့သည် Weibo ထဲသို့ ဝင်ပြီး Comment များကို တစ်ခုချင်း လိုက်ဖတ်တော့သည်။ မုစု CP Fan များ၏ ဖန်တီးနိုင်စွမ်း (Fiction/Fanart ရေးသားမှု) သည် အလွန် မြန်ဆန်လှသည်။ တစ်ညတည်းနှင့် ဇာတ်လမ်းတိုများစွာ ထွက်ပေါ်လာပြီး နာမည်ကြီး Forum တစ်ခုတွင် ဇာတ်လမ်းရှည်များပင် ရေးသားနေကြပြီ ဖြစ်သည်။ မုရှို့သည် Weibo အောက်မှ Link ကို နှိပ်ပြီး ဝင်ကြည့်လိုက်ရာ ပန်းရောင်လွှမ်းနေသော စာမျက်နှာထက်တွင် သူနှင့် ဝမ်စု (ဖေးလု) တို့၏ ဇာတ်လမ်းတိုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

 

ထို Forum ထဲတွင် အသားဟင်းများ (18+ အခန်းများ) လည်း အပြည့်ပင်!

 

ထိုအထဲမှ ပို့စ်တစ်ခုတွင် ပို့စ်ပိုင်ရှင်သည် စိတ်ကူးဉာဏ် ကွန့်မြူးပြီး စာလုံးရေ ရာချီသော H Scene (sexကြမ်းသော အခန်း) ကို ရေးသားထားလေသည်။ ပို့စ်ပိုင်ရှင်၏ အသားဟင်း ချက်ပြုတ်မှု စွမ်းရည် (အရေးအသား) သည် အလွန် ကောင်းမွန်ပြီး ဖတ်ရသည်မှာ သွေးဆူစရာ ကောင်းလှသဖြင့် အောက်တွင် ဝံပုလွေများ (Fan များ) အူသံပေးကာ အားပေးနေကြသည်။

 

မုရှို့သည် ထိုစာသားလေးများကို ဖတ်ကြည့်ရင်း ဖေးလုကို သူ့အောက်တွင် ဖိထားပြီး စိတ်ကြိုက် ခြယ်လှယ်နေသည်ဟု စိတ်ကူးယဉ်လိုက်ရာ တစ်ကိုယ်လုံးမှ သွေးများ ဆူပွက်လာတော့သည်။

 

ခန္ဓာကိုယ် အပူချိန် တက်လာသဖြင့် ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ဖေးလု နိုးလာသည်။

 

သူ အိပ်မှုန်စမှုန်ဖြင့် မုရှို့၏ ရင်ဘတ်ကို စမ်းကြည့်လိုက်မိသည်။

 

“ဘာလို့ ဒီလောက် ပူနေတာလဲ? ဖျားနေတာလား?”

 

နူးညံ့သော လက်ဖဝါးသည် ရင်ဘတ်ပေါ်တွင် လျှောက်သွားနေသည်မှာ ရေနွေးအိုးထဲသို့ ဆီပူတစ်စက် ကျသွားသကဲ့သို့ ပေါက်ကွဲထွက်သွားစေသည်။ မုရှို့သည် ပြင်းပြင်းထန်ထန် အသက်ရှူလိုက်ပြီး ရင်ဘတ်ပေါ်မှ လက်ကို ဖမ်းချုပ်ကာ ဖေးလုတစ်ကိုယ်လုံးကို ရင်ခွင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်တော့သည်။

 

ဖေးလုခမျာ နောက်တစ်ကြိမ် အလံတင်အခမ်းအနားတွင် ပါဝင်ဆင်နွှဲရပြန်လေပြီ။

 

အလံတိုင်သည် မတ်မတ်ကြီး ထောင်နေပြီး ချောမွတ်ကာ မာကျောနေသည်။ ဖေးလုသည် လက်ကို အလံတိုင်ပေါ် တင်ထားရပြီး အလံတင်သည့် ပုံစံအတိုင်း အပေါ်အောက် လှုပ်ရှားပေးရတော့သည်။

 

မုရှို့သည် မျက်လုံးကို တစ်ဝက် မှေးထားပြီး ဇိမ်ခံနေသကဲ့သို့ သက်ပြင်းချလိုက်သည်။ ဖေးလု၏ မသိမသာ ပြောင်းလဲလာမှုကို သတိထားမိသောအခါ အလိုက်တသိပင် ဖေးလုနှင့်အတူ စည်းချက်ညီညီ လှုပ်ရှားပေးလိုက်တော့သည်။

 

မနက်ခင်း၏ လူနာခန်းထဲတွင် တိုးညှင်းသော လေစုပ်သံများ ရံဖန်ရံခါ ထွက်ပေါ်လာပြီး အချိန်အတော်ကြာသောအခါ ရှည်လျားသော သက်ပြင်းချသံ နှစ်ခုကို ကြားလိုက်ရလေသည်။

 

 

Chapter 53 ended

 

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset