⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 54

Chapter 54

 

 

ဖေးလုသည် မုရှို့၏ လက်ကို တဘက်ဖြင့် သုတ်ပေးလိုက်သည်။ မနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီးသွားပြီ ဖြစ်သဖြင့် မုရှို့သည် အားအင်ပြည့်ဖြိုးကာ လန်းဆန်းနေပုံရပြီး မျက်ဝန်းများက တောက်ပနေ၏။ သူ၏ အကြည့်များသည် စူးရှလွန်းသဖြင့် အကောင်အထည် ပေါ်လာတော့မယောင်ပင်။

 

“ခင်ဗျားက သန့်ရှင်းရေး ကြောင်တယ်ဆို… ဟို… ဟိုဒင်းပြုတာကျတော့ မရွံဘူးလား?”

 

ဖေးလုသည် အင်္ကျီအောက်ထဲသို့ တိုးဝင်လာသော သူ၏ လက်ကို ရိုက်ချလိုက်ပြီး လက်ချောင်းများကို ဆွဲယူကာ သေချာ သုတ်ပေးလိုက်သည်။

 

သို့သော် မုရှို့သည် ဇွဲမလျှော့ဘဲ ဆက်လက် တိုးဝင်နေဆဲပင်။ သူသည် နူးညံ့သော အသားအရေကို ထိတွေ့ရသည်ကို အလွန် နှစ်သက်သည်။ ပျော့အိအိ၊ နွေးထွေးထွေးလေးနှင့် နေလို့ကောင်းသလို စိတ်ကိုလည်း အေးချမ်းစေသည်။

 

“မင်းကို မရွံဘူး”

 

“မင်းကိုယ်လုံးလေးက မွှေးနေတာ”

 

မုရှို့သည် မျက်မှောင်ကြုတ်ကာ စကားလုံးများကို ရွေးချယ်ပြီး ရှင်းပြလိုက်သည်။

 

“အိစက်နေတာပဲ… ဖက်ထားရတာ အရမ်းကောင်းတယ်”

 

“ငါ ကြိုက်တယ်”

 

ဖေးလု : “…”

 

ဖေးလု ဘာပြောနိုင်ဦးမည်နည်း? သူသည် မျက်နှာတစ်ခုလုံး နီရဲလာပြီး မုရှို့ကို မျက်စောင်းထိုးကာ တဘက်ကို ကိုင်ပြီး ရေချိုးခန်းထဲသို့ အမြန် ပြေးဝင်သွားလိုက်ရတော့သည်။

 

ပြီးနောက် မှန်ရှေ့တွင် ရပ်ကာ ရင်တွေ တဒုန်းဒုန်း ခုန်နေတော့၏။

 

ဒီလူကြီးက ဘွင်းရှင်းကြီး ပြောလွန်းအားကြီးတယ်… ဘယ်လို ပြန်ပြောရမှန်းတောင် မသိတော့ဘူး 🙂

 

********

 

မုရှို့သည် ပင်ကိုယ်စိတ်ရင်းအတိုင်း နေထိုင်တတ်သူ ဖြစ်သည်။ သူ မကြိုက်သည့်အရာကို ဘယ်သူကမှ အတင်းအကျပ် လက်ခံခိုင်း၍ မရပေ။ ထိုနည်းတူစွာပင် သူ ကြိုက်နှစ်သက်သည့် အရာကိုဆိုလျှင်လည်း ဘယ်သူ့ကိုမှ အထိမခံဘဲ သူ့နယ်မြေထဲတွင် ဝှက်ထားတတ်သူ ဖြစ်သည်။

 

ယခုအချိန်တွင် သူ ဖေးလုကို သဘောကျနေပြီ ဖြစ်သည်။

 

ဖေးလုသည် သက်ရှိလူသား ဖြစ်သဖြင့် ဝှက်ထား၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် နည်းလမ်းပေါင်းစုံ သုံးကာ ဖေးလုကို သူ့ဘေးတွင် ချည်နှောင်ထားပြီး သူ့အငွေ့အသက်များ စွဲကျန်နေအောင် လုပ်ဆောင်ရတော့သည်။

 

ဖေးလုသည် သူ့တစ်ယောက်တည်းရဲ့အပိုင် ဖြစ်ရမည်။

 

ထိုစိတ်ဆန္ဒများကို လက်တွေ့တွင် ပြသလိုက်သည့် ပုံစံမှာမူ – မုရှို့သည် မကြာသေးမီက ဖေးလုကို အစာငတ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ အမြဲတမ်း စိုက်ကြည့်နေပြီး အချိန်မရွေး ဝါးစားပစ်တော့မည့် အတိုင်းပင်။ ဖေးလုသည် အထူးသဖြင့် ညဘက်ရောက်လျှင် ကျောချမ်းလာရတော့သည်။

 

လူနာခန်းထဲတွင် ကုတင်တစ်လုံးနှင့် ဆိုဖာတစ်လုံးသာ ရှိသဖြင့် အိပ်စရာ နေရာ သိပ်မရှိပေ။ ထို့ကြောင့် ဖေးလုသည် ညတိုင်း မုရှို့နှင့် ကုတင်တစ်ခုတည်း အတူအိပ်ရန် အတင်းအကျပ် စေခိုင်းခံရလေသည်။

 

ရုပ်ရှင်မင်းသားနှင့် အတူအိပ်ရခြင်း၏ တန်ဖိုးမှာမူ မနက်တိုင်း အိပ်ရာထလျှင် ဖေးလု၏ ခြေထောက်များ ပျော့ခွေနေခြင်းပင်။

 

ဖေးလုသည် 666 ကို တိုးတိုးတိတ်တိတ် တိုင်တောလိုက်သည်။

 

“ဒီအတိုင်း ဆက်ပြီး ဂွင်းထုပေးနေရရင်တော့ ငါ့လက် အရေခွံလန်တော့မယ် ထင်တယ်”

 

“ဟက်”

 

666 သည် ဖေးလု၏ အဖြစ်ကို ကြည့်ပြီး သရော်လိုက်သည်။

 

“ငါ ကြည့်ရသလောက်တော့ မင်းလည်း သာယာနေတာပဲကို”

 

“…”

 

ဖေးလု ဆွံ့အသွားပြီး ရှက်စိတ်ကြောင့် ဒေါသထွက်ကာ ရန်တွေ့လိုက်သည်။

 

“ယောက်ျားတွေက အောက်ပိုင်းနဲ့ တွေးတဲ့ သတ္တဝါတွေ ဆိုတာ မင်း မသိဘူးလား?!”

 

“…… ဒါဆိုလည်း မင်း တော်လိုက်တာကွာ… လက်ခုပ်တီးပေးရမလား?”

 

666လည်း စိတ်တိုနေသည်။ ဖေးလုတစ်ယောက် သတိမထားမိလိုက်ပါဘဲ Target နဲ့ ဇာတ်လမ်းရှုပ်နေပြန်ပြီလေ။ ဒီကောင် ဇာတ်လမ်းရှုပ်တဲ့ နှုန်းကလည်း မြန်လွန်းအားကြီးတယ်????

 

ဖေးလုသည် 666 ဆီမှ နှစ်သိမ့်မှုကို မရလိုက်သဖြင့် မျက်နှာကြီး မဲ့ကာ ပန်းသီးကို စိတ်ပျက်လက်ပျက်ဖြင့် အခွံနွှာနေတော့သည်။

 

မုရှို့သည် ကုတင်ပေါ်တွင် တစ်ပိုင်းလှဲလျောင်းကာ Weibo ပွတ်နေရင်း ဖေးလု၏ထိုပုံစံကို တွေ့လိုက်ရသဖြင့် မော့ကြည့်လာသည်။ ဖေးလု၏ နှုတ်ခမ်းထော်နေသည်မှာ ဆီပုလင်းတောင် ချိတ်လို့ရလောက်ပြီ ဖြစ်သဖြင့် အံ့သြစွာ မေးလိုက်သည်။

 

“ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ?”

 

စောစောက မီးဖိုချောင်ထဲ သစ်သီးသွားဆေးတုန်းက ပျော်နေပါသေးတယ်။

 

ဖေးလုသည် သူ့ကို ဒေါသတကြီး လှမ်းကြည့်လိုက်သည်။ ခင်ဗျားကြောင့်လေ!

 

သို့သော် ပါးစပ်မှ ပြောလိုက်သည်က –

 

“ဘယ်သူမှ မလုပ်ပါဘူး… ဒီတိုင်း နည်းနည်း အားကုန်သလို ခံစားရလို့”

 

“…”

 

မုရှို့သည် ဖေးလု၏ မျက်ကွင်းညိုနေသည်ကို ကြည့်ပြီး တိတ်ဆိတ်သွားသည်။ ဒီရက်ပိုင်း ညဘက် လေ့ကျင့်ခန်း လုပ်တာ နည်းနည်း များသွားသလားလို့…

 

********

 

ဆေးရုံတွင် နှစ်ပတ်နီးပါး နေပြီးနောက် မုရှို့၏ ဒဏ်ရာသည် အနာဖေးတက်ကာ ကျက်စပြုလာပြီ ဖြစ်သည်။ သို့သော် ဒဏ်ရာက နက်ပြီး ရှည်လျားသဖြင့် အနာဖေး တက်နေသော်လည်း အားမစိုက်ရသေးပေ။ မဟုတ်လျှင် ဒဏ်ရာ ပြန်ကွဲသွားနိုင်သည်။

 

ဖေးလုသည် လူနာခန်းထဲမှ ပစ္စည်းများကို သိမ်းဆည်းပြီး မုရှို့နောက်မှ နွမ်းနယ်စွာ လိုက်ပါလာခဲ့သည်။ သူ့မျက်နှာတွင် “ကျောက်ကပ် အားနည်းနေပြီ (မောပန်းနေပြီ)” ဟု ရေးထားသော်လည်း မုရှို့ကမူ တက်ကြွလန်းဆန်းနေပြီး ဖေးလု၏ အိတ်များကိုပင် ကူသယ်ပေးချင်နေသေးသည်။ ဖေးလု အမြန် ရှောင်လိုက်လို့သာ၊ မဟုတ်လျှင် အိတ်တွေပါ အလုခံလိုက်ရပြီ ဖြစ်သည်။

 

နှစ်ယောက်သားသည် သတင်းထောက်များကို ရှောင်ကွင်းပြီး အိမ်သို့ ပြန်ရောက်လာကြသည်။

 

မုရှို့ ဆေးရုံက ဆင်းမည်ဆိုသဖြင့် သန့်ရှင်းရေး ဝန်ဆောင်မှုက ကြိုတင် လာရောက် သန့်ရှင်းရေး လုပ်ထားပြီး ဖြစ်သည်။ မုရှို့၏ ရောဂါအခြေအနေကြောင့် တစ်အိမ်လုံးကို ပိုးသတ်ထားသဖြင့် အိမ်ထဲတွင် ပိုးသတ်ဆေးနံ့ သင်းသင်းလေး ရနေသည်။

 

အိတ်ထဲမှ ပစ္စည်းများကို နေရာချပြီးသည်နှင့် ဖေးလုသည် အလုပ်စလုပ်ရတော့သည်။ မုရှို့သည် သွေးထွက်လွန်ထားသဖြင့် အားရှိတာတွေ ကျွေးရမည်ဟု ချူးဟုန်က မှာထားသည်။ မုရှို့၏ ဟင်းချက်လက်ရာကို သူသိပြီးသားမို့ မုရှို့ချက်တာကို မစားရဲသလို၊ သူများချက်တာကိုလည်း မုရှို့က မစားချင်သဖြင့် ဖေးလုသာ ကိုယ်တိုင် ဝင်ချက်ရတော့သည်။

 

အိမ်အကူက ဟင်းချက်စရာများကို ရေခဲသေတ္တာထဲတွင် ကြိုဝယ်ထည့်ပေးထားသည်။ ဖေးလု မှာထားသည့် ကြက်တစ်ကောင်ကိုလည်း သန့်စင်ပြီးသား အသင့်အနေအထားဖြင့် ထည့်ပေးထားသည်။

 

ဖေးလုသည် ကြက်ကို ထုတ်ပြီး ရေနွေးဖြင့် တစ်ကြိမ် ဆေးလိုက်သည်။ ပြီးနောက် ကြက်ဗိုက်ထဲသို့ စွံပလွံသီး၊ ဂျင်း စသည့် ဆေးဖက်ဝင်ပစ္စည်းများကို ထည့်ကာ မြေအိုးထဲတွင် မီးအေးအေးဖြင့် ပေါင်းထားလိုက်သည်။

 

ဟင်းရည်အိုး တည်ပြီးနောက် ထမင်းပေါင်းအိုးထဲသို့ ဆန်ဆေးထည့်ပြီး တည်လိုက်ပြန်သည်။

 

မုရှို့သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ဖေးလုကို မှန်ချပ်များကြားမှတဆင့် လှမ်းကြည့်နေသည်။ ဖေးလု၏ ပုံရိပ်သည် ပါးလွှာသော ပိတ်သားစလေး တစ်ခု ခြားထားသကဲ့သို့ ဝေဝါးနေသော်လည်း မုရှို့၏ နှလုံးသားကို ယားယံလာစေသည်။

 

ဖေးလုသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေလေသည်။ ကြက်ပေါင်းရည်က ညစာစားချိန်မှ ကျက်မည် ဖြစ်သဖြင့် ဟင်းပွဲ ၃ ပွဲကို အမြန် ကြော်လှော်လိုက်သည်။ မုရှို့၏ အကြိုက်ကို ထည့်စဉ်းစားပြီး အရသာ မပြင်းအောင် ချက်ပြုတ်လိုက်ရာ ခဏအတွင်း ဟင်းပွဲ ၃ ပွဲ ရရှိသွားသည်။

 

မုရှို့သည် ဆိုဖာပေါ်တွင် မလှုပ်မယှက် ထိုင်နေသော်လည်း မျက်လုံးများကမူ ဖေးလု၏ လှုပ်ရှားမှုနောက်သို့ တကောက်ကောက် လိုက်နေသည်။

 

“ရပြီ… ခင်ဗျား ပါးစပ်နဲ့ တည့်မတည့် မြည်းကြည့်လိုက်ဦး”

 

ဖေးလုသည် တူကို မုရှို့အား ကမ်းပေးလိုက်ပြီး မုရှို့၏ တုံ့ပြန်မှုကို အကဲခတ်နေသည်။ ပြီးခဲ့တဲ့ တစ်ခေါက်က မုရှို့ ပြုတ်ကျွေးသော ရေလုံပြုတ် ခေါက်ဆွဲသည် သူ့ဘဝတွင် မမေ့နိုင်စရာ အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့သည်။ အခုထိ ပြန်တွေးလိုက်တိုင်း ပါးစပ်ထဲ ဂျုံနံ့ကြီး ရနေသလို ခံစားရတုန်းပင်။

 

သူ မုရှို့ရဲ့လက်ရာကို နောက်တစ်ခါ ထပ်မစားချင်တော့ပေ။

 

မုရှို့သည် တူကို လှမ်းယူလိုက်ပြီး စားပွဲပေါ်မှ ဟင်း ၃ ပွဲကို တွန့်ဆုတ်စွာ ကြည့်လိုက်သည်။ တူကို ကိုင်ထားသော သူ့လက်များမှာ တင်းကျပ်သွားသည်။ သူသည် အသက်ပြင်းပြင်း ရှူကာ ဟင်းရွက်ကြော် တစ်ဖတ်ကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

 

ဖေးလု၏ လက်ရာက မဆိုးပေ။ ရိုးရှင်းသော ဟင်းရွက်ကြော် ဖြစ်သော်လည်း အရသာ ထူးကဲနေသည်။

 

သင်းပျံ့သော အရသာသည် ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။ ဟင်းရွက်၏ မူလ ချိုမြသော အရသာကို မပျက်စေရန် ဖေးလုသည် ဆီနှင့် ဆား အနည်းငယ်၊ ကြက်သွန်ဖြူ နှစ်မွှာလောက်သာ သုံးပြီး ကြော်ထားခြင်း ဖြစ်သည်။

 

တစ်လုပ်စားပြီးနောက် နှစ်လုပ်၊ သုံးလုပ်…

 

မုရှို့က တကယ် ဗိုက်ဆာနေပုံ ရသည်။သူက တူကို မရပ်မနား လှုပ်ရှားရင်း ဟင်းတစ်ပွဲလုံးကို ခဏလေးအတွင်း ကုန်သွားစေတော့သည်။ ဖေးလုသည် ပန်းကန်ကို ကိုင်ပြီး ထမင်းထပ်ထည့်နေသော မုရှို့ကို အံ့သြစွာ ကြည့်နေမိသည်။

 

“ခင်ဗျား ဗိုက်အောင့်နေဦးမယ်”

 

မုရှို့က ခေါင်းညိတ်ပြလိုက်ပြီး တည်ငြိမ်စွာ ပြောလေသည်။

 

“အခုမှ ၇၀ ရာခိုင်နှုန်းလောက်ပဲ ဝသေးတယ်”

 

ဖေးလု : “…”

အရင်တုန်းက ခင်ဗျား ထမင်းငတ်နေတာလား?

 

ဖေးလု ဘယ်လိုပဲ တွေးတွေး၊ နောက်ဆုံးတွင် မုရှို့သည် ဟင်းများနှင့် ထမင်းများကို ကုန်စင်အောင် စားသောက်လိုက်လေသည်။ ဖေးလုသည် အံ့သြသွားသလို ဂုဏ်လည်း ယူသွားမိသည်။ သူသည် မုရှို့၏ ဆံပင်တိုတိုလေးများကို ပွတ်သပ်ပေးလိုက်ပြီး သနားကြင်နာစွာ ပြောလိုက်သည်။

 

“နောက်ဆို ကျွန်တော်ပဲ ချက်ကျွေးမယ်”

 

မုရှို့သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများလည်း အရောင်တောက်လာသည်။ ဗိုက်ဝသွားပြီးနောက် လက်သည်းများကို ဝှက်ထားလိုက်သော ဝံပုလွေတစ်ကောင်ကဲ့သို့ပင်။

 

……

 

ဖေးလုသည် ဆုံးဖြတ်ချက် ချလိုက်သည်။ နောက်နောင် မုရှို့ကို မီးဖိုချောင်ထဲ ပေးမဝင်တော့ဘဲ သူကိုယ်တိုင်သာ ချက်ပြုတ်တော့မည်ဟုပင်။ ညစာစားချိန် ရောက်သောအခါ မြေအိုးထဲမှ ကြက်သားသည် နူးအိနေပြီး မွှေးကြိုင်သော အနံ့များသည် အိမ်တစ်ခုလုံး ပျံ့နှံ့နေသည်။

 

ဖေးလုသည် မီးပလပ်ကို ဖြုတ်လိုက်ပြီး ကြက်သားကို ဓားဖြင့် ခွဲလိုက်ရာ အတွင်း၌ ဟင်းရည်များ စိမ့်ဝင်ပြီး ပွနေသော စွံပလွံသီးများ ထွက်ကျလာသည်။ ဖေးလုသည် ကြက်တစ်ခြမ်းနှင့် ဟင်းရည်ကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။

 

ထမင်းစားပွဲတွင် မုရှို့သည် အဆင်သင့် ထိုင်စောင့်နေပြီ ဖြစ်သည်။ ဖေးလု ဟင်းရည်ပန်းကန်ကို ကိုင်ပြီး ထွက်လာသည်ကို မြင်သောအခါ သူ့မျက်လုံးများ အရောင်တောက်သွားပြီး လျှာထွက်မလာရုံ တမယ်ပင်။ ဖေးလုသည် မုရှို့၏ ပုံစံကို ကြည့်ပြီး ရယ်ချင်စိတ်ကို မနည်း အောင့်ထားရသည်။

 

နှစ်ယောက်သား ကြက်ပေါင်းရည် တစ်ပန်းကန်စီကို ဖြည်းဖြည်းချင်း သောက်လိုက်ကြသည်။ ဟင်းရည်ထဲတွင် သွေးအားကောင်းစေသော ဆေးဖက်ဝင် ပစ္စည်းများ ပါဝင်သဖြင့် ပူပူနွေးနွေး ဟင်းရည်ကို သောက်ပြီးသောအခါ နှစ်ယောက်သား၏ မျက်နှာများသည် ပန်းရောင်သမ်းလာကြသည်။

 

ထမင်းစားပြီးနောက် အိမ်ထဲတွင် လမ်းလျှောက် အကြောလျှော့၊ တီဗီစီးရီး နှစ်ပိုင်းလောက် ကြည့်ပြီးချိန်တွင် အိပ်ချိန် ရောက်လာတော့သည်။

 

မုရှို့သည် ရေချိုးပြီးနောက် လန်းဆန်းသွားပြီး ရေချိုးသဘက် ပတ်လျက်သားဖြင့် ဖေးလုကို အတူအိပ်ရန် ဖိတ်ခေါ်လေသည်။

 

ဖေးလုသည် ရက်စက်စွာ ငြင်းပယ်လိုက်ပြီး ဧည့်သည်အိပ်ခန်းဆီသို့ ထွက်လာခဲ့သည်။ ဧည့်သည်အိပ်ခန်းရဲ့တံခါး က ပိတ်နေသဖြင့် လက်ကိုင်ကို လှည့်လိုက်သည်။

 

… မပွင့်ဘူး။

 

ထပ်လှည့်ကြည့်တယ်… မပွင့်ဘူး။

 

ဖေးလု ခေါင်းလှည့်ပြီး မုရှို့ကို မေးလိုက်သည်။

 

“သော့ရော?”

 

မုရှို့သည် အလွန် ရိုးသားဖြောင့်မတ်သော ပုံစံဖြင့် မုသားစကား ပြောလိုက်သည်။

 

“သော့ပျက်နေတယ်… ဖွင့်လို့မရဘူး”

 

ဖေးလု : “……”

 

မုရှို့၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး တံခါးဝမှ ဖယ်ပေးကာ ဖေးလုကို ဖိတ်ခေါ်လိုက်သည်။

 

“အတူတူ အိပ်မယ်လေ?”

 

ဖေးလု ပြုံးလိုက်သည်။ ဟန်ဆောင်ကောင်းလွန်းသော ထိုမျက်နှာဖုံးကို ဆွဲခွာပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာတော့သည်။

 

နောက်ဆုံးတွင် မုရှို့သည် ဖေးလုကို သူ့အိပ်ရာပေါ်သို့ အောင်မြင်စွာ ခေါ်ဆောင်သွားနိုင်ခဲ့ပြီး ပျော့အိအိ ခန္ဓာကိုယ်လေးကို ဖက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။

 

——

 

နောက်ထပ် တစ်ပတ် ကုန်လွန်သွားပြန်သည်။

 

မုရှို့၏ ဒဏ်ရာသည် သွေးမထွက်တော့ပေ။ ခါးတွင် ရုပ်ဆိုးသော အမာရွတ်တစ်ခု ကျန်ရှိနေခြင်းနှင့် လှုပ်ရှားမှု ပြင်းပြင်းထန်ထန် မလုပ်ရခြင်းမှ လွဲ၍ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ပြီ ဖြစ်သည်။

 

အိမ်ထဲတွင် အောင်းနေရသော တစ်ပတ်အတွင်း ဖေးလု၏ အာဟာရပြည့် ဟင်းရည်များကြောင့် မုရှို့၏ မျက်နှာသည် သွေးရောင်လွှမ်းပြီး ကျန်းမာနေသည်။ ခါးက ဒဏ်ရာသာ မရှိလျှင် လူနာမဟုတ်ဘဲ အပန်းဖြေခရီး ထွက်ပြီး ပြန်လာသူဟုပင် ထင်မှတ်ရပေမည်။

 

မုရှို့သည် မှန်ရှေ့တွင် ရပ်ပြီး အင်္ကျီကော်လာကို ပြင်နေသည်။ ပျောက်ကွယ်နေသည်မှာ တစ်လနီးပါး ရှိပြီ ဖြစ်သဖြင့် ကုမ္ပဏီသို့ သွားရောက် မျက်နှာပြရတော့မည်။ ချူးဟုန်ကလည်း ဖုန်းဆက်ထားသည်။ သူသာ ထပ်ပြီး ပေါ်မလာလျှင် ကုမ္ပဏီက လူတွေ အိမ်အထိ လိုက်လာကြတော့မည်။

 

အိမ်သည် သူ၏ကိုယ်ပိုင် သီးသန့်နယ်မြေ ဖြစ်သဖြင့် မသက်ဆိုင်သူများ ဝင်ရောက်လာမည်ကို သူ မလိုလားပေ။

 

ဖေးလုသည် မုရှို့၏ ကျောဘက်မှ အင်္ကျီတွန့်နေသည်များကို သေချာ ဖြောင့်ပေးလိုက်သည်။ မုရှို့၏ ဘာဝတ်ဝတ် လှနေသော ခန္ဓာကိုယ်ကို သူ အားကျမိသည်။

 

“ရပြီ”

 

မုရှို့သည် မှန်ထဲမှတဆင့် ဖေးလုကို ပြုံးပြီး ကြည့်လိုက်သည်။ ဒီနေ့ အပြင်သွားမည် ဖြစ်သဖြင့် ဖေးလုလည်း သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ အဖြူရောင် ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို တွဲဖက် ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း စတိုင်ကျကျ ပြုပြင်ထားသဖြင့် ပြည့်ဖြိုးသော နဖူးပြင်နှင့် နူးညံ့သော မျက်နှာသွင်ပြင်သည် ပေါ်လွင်နေသည်။

 

ကြည့်ရသည်မှာ တော်တော်လေး ရင့်ကျက်သွားသည့်ပုံပင်။

 

မုရှို့သည် မှန်ထဲမှတဆင့် ဖေးလုကို အကဲခတ်နေသည်။ ဖေးလုသည် သူ့ထက် ခေါင်းတစ်လုံး ပိုပုသည်။ သူတို့နှစ်ဦး၏ အဝတ်အစား အရောင်များသည် လိုက်ဖက်ညီနေပြီး ယှဉ်ရပ်လိုက်သောအခါ အလွန် ကြည့်ကောင်းနေလေသည်။

 

Chapter 54 ended

 

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset