Little Creampie:
Chapter 53
ပြန်အိပ်ပျော်သွားပြီးချိန် ရှရှင်းချီ နိုးလာခဲ့ကာ သတ္တုချေးများဖြင့် ဟောင်းနေသည့် ရှေးကျသော အမိုးအား ကြက်သေသေကာ စိုက်ကြည့်နေပြီး လက်လှမ်းမိရာ သူ့ဘေး မည်သူမျှ မရှိကြောင်း တွေ့လိုက်ရသည်။ အိပ်ရာကပင် အေးစက်နေ၏။
မနေ့ညက သူတို့ ကိစ္စများအားရှင်းလင်းခဲ့ကြချိန် အငြင်းပွါးခဲ့ခြင်းနှင့် အသေအကြေတိုက်ပွဲအား တွေးလိုက်ရာ လီချန်ယွမ် အလျင်အမြန် ထွက်သွားမည်အား စိတ်ကူးကြည့်ရန် မဖြစ်နိုင်သည် မဟုတ်ပေ။
ရွှေ နှင့် ကျောက်စိမ်းကဲ့သို့ အဖိုးတန်သည့် သူဌေးက အစားထိုးခံလေးအား ဆင်းရဲဒုက္ခများကို ခံနိုင်ရန် အဖော်ပြုရန် လာသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ လီချန်ယွမ်က ဖြတ်လျှောက် အမြှောက်စာလေးထံ သူ့သရုပ်မှန်ကို ဖော်ထုတ်ပြမိလိုက်သဖြင့် သေလောက်အောင် နောင်တရနေလောက်မည်။ အခုတော့ တစ်ကမ္ဘာလုံးက လူများမှာ အမြဲ လူရှေ့သူရှေ့ သိုသိုသိပ်သိပ်နေလာခဲ့သော ယောင်္ကျားနတ်ဘုရားက ဘယ်လိုလဲဆိုတာကို သိနေခဲ့ပြီ။
ရှရှင်းချီ သက်ပြင်းချလိုက်၏။ လောလောဆယ် သူ့ကို အိပ်ရာမှ ထရန် တိုက်တွန်းနေသည်အား မတွေ့ရာ ခေါင်းအုံးအောက်မှ သူ့ဖုန်းကို ထုတ်လိုက်ပြီး Weiboကို သာမန်ကာလျှံကာကြည့်လိုက်သည်၊ မနေ့က ရှိုးကြောင့် ဘယ်လိုဖြစ်သွားလဲ သိချင်၍ပင်။
တစ်ချိန်တည်းမှာပင် သူရေညစ်ထဲဆွဲချခံရမလားနှင့် လီချန်ယွမ်၏ အသည်းတစ်ခြမ်းအဖြစ် သံသယဝင်ခံရမလား စိတ်ပူမိသည်။
သူ hot search listအား ဖွင့်လိုက်ရာ # လီချန်ယွမ်၏ ချစ်သူ ဘယ်သူဖြစ်ကြောင်း အဖော်ခံရတော့မှာ သံသရှိ # က ရုတ်တရက် မြင်ကွင်းထဲ ရောက်လာ၏။
ရှရှင်းချီ ထိတ်လန့်သွားလွန်း၍ သူ့ဆံဖျားများ ထောင်နေသည်။ သူ လက်တုန်တုန်နှင့် အဲ့ပေါ် မြန်မြန် နှိပ်ကြည့်လိုက်လေ၏။
ဝေးလံခေါင်ပါးသော ကျေးလက်တောင်တန်းရွာရှိ အင်တာနက်မှာ မကောင်းကာ ခက်ခက်ခဲခဲ အဝိုင်း လည်နေသည်နှင့် သူ့နှလုံးများလည်း သွေးရူးသွေးတန်း ခုန်နေခဲ့သည်။
ရှရှင်းချီ၏ ခေါင်းထဲသို့ အတွေးပေါင်းစုံ လက်လာခဲ့ကာ အများဆုံးတစ်ခုမှာ “ဘုရားရေ! ဘယ်လိုတောင် ဆုံးရှုံးမှုကြီးပါလိမ့်!” ဟုပင်။
သူ့တွင် လစာ တစ်သန်းနှင့် သူ့အနုပညာဝင်ငွေကို ထိခိုက်မှုမရှိအောင် ဘဏ္ဍာရေးအခြေအနေကောင်းပြီး Public Relations ကိုကောင်းစွာ ကိုင်တွယ်နိုင်ခဲ့လျှင်၊ သူအလုပ်ရှင် တောင်းဆိုသည့် တရားဝင်ကြေညာချက်တစ်ခုပေးဖို့ကို စဉ်းစားနိုင်ဦးမည်။
သို့သော် အခု သူ့တွင် ပိုက်ဆံရော အလုပ်ပါ မရှိတော့ဘူးလေ၊ သူ့အချစ်ရေးက ဖော်ထုတ်ခံစရာ လိုသေးလို့လား။
ရှရှင်းချီ ခဲဖြူရောင် loading screenအား တို့လိုက်ကာ သူ လီချန်ယွမ်အား အရူးဟု မနေ့ညက ခေါ်ခဲ့သောကြောင့် သူ တမင် ပြန် လက်စားချေနေသလားလို့ သံသယဝင်နေမိသည်။
မဟုတ်လျှင် လူဝင်စွက်ဖက်ခြင်းမပါဘဲ ဒီentryက ထိုမျှ အမြင့်နေရာထိ ဘာလို့ တက်သွားလိမ့်မလဲ။
သူ ဒါကို တွေးနေတုန်းမှာပဲ ပုံက နောက်ဆုံးတော့ အောင်မြင်စွာ အဝိုင်းလည်လို့ ပြီးသွားလေကာ ရှရှင်းချီ အဲ့ပေါ် မြန်မြန် နှိပ်ကြည့်လိုက်ရာ –
ပုံထဲက လူမှာ သူမဟုတ်ကြောင်းကိုသာ တွေ့လိုက်ရ၏!
အဲ့ဒါမှာ ဝါးတားတား တဲ့တိုးရိုက်ချက်သာ ဖြစ်သော်လည်း သူ့ကိုယ်သူ မှတ်မိရန် လွယ်ကူသေးသည်။
ပုံထဲ၌ သူနှင့် အရွယ်တူရှိသည့်သူတစ်ယောက်ရှိကာ သူ့ဘေးမှသူနှင့် လက်ချင်းချိတ်ကာ သူ့အား တရင်းတနှီး မှီထားလေ၏။
ဓါတ်ပုံကွာလတီမှာ အနည်းငယ်ဝါးသော် တစ်ဖက်လူ၏ ဘေးတိုက်ပုံကိုသာ မြင်နိုင်သည်၊ သို့သော် ရှရှင်းချီကတောင် သူက လီချန်ယွမ်နှင့်တူသည်ဟု တကယ်ကြီး ထင်မိသည်။
သူ ကြက်သေသေနေမိ၏။ အဲ့ခွေးကောင်က သူ့စိတ်ထဲမှာ လရောင်ဖြူပဲ ရှိတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်များ တခြားသူကို ဒီလို သူ့ဘေး ကပ်စေနိုင်ရတာပါလိမ့်။
[Damn! အဲ့ဒါဆို ဥက္ကဌလီရဲ့ ချစ်သူက တကယ်ကြီး ယောင်္ကျားလေးပေါ့? ငါ အဲ့အကြောင်းကို အစက မယုံခဲ့ဘူး။]
[ဘယ်တစ်ယောက်လဲ? ဘယ်တစ်ယောက်လဲ? လိင်ကို တိတိကျကျပြောနိုင်ဖို့ဆိုတာ ကြည့်ရသလောက် ဒီလူတစ်ခုခုသိပုံရပုံပဲနော်။ တခြားဘာကြောင့်များ ဒီလူက အများကြီး အာရုံစိုက်ခံရမလဲ။]
[တစ်ဖက်လူက ချမ်းသာတဲ့မိသားစုက သခင်ငယ်လေးလို့လည်း ပြောကြတယ် ပြီးတော့ ချစ်သူမဟုတ်ဘူး စေ့စပ်ထားတဲ့သူတဲ့လေ လက်ထပ်တော့မယ့်လူမျိုး။]
[Ahhh! မစ္စတာလီက လက်ခလယ်မှာ လက်စွပ်ဝတ်ထားမှန်း ငါမနေ့က တွေ့ခဲ့ရတယ်၊ အမျိုးသားနတ်ဘုရားရဲ့ လက်က အရမ်းလှတာပဲ၊ အဲ့ဒါဆို ဒါက စေ့စပ်လက်စွပ်လား?!”
[သတင်းကို ပြောပြလိုက်တဲ့ တရားဟောသမားက ချက်ကောင်းကို ဆော်တာပဲကွ။ လိင်က ယောင်္ကျားလေး ပြီးတော့ သူတို့က စေ့စပ်ထားသူတွေ……သူတို့ ဒီလောက် ကောက်ချက်ချနေပုံထောက်ရင် ‘ချမ်းသာတဲ့မိသားစုက သခင်ငယ်လေး’ ဆိုတာ မှန်လို့ပဲ ဖြစ်ရမယ်။]
[ဒီ reality show ထဲမှာ ချမ်းသာတဲ့ မိသားစုက သခင်ငယ်လေးက တစ်ယောက်ပဲ ရှိတယ်၊ အဲ့ဒါဆို အခြေအနေတွေက နည်းနည်း ရှင်းနေပြီ။ အဲ့ဒါ ရှယွီ ပဲ ဖြစ်မယ်။]
[ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်! အဲ့ဒါ ရှယွီမှန်း ငါသိသားပဲ!!!! ငါတို့မိသားစုက အရမ်းshipကြကြောင်း ပြောခဲ့တဲ့သူတွေရေ မင်းတို့မှားကြောင်း သက်သေပြခံလိုက်ရပြီ~ ရယ်ရင်း သေပြီ~ မစ္စတာလီနဲ့ ရှယွီက အစစ်အမှန်ပဲ!]
ဒါကို မြင်သော် ရှရှင်းချီ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ကာ ဓါတ်ပုံအား သွားပြန်ကြည့်မိသည်……အဲ့လူမှာ တကယ်ပင် ရှယွီ ဖြစ်ဟန်တူ၏။
အဲ့ဒါမှာ လီချန်ယွမ်၏ လရောင်ဖြူ အစစ်ဖြစ်ခဲ့လျှင် ကိစ္စမရှိပေ၊ သို့သော် တစ်ဖက်လူမှာ ရှယွီဖြစ်နေလျှင် သူ့အား ဒီလိုပေးကပ်ဖို့ဆို လီချန်ယွမ်က စိတ်လွတ်နေတာပဲ ဖြစ်လိမ့်မည်။
မနေ့တုန်းက သူဟာ ရှယွီအား ရွံရှာမုန်းတီးစွာဖြင့် အဝေးသို့ သွားရန် ပြောခဲ့လေ၏။ ဒီနေ့ သူရုတ်တရက်ကြီး ဘယ်လိုလုပ် ရှယွီနဲ့ ချစ်ကျွမ်းဝင်သွားပြီး နေရာမှာတင် သူနဲ့ ဓါတ်ပုံရိုက်ခံမည်နည်း။
ထိုလူမှာ လီချန်ယွမ် မဖြစ်နိုင်ကြောင်း ရှရှင်းချီ သံသယဝင်မိသော်လည်း ဘဝပေါင်းစုံမှ ဖရဲသီးစားကြသူတို့မှာ အတွင်းရေးဇာတ်လမ်းအား သိသိသာသာ မသိကြပေ။
ထို့ကြောင့် သူ အကြောင်းအရင်းမရှိ ရေထဲဆွဲချခံရသည်အား အကူအကယ်မဲ့စွာ ကြည့်နေရုံကလွဲ မတတ်နိုင်ခဲ့။ မနေ့ကရဲ့ live broadcast မှာ water armyများ၏ မလိုတမာ လမ်းညွှန်ချက်နှင့် editingတို့ကြောင့် အလွန် လက်ခံနိုင်ဖွယ်မရှိ ဖြစ်သွား၏။
[အဲ့တော့ ဥက္ကဌလီ နဲ့ ရှယွီက တကယ်ကြီး အတွဲပေါ့? အဲ့ဒါဆို မနေ့က ရှရှင်းချီ fanတွေက ဘာလုပ်နေခဲ့တာလဲ? ဒါ မျက်ခွက်ကို ဖြတ်ရိုက်တာလား?]
[ဘုရားရေ၊ ဘာလို့ ရှရှင်းချီက အတော် အရှက်မရှိရတာလဲ? အတွဲငယ်လေးက ငန်းဥကောက်ဖို့ အတူထွက်သွားချိန် သူဘာထပ်လုပ်ခဲ့လဲ? သူ တမင် မစ္စတာလီ သူ့ကို ကာကွယ်ဖို့စောင့်နေပြီး ရှယွီကို ဒေါသတကြီး ဆဲဆိုခဲ့တာ။ ဘယ်လိုတောင် ကျားကျားမီးယပ်သဘောထားတဲ့ ယောင်္ကျား မယားငယ်ပါလိမ့်။]
[သောက်ကျိုးနည်း၊ သူ မနေ့က လီချန်ယွမ်နဲ့ ဘယ်လိုလုပ်ပြီး အိပ်ရဲရတာလဲ? စုံတွဲက သံသယအဝင်ခံရမှာစိုးလို့ ရှောင်နေတာကို၊ ရှရှင်းချီက တကယ် psychoပဲ နော်?]
[မင်းတို့တွေကသာ psychoတွေ! Original broadcast ကို မကြည့်ဘဲ ဖြတ်ညှပ်ကပ်ထားတဲ့ clipတွေကိုပဲကြည့်ပြီး မျက်ကန်းလို ကောမန့်မန့်နေကြတယ်? အဲ့လို လုံးဝဖြစ်ခဲ့တာ မဟုတ်နေဘူး!]
[ငန်းဥကောက်တဲ့ တာဝန်က ရှယွီ ချပေးထားတာ။ လီချန်ယွမ်က မီးဖိုချောင်ထဲ ဝင်ကူဖို့ လက်ဦးမှုယူခဲ့ပြီး “ရှရှင်းချီ မင်း ငါနဲ့ လာအိပ်” လို့ ပြောခဲ့တာ။ အားလုံးသိလိမ့်မယ်လို့ မျှော်လင့်ပါတယ် (ပဲသီးလေး ချွေးထွက်နေ.jpg)]
[တကယ်? တကယ်? အဲ့ဒါ ရှရှင်းချီနဲ့ မဆိုင်ဘဲ မင်းပြောချင်တာက လီချန်ယွမ်က လက်ဦးမှုယူခဲ့တယ်ပေါ့? မစ္စတာလီရဲ့ တန်ဖိုးကိုတောင် မကြည့်နဲ့၊ ရှယွီက ချမ်းသာပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်ပြီး လူသိများတယ်။ မင်း idolက ဘာလဲ?]
. . . . . .
ရှရှင်းချီ မျက်မှောင်ကြုတ်လိုက်၏။ အခြေအနေမှာ “မစ္စ လီ” ဆိုတဲ့ ရာထူး အဖော်ခံလိုက်ရပြီး လီချန်ယွမ်ရဲ့ fanတွေဆီကနေ အရှင်လတ်လတ် အစားခံလိုက်ရတော့မလိုဖြစ်တုန်းကထက် ကြောက်စရာကောင်းနေ၏။ အခု အဲ့ဒါဟာ တစ်ခဏအတွင်း အပျော်မယားဇာတ်လမ်း ဖြစ်သွားရပြီ။
သူ့လို မယားငယ်တစ်ယောက် ပါလာတဲ့အခါမှာတော့ မစ္စတာလီ ရဲ့ရူးသွပ်တဲ့ ချစ်သူပရိတ်သတ်များ၏ ရန်တို့ဟာ “ပထမမိန်းမ” ဖြစ်တဲ့ ရှယွီ ထံကိုပဲ လုံးလုံး မဦးတည်ပဲ မယားဇာတ်သွင်းခံရတဲ့ သူ့ကိုပစ်မှတ်ထားခဲ့ကြလေသည်။
ရှရှင်းချီ အသက်ပြင်းပြင်း ရှူလိုက်၏။ လက်တုံ့ပြန်ရမှကြိုက်သည့် ရက်စက်ကြမ်းကြုတ်သည့် ဇာတ်လိုက်၏ ရွံရှာဖွယ် စရိုက်အား သူ အထင်သေးခဲ့မိသည်။
မနေ့က ရှယွီမှာ အကြပ်ရိုက်ခဲ့ကာ ရှက်သွားခဲ့ရ၏။ ထို့ကြောင့် သူ ဒီနေ့ အတိုးချလျက် လက်စားလာချေလေပြီ။
ဒီကိစ္စအား ဆွပေးသူမှာ ရှယွီ သာ ဖြစ်ရမည်။ ဘယ်လိုဖြစ်ဖြစ် ဒီအပူက အလကားမဖြစ်ပါ။ အဆုံး၌ သူ မျက်နှာဖုံး ချွတ်ခံရလျှင်တောင် သူကိုယ်တိုင်က တစ်စိတ်တစ်ပိုင်းအဖြစ် ဝင်မပါခဲ့၍ အရှုံးကြီး မရှိပေ။
သူက အပြစ်ကင်းကာ အထင်လွဲခံရသည့် အစွန်းအထင်းမရှိ ကြာပန်းဖြူလေးသာ ဖြစ်လိမ့်ဦးမည်ဖြစ်ကာ ချစ်ဖို့ကောင်းပြီး သနားစရာ နစ်နာသူလေးအဖြစ် အမြင်ခံရပါလိမ့်မည်။
သို့သော် အဲ့အကြောင်းအား သေချာတွေးပြီးချိန် ရှရှင်ချီမှာ တစ်ခုခုမှားနေမှန်း ခံစားနေရသေးသည်။
ရှယွီက ငတုံးဖြစ်သော်လည်း သူ့တွင် အင်အားကြီး “စစ်ရေး အကြံပေး” မန်နေဂျာ ရှိ၏။ အရင်တစ်ခေါက်က black searchမှာ သိသိသာသာပင် ဖုန်းယင်းရွှီအား ရှောင်ရန် အလောတကြီးလုပ်ပြီး ကားအားမှောက်စေသလိုဖြစ်သွားတာကြောင့် ဖြစ်၏။
အဲ့ဒါဆို ဒီတစ်ခေါက် ဘာဖြစ်သွားမှာလဲ။ လက်စားချေဖို့အတွက်နဲ့ ဖုန်းယင်းရွှီက သူ့ကို တုံးအပြီး အဓိပ္ပါယ်မရှိ ခွင့်ပြုပေးထားတာလား။ ဒါမှမဟုတ် ဒီထက်ပိုကြီးတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်ချက် ရှိသေးသလား။
ရှရှင်းချီက comment areaရှိ ကျော်လွှားရန်ကြီးမားလွန်းသော စော်ကားမှုများအား အကြိမ်ရေ အနည်းငယ် ကြည့်လိုက်သည်။ သိသိသာသာကို သူတို့က အရင်တစ်ခေါက် ထက် ပို၍ ဆိုးရွားကာ ထိခိုက်နစ်နာစေ၏။
“အပျော်မယား” ကပင် လူ့ကျင့်ဝတ်၏ အောက်ခြေစည်းအား အတော် ဖောက်ဖျက်နေပြီဖြစ်သည်။ ထပ်လောင်းအနေဖြင့် ရှယွီရဲ့ fanများဖြင့် အသစ်နှင့် အဟောင်း အာဃာတများ ရှိနေခဲ့ကာ လီချန်ယွမ်၏ အင်အားကြီး fanများကလည်း တိုက်ပွဲ၌ ပါဝင်လာကြ၏။
ဆူဝေနေသည့် ၁၈ဆက်သော ဘိုးဘေးများအား နှုတ်ခွန်းဆက်ပါသည်။ သူတို့က ခေါင်းအစ ခြေအဆုံး ဝေဖန်နိုင်ကြကာ ဆက်စပ်စဉ်းစားရမည့်အကြောင်းအရာများ မပါတာတောင် ဆိုးရွားသည့် cutအစုံနှင့် photoshop ပုံတို့အား လုပ်နိုင်ကြပေသည်……
ရှရှင်းချီ မျက်မှောင်ကြုတ်လိုက်ကာ Weiboအား ဒုတိယအကြိမ် ထပ်မကြည့်ဘဲ ပိတ်လိုက်တော့၏။
Chapter 53 ended