[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Arc-8 Chapter 3
ချူးဝမ့် ၏ စကားများသည် ပေါ့ပေါ့ပါးပါးနှင့် သာမန်ဆန်သော်လည်း တာဝန်ကျ သူနာပြုဆရာမလေးသည် သူမ၏ ဝိညာဉ် လွင့်သွားတော့မည်ဟု ခံစားလိုက်ရသည်။
သေနတ်ဒဏ်ရာတစ်ခု?
သွေးတွေ အများကြီး ?
ပြီးတော့ သူ ပြုံးနိုင်တုန်းပဲလား?
သူနာပြုဆရာမလေးသည် တိတ်တဆိတ် စိတ်ထဲတွင် အော်ဟစ်ကာ တုန်လှုပ်နေ၏။
“ခဏနော်… ကျွန်မ ဆရာဝန်သွားခေါ်လိုက်မယ်”
ဒီbig shotကြီးတွေက သေနတ်တွေကို ဆွဲထုတ်ပြီး သူမကိုချိန်လာကာ
“ဆောရီး မင်း သိနေတာ တအားများနေပြီ” ဟု အေးစက်စွာပြောလာမှာ ကြောက်သောကြောင့် သူမအမြန် ဆရာဝန်ကို ခေါ်ရန် ပြေးထွက်သွားလိုက်သည်။
ထိုသို့သော အတွေးဖြင့် သူနာပြုဆရာမလေးမှာ ကြောက်လန့်သွား၏။ သူမသည် အပေါ်ထပ်သို့ အမြန်တက်ကာ ဆရာဝန်ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
” ဒေါတာထန်!
အဲ့မှာ… သေနတ်ပစ်ခံရတဲ့ လူတစ်ယောက်ရောက်လာပါတယ်။သူ့နောက်ကလည်း လူတော်တော်များများပါလာတယ်…”
သူနာပြုမလေးက တံခါးကို ခေါက်ကာ အသံတုန်တုန်ယင်ယင် နှင့်ပြောလိုက်သည်။
အခန်းတံခါးသည် ဆွဲဖွင့်ခဲ့လိုက်ရ၏။
မျက်မှန်ဘောင် မပါသော မျက်မှန်ကို တပ်ထားသော ဆရာဝန်လူငယ်လေးသည် ဂျူတီကုတ်အဖြူဝတ်ထားကာ အပြင်သို့ ခပ်သွက်သွက် လမ်းလျှောက်လာ၏။
“လူနာအတွက် ကုသမှုကို အရင်စလုပ်ပါ၊ လုံခြုံရေးဌာနကိုလည်း အကြောင်းကြား၊ ပြီးတော့ မိသားစုက ရဲကိုခေါ်ပြီးပြီလား မေးဦး။
မခေါ်ထားရသေးရင် အရေးပေါ်အခြေအနေအတွက် နံပါတ် 110 ကို ခေါ်ခိုင်းပါ။အစစအရာရာအတွက် ကြိုတင်ပြင်ဆင်ထား။”
“ဟုတ်ကဲ့!”
သူနာပြုမလေးက တုန်တုန်လှုပ်လှုပ်နဲ့ မသိမသာ ခေါင်းညိတ်လိုက်ပြီး လုပ်ငန်းစဉ်ဆက်လုပ်ဖို့ ပြေးသွားသည်။
ထန်ထန် ချဉ်းကပ်လာသည်နှင့်အမျှ အဖြူရောင်ဝတ်စုံဝတ်ထားသော လူကို အနက်ရောင်ကိုယ်ရံတော်များက ပတ်လည်ဝိုင်းကာ ကာကွယ်ထားသည်ကို တွေ့လိုက်ရ၏။ ထိုလူသည် သူ၏ဒဏ်ရာကို မထီမဲ့မြင်ပြုကာ ဖုံးအုပ်ထားသော ပဝါကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး သူ၏ အဖြူရောင်ဝတ်စုံပေါ်ရှိ ၀တ်စုံပေါ်ရှိ သွေးများသည် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ အင်္ကျီပေါ်တွင် ပျံ့နှံ့သွားသည်။
သူ့အမူအရာသည် အေးအေးဆေးဆေးပင်၊
သူ့မျက်လုံးများသည် အနည်းငယ်ကွေးညွှတ်သွားပြီး တာဝန်ခန်းတစ်ခုလုံးက သူ့ကို စိတ်ဝင်တစားနှင့် ဝိုင်းအုံကြည့်နေသည်ကို တွေ့ရ၏။
ဆွဲငင်အား ကောင်းသော သံလိုက်လိုပင်!
ချူးမိသားစုမှ အကြီးအကဲချူး သည် မာဖီးယားလောကတွင် အထွတ်အထိပ်ဖြစ်ကာ ပြည်တွင်း မှောင်ခိုစီးပွားရေးလုပ်ငန်းအားလုံးနီးပါးကို ထိန်းချုပ်ထားပြီး မာဖီးယားလောကတွင် နောက်ခံရှိသူဖြစ်၍ သူသည် မည်သူမှ လွယ်လွယ်နှင့် သွားမရှုပ်ရဲသည့်လူပင်။
တစ်ခုခုမှားယွင်းလိုက်တာနဲ့ တစ်ဖက်ကို အရည်ပျော်သွားတဲ့အထိ ဖျက်ဆီးပစ်နိုင်လေ၏။
အသက်ကြီးလာသည်နှင့်အမျှ မိသားစုစီးပွားရေးအားလုံးကို သားသုံးယောက်ထံ လွှဲပြောင်းပေးခဲ့သည်။ အသက်အကြီးဆုံးနှင့် ဒုတိယသားတို့သည် လုံး၀အသုံးမဝင်သော သားများဖြစ်ကာ၊ လောဘကြီးပြီး အသုံးဝင်တဲ့ နေရာမရှိ။ ဘာကိုမှလည်း ကျယ်ကျယ်ပြန်ပြန့် မသင်ယူထားချေ။
နောက်ဆုံးတွင်၊ ခြင်္သေ့သေသွားသောအခါ အပြင်လူများက ချူးမိသားစု၏နယ်မြေကို သိမ်းပိုက်ရန် စိတ်အားထက်သန်နေသကဲ့သို့ ချူးမိသားစု၏ တတိယမြောက်သခင်လေးသည်လည်း ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ ကျော်ကြားသော လက်နက်ရောင်းဝယ်သူအဖြစ်သို့ ပြောင်းလဲသွား၏။ ဖခင်၏ဆန္ဒကို လက်ကိုင်ထားကာ အိမ်ထောင်ဦးစီးရာထူးကို ရယူနိုင်ခဲ့ပြီး ခြင်္သေ့အလောင်းကို အပိုင်းပိုင်းကိုက်လိုသောစိတ်အားထက်သန်သူများကို စတင် ဖြေရှင်းဖို့ လုပ်ခဲ့လေသည်။
“လူနာက ဘာလို့ ခွဲစိတ်ခန်းထဲမှာ မနေရတာလဲ။”
ကြည်လင်သော ယောက်ျားအသံသည် အဝေးမှ ပဲ့တင်ထပ်ကာ အဘိုးကြီးတစ်ယောက်အသံလို ဝေဝါးနေခြင်းမျိုး မရှိချေ။
၎င်းသည် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသော ချူးဝမ့်၏ ခေါင်းကို အနည်းငယ် စောင်းသွားကာ လှည့်ကြည့်စေသည်။
အဝေးမှ ချဉ်းကပ်လာသော အမျိုးသားသည် သွယ်လျသောရုပ်သွင်ရှိပြီး မှန်ဘီလူးနောက်တွင်၊ သူ၏ ရောင်စုံမျက်ဆံများသည် တည်ငြိမ်ကာ တင်းမာမှုကင်း၏။
သူ ဖျတ်ခနဲ လှမ်းကြည့်လိုက်သောအခါ သူ့ ကုတ်အင်္ကျီဖြူ၏ထောင့်စွန်းသည် သူ၏ ခြေလှမ်းတွေနှင့်အတူ တဖျပ်ဖျပ် လွင့်နေသည် ။ ပုံပန်းသဏ္ဍာန်အရ သူသည် ငယ်ရွယ်သော ဆရာဝန်နှင့်တူ၏။
ချူးဝမ့် က သူ့ကို ပျင်းရိစွာနှင့်ပင် အသေးစိတ်လိုက်ကြည့်နေသည်။ ဆရာဝန်မှာ မြင်သူတကာကို အကြည့်မလွှဲစေနိုင်လောက်အောင် ချောမောသော မျက်နှာရှိ၏။
အိုး… ပြီးတော့ သွယ်လျသောခါး၊ခြေတံရှည်နှင့် အချိုးအစားကျသော ခန္ဓာကိုယ်ရောပဲ…
ထန်ထန်သည် အနီးကပ်ကာကွယ်နေသော သက်တော်စောင့်တွေနား ရောက်လာကာ သူတို့ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“လူနာက သွေးထွက်တာအရမ်းများနေတယ်။ အချိန်မီ မကုသဘူးဆိုရင် အူလမ်းကြောင်းအထိ သွေးယိုနိုင်တယ်။ ကျေးဇူးပြုပြီး ဘေးဖယ်ပေးကြပါ။ ဆရာဝန်အလုပ်အပေါ် အနှောက်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့…”
ချူးဝမ့်က ရူးသွပ်တတ်တဲ့သူဆိုတာ လူတိုင်းသိတဲ့အချက်ဖြစ်ပြီး၊သူ့လက်အောက်ကလူတွေသည်လည်း ချက်ချင်း ဘေးမဖယ်ရဲကြချေ။
ချူးဝမ့်ကိုယ်တိုင် လက်ဝှေ့ယမ်းကာ အဝေးသို့ ထွက်ခွာရန် လက်ပြလိုက်သောအခါမှ အနက်ရောင်ဝတ် သက်တော်စောင့်များသည် ကိုယ်ထိလက်ရောက် ပိတ်ဆို့ခြင်းကို ရပ်လိုက်ပြီး မနီးမဝေး နေရာတွင် သွားရပ်နေခဲ့သည်။
၎င်းတို့ကို လျစ်လျူရှုရင်း ထန်ထန်သည် ခြေလှမ်းအနည်းငယ် ထပ်လှမ်း၍ နီးကပ်လာကာ လူနာ၏ဝမ်းဗိုက်ရှိ ဒဏ်ရာကို စစ်ဆေးရန် ငုံ့ကြည့်လိုက်၏။
သူ့ဝတ်ထားသော အဖြူရောင်အင်္ကျီသည် ဖြူအုနေသော အသားအရည် နှင့် ပန်းနုရောင်နှုတ်ခမ်းသားကို ပိုပြီး ထင်ဟပ်စေသည်။
ဒေါတာထန်၏ နှုတ်ခမ်းသည် အထူးတလည် ထင်းနေသကဲ့သို့ ရှိကာ ပို၍ စွဲမက်ဖွယ် ဖြစ်ပြီး အဲ့နှုတ်ခမ်းလေးကို ယောင်ကိုင်းသွားတဲ့အထိ နမ်းချင်လာစေအောင် ဆွဲဆောင်နေသကဲ့သို့ ရှိသည်။
ကျက်သရေလှရှိသော လည်တိုင်၊ ထုဆစ်ထားသကဲ့သို့ပင် လက်ရာမြောက်ပြီး ဆွဲဆောင်မှုရှိသော လည်စေ့ ၊ ချူးဝမ့်၏ အသက်ရှုလမ်းကြောင်းထဲသို့ မွှေးပျံ့သောရနံ့တစ်ခု ပျံ့လွင့်လာ၏။ ချူးဝမ့်၏ အမူအရာမှာ မပြောင်းလဲဘဲ ရှိနေသော်လည်း ဆရာဝန်နာမည်ကတ်ပြားကို လှမ်းကြည့်ကာ တွေးနေလေသည်။
‘ဒေါက်တာထန်က မွှေးသားပဲ။
“‘ မေ့ဆေးဆရာဝန်ကို သွားခေါ်ပြီး ခွဲစိတ်ဖို့ ပြင်ပါ”
ထန်ထန်သည် ညွှန်ကြားလိုက်သည်။
ကျည်ဆန်သည် ခွဲစိတ်ရလောက်အောင် တအားမနက်သော်လည်း သူသည် သွေးများစွာကို ဆုံးရှုံးခဲ့ရ၏။ အဝေးက အပစ်ခံရပုံပင်။
“မလိုပါဘူး။”
ချူးဝမ့်သည် ထန်ထန် ၏ စကားကို ကြားဖြတ်လိုက်၏။ ကုတင်ခေါင်းရင်းကို မှီလိုက်ရင်း သူ့မျက်လုံးကျဉ်းတွေသည် အန္တရာယ်ရှိစွာ ပြုံးနေသယောင် ရှိသည်။
” မေ့ဆေးပေးစရာ မလိုပါဘူး ဒေါက်တာ
ဒီတိုင်း တိုက်ရိုက်ပဲ ထုတ်လိုက်ပါလား ဟမ်? ”
သူက ရူးမိုက်တယ် ဆိုရင်တောင် အပြင်မှာ သတိလတ်လွတ်မေ့မြောနေရအောင်ထိတော့ မဟုတ်ချေ။ မိုက်မဲလွန်းသည်။
နောက်ပြီး သူ မေ့ဆေးသုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ သူ့ခန္ဓာကိုယ်အတွက် သိပ်ကွာခြားမှု မရှိပေ။
ထိုယောက်ျား၏ စကားများသည် ပြတ်သားကာ အသံသည် အနည်းငယ် မာကြောနေပုံမှာ သူသည် ဆရာဝန်ကို ကျည်ဆံ ထုတ်ပေးရန် ပြောသည်ခြင်း မဟုတ်သလိုပင်။
“မေ့ဆေး မပါရင် နာလိမ့်မယ်”
ဆရာဝန်ငယ်သည် မေ့ဆေး ဘာကြောင့် မသုံးရန်ရွေးချယ်ခဲ့သည်ကို စိတ်မဝင်စားပုံပေါ်ကာ သူ့ကိုကြည့်နေခဲ့၏။ သူ့ပုံစံသည် မိုက်မဲသော လူနာအား ရိုးရိုးရှင်းရှင်း ရှင်းပြနေသကဲ့ပင်။
ချူးဝမ့်၏ မျက်လုံးများ မှောင်မည်းသွားသည်။ သူ့ရှေ့က ဆရာဝန်သည် သူ၏ စိတ်ငြိမ်သက်မှုကို ဘယ်အရာကမှ မနှောင့်ယှက်နိုင်သကဲ့သို့ပင်။
သို့သော်လည်း…
ဆရာဝန်ရဲ့မျက်နှာပေါ်က ငြိမ်သက်ခြင်းတွေ ကွဲအက်သွားတဲ့အခါ ဘယ်လိုလှပတဲ့ မြင်ကွင်းမျိုး ပေါ်လာမလဲဆိုတာ သူတကယ်ပဲ မြင်ချင်နေခဲ့သည်။
ချူးဝမ့် မျက်တောင်ခတ်ကာ သူရဲ့ အံ့အားသင့်ဖွယ် စွဲလမ်းစိတ်ကို ဖုံးကွယ်လိုက်၏။ ကျက်သရေရှိစွာ ပြုံးနေတဲ့အမူအရာနှင့် သူသည် တိုးလျစွာ ပြောလာ၏။
“ဒေါက်တာ ညင်သာပေးပါဦးနော်၊ ကိုယ် နာမှာ ကြောက်လို့”
ကျန်ဆရာဝန်များနှင့် သူနာပြုများသည် ပြောစရာရှိတော့အောင်ကို ဆွံ့အသွားသည်။
မင်းက စဝင်လာကတည်းက သွေးတွေ အများကြီးထွက်နေတာ!
ပြီးတော့ မင်းက အခုမှ နာရကောင်းမှန်း သိတာလား?
ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ဆွံအကာ တိုးတိုးတိတ်တိတ် ငြီးတွားလိုက်ကြသည်။
ရိုးရိုးသားသားပြောရရင် ဒီလူသည် အိမ်နောက်ဖေး၌ လက်ဖက်ရည်သောက်နေသကဲ့သို့ပင် အေးအေးဆေးဆေး ပြောနေခြင်းပင်။ သူ့ကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သွေးအများအပြားထွက်နေတာကိုသာ မတွေ့ရင် သူတို့ အဲ့လူရဲ့ “နာတယ်” ဆိုတာကို ယုံနိုင်စရာအကြောင်းပင် မရှိပေ။
အဲ့ဒါ သေနတ်ပစ်ခဲ့ရတဲ့ လူတဲ့လား!
ထန်ထန်သည် maskကို ၀တ်ဆင်ကာ ပိုးသတ်ဆေးခတ်ပြီး ကျည်ဆန်ကို ဖယ်ရှားရန် ပြင်ဆင်၏။
ဂျူတီကုတ်အဖြူရောင်ကို ဖယ်ရှားလိုက်သည်နှင့် ထိုလူ၏ ကိုယ်လုံးကိုယ်ပေါက်သည် ပို၍ပင် ထင်ရှားလာသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ချူးဝမ့်၏ သွေးများ စိုရွှဲနေသော ရှပ်အင်္ကျီနှင့် ဒဏ်ရာရှိ အရေပြားတို့သည် တွဲကျလာသဖြင့် Tang Tang သည် ရှပ်အင်္ကျီကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ကာ တွယ်ဆက်ထားသော အစိတ်အပိုင်းများကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ရသည်။
သွေးတစ်ဝက်လောက်ခြောက်နေပြီဖြစ်သော သေနတ်ဒဏ်ရာ အပေါက်တစ်ပေါက်ကို တွေ့လိုက်ရသောကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တုန်လှုပ်သွားစေ၏။
သို့သော် ချူးဝမ့် သည် သူ့မျက်လုံးများကို ကျဉ်းမြောင်းပြီး အေးစက်သော အကြည့်ဖြင့် ဆရာဝန်က သူ့ အဝတ်အစားများကို သူ့အား မထိခိုက်စေရန် ဖြည်းဖြည်းချင်းချွတ်ပေးသည်ကို ကြည့်နေခဲ့သည်။
ထို့နောက် ခွဲစိတ်ဓားက အရေပြားကို ဖြတ်လိုက်တာတောင် ထိုအမျိုးသားသာ် မျက်ခုံးတောင် မလှုပ်ချေ။
သူနာပြုအများအပြားသည်
“နာမှာ ကြောက်တယ်” ဟူသောစကားလုံးကို သူ ဘယ်လိုတောင် ပြောထွက်နိုင်သလဲဆိုပြီး အံ့ဩသွားကြရ၏။
ထန်ထန်သည် မျက်လွှာချကာ ရှည်လျားပြီး သူ၏ သွယ်လျကာ သန်မာသော လက်ကို ဆေးဘက်ဆိုင်ရာ လက်အိတ်များဝတ်ဆင်ကာ အရေးပေါ်ခန်းတွင် ခွဲစိတ်မှုကို ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရတဲ့အတိုင်း လိုက်နာသကဲ့သို့ လုပ်ဆောင်ခဲ့သည်။
ချူးဝမ့်သည် မွေးရာပါ နာကျင်မှုဝေဒနာကို ခံစားနိုင်ချင်း မရှိကာ ကံမကောင်းစွာနှင့် သူသည် မည်သည့်စိတ်လှုပ်ရှားမှုကိုမျှ သိပ်မခံစားရချေ။
သူသည် လိုက်လျောညီထွေနေနိုင်ခြင်းမျိုးလည်း မရှိ၊ သူ၏နေ့ရက်များသည် တုန်လှုပ်ခြင်းမရှိဘဲ ကုန်ဆုံးသွားသည်။ သူသည် တဖြည်းဖြည်း ပို၍သာ ရူးသွပ်လာ၏။ စိတ်အားထက်သန်မှုကိုရှာရန်၊ သူသည် ငယ်စဉ်ကတည်းက ရူးသွပ်နေခဲ့ပြီး သူ့ကို တက်ကြွလာအောင် နှိုးဆော်ရန် မည်သူမျှ မစွမ်းဆောင်ရဲခဲ့ပေ။
မာဖီးယားလောကနှင့် တရား၀င်အသိုင်းအဝိုင်းနှစ်ခုလုံးက ထုတ်မပြောနိုင်သောလျှို့ဝှက်ချက်ကို သိသောကြောင့်ပင်။
Chu မိသားစု၏ တတိယမြောက် သခင်ငယ်သည် ခန့်မှန်း၍မရသော အရူးတစ်ယောက်ဖြစ်ပြီး စက္ကန့်ပိုင်းလောက်ကပင် မင်းနှင့် ရယ်မောစကားပြောကာ ထို့နောက် မင်းကို ချက်ချင်းသတ်ပြီး စက္ကန့်ပိုင်းလောက်အောက် ထပ်ပြုံးနေမယ့် လူမျိုးပင်။
….
နောက်တစ်နေ့မွန်းလွဲပိုင်းတွင် ထန်ထန်သည် အလုပ်ပြန်စပြီး ဆေးမှတ်တမ်းများကို ကိုင်ဆောင်ကာ အဆောင်အလိုက် လှည့်ပတ်မှုများ ပြုလုပ်ခဲ့သည်။
သူနာပြုစခန်းကို ဖြတ်သွားတဲ့အခါ မထင်မှတ်ထားတဲ့ လူတစ်ယောက်ကို ဝင်တိုက်မိခဲ့၏။
တစ်ပတ်လောက် ပေါ်မလာခဲ့သော အန်ကျာကျင်း သည် သူနာပြုဝတ်စုံကို ၀တ်ဆင်ထားပြီး တန်ထန်သည် သူ၏ အဖြစ်အပျက်အတွက် တာဝန်ရှိသူ ကဲ့သို့ မကျေမနပ်ဖြင့် စိုက်ကြည့်နေသည်။
“မင်းဘာလို့ဒီမှာရှိတုန်း? ထန်ထန်၏ သူ့နှလုံးသားထဲတော့ အနည်းငယ် လန့်သွားပေမဲ့ အပေါ်ယံ၌ အေးစက်နေခဲ့သည်။
နောက်ဆုံးတော့၊ အမှားအကြီးကြီး လုပ်ခဲ့မိလို့ သူက သူနာပြု လိုင်စင်ရုတ်သိမ်းခံလိုက်ရတဲ့လူပဲလေ။
ဘာမှမဖြစ်ခဲ့သလို သူ ဘယ်လိုများ အလုပ်ကို ပြန်လာရဲတာလဲ?
အန်ကျာကျင်း သည် သူ့စိတ်ထဲတွင် အောင်ပွဲခံကာ သူသည် အမှားသေးသေးလေးသာ လုပ်ခဲ့မိသော ပုံဖြင့်
“ဒေါက်တာထန်၊ ငါက ဘာလို့ ဒီမှာ မရှိရမှာလဲ၊ ခုတင် 7 ပေါ်က လူနာမိသားစုက ဒီကိစ္စကို ငါနဲ့ သီးသန့် ဖြေရှင်းထားပြီးသား။ သူတို့က ငါ့ကို တာဝန်မယူခိုင်းဘူး။ ကျန်းမာရေးစစ်ဆေးချက် ဌာနက ငါ့ကို စစ်ဆေးပြီးပြီ”
သူစကားပြောလေလေ ထန်ထန်သည် ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် သူ့ကိုအနိုင်ကျင့်နေသကဲ့သို့ သူ့မှာ ပိုဝမ်းနည်းလာသလိုပင်။ မျက်ရည်များ ဝဲကာ
“ဒါက အလုပ်အမှားတစ်ခုပါပဲ၊ နောက်တစ်ကြိမ် ထပ်မှားမှာ မဟုတ်တာ သေချာပါတယ်” ဟု ပြောလိုက်လေ၏။
ခုတင် 7 ပေါ်က လူနာမိသားစုက သူ့ကို ခြိမ်းခြောက်ချင်နေတာလား ?
အန်ကျာကျင်း သည် သူ့စိတ်ထဲတွင် ပူပန်နေကာ တွေးနေမိသည်။ ကံကောင်းထောက်မစွာ၊ သူတို့အားလုံးသည် သူ့အဖေကို ကြောက်ရွံ့ခဲ့ကြ၏။
ဒါ့အပြင် သူ လုပ်ခဲ့တာကလည်း အန်ကယ်လီရဲ့ ကောင်းကျိုးအတွက် လုပ်ခဲ့တာပင်။ သူ့ဆေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် တိုးလိုက်တာ မဟုတ်ဘူး။
အတွင်းလူနာဌာနရှိ မိသားစုများစွာသည် ဤမြင်ကွင်းကို ကြည့်ရှုခဲ့ကြသည်။ ထန်ထန်ကို ဝေဖန်ကြတော့မည့်အချိန်၌ပင် တစ်ဖက်မှ အေးစက်စက် နှင့် ခပ်ချောချောလူငယ်လေး၏ စကားပြောသံကို ကြားလိုက်ရ၏။
“လွန်ခဲ့တဲ့ တစ်ပတ်က မင်းက ဆေးညွှန်းကို မလိုက်နာခဲ့ဘဲ လူနာနှစ်ယောက်အတွက် မိုက်မိုက်မဲမဲ ပမာဏကို တိုးပေးလိုက်တော့ ကြီးကြီးမားမား ဆေးဝါးကုသမှု မတော်တဆ အဖြစ်အပျက်တစ်ခု ဖြစ်လာလုနီးပါးပါပဲ။ ကုတင် 7က အသက် 70 နှစ်အရွယ် လူနာက အသက်ရှင်နေသေးပေမယ့် တစ်သက်လုံး လေဖြတ်သွားတယ်။ အန်ကျာကျင်း၊ ခွင့်ပြုချက်မရှိဘဲ လူနာရဲ့ ဆေးစာကို ပြောင်းလဲတာဟာ အလုပ်အမှားတစ်ခု သက်သက်ပဲလို့ ထင်နေတာလား? ”
ထန်ထန်သည်က အန်ကျာကျင်း၏ အမူအရာသည် တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို ကြည့်ကာ စကားလုံးတစ်လုံးချင်းပြောလိုက်သည်။
“အဲ့ဒါကို လူ သတ် မှု လို့ခေါ်တယ်”
အစတုန်းက ဒေါက်တာထန်အား ဝေဖန်ချင်သော လူ တော်တော်များများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေ၏။ ဒီလို ခေါင်းမာနဲ့ သူနာပြုမျိုးနှင့် မည်သူကမှ မပတ်သက်ချင်ကြပေ။
“အိုး၊ အဲဒီသူနာပြုက သူပဲ!”
“ပထမဆေးရုံက ဘာဖြစ်နေတာလဲ၊ အဲ့လို သူနာပြုမျိုးက ဘယ်လိုလုပ်ပြီး အလုပ် ဆက်လုပ်နေသေးတာလဲ”
“သူ့နောက်မှာ ကျောထောက်နောက်ခံရှိလို့ ဖြစမယ်”
အမှန်မှာ၊ အန်ကျာကျင်းသည် ဒုဌာနမှူး၏ ဆက်သွယ်မှုများကို အသုံးပြု၍ ပြန်လာခဲ့ခြင်း ဖြစ်သည်။ တန်တန်ကို တိုက်ခိုက်ရန် ကြိုးပမ်းမှုသည် မအောင်မြင်ဘဲ သူ့ကိုပင် ပစ်မှတ်ဖြစ်စေခဲ့၏။
အန်ကျာကျင်းက မထွက်သွားချင်ပေမဲ့ အဆုံးမှာတော့ အပြင်မှာ မနေနိုင်တော့ဘဲ၊ သူနာပြုများရုံးခန်းဆီသို့ ပြန်ပြေးသွားတော့သည်။
အန်ကျာကျင်းသည် အခြားသူနာပြုများနှင့် ဆက်မလုပ်တော့ဘဲ အခန်းတွင်းသို့ ပြန်ဝင်သွားပြီးနောက် လူနာ မိသားစုဝင်များစွာသည် အန်ကျာကျင်း အကြောင်းကို ညည်းညူပြောဆိုကာ မကျေမနပ်ဖြစ်နေကြလေသည်။
ထန်ထန်သည် အန်ကျာကျင်းကို သိပ်ဂရုမစိုက်တော့ဘဲ သူ၏ လူနာဆောင်လှည့်ပတ်မှုများကိုသာ ဆက်လက်လုပ်ဆောင်ခဲ့သည်။
သို့သော် တစ်နာရီကြာသောအခါ၊ ချူးဝမ့်၏အခန်းတွင် လက်ဖက်စိမ်းစရိုက်နှင့် ဇာတ်ဆောင် Shou ကို ထပ်မံတွေ့လိုက်ရသည်။
အနက်ရောင်ဝတ်စုံနဲ့ သက်တော်စောင့်နှစ်ယောက် VIP အခန်း အပြင်ဘက်မှာ ရပ်နေ၏။ ထန်ထန် သည် လက်ထဲတွင် ဆေးမှတ်တမ်းများ ကိုင်ဆောင်ကာ အတွင်းမှ ထိတ်လန့်ဖွယ် အသံကို ကြားလိုက်ရသည်။
“Sir,မင်း ဘောင်းဘီကို ချွတ်လို့ရမလား၊ ဒါ… ဒါ ငါ့အလုပ်ပါ”
အမြဲတမ်း လိင်ကိစ္စအား တွေးနေသော ထန်ထန်သည် မျက်ခုံးပင့်လိုက်မိသည်။
အလုပ်လား?
ဘောင်းဘီချွတ်ပြီး လုပ်ရမှာ ဘာအလုပ်လဲ?
“မရဘူး” ချူးဝမ့်သည် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ကာ လက်ဖက်စိမ်းကောင်၏ ချိုသာသော အသံနှင့် အမူအရာသည် သူ့အား မတုန်လှုပ်စေခဲ့ပေ။
ထန်ထန်သည် အခန်းတံခါးကို ပေါ့ပေါ့ပါးပါး ခေါက်လိုက်ပြီး
“တစ်စိတ်လောက်ဗျ… ”
ဟု ယဉ်ယဉ်ကျေးကျေး မေး၍ ခေတ္တရပ်ကာ “အခု ဝင်လာလို့ ရလားဗျ” ဟု ဆက်ပြောလိုက်၏။
“ဆရာဝန်က round လှည့်နေတာပါ။ ကျေးဇူးပြုပြီး လူနာရဲ့အဝတ်အစားများ ဝတ်ဆင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါ”
ဆေးရုံကုတင်ကို မှီ၍ ချူးဝမ့် သည် ဆရာဝန်၏ လျစ်လျူရှုသောလေသံကိုကြားတော့ ဒေါက်တာက နားလည်မှုလွဲသွားသည်ကို သိလိုက်သဖြင့် သူ့နှုတ်ခမ်းကို သူ တင်းတင်းဖိရင်း ပြောလိုက်၏။
“ဝင်လာလို့ ရပါတယ်”
ခွင့်ပြုချက်ရသည်နှင့် ထန်ထန်သည် တံခါးကို တွန်းဖွင့်လိုက်သည်။
ဒါပေါ့! သူ မဟုတ်တာ တစ်ခုခုကို မမြင်မိပါဘူး။
ချူးဝမ့်သည် ကုတင်ပေါ် မှီ၍ မျက်မှောင်ကြုတ်ကာ ဗန်းကို ကိုင်ထားသည့် အန်ကျာကျင်းသည် ထိုနေရာတွင် မတ်တပ်ရပ်နေပြီး တစ်ခုခုမှားနေသကဲ့သို့ ခံစားနေရ၏။
ထန်းထန်သည် ဗန်းအပေါ်မှကိရိယာများကို တစ်ချက်ကြည့်လိုက်သည်။
ချူးဝမ်သည် ယမန်နေ့က သွေးများစွာ ဆုံးရှုံးသွားခဲ့ပြီး ကုသမှုခံယူပြီးနောက် ဆီးသွားခြင်း မရှိခဲ့ပေ။ ဤသည်မှာ သူ့ဆေးစာပင်ဖြစ်ပြီး ထန်ထန်သည် ခဏလောက် စဉ်းစားမိသည်။
ဟုတ်သည်၊ ဆေးရုံက သူနာပြုအများစုဟာ မိန်းကလေးတွေမို့ !
သိသာစွာပဲ၊ ဒီအလုပ်က အန်ကျာကျင်း လုပ်မှပဲဖြစ်လိမ့်မည်။
အန်ကျာကျင်းသည် အထီးကျန်သော သတ္တဝါလေးကဲ့သို့ ချူးဝမ့်ကို မကျေနပ်ချက်ဖြင့် လှမ်းကြည့်လိုက်သည်။
ဒီလို ညစ်ပတ်တဲ့ အလုပ်မျိုးကို တခြားသူဆိုရင် သူ လာလုပ်မှာ မဟုတ်ပေ။ သို့သော်လည်း ယခုလေးတင် ဆေးမှတ်တမ်းအရ အန်ကျာကျင်း သည် ချူးဝမ့်၏ နာမည်ကို မြင်သောအခါ ညစ်ညမ်းမှုကို ချက်ချင်းမေ့သွားပြီး စိတ်အားထက်သန်စွာ စေတနာ့ဝန်ထမ်းလုပ်ခဲ့၏။
ချူးဝမ့်ဆိုတာ က ဘယ်သူလဲ?
သူသည် ကျော်ကြားသော တတိယသခင်လေး ချူးဖြစ်ပြီး အန်ကျာကျင်း၏ ဖခင်ပင်လျှင် ချူးဝမ့်ကို မမှီပေ။
အန်ကျာကျင်း၏ပါးပြင်များသည် အနည်းငယ်နီရဲလာပြီး သူ့နှလုံးသားသည် လျင်မြန်စွာ ခုန်ပေါက်နေလေသည်။
သူသည် ဆေးရုံကုတင်ပေါ်တွင် မှီနေသော ယောကျ်ားကို တိတ်တဆိတ် ခိုးကြည့်ကာ ထိုကဲ့သို့သော ယောကျ်ားမျိုးသာ သူ့အတွက် ထိုက်တန်သည်ဟု ထင်မြင်မိ၏။
Arc-8
Chapter-3 End