[Gp1]ဂန်းဆက်စ်လုပ်ရန် ဇာတ်လိုက်Gongများကို ခိုးယူခြင်း:
Chapter 2 (arc8)
Arc-8 Chapter-2
နေ့လယ်စာအချိန်ပြီးသွားချိန်၌ ဆေးရုံသည် ပြန်လည်စည်ကားလာသည်။ ယနေ့မှာတော့ ဆေးကုသမှုလိုအပ်သူများ များပြားလှသဖြင့် အန်ကျာကျင်းသည် နံနက်အချိန်တစ်လျှောက်လုံး မရပ်မနား ကြိုးပမ်းလျက်ရှိရာ ရှယ်ပျော်နေကျ မင်းသားလေးတစ်ဦးအနေနဲ့ တစ်ခါမှ မကြုံဖူးသော ပင်ပန်းခြင်းကို ခံစားနေရ၏။
“ကျာကျင်း…”
ဟု သူနာပြုခေါင်းဆောင်မှ စာရွက် အပုံတစ်ပုံကိုင်ကာ ပြေးလာပြီး
“အိပ်ရာ ၇ နဲ့ ၈ မှာ ဆေးပေးပြီး ဆေးထိုးပေးပါ” ဟုပြော၏။
သူ့ကို ညွှန်ကြားပြီးချင်း သူနာပြုခေါင်းဆောင်သည် သူ့ကို ဆေးချက်နှစ်စောင်ကို ပေး၍ တခြားသူနာပြုများကိုလည်း အလုပ်တာဝန်များ ခွဲပေးနေ၏။
ကျာကျင်းသည် သက်ပြင်းချလိုက်ကာ ဆေးစစ်ချက်များကို ကိုင်ပြီး ဆေးပေးခန်းသို့ သွားလိုက်သည်။
…..
တတိယထပ် ဆေးခန်း
ကွန်ပျူတာကို တစ်ချက် ကြည့်ပြီးနောက်၊ သူနာပြု တစ်ဦးသည် အန်ကျာကျင်း အား
“Metoprolol ဆေးကုန်သွားပါပြီ။
ခဏစောင့်ပါနော်၊
ကျွန်မ ဆေးဂိုဒေါင်ကနေယူပေးမယ်” ဟု ပြောလိုက်သည်။
( Metoprolol- နာတာရှည်ရောဂါများနှင့် သွေးဖိအားမြင့်ခြင်းကို ကုသသည့်ဆေး )
သို့သော် သူမထလိုက်တော့မယ့်အချိန်၌ပင် တခြားဌာနက သူနာပြုတစ်ဦးက ဆေးယူဖို့ရောက်လာလေသည်။
သွားလို့မရတော့သောကြောင့်၊
သူနာပြုသည် နေရာ၌ ပြန်ထိုင်ကာ ဆေးချက်လုပ်ဆောင်ခြင်းကို ဆက်လုပ်ရတော့၏။
အန်ကျာကျင်းသည် အလုပ်များနှင့် ပင်ပန်းကာ မြန်လက်စသတ်ချင်သောကြောင့် မစောင့်တော့ဘဲ
“ရပါတယ်။
ကျွန်တော့်ဘာသာ ဝင်ယူမယ်” ဟု နူးညံ့စွာ ပြော လိုက်သည်။
သူနာပြုအချို့မှာလည်း ဆေးစစ်ချက်များနဲ့မအားသောကြောင့်၊ အန်ကျာကျင်းသည် များစွာစဉ်းစားမနေတော့ဘဲ သတိပေးဖွယ်အနေနဲ့သာ ပြောပြီးနောက် သော့ကိုယူကာ ဆေးဂိုဒေါင်သို့သွားလိုက်သည်။
မီးခလုတ်ကို ဖိလိုက်ချိန်တွင် မီးအလင်းရောင်သည်တောက်ပစွာ လင်းလာ၏။ အန်ကျာကျင်းသည် ဂရုတစိုက်နှင့် ဆေးကိုရှာဖွေရင်း စင်ရှေ့တွင် ရပ်ကာ ဆေးစစ်ချက်ကို ပြန်စစ်လေသည်။
အချိန်အနည်းငယ်အကြာ—
အန်ကျာကျင်းသည် မျက်မှောင်ကြုတ်သွားကာ မရေမရာဖြစ်စွာနှင့် ရေရွတ်လိုက်မိသည်။
“ Metoprololရဲ့ ပမာဏက ဘာလို့ ဒီလောက်နည်းနေရလဲ…”
ကျာကျင်းသည် သံသယဖြစ်သွားသည်။ ပုံမှန်အားဖြင့် ဤဆေး၏ ပမာဏသည် ဤမျှလောက်နည်းလွန်းခြင်းမရှိပေ။
သူနာပြုတစ်ဦးအနေနဲ့၊ ဒီလောက်နည်းတဲ့ပမာဏက ဘာအကျိုးရှိနိုင်သလဲဆိုတာ စဉ်းစားမိသည်။
စဥ်းစားနေချိန်မှာပဲ ဆေးချက်ကိုဖွင့်ကြည့်ရာ၊ ထိုဆေးချက်အား ထန်ထန်ရေးထားသည်ကို တွေ့လိုက်သည်။
အိပ်ရာ ၇ မှာရှိတဲ့ လူအိုကြီးသည် ထန်ထန်က လုံခြုံရေးအား ခေါ်ကာ မောင်းထုတ်ခိုင်းခဲ့တဲ့ လူဖြစ်ကြောင်း သူ ရုတ်တရက် သတိရသွားလေသည်။
အန်ကျာကျင်းက ဆေးကို ခြင်းတောင်းထဲ ထည့်ကာ သဘောမကျစွာ ပြောလာ၏။
” ဒေါက်တာ ထန်က တကယ့်ကို တစ်ခုခုပဲ။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ခွဲမထားနိုင်ဘူးလား?
အဲ့ဒီ ကိစ္စလေးအတွက်ကြောင့်နဲ့ ဘာလို့ ဒီလောက်နည်းတဲ့ ပမာဏနဲ့ ဆေးညွှန်းကို ပေးလိုက်ရလဲ”
ထိုအခိုက်၊ ကျာကျင်းသည် ဒေါသအလွန်ထွက်ကာ၊ ဒေါက်တာထန်၏ မတရားသော ဘက်လိုက်မှုကိုကို ဖော်ထုတ်လိုက်မိသည်ဟု ခံစားလိုက်ရသည်။
သူ့တွင်လည်း နှစ်နဲ့ချီအောင် များစွာသောဆေးပညာအသိပညာ ရှိထားသောကြောင့် မူလညွှန်းထားတဲ့ပမာဏထက် ဆေးပမာဏကို ကိုယ်ဘာသာ ပိုတိုးမြှင့်ထားခဲ့သည်။
…
အိပ်ရာ ၇ ရှိ လူအိုကြီးသည် ယနေ့ အလွန် ဒေါသထွက်နေသည်။
သူသည် အိပ်ရာပေါ်၌ လှဲနေကာ အကုန်အဆင်ပြေနေခဲ့သော်လည်း
သူ့အား ဆေးကုသပေးကာ ဆေးဖိုးဝါးခများပါ ပေးသော ဒေါက်တာသည် ရုတ်တရက် သူ့အား ထွက်သွားဖို့ ပြောလာ၏။
သူ လူးလှိမ့်ကာ ကြိမ်းမောင်းပြောဆိုနေသော်လည်း မည်သူကမှ သူ့အား ဂရုမစိုက်ကြချေ။ နောက်ဆုံးမှာတော့ ဒေါက်တာက မသင့်တော်တဲ့လှုပ်ရှားမှုတွေကြောင့် မိမိကို လိမ်လည်မှုနဲ့ တရားစွဲမယ်လို့တောင် ပြောခဲ့သည်။
ဘုရားရေ…
လူအိုကြီး၏ နှလုံးသည် မတရား ခုန်သွားသည်။ သူ ကြမ်းပြင်ပေါ်မှ ထလာချိန်တွင် သူ၏မျက်နှာတွင် ဖုန်များ ပေကျံနေလေသည်။ သူ့သားလေးကို ဆေးရုံကိုခေါ်လာကာ ငွေချေနေစေဖို့ဆုံးဖြတ်လိုက်၏။
သူ့မိသားစုက ကုန်ကျစရိတ်ကို တတ်နိုင်တာမို့
ကိုယ်ပိုင်ငွေကို အသုံးမပြုရတာက အကောင်းဆုံးပဲမလား?
‘သက်ပြင်းချသံ…’
လူအိုကြီးက ဒေါက်တာကို အနည်းငယ် အငြှိုးထားနေ၏။ ကောင်းမှုတစ်ခု လုပ်ရင် အဆုံးထိ လုပ်ရတယ် လို့ ပြောကြပေမဲ့ သူ့ရဲ့ ဆေးဖိုးကို တစ်ဝက်လောက်သာ ပေးပြီး သူ့ကို ဆေးရုံကနေ ထွက်သွားခိုင်းတာ ဘယ်လိုဆရာဝန်လဲ ဟု စိတ်ထဲတွင် ပြောမိသည်။
ယနေ့ခေတ်လူငယ်များ…
ကိုယ်ကျင့်တရားကို မရှိကြတာပဲ…
လူအိုကြီးသည် ဒေါက်တာ၏ သွေးအေးသော အပြုအမူကို မီဒီယာသို့ ပြောပြကာ၊ ဆေးရုံက ဆင်းပြီးနောက် သူ၏ စိတ်ကျန်းမာရေးအတွက် လျော်ကြေးတောင်းရန် စဉ်းစားနေစဉ် သူနာပြု ကျာကျင်းက ဆေးများနှင့် ဝင်လာလေသည်။
“မစ္စတာလီရေ၊ ဆေးသွင်းချိန် ရောက်ပါပြီနော်။”
မစ္စတာလီက သူ့အတွေးတွေထဲကနေ ပြန်ထွက်လိုက်ပြီး၊ သူနာပြုကျာကျင်းကို မြင်လိုက်တဲ့အခါမှာတော့ သူ့မျက်နှာသည် ပြန်ဝင်းလဲ့လာ၏။
“အာ၊ကျေးဇူးတင်ပါတယ် သူနာပြုအန်…”
ကျာကျင်းက ဆေးထိုးနေချိန်၌ မစ္စတာလီသည် ဒေါက်တာထန်အား မသမာကြောင်း ပြောဆိုဝေဖန်နေပြန်သည်။
သူ့ဆေးကုသမှုက မိသားစုရဲ့ စုဆောင်းငွေအားလုံးကို ကုန်သွားစေခဲ့တယ်လို့ ငြီးငြူလေ၏။
နောက်တော့ သူ့မြေးလေးကို ကျောင်းအတွက်ဖုန်းအသစ်တစ်လုံး လိုနေတယ်ဆိုတာတောင် ပြောလာသည်မှာ သူ့မြေးက ထန်ထန်ရဲ့ မိသားစုဝင် ဖြစ်ကာ ထန်ထန်က သူ့မြေးကို ပျိုးထောင်ဖို့ တာဝန်ယူရမည့်သူလိုပင်။
အန်ကျာကျင်းသည် မူလကတည်းက ထန်ထန်ကို မုန်းနေသူဖြစ်တဲ့အတွက်၊ အဖိုးလီရဲ့စကားတွေအပေါ်မှာ လက်ခံကာ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ မည်သူမှ ကြည့်မနေတာ သေချာတော့မှသာ သူ့အသံကို တိုးရင်း ပြောလာလေသည်။
“မစ္စတာလီ… ဆေးရုံပြောင်းဖို့တောင် စဉ်းစားကြည့်သင့်တယ်။ ဒီတစ်ခေါက်တော့… ဒေါက်တာထန်က မစ္စတာလီအတွက် ညွှန်းပေးထားတဲ့ ဆေးပမာဏက တအားနည်းတယ်။ ထိရောက်မှာတောင် မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်က နည်းနည်းတိုးပေးလိုက်တယ်။ မူလပမာဏနဲ့ ဆက်သွားမယ်ဆိုရင်တော့ ပျောက်ဖို့ အချိန်တော်တော်ကြာမှာပဲ”
အဖိုးလီက ထိုစကားကြားပြီးတာနဲ့
‘အဲ့မသမာတဲ့ ဒေါက်တာက ငါ့ကို ဆေးရုံမှာ ပိုက်ဆံပိုကုန်အောင် လုပ်နေတာပဲ’ ဟု တွေးလိုက်၏။
“ဘယ်လိုတောင် ယုတ်မာတဲ့ ဆရာဝန်လဲ”
မစ္စတာလီသည် ဒေါသထွက်ကာ ပြောလိုက်သည်။
“ငါ ဒီဆေးထိုးပြီးတာနဲ့ သူ့ကို သွားတိုင်မယ်!”
ကျာကျင်းက သူ့ပစ္စည်းတွေကောက်ပြီးထွက်လာချိန်မှာ မစ္စတာလီ ထန်ထန်ကို တိုင်မယ်ဆိုတဲ့စကားကို ကြားသွားကာ သူ့မျက်လုံးထဲတွင် ကျေနပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
မွေးကတည်းက သူသည် လူတွေရဲ့အာရုံစိုက်မှုအပြည့်ရတဲ့သူတစ်ယောက်ပင်။
မည်သူမျှ သူထက် ပိုပေါ်ပြူလာဖြစ်မည် ကို ခွင့်မပြုနိုင်ပေ။
ဒါထက် သူလုပ်တာသည် မကောင်းတာမဟုတ်ဘူးချေ…အဖိုးကြီးကို အမှန်တရားပြောပြလိုက်ရုံသာ။
တွေးနေရင်းနှင့် ကျာကျင်းသည် ဆေးအိပ်ရာ 8 တွင် လူမရှိသည်ကို မြင်ကာ သံသယဖြစ်စွာနှင့်မေးလာလေ၏။
“မစ္စတာလီရေ… အိပ်ရာ 8 မှာ ရှိတဲ့လူက ဘယ်သွားတာလဲ?”
“အဲ့ လူကလား…”
အဖိုးလီက ဒေါသထွက်နေဆဲ ဖြစ်သောကြောင့် သွေးအေးအေးနဲ့ဖြေသည်။
“ဒေါက်တာထန်က သူနဲ့ ပြောစရာရှိတယ်လို့ ကြားတယ်။ ဘာလုပ်နေကြလဲ မသိဘူး…”
…
တဖက်မှာတော့ ထန်ထန်က အပြစ်မဲ့အဘိုးကြီးကို အနည်းငယ် အချိန်ဆွဲထားပြီးနောက်၊ အချိန်တော်တော်လေးကြာမှသာ သူ့ကို အဆောင်သို့ ဂရုတစိုက် ပြန်လိုက်ပို့လိုက်၏။
ထန်ထန်သည် အလွန်တရာ သဘောထားကြီးသူတော့ မဟုတ်ချေ။ မူရင်းစာအုပ်၌ အိပ်ရာ ၇ မှ အဖိုးကြီး သေပြီးတဲ့နောက်မှာ သူ့မိသားစုကို ကျာကျင်းအဖေက လာဘ်ကြေးပေးပြီး မီဒီယာရှေ့မှာ ငိုယိုကာ မူရင်းခန္ဓာကိုယ်ပိုင်ရှင်က သူတို့အဖေအား ဆေးရုံမှ နှင်ထုတ်ခဲ့ကြောင်း ပြောကာ သူ့တို့ဖခင်က ငွေမရှိတဲ့သူလို သရုပ်ဆောင်ကာ ထန်ထန်ကို ဆေးခအကုန်ပေးခိုင်းခဲ့တာကိုတော့ မဖွင့်ပြောဘဲ ချန်ထားခဲ့ကြသည်။
ဒါပေမဲ့လည်း… မစ္စတာလီ မသေဘူးဆိုရင်တောင် အဲ့လူက နောက်ကွယ်ကျ သပုတ်လေလွင့်ပြောကာ သူ့ကို သရေဖျက်ဦးမှာပင်။
သွေးသားထဲမှက မကောင်းသောအကျင့်စရိုက်များသည် သူတို့လီမိသားစု၌ အဖေရော သား၌ပါ ရှိနေလေသည်။
ထန်ထန်သည် အမြဲတမ်း “သင် ကောင်းသရွေ့ ကျွန်ုပ် မဆိုးပါ” ဆိုသော အယူနဲ့နေသူ။
ဒီဘဝမှာ အဲ့လူကို သေစေဖို့ သူ့မှာ ရည်ရွယ်ချက်မရှိပေ။
ဒါပေမဲ့ သူ့ရဲ့အရင်ဘဝမှာ ထန်ထန်ကို ချနင်းပြီးမှရလာတဲ့ အကျိုးကျေးဇူးတွေကို ကောင်းကောင်းကြီး ခံစားခဲ့တာကြောင့် ဒီဘဝမှာတချို့အရာတွေအတွက် အခကြေးငွေကို ပြန်ဆပ်ဖို့တော့ လိုနေပြီပင်။
….
“ဒီဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေ ကျေးဇူးကြောင့် ကျွန်တော် ဒီတစ်လော တော်တော်လေး သက်သာလာတာပါ ဒေါက်တာထန်ရေ။”
မစ္စတာဝမ်က တဖြည်းဖြည်း မျက်နှာ ပြုံးရွှင်လာ၏။ ဇနီးဖြစ်သူရဲ့ ထောက်ပံ့မှုကြောင့် သူ့ကြည့်ရသည်မှာ အသက်ဝင်နေကာ ပျော်ရွှင်နေပုံရသည်။
“ခင်ဗျားက ကြင်နာလွန်းနေပါပြီ…”
ထန်ထန်သည် သူ့အရှိန်ကို လျှော့ပြီး မစ္စတာဝမ်ရဲ့လှုပ်ရှားမှုနဲ့အညီ လမ်းအတူလျှောက်လာ၏။
သူ့အသံက ခပ်အေးအေးဖြစ်နေပေမဲ့ မစ္စတာဝမ်ကတော့ ဒီဒေါက်တာငယ်လေးက လူကောင်းလေး ဟု စဉ်းစားမိလေသည်။
မစ္စတာဝမ်ဇနီးက ဒေါက်တာထန်ကို တစ်ချက်အ လှမ်းစဖို့ စဉ်းစားနေချိန်မှာပဲ၊ အဆောင်ထဲမှ မစ္စတာလီရဲ့ အော်ဟစ်ပြောဆိုသံ ကြားလာရသည်။
“သူနာပြုအန်း၊ ဒါထိုးပြီးရင်တော့ ဆေးရုံအုပ်ကြီးကို သွားမေးမယ်… ဘာလို့ သူတို့ ဒေါက်တာက ဆေးကို ငါ့ဆေးကို ရည်ရွယ်ချက်ရှိရှိ လျှော့နေတာလဲဆိုတာ… ထွီ… အရှက်မရှိလိုက်တာ”
ထန်ထန်၏မျက်မှန်မှာ အလင်းတစ်ချက် လတ်သွားကာ မျက်လုံးထဲမှ ထေ့ငေါ့လိုစိတ်ကို ဖုံးအုပ်လိုက်သည်။
မူလ ဇာတ်ကောင် shouသည် “အရမ်း” ထုံအသူဖြစ်တဲ့၊ ငတုံး။
ထန်ထန်သည် အိပ်ရာ ၈ ရဲ့လူနာကို ကြိုတင်ခေါ်ထုတ်ထားပြီးဖြစ်သဖြင့် သူ့စွမ်းဆောင်ရည်ကို အမြဲသက်သေပြချင်နေသော ကျာကျင်းသည် ဆေးပမာဏကို ကိုယ့်ဘာသာ တိုးမြှင့်လိုက်ကာ ကုတင် 7မှ လူနာကို ဆေးပေးပြီး ပြဿနာ တက်စေခဲ့၏။
“ကျစ်…မူလ gongများသည် ကျာကျင်းကို ဘာကြည့်ပြီး ကြိုက်သွားလဲ မသိချေ။
ဦးနှောက်ထဲမှာ ရေတွေပဲ ရှိတဲ့ လူကြီးမင်းကျာကျင်းရဲ့ဦးနှောက်ထဲက ရေသံကို ကြားသွားလို့များလား…”
တကယ်ပဲ… မစ္စတာလီက ဒေါက်တာထန်ကို ဆဲပြီးတဲ့နောက်မှာ သူနာပြုကျာကျင်းကို စိတ်အားထက်သန်စွာနဲ့ ကျေးဇူးတင်လေသည်။
တံခါးလေးတစ်ချပ်နဲ့ ကာထားပေမဲ့… ထန်ထန်က မျှော်နေတဲ့စကားကြားသွားရပြီ—
“အာ… ကျေးဇူးတင်ပါတယ် သူနာပြုအန်…
မင်းသာ ဒေါက်တာထန်လိုပဲ ငါ့ကို ဆေးတိုးမပေးဘူး ဆိုရင် ငါဒီဆေးရုံမှာ ဘယ်လောက်ကြာကြာနေရမလဲဆိုတာ ဘယ်သူသိမှာလဲ”
“ဟေ့… အဖိုးကြီးလီ!”
မစ္စဝမ်က သည်းမခံနိုင်တော့ဘဲ ခင်ပွန်းဖြစ်သူကို ဘေးဖယ်ထားကာ အင်္ကျီလက်တွေကို လှန်၍ ယုတ်မာသော ထိုလူကို စိတ်ထဲမှာ တစ်ခုခု သင်ခန်းစာပေးဖို့ တံခါးကို ကန်ကာ သွားရန် လုပ်လိုက်သည်။
မစ္စတာဝမ်သည် အမျိုးသမီး ဖြစ်သူဆီကနေ စွန့်ပစ်တာခံလိုက်ရသကဲ့သို့ လက်တန်းလေးကို ကိုင်ကာ ရပ်နေရရှာ၏။
သူ၏ဆရာဝန်ဗီဇကို အသက်သွင်းလိုက်တဲ့အလျောက် ထန်ထန်၏ မျက်တောင်များ မသိသာ တုန်သွားသည်။ ထန်ထန်သည် မစ္စဝမ်ကို ပြန်ဆွဲကာ မနှစ်မြို့သောအမူအရာဖြင့် တံခါးကိုတွန်းလိုက်၏။
အဆောင်အတွင်း၌ အခြားသူများနောက်တွင် ကျောခိုင်းပြောဆိုနေကြသော လူနှစ်ဦးသည် ထန်ထန် ရုတ်တရက် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါတွင် လန့်သွားသည်။ ထို့နောက် မစ္စတာလီသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
—
“ ဒေါက်တာထန်လား? ဟမ်?
မင်းက ဘယ်လိုဆရာဝန်လဲ? ဟင်?
ငါ့ဆီက ငွေတွေ သဲ့ယူဖို့ ကြံနေတယ်ပေါ့?
ငါ မင်းကို တစ်ခါတည်း ပြောလိုက်မယ်
ဒီဆေးထိုးတာပြီးတာနဲ့ ငါ အထက်ကို တိုင်တော့မှာ၊ ငါက…”
“တိတ်စမ်း!”
ဒေါက်တာက သူ့ကို အေးစက်စွာ ကြည့်ပြီး လူခေါ်ခလုတ်ကို နှိပ်လိုက်၏။
မစ္စတာလီသည် ရုတ်တရက် ၎င်း၏လည်ပင်းကို ဖောက်ထားသော ဘဲအိုတစ်ကောင်နှင့်တူကာ မျက်နှာသည် ခရမ်းရောင်ပြောင်းသွားပြီး ရင်ဘတ်အောင့်လာသည်။
သူသည် ကြောက်ရွံ့ခြင်းကြောင့်ဟု အစတွင် ထင်ခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် ချက်ခြင်း စိတ်မသက်မသာ ခံစားခဲ့ရသည်။
ကျုံးရာနန် သည် သူနာပြု၏ ဘူတာရုံမှ ရောက်ရှိလာပြီး ထန်ထန်မှ
“အရေးပေါ်ခန်းကိုအသိပေးလိုက်! အိပ်ရာ ၇ မှာ မီတိုပရော်လော့ ဆေးကို အလွန်အကျွံထိုးထားတာ၊ အရေးပေါ်ကုသမှုအတွက် ပြင်ဆင်ပါ!”
“ဟုတ်ကဲ့!” ကျုံးရာနန်သည်က တုန်လှုပ်စွာနဲ့ တခြားသူနာပြုတွေကို ခေါ်ဖို့ ပြေးသွားလေသည်။
မစ္စတာလီက အသက်ရှူရသည်မှာ ပိုပြီးခက်လာ၏။ ထန်ထန်၏စကားကြားလိုက်တာနဲ့ မယုံနိုင်သော မျက်လုံးဖြင့် ကြည့်လာသည်။
ဘာအဓိပ္ပါယ်လဲ?
ဒေါက်တာထန်က ငါ့ကို ရောဂါ မပျောက်အောင် ဆေးနည်းနည်းပဲ ထိုးတာ မဟုတ်ဘူးလား?
အန်ကျာကျင်းရဲ့ မျက်နှာသည် ဖြူဖျော့သွားသည်။
“ဆေးပမာဏကိုပြောင်းဖို့ မင်းကိုဘယ်သူပြောခဲ့တာလဲ”
ထန်ထန်သည် မစ္စတာလီကို CPR လုပ်နေရင်းနဲ့ အန်ကျာကျင်းအား မေးလိုက်၏။
“လူနာက တခြားရောဂါရာဇဝင်တွေနဲ့ ဒီနှစ်မှာ အသက် 70တောင် ရှိပြီ။ ငါသတ်မှတ်ထားတဲ့ဆေးပမာဏက အသင့်လျော်ဆုံးပဲ။ အန်ကျာကျင်း မင်းခွင့်ပြုချက်မရှိဘဲ ဆေးကို ဘာလို့ပြောင်းလိုက်တာလဲဆိုတာ မင်းငါ့ကိုပြောပြရင် ပိုကောင်းမယ်!”
မစ္စတာလီ၏ မျက်နှာသည် ခရမ်းရောင်ပြောင်းသွားပြီး သူ၏ နီရဲနေသော မျက်လုံးများသည် အန်ကျာကျင်းကို တည့်တည့်စိုက်ကြည့်နေသည်။ သူ့အကြည့်တွေသည် အန်ကျာကျင်းဆီသို့ အပြေးသွားကာ ဆွဲကိုက်ဖြတ်ချင်သလိုပင် ဖြစ်နေတော့၏။
ဒီဘက်ခြမ်း၌ ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် လူအချို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ လူနာများ နှင့် ၎င်းတို့၏ မိသားစုများသည် အတွင်းပိုင်းကို ချောင်းကြည့်ပြီး စပ်စုကြသည်။
အန်ကျာကျင်း၏မျက်နှာသည် ပြာဝေသွားကာ ကြောက်ရွံ့ထိတ်လန့်သွားပြီး ဘာပြောရမှန်းပင်မသိတော့ချေ။
ထိုအချိန်တွင် မစ္စဝမ်သည် ထန်ထန် ၏စကားကိုကြားတော့ အံ့အားသင့်သွား၏။ တကယ်တော့ ဒီအဖိုးအိုလီဟာ သူမခင်ပွန်းနဲ့တူတဲ့ ရောဂါကို ခံစားနေရတာပင် ။ သူမသည် အမြန်ပြေးပြီး ဆေးအိတ်ပေါ်ရှိ ဆေးပမာဏကို စစ်ဆေးကာ အန်ကျာကျင်း၏လက်မှ ဆေးစာအား လုယူသွားပြီး နှိုင်းယှဉ်ကြည့်လိုက်သည်။
“အို.. ယောက်ျားရယ်!”
မစ္စစ်ဝမ်က သူ့ပေါင်သူ ပြန်ရိုက်ရင်း ပြောလာသည်။
“ဘာ… ဘာလို့ ငါ့ယောက်ျားရဲ့ဆေးပမာဏကိုပါ တိုးထားတာလဲ?!”
ဤသည်မှာ ဆေးဘက်ဆိုင်ရာ မတော်တဆမှုဖြစ်ပြီး လူနာများနှင့် ၎င်းတို့၏ မိသားစုများသည် အဝင်ပေါက်တွင် စုဝေးကြပြီး ၎င်းကို ချက်ချင်း စတင်ဆွေးနွေးကြသည်။ တချို့က သူတို့ဆေးညွှန်းနဲ့ ဆေးအိတ်ပေါ်က ဆေးပမာဏ တွေကို နှိုင်းကြည့်ဖို့ လုပ်လာကြ၏။
“ဆရာဝန်ဆေးညွှန်းအတိုင်းမလုပ်ဘဲ ဆေးပိုယူတာ… ဒီကောင်လေးက လူသတ်ဖို့ကြံထားတာပဲ!”
“ အသေအချာပဲ၊ သူက ဆရာဝန်တောင် မဟုတ်ဘဲ ဘာလို့ ဒါမျိုးလုပ်ရတာလဲ”
ပြောစကားသံများသည် ကျာကျင်းအား တုန်လှုပ်လာစေသည်။သူ့ မျက်နှာက ဖြူဖျော့ကာ ပြိုကျတော့မလို မျက်နှာငယ်လေးဖြစ်လာသော်လည်း မည်သူကမှ မစာနာကြချေ။
အလုပ်မှာအမှားလုပ်တာက တစ်ဖက်၊ တိကျတဲ့ဆေးညွှန်းကို မလိုက်နာဘဲ ကိုယ့်ဘာသာပြောင်းတာကတော့ လူသတ်ဖို့ ကြံစည်တာပဲ မဟုတ်လား။
အိပ်ရာအောက်မှာ ချိတ်ထားတဲ့ IV drip သည် ဆေးသွင်းနေစဉ်မှာပင်၊ ဆရာဝန်အဖွဲ့တစ်ဖွဲ့က အရေးပေါ်အိပ်ရာကို တွန်းလာပြီး၊ နှလုံးခုန်အားနည်းလာတဲ့ သူနာကို မြန်မြန်ထပ်ပေးတင်ပြီး ချက်ချင်း အရေးပေါ်ခန်းဆီ ပြေးသွားကြ၏။
ဝိုင်းဝန်းကြည့်နေတဲ့ လူတွေက တဖြည်းဖြည်း အသံကျယ်လာကြပြီး ကျာကျင်းက မခံနိုင်တော့ဘဲ ခေါင်းငုံ့ကာပြီး အမြန် ပြေးထွက်သွားတော့သည်။
ခွဲစိတ်ကုသမှုက ညနေပိုင်း ၅ နာရီအထိ ဆက်လက်လုပ်ခဲ့ရ၏။ ကံကောင်းစွာနှင့်ပင် ထန်ထန်၏ အချိန်မီကယ်တင်နိုင်မှုကြောင့် မစ္စတာလီရဲ့အသက်က ကယ်တင်နိုင်ခဲ့ပေမယ့်…
ကံဆိုးစွာနဲ့ပဲ သူ့တစ်ဘဝလုံး လမ်း ထပ်လျှောက်နိုင်တော့မည် မဟုတ်ချေ။
—
ထန်ထန်သည် ခေါင်းငုံ့ကာ လှပတဲ့လက်တွေကို သေသပ်စွာဆေးနေ၏။ သူ၏ လက်ချောင်းတွေသည် သွယ်တန်းကာ သန်မာလေသည်။ ထန်ထန်၏ နှင်းသားလိုဖြူသော အေးစက်သည့် အရေပြားပေါ်၌ ရေစက်လေးတွေသည် တစ်စက်ပြီး တစ်စက်ကျနေသည်မှာ မြင်ရသူတိုင်း၏ လည်ချောင်း၌ တင်းကြပ်ကာ ရေငတ်လာသလို ခံစားရစေ၏။
မူလခန္ဓာကိုယ်အနေနဲ့…
ဒီနေ့မှာ မိသားစုတွေကို သတိမပေးဘဲ အမှန်တရားကို ဖုံးဖိရန် ကြိုးစားခဲ့ကာ ထန်ထန်ကမူ သူ့အနေနဲ့ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်၏။ ယခု၌မူ အတွင်းလူနာဆောင်ရှိ လူအားလုံးကို ချက်ချင်း သက်သေအထောက်အထားနဲ့ မြင်ကြားသွားပြီး၊ ဆေးညွှန်းနဲ့ ကျားကျင်း ပြင်ဆင်ထားသည့် ဆေးအိတ်ကိုလည်း ရှင်းရှင်းလင်းလင်းတွေ့မြင်သွားကြလေသည်။
ကျာကျင်းသည် ထန်ထန်ကိုလည်း လွှဲမချနိုင်တော့ချေ။ သို့ရာတွင် ခြင်္သေတစ်ကောင်သည် အိုသွားရင်တောင် တောဘုရင်ဖြစ်နေဆဲပင်။
ဒီလိုကိစ္စလေးတစ်ခုသည် သူ့ကို ရက်အနည်းငယ်သာ ဆွဲချနိုင်လေ၏။ တစ်ချက်တည်းအဆုံးမသတ်နိုင်ရင်တော့ ပြန်လည်တိုက်ခိုက်ခံရနိုင်သည်ကို ထန်ထန်သည် ကြိုတွက်ပြီးသားပင်။
ဒါကြောင့်ပဲ သူသည် ကျားကျင်းရဲ့အမုန်းကို တမင်တကာ လှုံ့ဆော်လိုက်ခြင်းဖြစ်သည်။
ဘာလို့လဲဆိုတော့… အဲ့ဒီ နတ်ဘုရားလိုဖြစ်တည်မှုမျိုးနဲ့ တတိယ gongကို ဆက်သွယ်ဖို့ဆိုရင် ကျာကျင်းကို အားကိုးရမှာမို့ပင်။
…
နေ့လည် တစ်နာရီလောက်အချိန်မှာတော့အလှည့်ကျသူနာပြုက မောပန်းကာ အိပ်ချင်စိတ် ပြေပျောက်ရန် သူမ ပါးကို သူမဘာသာ ပြန်ရိုက်လိုက်၏။
သို့ရာတွင် အဲ့အချိန်၌ ဆေးရုံတံခါးသည် ဆွဲဖွင့်ခံလိုက်ရကာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူအချို့က လူတစ်ဦးကို ဝန်းရံကာ အလျင်အမြန် ဝင်လာကြသည်။ သူနာပြုက ချက်ချင်း ထရပ်ကာလှမ်းမေးလိုက်လေသည်။
“ဘာဖြစ်တာလဲ?
တစ်ခုခု အဆင်ပြေတာ ရှိလား?”
ခေါင်းငုံ့ထားသောလူသည် ကြားသွားကာ ခေါင်းကို မော့လာလေသည်။သူ၏ မျက်နှာက ထူးခြားသည့်အလှတရားရှိကာ သူနာပြုလေးသည် မျက်စိမလွှဲနိုင်လောက်အောင် ဖြစ်နေ၏။
သူသည် ခေါင်းကို ခါရင်း ပြောလာကာ သူ့အသံသည် အနည်းငယ် အက်နေဟန်ရှိသည်။
“အာ… အဆင်မပြေတာမရှိပါဘူး…”
သူ့ ဝမ်းဗိုက်နားအား ဖုံးထားတဲ့အဝတ်ကို တစ်ချက်ဖွင့်လိုက်ကာ သွေးများသည် ရုတ်တရက် စီးကျလာလေသည်။
သို့ရာတွင် ကောင်းကင်ဘုံက ဆင်းလာသကဲ့သို့ ကြည့်ကောင်းလှသောအမျိုးသားသည် အပြုံးကလေးနှင့် ဆက်ပြောလာ၏။
“… သေနတ် ပစ်ခံလိုက်ရရုံတင်ပါ”
Arc-8
Chapter-2 End