Chapter – 28
World 3 ( Chapter – 1 )
အရမ်းမိုက်ပြီး ရမ်းကားတဲ့ ဆယ်ကျော်သက် ကျောင်းတွင်းလူမိုက်၊ ကျောင်းရဲ့ နာမည်ကြီး ကောင်လေးနှစ်ယောက် တစ်ခုံတည်း အတူထိုင်ခြင်း၊ စာဂျပိုး နဲ့ စာညံ့တဲ့ကောင်လေး တွေ့ဆုံခြင်း…..
===
ရင်းနှီးနေတဲ့ ပုံစံခွက်အတိုင်းပဲ မျက်လုံးဖွင့်လိုက်တာနဲ့ လုံးဝကို အသစ်စက်စက် ကမ္ဘာတစ်ခုကို ရောက်သွားလေပြီ။
ကျိုးဝေ့ချီတစ်ယောက် အံ့သြခွင့်တောင် မရလိုက်ခင် ပခုံးပေါ်ကနေ ရုတ်တရက် အားတစ်ခုက သက်ရောက်လာပြီး သူ့ကော်လာကို တစ်ယောက်ယောက်က ကြမ်းကြမ်းတမ်းတမ်း ဆွဲမပြီး လွှင့်ပစ်လိုက်သလိုမျိုး ခံစားလိုက်ရသည်။
ထင်တဲ့အတိုင်းပဲ၊ ရန်စလို့ မလွယ်တဲ့ပုံစံ ပေါက်နေတဲ့ တူညီတဲ့ အရောင်ရင့် ဝတ်စုံတွေ ဝတ်ထားတဲ့ ကောင်လေးတစ်စု သူ့ရှေ့မှာ လာဝိုင်းနေကြ၏။
နှစ်ယောက်က သူ့ပခုံးကို ချုပ်ထားပြီး ကျန်နှစ်ယောက်ကတော့ သူ့ကော်လာကို ဆွဲထားကြသည်။ အရပ်က သိပ်မမီတာကြောင့် ခြေဖျားထောက်၊ မေးကိုဆွဲပြီး သူ့ကို ကြမ်းကြမ်းတမ်းတမ်း စိုက်ကြည့်နေကြသေးသည်။
ကျိုးဝေ့ချီ အကြမ်းဖျင်း ကြည့်လိုက်တော့၊ သူတို့မျက်နှာတွေက အရမ်းကြမ်းတမ်းချင်ယောင် ဆောင်နေပေမဲ့ တကယ်တမ်းကျတော့ ဟန်လုပ်နေကြမှန်း သူ ချက်ချင်း သိလိုက်လေ၏။
သူတို့မျက်နှာတွေပေါ်မှာ နုနယ်တဲ့အရိပ်အယောင်တွေ ရှိနေသေးပြီး ဝတ်ထားတဲ့ ယူနီဖောင်းကလည်း အထက်တန်းကျောင်း တစ်ကျောင်းကျောင်းက ဖြစ်ပေမည်။
ကျောပိုးအိတ်တွေကိုလည်း ပေါ့ပေါ့ရွှတ်ရွှတ် လွယ်ထားသေးတာဆိုတော့ ကြည့်လိုက်တာနဲ့တင် လမ်းသရဲ ကောင်လေးတွေမှန်း သိသာနေတော့သည်။
“ဘော့စ်၊ ဒါ သူပဲ၊ ကျောင်းပြောင်းလာတဲ့ လူသစ်!”
ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ ကောင်လေးတစ်ယောက်က သူ့ကော်လာကို ကြမ်းကြမ်းတမ်းတမ်း လွှတ်ချလိုက်ရင်း ပြောလာသည်။
ကျိုးဝေ့ချီက သူ လူပြတ်တဲ့ ထောင့်တစ်ခုမှာ အဝိုင်းခံထားရတာကို ချက်ချင်း သတိထားမိသွားလေ၏။ ဆိုတော့… ဒါက ကျောင်းတွင်း အနိုင်ကျင့်တဲ့ အဖြစ်အပျက်ပေါ့?
သူတို့ပြောနေတဲ့ ဘော့စ်ဆိုတာကိုတော့၊ ကျိုးဝေ့ချီက သူ့ရဲ့ အရပ်အမောင်းကို အသုံးချပြီး သူတို့နောက်မှာ ရပ်နေတဲ့ မြင့်မားချောမောတဲ့ ကောင်လေးတစ်ယောက်ကို အလွယ်တကူ မြင်လိုက်ရသည်။
အဲဒီကောင်လေးက ယူနီဖောင်းကို ပခုံးပေါ် တင်ထားပြီး ပါးစပ်ထဲမှာ သစ်ရွက်တစ်ရွက် ကိုက်ထားသေး၏။
ကောင်လေးက ပေါ့ပေါ့ရွှတ်ရွှတ် ပုံစံမျိုးနဲ့ ဆံပင်တွေကလည်း ဖရိုဖရဲ။ အရပ်ကလည်း ရှည်သည်။ အရေးအကြီးဆုံးက သူက အရမ်းကို တက်ကြွပြီး ချောမောလွန်းနေတာပင်။
ကြည့်လိုက်တာနဲ့တင် ကျောင်းတစ်ခုလုံးကို ပွက်လောရိုက်သွားစေနိုင်တဲ့ ကျောင်းရဲ့ နာမည်ကြီး ကောင်လေးပုံစံမျိုး။
ဒါပေမဲ့ ဒီကောင်လေးက မျက်လုံးကို စွေကြည့်တတ်ပြီး အမြဲတမ်း စိတ်မရှည်တဲ့ ပုံစံ ပေါက်နေသည်။ လွယ်လွယ်ပြောရရင် အရမ်းကို မိုက်ရိုင်းပြီး ဘဝင်မြင့်နေတဲ့ ပုံစံမျိုးပင်။
【ပစ်မှတ်ကို တွေ့ရှိပါပြီ၊ ရှန်ထျန်းဟောက်၊ 《ငါ့ရဲ့ ကျောင်းတွင်းလူမိုက် ရည်းစား》 ရဲ့ ဇာတ်လိုက်ပါ၊ ကျေးဇူးပြုပြီး host အနေနဲ့ သူ့ကို အသေအလဲ လိုးပေးပါ၊ လိုးပြီး အရှုံးပေးသွားအောင် လုပ်ပါ!】
ကျိုးဝေ့ချီက မသိမသာ မျက်ခုံးပင့်လိုက်လေ၏။ အဲဒီအချိန်မှာ ရှန်ထျန်းဟောက်က သူ့ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာပြီး မိုက်ရိုင်းပြီး ဘဝင်မြင့်တဲ့ အကြည့်တွေနဲ့ သူ့ကို ကြည့်ကာ မေးလိုက်သည်။
“မင်းက ကျိုးဝေ့ချီလား?”
ကျိုးဝေ့ချီက ပြုံးလိုက်ပြီး “ဟုတ်တယ်”
လမ်းသရဲ ကောင်လေးက နှာခေါင်းရှုံ့လိုက်သည်။
“မင်းက A ကျောင်းရဲ့ နာမည်ကြီး ကောင်လေးဆို၊ ပြီးတော့ စာလည်း အရမ်းတော်တယ်ဆို၊ ဘာလို့ ငါတို့ X ကျောင်းကို ရောက်လာတာလဲ?”
ရှန်ထျန်းဟောက်ရဲ့ အသံကလည်း ဘဝင်မြင့်နေပြီး မင်းနဲ့ စကားပြောရတာ စိတ်မရှည်ဘူး၊ ကျေးဇူးပြုပြီး ပြောနေရတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေချေ၏။
တကယ်တော့ ရှန်ထျန်းဟောက်က အရမ်းကို စိတ်ရှုပ်နေခြင်းပင်။ ဒီကျောင်းပြောင်းလာတဲ့ ကောင်လေးက ကျောင်းတောင် မလာရသေးခင် တစ်ကျောင်းလုံးမှာ သတင်းတွေ ပျံ့နေပြီး ကျောင်းရဲ့ သတင်းခေါင်းစဉ်တွေမှာတောင် ပါနေပြီလေ။
X ကျောင်းက ကျောင်းသားတွေက သူတို့နှစ်ယောက်ထဲက ဘယ်သူက ပိုချောလဲဆိုတာကို အမျိုးမျိုး ဆွေးနွေးနေကြသည်။
ရှန်ထျန်းဟောက်က အရမ်း စိတ်ရှုပ်နေခြင်းပင်။ X ကျောင်းရဲ့ နာမည်ကြီး ကောင်လေးဆိုတာ အမြဲတမ်း သူပဲလေ။
သူက ဒါကို ဂရုမစိုက်ပေမဲ့လည်း သူက X ကျောင်းရဲ့ နာမည်ကြီး ကောင်လေးတင် ဘယ်ကမလဲ။
သူ့ရုပ်ရည်နဲ့ဆိုရင် စကြဝဠာမှာ အချောဆုံးလို့ ပြောရင်တောင် မှားမည် မထင်။
ဒါပေမဲ့ လုံးဝ မမျှော်လင့်ဘဲ အမြင်ကတ်စရာ ကောင်တစ်ကောင် ရောက်လာပြီး သူ့ရုပ်ရည်နဲ့ ယှဉ်ခံရရုံတင် မကဘူး၊ ဒီကောင်က သူ့ထက်တောင် အရပ်နည်းနည်း ပိုရှည်နေသေးသည်။
အဆိုးဆုံးကတော့ သူက နာမည်ကြီး စာညံ့တဲ့သူ ဖြစ်နေပေမဲ့ ဒီကောင်ကကျတော့ စာအရမ်းတော်နေတာပင်။
ဒါကို ဘယ်လို သည်းခံနိုင်မလဲ? သူဆိုတဲ့ ရှန်ထျန်းဟောက်ရဲ့ နေရာကို တခြားသူက လုယူသွားလို့ ရပါ့မလား?
ဒါကြောင့် ကျိုးဝေ့ချီ X ကျောင်းကို စရောက်တဲ့ ပထမဆုံးနေ့မှာပဲ သူက လူတွေခေါ်ပြီး သူ့ကို ထောင့်မှာ ပိတ်လှောင်ထားလိုက်ခြင်းပင်။ သူက ဒီကောင် ဘယ်လိုပုံစံလဲ၊ သူ့ကို ယှဉ်နိုင်လောက်တဲ့ အရည်အချင်း ရှိမရှိ ဆိုတာကို သိချင်ရုံ သက်သက်သာ။
ကျိုးဝေ့ချီကတော့ ဒီလို ကလေးဆန်တဲ့ အပြုအမူတွေအတွက် တကယ်ကို ရယ်ချင်နေမိ၏။
ဒါပေမဲ့ တတ်နိုင်ဘူးလေ၊ ဒါက ချဲ့ကားထားတဲ့ ကလေးဆန်တဲ့ ကျောင်းတွင်း မယ်ရီဆူး ဝတ္ထုတစ်ပုဒ်ကိုး။
ကျိုးဝေ့ချီက အချက်အလက်တွေကို မြန်မြန်ဆန်ဆန် လက်ခံလိုက်လေသည်။ ဇာတ်လိုက် ရှန်ထျန်းဟောက်က အသက် ၁၈ နှစ်၊ အထက်တန်း တတိယနှစ်၊ အရပ်က ၁၈၀၊ သူဌေးသား ဒုတိယမျိုးဆက်။
အိမ်က အရမ်းချမ်းသာပြီး ကျောင်းကို ခဏခဏ ပိုက်ဆံတွေ လှူတတ်တော့ ကျောင်းအုပ်ကြီးတွေက သူ့ကို ဘိုးဘေးလေးတစ်ယောက်လို ကိုးကွယ်ထားကြသည်။ သူ ပြဿနာရှာရင်တောင် ဘာမှ မပြောရဲကြ။
သူ့ရဲ့ ကျောင်းတွင်း အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကိုလည်း မျက်စိတစ်ဖက် မှိတ်ထားပေးကြလေ၏။
ကျိုးဝေ့ချီရဲ့ နားလည်မှုအရတော့ ရှန်ထျန်းဟောက်က အရမ်းကို မိုက်ရိုင်းပြီး ဘဝင်မြင့်တဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ပင်။
ပြီးတော့ သူ့လုပ်ရပ်တွေက အရမ်းကို ကလေးဆန်ပေမဲ့ တကယ်တော့ သူက အရမ်း အပြစ်ကင်းပြီး သူ့အတွက်တောင် တွေးရခက်လောက်အောင် ရိုးသားနေသေးတာကိုး။
မတတ်နိုင်ဘူးလေ၊ ကျောင်းတွင်း ဇာတ်လမ်းတွေဆိုတာ ဒီလိုပဲ ရိုးသားပြီး လှပတတ်တာမဟုတ်လား။
ပထမဆုံး အချစ်ရဲ့ ချိုမြိန်တဲ့ အရသာတွေ အပြည့်ပါသလို လူကြီးတွေမှာ မရှိတဲ့ တက်ကြွတဲ့ အငွေ့အသက်တွေလည်း ရှိလေသည်။
ဒါတွေအကုန်လုံးက လူတိုင်း လွမ်းဆွတ်ရမယ့် လူငယ်ဘဝလေးတွေပင်။
ကျိုးဝေ့ချီက ဒီကမ္ဘာကို သဘောကျလေ၏။ ဒါကြောင့် အခု သူ စိတ်နေစိတ်ထား အရမ်းကောင်းနေခြင်းပင်။
“ဘာလို့လဲဆိုတော့”
ကျိုးဝေ့ချီက ရုတ်တရက် မတ်မတ်ရပ်လိုက်ပြီး ရှန်ထျန်းဟောက်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီမှာ ငါ သဘောကျတဲ့သူ ရှိနေနိုင်လို့လေ။”
ကျိုးဝေ့ချီက မူလကတည်းက ရှန်ထျန်းဟောက်ထက် အရပ်ပိုရှည်တာကြောင့် တစ်ခဏလောက်တော့ ရှန်ထျန်းဟောက်က ဒီလူရဲ့ အငွေ့အသက် ပြောင်းလဲသွားတာကို သိသိသာသာ ခံစားလိုက်ရသည်။
သူတို့က လူအင်အား ပိုများပြီး အရှိန်အဝါနဲ့ ဖိနှိပ်ထားတာတောင်မှ အခုတော့ သူက အထင်သေးခံရသလို ခံစားနေရလေ၏။ ပြီးတော့ ကျိုးဝေ့ချီရဲ့ မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေပြီး သဘောကျတဲ့သူ ရှိတယ်ဆိုတာ ဘာအဓိပ္ပာယ်ပါလိမ့်။
“မင်း ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ!”
လမ်းသရဲ ကောင်လေးတွေဆိုတာ ဒီလိုပဲလေ၊ အထူးသဖြင့် သူက X ကျောင်းရဲ့ ဘော့စ်ဆိုတော့ စကားတစ်ခွန်း မှားတာနဲ့ ရန်ဖြစ်ဖို့ အဆင်သင့်ပင်။
ဒါပေမဲ့ ဝမ်းနည်းစရာက ကျိုးဝေ့ချီက တခြားသူတွေလို သူ့ကို မကြောက်ပေ။ သူတို့အိမ်ရဲ့ အာဏာကိုလည်း ကြောက်ရွံ့ပြီး အရှုံးမပေး။
ကျိုးဝေ့ချီက သူ့ကို ကြည့်ပြီး ပြုံးလိုက်ရုံသာ။ ပြီးတော့ သူ့ကော်လာကို ဆွဲထားတဲ့ လက်ကို ဖယ်ရှားလိုက်ပြီး အတန်းထဲကို လျှောက်သွားတော့သည်။
ဒီနေ့က သူ ပထမဆုံး ကျောင်းလာတဲ့နေ့ဆိုတော့ အရာအားလုံးက ကွက်တိပင်။ ဇာတ်လိုက်က ဇာတ်လိုက်မင်းသမီးနဲ့တောင် မတွေ့ရသေး။ အခု သူ့ရဲ့ ဇာတ်ကောင်က ဝတ္ထုထဲက ဒုတိယ ဇာတ်လိုက်ပုံစံ ပေါက်နေ၏။ တကယ်ကို စိတ်ဝင်စားစရာပင်။
ကျောင်းတွင်း မယ်ရီဆူး ဝတ္ထုဖြစ်နေတော့ ယုတ္တိဗေဒတွေ အများကြီး စဉ်းစားနေစရာ မလိုပါဘူးလေ။
တိုက်ဆိုင်စွာပဲ၊ ဇာတ်လိုက်၊ ဒုတိယ ဇာတ်လိုက်နဲ့ ဒီနေ့မှ ကျောင်းပြောင်းလာတဲ့ စာတော်ပြီး လိမ္မာတဲ့ ဇာတ်လိုက်မင်းသမီးတို့ အားလုံးက အတန်းတစ်တန်းတည်းမှာ ကျနေကြသည်။
ဒါကြောင့် ဆရာက ကျိုးဝေ့ချီနဲ့ လိမ္မာတဲ့ ဇာတ်လိုက်မင်းသမီးကို စင်မြင့်ပေါ် ခေါ်သွားပြီး မိတ်ဆက်ပေးတဲ့အခါမှာ၊ ကျိုးဝေ့ချီက အတန်းရဲ့ နောက်ဆုံးခုံမှာ ဘော့စ်တစ်ယောက်လို ထိုင်နေတဲ့ ရှန်ထျန်းဟောက်က သူ့ကို ကြမ်းတမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရလေ၏။
ကျိုးဝေ့ချီက သေရမှာ မကြောက်တဲ့ပုံစံနဲ့ သူ့ကို မျက်စိမှိတ်ပြလိုက်ပြီး နှုတ်ဆက်လိုက်သည်။ အဲဒီအခါ အတန်းထဲက မိန်းကလေးတွေဆီကနေ ရူးသွပ်သွားသလို အော်သံတွေ ထွက်ပေါ်လာလေ၏။
“အားးး အရမ်းချောတာပဲ ငါသေတော့မယ်!”
“အားး မရတော့ဘူး အရမ်းချောတယ်!”
“…”
မိန်းကလေးတွေက အရမ်းကို စိတ်လှုပ်ရှားပြီး ရူးသွပ်နေကြသည်။ သူတို့အတန်းမှာ နာမည်ကြီး ကောင်လေးတစ်ယောက် ရှိနေပေမဲ့ သူက ကျောင်းတွင်းလူမိုက်လေ၊ ခိုးကြည့်ရင်တောင် အပိုင်သတိပေးခံရမည်သာ။
စိတ်တိုတတ်ပြီး အကျင့်လည်း ဆိုးသေးလေ၏။ ဒါပေမဲ့ အခု သူတို့ရှေ့က တစ်ယောက်ကကျတော့ အရမ်းချောတဲ့အပြင် အိမ်ကလည်း အရမ်းချမ်းသာတယ်လို့ ကြားရသည်။
သူဌေးသား ဒုတိယမျိုးဆက် ဖြစ်ပေမဲ့ သူက အရမ်း ယဉ်ကျေးပြီး စိတ်ထားလည်း ကောင်းတယ်၊ ကြင်နာတတ်သေး၏။ ပြီးတော့ စာလည်း အရမ်းတော်သေးတယ်ဆိုတော့ ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ပင်။
ကျိုးဝေ့ချီ ရောက်လာတာက ကျောင်းတစ်ကျောင်းလုံးကို ပွက်လောရိုက်သွားစေသည်။ ဒါကြောင့် သူ့တို့အတန်းထဲ ရောက်လာတာကို သူတို့က အရမ်းကို ပျော်နေကြခြင်းပင်။
ဒါပေမဲ့ ဒါတွေအကုန်လုံးက ရှန်ထျန်းဟောက် အမြင်မှာတော့ စိန်ခေါ်မှုတွေချည်းသာ။ ဒါက ကျိုးဝေ့ချီက သူ့ကို ဗြောင်ကျကျ စိန်ခေါ်နေတာပင်။
“အာ.. ဟို.. ကျောင်းသားနှစ်ယောက်၊ ဘယ်သူက ရှန်ထျန်းဟောက်နဲ့ တစ်ခုံတည်း အတူထိုင်ချင်လဲ?”
အဲဒီအချိန်မှာ ဆရာက အသံတိုးတိုးလေးနဲ့ မေးလိုက်သည်။
ဝတ္ထုရဲ့ ဇာတ်လမ်းက ဒီကနေ စတာပင်။
ဝတ္ထုထဲမှာတော့ ဒုတိယ ဇာတ်လိုက်က အရင်ရောက်လာပြီး ရှန်ထျန်းဟောက်ဘေးကလွဲရင် တခြားလွတ်နေတဲ့ ခုံမှာ ထိုင်လိုက်၏။
ဇာတ်လိုက်မင်းသမီး ရောက်လာတဲ့အခါမှာတော့ သူက ရှန်ထျန်းဟောက်နဲ့ မဖြစ်မနေ အတူထိုင်ရတော့သည်။ စာတော်တဲ့ ဇာတ်လိုက်မင်းသမီးနဲ့ စာညံ့တဲ့ ဇာတ်လိုက်တို့ကြားက အချစ်ဇာတ်လမ်းကလည်း အဲဒီကနေ စတင်တာပင်။
ဒါပေမဲ့ ဒီနေ့ကတော့ မတူဘူးလေ။
ကျိုးဝေ့ချီက အတူတူ ရောက်လာတော့ ဆရာက အရမ်းကို အခက်တွေ့နေ၏။
ရှန်ထျန်းဟောက်ကလည်း ကောင်းကင်ကိုတောင် ဖြိုမယ့်ပုံစံမျိုးနဲ့ မိုက်ရိုင်းနေချေသည်။ ဇာတ်လိုက်မင်းသမီးက လိမ္မာတဲ့ မိန်းကလေးဆိုတော့ သူ့ကို ကြည့်လိုက်တာနဲ့ ကြောက်ပြီး ခေါင်းငုံ့သွား၏။ သူ မထိုင်ချင်တာ သိသာနေတာပေါ့။
ကျိုးဝေ့ချီကတော့ ဒါကို လိုချင်နေတာပင်။ သူက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီးကို သံယောဇဉ်တွယ်ဖို့ အခွင့်အရေး ပေးမှာမဟုတ်ဘူးလေ။ ဒါကြောင့် သူက ဆရာ့ဘက်ကို လှည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော် သွားထိုင်လိုက်ပါ့မယ် ဆရာ။”
“အာ သိပ်ကောင်းတာပေါ့ ကျောင်းသားကျိုး၊ ဒါဆို နောက်ဆို မင်းတို့က တစ်ခုံတည်း အတူထိုင်ရမှာပေါ့။”
ကျိုးဝေ့ချီက ပြုံးလိုက်ပြီး နောက်ဆုံးခုံက ရှန်ထျန်းဟောက်ဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။
အတန်းတစ်ခုလုံးကလည်း ဆူညံသွားလေပြီ။ နာမည်ကြီး ကောင်လေးနှစ်ယောက် တစ်ခုံတည်း အတူထိုင်တာက ဘယ်လို နတ်ဘုရား ပေါင်းစပ်မှုမျိုးပါလိမ့်။
ရှန်ထျန်းဟောက်က အတန်းနောက်က နေရာတစ်ခုလုံးကို တစ်ယောက်တည်း သိမ်းပိုက်ထားတာပင်။
တစ်ယောက်တည်းက စာသင်ခုံ တစ်ခုံလုံးကို ယူထားသည်။ အခုချိန်မှာ သူက ကုလားထိုင် နောက်မှီကို မှီပြီး နောက်ကို ဆုတ်ထား၏။
ခြေထောက်နှစ်ချောင်းကိုတော့ စာသင်ခုံပေါ်ကို ပြန့်ကျဲစွာ တင်ထားသည်။ လုံးဝကို လမ်းသရဲ ကောင်လေးတစ်ယောက်ရဲ့ စံပြ ထိုင်ဟန်ပင်။
ကျိုးဝေ့ချီ သူ့ရှေ့ကို လျှောက်လာတာကို ကြည့်ပြီး ရှန်ထျန်းဟောက်က သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်ကို ဆန့်ထုတ်ပြီး ဒီဘက် စာသင်ခုံပေါ်ကို တင်လိုက်၏။
ပြီးတော့ ကျိုးဝေ့ချီကို စိန်ခေါ်တဲ့ အကြည့်နဲ့ ကြည့်ကာ “မင်း ဘယ်လိုထိုင်မလဲ ကြည့်ရသေးတာပေါ့” ဆိုတဲ့ ပုံစံမျိုး လုပ်ပြနေတော့သည်။
ဒါပေမဲ့ ကျိုးဝေ့ချီ အမြင်မှာတော့ ဒီလိုလုပ်ရပ်က အရမ်းကို ကလေးဆန်လွန်း၏။ ချစ်စရာကောင်းလောက်အောင် ကလေးဆန်နေတာပင်။
ဒါကြောင့် သူက ပြုံးပြီး ရှန်ထျန်းဟောက်ရဲ့ ခြေကျင်းဝတ်ကို တိုက်ရိုက် ဆွဲကိုင်လိုက်သည်။ ပြီးတော့ ရှန်ထျန်းဟောက်ရဲ့ အံ့သြပြီး မယုံကြည်နိုင်တဲ့ အကြည့်တွေအောက်မှာ သူ့ခြေထောက်နှစ်ချောင်းလုံးကို စာသင်ခုံပေါ်ကနေ ဖြည်းဖြည်းချင်း ချပေးလိုက်၏။
ပြီးတာနဲ့ အတန်းတစ်ခုလုံး အံ့အားသင့်နေတဲ့ ကြားထဲမှာပဲ သူ့နေရာမှာ သူ အေးအေးဆေးဆေး ထိုင်လိုက်တော့သည်။
စာညံ့တဲ့သူရဲ့ စာသင်ခုံထဲမှာ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကလွဲရင် စာအုပ်ဆိုလို့ ဘာမှ မရှိ။
ကျိုးဝေ့ချီကလည်း ဂရုမစိုက်ဘဲ ဘာမှမဖြစ်သလိုမျိုး အဲဒါတွေကို ကြမ်းပြင်ပေါ် တိုက်ရိုက် လှဲချလိုက်၏။ ပြီးတော့မှ သူ့ပစ္စည်းတွေကို စာသင်ခုံထဲကို ဖြည်းဖြည်းချင်း ထည့်လိုက်သည်။
အဲဒီအချိန်ကျမှ ဒေါသထွက်လွန်းလို့ ပေါက်ကွဲမတတ် ဖြစ်နေတဲ့ ရှန်ထျန်းဟောက်ရဲ့ သွားကြိတ်သံကို ကြားလိုက်ရ၏။
“ကျိုးဝေ့ချီ၊ မင်း ကိုယ့်သေတွင်းကိုယ်ရှာမိနေတာကို သိလား!”
ကျိုးဝေ့ချီက သူ့ဘက်လှည့်ပြီး ပြုံးပြလိုက်သည်။
“အင်း၊ သိတယ်။”
ပြီးတော့ တခြား ဘာမှ ထပ်မပြောဘဲ စာသေချာ သင်ယူမယ့် ပုံစံမျိုး လုပ်နေလိုက်၏။
“မင်း… ဒီကောင်!”
ရှန်ထျန်းဟောက်က ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်ယင်နေသည်။
“မင်း မှတ်ထားလိုက်!”
ကျိုးဝေ့ချီက ဂရုမစိုက်သလို ပခုံးတွန့်လိုက်၏။ မှတ်ထားဆိုလည်း မှတ်ထားရုံပေါ့။
“မင်း သတ္တိရှိရင်”
ရှန်ထျန်းဟောက်က ကျိုးဝေ့ချီကို လက်ညှိုးထိုးပြီး
“ဒီနေ့ ကျောင်းဆင်းရင် မပြန်နဲ့၊ ကျောင်းနောက်က ဝါးတောမှာ တွေ့မယ်၊ ကြားလား!”
ရှန်ထျန်းဟောက်က ကျိုးဝေ့ချီကို အသေရိုက်သတ်မယ့် ပုံစံမျိုး လုံးဝ ဖြစ်နေပြီလေ။
ဒါပေမဲ့ ကျိုးဝေ့ချီကတော့ သူ့ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်။ ဒါပေမဲ့ ကျိုးဝေ့ချီက ဒီလိုဖြစ်လေ ရှန်ထျန်းဟောက်က ပိုပြီး ဒေါသထွက်လေပင်။
ရှန်ထျန်းဟောက်က ပြောပြီးတာနဲ့ သူ့အင်္ကျီကို ဆွဲယူပြီး ထွက်သွားတော့သည်။
စာသင်မှာလား? လမ်းသရဲ ကောင်လေးက ဘယ်လိုလုပ် စာသင်မှာလဲ? သူက ညနေ ကျောင်းဆင်းရင် ကျိုးဝေ့ချီကို သေလုမျောပါး ရိုက်ပြီး ဒီမှာ ဘယ်သူက ဘော့စ်လဲဆိုတာကို ပြဖို့ပဲ စောင့်နေတာလေ။
ညဘက် ချိန်းထားတဲ့ ဝါးတောကို ရောက်သွားတဲ့အခါမှာတော့ ကျိုးဝေ့ချီလည်း လုံးဝ မမျှော်လင့်ထားတဲ့ မြင်ကွင်းကို တွေ့လိုက်ရ၏။
ရှန်ထျန်းဟောက်တို့ လူစုက တခြား လူစုတစ်စုနဲ့ ရန်ဖြစ်နေကြတာပင်။ သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေကို ကြည့်ရတာ တခြားကျောင်းက လမ်းသရဲ ကောင်လေးတွေ ဖြစ်ပုံရသည်။ ပြီးတော့ လူအင်အားက သူတို့ထက် သုံးလေးဆလောက် ပိုများနေတော့၏။
ရှန်ထျန်းဟောက်က ထင်တဲ့အတိုင်းပဲ အရမ်းမိုက်ပြီး အရမ်းရမ်းကားသည်။ တစ်ယောက်တည်းနဲ့ ကောင်လေးတစ်အုပ်ကို ချနေတာလေ။ ဒါပေမဲ့ လူနည်းတော့ မနိုင်ဘူးပေါ့။ ပြီးတော့ ဟိုလူတွေက ကြိုတင် ပြင်ဆင်လာတာ၊ သူတို့လက်ထဲမှာ တုတ်တွေ ကိုင်ထားကြ၏။
ခဏလောက်ကြာတော့ ရှန်ထျန်းဟောက်ရဲ့ နောက်လိုက် ကောင်လေးတချို့က ရိုက်ခံရပြီး အော်ဟစ်နေကြလေပြီ။ ရှန်ထျန်းဟောက်ကလည်း ဘော့စ်တစ်ယောက်ရဲ့ ပုံစံရှိပေသည်။ အဲဒီလူတွေကို သူတစ်ယောက်တည်း တားထားပြီး သူ့နောက်လိုက် ကောင်လေး လေးယောက်ကို အရင် ပြေးခိုင်းလိုက်၏။
ရလဒ်အနေနဲ့ သူတို့ ပြေးသွားပြီးတဲ့နောက်မှာ ရှန်ထျန်းဟောက်က လူဆယ်ယောက်ကျော်ရဲ့ ဝိုင်းရိုက်တာကို ခံလိုက်ရသည်။ ကျိုးဝေ့ချီက အဝေးကနေ ကြည့်နေခြင်းပင်။
သူ့ပါးစပ်ထောင့်မှာ သွေးတွေ ပေနေပြီး မျက်နှာပေါ်မှာလည်း ဒဏ်ရာတွေ အများကြီး ရှိနေ၏။ ခန္ဓာကိုယ်ပေါ်မှာဆို ပိုဆိုးမှာအမှန်။ ပြီးတော့ ခြေကလည်း ထော့နင်းထော့နင်းနဲ့ ဒဏ်ရာက သိပ်မသေးလှဘူး ထင်ရသည်။
ကျိုးဝေ့ချီကလည်း မကူညီဘဲ သူ ရုန်းကန်နေတာကိုပဲ ကြည့်နေလိုက်၏။ ရှန်ထျန်းဟောက်က မတော်တဆ ကြမ်းပြင်ပေါ် လဲကျသွားပြီး အကြာကြီး ထမလာနိုင်တော့တဲ့အချိန်ကျမှ ကျိုးဝေ့ချီက အဲဒီကို သွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။
“မင်းတို့ ဘာလုပ်နေတာလဲ!”
အဲဒီလူတွေကလည်း ကျောင်းသားတွေဆိုတော့၊ သတိမရှိတဲ့ နှစ်ယောက်က သံတုတ်တွေ ကိုင်ပြီး ပြေးဝင်လာကြသည်။
ရလဒ်ကတော့ ကျိုးဝေ့ချီက လက်မြှောက်ပြီး လက်ဗလာနဲ့ ဖမ်းဆွဲလိုက်၏။ ပြီးတော့ အားစိုက်စရာမလိုဘဲ အဝေးကြီးကို လွှင့်ပစ်လိုက်သည်။
ဒီမြင်ကွင်းက သူတို့ကို တကယ်ကို ကြောက်လန့်သွားစေပြီး ချက်ချင်းပဲ သေးထွက်မတတ် ထွက်ပြေးသွားကြတော့၏။
ရှန်ထျန်းဟောက်တစ်ယောက်တည်းပဲ နာကျင်လွန်းလို့ သွားဖြီးပြီး ကြမ်းပြင်ပေါ်မှာ လှဲနေခဲ့တော့သည်။ နောက်ဆုံးအနေနဲ့ မှုန်ဝါးနေတဲ့ ကျိုးဝေ့ချီကို တစ်ချက်ကြည့်ပြီး သတိလစ်သွားတော့၏။
ကျိုးဝေ့ချီက သူ့ကို အပေါ်စီးကနေ ကြည့်ပြီး ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။
ဘယ်လိုမှ မမျှော်လင့်ထားဘူး၊ ကျောင်းတွင်းလူမိုက် ကလေးလေးက ဒီလောက် မြန်မြန် သူ့လက်ထဲ ရောက်လာလိမ့်မယ်လို့။
ကျိုးဝေ့ချီက ခါးကိုကိုင်းပြီး ထိုကလေးကို တိုက်ရိုက် ပွေ့ချီလိုက်လေ၏။
Chapter 28 ended.
World 3 Chapter 1 ended.