⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 29

မင်းသမီး စုန့်ယား

Little Creampie:
Chapter 29

မင်းသမီး စုန့်ယား

*

ချစ်ကြည်ရေးအတွက် လာရောက်သောမင်းသမီးက ဆောင်းဦးအစပိုင်းတွင် မြို့တော်သို့ ဝင်ရောက်လာ၏။

ဧကရာဇ်မင်းနှင့် တွေ့ဆုံပြီးနောက် စစ်သူကြီးအိမ်တော်တွင် တည်းခိုခွင့်ပြုရန် တောင်းဆိုခဲ့သည်။

လက်မထပ်ရသေးသောမိန်းကလေးတစ်ယောက်က သူစိမ်းအမျိုးသားတစ်ယောက်၏အိမ်တွင် သွားရောက်နေထိုင်ခြင်းက ဤနိုင်ငံ၏အစဉ်အလာအရဆိုလျှင် အလွန်အံ့ဩစရာကောင်းသောကိစ္စဖြစ်၏။

သို့သော် ယားအာဟနိုင်ငံ၏ယဉ်ကျေးမှုက ပွင့်လင်းပြီး အမျိုးသမီးများကို အပြင်မထွက်ရဆိုသည့်ထုံးစံ မရှိပေ။

ဘုရင်မအချို့ပင် ပေါ်ထွက်ခဲ့ဖူးသဖြင့် လူများက ဝေဖန်ပြောဆိုနေကြသော်လည်း အလွန်အမင်း မသင့်တော်ဟု မထင်ကြပေ။

လုဖေးဟွမ်က ဤကိစ္စကို သိပ်ဂရုမစိုက်ဘဲ မင်းသမီးကို နေရာချထားပေးရန် ဖန်ကတော်ကို တာဝန်လွှဲပေးလိုက်၏။

ဖန်ကတော်က သူ၏သဘောထားကို ကြည့်ပြီး မင်းသမီး၏အဆောင်ကို သူမ၏အဆောင်အနီးတွင် စီစဉ်ပေးလိုက်သည်။

လုဖေးဟွမ်နေထိုင်ရာ နေရာနှင့် အတော်လေး ဝေးကွာစေ၏။

ချန်မင်က အပြင်မထွက်သဖြင့် ဤကိစ္စများကို မသိရှိဘဲ လုကျန်းထင်ကလည်း နေ့တိုင်း လာလေ့ရှိသော်လည်း သူ့ကို ပြောပြမည်မဟုတ်ပေ။

ဦးလေး လျှောက်တွေးနေမည်ကို စိုးရိမ်သဖြင့် သူက ဤနေရာတွင် အတူတူထမင်းစားခွင့် တောင်းကာ ကျောက်ကျင်းရှီးကိုပါ ခေါ်လာ၏။

ထို့ကြောင့် လူသုံးယောက် စုပေါင်းကာ အတော်လေး စည်ကားနေသည်။

မင်းသမီး စုန့်ယား၏အသက်က ဆယ့်ခုနစ်နှစ်ဖြစ်ပြီး လုဖေးဟွမ်၏သားအကြီးဆုံး လုကျန်းလျန်နှင့် အသက်ရွယ်တူခန့်ရှိရာ လုဖေးဟွမ်က သူမ၏ဖခင်အရွယ်ပင် ဖြစ်နေပြီဖြစ်၏။

သို့သော် သူမက လုဖေးဟွမ်ကို တစ်ခါမှမမြင်ဖူးဘဲ သူ၏အကြောင်းများကို ကြားဖူးရုံဖြင့် သူ့ကို လက်ထပ်ချင်နေသည်။

ဘုရင်ကြီးကို ခေါင်းကိုက်အောင် ပူဆာခဲ့သဖြင့် ဘုရင်ကြီးက သူမကို ဤနေရာသို့ ပို့လိုက်ရခြင်းဖြစ်၏။

ဤစကားက စုန့်ယားက ဖန်ကတော်ကို ပြောပြခဲ့ခြင်းဖြစ်ပြီး အဖြစ်အပျက်အမှန်က ဘယ်လိုရှိသည်ကို ဖန်ကတော်လည်း မသိပေ။

မင်းသမီး စုန့်ယား၏ရုပ်ရည်က လှပပြီး ဆံပင်များက အညိုရောင်ဖြစ်ကာ မျက်နှာသွင်ပြင်က နိုင်ငံခြားသူပုံစံ ပေါက်နေ၏။

နှာတံက အလွန်စင်းကာ အသားအရေကလည်း နှင်းကဲ့သို့ ဖြူဖွေးနေပြီး မျက်နှာပေါ်တွင် တင်းတိပ်လေးများ အနည်းငယ်ရှိသော်လည်း သူမ၏လှပမှုကို အနည်းငယ်မျှ မဖုံးကွယ်နိုင်ပေ။

သူမက အနီရောင်အင်္ကျီများကို ဝတ်ဆင်လေ့ရှိပြီး ယားအာဟနိုင်ငံ၏အဝတ်အစားများက ဤနိုင်ငံနှင့် မတူညီပေ။

အနီရောင်ဂါဝန်က ခန္ဓာကိုယ်ကောက်ကြောင်းများကို အလွန်ပေါ်လွင်စေရာ ဖန်ကတော်က ရိုးရာကို လိုက်နာသောအမျိုးသမီးတစ်ယောက်ဖြစ်သဖြင့် သူမ၏ပုံစံကို ကြည့်ပြီး ရင်ထဲတွင် အနည်းငယ်ဝေဖန်နေမိ၏။

ကံကောင်းထောက်မစွာ မင်းသမီး စုန့်ယားက တရုတ်စကား ပြောတတ်သဖြင့် အနည်းငယ်ထစ်ငေါ့နေသော်လည်း နားလည်နိုင်ပေသည်။

ဖန်ကတော်က ပြုံးလျက် ပြောလိုက်၏။

“မင်းသမီး… ဘယ်နေရာမှာ မကျေနပ်တာ ရှိလဲ…ရှိရင် ပြောပါ… ကျွန်မ စီစဉ်ပေးပါ့မယ်…”

စုန့်ယားက အခန်းတွင်းရှိအပြင်အဆင်များကို ကြည့်ရင်း နေရာတိုင်းက အသစ်အဆန်းဖြစ်နေသော်လည်း သူမအလေးထားဆုံးအရာက ရှေ့ရှိအမျိုးသမီးဖြစ်၏။

ဖန်ကတော်၏အသက်က သုံးဆယ်ကျော်ဖြစ်ပြီး အလုပ်ကြမ်း မလုပ်ရသလို ပူပင်သောကများလည်း နည်းပါးသည်။

သို့သော် ယုယမှုနည်းပါးသဖြင့် ကြည့်ရသည်မှာ အသက်ထက် အနည်းငယ်ပိုကြီးနေသည့်ပုံစံ ဖြစ်နေ၏။

စုန့်ယားက လုဖေးဟွမ်ကို မြင်ဖူးသဖြင့် သူက အရပ်ရှည်ပြီး ချောမောကာ ရှေ့ရှိအမျိုးသမီးနှင့် ယှဉ်လိုက်လျှင် အလွန်အမင်း မလိုက်ဖက်ဟု ထင်မိသော်လည်း ဘာကြောင့် အဲဒီလောက် သဘောကျနေရတာလဲ။

သူမက အပြုံးတစ်ခု ပြသလိုက်သည်။

“အကုန်လုံး အဆင်ပြေပါတယ်… အစ်မကြီးက ကျွန်မကို ညီမလေးလို့ပဲ ခေါ်ပါ… မင်းသမီးလို့ ခေါ်စရာ မလိုပါဘူး… အရမ်း သူစိမ်းဆန်သွားမှာပေါ့…”

ဖန်ကတော် အနည်းငယ်ကြောင်အမ်းသွားပြီးနောက် ရယ်မောလိုက်၏။

“ကောင်းပါပြီ… ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆို မိသားစုဝင်တွေ ဖြစ်လာမှာပဲ… အစ်မက မင်းကို ညီမလေးလို့ပဲ ခေါ်တော့မယ်နော်…”

စုန့်ယားက ပြုံးရွှင်စွာဖြင့် လျှောက်သွားကာ ဖန်ကတော်၏လက်မောင်းကို ရင်းနှီးစွာ ချိတ်လိုက်သည်။

“ကျွန်မ အစ်မကြီးကို အရမ်းအားကျတာပဲ… စစ်သူကြီးက အစ်မကြီးကို အဲဒီလောက် ချစ်တာ… ကျွန်မက သူ့ကို လက်ထပ်မယ်လို့ ပြောတာကို… သူက လက်မခံဘူး… အကြာကြီး တောင်းဆိုပြီးမှ… ခဏလာနေခွင့် ပြုတာ… ဟူး…”

ဖန်ကတော်၏အပြုံးက တောင့်တင်းသွားပြီး ရင်ထဲတွင် ချဉ်စူးသွားသော်လည်း မပြောထွက်ဘဲ ငြိမ်နေလိုက်၏။

မင်းသမီးစုန့်ယားက နေ့တိုင်း သူမနှင့် တွယ်ကပ်နေခဲ့ပြီး အစပိုင်းတွင် သူမ၏ခန့်မှန်းချက် မှန်ကန်သည်ဟု ထင်ထားခဲ့သည်။

သို့သော် လဝက်ခန့်အကြာတွင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလာ၏။

သူမက ဖန်ကတော်နှင့် နေ့တိုင်း အတူတူရှိနေပြီး အတူတူ ထမင်းစား၊ အတူတူ ဘုရားစာရွတ်ကာ အတူတူ အိပ်ရုံတမယ် ဖြစ်နေသော်လည်း ဤမျှလောက်ကြာသည့်တိုင် လုဖေးဟွမ်၏အရိပ်အယောင်ကို လုံးဝမတွေ့ရပေ။

ဒါမှမဟုတ် ငါ ခန့်မှန်းတာ မှားနေလို့လား။

ဒါပေမယ့် ဒီလုအိမ်တော်မှာ အိမ်ရှင်မဆိုလို့ ဒီတစ်ယောက်ပဲ ရှိတာလေ?

စုန့်ယား၏ရင်ထဲတွင် သံသယဝင်လာသဖြင့် သူမ၏ယုံကြည်ရသောအစေခံမလေးကို သတင်းစုံစမ်းရန် လွှတ်လိုက်၏။

သူမ အိမ်တော်သို့ ဝင်လာချိန်တွင် အစေခံမလေးများရော ကိုယ်ရံတော်များပါ ပါလာကာ လူတိုင်း၏သိုင်းပညာက အလွန်မြင့်မားကြသည်။

ထို့ကြောင့် လဝက်တာကာလအတွင်း စစ်သူကြီးအိမ်တော်အတွင်းရှိမြေမျက်နှာသွင်ပြင်ကို အကုန်အစင် စုံစမ်းသိရှိထားပြီး အရေးကြီးဆုံးဖြစ်သော စာကြည့်ခန်းက ဘယ်နေရာတွင် ရှိသည်ကိုပါ သိထားကြ၏။

အစေခံမလေးက နေ့တစ်ဝက်ခန့် စုံစမ်းပြီးနောက် သတင်း ပြန်ယူလာခဲ့ပြီး စုန့်ယားကို “ချန်မင်” ဆိုသည့်လူ၏အကြောင်းကို သိသွားစေခဲ့သည်။

စစ်သူကြီးအိမ်တော်တွင် လူတစ်ယောက်ကို ဖွက်ထားလိမ့်မည်ဟု သူမ မထင်ထားခဲ့သလို ထိုလူနှင့် လုဖေးဟွမ်၏ဆက်ဆံရေးက ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။

ချန်မင်က မင်းသမီးရောက်လာသော်လည်း လုဖေးဟွမ်က နေ့တိုင်း လာနေသဖြင့် သံသယဝင်ကာ မေးလိုက်၏။

“ခင်ဗျား သူ့ကို သွားအဖော်ပြုပေးစရာ မလိုဘူးလား…”

လုဖေးဟွမ်က သူ့ကို ကြည့်လိုက်သည်။

“သူ့ကို အဖော်ပြုပေးပြီး ဘာလုပ်ရမှာလဲ… ကိုယ်နဲ့ သူက လက်ထပ်ထားတာမှ မဟုတ်တာ… မသင်္ကာစရာ ဖြစ်အောင် မနေသင့်ဘူးလေ…”

ချန်မင်က ဤကိစ္စများကို နားမလည်သော်လည်း လုဖေးဟွမ် လာနိုင်သဖြင့် အပျော်ရွှင်ဆုံးသူက သဘာဝကျကျ သူသာ ဖြစ်၏။

အပြင်ဘက်တွင် အေးစိမ့်နေပြီး အခန်းထဲတွင် မီးသွေးဖို မီးမွှေးထားကာ သူက မီးသွေးအနည်းငယ် ထပ်ထည့်လိုက်သည်။

လုဖေးဟွမ်က စာရေးနေသည်ကို မြင်သောအခါ မီးဖိုကို သူနှင့် နီးရာသို့ အနည်းငယ် ရွှေ့ပေးလိုက်၏။

လုဖေးဟွမ်က ပုံတစ်ပုံ ဆွဲနေပုံရပြီး ချန်မင်က မေးလိုက်သည်။

“ဘာလို့ စာကြည့်ခန်းမှာ သွားမရေးတာလဲ… အဲဒီမှာ စားပွဲလည်း ကြီးတယ်… စုတ်တံ၊ မင်၊ စက္ကူတွေလည်း အစုံရှိတာကို… ဘာလို့ ဒီမှာ ရေးနေရတာလဲ… ထမင်းစားပွဲကို စာကြည့်စားပွဲ လုပ်နေရတယ်လို့… နေရာကလည်း ကျဉ်းကျဉ်းလေး…”

လုဖေးဟွမ်က စုတ်တံကို ချထားလိုက်ပြီး သူ့ကို ပြုံးရွှင်စွာ ကြည့်လိုက်၏။

“မင်း စကားပြောပုံထောက်ရင်… ကိုယ်က မင်းကို အနှောင့်အယှက်ပေးနေတယ်လို့ ထင်နေတာလား…”

ချန်မင် အနည်းငယ်ကြောင်အမ်းသွားသည်။

“ကျွန်တော် အဲဒီလိုသဘောမျိုး ပြောတာ မဟုတ်ပါဘူး…”

လုဖေးဟွမ်က သူ့ကို လက်ယပ်ခေါ်လိုက်ပြီး မိမိ၏ပေါင်ပေါ်တွင် ထိုင်စေ၏။

သူက အရပ်ရှည်သဖြင့် လူနှစ်ယောက် ဤအနေအထားဖြင့် နေသော်လည်း နေရမခက်ပေ။

ချန်မင်က သူ ရေးဆွဲထားသောအရာများကို တစ်ချက်ကြည့်လိုက်သည်။ အတော်ကြာအောင် ကြည့်ပြီးမှ အနည်းငယ်တွေဝေသွား၏။

“ဒါက… ယားအာဟနိုင်ငံရဲ့ မြေပုံလား…”

လုဖေးဟွမ် အနည်းငယ်အံ့ဩသွားသည်။

“မင်း ကြည့်တတ်တယ်လား…”

သူက တစ်စိတ်တစ်ပိုင်းကိုသာ ဆွဲထားခြင်းဖြစ်ပြီး ၎င်းကလည်း မြေမျက်နှာသွင်ပြင်မြေပုံကြမ်းသာ ဖြစ်ရာ ချန်မင်က ခွဲခြားနိုင်သည်မှာ အတော်လေး အံ့ဩစရာ ကောင်းနေ၏။

“အင်း… ဒီနေရာကို အရင်က သွားဖူးတယ်လေ…”

ချန်မင်က တစ်ချက်သာ ကြည့်လိုက်ပြီး စိတ်ထဲ သိပ်မထားဘဲ အမျိုးသား၏ရင်ခွင်ထဲသို့ မှီချလိုက်ကာ ရုတ်တရက် မေးလိုက်သည်။

“မင်းသမီးစုန့်ယားက လှလား…”

လုဖေးဟွမ်က စုန့်ယားကို အကြိမ်အနည်းငယ်သာ မြင်ဖူးပြီး အမြဲတမ်း တစ်ချက်သာ ကြည့်လေ့ရှိသော်လည်း ရုပ်ရည်အတော်လေး ကောင်းမွန်ကြောင်း သိထား၏။

“မဆိုးပါဘူး…”

ချန်မင်၏ရင်ထဲတွင် တုန်ခါသွားပြီး ဤမေးခွန်းကို မေးစဉ်က သဝန်တိုသည့်သဘော မပါသော်လည်း သူ၏အဖြေကို ကြားလိုက်ရချိန်တွင် အနည်းငယ်နေရခက်သွားသည်။

လုဖေးဟွမ်က သူ၏မေးရိုးကို ကိုင်ကာ မျက်နှာကို မော့စေလိုက်ပြီး မျက်လုံးထဲတွင် အပြုံးရိပ်များ ပြည့်နှက်နေ၏။

“ဒါပေမယ့် ကိုယ့်ရဲ့ မင်လန်လောက်တော့ မလှပါဘူး…”

ချန်မင်၏မျက်နှာက လျင်မြန်စွာ နီရဲလာပြီး အသားအရေပေါ်တွင် အပူငွေ့များ ထွက်ပေါ်လာသည်။

လုဖေးဟွမ်က သူ့ကို အတော်ကြာအောင် စူးစိုက်ကြည့်နေသည်။ ချစ်ခြင်းမေတ္တာများက ဖုံးကွယ်၍ မရနိုင်တော့ဘဲ မျက်လုံးထဲမှ လျှံထွက်ကျလာကာ ခေါင်းငုံ့ပြီး ချန်မင်၏နှုတ်ခမ်းကို နမ်းလိုက်တော့၏။

ချန်မင်က သူ၏အနမ်းကို တုံ့ပြန်လိုက်သည်။၎င်းက မပူလောင်သလို မကြမ်းတမ်းဘဲ နူးညံ့ပြီး ယုယမှုများ ပါဝင်သောအနမ်းတစ်ခု ဖြစ်သည်။

လူနှစ်ယောက်၏လျှာဖျားများ ရစ်ပတ်နေပြီး တစ်ယောက်၏တံတွေးကို နောက်တစ်ယောက်က စုပ်ယူကာ အတော်ကြာမှသာ ဖြည်းဖြည်းချင်း ခွာလိုက်ကြ၏။

ချန်မင်သည် မျက်နှာများ ပိုမိုနီရဲလာပြီး နှုတ်ခမ်းများကလည်း နီရဲကာ မျက်လုံးထဲတွင် ရေကြည်များ ဝိုင်းနေသဖြင့် ကြည့်ရသည်မှာ အလွန်ချစ်စရာ ကောင်းနေသည်။

လုဖေးဟွမ်က သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်၏။

“ဧကရာဇ်မင်းက တော်ဝင်ရေပူစမ်းကို သွားပြီး ရက်အနည်းငယ် အနားယူမလို့တဲ့… အဲဒီက ရေပူစမ်းက အကောင်းဆုံးပဲ… ပြီးတော့ ခန္ဓာကိုယ်ရဲ့ အစိုဓာတ်နဲ့ အပူဓာတ်လွန်ကဲတဲ့ ရောဂါတွေအတွက်လည်း အရမ်း ကောင်းတယ်… မင်းရဲ့ ခြေထောက်က ရာသီဥတု အေးရင် အမြဲတမ်း ကိုက်ခဲနေတတ်တာကို… ကိုယ်နဲ့ အတူတူ သွားပြီး ရက်အနည်းငယ်လောက် စိမ်ကြည့်ပါလား… အစိုဓာတ်တွေ ထွက်သွားအောင်လေ…”

ချန်မင် အနည်းငယ်တွေဝေသွားသည်။

“ကျွန်တော်လည်း လိုက်လို့ ရလို့လား…”

လုဖေးဟွမ်က ရယ်မောလိုက်၏။

“မင်းက ကိုယ့်ရဲ့ ကိုယ်ရံတော်အနေနဲ့ ဟန်ဆောင်ပြီး လိုက်ခဲ့ပေါ့… မရဘူးလား…”

ချန်မင် ရယ်မောလိုက်သည်။

“ခြေထောက်တစ်ဖက် မကောင်းတဲ့ ကိုယ်ရံတော်က ဘယ်မှာ ရှိလို့လဲ…”

ဤတစ်ခေါက် ခရီးစဉ်တွင် လုဖေးဟွမ်လည်း ဧကရာဇ်မင်းနှင့် အတူ လိုက်ပါရမည်ဖြစ်ရာ ချန်မင်သည် လုဖေးဟွမ်နှင့် ရက်အနည်းငယ် တွေ့ရမည်မဟုတ်ကြောင်းကို လက်ခံထားပြီး ဖြစ်၏။

သို့သော် ယခု အတူတူ သွားခွင့်ရမည်ဆိုသဖြင့် သူနှင့် အတူတူ သွားချင်စိတ် ဖြစ်ပေါ်လာတော့သည်။

လုဖေးဟွမ်က သူ “ခြေထောက်တစ်ဖက် မကောင်းသူ” ဟု ပြောလိုက်သည်ကို ကြားသောအခါ ရင်ထဲတွင် မကောင်းဖြစ်သွားပြီး သူ့ကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်၏။

“ကိုယ့်အပြစ်ပါ… မင်းကို သေချာ မကာကွယ်နိုင်ခဲ့လို့…”

“ကျွန်တော် အဲဒီလိုသဘောမျိုး ပြောတာ မဟုတ်ပါဘူး…”

ချန်မင် အလောတကြီး ရှင်းပြလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားနဲ့ အတူတူ လိုက်ခဲ့မယ်…”

ဤတစ်ခေါက် ခရီးစဉ်တွင် လူအများအပြား ပါဝင်ပြီး ဧကရာဇ်မင်းအပြင် နန်းတွင်းမှ အချစ်တော်ကိုယ်လုပ်တော်အချို့၊ မင်းသားမင်းသမီးများ၊ အမတ်များနှင့် ဆွေမျိုးများ ပါဝင်၏။

မင်းသမီးစုန့်ယားက ဧည့်သည်ဖြစ်သဖြင့် သဘာဝကျကျ အတူတူ ပါလာခဲ့သည်။

ချန်မင်က မြင်းလှည်းထဲတွင်သာ နေပြီး သူက မြင်းလှည်း အကြိမ်များများ မစီးဖူးသဖြင့် အနည်းငယ်ဆန်းသစ်နေ၏။

သို့သော် နေ့တစ်ဝက်ခန့် စီးပြီးနောက်တွင် အလွန်လှုပ်ယမ်းသဖြင့် မူးဝေလာကာ အချိန်အတော်ကြာ အိပ်ပျော်သွားသည်။

မိုးချုပ်ခါနီးအချိန်ကျမှသာ လုဖေးဟွမ် ပေါ်လာကာ သူ့ကို မိမိနေထိုင်သည့်အခန်းထဲသို့ ပွေ့ချီသွားပြီး သူ၏နဖူးကို တစ်ချက် နမ်းလိုက်၏။

“ကိုယ် ခဏနေရင် ယွမ်ရဲကို ညစာ လာပို့ခိုင်းလိုက်မယ်… ကိုယ်က ဧကရာဇ်မင်းနဲ့ အတူ ညစာ စားရမှာမို့လို့… နည်းနည်း နောက်ကျမှ ပြန်ရောက်မယ်… မင်း အိပ်ချင်ရင် အရင် အိပ်နှင့်နော်…”

ချန်မင် ခေါင်းညိတ်လိုက်သည်။

လုဖေးဟွမ် ထွက်သွားပြီး သိပ်မကြာခင်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာရာ ချန်မင်က တံခါးသွားဖွင့်လိုက်၏။

အပြင်ဘက်၌ ရပ်နေသူက ယွမ်ရဲမဟုတ်ဘဲ အရပ်မြင့်မြင့် နိုင်ငံခြားသူမိန်းကလေးတစ်ယောက် ဖြစ်နေပြီး အစေခံမလေးတစ်ယောက်လည်း ပါလာခဲ့သည်။

ချန်မင် အနည်းငယ်ကြောင်အမ်းသွားပြီး သတိမဝင်သေးခင်မှာပင် မင်းသမီးစုန့်ယားက သူ့ကို ပြုံးပြလိုက်၏။

“ရှင်က ချန်မင်လား…”

ချန်မင် ခေါင်းညိတ်လိုက်ပြီး သူမကို အရိုအသေပေးလိုက်သည်။

“မင်းသမီး…”

“အို… ရှင် ကျွန်မကို မှတ်မိတယ်ပေါ့… ကျွန်မ ရှင်နဲ့ ပထမဆုံးအကြိမ် တွေ့တာဆိုတော့… ဘာလက်ဆောင် ပေးရမှန်း မသိလို့… ရှင် ထမင်းမစားရသေးဘူးလို့ ထင်လို့… အစေခံမလေးကို ကျွန်မတို့ ယားအာဟနိုင်ငံက အစားအစာတချို့ လုပ်ခိုင်းလာတာ… ရှင်လည်း စားတတ်တယ် မဟုတ်လား… ရှင့်ဇာတိရွာက ကျွန်မတို့ ယားအာဟနိုင်ငံနဲ့ မဝေးဘူးလို့ ကြားတယ်… အဲဒါဆို ရှင် ကျွန်မတို့ဆီက စကားကို ပြောတတ်လား…”

မိန်းကလေး၏ ဆက်တိုက်ပြောလာသောစကားများကြောင့် ချန်မင် ကြောင်အမ်းအမ်း ဖြစ်သွား၏။

စုန့်ယားက ယားအာဟစကားဖြင့် သူ့ကို စကားပြောလာချိန်တွင် ချန်မင်က အလိုအလျောက် ယားအာဟစကားဖြင့် ပြန်လည်စကားစမြည် ပြောလိုက်သည်။

စုန့်ယား မျက်လုံးများ တောက်ပသွား၏။

“ရှင် တကယ် ပြောတတ်တာပဲ… အရမ်း ကောင်းတာပဲ… ကျွန်မဖြင့် အသက်ရှူကျပ်တော့မလို့… တရုတ်စကားကို သိပ်မပြောတတ်တော့… တခြားလူတွေက အရမ်း နားထောင်ရခက်တဲ့ ပုံစံ ဖြစ်နေလို့… ကျွန်မ အရမ်း စိတ်ညစ်နေတာ… ရှင့်စကားက အရမ်း ပီသတာပဲ… ဘယ်အချိန်ကတည်းက တတ်နေတာလဲ…”

သူမ ပြောနေသည်မှာ ယားအာဟစကားဖြစ်သဖြင့် ချန်မင်ကလည်း သဘာဝကျကျ ယားအာဟစကားဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

ယွမ်ရဲ ထမင်းလာပို့ချိန်တွင် ချန်မင်က နိုင်ငံခြားသူမင်းသမီးတစ်ပါးနှင့် အတူတူထိုင်ကာ ထမင်းစားနေသည်ကို မြင်သောအခါ တစ်ကိုယ်လုံး တောင့်တင်းသွား၏။

သူ့ခြေလှမ်းများ တုံ့ဆိုင်းသွားကာမှ ဝင်လာခဲ့သည်။

ချန်မင်က အမြဲတမ်း ဖော်ရွေသောလူများကို မလွန်ဆန်နိုင်ပေ။ ယွမ်ရဲက ဘေးမှ မျက်ရိပ်ပြနေသည်ကို သူ မမြင်သည်မဟုတ်ပေ။

ကြားထဲတွင် လျှို့ဝှက်ချက်များ ရှိနေနိုင်သည်ကို မသိသည်လည်း မဟုတ်သော်လည်း သူ ဘယ်လိုမှ တတ်နိုင်စွမ်း မရှိပေ။

မင်းသမီးစုန့်ယားက အတော်ကြာအောင် ထိုင်ပြီးမှ ထွက်သွားကာ ထွက်သွားချိန်တွင် ချန်မင်ထံမှ တရုတ်စကား၊ တရုတ်စာများ သင်ယူရန် သဘောတူညီချက်များပင် ရရှိသွားခဲ့၏။

ချန်မင်က မငြင်းနိုင်ခဲ့ပေ။

လုဖေးဟွမ် သတင်းကြားပြီး အလောတကြီး ပြန်လာချိန်တွင် မင်းသမီးစုန့်ယားက ထွက်သွားခါစ ရှိသေးသည်။

ချန်မင်က စားပွဲကို သိမ်းဆည်းနေကာ သူတစ်ကိုယ်လုံး အအေးဒဏ်များအပြည့်ဖြင့် ပြန်ရောက်လာသည်ကို မြင်သောအခါ ကမန်းကတမ်း ပြုံး၍ ဆီးကြိုလိုက်၏။

“ဖေးဟွမ်… ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ…”

လုဖေးဟွမ်က သူ၏တစ်ကိုယ်လုံးကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ဘာမှထူးခြားမှုမရှိကြောင်း မြင်မှသာ သက်ပြင်းချလိုက်သည်။

သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“မင်းသမီးစုန့်ယား လာသွားတာလား… မင်း ဘာလို့ သူ့ကို တံခါးဖွင့်ပေးရတာလဲ…”

ချန်မင် အနည်းငယ်စိုးရိမ်သွားသည်။

“ကျွန်တော် တံခါးဖွင့်လိုက်တုန်းက သူမှန်း မသိလို့ပါ… ဖေးဟွမ်… ကျွန်တော် သူနဲ့ စကားမပြောသင့်ဘူးလား… ခင်ဗျားကို အနှောင့်အယှက် ဖြစ်သွားစေလို့လား…”

သူ၏သတိထားနေသည့်ပုံစံက လုဖေးဟွမ်ကို ထပ်မံသနားသွားစေပြီး လုဖေးဟွမ် မျက်နှာထား လျော့ကျသွား၏။

တံခါးကို သေချာပိတ်လိုက်ပြီး ချန်မင်နှင့် အတူတူ စားပွဲကို သိမ်းဆည်းရင်း ပြောလိုက်သည်။

“သူက ဖန်ကတော်နဲ့ ကိုယ်နဲ့ မရင်းနှီးဘူးဆိုတာကို ရိပ်မိသွားပြီး… မင်း ရှိနေတာကိုပါ စုံစမ်းသိရှိသွားလောက်ပြီ… သူက မင်းကို တမင်သက်သက် လာချဉ်းကပ်တာဆိုတော့… သေချာပေါက် ရည်ရွယ်ချက် မကောင်းဘူး…”

ချန်မင်က စောစောက တရုတ်စကားနှင့် တရုတ်စာ သင်ပေးရန် ကတိပေးခဲ့သည်ကို တွေးမိပြီး ရင်ထဲတွင် ပိုမိုစိုးရိမ်လာသော်လည်း မပြောပြဘဲ နေလိုက်၏။

“မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးပါပဲ… သူ သဘောကျတဲ့လူက တခြားတစ်ယောက်ကို ချစ်နေမှန်း သိတော့… အဲဒီလူက ဘယ်သူလဲ… ဘယ်လို စရိုက်မျိုးလဲဆိုတာကို သူ သိချင်မှာပေါ့… ဒါကြောင့် ကျွန်တော့်ကို လာကြည့်တာပါ…”

လုဖေးဟွမ်က ရင်ထဲရှိအကြောင်းအရာများကို ဖိနှိပ်ထားပြီး မပြောတော့ဘဲ သူ့ကို ကြည့်ကာ ခပ်ဖွဖွလေး ရယ်မောလိုက်သည်။

“ကိုယ် ချစ်နေတဲ့လူက ဘယ်သူလဲဆိုတာ… မင်း အရင်က သိခဲ့လို့လား…”

ချန်မင် မျက်နှာများ နီရဲသွားသည်။ လုဖေးဟွမ်က တိုးကပ်ကာ သူ့ကို ဖက်လိုက်ပြီး သူ၏နားရွက်ကို တစ်ချက် လျက်လိုက်၏။

“ကဲပါ… မင်လန်… ကိုယ် မင်းကို ရေပူစမ်း သွားစိမ်ဖို့ ခေါ်သွားမယ်…”

Chapter 29 ended

ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း

ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း

Status: Completed Type: Author: Artist: Native Language: Chinese

ခေါင်းစဉ် - ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း (ဒွိလိင်)

စာရေးသူ - ယွမ်ရှန်ပိုင်ယွင်ကျန်း

 

ဤဝတ္ထုသည် အသက်ကန့်သတ်ချက်ရှိပြီး အသက် ၁၈ နှစ်အောက် ဖတ်ရှုရန် မသင့်တော်ပါ။ဒါ့အပြင် စကားလုံးများ ရိုင်းစိုင်းပါသည်။

 

******

 

လုကျန်းထင်၏မိခင် ကွယ်လွန်သွားပြီးနောက်တွင် သူ့အပေါ် ကောင်းပေးသူဟူ၍ ဦးလေးဖြစ်သူ တစ်ယောက်တည်းသာ ရှိလေသည်။ ဦးလေးက သူ့အတွက် ထမင်းဟင်း ချက်ကျွေးပြီး သိပ်ပေးတတ်သည်။ စစ်သူကြီးအိမ်တော်ရှိ အစေခံများက သူ့အား မယားငယ်သားဟုဆိုကာ အထင်သေး နှိမ်ချဆက်ဆံကြချိန်တွင်လည်း ဦးလေးကသာ သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။

 

ထို့ကြောင့် လုကျန်းထင်၏ ရည်မှန်းချက်မှာ စာမေးပွဲအောင်မြင်ပြီး အရာရှိကြီးတစ်ယောက် ဖြစ်လာရန်ပင် ဖြစ်သည်။ ထိုအခါမှသာ လူကို အထင်သေးတတ်သော ဤစစ်သူကြီးအိမ်တော်မှ ဦးလေးဖြစ်သူကို ခေါ်ထုတ်သွားနိုင်မည် ဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူနှင့်လည်း အဆက်အသွယ် ဖြတ်တောက်မည်ဟု ဆုံးဖြတ်ထားသည်။

 

သို့သော် သူ အချစ်ရဆုံး ဦးလေးဖြစ်သူနှင့် သူ အမုန်းဆုံး ဖခင်ဖြစ်သူတို့ လိင်ဆက်ဆံနေကြသည်ကို သူ မတော်တဆ မြင်တွေ့သွားခဲ့သည်။ ထို့အပြင် ဦးလေးဖြစ်သူ၏ လျှို့ဝှက်ချက်ကိုပါ သူ သိရှိသွားခဲ့လေသည်...

 

CP အတည်ပြုချက် - စစ်သူကြီး (Top) x ဦးလေး (Bottom)

 

Bottom က ဒွိလိင် (Intersex) ဖြစ်ပါ။ နို့ထွက်တယ်။ ကလေးမွေးနိုင်တယ်။ ဇာတ်လမ်းကတော့ ဒရမ်မာခပ်ချိုးချိုးပဲ။

 

====

 

ဖြည့်စွက်ချက်။ ။ ဒီအညွှန်းက လူကို ဂျင်းထည့်တာနော်! အစက NTR လို့ ထင်ခဲ့ပေမယ့် တကယ်တော့ မဟုတ်ပါဘူး! 1v1 ပါ! အဖေက Top ပါ! အဖေက Top ပါ! အဖေက Top ပါ! မှားပြီးတော့ ကိုယ်စီးတဲ့ သင်္ဘောမလွဲကြနဲ့ဦး!

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset