⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 39

ကွဲကြေသွားသောမှန်က ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဆက်ရစမြဲပါ

ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း:
Chapter 39

ကွဲကြေသွားသောမှန်က ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဆက်ရစမြဲပါ

*

ချန်မင်က ခြောက်လပိုင်းမှ စတင်၍ ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး ယွမ်ယွမ်အတွက် ချုပ်လုပ်ထားသောအင်္ကျီလေးများအားလုံးကို အထုပ်ကြီးတစ်ထုပ်အဖြစ် ထုပ်ပိုးလိုက်၏။

မိမိ၏အဝတ်အစားအချို့ကိုပါ ယူဆောင်ပြီး ဇာတိရွာသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

လုကျန်းထင်က သူ၏ဆုံးဖြတ်ချက်ကို သိထားသဖြင့် ဤတစ်ကြိမ်တွင် မတားဆီးတော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို အိမ်ပြန်ပို့ပေးမည့်လူတစ်ယောက်တော့ ထည့်ပေးလိုက်မည်ဟုသာ ပြောခဲ့၏။

ချန်မင်က အသက်တစ်နှစ်ပင် မပြည့်သေးသောကလေးငယ်တစ်ယောက်ကို ချီထားရပြီး အိမ်အပြန်ခရီးက မိုင်တစ်ထောင်မက ဝေးကွာမှန်း သိထားသည်။

ပစ္စည်းများလည်း သယ်ရမည်၊ ကလေးလည်း ခေါ်ရမည်ဖြစ်သဖြင့် လမ်းတစ်လျှောက်လုံး သေချာပေါက် ပင်ပန်းမည်ဖြစ်၏။

မိမိ ပင်ပန်းသည်က ကိစ္စမရှိသော်လည်း သမီးလေး ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် သဘောတူလိုက်သည်။

လုကျန်းထင် စီစဉ်ပေးသောသူမှာ ယွမ်ရဲဖြစ်နေသဖြင့် ချန်မင်က သူ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ့ကို မြင်သောအခါ အနည်းငယ်ကြောင်အမ်းသွားပြီး အတော်ကြာမှသာ ပြောလိုက်၏။

“သခင်လေးယွမ် … မင်း ပင်ပန်းရတော့မယ်…”

“ကိစ္စမရှိပါဘူး…”

ယွမ်ရဲက ပစ္စည်းများအားလုံးကို နွားလှည်းပေါ်သို့ တင်လိုက်သည်။

နွားလှည်း၏အခန်းက ကျယ်ဝန်းကာ ဖြည်းဖြည်းချင်း သွားသဖြင့် လမ်းခရီးတွင် မြင်းလှည်းထက် အများကြီး ပိုမိုသက်သောင့်သက်သာ ရှိလှ၏။

ချန်မင်က ဘယ်လိုပဲဖြစ်ဖြစ် စစ်သူကြီးအိမ်တော်တွင် နှစ်အတော်ကြာ နေထိုင်ခဲ့ရသဖြင့် ခန္ဓာကိုယ်အခြေအနေက အရင်က တောတောင်များထဲတွင် နေခဲ့ရသလို မဟုတ်တော့ပေ။

ကလေးတစ်ယောက်လည်း ပါလာသဖြင့် နွားလှည်းက အဆင်ပြေဆုံးခရီးသွားယာဉ် ဖြစ်နေတော့သည်။

လုကျန်းထင်က သူ အကုန်သိမ်းဆည်းပြီးသွားသည်ကို မြင်သောအခါ မျက်လုံးများ မှေးမှိန်သွားပြီး လေသံကလည်း အက်ကွဲကာ ခြောက်ကပ်နေ၏။

“ဦးလေး တကယ်ပဲ… ထပ်မလာတော့ဘူးလား…”

ချန်မင်က ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်ရာ မြို့တော်၏ကောင်းကင်က သူ၏ဇာတိရွာနှင့် အနည်းငယ် ကွာခြား၏။

အမြဲတမ်း နိမ့်ကျနေသကဲ့သို့ ခံစားရကာ လက်လှမ်းလိုက်သည်နှင့် တိမ်ဖြူများကို ထိတွေ့နိုင်မည်ဟု ထင်ရသည်။

သူ၏ဇာတိရွာလို ကောင်းကင်က ဝေးကွာပြီး တိမ်တိုက်များကလည်း လွတ်လပ်ပေါ့ပါးစွာ လွင့်မျောနေသည့်ပုံစံမျိုး မဟုတ်ပေ။

သူက ပေါ့ပါးစွာ ပြုံးလိုက်၏။

“နောက်ဆို မလာတော့ပါဘူး… ဒီနေရာက ကောင်းပါတယ်… အရမ်းလည်း စည်ကားတယ်… ဒါပေမယ့် ငါနဲ့ မသင့်တော်တော့ဘူး…”

လုကျန်းထင်က ခေါင်းငုံ့သွားပြီး ညာဘက်လက်ကို နောက်ကျောတွင် ထားကာ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ချန်မင်က ပြုံးလျက် ပြောလိုက်၏။

“ထင်အာက ဦးလေးကို လွမ်းရင်… ပြန်လာလည်လို့ ရတာပဲလေ…”

လုကျန်းထင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နောက်မှ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။

ချန်မင်က ကလေးကို ချီကာ နွားလှည်းပေါ်သို့ တက်သွားသည်။ နွားလှည်းထဲတွင် ကျယ်ဝန်းသလို ကတ္တီပါကော်ဇောလည်း ခင်းထား၏။

ကော်ဇောပေါ်တွင် ဖျာကြမ်းတစ်ချပ် ထပ်ခင်းထားသဖြင့် ပူလောင်နေမည် မဟုတ်ပေ။

ယွမ်ယွမ်က အိပ်ပျော်သွားပြီဖြစ်သော်လည်း ချန်မင်က သူမကို ရင်ခွင်ထဲတွင် ချီထားဆဲဖြစ်ပြီး ခပ်ဖွဖွလေး ပုတ်ကာ ချော့သိပ်နေသည်။

သူ၏ကျောပြင်က ရုတ်တရက် မာကျောသောအထုပ်တစ်ထုပ်နှင့် သွားထိမိသဖြင့် ဖွင့်ကြည့်လိုက်ရာ အထဲတွင် ငွေတုံးအများအပြား ပါလာပြီး ပမာဏကလည်း မနည်းလှပေ။

ချန်မင် အနည်းငယ်ကြောင်အမ်းသွားပြီး ဝါးကုလားကာကို လှန်ကာ အရှေ့တွင် ရပ်နေသောလုကျန်းထင်ကို ကြည့်လိုက်၏။

လုကျန်းထင်က နှုတ်ခမ်းထောင့်ကို ကွေးလိုက်သည်။

​”ဦးလေးကို ကျေးဇူးဆပ်နိုင်တာဆိုလို့ ကျွန်တော့်မှာ ဒါလေးပဲ ရှိပါတယ်… ဦးလေးနဲ့ ညီမလေး နောက်ပိုင်း ဘဝမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ပြီး ကျန်းမာပါစေလို့ပဲ ဆုတောင်းပေးပါတယ်… ကျွန်တော် အားရင် သေချာပေါက် လာလည်ပါ့မယ်…”

ချန်မင် စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်၏။

“မင်း လာလည်တာကို ကြိုဆိုပါတယ်…”

သူက ဤကဲ့သို့ ပြောလိုက်သော်လည်း လုကျန်းထင် လာလည်မည့်အချိန်အထိ သူ အသက်ရှင်နိုင်ဦးမလားဆိုသည်ကို ကိုယ်တိုင်တောင် မသိပေ။

တကယ်လို့ အခြေအနေက သူ ခန့်မှန်းထားသလို မဟုတ်ခဲ့ရင် သူက ဒီကမ္ဘာပေါ်မှာ ဆက်လက်ရှင်သန်နေဖို့ သတ္တိရှိတော့မည်မဟုတ်ပေ။

ဤခရီးစဉ်က သွားလိုက် ရပ်လိုက်ဖြင့် တစ်လနီးပါး ကြာမြင့်ခဲ့၏။

အရင်က ချန်မင်သည် ရင်ထဲရှိထိုစိတ်ကူးလေးကို အားပြုကာ အတင်းတောင့်ခံထားနိုင်ခဲ့သော်လည်း ဇာတိရွာနှင့် ပိုမိုနီးကပ်လာလေလေ ရင်ထဲရှိစိုးရိမ်ထိတ်လန့်မှုများက ပိုမိုနက်ရှိုင်းလာလေလေဖြစ်၏။

နောက်ပိုင်းတွင် ဤခရီးစဉ်က ပိုပြီးရှည်လျားရင် ကောင်းမှာပဲဟုပင် တွေးလာမိပြီး ထိုသို့ဆိုလျှင် သူ၏အိပ်မက်များ ကွဲအက်သွားမည် မဟုတ်ပေ။

လမ်းတစ်လျှောက်လုံးတွင် သူက မိမိ၏ခန့်မှန်းချက် မှန်ကန်သလားဆိုသည်ကို ယွမ်ရဲအား မေးမြန်းရန် အခွင့်အရေးအများအပြား ရခဲ့သော်လည်း သူ မမေးရဲခဲ့ပေ။

တကယ်လို့ မိမိ၏ခန့်မှန်းချက်က မှားယွင်းနေခဲ့ပါက ဘယ်လို ရင်ဆိုင်ရမည်နည်း။

​ဒါပေမယ့် ရင်ထဲမှာ ဘယ်လောက်ပဲ ပူလောင်ဗျာများနေပါစေ… ဇာတိရွာနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး ရင်းနှီးနေသော ဇာတိမြေ၏ လေယူလေသိမ်းများကို စတင်ကြားရပြီးနောက် နေ့တစ်ဝက်ခန့် ဆက်သွားလိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်နေသော ရွာလေးကို လှမ်းမြင်လိုက်ရတော့၏။

အချိန်က နေဝင်ရီတရောအချိန်သို့ ရောက်နေပြီဖြစ်ပြီး အဝေးရှိမြင့်မားသောတောင်တန်းကြီးများက မတ်မတ်မတ်မတ် ရှိနေ၏။

ကျယ်ဝန်းသောမြစ်ပြင်ကြီးက တောင်တန်းများကြားမှ စီးဆင်းလာပြီး နေရောင်ခြည်က ရေပြင်ပေါ်သို့ ကျရောက်ကာ ရွှေဝါရောင်များ တောက်ပနေသည်။

ယွမ်ယွမ်က နိုးလာပြီဖြစ်ပြီး သူ၏ရင်ခွင်ထဲတွင် ချီထားခံရကာ မျက်လုံးများက ဤသူစိမ်းပတ်ဝန်းကျင်ကို စိတ်ဝင်တစား အကဲခတ်နေ၏။

ရွာအနီးသို့ ရောက်သောအခါ ချန်မင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် လှည်းပေါ်မှဆင်း၍ ရှေ့မှ လမ်းလျှောက်သွားရာ ယွမ်ရဲက နွားလှည်းကို အနောက်မှ ဆွဲလာပြီး သူ ခြေလှမ်း ရပ်သွားသည်ကို မြင်သောအခါ အတော်ကြာအောင် စောင့်နေပြီးမှ ခေါ်လိုက်၏။

“ဦးလေး…”

ချန်မင် သတိပြန်ဝင်လာပြီး ခန္ဓာကိုယ်က မထိန်းနိုင်ဘဲ တစ်ချက်တုန်ယင်သွားကာ မျက်နှာက နှင်းကဲ့သို့ ဖြူရော်နေ၏။

သူက အရပ်မြင့်မားသောအမျိုးသားကို နောက်လှည့်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

“အခုက… သတ္တမလ ရောက်နေပြီလား…”

ယွမ်ရဲက ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ်…”

“တျန်းရှီး ဆယ့်ရှစ်နှစ်၊ သတ္တမလ…”

ချန်မင်က ထိုစကားလုံးအချို့ကို ပါးစပ်မှ တိုးတိုးလေး ရေရွတ်နေပြီး ခြေလှမ်းများက အမြစ်တွယ်နေသကဲ့သို့ ဖြစ်နေ၏။

ယွမ်ယွမ်က ဖခင်ဖြစ်သူ ပုံမှန်မဟုတ်သည်ကို ရိပ်မိသွားပုံရပြီး လက်သေးသေးလေးများဖြင့် သူ၏ပါးပြင်ကို လှမ်းစမ်းသည်။

ပါးစပ်မှ တံတွေးပူဖောင်းလေးတစ်ခု မှုတ်ထုတ်ပြီး ရှုပ်ထွေးသောအသံလေးများ ဆက်တိုက် ပြုလုပ်နေ၏။

ချန်မင်က အစွမ်းကုန်ကြိုးစား၍ ခြေလှမ်းများကို ရွှေ့ကာ ဇာတိရွာရှိအိမ်ဟောင်းဆီသို့ လျှောက်သွားလိုက်သည်။

ဤတောင်ပေါ်ရွာလေးတွင် မူလကတည်းက လူမများလှပေ။ထို့အပြင် နှစ်ပေါင်းများစွာ လူတွေ ပြောင်းရွှေ့သွားကြသဖြင့် ကျန်ရစ်သူများမှာ ပိုမိုနည်းပါးသွား၏။

လမ်းတစ်လျှောက်လုံးတွင် စုတ်ပြတ်နေသောအိမ်ဟောင်းများသာ ရှိပြီး ချန်မင်က အတော်ကြာအောင် လျှောက်သွားသည်။

အိမ်တစ်လုံးရှေ့တွင် ထိုင်နေသော အသက်ခုနစ်ဆယ်ကျော်အရွယ် အဘိုးအိုတစ်ယောက်ကို မြင်တွေ့လိုက်ရချိန်တွင် ချန်မင် ထိုလူကို ဝိုးတဝါး မှတ်မိနေသဖြင့် လျှောက်သွားပြီး ခေါ်လိုက်၏။

“အဘိုးလေး…”

အဘိုးအိုက မျက်လုံးမှိတ်ပြီး အနားယူနေရာမှ သူ၏ခေါ်သံကို ကြားသောအခါ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာ၏။

မှုန်ဝါးနေသောမျက်လုံးများဖြင့် သူ့ကို အတော်ကြာအောင် သေချာကြည့်ပြီးမှ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“မင်းက… မင်းက ချန်မိသားစုက မင်လန်လား…”

ချန်မင် ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်…”

“မင်း ပြန်လာတာလား… အေး… မင်း ပြန်လာကြည့်တာလား…”

အဘိုးအို၏အသံက အိုမင်းနေပြီး ရယ်လိုက်ချိန်တွင် မျက်နှာတစ်ခုလုံး အရေးအကြောင်းများဖြင့် ပြည့်နှက်သွားကာ တုတ်ကောက်ကို ကိုင်ထားသဖြင့် မတ်တတ်ရပ်ရန်ပင် အတော်လေး ခက်ခဲပုံရ၏။

ချန်မင်က မိမိအိမ်မှ ထွက်လာစဉ်က ဤအဘိုးအိုသည် လယ်ထဲတွင် အလုပ်လုပ်နိုင်သေးကြောင်း မှတ်မိနေသေးသည်။

သို့သော် ဤမျှလောက် နှစ်တွေကြာသွားပြီးနောက် ဤမျှအိုမင်းသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။အဘိုးအို၏ ခန္ဓာကိုယ်ကလည်း ဆုတ်ယုတ်နေပြီဖြစ်သည်။

ဘယ်အချိန် သေမလဲဆိုတာကိုသာ စောင့်ဆိုင်းနေရတော့သည့်ပုံစံ ဖြစ်နေ၏။

သူ၏ရင်ထဲတွင် မကောင်းဖြစ်သွားပြီး အဆိုးမြင်သည့်ကိစ္စများကိုသာ တွေးနေမိသည်။သူ စကားအနည်းငယ် ပြောပြီးနောက် အဘိုးအိုက ရယ်မောလိုက်သည်။

“မင်းရဲ့အိမ်ကတော့ အခု အရင်လို မဟုတ်တော့ဘူးကွ… အရင်လို မဟုတ်တော့ဘူး…”

ချန်မင်က ပြုံးလိုက်သည်။ သူ ထွက်သွားစဉ်က အားလုံးက သူ မြို့တော်ရှိအရာရှိကြီးဖြစ်နေသော ယောက်ဖဆီသို့ သွားရောက်မှီခိုမည်ဟု သိထားကြ၏။

အားကျသည့်မျက်နှာထားများ ပြသခဲ့ကြရာ ယခု ဤသို့ပြောသည်ကိုလည်း သူ မအံ့ဩပေ။

သူက သမီးလေးကို ချီကာ ရှေ့သို့ ဆက်လျှောက်သွားပြီး ဤတစ်ကြိမ်တွင်တော့ ရင်းနှီးသောလူများနှင့် ထပ်မတွေ့တော့ပေ။

သူ၏အိမ်က ရွာ၏အနက်ရှိုင်းဆုံးနေရာတွင် ရှိကာ ဝါးတောတစ်ခုကို ကွေ့သွားမှသာ မြင်ရမည်ဖြစ်၏။

ချန်မင်၏ခြေလှမ်းများက ပေါင်တစ်ထောင်လောက် လေးလံနေသကဲ့သို့ နှေးကွေးနေသည်။

နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ရင်ခွင်ထဲရှိကလေးကို ယွမ်ရဲထံသို့ ကမ်းပေးလိုက်၏။

လေသံတွင် ဖော်ပြ၍မရနိုင်လောက်အောင် အားနည်းပင်ပန်းနေသည့်အရိပ်အယောင်များ ပါဝင်နေသည်။

“သခင်လေးယွမ်… သူ့ကို ခဏလောက် ချီပေးထားပါလား…”

ယွမ်ရဲက ကမန်းကတမ်း ယွမ်ယွမ်ကို လှမ်းယူလိုက်သည်။

လူနှစ်ယောက်က ခရီးသွားရင်း အချိန်အကြာကြီး အတူတူနေခဲ့ကြ၏။ ထို့ကြောင့် ယွမ်ယွမ်က သူ ချီထားသည်ကိုလည်း မစိမ်းတော့ဘဲ သူ၏မုတ်ဆိတ်မွေးများကို လှမ်းဆွဲကာ ဆော့ကစားသည်။

ပါးစပ်မှလည်း “ခစ်ခစ်” ဟူသောကြည်လင်သည့်ရယ်သံလေးများ ထွက်ပေါ်နေ၏။

ချန်မင်မှာ လည်ချောင်းများပင် ခြောက်ကပ်နေပြီး ခြေလက်များလည်း အေးစက်ထုံကျဉ်နေသော်လည်း အစွမ်းကုန် ကြိုးစား၍ ရှေ့သို့ ဆက်လျှောက်သွားသည်။

နောက်ဆုံးတွင် ဝါးတောကို ကွေ့သွားလိုက်ပြီး ထိုနေရာရှိမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မျက်လုံးများ ဖြည်းဖြည်းချင်း ပြူးကျယ်သွားတော့၏။

သူ အိမ်မှ မထွက်လာခင်က စုတ်ပြတ်နေသောအိမ်ဟောင်းအနည်းငယ်သာ ရှိခဲ့သော်လည်း ယခု ထိုနေရာတွင် အိမ်သစ်တစ်လုံးက အစားထိုး ဝင်ရောက်လာ၏။

ဖြူဖွေးသောနံရံများနှင့် အမည်းရောင်အမိုးကြွပ်များဖြင့် ဖြစ်ကာ ခြံဝင်းတစ်ခုကိုပါ ကာရံထားပုံရသည်။

ချန်မင်သည် မိမိ အမြင်မှားသွားသည်ဟု ထင်မှတ်ကာ မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သော်လည်း ထိုအိမ်ကြီးက ရှေ့တွင် ရှိနေဆဲဖြစ်၏။

ချန်မင်သည် တစ်ကိုယ်လုံးရှိသွေးများ လျင်မြန်စွာ စီးဆင်းလာသည်ကို ခံစားလိုက်ရပြီး မူလက အေးစက်နေသောခန္ဓာကိုယ်က တဖြည်းဖြည်း ပူလောင်လာသည်။

နှလုံးခုန်သံများ မြန်ဆန်လာပြီး အတွေးများ ရှုပ်ထွေးသွား၏။ အလွန်ကြီးမားသော ဝမ်းသာမှုကြီးတစ်ခုက သူ၏ခေါင်းပေါ်သို့ ကျရောက်လာ​ပြီး သူ့ကို ကြောင်အမ်းသွားကာ အတော်ကြာမှသာ ရှေ့သို့ ဆက်လျှောက်ရန် သတိရသွားသည်။

ခြေလှမ်းများက တဖြည်းဖြည်း ပိုမြန်လာကာ နောက်ဆုံးတွင် တစ်ဟုန်ထိုး ပြေးသွားတော့၏။

သော့ခတ်မထားသောခြံတံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ အကြည့်တစ်ပတ် ဝေ့ကြည့်ပြီးနောက် တံခါးတစ်ချပ်ရှေ့တွင် ရပ်နေသောရင်းနှီးသည့်လူတစ်ယောက်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။

ထိုသူက အရပ်မြင့်မားကာ မျက်နှာသွင်ပြင် ချောမောပြီး နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ရှိနေကာ သူ့ကို စူးစိုက်ကြည့်နေ၏။

ချန်မင် မျက်ဝန်းများ နီရဲသွားပြီး သူ့ကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်နေမိကာ ရင်ထဲရှိဝမ်းနည်းမှုများနှင့် စိုးရိမ်ပူပန်မှုများက မထိန်းချုပ်နိုင်လောက်အောင် ဝမ်းသာမှုများအဖြစ် ပြောင်းလဲသွားသည်။

ထိုဝမ်းသာမှုက သူ၏မျက်ရည်ကျိတ်များကို လှုံ့ဆော်လိုက်သဖြင့် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာ၏။

ခဏအတွင်းမှာပင် ပါးပြင်ပေါ်သို့ အပြည့်အဝ ကျဆင်းလာပြီး ဖြူဖွေးနုနယ်သောပါးပြင်လေးပေါ်တွင် မျက်ရည်စီးကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုလူက လျှောက်လာပြီး လက်မောင်းများကို ဆန့်တန်းကာ သူ့ကို ဖက်လိုက်ပြီး တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“ကိုယ့်ရဲ့မင်လန်က ဒီလောက်တောင် ငိုတတ်တုန်းပဲလား…”

ချန်မင်က အဆက်မပြတ် ရှိုက်ငိုနေပြီး ယွမ်ရဲ ဝင်လာသည်ကို သိလျှင်တောင် မရပ်တန့်နိုင်တော့ပေ။

သူက လက်နှစ်ဖက်ဖြင့် အမျိုးသား၏အင်္ကျီများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အားအလွန်ပြင်းထန်သဖြင့် သူ၏အင်္ကျီများကို ဆွဲဖြဲပစ်တော့မည့်ပုံစံမျိုး ဖြစ်နေ၏။

လုဖေးဟွမ်က သူ့ကို ဖက်ကာ ချော့သိပ်ရင်း တစ်ဖက်က ယွမ်ရဲကို နှုတ်ဆက်လိုက်သည်။

သူ၏ရင်ခွင်ထဲရှိကလေးငယ်လေးကို မြင်သောအခါ စိတ်ဝင်တစားဖြင့် မေးလိုက်၏။

“ဘာလဲ… မင်း မြေးမလေး ရသွားတာလား…”

ယွမ်ရဲ၏မျက်နှာက အနည်းငယ် နေရခက်သွားပြီး ရှင်းပြလိုက်သည်။

“စစ်သူကြီး… ဒါက စစ်သူကြီးရဲ့ သမီးလေးပါ… ဦးလေး မွေးပေးထားတာပါ…”

လုဖေးဟွမ်က သူ၏ရင်ခွင်ထဲရှိကလေးငယ်ကို စူးစိုက်ကြည့်လိုက်ရာ သူငယ်အိမ်များပင် ကျုံ့သွား၏။

ဤတစ်ကြိမ်တွင်တော့ ကြောင်အမ်းပြီး မလှုပ်မရှားနိုင်ဖြစ်သွားသူမှာ သူဖြစ်ပြီး အတော်ကြာမှသာ မယုံကြည်နိုင်စွာဖြင့် ချန်မင်ကို ငုံ့ကြည့်လိုက်သည်။  သူ့အသံများပင် အနည်းငယ် တုန်ယင်လို့ နေသည်။

“မင်လန်… မင်း ဘယ်လိုလုပ်… ဘယ်လိုလုပ် ကိုယ့်ကို မပြောခဲ့တာလဲ… မင်း… မင်း တော်တော် ဒုက္ခခံလိုက်ရရှာမှာ…”

ချန်မင်က သမီးလေးကို တွေးမိပြီး မျက်ရည်များကို အနိုင်နိုင် ထိန်းလိုက်ကာ တိုးတိုးလေး ပြောလိုက်၏။

“အဲဒီအချိန်တုန်းက ခင်ဗျားကို အနှောင့်အယှက် မဖြစ်စေချင်လို့ပါ… နောက်တော့… ခင်ဗျားတို့မှာ အခက်အခဲ ရှိလို့လား…”

လုဖေးဟွမ်က ယွမ်ယွမ်ရှိရာသို့ လျှောက်သွားလိုက်သည်။

“ခဏနေမှ ကိုယ် မင်းကို ရှင်းပြမယ်… ကိုယ်… ကိုယ် သူ့ကို တစ်ချက်လောက် ချီကြည့်လို့ ရမလား…”

သူက ဖြူဖွေးနုနယ်သော ကလေးငယ်လေးကို ကြည့်ရင်း စစ်တပ်ကြီးများကိုပင် ဦးဆောင်နိုင်ခဲ့သောအမျိုးသားတစ်ယောက်က ပထမဆုံးအကြိမ် ဘာလုပ်ရမှန်းမသိဖြစ်နေသည့်မျက်နှာထားမျိုးကို ပြသလာ၏။

လက်ဆန့်တန်းလိုက်သော်လည်း ဘယ်လို ချီရမှန်းမသိဖြစ်နေသည်။

ယွမ်ယွမ်က လူစိမ်းကြောက်တတ်သဖြင့် သူ၏ဤပုံစံကို မြင်သောအခါ ပို၍ပင် လန့်သွားပြီး အော်ငိုကာ ချန်မင်ရှိရာသို့ လှမ်း၍ ရှိုက်ငိုနေတော့၏။

ချန်မင် ကမန်းကတမ်း လျှောက်သွားလိုက်ပြီး သမီးလေးကို ရင်ခွင်ထဲတွင် ချီကာ နူးညံ့စွာ ချော့သိပ်လိုက်သည်။

သူမ ငြိမ်သွားမှသာ လုဖေးဟွမ်၏အရှေ့သို့ ကမ်းပေးလိုက်သည်။ ချန်မင်၏မျက်နှာက အနည်းငယ် နီရဲနေ၏။

“ဖေးဟွမ်… ခင်ဗျား… ခင်ဗျား ကျွန်တော်တို့ သမီးလေးကို ချီကြည့်လိုက်…”

လုဖေးဟွမ်က “ကျွန်တော်တို့ သမီးလေး” ဟူသောစကားလုံးလေးလုံးကို ကြားလိုက်ရချိန်တွင် မျက်လုံးများ တောက်ပသွား၏။

သူက ကလေးငယ်လေးကို သတိထားကာ လှမ်းချီလိုက်ပြီးနောက် ထပ်မံ၍ ဘာလုပ်ရမှန်းမသိဖြစ်နေသည့်ပုံစံမျိုး ပြသလာပြန်သည်။

အရပ်မြင့်မားသော အမျိုးသားကြီး၏တောင့်တင်းနေသောပုံစံက ကျန်လူနှစ်ယောက်ကို မထိန်းနိုင်ဘဲ ရယ်မောသွားစေသည်။ ယွမ်ရဲက အခြေအနေကို ကောင်းကောင်းနားလည်သူဖြစ်သဖြင့် ပြောလိုက်၏​။

“ကျွန်တော် နွားလှည်းပေါ်က ပစ္စည်းတွေကို သွားချလိုက်ဦးမယ်… ဦးလေးနဲ့ စစ်သူကြီး အရင် နားလိုက်ကြပါဦး…”

လုဖေးဟွမ်က ကလေးငယ်လေးကို ချီထားပြီး လုံးဝမလှုပ်ရဲပေ။ မိမိခွန်အား အနည်းငယ် ပြင်းသွားပါက သူမကို ထိခိုက်မိမည်ကို စိုးရိမ်နေသည်။

ချန်မင်က သမီးလေးကို ပြန်ယူလိုက်ရပြီး သူ့ကို ရယ်ချင်စိတ်ဖြင့် ကြည့်လိုက်၏။

“ကလေး မချီဖူးဘူးလား…”

လုဖေးဟွမ် ခေါင်းခါပြလိုက်သည်။

“မချီဖူးဘူး…”

သူက ချန်မင် ကလေးချီထားသည်မှာ တည်ငြိမ်နေသည်ကို မြင်သောအခါ လျှောက်သွားပြီး ချန်မင်ရော ကလေးကိုပါ အတူတူ ပွေ့ချီလိုက်ရာ ချန်မင် လန့်သွား၏။

“အာ့… ဒီလို မလုပ်နဲ့လေ…”

လုဖေးဟွမ်က သူ့ကို အိပ်ခန်းထဲသို့ ပွေ့ချီသွားပြီး တံခါးကိုပါ ပိတ်လိုက်သည်။

ယွမ်ယွမ်က ဤအချိန်တွင် ဗိုက်ဆာလာပြန်သဖြင့် စတင် ငိုယိုလာရာ ချန်မင်က အင်္ကျီရင်ဘတ်ကို ဖြည်ချလိုက်၏။

ကလေးငယ်လေးက နို့နံ့လေးကို ခံစားမိသည်နှင့် ထိုနို့သီးခေါင်းကို ကိုက်ကာ အထဲရှိနို့ရည်များကို အားပါပါ စုပ်ယူတော့သည်။

ချန်မင်က လုပ်ပြီးမှသာ လုဖေးဟွမ်က အရှေ့တွင် ရှိနေသည်ကို သတိရသွားပြီး မျက်နှာများ အနည်းငယ် နီရဲလာ၏။

ခန္ဓာကိုယ်ကို အနည်းငယ် ဘေးတစောင်းလှည့်လိုက်ရာ လုဖေးဟွမ်က တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

“မင်လန်… ကိုယ့်ကို ကြည့်စမ်းပါဦး…”

ချန်မင် ခေါင်းမော့လိုက်သည်နှင့် လုဖေးဟွမ်က သူ၏မေးရိုးကို ကိုင်ကာ နှုတ်ခမ်းကို တည့်တည့် နမ်းလိုက်တော့၏။

“အင်း…”

တစ်ဖက်က ကလေးကို နို့တိုက်နေရင်း တစ်ဖက်က အမျိုးသား၏အနမ်းကို ခံနေရသဖြင့် ချန်မင် အနည်းငယ် နေရခက်သွားသည်။

သို့သော် ထိုရင်းနှီးကျွမ်းဝင်သောအနံ့လေးနှင့် ထိတွေ့လိုက်ရသည်နှင့် တစ်ကိုယ်လုံး မထိန်းနိုင်တော့ဘဲ ပါးစပ်ကို ဟကာ အမျိုးသား၏လျှာကို ဝင်လာခွင့် ပြုလိုက်၏။

သူ၏နူးညံ့သောလျှာလေးနှင့် ရစ်ပတ်ကာ အနမ်းဖလှယ်လိုက်တော့သည်။

လူနှစ်ယောက်က ကြာရှည်ပြီး ပူနွေးစိုစွတ်သောအနမ်းတစ်ခုကို ဖလှယ်လိုက်ကြ၏။

ချန်မင်မှာ အမျိုးသား၏အနမ်းကြောင့် အသက်ရှူပင် မဝတော့လုနီးပါး ဖြစ်သွားကာ ခံတွင်းတစ်ခုလုံးတွင် တစ်ဖက်လူ၏လွှမ်းမိုးထားသောအသက်ရှူသံများ ပြည့်နှက်နေသည်။

ခွာလိုက်သည့်အချိန်တွင် သူ၏မျက်နှာက နီရဲနေကာ မျက်လုံးများက ရေကြည်များ ဝိုင်းနေပြီး ကြည့်ရသည်မှာ အလွန်ဆွဲဆောင်မှု ရှိလွန်းလှ၏။

လုဖေးဟွမ်က မိမိ၏ကာမစိတ်များကို ထိန်းချုပ်လိုက်ပြီး သူ၏ရင်ခွင်ထဲရှိကလေးငယ်လေးကို ငုံ့ကြည့်ကာ အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။

“သူ အိပ်ပျော်သွားပြီ…”

ချန်မင်က အသက်ရှူသံများကို ပုံမှန်ပြန်ဖြစ်အောင် လုပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“သူ နို့ဝသွားရင် အိပ်ပျော်သွားတတ်တယ်…”

သူက နို့သီးခေါင်းကို သမီးလေး၏ပါးစပ်ထဲမှ သတိထား၍ ဆွဲထုတ်လိုက်ပြီး အင်္ကျီကို ပြန်စေ့ကာ သမီးလေး၏ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။

သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြောင်း သေချာမှသာ ကုတင်ပေါ်တွင် ချထားလိုက်၏။

အခြားလူများ၏အနှောင့်အယှက် မရှိတော့သဖြင့် ချန်မင်က နောက်ဆုံးတွင် နေ့တိုင်း တွေးတောလွမ်းဆွတ်နေခဲ့ရသောအမျိုးသားကို သေချာစွာ မြင်တွေ့ခွင့်ရသွားသည်။

လုဖေးဟွမ်လည်း သူ့ကို အလွန်လွမ်းဆွတ်နေပုံရကာ မျက်လုံးများက သူ၏မျက်နှာကို စူးစိုက်ကြည့်နေ၏။

အတော်ကြာမှသာ လူနှစ်ယောက်လုံးက လက်မောင်းများကို တစ်ပြိုင်နက်တည်း ဆန့်တန်းကာ ရင်းနှီးစွာ ဖက်လိုက်ကြတော့သည်။

ချန်မင်က နှာခေါင်းထဲတွင် ရင်းနှီးကျွမ်းဝင်သောအနံ့လေးကို ရလိုက်ပြီး ဤလူကို ဖက်ထားရမှသာ သူ တကယ်အသက်ရှင်နေသေးကြောင်း နောက်ဆုံးတွင် ယုံကြည်သွားတော့၏။

သူက တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“ဖေးဟွမ်… ဒီတစ်နှစ်တာကာလအတွင်း… ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်တောင် ပူလောင်နေခဲ့ရလဲဆိုတာ ခင်ဗျား သိရဲ့လား…”

လုဖေးဟွမ်၏လေသံတွင် အပြစ်ရှိစိတ်များ ပါဝင်နေ၏။

“ကိုယ် သဘာဝကျကျ သိတာပေါ့… မင်လန်… ကိုယ်သာ ဒီလို မလုပ်ခဲ့ရင်… ကိုယ်တို့ အခုချိန် တွေ့ခွင့်ရမှာ မဟုတ်တော့ဘူး…”

သူက သေချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်ပြီး အပြစ်အနာအဆာမရှိအောင် ဖုံးကွယ်ချင်ခဲ့သည်။

လုမိသားစုဝင်များအပြင် ချန်မင်လည်း ဧကရာဇ်မင်း၏စောင့်ကြည့်မှုအောက်တွင် သဘာဝကျကျ ရှိနေမည်ဖြစ်ပြီး လှုပ်ရှားမှုအနည်းငယ်ရှိသည်နှင့် ဧကရာဇ်မင်းက ကြားထဲမှ အကြောင်းအရာများကို ခန့်မှန်းမိသွားမည်ဖြစ်၏။

လုဖေးဟွမ်က အမိန့်အရ စစ်ထွက်ခဲ့ပြီး ပထမတစ်လတွင် ယားအာဟနိုင်ငံနှင့် စည်းကမ်းချက်များကို တကယ်ဆွေးနွေးခဲ့သည်။

သို့သော် မင်းသမီးစုန့်ယား ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပြီးနောက် နိုင်ငံနှစ်ခုကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လုဖေးဟွမ်၏ကိုယ်ပိုင်စစ်တပ်က ရှေ့ဆုံးမှ တိုက်ခိုက်ခဲ့ရ၏။

ဧကရာဇ်မင်းက သဘာဝကျကျ နှစ်ဖက်စလုံး အထိနာသွားစေချင်သူ ဖြစ်သည်။ သူက အနောက်တွင် လုံလောက်သောစစ်အင်အားများကို ပြင်ဆင်ထားပြီးဖြစ်သည်။

လုမိသားစုစစ်တပ်က ဆက်လက် မတောင့်ခံနိုင်တော့သည့်အချိန်ရောက်မှသာ စစ်အင်အားများကို ထုတ်သုံး၍ ယားအာဟနိုင်ငံကို အပြည့်အဝ သိမ်းပိုက်ရန် ရည်ရွယ်ထားခြင်းဖြစ်၏။

လုဖေးဟွမ်က ဧကရာဇ်မင်း စစ်မထွက်ခင် သေချင်ယောင် ဆောင်ခဲ့ခြင်းဖြစ်ပြီး သူက အရာအားလုံးကို စောစောကတည်းက ပြင်ဆင်ထားခဲ့သည်။

ထိုမီးတိုက်ပွဲတွင် လူအများစုက သူ မီးထဲတွင် သေဆုံးသွားသည်ဟု မြင်တွေ့ခဲ့ကြသော်လည်း တကယ်တမ်းတွင် သူက ထိုမြို့ရိုးအောက်တွင် လျှို့ဝှက်ဥမင်လှိုဏ်ခေါင်းတစ်ခု တူးထားခဲ့၏။

သူက ထိုဥမင်လှိုဏ်ခေါင်းထဲမှ လွတ်မြောက်လာကာ ဤတောင်ပေါ်ရွာလေးသို့ ဝင်ရောက်လာပြီး အိမ်တစ်လုံး ဆောက်လုပ်ကာ တစ်နှစ်တာ အချိန်ပြည့်ပြီး သူ၏မင်လန် ပြန်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

ဧကရာဇ်မင်းက သူ တကယ်သေသွားသည်ကို သေချာပေါက် မယုံကြည်မည်မှန်း သူ ခန့်မှန်းထားခဲ့၏။

သို့သော် လူအများအပြား ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြသဖြင့် ဧကရာဇ်မင်း၏ရင်ထဲတွင် သံသယများ ရှိနေလျှင်တောင် တစ်နှစ်လောက် လူလွှတ်၍ စောင့်ကြည့်ရုံဖြင့် လုံလောက်မည်ဖြစ်သည်။

တစ်နှစ်ကျော်သွားပါက စိတ်ထဲ သိပ်ထားတော့မည် မဟုတ်ပေ။

လုဖေးဟွမ်က ယွမ်ရဲအား ယူဆောင်သွားခိုင်းသော ထိုပန်းချီကားထဲရှိအဓိပ္ပာယ်ကို သူ၏မင်လန်က နားလည်နိုင်မည်ဟု ယုံကြည်ထားခဲ့၏။

Chapter 39 ended

ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း

ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း

Status: Completed Type: Author: Artist: Native Language: Chinese

ခေါင်းစဉ် - ဦးလေးဖြစ်သူအား လုယူသိမ်းပိုက်ခြင်း (ဒွိလိင်)

စာရေးသူ - ယွမ်ရှန်ပိုင်ယွင်ကျန်း

 

ဤဝတ္ထုသည် အသက်ကန့်သတ်ချက်ရှိပြီး အသက် ၁၈ နှစ်အောက် ဖတ်ရှုရန် မသင့်တော်ပါ။ဒါ့အပြင် စကားလုံးများ ရိုင်းစိုင်းပါသည်။

 

******

 

လုကျန်းထင်၏မိခင် ကွယ်လွန်သွားပြီးနောက်တွင် သူ့အပေါ် ကောင်းပေးသူဟူ၍ ဦးလေးဖြစ်သူ တစ်ယောက်တည်းသာ ရှိလေသည်။ ဦးလေးက သူ့အတွက် ထမင်းဟင်း ချက်ကျွေးပြီး သိပ်ပေးတတ်သည်။ စစ်သူကြီးအိမ်တော်ရှိ အစေခံများက သူ့အား မယားငယ်သားဟုဆိုကာ အထင်သေး နှိမ်ချဆက်ဆံကြချိန်တွင်လည်း ဦးလေးကသာ သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။

 

ထို့ကြောင့် လုကျန်းထင်၏ ရည်မှန်းချက်မှာ စာမေးပွဲအောင်မြင်ပြီး အရာရှိကြီးတစ်ယောက် ဖြစ်လာရန်ပင် ဖြစ်သည်။ ထိုအခါမှသာ လူကို အထင်သေးတတ်သော ဤစစ်သူကြီးအိမ်တော်မှ ဦးလေးဖြစ်သူကို ခေါ်ထုတ်သွားနိုင်မည် ဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူနှင့်လည်း အဆက်အသွယ် ဖြတ်တောက်မည်ဟု ဆုံးဖြတ်ထားသည်။

 

သို့သော် သူ အချစ်ရဆုံး ဦးလေးဖြစ်သူနှင့် သူ အမုန်းဆုံး ဖခင်ဖြစ်သူတို့ လိင်ဆက်ဆံနေကြသည်ကို သူ မတော်တဆ မြင်တွေ့သွားခဲ့သည်။ ထို့အပြင် ဦးလေးဖြစ်သူ၏ လျှို့ဝှက်ချက်ကိုပါ သူ သိရှိသွားခဲ့လေသည်...

 

CP အတည်ပြုချက် - စစ်သူကြီး (Top) x ဦးလေး (Bottom)

 

Bottom က ဒွိလိင် (Intersex) ဖြစ်ပါ။ နို့ထွက်တယ်။ ကလေးမွေးနိုင်တယ်။ ဇာတ်လမ်းကတော့ ဒရမ်မာခပ်ချိုးချိုးပဲ။

 

====

 

ဖြည့်စွက်ချက်။ ။ ဒီအညွှန်းက လူကို ဂျင်းထည့်တာနော်! အစက NTR လို့ ထင်ခဲ့ပေမယ့် တကယ်တော့ မဟုတ်ပါဘူး! 1v1 ပါ! အဖေက Top ပါ! အဖေက Top ပါ! အဖေက Top ပါ! မှားပြီးတော့ ကိုယ်စီးတဲ့ သင်္ဘောမလွဲကြနဲ့ဦး!

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset