⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 6

Chapter 6

 

 

ကြောက်မက်ဖွယ်ကောင်းသော စိတ်ကူးယဉ်မှု အမျိုးမျိုးဖြင့် တွေဝေငေးမောကာ ညဘက်သို့ ရောက်လာပြီးနောက် ချန်နော့မှာ နောက်ဆုံးတွင် စိတ်ပြန်လည်လန်းဆန်းလာခဲ့၏။

 

ပထမဆုံး ရောက်လာချိန်တွင် ကမ္ဘာကြီးကို ကယ်တင်ရန် သို့မဟုတ် ဇာတ်လိုက်မင်းသား ဖြစ်ရန် စသည့် သူ၏ ဤနေရာသို့ လာရခြင်း ရည်ရွယ်ချက်များကို တွေးတောခဲ့ဖူးသော်လည်း ထိုမှန်းဆချက်များမှာ ယခုအခါ အစအနပင် မကျန်တော့ဘဲ ပျက်စီးသွားပြီ ဖြစ်သည်။

 

နောင်တွင် ဤဂေးနေသော ယောက်ျားကြီးများကိုသာ မြင်တွေ့ရတော့မည်ဖြစ်ပြီး မိမိကိုယ်တိုင်လည်း ‘အမ’ တစ်ကောင်အဖြစ် သတ်မှတ်ခံရမည်ကို တွေးမိသောအခါ သူသည် လေထဲတွင် မျက်ရည်ကျချင်စိတ်ပင် ဖြစ်ပေါ်လာခဲ့၏။

 

ချန်နော့က မြက်တစ်ဆုပ်နှင့် ကြိုးသေးသေးလေးကို အသုံးပြု၍ ရင်ကော့ ခါးအချိုးကျသော မြက်လူရုပ်လေးတစ်ခုကို ပြုလုပ်လိုက်သည်။ထို့နောက် လက်ထဲတွင် ကိုင်ကာ အတန်ကြာ ငိုယိုကြည့်နေပြီးနောက် မြေနံရံပေါ်တွင် သေသေချာချာ ချိတ်ဆွဲထားလိုက်သည်။

 

နောင်တွင် နူးညံ့ချစ်စရာကောင်းသော မိန်းကလေးများကို ထာဝရ မြင်တွေ့ရတော့မည် မဟုတ်သဖြင့် ဤမြက်လူရုပ်လေးကို ကြည့်ရှုခြင်းကလည်း အလွမ်းပြေစေနိုင်၏။ သို့သော် သူ အိမ်သာသွားပြီး ပြန်လာသောအခါ ထိုမြက်လူရုပ်မှာ လျိုကွမ်၏ မီးဖိုထဲသို့ ပစ်သွင်းခံလိုက်ရကြောင်း တွေ့ရှိသွားခဲ့သည်။

 

မီးတောက်ထဲတွင် တဖြည်းဖြည်း ပြာအဖြစ် ပြောင်းလဲသွားသော မြက်လူရုပ်ကို ကြည့်ကာ သူ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။ မိန်းကလေးများအားလုံးက ရက်စက်စွာ ကျောခိုင်းထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။ သူ ဝန်ခံရပေမည်။ နောင်တွင် သူ၏ လက်ချောင်းငါးချောင်းနှင့်သာ အဖော်ပြုရတော့မည် ဖြစ်သည်။

 

ဤကမ္ဘာ၏ အခြေအနေ သတ်မှတ်ချက်များက မည်မျှပင် ထူးဆန်းနေပါစေ… သူက ယောက်ျားတစ်ယောက်၊ အထီးသတ္တဝါ! ယောကျာ်းစစ်စစ်!

 

ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားသဖြင့် ချန်နော့က မေးလိုက်၏။

 

” မနေ့ညက မင်း ဘယ်မှာအိပ်တာလဲ?…”

 

လျိုကွမ်က သူ့ကို ရိုက်မေ့စေခဲ့ပြီး ဤနေရာတွင်လည်း ကုတင်သေးသေးလေး တစ်လုံးသာ ရှိသည် မဟုတ်လား။

 

လျိုကွမ်က အနည်းငယ် နေရခက်စွာဖြင့် ဘေးရှိ ခုံတန်းလျားကို လက်ညှိုးထိုးပြလိုက်၏။ သူက ခုံတန်းလျား နှစ်လုံး သွားငှားလာပြီး ပူးကပ်ကာ မနည်းအိပ်ခဲ့ရသည်။ သူက အနာဂတ်ဇနီးလေးနှင့် အတူအိပ်ရန် ရှက်ရွံ့နေသလို ရိုက်မေ့ခံထားရသော ဇနီးလေးကိုလည်း ခုံတန်းလျားပေါ်တွင် အိပ်ခိုင်း၍ မဖြစ်ပေ။

 

ချန်နော့က ကိုယ်ချင်းစာကြည့်လိုက်၏။

 

အင်း… အသက်ဆယ်နှစ်အရွယ် ကလေးလေးပဲလေ… လိင်စိတ်အပေါ် စူးစမ်းချင်စိတ်ရှိပြီး သတိထားတတ်တဲ့ အရွယ်ပေါ့… ဒါပေမယ့် စောက်ကျိုးနည်း ငါက အဲ့ဒီ ဆန့်ကျင်ဘက်လိင် ဖြစ်နေတာပဲ!

 

ထိုသို့ဆိုလျှင် သူ၏ အမြင်တွင် လျိုကွမ်မှာ ယောကျာ်းလေးတစ်ယောက် ဖြစ်သော်လည်း အတူအိပ်၍ မရပေ။

 

သူက တတ်နိုင်သမျှ သဘာဝကျသော အပြုံးတစ်ခုကို ဖန်တီးကာ ပြောလိုက်၏။

 

” အင်း… ဒီည ငါ ခုံတန်းလျားပေါ်မှာ အိပ်မယ်လေ…”

 

” အဲ့လိုလုပ်လို့ ဘယ်ရမလဲ!…”

 

လျိုကွမ်၏ မြစိမ်းရောင် မျက်လုံးများက စူးရှစွာ ကြည့်လာ၏။

 

” အမဆိုတော့ လိမ္မာရေးခြားရှိရှိ ကုတင်ပေါ်မှာပဲ အိပ်!…”

 

ထိုစကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ ချန်နော့မှာ တည်ငြိမ်မှု မထိန်းနိုင်တော့ချေ။ သူ၏ ရင်ထဲရှိ ဒေါသများကို ပေါက်ကွဲရန် နေရာမရှိသဖြင့် နောက်ဆုံးတွင် ထိုကုတင်သေးသေးလေးပေါ်၌ အားအင်ကုန်ခမ်းစွာ လဲလျောင်းကာ နံရံကို ကြည့်ပြီး တွေဝေငေးမောနေတော့၏။

 

လရောင်က ကျဉ်းမြောင်းသော ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ ဝင်ရောက်လာပြီး မညီညာသော မြေပြင်ပေါ်တွင် ငွေရောင်အလင်းတန်းတစ်ခုကို ဖန်တီးပေးထားသဖြင့် မြက်မိုးတဲအတွင်းမှာ အလွန်မှောင်မနေချေ။

 

လျိုကွမ်မှာလည်း ခုံတန်းလျားပေါ်တွင် လှဲလျောင်းလိုက်ပြီး မကြာမီမှာပင် အိပ်ပျော်သွားခဲ့သော်လည်း ချန်နော့မှာမူ ဟိုဘက်လှည့်ဒီဘက်လှည့်ဖြင့် မည်သို့မျှ အိပ်မပျော်နိုင်ခဲ့ပေ။

 

ခုံတန်းလျားနှစ်လုံး ပူးထားသည်မှာ ကျဉ်းလွန်းသေးသည်။ လျိုကွမ် ခဏအိပ်ပြီးနောက် ဟိုဘက်လှည့်လိုက်ရာ ‘ဖုန်း’ ခနဲ ပြုတ်ကျသွားသဖြင့် ချန်နော့မှာ လန့်သွားခဲ့၏။ သူ အမြန်ထိုင်ကြည့်လိုက်ရာ လျိုကွမ်မှာ မျက်လုံးပင် မဖွင့်ဘဲ အိပ်မှုန်စုံမွှားဖြင့် ခုံတန်းလျားကို စမ်းသပ်ရှာဖွေကာ ပြန်တက်၍ ဆက်အိပ်နေသည်ကို မြင်လိုက်ရသည်။

 

ချန်နော့မှာ မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

 

ဒါက လုံးဝကို အိပ်မက်နတ်ဘုရားပဲ!

 

အချိန်အနည်းငယ် ကြာပြီးနောက် လျိုကွမ် ထပ်မံပြုတ်ကျသွားပြီး အတော်လေး နာကျင်သွားပုံရသည်။ ချန်နော့က အမှန်တကယ်ပင် ကြည့်မနေနိုင်တော့သဖြင့် လျှောက်သွားလိုက်၏။

 

သူ ရုတ်တရက် သဘောပေါက်သွားသည်။

 

အကယ်၍ ယခု ကိုယ့်ကိုယ်ကိုယ် လျိုကွမ်တို့နှင့် မတူညီသူဟု သတ်မှတ်လိုက်လျှင် နောင်တွင် တကယ်ကြီး အမတစ်ကောင် ဖြစ်သွားမည် မဟုတ်လား?

 

ဤကမ္ဘာရှိ အမျိုးသားများက ကလေးမွေးနိုင်လျှင်လည်း သူကတော့ မမွေးနိုင်ပေ! လျိုကွမ်ကို နှိုးလိုက်လျှင်လည်း ဤကလေးက ကုတင်ပေါ်တွင် အိပ်ရန် သဘောတူမည်မဟုတ်ကြောင်း သူ သိထားသဖြင့် လျိုကွမ်ကို တိုက်ရိုက်ပင် ပွေ့ချီလိုက်၏။

 

ပွေ့ချီလိုက်သည့် အခိုက်အတန့်တွင် သူ အလိုအလျောက် ကြောင်သွားခဲ့သည်။ ဤကလေးမှာ ခေါင်းမာပြီး ဒေါသကြီးကာ စကားပြောလည်း ရိုင်းစိုင်းသော်လည်း သေးသွယ်သော လက်မောင်းနှင့် ခြေတံများ၏ ကိုယ်အလေးချိန်မှာ အမှန်တကယ်ပင် ပေါ့ပါးလှ၏။ ယခု သူ၏ ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး ဆံပင်များ ဖွာလန်ကြဲကာ အပြစ်ကင်းစင်စွာ အိပ်မောကျနေပုံမှာ အမှန်တကယ်ပင် ချစ်စရာကောင်းသော ကလေးလေးတစ်ယောက် ဖြစ်သည်။

 

ချန်နော့၏ လှုပ်ရှားမှုများသည် အလိုအလျောက် ဖွဖွလေးဖြစ်သွားပြီး လျိုကွမ်ကို အတွင်းဘက်တွင် ထားကာ သူကိုယ်တိုင်ကတော့ အပြင်ဘက်မှ အကာအကွယ်အဖြစ် လှဲလျောင်းလိုက်၏။

 

သို့သော် လျိုကွမ်၏ အိပ်ရာဝင် အကျင့်မှာ အမှန်တကယ်ပင် ဆိုးရွားလှသည်။ ယခင်ကလည်း အမြဲတမ်း ကုတင်ပေါ်မှ ပြုတ်ကျဖူးသည်ဟု ခန့်မှန်းရပြီး ချန်နော့မှာ သူ့အား ဖက်အုံးအဖြစ် အသုံးပြုခြင်းကို သည်းခံနေရ၏။

 

လျိုကွမ်၏ လက်နှင့် ခြေထောက်များက သူ၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေပြီး ကိုယ်အပူချိန်မှာလည်း သူ့ထက် မြင့်မားနေသဖြင့် ဤကဲ့သို့သော ရာသီဥတုတွင် ကပ်နေရခြင်းမှာ အမှန်တကယ်ပင် ကပ်ဘေးတစ်ခု ဖြစ်သည်။ ချန်နော့ မည်သည့်အချိန်က အိပ်ပျော်သွားမှန်း မသိသလို အိပ်မက်ထဲတွင်လည်း အဆင်မပြေမှု မျိုးစုံကို ခံစားခဲ့ရ၏။

 

ဒုတိယနေ့ နံနက်တွင် လျိုကွမ်မှာ ဒေါသထွက်မနေသော်လည်း မျက်နှာမှာ မျောက်ဖင်ကဲ့သို့ နီရဲနေပြီး စကားပြောရာတွင်လည်း ထစ်အကာ အဆင်မပြေဖြစ်နေ၏။

 

” ငါ… ငါ… ငါ… ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ?…”

 

ချန်နော့၏ စိတ်အခြေအနေမှာ ရုတ်တရက် အလွန်ကောင်းမွန်သွားပြီး ပြုံးကာ သွားစွယ်လေးများကို ဖော်ပြ၍ ပြောလိုက်သည်။

 

” အင်းးးး… မင်း ခန့်မှန်းကြည့်လေ?…”

 

လျိုကွမ်က သံသယဖြင့် မျက်လုံးကြီးများ ပြူးကာ ကြည့်လာသည်။ ထို့နောက် မီးလောင်ခံရသကဲ့သို့ ကုတင်ပေါ်မှ ခုန်ဆင်းကာ သူ၏ မြက်ဖိနပ်ကို စီးပြီး ပြေးထွက်သွားတော့၏။

 

ချန်နော့မှာ အူတက်မတတ် ရယ်မောလိုက်မိသည်။ ဤမိန်းကလေး မရှိသော ကမ္ဘာဆိုးကြီးတွင် သူကိုယ်တိုင် ပျော်ရွှင်မှု အနည်းငယ် ရှာဖွေရပေမည်။

 

လျိုကွမ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရန် သူ ဆုံးဖြတ်လိုက်၏။ ဤကလေးက ‘ဇနီး’ ဟု ခေါ်ဆိုနေခြင်းမှာလည်း အခြားသူများထံမှ သင်ယူထားခြင်း ဖြစ်ဖို့များသဖြင့် သူက လျိုကွမ်ကို တဖြည်းဖြည်း လက်ခံလာစေရန်နှင့် လျိုကွမ်နှင့် သူမှာ တူညီကြောင်းကို နားလည်လာစေရန် လုပ်ဆောင်ရပေမည်။

 

အင်္ဂါနှစ်ခုဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ အင်း… သူ မမြင်ဖူးသဖြင့် ထိုအရာများ အမှန်တကယ် တည်ရှိမရှိ မသိပေ။

 

ချန်နော့က အကြောဆန့်ကာ အပြင်သို့ ထွက်လာပြီး ဆားရည်ဖြင့် ပလုတ်ကျင်းကာ မျက်နှာသစ်လိုက်၏။ လျိုကွမ်ထံတွင် မျက်နှာသုတ်ပဝါ မရှိသောကြောင့် သူ၏ ချည်သားတီရှပ်မှ ပိုနေသော အောက်ခြေအဝိုင်းကို ဖြတ်ထုတ်ကာ မျက်နှာသုတ်ပဝါအဖြစ် ယာယီအသုံးပြုလိုက်သည်။

 

သွားတိုက်တံနှင့် သွားတိုက်ဆေးလည်း မရှိသဖြင့် နောင်တွင် အစားထိုး အသုံးပြုရန် တစ်ခုခုကို ရှာဖွေရမည်ဖြစ်ပြီး အခြားသော အခြေခံ လူသုံးကုန်ပစ္စည်းများနှင့် အခြေခံ အစားအစာများကိုလည်း ဖြေရှင်းရန် နည်းလမ်းရှာရပေမည်။

 

လျိုကွမ်က မီးမွှေး၍ ထမင်းချက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ သူက ထိုထင်းများကို အမြန်လှမ်းယူလိုက်ပြီး လျိုကွမ်ကို သွားရောက်ဆေးကြောရန် တိုက်တွန်းလိုက်၏။

 

လျိုကွမ်မျက်နှာပေါ်ရှိ နီရဲနေမှုများမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး သူက စိတ်မရှည်စွာဖြင့် ပြောလာသည်။

 

” လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရေချိုးထားတာ မဟုတ်ဘူးလား? တကယ့် ပြဿနာပဲ…”

 

ချန်နော့၏ နဖူးပေါ်ရှိ သွေးကြောများ လှုပ်ရှားသွား၏။ ဤနေရာတွင် ပိုင်ရွေ့မှလွဲ၍ သန့်ရှင်းရေးကို ဂရုစိုက်သူ အနည်းငယ်မျှသာ ရှိမည်ဟု သူ ခန့်မှန်းရသဖြင့် မျက်နှာသစ်ခြင်းနှင့် သွားတိုက်ခြင်း၏ အရေးပါမှုကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ သူသည် ပိုင်ရွေ့၏ ဇာစ်မြစ်ကို အတော်လေး သိချင်နေပြီး ပိုင်ရွေ့သည် မည်သို့ကြည့်ကြည့် ဤဆင်းရဲသားရပ်ကွက်မှ ဒေသခံနှင့် မတူကြောင်း တွေးမိ၏။

 

လျိုကွမ်က မကျေမနပ်ဖြင့် သွားရောက်ကာ ရေအနည်းငယ်ဆွတ်၍ မျက်လုံးများကို ဖြစ်သလို ပွတ်သပ်လိုက်သည်။ ချန်နော့လည်း လျှောက်သွားကာ ခုနကချည်စကို ရေဆွတ်ပြီး လျိုကွမ်၏ ပခုံးကို ဖိထားလျက် သူ၏ မျက်နှာကို အသေအချာ ပြန်သုတ်ပေးလိုက်သည်။ လျိုကွမ်၏ လက်ကိုလည်း ဆွဲကာ ရေဇလုံထဲတွင် ဆေးကြောပေးရင်း ပြုံးကာ ပြောလိုက်၏။

 

” ဒါမှ သန့်ရှင်းသွားတာပေါ့…”

 

သူ၏ လက်အင်အားမှာ အနေတော်ဖြစ်ပြီး အလွန်သက်သောင့်သက်သာ ရှိသဖြင့် လျိုကွမ်လည်း ပြန်လည်မခုခံတော့ချေ။

 

လျိုကွမ်က မိမိထက် အနည်းငယ် ပိုကြီးကာ လှပပြီး သန့်ရှင်းသော လက်တစ်စုံက သူ၏ လက်များကို ဆုပ်ကိုင်ထားသည်ကို ငေးကြည့်နေမိသည်။ထို့နောက် ခေါင်းမော့ကြည့်လိုက်ရာ အလွန်ဖြူဖွေးသော သွားနှစ်တန်းကို မြင်တွေ့လိုက်ရ၏။

 

ချန်နော့ ပြုံးလိုက်သောအခါ မျက်နှာအမူအရာမှာ အလွန်အသက်ဝင်နေပြီး မျက်လုံးများမှာလည်း အလွန်တောက်ပနေသဖြင့် လျိုကွမ်၏ မျက်နှာမှာ အလိုအလျောက် တဖြည်းဖြည်း နီရဲလာခဲ့သည်။

 

အနာဂတ်ဇနီးလေးက တစ်ခါတစ်ရံ စိတ်ရှုပ်စရာ ကောင်းပေမယ့် တော်တော်လေးတော့ ကောင်းသားပဲ…

 

နောက်ရက်အနည်းငယ်တွင် ချန်နော့မှာ ဤနေရာရှိ ဘဝနှင့် အသားကျရန် ကြိုးစားခဲ့ပြီး ရိုးရှင်းသော အစားအစာများ ချက်ပြုတ်ရန်၊ စား၍ရသော ဟင်းသီးဟင်းရွက်များကို ခွဲခြားရန် စသည်တို့ကို သင်ယူခဲ့၏။

 

အနီးအနားရှိ အမှိုက်ပုံကြီးမှာ ဤမြေကို ပိုင်ဆိုင်သော မြို့က နေရာလွတ်ကူးပြောင်းခြင်း ပညာရပ်ဖြင့် ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်းကို တဖြည်းဖြည်း သိရှိလာခဲ့သည်။

 

သူ မျက်လုံးပြူးသွားခဲ့၏။

 

ဒီကမ္ဘာရဲ့အခြေအနေ သတ်မှတ်ချက်တွေက ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတာလဲ!

 

ဤနေရာရှိ ဒေသခံ အများအပြားမှာ ထိုအမှိုက်ပုံများပေါ်မှ နေ့စဉ်သုံးပစ္စည်းများ၊ အဝတ်အစားဟောင်းများ၊ စားကြွင်းစားကျန်များ စသည်တို့ကို ကောက်ယူကြသည်။ လျိုကွမ်က မျက်လုံးမှေးကာ ထိုအမှိုက်များကို ညွှန်ပြလျက် မုန်းတီးစွာဖြင့် ပြော၏။

 

” အရင်တုန်းက ဒီနေရာက ဒီလိုမဟုတ်ဘူးလို့ သက်ကြီးရွယ်အိုတွေ ပြောတာ ငါ ကြားဖူးတယ်… မြေကြီးကလည်း ဝိညာဉ်စွမ်းအင် မရှိတာ မဟုတ်ဘူးတဲ့… တစ်နေ့ကျရင် အဲ့ဒီမြို့စားတွေ အကုန်လုံးကို ငါ သတ်ပစ်မယ်!…”

 

ချန်နော့မှာ သူ၏ လေသံထဲရှိ မုန်းတီးမှုကြောင့် အနည်းငယ် လန့်သွားခဲ့သည်။ ဤနေရာရှိ လူမှုရေးစနစ်မှာ ကျေးကျွန်စနစ်နှင့် အနည်းငယ် ဆင်တူပြီး မြို့စားများနှင့် မှူးမတ်မျိုးနွယ်များက အုပ်ချုပ်သူများအဖြစ် အကြွင်းမဲ့ အာဏာရှိကြ၏။

 

မတရားသော်လည်း လျိုကွမ်တွင် ဤကဲ့သို့ အန္တရာယ်များသော အတွေးမျိုး ရှိနေမည်ကို သူ မလိုလားပေ။ တရုတ်သမိုင်းတွင် အစွန်းရောက်သော သူများစွာမှာ အောင်မြင်မှုမရလျှင် အသက်ပေးခဲ့ကြရသဖြင့် သူက လျိုကွမ်ကို ပုံမှန်ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ နေထိုင်သည်ကိုသာ မြင်ချင်သည်။

 

ဤရက်အနည်းငယ် အတူနေထိုင်မှုအတွင်း လျိုကွမ်က သူ့အား နေရာတိုင်းတွင် ဂရုစိုက်ပေးခဲ့သဖြင့် သူလည်း မသိမသာပင် လျိုကွမ်ကို ညီလေးတစ်ယောက်ကဲ့သို့ သတ်မှတ်လာခဲ့၏။

 

သို့သော် သူ သဘောပေါက်သည့်အချက်တစ်ခုမှာ ဤကမ္ဘာမှ လူများ၏ အသိအမြင်များမှာ မှားယွင်းနေသော်လည်း သူ၏ အသိအမြင်မှာလည်း ဤကမ္ဘာတွင် သင့်လျော်မည်မဟုတ်သဖြင့် ဤကမ္ဘာ၏ စည်းမျဉ်းများကို လက်ခံရန် သူ သင်ယူရပေမည်။

 

လျိုကွမ်ထံသို့ မကြာခဏ လာလေ့ရှိသော ကလေးများကို ချန်နော့ အကြမ်းဖျင်း မှတ်မိနေပြီ ဖြစ်သည်။ ၎င်းတို့အနက် ‘ချောင်ထိုး’ အမည်ရှိ ကောင်လေးတစ်ယောက်မှာ စာမတတ်သော်လည်း စာအုပ်များကို အလွန်နှစ်သက်ပြီး အမှိုက်ပုံထဲမှ ရှာတွေ့ထားသော စာအုပ်ဟောင်း ဆယ်အုပ်ခန့်ကို အိမ်တွင် သိမ်းဆည်းထား၏။

 

ဤကမ္ဘာရှိ သာမန်ပြည်သူများမှာ စာမတတ်ကြဘဲ ဆင်းရဲသားများမှာ မြို့စား သို့မဟုတ် ဒေသခံ မှူးမတ်များ ဖွင့်လှစ်ထားသော အဖွဲ့အစည်းများသို့ ဝင်ရောက်မှသာ စာသင်ရန် အခွင့်အရေး ရရှိကြသည်။

 

ချန်နော့မှာ အလွန်ဝမ်းသာသွားပြီး ထိုကလေးထံမှ စာအုပ်အနည်းငယ် ငှားရမ်းကာ ဖွင့်ကြည့်လိုက်သောအခါ ပို၍ပင် ဝမ်းသာသွားခဲ့၏။ စာအုပ်ထဲရှိ စာလုံးများမှာ သိသာစွာပင် စုတ်တံဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ချန်နော့က မူလတန်းနှင့် အလယ်တန်းတွင် အဘိုးဖြစ်သူထံမှ စုတ်တံစာရေးနည်း သင်ယူခဲ့ဖူးပြီး အထက်တန်းရောက်ပြီးနောက် မလေ့ကျင့်တော့သော်လည်း ဤရိုးရာတရုတ်စာလုံးများနှင့် မစိမ်းလှချေ။

 

ထိုအချိန်တွင် ချန်နော့က သစ်သားချောင်းအချို့ကို ရှာကာ မြေကြီးပေါ်တွင် ခြစ်၍ လျိုကွမ်အား အလွယ်ကူဆုံး စာလုံးအချို့ကို သင်ကြားပေးခဲ့သည်။ လျိုကွမ်မှာ ကလေးတစ်ယောက်နှင့် မတူအောင် အစွမ်းထက်ကြောင်း မငြင်းနိုင်သော်လည်း ခွန်အားသာရှိပြီး ဦးနှောက်မရှိလျှင် မဖြစ်သလို စာအုပ်များများ ဖတ်ခြင်းက အမြဲတမ်း ကောင်းမွန်ပေသည်။

 

ချောင်ထိုး၊ ချန်ချွန်းစသည့် ကလေးများလည်း တိုးဝှေ့လာကြသဖြင့် လျိုကွမ်က သူတို့ကို စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်၏။

 

” ဘာတွေ ဆူညံနေတာလဲ? ငါ့ဇနီး… ချန်နော့က ငါ့ကို သင်ပေးနေတာလေ… မင်းတို့က ဘာလာရှုပ်တာလဲ?…”

 

ချန်နော့မှာ မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး သစ်သားပြားတစ်ချပ်ကို ရှာကာ မီးသွေးခဲကို မြေဖြူအဖြစ် အသုံးပြုလိုက်ပြီး သူတို့ကိုလည်း ထိုင်ခုံအဖြစ် အသုံးပြုရန် ကျောက်တုံးတစ်တုံးစီ သယ်ခိုင်းလိုက်၏။

 

ဖုန်တက်နေသော ထိုမျက်နှာမည်းမည်းလေးများကို ကြည့်ကာ ချန်နော့သည် လေထဲတွင် မျက်ရည်ကျချင်စိတ်ပင် ဖြစ်ပေါ်လာခဲ့သည်။

 

ကံကြမ္မာက ငါ့ကို ဒီနေရာ ရောက်လာစေတာက အခြေခံပညာရေး ဖြန့်ဖြူးဖို့ ကျေးလက်ဆရာ လုပ်ခိုင်းတာများလား…

 

လျိုကွမ်၏ အရပ်မှာ ဤကလေးအုပ်စုထဲတွင် အပုဆုံးဖြစ်ပြီး သူက အလယ်တည့်တည့်တွင် ထိုင်နေသည်။ သန့်ရှင်းချောမောသော သူ့မျက်နှာလေးမှာ အလွန်ထင်ရှားနေသဖြင့် ချန်နော့မှာ ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

 

တရုတ်အက္ခရာ (Pinyin) ကိုတော့ သေချာပေါက် သင်ပေး၍မရချေ။ အကယ်၍ တစ်ယောက်ယောက် တွေ့သွားလျှင် မည်သို့ ရှင်းပြမည်နည်း?

 

ချန်နော့က အလွယ်ကူဆုံး တစ်၊ နှစ်၊ သုံး၊ လေး စသည်တို့မှ စတင်သင်ကြားပေးခဲ့သည်။ ထို့နောက် ဤကလေးများ၏ အမည်များကို သင်ပေးခဲ့သည်။ သူက လျိုကွမ်၏ အမည်ကို တမင်သက်သက် အကြီးကြီး ရေးပြကာ ပြုံး၍ ပြောလိုက်၏။

 

” ကွမ် (光) ဆိုတာ စကားလုံးကောင်းလေးပဲ… အလင်းရောင်လို့ အဓိပ္ပာယ်ရတယ်…”

 

သူက နေကို လက်ညှိုးထိုးပြလိုက်သည်။

 

လျိုကွမ်က ချန်နော့ကို တွေဝေစွာ ကြည့်နေမိ၏။ အနာဂတ်ဇနီးလေး ပြုံးလိုက်သောအခါ မျက်နှာပေါ်တွင် အလင်းရောင်များ ထွက်ပေါ်လာသကဲ့သို့ ရှိနေသဖြင့် ဤစကားလုံးမှာ အမှန်တကယ်ပင် စကားလုံးကောင်းလေး ဖြစ်သည်။

 

ချန်နော့က သူ၏ အမည်ကို သစ်သားပြားပေါ်တွင် ထပ်ရေးပြကာ ပြောလိုက်၏။

 

” ဒါက ချန် (程)… ဒါက နော့ (諾)… ကတိသစ္စာ တည်ကြည်တယ်ဆိုတဲ့ နော့ ပေါ့…”

 

ဤစာလုံးနှစ်လုံးမှာ အနည်းငယ် ရှုပ်ထွေးသော်လည်း လျိုကွမ်က သေချာကြည့်ပြီးနောက် မည်သို့ရေးရမည်ကို ချက်ချင်း မှတ်မိသွားခဲ့သည်။

 

ချန်နော့က လက်ခုပ်တီးကာ ပြီးဆုံးကြောင်း အချက်ပြလိုက်သည်။ ပထမဆုံးနေ့တွင် သင်ကြားသည့် အရာများမှာ အလွန်အကျွံ မဖြစ်သင့်ဘဲ ပြန်သွားလျှင် အမြဲတမ်း လေ့ကျင့်ရပေမည်။

 

သို့သော် အချိန်စောသေးသောကြောင့် ချန်နော့က ဤကလေးများကို ၎င်းတို့၏ ရည်မှန်းချက်မှာ ဘာလဲဟု အလွတ်သဘော မေးလိုက်၏။ သူတို့လည်း ရည်မှန်းချက်ဆိုသည်မှာ ဘာဆိုတာကို မသိသောကြောင့် ချန်နော့မှာ နောက်ထပ်တစ်ကြိမ် ရှင်းပြရပြန်သည်။ ဆိုလိုသည်မှာ နောင်တွင် ဘာလုပ်ချင်သလဲ သို့မဟုတ် ဘယ်လိုမျိုးလူ ဖြစ်ချင်သလဲ ဆိုသည်ကို ဖြစ်၏။

 

အစွန်ဆုံးမှ ချောင်ထိုးက အသံတိုးတိုးလေးဖြင့် ပြောလာသည်။

 

” ကျွန်တော် စာရေးဆရာတစ်ယောက် ဖြစ်ချင်တယ်…”

 

ချန်နော့က အမြန်အားပေးလိုက်၏။

 

မဆိုးဘူး မဆိုးဘူး… သတင်းအချက်အလက်တွေ ပိတ်ဆို့နေတဲ့ ဆင်းရဲသားရပ်ကွက်က ကလေးတစ်ယောက်အတွက် ဒါက အတော်လေး မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တစ်ခု ဖြစ်နေပြီပဲ…

 

သို့သော် ချောင်ထိုး၏ နောက်ထပ်စကားတစ်ခွန်းက သူ့အား ဆွံ့အသွားစေခဲ့၏။

 

” စာအုပ်တွေရောင်းပြီး ပိုက်ဆံအများကြီး ရှာမယ်… ပြီးတော့ လှပတဲ့ အမတစ်ကောင်ကို လက်ထပ်မယ်…”

 

” …”

 

နောက်တစ်ယောက်မှာ ချန်ချွန်း ဖြစ်သည်။ သူက ရှုပ်ပွနေသော ဆံပင်များကို ကုတ်ကာ ပြောလာ၏။

 

” ကျွန်တော်က သူခိုး ဖြစ်ချင်တယ်… ပြီးတော့ လှပတဲ့ အမတစ်ကောင်ကို လုယူမယ်…”

 

” …”

 

ထို့နောက် အရှေ့သို့ထွက်နေသော သွားများရှိသည့် မင်ရှန်း အမည်ရှိ ကောင်လေးတစ်ယောက်က သွားဖြီးကာ ပြုံးလျက် ပြောလာ၏။

 

” ကျွန်တော်က ကုန်သည်ကြီးတစ်ယောက် ဖြစ်ချင်တယ်… ပြီးတော့ လှပတဲ့ အမတစ်အုပ်ကို မွေးထားမယ်…”

 

” …”

 

ချန်နော့မှာ ရူးတော့မည်ပင်။

 

ဒီနေရာက ဘာတွေ ဖြစ်နေတာလဲ? ဘာလို့ စကားပြောတိုင်း အမဆိုတဲ့ စကားလုံးက ပါနေရတာလဲ?! လခွမ်း… ဒီက ကလေးတွေက ငယ်ငယ်ကတည်းက ဘယ်လိုပညာရေးမျိုးကို သင်ယူခဲ့ကြတာလဲ?! ယောက်ျားတစ်ယောက်ကို ဇနီးအဖြစ် ယူဖို့က အဲ့ဒီလောက်တောင် အရေးကြီးနေတာလား?

 

လျိုကွမ်၏ အလှည့်သို့ ရောက်သောအခါ လျိုကွမ်က အတန်ကြာမှ ပြောလိုက်၏။

 

” ငါက အတော်ဆုံး သူခိုးခေါင်းဆောင် ဖြစ်ရမယ်…”

 

အမကို လုစရာ မလိုတော့ဘူး… သူ့ရဲ့ဇနီးလေးကို ကောက်ရထားပြီးပြီပဲ…

 

လျိုကွမ်က ချန်နော့ကို တစ်ချက်ကြည့်လိုက်သည်။

 

 

 

Chapter 6 ended

 

တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့

တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့

绝不嫁有两个丁丁的男人
Status: Ongoing Type: Author: Released: 2017 Native Language: Chinese
Intro   《 တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့ 》   အညွှန်း -   စာတစ်ကြောင်းတည်းနှင့် အညွှန်း -   ဤသည်ကား သဘောကောင်းလွန်းသည့် လူအတစ်ယောက်ခမျာ ယောကျာ်းလေးများသာရှိသော စံနှုန်းလွဲချော်နေသည့် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားခဲ့ပြီးနောက် ၎င်းကိုယ်တိုင် အကြောင်းပြချက်မရှိဘဲ အမတစ်​ယောက်အဖြစ်သို့ ပြောင်းလဲသွားကာ အခြားသူ၏ ဇနီးသည် ဖြစ်သွားရသည့် အဖြစ်ဆိုးဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။   ချန်နော့က ဆိုသည်။ " ဘာကိစ္စ ငါ့ကို အမလို့ ပြောရတာလဲ..."   ဇာတ်လမ်းနတ်ဘုရားမှာကား ပြုံးသာနေပြီး မည်သည့်စကားမျှ ဝင်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် တင်တင်တစ်ခုသာ ရှိနေပြီး ဤကမ္ဘာရှိ အထီးများတွင်ကား နှစ်ခုစီ ရှိနေသောကြောင့် ဖြစ်သည်။   ချန်နော့က ဆဲဆိုလိုက်သည်။ " လခွမ်း! အဲ့ဒါကြီးက ဂြိုဟ်သားကြီးတွေ မဟုတ်ဘူးလား... ယီးပဲ၊ ငါ့ကို ဖာ့ခ်ချင်ရင် အရင်ဆုံး တစ်ခုကို ကိုယ့်ဘာသာကိုယ် ဖြတ်လာခဲ့!..."   ====   [ ဤဝတ္ထုသည် ဦးနှောက်မစားရသည့် အချစ်ဒရာမာ ၃ပွင့်ဆိုင် ဇာတ်လမ်းမျိုးဖြစ်ပြီး Happy Ending ဖြင့် ဇာတ်သိမ်းပါမည်။ ]   【 ဤဝတ္ထု၏ အခြားအမည်များ 】 《 ယောက်ျားစစ်စစ်တစ်ယောက် ယောကျာ်းလေးများသာရှိသော ကမ္ဘာဆီ ကူးပြောင်းသွားသောအခါ 》 《 တင်တင်က မင်း Bottom ဖြစ်မဖြစ်ကို ဆုံးဖြတ်ပေးလိမ့်မယ် 》 《 နှာဘူးများ ပေါလွန်းသဖြင့် ငါကိုယ်တိုင် ထကြွပုန်ကန်ရမယ် 》 《 ဒီသောက်ကျိုးနည်း ကူးပြောင်းခြင်းမှာ ငါကလည်း Top ပဲ! 》   စရိုက်သတ်မှတ်ချက်မသေချာသော Top X တက်ကြွလန်းဆန်းနေသော လူအ Bottom     === 'တင်တင်' ဆိုတာက လော်ကို တင်စားတဲ့ တရုတ်အင်တာနက်ဗန်းစကားပါ။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset