Chapter 5
ဤကလေး၏ စကားများက အချိန်အများစုတွင် ကြက်သီးထလောက်အောင် ဖြစ်စေသော်လည်း လျိုကွမ်၏ ဒေါသထွက်နေသော ပုံစံကို ကြည့်ကာ ချန်နော့မှာ ယခုအချိန်တွင် တိတ်တဆိတ်သာ သည်းခံရန် ပညာရှိစွာ ရွေးချယ်လိုက်၏။
ဤမျှ အလုပ်ရှုပ်ပြီးနောက် အိမ်အပြန်လမ်းတွင် ချန်နော့မှာ ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေပြီ ဖြစ်သည်။
လျိုကွမ်က ခြံဝင်းအတွင်းရှိ မီးဖိုပေါ်တွင် ကျွမ်းကျင်စွာ မီးမွှေးလိုက်ပြီး အသားတုံးကြီး အနည်းငယ်ကို ဟောင်းနွမ်းနေသော ဒယ်အိုးအကြီးကြီးထဲသို့ ပစ်ထည့်ကာ ရေနှင့် ဆားအနည်းငယ် ထည့်လိုက်၏။ မီးရောင်မှာ တောက်ပနေသည်။ လျိုကွမ်က မီးဖိုထဲသို့ ထင်းများ မကြာခဏ ထည့်ပေးနေကာ မကြာမီမှာပင် အသားဟင်း၏ မွှေးပျံ့သော အနံ့များ လေထဲတွင် ပျံ့လွင့်လာခဲ့သည်။
ချန်နော့က မီးမွှေးသည့် အဆင့်ဆင့်ကို သေချာမှတ်သားထားလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဘာမှနားမလည်သော ကျောက်ခေတ်လူသားတစ်ယောက် ဖြစ်သွားရသဖြင့် သူ အမှန်တကယ်ပင် ငိုချင်စိတ်ပေါက်လာခဲ့သည်။
ထိုအနံ့ကြောင့် မကြာမီမှာပင် ဖုန်တက်နေသော မျက်နှာနှင့် အရိုးပေါ်အရေတင် ပိန်လှီနေသည့် ၁၁နှစ်၊ ၁၂နှစ်အရွယ် ကလေးအနည်းငယ် ရောက်ရှိလာကြသည်။သူတို့က အဝေးမှနေ၍ တံတွေးမျိုချကာ ရပ်နေကြသော်လည်း အနီးသို့ မကပ်ရဲကြချေ။ လျိုကွမ်က ၎င်းတို့ကို မျက်စောင်းထိုးလိုက်၏။ သူက အနာဂတ်ဇနီးလေးနှင့် နှစ်ယောက်တည်း ထမင်းစားချင်နေသည်လေ။
ဘေးရှိ ချန်နော့ကို စိတ်မရှည်စွာ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
” ဒါ ချန်နော့… ငါ့လူပဲ… သူ့ကို ထိရင် ထိတဲ့လူရဲ့ခြေထောက်ကို ငါရိုက်ချိုးပစ်မယ်… ချန်ချွန်း… ကျန်တာတွေကို မင်းတို့ ယူသွားပြီး ခွဲစားလိုက်ကြ…”
ချန်နော့၏ နှုတ်ခမ်းများ အဆက်မပြတ် တွန့်ကွေးသွားခဲ့၏။ အရပ်ပုသော လျိုကွမ်မှာ ဤကလေးအုပ်စုထက် ခေါင်းတစ်ဝက်ခန့် ပိုပုသော်လည်း အလွန်မောက်မာနေသည်။ ယခု အပြုအမူနှင့် မျက်နှာအမူအရာမှာ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ၏ တပည့်များကို အဖွဲ့ဝင်အသစ်နဲ့ မိတ်ဆက်ပေးနေသည်နှင့် အလွန်တူနေသည်။ ‘ချန်ချွန်း’ ဆိုသော လူကို သူ မှတ်မိ၏။ ယခင်က လျိုကွမ်အား အသားပြုတ်ရည် တစ်ပန်းကန် ခွဲပေးရန် ပြောခဲ့သော ကလေးပင် ဖြစ်သည်။
ချန်ချွန်းက ချန်နော့၏ မျက်နှာကို သေချာမှတ်သားလိုက်သည်။ ထို့နောက် ဖြူဖွေးသော သွားတန်းများ ပေါ်အောင် ပြုံးပြကာ ထိုကလေးများနှင့်အတူ ကျန်ရှိနေသော အသားစိမ်းများကို လက်ဖြင့်ဆွဲ၍ လျင်မြန်စွာ ပြေးထွက်သွား၏။
နောက်ဆုံးတွင် အသားများ ကျက်သွားသည်။ လျိုကွမ်က အပူကိုပင် မကြောက်ဘဲ ခြေထောက်သားတစ်တုံးကို ဆွဲယူကာ ချန်နော့၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။ ချန်နော့မှာ ပူလွန်းသဖြင့် အလောတကြီးဖြင့် ပန်းကန်ထဲသို့ အမြန်ပစ်ချလိုက်ရပြီး လျိုကွမ်ကိုယ်တိုင်လည်း ခြေထောက်တစ်ချောင်း ယူကာ ကိုက်စားနေတော့၏။
ချီကောင်၏ အသားအရသာမှာ အမဲသားနှင့် အနည်းငယ် ဆင်တူပြီး အသားမျှင်များမှာ ကြမ်းတမ်းကာ အလွန်အကြောများလှသည်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဆားသာ ပါဝင်သော်လည်း ချန်နော့မှာ အလွန်အရသာရှိစွာ စားသောက်နေပြီး စားသောက်ပုံမှာလည်း မသိမသာပင် လျို
ကွမ်နှင့် တူလာခဲ့သည်။ နှစ်ယောက်သား ခြံဝင်းအတွင်းတွင် ထိုင်ကာ လက်နှင့် ပါးစပ်များ၌ ဆီများပေကျံနေအောင် စားသောက်နေကြသည်။ ဒယ်အိုးထဲရှိ အသားများမှာ မကြာမီမှာပင် တစ်ဝက်ခန့် ကုန်သွားခဲ့၏။
ချန်နော့က ပြည့်အင့်နေသော ဗိုက်ကို ပွတ်သပ်လိုက်သည်။ သူက ခြေထောက်တစ်ချောင်းနှင့် အသားတုံး အနည်းငယ်မျှ စားလိုက်ရုံဖြင့် အတော်လေး ဗိုက်ပြည့်သွားသော်လည်း လျိုကွမ်မှာ အရပ်ပုသော်လည်း သူ့ထက် ပိုစားနိုင်သည်။လျိုကွမ်း အသား သုံးပိဿာနီးပါးခန့် စားလိုက်မည်ဟု ခန့်မှန်းရသည်။ သို့သော် ယခုမှာ အရွယ်မရောက်သေးသော ခန္ဓာကိုယ်ဖြစ်သဖြင့် အသားချည်းသာ စားနေခြင်းမှာ သိသာစွာပင် ကျန်းမာရေးနှင့် မညီညွတ်သလို အစာကြေရန်လည်း ခက်ခဲပေမည်။
ချန်နော့က လမ်းတွင် လယ်ကွင်းများ တွေ့ခဲ့သည်ကို သတိရသွားသဖြင့် လျိုကွမ်ကို မေးလိုက်၏။
” မင်းမှာ စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေ ရှိလား…”
” မရှိဘူး…”
လျိုကွမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
” ဒီမှာ စိုက်ပျိုးရေးလုပ်လည်း သိပ်အထွက်မတိုးဘူး… သားရဲနည်းနည်းလောက် သတ်ပြီး မြို့ထဲသွားလဲတာက ပိုကောင်းတယ်…”
သို့သော် လျိုကွမ်၏ ပြောပြချက်အရ အနီးဆုံးမြို့မှာ မိုင်တစ်ရာခန့် ဝေးကွာပြီး ပစ္စည်းများကို ထိုနေရာသို့ ယူသွား၍ ရောင်းချနိုင်သလို ဖြတ်သန်းသွားလာသော ကုန်သွယ်ရေးယာဉ်တန်းများနှင့်လည်း လဲလှယ်နိုင်သည်။ ထိုနေရာတွင် ကုန်သွယ်ရေးလမ်းကြောင်း ရှိသော်လည်း ဓားပြများလည်း ပေါများလှ၏။
ချန်နော့တစ်ယောက် သက်ပြင်းချလိုက်သည်။
လယ်ကွင်းဘေးတွင် အရိုင်းပေါက်နေသော ဟင်းသီးဟင်းရွက် အများအပြား ရှိနေသဖြင့် မည်သည့်အရာများက စား၍ရပြီး မည်သည့်အရာများက စား၍မရကြောင်း သူ လေ့လာရပေမည်။
လျိုကွမ်၏ မြက်မိုးတဲဘေးတွင် ပစ္စည်းများထားသော တဲငယ်လေးတစ်ခု ရှိသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် အထဲတွင် ဘာမျှမရှိကြောင်း သိနိုင်၏။ ဤကလေး လျိုကွမ် မည်ကဲ့သို့ ကြီးပြင်းလာခဲ့သလဲဆိုသည်ကို သူ မသိပေ။ သိသိသာသာ “ကိုယ်တစ်ယောက်တည်း ဗိုက်ဝရင် မိသားစုတစ်ခုလုံး ဗိုက်မဆာဘူး” ဆိုသည့် ပုံစံမျိုးပင်။
လျိုကွမ်က အသားနှစ်တုံးကို ပန်းကန်ထဲသို့ ထည့်လိုက်ပြီး ချန်နော့ကို တစ်ချက်ကြည့်ကာ ပြောသည်။
” ကောမိသားစုကို သွားပေးမလို့…”
” ငါလည်း လိုက်မယ်…”
ချန်နော့လည်း အမြန်ထရပ်လိုက်သည်။ ထိုဆေးမှာ အမှန်တကယ်ပင် အစွမ်းထက်သည်။ လိမ်းပြီးနောက် ခြေထောက်ပေါ်ရှိ ညိုမည်းနေသော ဒဏ်ရာများ အနည်းငယ် သက်သာသွားကာ လှုပ်ရှားရသည်မှာလည်း သိပ်မနာတော့ချေ။
ကျွမ်းကျင်သူများက လူအများကြားတွင် ရှိနေတတ်သည်ဟူသော စကားမှာ အမှန်တကယ်ပင် အဓိပ္ပာယ်ရှိပေသည်။
လျိုကွမ်က ချန်နော့ ဤနေရာတွင် မည်သို့ အသက်ရှင်နေထိုင်ရမည်ကို လေ့လာနေကြောင်း မြင်သောအခါ စိတ်ထဲတွင် သေချာပေါက် ဝမ်းသာနေမိသည်။
လမ်းတစ်လျှောက်တွင် အနီးအနားရှိ မြက်မိုးတဲများမှာ မည်သူ့အိမ်ဖြစ်ကြောင်းနှင့် ထိုလူများ၏ စရိုက်လက္ခဏာများကို ချန်နော့အား ပြောပြနေခဲ့၏။ သို့သော် ထိုဟောင်းနွမ်းနေသော အိမ်များ၊ လူများ၏ မျက်နှာအမူအရာများနှင့် အဝတ်အစားများမှာ အလွန်တူညီနေသဖြင့် ချန်နော့မှာ လူအနည်းငယ်ကိုသာ အနိုင်နိုင် မှတ်မိလိုက်ရသည်။သူသည် ဤနေရာတွင် မျက်နှာမူရာလမ်းကြောင်းကိုပင် မခွဲခြားနိုင်သေးချေ။
ကောမိသားစုသို့ ရောက်သောအခါ ခြံဝင်းအတွင်းရှိ အမျိုးသားနှစ်ဦးက ဆေးဖက်ဝင်အပင်များကို နေလှန်းနေကြသည်။ တစ်ဦးမှာ ယခင်က လျိုကွမ်ကို ဒဏ်ရာကြိတ်ဆေး ပေးခဲ့သော အဘိုးအိုဖြစ်ပြီး အခြားတစ်ဦးမှာ အသက်အနည်းငယ် ပိုငယ်ပုံရ၏။ ထိုသူနှစ်ဦး၏ အပြုအမူများမှာ အလွန်ရင်းနှီးနေပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မကြာခဏ ပြုံးနေကြသည်။
ချန်နော့မှာ အနည်းငယ် ထူးဆန်းနေသော်လည်း အများကြီး မတွေးတော့ချေ။ လျိုကွမ်မှာမူ တံခါးကိုတွန်းဖွင့်ကာ လူပါးဝစွာ ဝင်သွားနှင့်ပြီ ဖြစ်သည်။
လျိုကွမ်က လက်ထဲရှိ ပန်းကန်ကို မြှောက်ပြကာ အော်ဟစ်လိုက်၏။
” ကောအိမ်ထောင်ဦးစီး… ဒါ ခင်ဗျားတို့အတွက်… ဒီနေ့မွန်းလွဲပိုင်းက သတ်လာတဲ့ ချီကောင်အသား…”
အသက်အနည်းငယ် ပိုငယ်သောသူက ပြုံးကာ ပြောလိုက်သည်။
” ဇနီးလေး… မီးဖိုချောင်ထဲက ခုနကမှ ပေါင်းထားတဲ့ မန်ထိုအသစ်လေးတွေ ဒီကောင်လေးကို နည်းနည်းလောက် ပေးလိုက်ပါဦး…”
ယခင်က အဘိုးအိုက ပြုံးလျက် လျှောက်လာပြီး လျိုကွမ်၏ ပန်းကန်ကို လှမ်းယူလိုက်၏။ ယခင်က ခြံစည်းရိုးခြားနေသဖြင့် ချန်နော့၏ မျက်နှာကို သေချာမမြင်ခဲ့ရသောကြောင့် ယခု အနည်းငယ် ထူးဆန်းစွာဖြင့် မေးလိုက်သည်။
” ဒါက…”
လျိုကွမ်က စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
” ကောက်ရလာတာ… နာမည်က ချန်နော့… အဘိုးကြီး ခင်ဗျားက အသက်ကြီးလာလေလေ ပိုပြီး စကားများလာလေလေပဲ…”
ချန်နော့မှာ လျိုကွမ်၏ သက်ကြီးရွယ်အိုများကိုပြောသော မလေးစားသော စကားများကို ဂရုစိုက်ရန် အချိန်မရှိချေ။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင်က အခေါ်အဝေါ်တစ်ခုကြောင့် သူ လုံးဝ အံ့သြမှင်တက်နေသောကြောင့် ဖြစ်၏။ ထိုအဘိုးအိုက အခြားအဘိုးအိုတစ်ဦးအား ဇနီးလေးဟု ခေါ်ဆိုနေသည်ကို အလေ့အကျင့် ဖြစ်နေပုံရသည်။
သူ နားကြားမမှားကြောင်း သေချာစေရန် သေချာစွာ ထပ်မံကြည့်ရှုလိုက်ရာ လူနှစ်ဦးစလုံးမှာ အစစ်အမှန် အမျိုးသားများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၏။
ချန်နော့သည် နှုတ်ခမ်းကို ကိုက်ထားပြီး မေးခွန်းမထုတ်တော့ပေ။ သူ့စိတ်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယခင်က လျိုကွမ်က ထိုအဘိုးအိုကို ” ကောအိမ်ထောင်ဦးစီး ” ဟု ခေါ်ပြီး ဤတစ်ယောက်ကိုတော့ ” ကောမိသားစုရဲ့လူ ” ဟု ခေါ်သည် မဟုတ်လား…
လျိုကွမ်က မန်ထိုအနည်းငယ်ကို ကိုင်ကာ ထွက်ခွာလာခဲ့ပြီး ချန်နော့မှာလည်း စက်ရုပ်တစ်ရုပ်ကဲ့သို့ အိပ်မက်မက်နေသည့် မျက်နှာထားဖြင့် သူ့နောက်မှ လိုက်ပါလာခဲ့၏။
မြက်မိုးတဲသို့ ပြန်ရောက်သောအခါ ချန်နော့က ရုတ်တရက် ရပ်တန့်သွားပြီး လျိုကွမ်၏ လက်မောင်းကို ဆွဲကာ မေးလိုက်သည်။
” မင်း ဘာလို့ ငါ့ကို ဇနီးလေးလို့ ခေါ်တာလဲ…”
လျိုကွမ် ခေတ္တမျှ ကြောင်သွားပြီး ဆံပင်များကို မလုံမလဲဖြင့် ကုတ်လိုက်၏။
” သေချာပေါက် မင်းက အမဖြစ်နေလို့ပေါ့…”
ပြီးတော့ ကြည့်ရတာ မျက်စိပသာဒဖြစ်လို့ပေါ့။
” …ငါနဲ့ မင်းရဲ့ ခန္ဓာကိုယ်မှာ မတူတဲ့ နေရာတွေ ရှိလို့လား…”
ချန်နော့က တောင့်တင်းစွာဖြင့် မေးလိုက်၏။
လခွမ်း!… ဒီကမ္ဘာမှာ အမျိုးသမီးတွေ မရှိဘူးဆိုတာ ထားလိုက်တော့… အမျိုးသားတွေက ခွန်အားနည်းရင် အမတွေ ဖြစ်သွားရတာလား!
လျိုကွမ်၏ မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
” ဒါ မေးနေစရာ လိုသေးလို့လား! မင်း ဘယ်လိုလုပ်ပြီး ဒီလောက် အရှက်မဲ့ရတာလဲ… ဒီလို မေးခွန်းမျိုး လာမေးရအောင်!…”
ချန်နော့သည် တစ်ခွန်းမျှ မဟဘဲ မြေကြီးပေါ်မှ သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူကာ မြေပြင်ပေါ်တွင် အမျိုးသမီးတစ်ဦး၏ ပုံကြမ်းကို အမြန်ဆွဲလိုက်၏။ လျိုကွမ်က တစ်ချက်ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
” မင်း ဘူးသီး ဆွဲထားတာလား…”
” …”
ချန်နော့မှာ သွေးအန်ချင်စိတ်ပင် ပေါက်လာခဲ့၏။ သူက သစ်ကိုင်းဖြင့် သူဆွဲထားသော မျက်နှာဝိုင်းဝိုင်းလေးပေါ်တွင် မျက်ခုံးနှင့် နှာခေါင်းကို ရိုးရှင်းစွာ ထပ်ဖြည့်လိုက်ပြီး ပုံထဲမှ လူ၏ အကောက်အကွေးရှိသော ခန္ဓာကိုယ်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
” မင်းတို့ဆီမှာ ဒီလိုပုံစံမျိုး ရှိတဲ့လူ မရှိဘူးလား…”
လျိုကွမ်က သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ပြီး အထင်သေးသော အမူအရာဖြင့် ပြောလိုက်၏။
” ဘယ်သူက ဒီလိုပုံစံမျိုး ရှိမှာလဲ? သတ္တဝါဆန်းပဲ ဖြစ်ရမယ်…”
ချန်နော့တစ်ယောက် မြေကြီးပေါ်တွင် ခြေထောက်များ ပျော့ခွေလျက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရာ မျက်စိရှေ့တွင် အကြိမ်ကြိမ် မှောင်မိုက်သွားခဲ့၏။
လခွမ်း!… ဒီလို ငှက်တောင် မနား၊ လူ့အသက်ကို မြက်ပင်လောက်တောင် တန်ဖိုးမထားတဲ့ အခြားကမ္ဘာကို ရောက်လာတာကို ထားလိုက်တော့… ဒါက မိန်းကလေးတစ်ယောက်တောင် မရှိတဲ့ အထီးကမ္ဘာကြီးပါလား! ဒါကြီးကတော့ လမ်းလျှောက်ရင်း တွင်းထဲကျသွားတာ မဟုတ်ဘူး… တိုက်ရိုက် မီးတောင်ပေါက်ထဲကို ပြုတ်ကျသွားတာပဲဟေးး!
သူ ဒီကို ရောက်လာတော့ ဘယ်လိုလုပ်ပြီး “အမ” ဆိုတာကြီး ဖြစ်သွားရတာလဲ? သူ့ရဲ့ ခရိုမိုဆုန်းက “XY” ကနေ “XX” ကို ပြောင်းသွားတာလား… ဒါမှမဟုတ် ခန္ဓာကိုယ်ထဲက အထီးဟော်မုန်းတွေက အမဟော်မုန်းတွေအဖြစ် ပြောင်းသွားတာလား?
ပြီးတော့ လခွမ်း!… ဂေးတာက ဂေးတာပေါ့… ဘာလို့ အထီး၊ အမ ဆိုပြီး ခေါ်နေရသေးတာလဲ!
လျိုကွမ်က သူ့မျက်နှာ တစ်ခါပြာလိုက်၊ တစ်ခါဖြူလိုက် ဖြစ်နေသည်ကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
” မင်း ဘာဖြစ်လို့လဲ…”
ချန်နော့က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး လျိုကွမ်၏ သေးသွယ်သော လက်မောင်းကို ဆွဲကာ အိမ်ထဲသို့ ခေါ်သွားလိုက်သည်။ သူ၏ စိတ်လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသော ခွန်အားမှာ အလွန်ကြီးမားလှ၏။ လျိုကွမ်က ထူးဆန်းသည်ဟု ထင်သော်လည်း ပြန်လည်ခုခံခြင်း မရှိချေ။း
အိမ်ထဲသို့ ရောက်သောအခါ ချန်နော့က တံခါးကို ပိတ်ကန်လိုက်ပြီး လျိုကွမ်၏ အဝတ်အစားများကို စတင်ချွတ်တော့၏။ သူက နှုတ်မှလည်း ရေရွတ်နေသည်။
” အထီးတွေက ဘယ်လိုပုံစံရှိလဲဆိုတာ ငါ ကြည့်ရမယ်!…”
လျိုကွမ်မှာ အံ့အားသင့်မှုကြောင့် လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိသေးချေ။ ချန်နော့က သူ၏ ခါးပတ်ကို ဆွဲကာ ဘောင်းဘီကို ချွတ်ချလိုက်၏။ သူ့တွင် အတွင်းခံလည်း မရှိသဖြင့် သေးသွယ်သော ခြေတံနှစ်ချောင်းမှာ ချန်နော့ရှေ့တွင် တိုက်ရိုက် ပေါ်လာတော့သည်။
အချိန်များမှာ ရပ်တန့်သွားသကဲ့သို့ ရှိနေ၏။
ချန်နော့၏ လက်နှစ်ဖက်မှာ လျိုကွမ်၏ ဘောင်းဘီပေါ်တွင် တောင့်တင်းစွာ ရှိနေပြီး ပါးစပ်မှာ ငှက်ကုလားအုတ်ဥ တစ်လုံး ဝင်ဆန့်လောက်အောင် ဟနေကာ နားထဲတွင်လည်း ‘ဝီဝီ’ မြည်သံများ ထွက်ပေါ်နေတော့သည်။
သူ၏ စိတ်ထဲတွင် ရူးသွပ်စွာ တွေးတောနေမိ၏။
လခွမ်း!… လခွမ်း!… သောက်ရူးတွေ! သတ္တဝါဆန်းတွေမှာမှ ငှက်ကလေး နှစ်ကောင် ရှိတာ! လခွမ်း… ငါ ရောက်လာတာ သတ္တဝါဆန်းတွေ ဂေးတဲ့ ကမ္ဘာကြီးပဲ! ငါ မိန်းကလေးတွေပဲ လိုချင်တယ်! မွှေးပျံ့ပြီး နူးညံ့တဲ့ မိန်းကလေးတွေ! …
(T/N: ငှက်ကလေး means ဒစ်…)
လျိုကွမ်၏ နားရွက်များမှာ မီးခိုးများပင် ထွက်လာမတတ် ဖြစ်နေသည်။သူသည် ဒေါသတကြီးဖြင့် ဘောင်းဘီကို အပေါ်သို့ ပြန်ဆွဲတင်ရန် ကြိုးစားလိုက်၏။ သို့သော် ချန်နော့၏ လက်က ဦးနှောက်၏ အမိန့်ကို မနာခံဘဲ ဆုပ်ကိုင်လိုက်မိသည်။ ဤအရာမှာ အမှန်တကယ်လား သို့မဟုတ် သူ မျက်စိမှုန်၍ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလားဆိုသည်ကို သူ သေချာအောင် လုပ်ရပေမည်။
သို့သော် သူ၏လက်ဖြင့် မထိရသေးမီမှာပင် လျိုကွမ်က နောက်ဆုံးတွင် တုံ့ပြန်နိုင်သွားပြီး သန့်ရှင်းသပ်ရပ်သော လက်ဝါးစောင်းတစ်ချက်ဖြင့် ရိုက်ချလိုက်ရာ ချန်နော့မှာ ‘ဒိုင်း’ ခနဲ လဲကျသွားတော့၏။
လျိုကွမ်က ကျွတ်ကျလုဆဲဆဲ ဘောင်းဘီကို လက်တစ်ဖက်ဖြင့် ဆွဲထားပြီး အခြားလက်တစ်ဖက်က အလိုအလျောက်ပင် ချန်နော့ကို တွဲဖက်ထားကာ ဒေါသကြောင့် မျက်လုံးများမှ မီးများပင် ပွင့်ထွက်လုမတတ် ဖြစ်နေသည်။ အတန်ကြာမှ သူက အံကြိတ်ကာ ဆဲရေးလိုက်၏။
” အရှက်မရှိတဲ့ အမ!…”
ချန်နော့ နိုးလာသောအခါ လျိုကွမ်၏ ကုတင်ပေါ်တွင် လဲလျောင်းနေကြောင်း တွေ့လိုက်ရပြီး နောက်တစ်နေ့ နံနက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူ စိတ်ပျက်အားငယ်ကာ မျှော်လင့်ချက်များ အားလုံး ကုန်ဆုံးသွားပြီး နံရံကို ခေါင်းနှင့် ပြေးဆောင့်ချင်လောက်အောင် ဝမ်းနည်းနေမိသည်။ ဖြတ်သန်းသွားလာမှုကို တာဝန်ယူရသော ထိုနတ်ဘုရား၏ လည်ပင်းကို ညှစ်ကာ ပြင်းပြင်းထန်ထန် ကိုင်လှုပ်ပစ်ချင်နေ၏။
သူ ဘာအမှားလုပ်ခဲ့မိလို့ ဒီလို စောက်ရူးကမ္ဘာကြီးထဲကို ပစ်ချခံလိုက်ရတာလဲ…
ဤကမ္ဘာကြီးထံမှ ရိုင်းစိုင်းသော မကောင်းဆိုးဝါး အငွေ့အသက်များကို သူ ခံစားလိုက်ရသည်။
လျိုကွမ်က တံခါးကို ဖွင့်ကာ ဆန်ပြုတ်တစ်ပန်းကန် ကိုင်၍ ဝင်လာ၏။ သူ နိုးနေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် ပန်းကန်ကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။
” ထပြီး ထမင်းစားတော့…”
ချန်နော့က အမည်းရောင်ဖြစ်နေသော အမိုးကို ကြောင်တောင်တောင်ဖြင့် ကြည့်ကာ ခေါင်းနှင့်ပန်း မဆိုင်သော စကားတစ်ခွန်းကို ရုတ်တရက် ပြောလိုက်၏။
” လျိုကွမ်… မင်း သေးပေါက်ရင် ကိုယ်ပေါ်ကို မစင်ဘူးလား…”
” …မင်း ဘာလို့ အမြဲတမ်း ဒီလို ထူးဆန်းတဲ့ မေးခွန်းတွေပဲ မေးနေရတာလဲ?!…”
အိမ်ထဲတွင် ကလေးငယ်၏ ခွန်အားအပြည့်ပါသော ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာပြီး အမိုးမှ ဖုန်များပင် ကျလာလုမတတ် ဖြစ်သွားခဲ့သည်။
အတန်ကြာမှ ချန်နော့က နောက်ဆုံးတွင် အားယူ၍ ထရပ်လိုက်ရာ လည်ပင်းမှာ ပြင်းထန်စွာ နာကျင်နေဆဲပင် ဖြစ်၏။
သူ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ယခင်က လျိုကွမ် ပြောခဲ့သော ဇနီးဆိုသည်များကို ဟာသတစ်ခုအဖြစ်သာ သူ မှတ်ယူခဲ့သော်လည်း ယခု ကြည့်ရသည်မှာ လျိုကွမ်က အတည်ပြောနေခြင်း ဖြစ်ပုံရသည်။
ဒီမှာ ငှက်ကလေး အရေအတွက်ကို ကြည့်ပြီး အထီးအမ ခွဲခြားတာ ဖြစ်ရမယ်… လခွမ်းပဲ!
လျိုကွမ်က ချန်နော့ကို ဒေါသတကြီးဖြင့် စိုးရိမ်စွာ ကြည့်လိုက်၏။
ဘာဖြစ်လို့ ရုတ်တရက်ကြီး ထူးထူးဆန်းဆန်းတွေ ဖြစ်သွားရတာလဲ…
သူက အမများကို ရိုက်နှက်သော အထီးများကို ရွံရှာမုန်းတီးသော်လည်း ချန်နော့က ရုတ်တရက် ခုန်အုပ်ကာ သူ၏ ဘောင်းဘီကို ချွတ်လိုက်သောကြောင့် မတတ်သာဘဲ လက်ပါလိုက်ရခြင်း ဖြစ်သည်။
အင်း… အနာဂတ်ဇနီးလေးက အထီးနဲ့ အမ ကွာခြားတာကို တကယ်မသိတာများလား… အရင်က ချန်နော့ကို မွေးမြူထားတဲ့လူတွေက သူ့ကို ဘာမှ မသင်ပေးလိုက်တာ သေချာတယ်။
ထိုသို့ တွေးမိသောအခါ လျိုကွမ်မှာ ချက်ချင်း ဝမ်းသာသွားခဲ့၏။
ကောမိသားစုမှ ဇနီးလေးမှာလည်း မှူးမတ်များထံမှ ထွက်ပြေးလာသူဖြစ်ပြီး နှိပ်စက်ခံရလွန်းသဖြင့် ကလေး မမွေးနိုင်တော့ချေ။ သို့သော် လူငယ်အရွယ် ကောအဘိုးအိုနှင့် တွေ့ဆုံခဲ့သဖြင့် ခိုကိုးရာကောင်းတစ်ခု ရခဲ့သည်ဟု ဆိုနိုင်ပြီး ဒုတိယခင်ပွန်းကိုလည်း မရှာခဲ့ချေ။
ဤအကြောင်းအရာများကို လျိုကွမ် သိနေခြင်းမှာ ကောအဘိုးအိုက သစ်ပင်အောက်တွင် ထိုင်ကာ ဤနေရာရှိ လူပျိုကြီးများကို မကြာခဏ ကြွားလုံးထုတ်လေ့ရှိသောကြောင့် ဖြစ်သည်။ သူ ကြားဖူးသည်မှာ အကြိမ်တစ်ထောင် မရှိလျှင်တောင် ရှစ်ရာတော့ အနည်းဆုံးရှိမည်ဖြစ်သည်။သူသည် ထိုအကြောင်းအရာများကို အလွတ်ပင် ရနေပြီ ဖြစ်၏။
လျိုကွမ်က ဆန်ပြုတ်ပန်းကန်ကို ချန်နော့ဆီသို့ တွန်းပေးလိုက်ပြီး လေသံကို လျှော့ချကာ အယောင်ယောင်အမှားမှားဖြင့် ပြောလိုက်သည်။
” မင်း သောက်လိုက်ပါ… မင်း နားမလည်တာရှိရင် ငါ့ကို သေချာမေး… နောက်ဆိုရင် ငါ မင်းကို သေချာပေါက် မရိုက်တော့ပါဘူး…”
ချန်နော့က အသံမထွက်ဘဲ ထိုဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ သောက်လိုက်၏။ မည်သို့ပင်ဖြစ်စေ သောက်ကျိုးနည်း ဖြတ်သန်းသွားလာခြင်း နတ်ဘုရား၏ ဤနေရာသို့ ပစ်ချခြင်းကို ခံလိုက်ရပြီဖြစ်သဖြင့် သူ ဘာလုပ်နိုင်တော့မှာလဲ…
ရုတ်တရက် ချန်နော့သည် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ပြဿနာတစ်ခုကို သတိပြုမိသွားသဖြင့် လက်ထဲရှိ ပန်းကန်မှာ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ သူက လျိုကွမ်ကို ကြောင်တောင်တောင်ဖြင့် ကြည့်ကာ တုန်ရီသော အသံဖြင့် မေးလိုက်သည်။
” ဒါဆို… ဒီမှာ… ကလေးတွေက ဘယ်ကလာတာလဲ…”
လျိုကွမ်က ဆွံ့အစွာဖြင့် ပြောလိုက်၏။
” သေချာပေါက် မင်းတို့လို အမတွေက မွေးတာပေါ့… မင်းက ဒါကိုတောင် မသိဘူးလား…”
ချန်နော့၏ မျက်စိရှေ့တွင် အမှောင်ကျသွားခဲ့သည်။
လခွမ်း! ယောကျာ်းလေးတွေက ဘယ်နေရာကနေ မွေးရမှာလဲ? စအိုကနေလား?! တော်တော်လေးကို လွန်လွန်းနေပြီနော်!
Chapter 5 ended